12th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံသစ်ကို အတူဝိုင်းဝန်းတည်ဆောက်ကြဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလပြောကြား

📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့်ကိုယ်စားလှယ်အဖွဲ့ လစ်သူရေးနီးယားနိုင်ငံ၌ ကျင်းပသည့် အဆင့်မြင့်အရာရှိများဖိုရမ်သို့တက်ရောက် 

📌 ၃။ လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းတို့ဘက်တွင်ရှိသော စစ်ကောင်စီ၏စခန်း () ခုအား သိမ်းပိုက်ရရှိထား

📌 ၄။ ၁၁.၁၁စစ်ဆင်ရေးအနေဖြင့် ကရင်နီဒေသက စခန်းပေါင်း()ခု အား အောင်မြင်စွာသိမ်းပိုက်နိူင်ပြီး တိုက်လေယာဉ်()စီးအား ပွိုင့်ဖိုက်စက်သေနတ်ဖြင့်ပစ်ချခဲ့

📌 ၅။ ကိုးကန့်(MNDAA)ကရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင်ရှိ (၁၂၈)ဗျူဟာကုန်း  ၏တွဲဖက်စခန်း()ခုကို တိုက်ခိုက်သိမ်းယူခဲ့

📌 ၆။ ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှု‌ကြောင့် အကြမ်းဖက် စစ်တပ်အတွက် ခံပြင်းမှုတွေဖြစ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံသစ်ကို အတူဝိုင်းဝန်းတည်ဆောက်ကြဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလပြောကြား


နိူဝင်ဘာ၁၁ရက်


ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံသစ်ကို အတူဝိုင်းဝန်းတည်ဆောက်ကြဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


နိူဝင်ဘာ၁၁ရက်နိုင်ငံတော်၏ လက်ရှိအခြေအနေများနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူလူထုထံ အသိပေးသည့် လစဥ်မိန့်ခွန်းမှာထည့်သွင်းပြောပါတယ်။


"အခုအချိန်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့အုပ်စုကိုအထောက်အကူပေးနေတဲ့စစ်တပ်ဟာ

လဲ ပြိုကျရှုံးမှုနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒီအချိန်ဟာ ကျနော်တို့တိုင်းရင်းပြည်သူအားလုံးမျှော်မှန်းတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့တရားမျှတမှု၊လွတ်လပ်မှုကိုဖော်ဆောင်ကြမယ့် ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံသစ်ကို အတူဝိုင်းဝန်းတည်ဆောက်ကြဖို့ အချိန်အခါကောင်းဖြစ်ပါတယ်။ဒါကြောင့်တိုင်းရင်းသားလက်နက်ကိုင်ERO တွေ၊PDF တွေ၊ဒေသခံ ပြည်သူတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံး မဟာဗျူဟာကျကျ လက်တွဲ ပူးပေါင်းဆောင်ရွက်နိူင်ရေးအင်မတန်အရေးကြီးပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိူင်ငံရေးမှာ စစ်တပ်ပါဝင်မှုကိုအပြီးတိုင် ချိုးဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်မှာ ဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့်ကိုယ်စားလှယ်အဖွဲ့ လစ်သူရေးနီးယားနိုင်ငံ၌ ကျင်းပသည့် အဆင့်မြင့်အရာရှိများဖိုရမ်သို့တက်ရောက် 


နိူဝင်ဘာ၁၁ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လစ်သူရေးနီးယားနိုင်ငံ၊ ဗီးနီးယက်စ် (Vilnius) မြို့တွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် “Future of Democracy” အဆင်မြင့်အရာရှိများ ဖိုရမ်သို့ တက်ရောက်ခဲ့တယ်လို့ နိုဝင်ဘာ၁၁ရက်မှာ NUG နိူင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ဖော်ပြပါတယ်။


ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ဖိုရမ်အတွင်း လစ်သူရေးနီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr Gabrielius Landsbergis နှင့် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr Jan Lipavsky တို့နှင့်လည်းတွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကိုယ်စားလှယ်အဖွဲ့ လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်အမတ် H.E. Mr. Emanuelis Zingeris နှင့်နိုဝင်ဘာ ၉ရက်နေ့တွင် တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။


 H.E. Mr. Emanuelis Zingeris သည် လစ်သူရေးနီးယားလွှတ်လပ်ရေးကြေညာစာတမ်းတွင် ပါဝင်လက်မှတ်ရေးထိုး ခဲ့သည့် ဝါရင့် လွှတ်တော်အမတ်များထဲမှ တစ်ဦးဖြစ်ပြီး မြန်မာ နိုင်ငံအရေးနှင့်ပတ်သက်၍ ရင်းနှီးကျွမ်းဝင်သူ တစ်ဦးလည်းဖြစ်ပါတယ်။


 ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ၄င်း၏ လွှတ်တော်ရုံးခန်း တွင် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး  မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုအား ထောက်ခံကြောင်းနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့်စပ်လျဉ်း၍လည်းကောင်း လက်ရှိနွေဦးတော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုများ နှင့်ပက်သက်၍လည်းကောင်း အပြန်အလှန် အတွေ့အကြုံများကို မျှဝေ ဆွေးနွေး ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းတို့ဘက်တွင်ရှိသော စစ်ကောင်စီ၏စခန်း () ခုအား သိမ်းပိုက်ရရှိထား


နိူဝင်ဘာ၁၁ရက်


လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းတို့ဘက်တွင်ရှိသော စစ်ကောင်စီ၏စခန်း () ခုအား သိမ်းပိုက်ရရှိထားတယ်လို့ဆိုပါတယ်။


နိူဝင်ဘာ၁၁ရက် “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၆) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ ကို “Operation 1027ကထုတ်ပြန်ပါတယ်။


၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးဆင်နွှဲလျက်ရှိသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ကယားပြည်နယ်၏မြို့တော် လွိုင်ကော်အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏စခန်းများကို ယနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက် နေ့၊ နံနက် (:၃၀) အချိန်ခန့်မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


လောလောဆယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနှင့် နန်းစံခမ်းတို့ဘက်တွင်ရှိသော စစ်ကောင်စီ၏စခန်း () ခုအား သိမ်းပိုက်ရရှိထားပြီး  ရန်သူ၏ အခြားသောစခန်းများအားလည်း ထပ်မံသိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ၁၁.၁၁စစ်ဆင်ရေးအနေဖြင့် ကရင်နီဒေသက စခန်းပေါင်း()ခု အား အောင်မြင်စွာသိမ်းပိုက်နိူင်ပြီး တိုက်လေယာဉ်()စီးအား ပွိုင့်ဖိုက်စက်သေနတ်ဖြင့်ပစ်ချခဲ့


နိုဝင်ဘာလ၊ (၁၁)ရက်


၁၁.၁၁စစ်ဆင်ရေးအနေဖြင့် ကရင်နီဒေသက စခန်းပေါင်း()ခု အား အောင်မြင်စွာသိမ်းပိုက်နိူင်ပြီး တိုက်လေယာဉ်()စီးအား ပွိုင့်ဖိုက်စက်သေနတ်ဖြင့်ပစ်ချခဲ့တယ်လို့သတင်းရရှိပါတယ်။


နိုဝင်ဘာလ၊ (၁၁)ရက်နေ့တွင် ဒီးမောဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့ နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း()ခု အား အောင်မြင်စွာ စတင်သိမ်းပိုက်ယူနိုင်ခဲ့တယ်လို့ KNDFဗဟိုကအတည်ပြုဆိုပါတယ်။


စစ်ကောင်စီ၏ တပ်များ နှစ်ကာလအတန်ကြာ တပ်စွဲအထိုင်ချထားသော ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို နှင့် ချိကယ် စသည့် ကျေးရွာဒေသများရှိ တပ်စခန်းများကို နိူဝင်ဘာ၁၁ရက်နံနက် () နာရီ အချိန်မှစ၍ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များမှ စစ်ကြောင်း () ကြောင်းဖြင့် တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။


စစ်ကောင်စီ၏ တပ်စခန်းများအား တိုက်ခိုက်ရာတွင် ဒီးမော့ဆို လွိုင်ကော် နှင့် မိုးဗြဲ အခြေစိုက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ အလွန်အကျွံ ပစ်ကူပေးခဲ့သလို လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ် အတွင်း တိုက်ပွဲများထဲသို့ တိုက်လေယာဥ်()စီးဖြင့် အကြိမ် (၂၀) နီးပါး လာရောက် ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြင့်လည်း ()ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ပါတယ်။


စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ်()စီးအား မိမိတို့ KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ပြီးအဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။


  စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ကြီး လက်နက်ငယ် မျိုးစုံ (၁၀၀) ခန့် နှင့် ခဲယမ်းကျည်ဆံများစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။


စစ်ဆင်ရေးကို ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်ကြသည့် KA KNDF KNPLF DMO PDF Loikaw PDF မိုးဗြဲ PDF ဖယ်ခုံ PDF မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍ ပူးပေါင်းခဲ့ပါတယ်။


တစ်ဆက်တည်းမှာပဲတစ်လေးလုံးစစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့အနီးတစ်ဝိုက်စစ်ဇုန်အဖြစ်ပြောင်းလဲလာနိူင်တယ်လို့သတိပေးလိုက်ပါတယ်။


နိူဝင်ဘာ၁၁ရက်မှာကရင်နီပြည် 1111 (တစ်လေးလုံး) စစ်ဆင်ရေးနှင့် ပတ်သက်ပြီး မိဘပြည်သူများသို့ အသိပေး ပန်ကြားချက်ကိုထုတ်ပြန်ပါတယ်။


ထုတ်ပြန်ချက်အရ နိူဝင်ဘာ၁၁ရက် နံနက်၅နာရီမှစ၍ ကရင်နီပြည်အတွင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လှုပ်ရှားမှုအစိတ်အပိုင်းအဖြစ် တစ်လေးလုံးစစ်ဆင်ရေးကို တပ်ပေါင်းစုနှင့်မဟာမိတ်အဖွဲ့များက ပူးပေါင်းဖော်ဆောင်နေတယ်လို့ဆိုပါတယ်။


လွိုင်ကော်မြို့အနီးတစ်ဝိုက်နှင့်ဆက်စပ်ရာ ရပ်ကွက်၊ကျေးရွာအုပ်စုများဖြစ်ကြသည့် ချိကယ်ကျေးရွာအုပ်စု၊ နွားလဝိုးကျေးရွာအုပ်စု၊

နိုးကိုးကျေးရွာအုပ်စု၊ဒေါပေါ်ကလဲကျေးရွာအုပ်စုနှင့် ကုန်းသာကျေးရွာအုပ်စုတို့အပြင် မိုးဗြဲ မြို့တို့တွင်တိုက်ပွဲများပိုမိုပြင်းထန်လာနိူင်တယ်လို့ဆိုပါတယ်။


ထို့အပြင်လွိုင်ငေါ်မြို့အနီးတစ်ဂိုက်သည်လည်းစစ်ဇုန်အဖြစ်သို့ပြောင်းလဲလာနိူင်၍ ပြည်သူများအနေဖြင့်ပိုမိုဘေးကင်းလုံခြုံသည့်နေရာသို့ရွှေ့ပြောင်းရန် လိုအပ်နိူင်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီကအသိပေးကြေညာပါတယ်။


========================


📌📌 ၅။ ကိုးကန့်(MNDAA)ကရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင်ရှိ (၁၂၈)ဗျူဟာကုန်း  ၏တွဲဖက်စခန်း()ခုကို တိုက်ခိုက်သိမ်းယူခဲ့


နိူဝင်ဘာ၁၁ရက်


ကိုးကန့်(MNDAA)ကရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင်ရှိ (၁၂၈)ဗျူဟာကုန်း  ၏တွဲဖက်စခန်း()ခုကို တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။


နိုဝင်ဘာလ ၁၁ ရက်နေ့ (၁၀၂၇)စစ်ဆင်ရေး Operation ကြီးလုပ်ဆောင်လာသည်မှာ (၁၆)ရက်နေ့မြောက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့မှ ကိုးကန့်(MNDAA)သည် ရှီယွင်ကြည်ရွာအနီးရှိ စစ်ကောင်စီဗျူဟာကုန်း၏ တွဲဖက် တပ်စခန်းများကို တိုက်ခိုက်သိမ်းယူခဲ့ပြီး လားရှိုးတိုင်းစစ်ဌာနချုပ်ကိုလည်း အမြောက်ဖြင့် ပစ်ခတ်တိုက် ခိုက် ခဲ့တယ်လို့ဆိုပါတယ်။


နိူဝင်ဘာ၁၁ရက်နံနက် (၈း၁၀)နာရီတွင် ကိုးကန့်(MNDAA)သည် ရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင်ရှိ (၁၂၈)ဗျူဟာကုန်း  ၏တွဲဖက်စခန်း()ခုကို တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။


 တိုက်ပွဲတွင် စစ်ကောင်စီအဖွဲ့ဝင် ()ယောက်ဖမ်းဆီမိပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိတယ်လို့ဆိုပါတယ်။


နံနက်(၂း၂၃)နာရီနှင့် (၂း၅၈)နာရီ အချိန်နှစ်ခုတွင် ကိုးကန့်(MNDAA)သည် လားရှိုးအမှတ်()ရဲစခန်းနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အမြောက်ဖြင့်ပစ်ခတ်ခဲ့ပြီး  စစ်ကောင်စီ၏ (၄၁)ဗျူဟာကုန်းကိုလည်း တချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၆။ ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှု‌ကြောင့် အကြမ်းဖက် စစ်တပ်အတွက် ခံပြင်းမှုတွေဖြစ်နေ


နိူဝင်ဘာ၁၁ရက်


၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှုကို နိူဝင်ဘာ၁၁ရက်မနက်ပိုင်းကစလို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမား၊ လယ်သမားနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များပါဝင် နယ်ပယ်ပေါင်းစုံက လူပုဂ္ဂိုလ်များပါဝင်လို့လှုပ်ရှားခဲ့ပါတယ်။


နိူဝင်ဘာ၁၀ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုများမှ ရန်ကုန်မြို့ ရှိ ဈေးများ နှင့် လူနေရပ်ကွက်များတွင် ၁၁၁၁ အောင်သပြေလူထုလှုပ်ရှားမှု အကြို အောင်သပြေပန်းများ လိုက်လံဝေငှခဲ့တာရှိသလို့ တစ်ချို့သောမြို့နယ်များမှာ သပြေဝယ်ယူသူများကို တားဆီးမှုတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။တစ်ချို့ပြည်သူတွေအနေနဲ့ သပြေပန်းများကို ခိုးရောင်းခိုးဝယ်ပုံစံမျိုးနှင့် ၎င်းတို့မမြင်အောင် သတင်းစာ ဖက်စသည်တို့နှင့်လိပ်ကာ ဝယ်ယူခဲ့ရတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ပန်းသပိတ်တိုက်ပွဲကာလများမှာလည်း ပန်းဝယ်ယူသူများကို ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့တာလည်းရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment