30th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ယခုလိုခက်ခဲတဲ့ အချိန်ကာလမှာ မိမိတို့နဲ့အတူ ရပ်တည်ပြီး ကူညီပေးမှုများအတွက် တီမောလက်စ်တေ့ နိုင်ငံကို ကျေးဇူးအထူးတင်ကြောင်း CRPH ပြော

📌 ၂။ အရင်အာဏာရှင်နဲ့ အခုအာဏာရှင် အခင်းအကျင်း ကွာသွားပြီဖြစ်ပြီး အခုအချိန်က အားလုံးလှုပ်ရှားဖို့ အချိန်ကောင်းလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြောဆို

📌 ၃။ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့ တိုရန်မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံ

📌 ၄။ NCA အရ ဖွဲ့စည်းထားတဲ့ JMC ကော်မတီကို အသိအမှတ်ပြုနေတဲ့ သံတမန်အသိုက်အဝန်းနဲ့ ကုလအဖွဲ့တွေကို စိတ်ပျက်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ဖွဲ့ ထုတ်ပြန်

📌 ၅။ Operation 1027 ကို ကြိုဆိုထောက်ခံသောအဖွဲ့အစည်းများနှင့် မြန်မာပြည်သူတရပ်လုံးကို ကျေးဇူးတင်ကြောင်း မဟာမိတ်ညီနောင် ဖွဲ့ပြော

📌 ၆။ ရှမ်းမြောက်ဒေသတိုက်ပွဲများတွင် စစ်တပ်က စစ်ရှောင်များကို လူသားဒိုင်းအဖြစ်အသုံးပြု၊ စစ်တပ်ကပစ်ခတ်သော လက်နက်ကြီးများကြောင့် စစ်ရှောင် ဦးသေဆုံး



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ယခုလိုခက်ခဲတဲ့ အချိန်ကာလမှာ မိမိတို့နဲ့အတူ ရပ်တည်ပြီး ကူညီပေးမှုများအတွက် တီမောလက်စ်တေ့ နိုင်ငံကို ကျေးဇူးအထူးတင်ကြောင်း CRPH ပြော


အောက်တိုဘာ ၂၉။

ယခုလိုခက်ခဲတဲ့ အချိန်ကာလတွင် မိမိတို့နှင့်အတူ ရပ်တည်ပြီး ကူညီပေးမှုများအတွက် တီမောလက်စ်တေ့ အစိုးရ၊ လွှတ်တော်နဲ့ ပြည်သူများကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) အနေဖြင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။


အန်ဂိုလာနိုင်ငံတွင် ကျင်းပခဲ့တဲ့ (၁၄၇) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မိန့်ခွန်းပြောကြားစဉ်မှာ တီမောလက်စ်တေ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Hon. Madam Veneranda Lemos က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစည်းမျဉ်းများကို ဆက်လက်ကာကွယ်ပေးသွားမယ်လို့ ပြောကြားခဲ့တဲ့ အပေါ် CRPH က ကျေးဇူးတင်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့တာပါ။


အဆိုပါ ညီလာခံတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအကြောင်းများ ပြောကြားနေချိန်မှာ ထောင်ပေါင်းများစွာသော မြန်မာပြည်သူများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့သည် အာဏာသိမ်းစစ်တပ်ကြောင့် ထိခိုက်နေရခြင်းကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသသည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးဖို့ကိုလည်း တီမောလက်စ်တေ့ လွှတ်တော်ဥက္ကဋ္ဌက တောင်းဆိုခဲ့ပါတယ်။


မြန်မာပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ဖိနှိပ်ခြိမ်းခြောက် ခံနေရပြီး ၎င်းတို့ရဲ့ အခြေခံအခွင့်အရေးအတွက် ခုခံတွန်းလှန်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းမှ ခိုင်မာသည့် အရေးယူ ဆောင်ရွက်ပေးမှုများကို မြန်မာပြည်သူများအတွက် မလုပ်ဆောင်ရသေးကြောင်းကို ထောက်ပြခဲ့ပြီး နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ဆီကနေလည်း အားကောင်းသော အရေးယူ ဆောင်ရွက်ချက်များ ရရှိသင့်ပါကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့ပါတယ်။


၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၇ ရက်အတွင်း ကျင်းပခဲ့တဲ့ အဆိုပါ နိုင်ငံတကာ ပါလီမန်များ ညီလာခံကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စ်တေ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး အခြေအနေများနှင့် လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက် သွားနိုင်ရေးကို ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ က သတင်းထုတ်ပြန် ထားပါတယ်။


========================


📌📌 ၂။ အရင်အာဏာရှင်နဲ့ အခုအာဏာရှင် အခင်းအကျင်း ကွာသွားပြီဖြစ်ပြီး အခုအချိန်က အားလုံးလှုပ်ရှားဖို့ အချိန်ကောင်းလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် ပြောဆို


အောက်တိုဘာ ၂၉။

အရင်အာဏာရှင်နဲ့ အခုအာဏာရှင် အခင်းအကျင်း ကွာသွားပြီ ဖြစ်ပြီး အခုအချိန်က အားလုံးလှုပ်ရှားဖို့ အချိန်ကောင်းဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ယက် စာမျက်နှာကနေ အောက်တိုဘာ ၂၉ရက် နေ့က ပြောဆိုလိုက်ပါတယ်။


၁၉၈၈ နောက်ပိုင်းဖြစ်တည်လာတဲ့ တော်လှန်ရေး အခင်းအကျင်းများလို့ တစ်နေရာမှာ အပစ်ရပ်ပြီး တစ်နေရာကို အလုံးအရင်း ထိုးစစ်ဆင်တဲ့ ပုံစံမျိုး လုပ်လို့မရတော့ဘဲ စစ်ကောင်စီရဲ့ ရန်သူစစ်မျက်နှာက တစ်နိုင်ငံလုံးကို ပျံ့နှံ့နေပြီး ရန်သူစစ်မျက်နှာ ကျယ်ပြန့်နေမှုက တော်လှန်ရေး ဘက်တော်သားတွေအတွက် အခွင့်ကောင်းဖြစ်တယ်လို့ ဝန်ကြီးက ပြောဆိုလိုက်တာပါ။


ထို့အပြင် လွတ်လပ်ရေးရပြီးကတည်းက တိုက်ပွဲဆိုတာ မကြားဖူးတဲ့ဒေသတွေထိ ပြန့်နေပြီး ဒီချိန်မှာ စနစ်တကျ ပြင်ဆင်ထားတဲ့ မည်သည့် တော်လှန်ရေးအဖွဲ့မဆို တိုက်ပွဲဆင်ဖို့ အခွင့်အခါကောင်း ဖြစ်တယ်လို့ သူ့ရဲ့ အမြင်ကို ပြောထားပါတယ်။


ရန်သူဟာ တစ်နေရာထဲသို့ အာရုံစိုက်လို့မရတော့ဘူး၊ KIA နဲ့ ရှမ်းမြောက်မဟာမိတ်များရဲ့ အောင်ပွဲဟာ တစ်နိုင်ငံလုံးအတိုင်းအတာ စစ်မျက်နှာ ဖြန့်ကျက်ထားတဲ့ နွေဦးတော်လှန်ရေး အင်အားကြောင့်လဲ ပါမယ်လို့ ဝန်ကြီးက သုံးသပ်ပါတယ်။


ခုချိန်မှာ KIA နဲ့ ရှမ်းမြောက်ဒေသက တိုက်ပွဲဖေါ်ဆောင်နေတဲ့ နေရာကို ရန်သူ့အင်အား၊ ထောက်ပို့တွေ လွယ်လင့်တကူ မရောက်လာနိုင်တာဟာ စစ်ကိုင်းတိုင်းက တော်လှန်ရေးအဖွဲ့တွေကြောင့်လဲပါမယ်၊ အရင်လို တစ်ဖွဲ့ထဲရဲ့ အင်အားအလုံးအရင်း ဖြန့်ကျက်စရာ မလိုတော့ဘူး၊ တောင်ပိုင်းအဖွဲ့ဖြစ်တဲ့ ကရင်နီဒေသ၊ KNU ဒေသနဲ့ တနင်္သာရီဒေသဖက်က ခြေထိုးပေးနေတဲ့ အဖွဲ့တွေကြောင့်လဲ ရန်သူဟာ အင်အားစုဖို့ အခက်အခဲရှိနေပြီးလို့လည်း ဆက်ပြောထားပါတယ်။


ထို့ကြောင့် ဘယ်သူတိုက်တိုက် ရန်သူက စောင့်ကြည့်နေရတဲ့ တော်လှန်ရေး အင်အားတစ်ရပ် တည်ရှိနေမှုဟာ အရေးကြီးပြီး ရန်သူ့အင်အား ဖြုန်းတီးပေးမှုဟာ တကယ်လက်တွေ့ ထိုးစစ်ဆင်နေတဲ့ အဖွဲ့အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေတာ အမှန်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောဆိုထားပါတယ်။


========================


📌📌 ၃။ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့ တိုရန်မြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံ


အောက်တိုဘာ ၂၉။

အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ ကနေဒါနိုင်ငံဆိုင်ရာ NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောတို့ ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင် မြန်မာပြည်ဖွား တိုင်းရင်းသား ပြည်သူများနှင့် အောက်တိုဘာ ၂၇ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တွေ့ဆုံပွဲတွင်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က တိုရန်တိုမြို့ရှိ မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူများအ‌နေဖြင့် ယခုချိန်ထိ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီးတော့လည်း အရှိန်အဟုန်ပြင်းပြင်းဖြင့် ပါဝင်ပေးကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါတယ်။


ထိုနောက် ယခု ကနေဒါနိုင်ငံ ခရီးစဉ်ကို လာရောက်ရတဲ့ အကြောင်းအရင်းနဲ့ လက်ရှိ တိုးတက်အောင်မြင်လာတဲ့ နွေဦးတော်လှန်ရေးနှင့် NUG ရဲ့ လှုပ်ရှားမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်သူများက သိရှိလိုတဲ့ အကြောင်းအရာများကို မေးမြန်းရာ NUG တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ NCA အရ ဖွဲ့စည်းထားတဲ့ JMC ကော်မတီကို အသိအမှတ်ပြုနေတဲ့ သံတမန်အသိုက်အဝန်းနဲ့ ကုလအဖွဲ့တွေကို စိတ်ပျက်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ဖွဲ့ ထုတ်ပြန်


အောက်တိုဘာ ၂၉။ 

စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ NCA စာချုပ်ဟာ အကောင်အထည်ဖော်ရန် မဖြစ်နိုင်တော့သလို NCA အရ ဖွဲ့စည်းထားတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကို ကြားနေအဖွဲ့အစည်းအဖြစ် တချို့သော သံတမန်အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို အလွန်စိတ်ပျက်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU စတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဖွဲ့တို့က အောက်တိုဘာလ ၂၉ ရက်နေ့မှာ အိတ်ဖွင့်စာအနေနဲ့ ပူးတွဲထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


အိတ်ဖွင့်ပေးစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးအဖွဲ့ UNCT ကုလသမဂ္ဂ အထူးကိုယ်စားလှယ် UNSE အာဆီယံ အဖွဲ့ဝင်နိုင်ငံများနဲ့ JPF Joint Peace Fund တို့ဆီ ပေးပို့ထားတယ်လို့ သိရပါတယ်။ အိတ်ဖွင့်ပေးစာမှာ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ NCA လုပ်ငန်းစဉ်ရဲ့ JMC ကော်မတီကို ကြားနေအဖွဲ့အစည်းအဖြစ် အဆိုပြုတဲ့ကိစ္စမှာ KNU ရဲ့ သဘောတူညီမှုပါဝင်ကြောင်း ပြောဆိုနေတာဟာလည်း JPF အဖွဲ့ဝင်နိုင်ငံများနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ နားလည်မှုမှားယွင်းနေတယ်လို့ ရေးသားထားပါတယ်။


စစ်ကောင်စီကကျင်းပခဲ့တဲ့ NCA နှစ်ပြည့် အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်ဟောင်း ပဒိုစောမူတူးစေးဖိုး တက်ရောက်ခဲ့တာဟာ တစ်ဦးချင်းပုဂ္ဂိုလ်ရေးအရ တက်ရောက်ခဲ့ခြင်းသာဖြစ်ပြီး မတည်ရှိတော့တဲ့ NCA နဲ့ NCA အရ ဖွဲ့စည်းထားတဲ့ကော်မတီတွေကို KNU အနေနဲ့ အသိအမှတ်ပြုထောက်ခံတယ်လို့ မမှတ်ယူသင့်ကြောင်းလည်း ရှင်းလင်းထားပါတယ်။


ထို့အပြင် စစ်‌ရှောင်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးဖိုအတွက် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအောက်က အဖွဲအစည်းတွေကို အားပေးမြှင့်တင်နေတာဟာလည်း ယုတ္တိရှိတဲ့ ဆောင်ရွက်မှုမဟုတ်သလို လက်ခံလို့လည်းမရဘူးလို့ အိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။


စစ်မှန်မှုမရှိတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်လုပ်ဆောင်နေမှုတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အားပေးမြှင့်တင်ပေးနေမယ်ဆိုရင် အနာဂတ်ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းတွေမှာ ယုံကြည်မှုပျက်ပြားခြင်း၊ ပြည်သူလူထုအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် အဆိုးမြင်သွားစေနိုင်ခြင်းနဲ့ စည်းလုံးညီညွတ်မှုကွဲပြားသွာစေနိုင်ခြင်းစတဲ့ အန္တရာယ်တွေဖြစ်လာနိုင်သလို စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို အားပေးသလိုဖြစ်သွားနိုင်တာကြောင့် တရားမဝင်အာဏာသိမ်းယူထားတဲ့ စစ်အာဏာရှင်များကို ထောက်ခံအားပေးတာနဲ့ ၎င်းတို့ဖော်ဆောင်နေမှုတွေကို မယုံကြည်ဖို့ တိုက်တွန်းထားပါတယ်။


========================


📌📌 ၅။ Operation 1027 ကို ကြိုဆိုထောက်ခံသောအဖွဲ့အစည်းများနှင့် မြန်မာပြည်သူတရပ်လုံးကို ကျေးဇူးတင်ကြောင်း မဟာမိတ်ညီနောင် ဖွဲ့ပြော


အောက်တိုဘာ ၂၉။ 

Operation 1027 (၁၀၂၇ စစ်ဆင်ရေး) အမည်နဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြသော မြန်မာပြည်သူလူထုတစ်ရပ်လုံးအပါအဝင် အဖွဲ့အစည်းအသီးသီးနဲ့ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီကို များစွာကျေးဇူးတင်ရှိပါတယ်လို့ ညီနောင် မဟာမိတ် ဖွဲ့ က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


ညီနောင်မဟာမိတ် ဖွဲ့အနေနဲ့လည်း မိမိတို့ရည်မှန်းထားတဲ့ စစ်‌ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များနှင့် အတူ မြန်မာပြည်သူလူထုတရပ်လုံး လိုလားသောဆန္ဒ၊ မျှော်မှန်းချက်များကို အပြည့်အဝရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။


ဒါကြောင့်စစ်ဆင်ရေးအောင်မြင်ဖို့အတွက် ပြည်သူလူထု၏ အားပေးထောက်ခံမှုနှင့် ဝန်းရံပံ့ပိုးမှုတို့သည် အလွန်အရေးကြီးပြီး ယခုစစ်ဆင်ရေးကြီး မပြီးမချင်း မိမိတို့နှင့် တသွေးတည်း၊ တသားတည်းရှိရန် ဆက်လက်လိုအပ်နေအုံးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။


ဒါ့ကြောင့် ယခုစစ်ဆင်ရေးကြီးကို အထောက်အပံ့၊ အကူအညီဖြစ်သော မည်သည့်လုပ်ဆောင်ချက်မျိုးဖြင့်မဆို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပါဝင်၍သော်လည်းကောင်း၊ ပုံစံတစ်မျိုးမျိုးဖြင့်သော် လည်းကောင်း ဆက်လက်ပူးပေါင်းပါဝင်ကြရန် ညီနောင်မဟာမိတ် ဖွဲ့က တိုက်တွန်းထားပါတယ်။ 


မြောက်ပိုင်းမဟာမိတ်ညီနောင် ဖွဲ့နဲ့ပူးပေါင်းအဖွဲ့တွေဟာ အောက်တိုဘာလ ၂၉ ရက်နေ့ နာရီ ဝန်းကျင်အချိန်အထိ သိမ်းယူနိုင်ခဲ့သော စစ်‌ကောင်စီတပ်စခန်း စုစုပေါင်း ၅၇ ခုရှိနေပြီး စစ်သုံးပန်းတွေနဲ့ စစ်လက်နက်ပစ္စည်းများစွာကိုလည်း သိမ်းဆည်းရရှိထားပြီးဖြစ်ပါတယ်။


========================


📌📌 ၆။ ရှမ်းမြောက်ဒေသတိုက်ပွဲများတွင် စစ်တပ်က စစ်ရှောင်များကို လူသားဒိုင်းအဖြစ်အသုံးပြု၊ စစ်တပ်ကပစ်ခတ်သော လက်နက်ကြီးများကြောင့် စစ်ရှောင် ဦးသေဆုံး


အောက်တိုဘာ ၂၉။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ နမ့်ခမ်းနှင့် ကျောက်မဲမြိုနယ်များ၌ ဖြစ်ပေါ်နေသော တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်က စစ်ဘေးရှောင်ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုကာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေတဲ့အတွက် စစ်ဘေးရှောင် ဦး သေဆုံးခဲ့ရပြီဖြစ်တယ်လို့ သျှမ်းလူငယ်အဖွဲ့အစည်း Tai Students’ Union က အောက်တိုဘာလ ၂၉ ရက်နေ့ ညမှာ ထုတ်ပြန်ခဲ့ပါတယ်။ 


သိန္နီမြိုနယ်တွင် စစ်ကောင်စီတပ်များရှိသည့် တောင်မြိုဘက်ခြမ်းရှိ ကျေးရွာအုပ်စု ၁၀ ခုနီးပါးမှ လူဦးရေ သောင်းမှ သောင်းကြားသည် စစ်ကောင်စီ၏ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ခြင်းနှင့် နှစ်ဘက်တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နိုင်ခြင်းမရှိဘဲ ပိတ်မိနေသည့်အတွက် သိန္နီမြိုအထွက် ကျောင်းခမ်း ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင်လာသူ တစ်ထောင်ကျော်ခန့်ရှိနေပြီး ကျောင်းရှေ့ရှိ စစ်ကောင်စီ၏ ၆၉ တပ်က စစ်ဘေးရှောင်ပြည်သူများ ထွက်လာသည်နှင့် သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့လုပ်ဆောင်နေရာ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ဆေးကုသခွင့်မရဘဲ သေဆုံးသူ ဦးရှိပြီလို့ အသိပေးထားပါတယ်။


သိန္နီမြိုအတွင်းက ပြည်သူတွေဟာ နီးစပ်ရာဘုန်းကြီးကျောင်းများနဲ့ စာသင်ကျောင်းတွေမှာ တိမ်းရှောင်နေရပြီး တိုက်ပွဲများပြင်းထန်နေခြင်းနဲ့ အင်တာနက်လိုင်းများဖြတ်တောက်ခံထားရခြင်းတို့ကြောင့် အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ Tai Students’ Union အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ထို့အတူ လားရှိုးမြို့မှာလည်း စစ်ဘေးရှောင်စခန်း ခုဖွင့်ထားရပြီး စစ်ရှောင်ပြည်သူ ၃၄၅၀ ဦးရှိနေကာ နီးစပ်ရာတောထဲမှာ တိမ်းရှောင်နေသူတွေလည်းရှိတယ်လို့ သိရပါတယ်။


လားရိူး-မိုင်းယော်လမ်းတစ်လျောက်မှာရှိတဲ့ ကျေးရွာ ရွာခန့်က ဒေသခံရွာသားတွေထဲက ရွာကိုပြန်ပြီး အခြေအနေကြည့်တဲ့ ရွာသား တစ်ရာကျော်ခန့်ဟာလည်း ကျေးရွာအတွင်းက ကတုတ်ကျင်းတွေမှာ ပုန်းအောင်းနေရကြောင်း၊ မိုင်းတင်၊ ကုန်သာ၊ ကောင်းခန် ဘုန်းကြီးကျောင်းများမှ စစ်ဘေးရှောင်စခန်းတွေကို လားရှိုးမြို့မှာရှိတဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် အရေးပေါ်နေရာကို ရွှေ့ပြောင်းရန် လိုအပ်နေတယ်လို့ အသိပေးထားပါတယ်။ 


ကျောက်မဲမြိုနယ် နောင်ပိန်ကျေးရွာဘုန်းကြီးကျောင်းမှာလည်း စစ်ရှောင်ပြည်သူ ၃၂၆ ဦး ရောက်ရှိနေပြီး အချို့သော ကျေးရွာများတွင် ပိတ်မိနေသောပြည်သူများလဲ ကျန်ရှိနေကြောင်း၊ နမ့်ခမ်းမြို့နယ်မှာလည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေတဲ့အတွက် အရပ်သားထိခိုက်မှုစစ်ရှောင်များရှိနေပေမယ့် အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းဖြတ်တောက်ခံထားရတာကြောင့် အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။ 


အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ နာရီခွဲဝန်းကျင်မှာရရှိထားတဲ့ အချက်အလက်တွေအရ အကြမ်းဖက်စစ်ကောင်စီ တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် နမ့်ခမ်းမြိုနယ်မှာ အရပ်သား ဦး သေဆုံးထားပြီး အသက် နှစ်အောက် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကာ နမ့်ဖတ်ကာမြို့တွင် ဦး၊ သိန္နီမြို့တွင် ဦး၊ လားရှိးမြိုတွင်တစ်ဦး စုစုပေါင်း ၇ဦး သေဆုံးခဲ့တယ်လို့ Tai Students’ Union အဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment