29th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH)တို့ တွေ့ဆုံဆွေးနွေး

📌 ၃။ စစ်ကောင်စီရဲ့ စစ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို စစ်ဆေးမေးမြန်းရာမှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုကို ခြိမ်းခြောက်ရန်နှင့် အရှက်ကွဲစေရန် နည်းလမ်းတစ်ခုအနေနှင့် အသုံးပြုနေ

📌 ၄။ အာဏာသိမ်းစစ်တပ်အား အပြစ်ပေးနိုင်ရေး အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် နိုင်ငံတကာပါလီမန်များအဖွဲ့ တောင်းဆို

📌 ၅။ နွေဦးဘဏ် အကောင့် တစ်သိန်း ကမ်ပိန်းတွင်ပါဝင်ရန်မိသားစုဝင်တွေအတွက် ကူညီပြီး အကောင့်ဖွင့်ပေးဖို့နှင့် အရင်းနှီးဆုံး မိတ်ဆွေ (၁၀) ဦးကို အကောင့်ဖွင့်ရန် စည်းရုံးလုပ်ဆောင်ရင်းပါဝင်နိုင်

📌 ၆။ စစ်ကောင်စီ၏ တပ်စခန်း () ခုကို ထပ်မံသိမ်းပိုက်နိုင်ကြောင်းMNDAAအသိပေး

📌 ၇။ ချင်းရွှေဟော်စစ်နယ်မြေမှာ စစ်ကောင်စီ၏ သံချပ်ကာနှစ်စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်ကျန်ရှိနေသော ရန်သူ့စခန်းအချို့အား တစ်ခုမကျန် ရှင်းလင်းနိုင်

📌 ၈။ မုံးကိုးမြို့နယ်၊ မန်ပင်တပ်စခန်းနှင့် ချင်းရွှေဟော် မြို့နယ်စစ်ရေးအရ အရေးကြီးသော စကစရဲ့တပ်စခန်းတစ်ခုဖြစ်သည့် မာကျားတိပေါက်‌ပေါက် တောင်ကုန်းကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့

📌 ၉။ သာယာဝတီအကျဥ်းထောင် ထောင်ပိုင်နှင့် နောက်လိုက် ထောင်ဝန်ထမ်းတစ်စုကို သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြင်းထန်စွာသတိပေး

📌 ၁၀။ မြို့ပြစစ်ဆင်ရေးနဲ့ ထိုးဖောက်ဝင်ရောက်ဖို့အတွက် လက်ပစ်ဗုံးအမြောက်အများထုတ်လုပ်ထားတယ်လို့Sintkaing  Revolution  Force - SRFကအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ


အောက်တိုဘာလ ၂၈ ရက် 

ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို  အောက်တိုဘာ၂၈ရက်တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဦးဆောင်ရှင်းလင်းတင်ပြခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီးမှ ''ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များဖြစ်သော လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ခြင်း၊ နိုင်ငံတကာတွင် အရေးယူဆောင်ရွက်မှု အခြေအနေများ၊ မူဝါဒရေးရာ ဆောင်ရွက်ချက်များ၊ ပညပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ၊ တိုင်ကြားမှုများအပေါ် စိစစ်ဆောင်ရွက်နိုင်မှုများ၊ လူ့အခွင့်‌အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းဆိုင်ရာကိစ္စရပ်များ'' အား ဆွေးနွေးတင်ပြခဲ့ပါတယ်။


ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သိရှိလိုသည်များ၊ တင်ပြလိုသည်များကို ဆွေးနွေးမေးမြန်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH)တို့ တွေ့ဆုံဆွေးနွေး


အောက်တိုဘာ၂၈ရက်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီသည်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ရက်နေ့၊  ဗီဒီယိုကွန်ဖရင့်မှ တစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဥက္ကဋ္ဌ ဦးမြင့်ထွေးနှင့် တိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဘက်မှလည်း ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားနှင့် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဥ်များ၊ ဥပဒေပြုရေးကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။


 ထို့နောက် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်တော်ရေးရာကိစ္စရပ်များ၊ တော်လှန်ရေးကာလ ဒေသအတွင်း ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေများနှင့် စိန်ခေါ်မှုများကို  အပြန် အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြကာ  နေ့လည် ၁၂၀၀နာရီတွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့ စစ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို စစ်ဆေးမေးမြန်းရာမှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုကို ခြိမ်းခြောက်ရန်နှင့် အရှက်ကွဲစေရန် နည်းလမ်းတစ်ခုအနေနှင့် အသုံးပြုနေ


အောက်တိုဘာ၂၈ရက်

စစ်ကောင်စီရဲ့ စစ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များကို စစ်ဆေးမေးမြန်းရာမှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုကို ခြိမ်းခြောက်ရန်နှင့် အရှက်ကွဲစေရန် နည်းလမ်းတစ်ခုအနေနှင့် အသုံးပြုနေတယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌အောက်တိုဘာလ ၂၆ ရက်တွင် ကျင်းပသည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်းကပြောပါတယ်။


"အမုန်းတရားနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လှုံ့ဆော်သည့် အကြောင်းအရာများကို အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အမျိုးသမီးခေါင်းဆောင်များအား ပစ်မှတ်ထား၍ သတင်းဖြန့်လျက်ရှိကြောင်း၊ စစ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို စစ်ဆေးမေးမြန်းရာ၌ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုကို ခြိမ်းခြောက်ရန်နှင့် အရှက်ကွဲစေရန် နည်းလမ်းတစ်ခုအနေနှင့် အသုံးပြုနေကြောင်း၊  မြန်မာအမျိုးသမီးများသည် စစ်တပ်တရားမဝင် အာဏာသိမ်းမှုကို ခုခံရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပြန်လည်ရရှိရေးတို့၌ ပါဝင်ဆောင်ရွက်မှုသည် နောက်ဆုတ်လျော့နည်းသွားခြင်း မရှိကြောင်း၊ အမှန်အားဖြင့် ၎င်းတို့သည် အဓိကတွန်းအားတစ်ရပ်ဖြစ်ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


အမျိုးသမီးအခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ထောက်ခံသည့် လူမှုအဖွဲ့အစည်းများကို နိုင်ငံရေးအရနှင့် ရုပ်ပိုင်းဆိုင်ရာအရ ကူညီအားပေးရန်နှင့် အိမ်နီးချင်းနိုင်ငံများနှင့် တတိယနိုင်ငံများအား မြန်မာအမျိုးသမီးများ၏ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုပေးရန် သံအမတ်ကြီးကဆိုပါတယ်။


========================


📌📌 ၄။ အာဏာသိမ်းစစ်တပ်အား အပြစ်ပေးနိုင်ရေး အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် နိုင်ငံတကာပါလီမန်များအဖွဲ့ တောင်းဆို


အောက်တိုဘာ၂၈ရက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးကအာဏာသိမ်းစစ်တပ်၏ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေမှုအား အဆုံးသတ်နိုင်ရေး နိုင်ငံတကာပါလီမန်များအဖွဲ့အနေဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန်တောင်းဆိုတိုက်တွန်းခဲ့တယ်လို့သတင်းရရှိပါတယ်။


နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးဆိုင်ရာကော်မတီမှ အစီရင်ခံစာအား အတည်ပြုနိုင်ရေး ဖတ်ကြားတင်သွင်းရာတွင်၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်က လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦးအား အကြောင်းပြချက်မရှိ ဖမ်းဆီးထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူမဆန်စွာ ပြုမူဆက်ဆံခြင်းတို့အပါအဝင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လုပ်ဆောင်ခဲ့ကြောင်း၊ တိမ်းရှောင်နေရသည့် လွှတ်တော်ကိုယ်စားလှယ် () ဦးသည် အသက်ဆုံးရှုံးခဲ့ရသည့်အတွက် များစွာ တုန်လှုပ်မိပါကြောင်းဆိုပါတယ်။


ယင်းကဲ့သို့ ရာဇဝတ်မှုကို လုပ်ဆောင်ခဲ့မှုအတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း၊ ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ်များကို ချက်ချင်းလွှတ်ပေးရန် စစ်တပ်ကို တောင်းဆိုပါကြောင်း၊ မြန်မာနိုင်ငံမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်သည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန်ဖော်ပြပါရှိတယ်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုဆိုင်ရာ အစီရင်ခံစာ၌အစအနဖျောက်ခြင်း၊ ထောင်ချခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုစည်းမျဥ်းနှင့်အညီ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူ မည်သူကိုမဆို တရားစွဲဆိုခြင်းဖြင့် မိမိတို့၏ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးရန် အဖွဲ့ဝင်လွှတ်တော်များက သက်ဆိုင်ရာအာဏာပိုင်များအား တိုက်တွန်းပေးရန်ထည့်သွင်းဆုံးဖြတ်ထားပါတယ်။


(၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား ၂၃-၁၀-၂၀၂၃ ရက်နေ့မှ ၂၇-၁၀-၂၀၂၃ ရက်နေ့အထိ အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့၌ ကျင်းပခဲ့ပြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၅။ နွေဦးဘဏ် အကောင့် တစ်သိန်း ကမ်ပိန်းတွင်ပါဝင်ရန်မိသားစုဝင်တွေအတွက် ကူညီပြီး အကောင့်ဖွင့်ပေးဖို့နှင့် အရင်းနှီးဆုံး မိတ်ဆွေ (၁၀) ဦးကို အကောင့်ဖွင့်ရန် စည်းရုံးလုပ်ဆောင်ရင်းပါဝင်နိုင်


အောက်တိုဘာ၂၈ရက်

နွေဦးဘဏ် အကောင့် တစ်သိန်း ကမ်ပိန်းတွင်ပါဝင်ရန်မိသားစုဝင်တွေ အတွက် ကူညီပြီး အကောင့် ဖွင့်ပေးဖို့နှင့် အရင်းနှီးဆုံး မိတ်ဆွေ (၁၀) ဦးကို အကောင့်ဖွင့်ရန် စည်းရုံးလုပ်ဆောင်ရင်းပါဝင်နိုင်တယ်လို့ အောက်တိုဘာ၂၈ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်ကအသိပေးဆိုပါတယ်။


"အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေးကို ကူညီပံ့ပိုးနိုင်ဖို့ ကွက်ပြည့်ခင်းပြီး ကွက်စေ့နင်းမယ့် ဘဏ္ဍာရေး တိုက်ပွဲမှာ အကောင့်()သိန်း ရရှိရန် မဟာဗျုဟာ ကဏ္ဍတစ်ခုအဖြစ်  ပြည်တွင်း ပြည်ပ ပြည်သူ တစ်ရပ်လုံးက အိမ်မှာနေရင်း လုံခြုံစိတ်ချစွာ ပါဝင်ကြရမယ့် စိန်ခေါ်လှုပ်ရှားမှု ခရီးစဥ်တစ်ခုပဲ ဖြစ်ပါတယ်။ 

အချက် () ခုပဲ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုပါရစေ။ အရင်ဆုံး ကိုယ်ပိုင်အကောင့်များ ဖွင့်ထားပါ။ မိမိရဲ့ မိသားစုဝင်တွေအတွက် ကူညီပြီး အကောင့်ဖွင့်ပေးပါ။ အရင်းနှီးဆုံး မိတ်ဆွေ (၁၀) ဦးကို အကောင့်ဖွင့်ရန် စည်းရုံးပါ"လို့ဖော်ပြထားပါတယ်။


Bonus Point ကို နွေဦးဘဏ်မှာ Fixed Deposit အပ်ပြီး အတိုးယူရန်လို့ဆိုထားပါတယ်။


နွေဦးဘဏ်တွင် စာရင်းသေအပ်ငွေ ဝန်ဆောင်မှု အတွက် () လ၊ () လ၊ () လ၊ () နှစ်  ကာလအမျိုးအစား () မျိုးရှိကာ မြန်မာကျပ် အမေရိကန် ဒေါ်လာ၊ စင်္ကာပူဒေါ်လာနှင့် ထိုင်းဘတ် ငွေများအပြင် နွေဦးဘဏ် ဝန်ဆောင်မှုစနစ်ထဲမှာ အသစ်ထပ်တိုးလာတဲ့ ငွေကြေးအမျိုးအစားတွေက  Australian Dollar (AUD), Malaysian Ringgit (MYR), British Pound (GBP), Euro (EUR), Japan Yen (JPY), Korean Won (KRW) တို့ပဲ ဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီ၏ တပ်စခန်း () ခုကို ထပ်မံသိမ်းပိုက်နိုင်ကြောင်းMNDAAအသိပေး


အောက်တိုဘာ၂၈ရက်

အောက်တိုဘာ၂၈ရက်မှာ The Kokang မီဒီယာကဖော်ပြချက်အရ စစ်ကောင်စီ၏ တပ်စခန်း () ခုကို ထပ်မံသိမ်းပိုက်နိုင်ကြောင်းMNDAA က အသိပေးပါတယ်။


 "MNDAA သည် စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် (၁၀း၃၀)နာရီ အချိန်ထိတွင် စစ်ကောင်စီ၏ တပ်စခန်း () ခုကို ထပ်မံသိမ်းပိုက်နိုင်ကြောင်းသိရှိရပါတယ်။ နံနက် (၀၆း၄၀)နာရီခန့်တွင် MNDAA သည် စစ်ကောင်စီ၏  ရှောက်ရင်းဖန်ဒေသရှိ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ရေးပစ္စည်းတစ်ချို့ နှင့် စိန်ပြောင်း ()လက်ကို သိမ်းဆည်းရရှိခဲ့ပါတယ်။ နံနက် (၀၇း၃၀) နာရီခန့်တွင် မုံးကိုးတိုက်နယ် နန်ဟာဒေသရှိ စစ်ကောင်စီတပ်စခန်း () ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ရေးပစ္စည်းတစ်ချို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


ထို့ပြင် ချင်းရွှေဟော်ဘက်တွင်လည်း MNDAA မှ ဟိုပန်ဒေသရှိ စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်အများအပြားကိုချေမှုန်းနိုင်ခဲ့ကာ စစ်ရေးပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။


ရှေ့တန်း MNDAA တပ်ဖွဲ့ဝင်များ၏ပြောဆိုချက်အရ- အဆိုပါစစ်ရေးပစ္စည်းများကို ကားဖြင့် ၁၀ ကြိမ် သယ်ဆောင်ပြီးသော်လည်း အများအပြားကျန်နေသေးကြောင်း သိရပါတယ်။


========================


📌📌 ၇။ ချင်းရွှေဟော်စစ်နယ်မြေမှာ စစ်ကောင်စီ၏ သံချပ်ကာနှစ်စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်ကျန်ရှိနေသော ရန်သူ့စခန်းအချို့အား တစ်ခုမကျန် ရှင်းလင်းနိုင်


အောက်တိုဘာ၂၈ရက်

ချင်းရွှေဟော်စစ်နယ်မြေမှာ စစ်ကောင်စီ၏ သံချပ်ကာနှစ်စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်ကျန်ရှိနေသော ရန်သူ့စခန်းအချို့အား တစ်ခုမကျန် ရှင်းလင်းနိုင်ခဲ့တယ်လို့ MNDAAကအသိပေးထားပါတယ်။


ထို့အပြင်ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်၌ ယမန်နေ့က ကျန်ရှိနေသော ရန်သူ့စခန်းအချို့အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ နေ့လည် () နာရီဝန်းကျင်တွင် တစ်ခုမကျန် ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်ကာ  ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်၌ ရန်သူ့ စခန်းအားလုံး ကျဆုံးသွားပြီဖြစ်သကဲ့သို စခန်းအားလုံးအား  ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။


ရန်သူ့လေယာဉ်မှ လေထီးဖြင့် လာချပေးသော စစ်အသုံးအဆောင်ပစ္စည်း၊ ရိက္ခာထုပ် (၁၀) ထုပ်စလုံးအား မိမိတို့မှ တစ်ခုမကျန်သိမ်းဆည်းရမိထားပြီးဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၈။ မုံးကိုးမြို့နယ်၊ မန်ပင်တပ်စခန်းနှင့် ချင်းရွှေဟော် မြို့နယ်စစ်ရေးအရ အရေးကြီးသော စကစရဲ့တပ်စခန်းတစ်ခုဖြစ်သည့် မာကျားတိပေါက်‌ပေါက် တောင်ကုန်းကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့


အောက်တိုဘာ၂၈ရက်

မုံးကိုးမြို့နယ်၊ မန်ပင်တပ်စခန်းနှင့် ချင်းရွှေဟော် မြို့နယ်စစ်ရေးအရ အရေးကြီးသောစကစရဲ့တပ်စခန်းတစ်ခုဖြစ်သည့် မာကျားတိပေါက်‌ပေါက် တောင်ကုန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။


အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀မိနစ်ခန့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA) မှ မုံးကိုးခရိုင်လုံခြုံရေးတပ်ဖွဲ့ခွဲ့နှင့် တပ်ရင်း(၃၀၂)တို့ ပူးပေါင်းကာ မုံးကိုးခရိုင် မုံးကိုးဒေသ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ မန်ပင်နေရာတွင်အခြေချနေထိုင်သော အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့၏တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ 


ထို့ပြင် ရန်တော်ရှမ်းအိုင်လတွင်ရှိသော အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏တပ်စခန်းကိုလည်း အောက်တိုဘာ၂၈ရက်မွန်းတည့် ၁၂ နာရီအချိန်တွင် သိမ်းယူနိုင်ခဲ့ကာ နေ့လည် နာရီခန့်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)သည် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ 14.5စက်လက်ကြီးတပ်ဆင်ထားသော သံချပ်ကာ()စီးကို သိမ်းဆည်းရရှိခဲ့ပါတယ်။


ထို့နောက်မွန်းလွဲ နာရီ ၂၀ မိနစ်ခန့်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA) တပ်မဟာ (၂၁၁) လက်အောက်ခံတပ်ဖွဲ့များသည် တောင်ပိုင်းတိုက်နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီတပ်၏ \စစ်ရေးအရ အရေးကြီးသောတပ်စခန်းတစ်ခုဖြစ်သည့်မာကျားတိပေါက်‌ပေါက် တောင်ကုန်းကို တိုက်ခိုက် သိမ်းယူ နိုင်ခဲ့တယ်လို့MNDAAကဆိုပါတယ်။


========================


📌📌 ၉။ သာယာဝတီအကျဥ်းထောင် ထောင်ပိုင်နှင့် နောက်လိုက် ထောင်ဝန်ထမ်းတစ်စုကို သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြင်းထန်စွာသတိပေး


အောက်တိုဘာ၂၈ရက်

သာယာဝတီအကျဥ်းထောင် ထောင်ပိုင်နှင့် နောက်လိုက် ထောင်ဝန်ထမ်းတစ်စုကို သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြင်းထန်စွာသတိပေးလိုက်တယ်လို့ အောက်တိုဘာ၂၈ရက်မှာ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးကြေညာပါတယ်။


သာယာဝတီထောင်မှ ထောင်ပိုင်နှင့်နောက်လိုက်တစ်စုဟာ နိုင်ငံရေးအကျဥ်းသားများအပေါ် အကြောင်းမဲ့ရိုက်နှက်ခြင်း၊ အစားအသောက်နှင့်ဆေးဝါးများကန့်သတ်ခြင်း၊ ထောင်တွင်းဆေးကုသခွင့်မပေးသည့်အတွက် အကျဥ်းသားများအသက်သေဆုံးရမှုအပါအဝင် အမျိုးသမီးအကျဥ်းဆောင်တွင် အမျိုးသားထောင်ဝန်ထမ်းများဝင်ရောက် ရိုက်နှက်မှုတို့ကို ကျူးလွန်သည့်အတွက် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြင်းထန်စွာသတိပေးလိုက်တယ်လို့ဆိုပါတယ်။


ထို့အတွက် သာယာဝတီအကျဥ်းထောင် ထောင်ပိုင်နှင့်နောက်လိုက်ထောင်ဝန်ထမ်းတစုကို တွေ့သည့်နေရာရှင်းလင်းရန် အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၁၀။ မြို့ပြစစ်ဆင်ရေးနဲ့ ထိုးဖောက်ဝင်ရောက်ဖို့အတွက် လက်ပစ်ဗုံးအမြောက်အများထုတ်လုပ်ထားတယ်လို့Sintkaing  Revolution  Force - SRFကအသိပေး


အောက်တိုဘာ၂၈ရက်

မြို့ပြစစ်ဆင်ရေးနဲ့ ထိုးဖောက်ဝင်ရောက်ဖို့အတွက် လက်ပစ်ဗုံးအမြောက်အများထုတ်လုပ်ထားတယ်လို့ အောက်တိုဘာ၂၈ရက်မှာ Sintkaing  Revolution  Force - SRFက ဆိုပါတယ်။


"ကျွန်တော်တို့ တပ်ဖွဲ့မှ မြို့ပြစစ်ဆင်ရေးနဲ့ ထိုးဖောက်ဝင်ရောက်ဖို့ လျက်ဆားပုလင်းများစွာ ထုတ်လုပ်ထားပါတယ်ခင်ဗျ နောက်ထပ်များစွာထုတ်လုပ်ဖို့ ပစ္စည်းလိုအပ်ချက်တွေရှိနေတာမို့ မိဘပြည်သူများအနေဖြင့် ပါဝင်ကူညီကြပါအုံး"လို့ဆိုထားပါတယ်။


Sintkaing  Revolution  Force - SRFဟာစစ်အာဏာရှင်စနစ်ကိုခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment