30th OCT 2023 - Evening Daily News by Radio NUG

 


၂၀၂၃ အောက်တိုဘာလ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့သားကောင်း စစ်သည်တွေက စစ်သည်ကျင့်ဝတ်များကို အမှန်စင်စစ် လိုက်နာကျင့်သုံးကြဖို့ ယာယီသမ္မတ ပြောကြား

📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၃။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဘေးရှောင် စခန်းများအနီးကို လက်နက်ကြီးများကျရောက်နေတာကြောင့် ပြည်သူများအတွက် ခိုလှုံစရာ နေရာတွေ လိုအပ်နေ

📌 ၄။ ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီနှင့်ပျူအထိုင်းစခန်း၄ ခုကို ဒေသကာကွယ်ရေးအဖွဲ့များတိုက်ခိုက်မှု စစ်အုပ်စု ဘက်က ထိခိုက်မှုများရှိ

📌 ၅။ မြင်းခြံ-တောင်သာလမ်းပေါ်က တိုးလ်ဂိတ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကူကားများကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်သား ၃၃ ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့သားကောင်း စစ်သည်တွေက စစ်သည်ကျင့်ဝတ်များကို အမှန်စင်စစ် လိုက်နာကျင့်သုံးကြဖို့ ယာယီသမ္မတ ပြောကြား


အောက်တိုဘာလ ၃၀။


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ အောက်တိုဘာလ ၂၉ ရက်နေ့ မှာ လူမှုကွန်ယက် စာမျက်နှာမှတဆင့် ပြည်သူများထံသို့ သတင်းစကားပါးရာမှာ အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။


အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဟာ ကျင့်ဝတ်သိက္ခာ လုံးဝမရှိတဲ့ စစ်ရာဇဝတ်ကောင်များသာ ဖြစ်တယ်ဆိုတာကို နိုင်ငံတကာကပါ သိရှိပြီး ဖြစ်နေပါပြီလို့ သမ္မတကြီးက ပြောကြားခဲ့ပါတယ်။


ထို့အပြင်ပြည်သူက မွေးဖွားပေးလိုက်တဲ့ ကျွန်တော်တို့ရဲ့ ပြည်သူ့သားကောင်း စစ်သည်တော် တွေဟာ စစ်သည်ကျင့်ဝတ်များကို အမှန်စင်စစ် လိုက်နာကျင့်သုံးနေကြောင်း ကမ္ဘာသိ ပြနိုင်ဖို့ ရဲဘော်တိုင်း ကြိုးစားကြဖို့ မှာကြားလိုပါတယ်လို့လည်း သမ္မတကြီးက တိုက်တွန်းခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


အောက်တိုဘာ ၃၀။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၄/၂၀၂၃) ကို အောက်တိုဘာ ၂၉ ရက် မနက် ၁၀ နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ () နိုင်သုဝဏ္ဏနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် တို့မှ အမှာစကား အသီးသီး ပြောကြားခဲ့ပါတယ်။


ထို့နောက် အစည်းအဝေး (၃၃/၂၀၂၃) က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများ နှင့်ပတ်သက်ပြီး သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ပါတယ်။


အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ၁၁ နာရီခွဲ အချိန်တွင် အစည်းအဝေး ကိုရပ်နားခဲ့ပါတယ်။


========================


📌📌 ၃။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဘေးရှောင် စခန်းများအနီးကို လက်နက်ကြီးများကျရောက်နေတာကြောင့် ပြည်သူများအတွက် ခိုလှုံစရာ နေရာတွေ လိုအပ်နေ


အောက်တိုဘာ ၃၀။


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများအတွင်း ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ ဦးခန့် သေဆုံးခဲ့ပြီး စစ်ဘေးရှောင် ပြည်သူတွေ ခိုလှုံဖို့ နေရာသစ်တွေ လိုအပ်နေတယ်လို့ ရှမ်းလူငယ် အဖွဲ့အစည်းတွေရဲ့ မေတ္တာရပ်ခံချက်မှာ ဖော်ပြထားပါတယ်။


အောက်တိုဘာ ၂၇ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း နမ့်ခမ်းမြို့ က အသက် နှစ်အောက် ကလေး တဦးအပါအဝင် ဦး ထိခိုက်သေဆုံထားပြီး နမ့်ဖတ်ကာမြို့က ဦး၊ သိန္နီမြို့က ဦးနဲ့ လားရိူးမြို့ ဦး ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ရှမ်းလူငယ် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။


အဲ့ဒီထဲမှာ ကျောင်းခမ်း ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေတဲ့ လက်နက်ကြီးထိ ဒဏ်ရာရ လူနာတွေထဲက နှစ်ဦးမှာ အပြင်ထွက်ပါကလည်း ပစ်ခတ်နေတာကြောင့် ဆေးကုသမှု ခံယူခွင့်မရဘဲ သေဆုံးခဲ့ ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


လက်ရှိ လားရိူးမြို့မှာ စစ်ဘေးရှောင်စခန်း ခု စစ်ရှောင်ပြည်သူ ၃၄၅၀ ဦးရှိနေပြီး တခြားနေရာတွေမှာ တိမ်းရှောင်နေသူတွေလည်း ရှိနေတယ်လို့ သျှမ်းလူငယ် အဖွဲ့အစည်းတွေက ပြောပါတယ်။


လားရိူး-မိုင်းယော်လမ်းပေါ်က ကျေးရွာ ရွာက ရွာသား တစ်ရာကျော်ဟာ ကတုတ်ကျင်းတွေမှာ ပုန်းအောင်းနေရပြီး မိုင်းတင်၊ ကုန်သာ၊ ကောင်းခန်က စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းတွေအနီး လားရိူးမြို့က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ကျရောက်နေ တာကြောင့် အရေးပေါ် နေရာရွေ့ပြောင်းဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။


ထို့အပြင် လားရိူးမြို့ရှိ မန်ဆူ စစ်ရှောင်စခန်းမှာ လူပြည့်နေပြီပြီး လက်နက်ကြီး ပစ်ခတ်မှုတွေ မရပ်တန့်တာကြောင့် စစ်ရှောင်တွေအတွက် နေရာအသစ်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။


ကျောက်မဲမြို့ နောင်ပိန်ကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်ပြည်သူ ၃၂၆ ဦးရောက်ရှိနေပြီး တချို့ကျေးရွာတွေက ပြည်သူတွေမှာ တိုက်ပွဲကြား ပိတ်မိနေတယ်လို့ သျှမ်းလူငယ် အဖွဲ့အစည်းတွေရဲ့ မေတ္တာရပ်ခံချက်မှာ ဖော်ပြထားပါတယ်။


သိန္နီမြို့က စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်း များမှာ ခိုလှုံနေကြရပြီး အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် အခြေအနေတွေကို အသေးစိတ် မသိရသေးဘူးလို့ ဆိုထားပါတယ်။


နောက်ထပ် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နမ့်ခမ်းမြို့မှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရ တာကြောင့် အရပ်သားထိခိုက်မှုနဲ့ စစ်ရှောင်တွေရဲ့ အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။


သျှမ်းလူငယ် အဖွဲ့အစည်းတွေက အရပ်သားပြည်သူတွေကို လူသားတံတိုင်းလုပ်တာ၊ ရှောင်တိမ်ခွင့် မပေးတာနဲ့ ဆေးကုသခွင့် မပေးတာတွေကို ပြင်းထန်စွာ ကန့်ကွက်ပြီး စစ်ဘေးရှောင် ပြည်သူတွေကိူ ကူညီပေးဖို့ စစ်ရှောင်စခန်းတွေ ဖွင့်လှစ်ဖို့၊ လိုအပ်တဲ့ စားနပ်ရိက္ခာ အသုံးအဆောင်တွေ ကူညီလှူဒါန်းပေးဖို့ သျှမ်းလူငယ်အဖွဲ့အစည်းတွေက မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၄။ ကန့်ဘလူမြို့နယ်ရှိ စစ်ကောင်စီနှင့်ပျူအထိုင်းစခန်း၄ ခုကို ဒေသကာကွယ်ရေးအဖွဲ့များတိုက်ခိုက်မှု စစ်အုပ်စု ဘက်က ထိခိုက်မှုများရှိ


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပူတွေအထိုင်ချတဲ့စခန်း ခုကို ဒေသ ကာကွယ်ရေးအဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တာမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့မှာကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ်အဖြစ်နဲ့ စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေကဆိုပါတယ်။

ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်းက ဇီးကုန်းသကြားစက်စစ်ကောင်စီအထိုင်တပ်၊ ပျဉ်းတော်ရွာ ပျူအထိုင်၊ မူးဆုံပျူဂိတ်နဲ့ ထန်းကုန်းတိုက်နယ်မှာရှိတဲ့ ညောင်ဇင်လေးရွာပျူအထိုင်စတဲ့ စစ်ကောင်စီတပ်နဲ့ ပျူတွေအထိုင်ချနေတဲ့နေရာ ခုကို Kanbalu Underground Warriors နဲ့ဒေသခံတော်လှန်ရေးအဖွဲ့ တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဇီးကုန်းသကြားစက်စစ်ကောင်စီအထိုင်တပ်၊ ပျဉ်းတော်ရွာ ပျူအထိုင်၊ မူးဆုံပျူဂိတ်တို့ကို ၈၁ မမ၊ ၆ဝ မမနဲ့ ရှော့တိုက်ဒုန်းတွေအပါအဝင် လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာမှာ သကြားစက်နဲ့ပျူရွာတွေထဲ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ပြီး အရေးပေါ်ကားတွေနဲ့ သယ်ဆောင်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါအပြင် ညနေ နာရီခန့်အချိန်မှာလည်း ထန်းကုန်းတိုက်နယ်အတွင်းမှာရှိတဲ့ ညောင်ဇင်လေးရွာပျူအထိုင် စခန်းကို KBU-UG နဲ့ပြေပြင်တော်လှန်ရေးအဖွဲ့တွေ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ တယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေနဲ့ပတ်သလို့ စစ်အုပ်စုဘက်က ထိခိုက်ပျက်စီးမှုအခြေအနေကို လတ်တလောမှာ မသိရ သေးဘူးလို့ KBU-UG ထံကနေ သိရပါတယ်။


========================


📌📌 ၅။ မြင်းခြံ-တောင်သာလမ်းပေါ်က တိုးလ်ဂိတ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကူကားများကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်သား ၃၃ ဦးသေဆုံး


မန္တလေးတိုင်း မြင်းခြံခရိုင်ထဲက မြင်းခြံ-တောင်သာကားလမ်းပေါ်မှာရှိတဲ့ တောင်ရှေ့တိုးလ်ဂိတ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ စစ်ကူလာတဲ့ စစ်ကားတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့တာမှာ ရဲနဲ့စစ်သား စုစုပေါင်း ၃၃ ဦးသေဆုံးသွားတယ်လို့ Myingyan District Army ဆီက သိရပါတယ်။


မြင်းခြံ-တောင်သာကားလမ်းပိုင်းမှာရှိတဲ့ တောင်ရှေ့တိုးလ်ဂိတ်မှာရှိတဲ့အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ ဗုံးကျဲချပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ စစ်သားနဲ့ရဲ ၂၃ ဦး သေဆုံးကာ ဦး ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။


အဲဒီတိုးလ်ဂိတ်မှာ အကြမ်းဖက်စစ်သား ၂ဝ ခန့်နဲ့ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦးခန့်တပ်စွဲနေပြီး ခရီးသွားပြည်သူ တွေဆီကနေ ဆက်ကြေးကောက်နေတာကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ နာရီခွဲဝန်းကျင်အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


တောင်ရှေ့တိုးလ်ဂိတ်မှာရှိတဲ့အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်ခံလိုက်တဲ့အတွက် တောင်သာမြို့ဘက်ကနေ ကား စီးနဲ့ အင်အား ၂၀ ခန့် စစ်ကူဆင်းလာတာကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲပြီး လက်နက်ကြီးတွေနဲ့ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ကား စီးတိမ်းမှောက်သွားပြီး အကြမ်းဖက်စစ်သား ၁ဝ ဦး ထပ်မံ သေဆုံးသွားပြီး ကျန်စစ်သားတွေ ဒဏ်ရာရသွားတယ်လို့လည်း သိရပါတယ်။ 


အဲဒီတိုက်ခိုက်မှုတွေမှာ ခဲယမ်းလိုအပ်ချက်ရှိနေတာ၊ မြင်းခြံဘက်ကလာတဲ့ စစ်ကူကား စီးပါ စစ်ကောင်စီတပ်ဖွဲ့တွေ ထပ်မံရောက်ရှိလာခဲ့တာကြောင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။


အဲဒီတိုက်ခိုက်မှုတွေကို မြင်းခြံခရိုင်တပ်ရင်း တပ်ခွဲ မြေလတ် PDF မြင်းခြံခရိုင်တပ်ရင်း ၈၊ မြင်းခြံ ခရိုင်တပ်ရင်း မြင်းခြံခရိုင်တပ်ရင်း စစ်ကိုင်းခရိုင်တပ်ရင်း မိထ္တီလာခရိုင်တပ်ရင်း၂ မိထ္တီလာ ခရိုင်တပ်ရင်း နွားထိုးကြီး မြို့နယ်ပကဖနှင့် ပြည်သူ့မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ် သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment