8th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြင်ဦးလွင်က ဖက်ဒရယ်စမ်းရေစီမံကိန်း ဆက်လက်ရင်းနှီးမြုပ်နှံရင်း တော်လှန်ရေးမှာပါဝင်ပေးဖို့ ပြည်ထဲရေးဝန်ကြီးတိုက်တွန်း

📌 ၂။ ဖက်ဒရယ်စမ်းရေ-Federal Spring projectမှ ရောင်းရငွေများကို တော်လှန်ရေးလိုအပ်ချက်အတွက် လွှမ်းခြုံမျှဝေသုံးစွဲသွားမယ်လို့ဆို

📌 ၃။ တော်လှန်ရေးကာလအတွင်း စစ်ဘေးရှောင်များအတွက် ဗုံးခိုကျင်း (၁၂၉၆) ကျင်း တူးဖော်ပေးနိုင်ခဲ့

📌 ၄။ NUG,MOE , အခြေခံပညာနှင့် ကြားကာလ အခြေခံပညာဆရာ့အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ရန်ကုန်) တို့ တွေ့ဆုံဆွေးနွေးပွဲ ပညာရေးဒုဝန်ကြီးတက်ရောက်

📌 ၅။ အချင်းချင်းကြား ညီညွတ်ရေးဟာ အရေးကြီးဆုံးကိစ္စ ဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီသဘာပတိနိုင်သုဝဏ္ဏပြောကြား

📌 ၆။ ကန့်ဘလူမြို့နယ်တွင် နှစ်ပတ်ကြာစကစတပ်များ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူတစ်သောင်းကျော် အရေးပေါ် စစ်ဘေးရှောင်နေရ

📌 ၇။ အနောက်ရိုးမရှိ တောင်ငူမြို့နယ် ကြို့ပင်ဆိပ် စစ်ကောင်စီကင်းစခန်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၀)ဦးသေ‌ဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိ

📌 ၈။ မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့ထွေအုပ်ရုံးတွင် စွဲနေထိုင်သော စကစတပ်သားများတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူများရှိ

📌 ၉။ ဓနု ဒရုန်းတပ်မှ ဗုံးသီးများ လုံလုံလောက်လောက်အသုံးပြုနိုင်ရန်အတွက် ဗုံးသီးများ ထုတ်လုပ်လျှက်ရှိတယ်လို့အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြင်ဦးလွင်က ဖက်ဒရယ်စမ်းရေစီမံကိန်း ဆက်လက်ရင်းနှီးမြုပ်နှံရင်း တော်လှန်ရေးမှာပါဝင်ပေးဖို့ ပြည်ထဲရေးဝန်ကြီးတိုက်တွန်း


အောက်တိုဘာ၇ရက်

ပြင်ဦးလွင်က ဖက်ဒရယ်စမ်းရေစီမံကိန်း ဆက်လက်ရင်းနှီးမြုပ်နှံရင်း တော်လှန်ရေးမှာပါဝင်ပေးဖို့ အောက်တိုဘာ၇ရက်မှာ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်မှ တိုက်တွန်းဆိုလိုက်ပါတယ်။ 


"အားလုံးပင်ပန်းနေကြပြီဆိုပေမယ့် ရပ်တန့်လို့မရဘူး ဆိုတာလည်း ဆုံးဖြတ်ထားကြပြီးသားဆိုတော့ ရင်းနှီးမြှပ်နှံရင်း ဆက်ပြီးတော်လှန်ကြပါဦး"လို့ ဝန်ကြီးမှ ဆိုထားပါတယ်။


Federal Springs (ဖက်ဒရယ်စမ်းရေ) စီမံကိန်းကို ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်းမကြီး မြောက်ဘက် တပ်မတော်နည်းပညာတက္ကသိုလ်အနီးရှိ အကြမ်းဖက်စစ်တပ်ပိုင် မြေကို  ဥပဒေနှင့်အညီ သိမ်းယူပြီး ဧက ၃၀၀ ခန့်အား စီးပွားရေးလုပ်ငန်းသုံးနှင့် လူနေအိမ်ရာမြေများ ဖော်ထုတ်မည့် စီမံကိန်းလည်းဖြစ်ပါတယ်။


ဖက်ဒရယ်စမ်းရေစီမံကိန်း မြေကွက်များ၏ မြေပိုင်ဆိုင်မှု အမျိုးအစားမှာ ဂရန်မြေဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ပေးသွင်းရန်သတ်မှတ်ထားသော ငွေပမာဏ (ရောင်းချတန်ဖိုး၏ ၄၀%) ပေးသွင်းပြီးလျှင်  ကနဦးပိုင်ဆိုင်မှုအထောက်အထားအဖြစ် အာမခံစာချုပ် ထုတ်ပေးမှာလည်းဖြစ်ပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ်စမ်းရေ-Federal Spring projectမှ ရောင်းရငွေများကို တော်လှန်ရေးလိုအပ်ချက်အတွက် လွှမ်းခြုံမျှဝေသုံးစွဲသွားမယ်လို့ဆို


အောက်တိုဘာ၇ရက်

ဖက်ဒရယ်စမ်းရေ-Federal Spring projectမှရောင်းရငွေများကို တော်လှန်ရေးလိုအပ်ချက်အတွက် လွှမ်းခြုံမျှဝေသုံးစွဲသွားမယ်လို့ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်မှ အောက်တိုဘာ ၇ရက်မှာ အသိပေးဆိုထားပါတယ်။


"ဒီကနေ့ စရောင်းတဲ့ "ဖက်ဒရယ်စမ်းရေ-Federal Spring project" ပါ... တော်လှန်ရေးလိုအပ်ချက်ကို လွှမ်းခြုံမျှဝေ အားဖြည့်သုံးစွဲသွားမှာမို့ စွမ်းအားရှိသူတွေ ဝယ်ယူထောက်ပို့ကြဖို့ အထူးတိုက်တွန်းလိုပါတယ်"လို့ဆိုထားပါတယ်။


Federal Springs (ဖက်ဒရယ်စမ်းရေ) စီမံကိန်းကို ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်းမကြီး မြောက်ဘက် တပ်မတော်နည်းပညာတက္ကသိုလ်အနီးရှိ အကြမ်းဖက်စစ်တပ်ပိုင် မြေကို  ဥပဒေနှင့်အညီ သိမ်းယူပြီး ဧက ၃၀၀ ခန့်အား စီးပွားရေးလုပ်ငန်းသုံးနှင့် လူနေအိမ်ရာမြေများ ဖော်ထုတ်မည့် စီမံကိန်းလည်းဖြစ်ပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးကာလအတွင်း စစ်ဘေးရှောင်များအတွက် ဗုံးခိုကျင်း (၁၂၉၆) ကျင်း တူးဖော်ပေးနိုင်ခဲ့


အောက်တိုဘာ၇ရက်

တော်လှန်ရေးကာလအတွင်း စစ်ဘေးရှောင်များအတွက် ဗုံးခိုကျင်း (၁၂၉၆) ကျင်း တူးဖော်ပေးနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဆိုပါတယ်။


အောက်တိုဘာလ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၀/၂၀၂၃) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောကြားခဲ့တာဖြစ်ပါတယ်။


စက်တင်ဘာလအတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအနေဖြင့် စစ်ဘေးရှောင်ပြည်သူများနှင့် ထိခိုက်လွယ်အုပ်စုများ (၁၃၈,၃၂၆) ဦးနှင့် အိမ်ထောင်စု (၈၁၃) စုအတွက် လူသားစာနာအကူအညီ ငွေကျပ် (၃၂၃) သန်းကျော် ပေးအပ်ခြင်း၊ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူခေါင်းစဥ်ဖြင့် Advocacy Paper () စောင် ထွက်ရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ စိတ်လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူသားစာနာတာဝန်ခံများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများ၊ စစ်အာဏာရှင်စနစ်ဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ကြသည့် ပြည်သူ့ဝန်ထမ်းများအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု အစီအစဥ်များ ဆောင်ရွက်ပေးခြင်းတို့လုပ်ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။


ဒါ့အပြင် တော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီဒေသတို့ရှိ စစ်ဘေးရှောင်များအတွက် ဗုံးခိုကျင်း (၁၂၉၆) ကျင်း တူးဖော်ပေးနိုင်ခဲ့ပြီး ထပ်မံလိုအပ်ချက်များအား  သုံးသပ်တင်ပြခြင်းနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ NUG,MOE , အခြေခံပညာနှင့် ကြားကာလ အခြေခံပညာဆရာ့အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ရန်ကုန်) တို့ တွေ့ဆုံဆွေးနွေးပွဲ ပညာရေးဒုဝန်ကြီးတက်ရောက်


အောက်တိုဘာ ()

အောက်တိုဘာ () ရက်နေ့တွင် NUG,MOE , အခြေခံပညာ နှင့် ကြားကာလ အခြေခံပညာဆရာ့အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ရန်ကုန်) တို့ တွေ့ဆုံပွဲ ကျင်းပခဲ့ပြီး အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဂျာထွယ်ပန်နှင့် အခြေခံပညာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရန်ကုန်မြို့နယ်ပညာရေးဘုတ်အဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။


ကြားကာလ အခြေခံပညာဆရာ့အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ(ရန်ကုန်)မှ ကော်မတီ၏ TOR Roadmap လုပ်ငန်းဆောင်ရွက်ထားရှိမှုများ ဆရာ့အတတ်ပညာ သင်တန်းများဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပညာရေးဝန်ကြီးဌာနဘက်မှ ဒုဝန်ကြီးနှင့်တကွ တာဝန်ရှိသူများက ပြန်လည်မေးမြန်းဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။


ကြားကာလ အခြေခံပညာဆရာ့အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ(ရန်ကုန်)သည် ဩဂုတ်လ (၂၅)ရက်နေ့တွင် ဆရာကြီးဒေါက်တာသိန်းလွင်နှင့်လည်းကောင်း၊ ပညာရေးပညာရှင်များ၊ သြဂုတ်လ (၂၇) ရက်နေ့တွင် နွေဦးဆရာအတတ်သင်တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များမှ တာဝန်ရှိသူဆရာကြီး ဆရာမကြီးများနှင့်လည်းကောင်း ဩဂုတ်လ (၃၁) ရက်နေ့တွင် CPD Team (အခြေခံပညာ) နှင့်လည်းကောင်း စက်တင်ဘာ () ရက်နေ့တွင် ဆရာသိန်းနိုင်(မောက္ခပညာရေး) နှင့်လည်းကောင်း တွေ့ဆုံ၍ လမ်းညွှန်အကြံပြုချက်များကို ခံယူခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၅။ အချင်းချင်းကြား ညီညွတ်ရေးဟာ အရေးကြီးဆုံးကိစ္စ ဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီသဘာပတိနိုင်သုဝဏ္ဏပြောကြား


အောက်တိုဘာ၇ရက်

မွန်ပြည်ဖက်ဒရယ်ကောင်စီ(၃၁)ကြိမ်မြောက် MSFC ပုံမှန်အစည်းအဝေး အပိတ်မိန့်ခွန်းမှာ "အချင်းချင်းကြား ညီညွတ်ရေးဟာ အရေးကြီးဆုံးကိစ္စ ဖြစ်တယ်"လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီသဘာပတိ နိုင်သုဝဏ္ဏမှပြောပါတယ်။


"နိုင်ငံရေးလုပ်ဆောင်ရာမှာ စိတ်ရှည်ရမှာဖြစ်ပြီး ဖွဲ့စည်းသွားမယ့် ဖက်ဒရယ်ပြည်ထောင်စုထဲမှာ မိမိတို့လည်း အပါအဝင်ဖြစ်ရမှာဖြစ်ပြီးတော့ မိမိတို့အချင်းချင်းကြား ညီညွတ်ရေးဟာ အရေးကြီးဆုံးကိစ္စ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ မွန်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုအသီးသီးရှိကြပြီး အချို့မှာ စစ်ကောင်စီနဲ့ လတ်တလောပြေလည်မှုရယူထားလျက်ရှိနေပါတယ်။


========================


📌📌 ၆။ ကန့်ဘလူမြို့နယ်တွင် နှစ်ပတ်ကြာစကစတပ်များ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူတစ်သောင်းကျော် အရေးပေါ် စစ်ဘေးရှောင်နေရ


အောက်တိုဘာ

ကန့်ဘလူမြို့နယ်တွင် နှစ်ပတ်ကြာစကစတပ်များ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ တစ်သောင်းကျော်အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အောက်တိုဘာ၇ရက်မှာ အသိပေးဆိုပါတယ်။


"စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ရက်သတ္တနှစ်ပတ်ခန့် စစ်တပ်နှင့် ပျူစောထီး အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၁၀ ရွာမှ ပြည်သူ ၁၀,၀၀၀ ကျော် အရေးပေါ် စစ်ရှောင်နေကြရကာ အသက်မပြည့်ကလေးငယ် အပါအဝင် သုံးဦးလည်း ဖမ်းဆီးခံထားရတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၁ နှင့် ပျူစောထီးများက စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ရက်အထိ လှည့်လည်စစ်ကြောင်းထိုးနေခြင်း ဖြစ်တယ်လို့သိရပါတယ်။


စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက ဇီးကုန်းသကြားစက်အထိုင်မှ ထွက်လာသည့် ယင်းစစ်ကြောင်းသည် ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းရှိ ငှက်ပျောတိုင်းရွာသစ် လျှပ်စစ်ဓာတ်အားပေးရုံအတွင်း၌ တပ်စွဲပြီးနောက် စက်တင်ဘာ ၂၇ နှင့် ၂၈ ရက်တို့တွင် သီရိမွန်ရွာ၌ ထပ်မံ တပ်စွဲခဲ့ပြီး ထို့နောက် စက်တင်ဘာ ၂၉ ရက်တွင် ငှက်ပျောတိုင်းရွာသစ် လျှပ်စစ်ဓာတ်အားပေးရုံ၌ ပြန်လည်တပ်စွဲကာ အောက်တိုဘာ ရက်တွင် ယမနေ ပျူအထိုင်ရွာမှ အင်အား ၈၀ ခန့် ထပ်မံဖြည့်တင်း၍ အင်အား ၂၀၀ ခန့်ဖြင့် ယင်းရွာမှ ပြည်သူပိုင်ပစ္စည်းများအား လုယက်၊ ယူဆောင်သွားခဲ့ကြပါတယ်။


========================


📌📌 ၇။ အနောက်ရိုးမရှိ တောင်ငူမြို့နယ် ကြို့ပင်ဆိပ် စစ်ကောင်စီကင်းစခန်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၀)ဦးသေ‌ဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိ


အောက်တိုဘာ ၇ရက်

အနောက်ရိုးမရှိ တောင်ငူမြို့နယ် ကြို့ပင်ဆိပ် စစ်ကောင်စီကင်းစခန်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၀)ဦးသေ‌ဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲက အောက်တိုဘာ၇ရက်မှာ အတည်ပြုပါတယ်။


"အနောက်ရိုးမရှိ တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာအုပ်စု၊ ကြို့ပင်ဆိပ်ရွာ အကြမ်းဖက်စစ်ကောင်စီ၏ ကင်းစခန်းကို အောက်တိုဘာလ ()ရက်နေ့ နံနက်(:၃၀)နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁နှင့် တပ်ခွဲ ပူးပေါင်းအဖွဲ့စစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ထိုတိုက်ခိုက်မှုတွင် တိုက်ပွဲကြာချိန် ()နာရီခန့်ကြာမြင့်ခဲ့ပြီး တိုက်ခိုက်မှုဖြစ်ပွားနေစဉ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကူများ ရောက်ရှိလာသဖြင့် တော်လှန်ရေးအင်အားစုများမှာ စခန်းအား သိမ်းပိုက်နိုင်ခြင်း မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။ 


အဆိုပါကင်းစခန်းတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၀)ဦးသေ‌ဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တော်လှန်ရေးရဲဘော်()ဦး ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။


========================


📌📌 ၈။ မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့ထွေအုပ်ရုံးတွင် စွဲနေထိုင်သော စကစတပ်သားများတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူများရှိ


အောက်တိုဘာ၇ရက်

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ထွေအုပ်ရုံးတွင် စွဲနေထိုင်သော စကစတပ်သားများတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူများရှိတယ်လို့သတင်းရရှိပါတယ်။


အောက်တိုဘာ၇ရက်၁၂ နာရီခွဲ အချိန်ခန့်တွင် ရန်သူဘန်ကာ၏ မီတာ၃၀အကွာခန့်မှ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က အတည်ပြုဆိုပါတယ်။


"မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့(ထွေအုပ်ရုံး)တွင် တပ်စွဲနေထိုင်သော စကစတပ်သားများအားအောက်တိုဘာလ ရက် မွန်းလွဲ၁၂ နာရီခွဲ အချိန်ခန့်တွင် ကျွန်တော်တို့ ရန်သူဘန်ကာ၏ မီတာ၃၀အကွာခန့်မှ ပြောက်ကြားနည်းဗျူဟာအားအသုံးပြု၍ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


၄၀မမ တစ်လုံးမှာ ရန်သူ့ စကစ ကင်းနားသို့ တိတိကျကျ ကျရောက်ပေါက်ကွဲခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ()မိနစ်ခန့်ကြာမြင့်ခဲ့ကာစကစတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရပါတယ်။


========================


📌📌 ၉။ ဓနု ဒရုန်းတပ်မှ ဗုံးသီးများ လုံလုံလောက်လောက်အသုံးပြုနိုင်ရန်အတွက် ဗုံးသီးများ ထုတ်လုပ်လျှက်ရှိတယ်လို့အသိပေး


အောက်တိုဘာ၇ရက်

ဓနု ဒရုန်းတပ်မှ ဗုံးသီးများ လုံလုံလောက်လောက် အသုံးပြုနိုင်ရန်အတွက် ဗုံးသီးများ ထုတ်လုပ်လျှက်ရှိတယ်လို့အသိပေးဆိုပါတယ်။


အောက်တိုဘာ ()ရက်မှာ- DANU Drone Force ကဆိုထားပါတယ်။


"မိမိတို့ ဓနု ဒရုန်းတပ်-DANU Drone Force သည် လက်ရှိအချိန်တွင် Drone Mission များ ပြုလုပ်ရန် ရှေ့တန်းသို့ ရောက်ရှိနေပါတယ်။ မိမိတို့ Drone အဖွဲ့သည် (၁၀၀၃)တပ်ရင်း၊ ဓနုအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ DANU PDF ဒရုန်းတပ်ခွဲဖြစ်ပြီး လက်ရှိအချိန်တွင် (၁၀၀၃)တပ်ရင်း မိုင်းထုတ်လုပ်ရေးအဖွဲ့သည် မိမိတို့ ဒရုန်းတပ်ခွဲ ရှေ့တန်းတွင် ဗုံးသီးများ လုံလုံလောက်လောက်အသုံးပြုနိုင်ရန်အတွက် ဗုံးသီးများ ထုတ်လုပ်လျှက်ရှိပါတယ်"လို့ဆိုပါတယ်။


DANU Drone Force သည် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်တိုက်ပွဲဝင်လျက်ရှိနေပြီး ပြည်သူများအနေဖြင့်လည်း ထောက်ပံ့မှုများပြုလုပ်ပေးကြပါရန် အသိပေးဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment