၂၀၂၃ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါ်ဇင်မာအောင်မှ သတင်းစာရှင်းလင်းပွဲ ကျင်းပမည်
📌 ၂။ “တော်လှန်ထောက်ကူ ပညာယူ” အစီအစဥ်အနေဖြင့် Mini-MBA သင်တန်းအား သင်တန်းသားတစ်ဦးလျှင် မြန်မာကျပ်ငွေ (၃) သိန်းနှုန်းဖြင့် ဖွင့်လှစ်သင်ကြားပေးမည်
📌 ၃။ ကိုးကန့်လောက်ကိုင်၊ တုန်ချိန် ဒေသသို့မောင်းနှင်းလာသော ဒုက္ခသည်ယာဉ်တစ်စီးအား စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကားပေါ်ရှိဒုက္ခသည်အားလုံးသေဆုံးခဲ့
📌 ၄။ ဖြူးမြို့နယ်၊ ဆင်းမွတ်တောရွာအနီးတွင် ကွန်မန်ဒိုတပ်ရင်း၊ ရိုးမ(၂ )စစ်ကြောင်း အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒုရဲအုပ်တစ်ဦးအပါအဝင် ရန်သူဘက်မှ ၄ ဦးသေဆုံးခဲ့
📌 ၅။ မြင်းခြံမြို့ ညောင်တိုရွာတွင် တပ်ဆွဲထားသော စကစများနှင့် ပျူများအား Drone ဖြင့်ဗုံးသီးချ တိုက်ခိုက်ရာတစ်ဦးသေ၊နှစ်ဦးဒဏ်ရာရ
📌 ၆။ ဝပြည်နယ်တွင် ခိုလှုံသည့် စစ်ဘေးရှောင်များအား စောင့်ရှောက်မှုအခြေအနေသတင်းထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါ်ဇင်မာအောင်မှ သတင်းစာရှင်းလင်းပွဲ ကျင်းပမည်
နိူဝင်ဘာ၂၃ရက်
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၏ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ (၂၄) ရက်၊ သောကြာနေ့ ၊ မနက် (၁၁) နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဂျပန်နိူင်ငံ
The Foreign Correspondents' Club of Japanမှာကျင်းပမှာဖြစ်တယ်လို့ NUGဂျပန်ကိုယ်စားလှယ်ရုံးကအသိပေးပါတယ်။
ရှင်းလင်းပွဲတွင်NUG မှ အကြီးတန်းအရာရှိတစ်ဦး၏ ဂျပန်နိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်သည့် ဤခရီးစဉ်အတွင်း ပြည်တွင်းပြည်ပ သတင်းစာဆရာများအား ဖိတ်ခေါ်ပြီး နိုင်ငံခြားရေး ၀န်ကြီး ဒေါ်ဇင်မာအောင်မှ မြန်မာနိုင်ငံ၏ဒီမိုကရေစီဖော်ဆောင်ရေး လှုပ်ရှားမှုများ၏ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားမှာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် စစ်အာဏာသိမ်းမှုအပေါ် လက်မခံကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ချက်များချမှတ်ခဲ့ကြသည့် ဂျပန်အထက်လွှတ်တော်မှ ဒုတိယဥက္ကဋ္ဌ Mr.Kaieda Banriနှင့် အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr.Nakahama Hiroyuki တို့အားနိူဝင်ဘာ ၂၁ရက်နေ့လည်ပိုင်းတွင် အထက်လွှတ်တော် အဆောက်အအုံတွင် သွားရောက်တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။
========================
📌📌 ၂။ “တော်လှန်ထောက်ကူ ပညာယူ” အစီအစဥ်အနေဖြင့် Mini-MBA သင်တန်းအား သင်တန်းသားတစ်ဦးလျှင် မြန်မာကျပ်ငွေ (၃) သိန်းနှုန်းဖြင့် ဖွင့်လှစ်သင်ကြားပေးမည်
နိူဝင်ဘာ၂၃ရက်
“တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်းအား အတူတကွ ချိတ်ဆက်ပူးပေါင်း အကောင်အထည် ဖော်နိုင်ရေးနှင့်စပ်လျဥ်း၍ ပြည်သူ့ရေးရာကော်မတီနှင့် နိူဝင်ဘာ၂၁ရက်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ အခုလိုပြောကြားခဲ့ပါတယ်။
“တော်လှန်ထောက်ကူ ပညာယူ” အစီအစဥ်အနေဖြင့် Mini-MBA သင်တန်းအား သင်တန်းသားတစ်ဦးလျှင် မြန်မာကျပ်ငွေ (၃) သိန်းနှုန်းဖြင့် ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပြီး၊ ရရှိလာသည့်ဝင်ငွေများကို စစ်ဘေးရှောင်ပြည်သူများ၊ CDMer များနှင့် တော်လှန်ရေး အင်အားစုများကို ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း၊ အဆိုပါသင်တန်းသည် ပညာရေးတစ်ပိုင်းတစ်စဖြင့် နိုင်ငံတကာသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် CDM ကျောင်းသား၊ ကျောင်းသူများအတွက် အဓိကရည်ရွယ်ပြီး သင့်တင့်မျှတသောနှုန်းထားဖြင့် ပညာလေ့လာဆည်းပူး၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
အစည်းအဝေးသို့ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
“တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်း၏ အသေးစိတ်အချက်အလက်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Facebook Page : https://www.facebook.com/mocNUGMyan တွင် ဆက်သွယ်လေ့လာစုံစမ်းနိုင်ပါတယ်။
========================
📌📌 ၃။ ကိုးကန့်လောက်ကိုင်၊ တုန်ချိန် ဒေသသို့မောင်းနှင်းလာသော ဒုက္ခသည်ယာဉ်တစ်စီးအား စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကားပေါ်ရှိဒုက္ခသည်အားလုံးသေဆုံးခဲ့
နိူဝင်ဘာ၂၃ရက်
နိုဝင်ဘာလ ၂၂ ရက်လောက်ကိုင်အများပြည်သူသတင်းအရ နိုဝင်ဘာလ ၂၂ ရက် နံနက်(၉း၃၀)နာရီခန့် ကိုးကန့်လောက်ကိုင်၊ တုန်ချိန် ဒေသသို့မောင်းနှင်းလာသော ဒုက္ခသည်ယာဉ်တစ်စီးသည် စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိ မှန်ပြီး ပေါက်ကွဲမှုကြောင့် ကားပေါ်ရှိဒုက္ခသည်အားလုံးသေဆုံးခဲ့တယ်လို့သိရပါတယ်။
သေဆုံးသူမှာ အနည်းဆုံး(၁၄)ဦးရှိကာ စစ်ကောင်စီ၏ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖြစ်တယ်လို့သိရပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီသည် မီရှင့်ကုတ်မှ လက်နက် ကြီးဖြင့် ရှီယွင်ကြည်နေရာကို ပစ်ကူစဉ်တွင် လက်နက်ကြီးကျည်သည် ရှီယွင်ကြည် ပါရှင်ကျော်နေရာတွင်ရှိ ဒုက္ခသည်လူထုထဲကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ဒုက္ခသည်များ သေဆုံးဒဏ်ရာရှိခဲ့ပါတယ်။
========================
📌📌 ၄။ ဖြူးမြို့နယ်၊ ဆင်းမွတ်တောရွာအနီးတွင် ကွန်မန်ဒိုတပ်ရင်း၊ ရိုးမ(၂ )စစ်ကြောင်း အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒုရဲအုပ်တစ်ဦးအပါအဝင် ရန်သူဘက်မှ ၄ ဦးသေဆုံးခဲ့
နိူဝင်ဘာ၂၃
"ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဆင်းမွတ်တောရွာအနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ကင်းပုန်းဝပ်နေသည့် မိမိတို့ ကွန်မန်ဒိုတပ်ရင်း၊ ရိုးမ(၂ )စစ်ကြောင်း အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒုရဲအုပ်တစ်ဦးအပါအဝင် ရန်သူဘက်မှ ၄ ဦးသေဆုံးခဲ့တယ်"လို့နိူဝင်ဘာ၂၂ရက်အထူးကွန်မန်ဒိုတပ်ရင်း တောင်ပိုင်းတိုင်းကအသိပေးဆိုထားပါတယ်။
တိုက်ပွဲအတွင်း ရန်သူစစ်ကောင်စီဘက်က တောင်ငူအမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်နေဝင်းထွန်းအပါအဝင် ၄ဦးသေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
ထို့ပြင် ၎င်းတို့ထံမှ G-3 သေနတ်(၂) လက်၊ AK-47 သေနတ်(၁)လက်၊ ခြောက်လုံးပြူးသေနတ် တစ်လက်၊ 7.62mm ကျည် (၉၀) တောင့်၊ G-3 ကျည် (၃၁) တောင့်၊ ၃၈၀ မဂ္ဂနပ်ကျည် (၁၅)တောင့် ကျည်ကာတစ်ထည် ၊ မှတ်ပုံတင်နှင့် တပ်ဖွဲ့ဝင်ကဒ် တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်စဉ်မှာတော်လှန်ရေးတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်ရာနေရာသို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦးတို့ ဆိုင်ကယ် ၃ စီးဖြင့် လက်နက်များကိုင်ဆောင်ကာ ဝင်ရောက်လာသည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထိတွေ့မှုဖြစ်စဉ်အတွင်း အလောင်း၄လောင်းရရှိပြီး တစ်ဦးလွတ်မြောက်သွားခဲ့ပါတယ်။
========================
📌📌 ၅။ မြင်းခြံမြို့ ညောင်တိုရွာတွင် တပ်ဆွဲထားသော စကစများနှင့် ပျူများအား Drone ဖြင့်ဗုံးသီးချ တိုက်ခိုက်ရာတစ်ဦးသေ၊နှစ်ဦးဒဏ်ရာရ
နိုဝင်ဘာ၂၃
"နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် မြင်းခြံမြို့ ညောင်တိုရွာတွင် တပ်ဆွဲထားသော စကစများနှင့် ပျူများအား Drone ဖြင့်
ဗုံးသီချ တိုက်ခိုက်ရာ တစ်ယောက် ဘဝပြောင်းပြီးနှစ်ယောက် ဒါဏ်ရာ ရခဲ့ပါတယ်"လို့နိူဝင်ဘာ၂၃ရက်စစ်ရေးသတင်းကို PDF-Talokeကအတည်ပြုပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့ ကလည်းမွန်းလွဲ၃ နာရီခန့်တွင့် မြင်းခြံမြို့ ညောင်တိုရွာတွင် တပ်ဆွဲထားသော စကစနှင့် ပျူများအား Drone ဖြင့် ထပ်မံတိုက်ခိုက်ရာ အများအပြားဒါဏ်ရာရရှိခဲ့ပါတယ်။
စစ်ဆင်ရေးများအား PDF-Taloke၊MGN-Ranger၊BGF၊CDSOM-001 Drone Team၊မြောင်မြို့နယ် ပလဖ၊Dragon King
ဧရာဝတီမင်းသား တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ ဝပြည်နယ်တွင် ခိုလှုံသည့် စစ်ဘေးရှောင်များအား စောင့်ရှောက်မှုအခြေအနေသတင်းထုတ်ပြန်
နိူဝင်ဘာ၂၃
ဝပြည်နယ်တွင် ခိုလှုံသည့် စစ်ဘေးရှောင်များအား စောင့်ရှောက်မှုအခြေအနေကိုနိူဝင်ဘာ၂၃ရက်ဝပြည် ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းမှ ဆိုရှယ်မီဒီယာမှာ အခုလိုအသိပေးဆိုထားပါတယ်။
"စစ်ဘေးရှောင်များပို့ဆောင်မှုမှာယနေ့ နံနက်"ဝ"ပြည် နမ့်တစ် မြို့မှ စစ်ဘေးရှောင် (၁၅၀၀)ခန့် များအား မန်မန်းဆိုင်("ဝ"ဂိတ်အထိ)တန်ယန်း နယ်ခြားသို့ ကားကြီး အစီး၃၀ ဖြင့် ပို့ဆောင်မည်ဖြစ်ပြီး ညပိုင်းခန့် မန်မန်းဆိုင်မြို့သို့ရောက်ရှိမည်ဟုသိရပါတယ်"လို့ဖော်ပြပါတယ်။
"ဝ"ပြည်သို့စစ်ဘေးရှောင်များရောက်ရှိလာမှု အခြေအနေမှာ နိုဝင်ဘာ ၂၂ရက်အထိ၄ သောင်းခန့်ရောက်ရှိကာ နမ့်တစ်စစ်ရှောင်စခန်း၌ ၅၀၀၀ ခန့်ကျန်နေသေးပြီး "ဝ"ပြည်အတွင်း ၁၀၀၀၀ ကျော်ခိုလှုံနေတယ်လို့ဆိုပါတယ်။
၁၀၀၀၀ ကျော် (တန့်ယန်း/ မိုင်းယန်း နယ်ခြားအထိ) ပို့ပြီး၁၀၀၀၀ ကျော် မိမိတို့ အစီအစဥ်ဖြင့် နေရပ်အသီးသီးသို့ပြန်ကြကြောင်း သိရပြီး စစ်ဘေးရှောင်များအား နေထိုင် စားသောက်မှု ၊ ဆေးဝါးကုသမှု နှင့် နယ်ခြားအထိပို့ဆောင်ပေးမှု တို့အား အခမဲ့ ကူညီပေးလျက်ရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment