27th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ် နှင့် NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံ

📌 ၂။ ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ကြ ဖို့ တံခါးတွေ ပြိုင်တူ ဖွင့်ကြရန် NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တိုက်တွန်းပြောကြား

📌 ၃။ အန်ဂိုလာနိုင်ငံမှာ ကျင်းပနေတဲ့ (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှာ IPUparliament President Duate Pacheco နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး   

📌 ၄။ ချင်းရွှေဟော်မြို့ တမြို့လုံးနီးပါးမြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ကသိမ်းပိုက်

📌 ၅။ အကြမ်းဖက်စစ်ကောင်စီဟာ ၊တိုက်တိုင်းရှုံး၊ရှုံးတိုင်းပြေး အနေအထားရောက်နေပြီလို့ ဦးမင်းကိုနိူင်ပြောကြား

📌 ၆။ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲ့ဘာပျူစခန်းအားမြေပြင်ဝေဟင်ဖြင့်၀င်ရောက်စီးနင်းတိုက်ခိုက်ရာ စကစနဲ့ပျူ ၇ဦးသေဆုံး

📌 ၇။ ကော့ကရိတ်မြို့ ခြေလျင်တပ်ရင်း-ခလရ ၉၇  စစ်ကောင်စီရဲ့ ရဲသတင်းတပ်ဖွဲ့ရုံး၊ နဲ့စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံး ရုံးလုံးကိုမီးရှို့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ် နှင့် NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံ


အောက်တိုဘာ၂၇ရက်


မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ် H.E Igor Driesmans နှင့် နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့တွေ့ဆုံခဲ့ကြောင်းကို

အောက်တိုဘာ၂၆ရက် Twitterမှာ Igor Driesmansကအသိပေးရေးသားထားပါတယ်။


"အီးယူသည် မြန်မာနိုင်ငံသားများနှင့်အတူ ဆက်လက်ရပ်တည်နေပြီး ဒီမိုကရေစီနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိလိုသည့် ဆန္ဒရှိနေတယ်"လို့ဆိုထားပါတယ်။ 


အောက်တိုဘာ၆ရက်နေ့ကလည်းမြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂအထူးသံတမန် Igor Driesmansနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ နဲ့တွေ့ဆုံခဲ့ပါတယ်။


========================


📌📌 ၂။ ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ကြ ဖို့ တံခါးတွေ ပြိုင်တူ ဖွင့်ကြရန် NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တိုက်တွန်းပြောကြား


အောက်တိုဘာ၂၇ရက်


ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ကြ ဖို့ တံခါးတွေ ပြိုင်တူ ဖွင့်ကြရန် NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ အောက်တိုဘာ၂၇ရက်တွင်၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့်တိုက်တွန်း ပြောဆိုလိုက်ပါတယ်။


"တော်လှန်သော မင်္ဂလာနံနက်ခင်းပါ။ စိုက်ပျိုးထားသမျှ ရိတ်သိမ်းကြရမယ့် အခါတော် ရောက်ချိန် နီးလို့လာခဲ့ပြီ အရေးတော်ပုံ အောင်ရမည်။ Psywar တွေ သတိပြုကြ တော်လှန် အင်အားစု တွေ ညီညွတ်ကြ - ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ကြ ဖို့ တံခါးတွေ ပြိုင်တူ ဖွင့်ကြစို့ "လို့ဝန်ကြီးကဆိုပါတယ်။


ယနေ့မနက်၄နာရီအချိန်ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းနေရာစုံမှာ စကစတပ်နဲ့တော်လှန်ရေးအင်အားစုများနေရာစုံတိုက်ပွဲ ဖြစ်ပွားနေကာ လားရှိုး၊ကွတ်ခိုင်၊မူဆယ်နှင့်သိန်းနီတို့တွင်လည်း ပစ်ခတ်သံများကြားနေရတယ်လို့ ၄င်းနေရာမှဒေသခံများကလည်းဆိုထားပါတယ်။


"သီတင်းကျွတ်ပြီ။မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်းပိုင်းကစလို့ ရန်ကုန်ပါမကျန် ပွဲတွေနွှဲနေကြတာ"လို့ အောက်တိုဘာ၂၇ရက်မနက်ပိုင်းမှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကလည်းအသိပေးဆိုထားပါတယ်။


========================


📌📌 ၃။ အန်ဂိုလာနိုင်ငံမှာ ကျင်းပနေတဲ့ (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှာ IPUparliament President Duate Pacheco နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး   


အောက်တိုဘာ ၂၇၊ ၂၀၂၃


အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့မှာ  ကျင်းပနေတဲ့(၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးများကို ဝန်ကြီးဒေါက်တာဝင်းမြတ်အေးခေါင်းဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်နေတယ်လို့ သိရပါတယ်။ 


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ညီလာခံအစည်းအဝေးတွေ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ရဲ့ အမြဲတမ်းကော်မတီအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေကို ပါဝင်တက်ရောက်နေပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အောက်တိုဘာလ ၂၅ ရက်နေ့ ညီလာခံရဲ့ General Debate အစီအစဉ်မှာ မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့ပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ညီလာခံကာလအတွင်း နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ရဲ့ တာဝန်ရှိသူတွေ ညီလာခံတက်ရောက်လာတဲ့ ကိုယ်စာလှယ်အဖွဲ့တွေနဲ့လဲ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


ညီလာခံမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က အကြမ်းဖက်အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေအပေါ် ကျူးလွန်လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေနဲ့ နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းက မြန်မာ့ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုအပေါ် ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုချက်တွေပါဝင်တဲ့ စာရွက်စာတမ်းတွေကိုဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ တရားဝင်လွှတ်တော်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးတို့အတွက် နိုင်ငံတကာအသိုက်အဝန်းရဲ့ ထိ‌ရောက်တဲ့ ပံ့ပိုးကူညီမှုတွေနဲ့ လက်တွေ့ကျတဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိဖို့ အရှိန်တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။


========================


📌📌 ၄။ ချင်းရွှေဟော်မြို့ တမြို့လုံးနီးပါးမြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ကသိမ်းပိုက်


အောက်တိုဘာ၂၇ရက်


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယနေ့မနက်အောက်တိုဘာ၂၇ရက်မှ စတင်ကာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ချင်းရွှေဟော်မြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ကသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါချင်းရွှေဟော်မြို့နှင့်အတူ ဖောင်ဆိပ်နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေးဂိတ်ကိုပါ သိမ်းပိုက်လိုက်နိူင်တယ်လို့ သတင်းရရှိပါတယ်။


ဖောင်ဆိပ်နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေးဂိတ်တွင်စကစရဲဝန်ထမ်းအများအပြားသေဆုံးခဲ့တယ်လို့ဒေသခံများက လူမှုကွန်ရက်မှာ ဆိုထားပါတယ်။


အောက်တိုဘာ ၂၇ ရက်မှာ  ကိုးကန့် MNDAA ရခိုင်တပ်တော် AA နှင့် တအာင်းTNLA မြောက်ပိုင်းမဟာမိတ် ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီဖြစ်ကြောင်းတရားဝင်အသိပေး ထုတ်ပြန်ကြေညာလိုက်ပါတယ်။


ထုတ်ပြန်ချက်အရ စစ်ကောင်စီမှ လေကြောင်း၊လက်နက်ကြီးများဖြင့် နေ့ည မရွေးပစ်ခတ်တိုက်ခိုက်နေမှုအပေါ် ဟန့်တာမှုရရှိနိူင်ရေး၊

မြန်မာ ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး အတွက်ကိုးကန့် MNDAA ရခိုင်တပ်တော် AA နှင့် တအာင်းTNLA တို့က ၁၀၂၇ စစ်ဆင်ရေး ပူးပေါင်းဆင်နွှဲပြီဖြစ်ကြောင်းဆိုထားပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်ကောင်စီဟာ ၊တိုက်တိုင်းရှုံး၊ရှုံးတိုင်းပြေး အနေအထားရောက်နေပြီလို့ ဦးမင်းကိုနိူင်ပြောကြား


အောက်တိုဘာ၂၇ရက်


အကြမ်းဖက်စစ်ကောင်စီဟာ ၊တိုက်တိုင်းရှုံး၊ရှုံးတိုင်းပြေး အနေအထားရောက်နေပြီလို့ အောက်တိုဘာ၂၇ရက်မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိူင်မှ ပြောဆိုလိုက်ပါတယ်။


"ဖက်ဆစ်တပ်က မြို့ရိုးလေးဖက်ပြိုချိန်

စစ်ရေး /ဘဏ္ဍာရေး /သံတမန်ရေး /စိတ်ဓာတ်ရေးလေးမျက်နှာလုံးပြိုချိန်စစ်တပ်ထုတ်ကုန်သပိတ်မှောက် Sanctions တွေကပိုထိရောက် 

နောက်ထပ်အကြီးကြီးတွေကလည်းချိန်ရွယ်ထားသေး။ကုလသမဂ္ဂလည်းထိုင်ခုံမရ၊

အာဆီယံလည်းတက်ခွင့်မရ၊သက်ကြားအိုတွေပါရှေ့တန်းပို့၊တိုက်တိုင်းရှုံး၊ရှုံးတိုင်းပြေး အနေအထားမှာ နယ်ရုပ်တွေထိုးကျွေးရုံမရတော့ဘူးဆိုတာသူတို့ဇောချွေးပဲ"လို့ဆိုပါတယ်။


လက်ရှိမှာ စကစတပ်များဟာ ကရင်နီဒေသ၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့် ရှမ်းပြည်နယ်၊ကချင်ပြည်နယ်တို့မှာပါအရေးနိမ့်ကျရှုံးလျက်ရှိနေပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲ့ဘာပျူစခန်းအားမြေပြင်ဝေဟင်ဖြင့်၀င်ရောက်စီးနင်းတိုက်ခိုက်ရာ စကစနဲ့ပျူ ၇ဦးသေဆုံး


အောက်တိုဘာ၂၇ရက်


"အောက်တိုဘာ၂၁ရက်နေ့တွင် စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲ့ဘာပျူစခန်းအား ညနေ ()နာရီခန့်မှစ မြေပြင်ဝေဟင်ဖြင့်၀င်ရောက်စီးနင်းတိုက်ခိုက်ရာ စကစ ()ဦးပျူ ()ဦးသေဆုံးကာ ဒဏ်ရာရရှိသူများ များပြားခဲ့တယ်"လို့ အောက်တိုဘာ၂၇ရက်မှာ Natogyi People Defence မြင်းခြံခရိုင်အမှတ်()တပ်ရင်းကအတည်ပြုဆိုပါတယ်။


တိုက်ပွဲချိန်()နာရီခန့်ကြာမြင့်ပြီးနောက် မှောင်ရီပျိုးညအချိန်‌ရောက်လာသည့်တစ်‌ကြောင်း/ရန်သူ၏မိုင်းကွင်းများ ဖြတ်ကျော်ရန်ခက်ခဲသောကြောင့်စခန်းတစ်ခုလုံးမသိမ်းနိုင်ဘဲ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။


ဒါအပြင်စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်တွင်လည်း KIAအပါအဝင် ပူးပေါင်းတပ်နှင့်စကစတပ်များတိုက်ပွဲ ဖြစ်ပွားပြီး စကစဘက်ကအထိနာ၍ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။


"စကစရဲ့စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်တာလို့သိရတယ်"လို့တော်လှန်ရေးရဲဘော်တစ်ဦးကဆိုပါတယ်။


မနက်၁၀ နာရီ၅၀အချိန်  ထီးချိုင့် မင်းဝံတောင်ရိုးမှာMi35ရဟတ်ယာဥ်နဲ့စကစဘက်ကနေ ပစ်ခတ်ခဲ့ပြီး နာရီဝက်အကြာတွင်ကောလင်းနယ်ဘက်သို့ပြန်လှည့်သွားတယ်လို့ ထီးချိုင့်TR Teamကလည်းအသိပေးဆိုထားပါတယ်။


========================


📌📌 ၇။ ကော့ကရိတ်မြို့ ခြေလျင်တပ်ရင်း-ခလရ ၉၇  စစ်ကောင်စီရဲ့ ရဲသတင်းတပ်ဖွဲ့ရုံး၊ နဲ့စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံး ရုံးလုံးကိုမီးရှို့


အောက်တိုဘာ၂၇ရက်


ကရင်ပြည်နယ်ကော့ကရိတ်မြို့ ခြေလျင်တပ်ရင်း-ခလရ ၉၇ အနောက်ဘက် ဂေါက်ကွင်းဘေးနေရာရှိ စစ်ကောင်စီရဲ့ ရဲသတင်းတပ်ဖွဲ့ရုံး၊ နဲ့စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံး ရုံးလုံးကိုမီးရှို့လိုက်တယ်လို့သတင်းရရှိပါတယ်။


အောက်တိုဘာ၂၇ရက် မနက်ပိုင်းမှ စတင်ကာ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ကြာအင်းကုန်း၊ တံတားဦးနှင့် ရုံးကုန်းနေရာများဘက်တွင် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်များနှစ်ဖက်ပစ်ခတ်ထိတွေ့ ခဲ့တာဖြစ်ပါတယ်။


"ကော့ကရိတ်မြို့ထဲမှာ ပစ်နေခတ်နေတယ်လို့တောင်ပြောလို့ရတယ်။ စကစရဲ့ရုံးနှစ်ရုံးလည်းမီးရှို့ခံလိုက်ရတယ်။မြို့ခံတွေကတော့ တော်တော်များများပြေးကုန်ကြပြီ"လို့ဒေသခံတစ်ဦးကအတည်ပြုဆိုပါတယ်။


လက်ရှိမှာ ကော့ကရိတ်နေရာအများစုတွင်ပစ်ခတ်နေကြပြီး အရပ်သားများမှာ တောင်ပေါ်ကျောင်းသို့စစ်ဘေးရှောင်နေပြီ ဖြစ်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment