5th NOV 2023 - Evening Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တိုက်ပွဲများကြောင့် ရှမ်းမြောက်ဒေသတွင် အရပ်သား ၁၈ ဦးသေဆုံးကာ စစ်ဘေးရှောင် ၃သောင်းကျော်အထိရှိလာ

📌 ၂။ CRPH ပညာရေး ကော်မတီနှင့် မွန်ပြည်နယ် လွတ်တော်ကိုယ်စားပြု ကော်မတီ (CRMH) ပညာရေးနှင့် ကျန်းမာရေး ကော်မတီဝင်များ ပညာရေး ဘုတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

📌 ၃။ စစ်ပွဲကာလအတွင်း အမျိုးသမီးနှင့်ကလေးများ ထိခိုက်မှု လျော့ချရေးဆိုင်ရာ TOT သင်တန်းကျင်းပ

📌 ၄။ မြောင်မြို့နယ်တွင် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ ရဲဘော်များအား ကူညီမှုများ ထောက်ပံ့ပေးအပ်

📌 ၅။ စစ်ကောင်စီတပ်စခန်း နှစ်ခုကို TNLA ထပ်မံသိမ်းပိုက်၊ စစ်ကူယာဉ်တန်းကို တိုက်ခိုက်ပြီး ကားလေးစီး သိမ်းဆည်း

📌 ၆။ အရာတော်နယ်တွင် စစ်မှုလယ်ယာဂိတ်နှင့် လဝက ရုံးကို တိုက်ခိုက်မှု အရာရှိအပါအဝင် ဦးသေဆုံး

📌 ၇။ အိန္ဒိယ-မြန်မာနယ်စပ် ဝိတုတ်ရွာ စစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တိုက်ပွဲများကြောင့် ရှမ်းမြောက်ဒေသတွင် အရပ်သား ၁၈ ဦးသေဆုံးကာ စစ်ဘေးရှောင် ၃သောင်းကျော်အထိရှိလာ


တိုက်ပွဲများကြောင့် ရှမ်းမြောက်ဒေသမှ အရပ်သား ၁၈ ဦးသေဆုံးကာ စစ်ဘေးရှောင်နေသူအရေအတွက်မှာ လည်း သောင်းကျော်အထိ မြင့်တက်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာ ထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

အကြမ်းဖက်စစ်တပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့တို့ တိုက်ပွဲစတင်ခဲ့တဲ့ လားရှိုးမြို့နယ်မှာ စစ်ဘေးရှောင် ၆ထောင့် ရာကျော်၊ သိန္နီမြို့နယ်မှာ ၉ထောင်ကျော်၊ ကျောက်မဲမြို့နယ်မှာ ရာကျော်၊ ကွတ်ခိုင်မှာ ၁ထောင့်တရာကျော်၊ လောက်ကိုင်မှာ တထောင်ဦး၊ မူဆယ်မှာ ၆ဝ ဦး၊ပြည်နယ်မှာ ၅ထောင်ဦးနဲ့ အနီးအနားကျေးရွာတွေက စစ်ဘေးရှောင်သူ ထောင်ကျော်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးပစတ်မှတ်မဟုတ်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး တွေနဲ့ပစ်ခတ်ခဲ့တာတွေကြောင့် နိုဝင်ဘာ ရက်နေ့အထိ အမျိုးသမီးနှင့်ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ၄၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် လေကြောင်တိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူပိုင်နေအမ် အလုံး ၈ဝ နဲ့ ဘာသာရေးအဆောက်အအုံ ၁၂ လုံး ပျက်စီးခဲ့ကြောင်းလည်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာ ထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေနဲ့ ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်တွေလိုအပ်နေတဲ့ အစားအသောက်၊ယာယီအမိုးအကာနဲ့ အသုံး အဆောင်တွေကို မြေပြင်အဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာ ထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေလိုက်နာရမယ့် ဆောင်ရန်ရှောင်ရန်နဲ့သတိပြုရန်အချက်တွေလည်း မျှဝေထားပါတယ်။


========================


📌📌 ၂။ CRPH ပညာရေး ကော်မတီနှင့် မွန်ပြည်နယ် လွတ်တော်ကိုယ်စားပြု ကော်မတီ (CRMH) ပညာရေးနှင့် ကျန်းမာရေး ကော်မတီဝင်များ ပညာရေး ဘုတ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး


နိုဝင်ဘာ ၅။


မြေပြင်တွင်ဆောင်ရွက်နေတဲ့ ပညာရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်ပြီး CRPH ပညာရေးကော်မတီ နဲ့ CRMH ပညာရေးနှင့်ကျန်းမာရေး ကော်မတီဝင်များ၊ မွန်ပြည်နယ် အတွင်းမှ မြို့နယ် ပညာရေး ဘုတ်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာ ရက်နေ့ မနက် ၁၀ နာရီမှာ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


တွေ့ဆုံပွဲတွင် CRPH ပညာရေးကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်ကအားလုံးသည် နွေဦးတော်လှန်ရေးမှာ အတူပါဝင် ဆောင်ရွက်နေတဲ့ ရဲဘော်ရဲဘက်များ ဖြစ်ကြကြောင်းနဲ့ စစ်အာဏာရှင်စနစ် ပပျောက်ရေးအတွက် လူတိုင်းစိတ်ထဲတွင် ကြွေးကြော်ထားပြီး ဖြစ်သည့်အတွက် အပြန်အလှန် ဆွေးနွေးပြီး အခက်အခဲများအတွက် အဖြေရှာကြရမည် ဖြစ်ပါကြောင်းအဖွင့်အမှာ- စကား ပြောကြားခဲ့ပါတယ်။


ထိုနောက် မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင်များက လုံခြုံရေးကို အထူးဂရုစိုက်ပြီး မြေပြင်တွင် လက်တွေ့ ဆောင်ရွက်နေမှုများ ရှေ့ဆက်ဆောင်ရွက်သွားမယ့် အစီအစဉ်များ၊ CDM ဆရာ/မများ လက်ရှိ နေထိုင်မှု ဘဝများတွင် ထောက်ပံမှု လိုအပ်နေတဲ့ အခြေအနေများနဲ့ ဖမ်းဆီးခံရမှုများအပြင် တွေ့ကြုံနေရတဲ့ ကျောင်းသား မိဘများနှင့် ကျောင်းသားများရဲ့ ခံယူချက်များကို ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။


CRPH ပညာရေးကော်မတီက CDM ဆရာ/မများရဲ့ အခက်အခဲများကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက် ပေးသွားနိုင်ရန်နဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုတဲ့ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပညာရေးကော်မတီ အဖွဲ့ဝင်များက CRPH ပြည်သူ့ရေးရာကော်မတီအနေနဲ့ CDM များရဲ့ အရေးပေါ် ကိစ္စများကို ထောက်ပံ့ကူညီပေးနေတဲ့ အခြေအနေများ ရှိပြီး ကြားခံချိတ်ဆက် ပေးသွားမှာ ဖြစ်ကြောင်းနဲ့ ဘုတ်အဖွဲ့များက ပညာရေး CDM စာရင်းများ စနစ်တကျ ပြုစုထားရှိပါက အနာဂတ်ကာလတွင် အသိအမှတ်ပြု ချီးမြှင့်ခြင်း အစီအစဥ်များအတွက် ပိုမိုအဆင်ပြေစေမှာ ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲကို ၁၂ နာရီ ၄၀ မိနစ်မှာ ရုပ်သိမ်းခဲ့ပါတယ်။


တွေ့ဆုံပွဲကို CRPH ပညာရေးကော်မတီမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ CRMH ပညာရေးနှင့်ကျန်းမာရေး ကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဦး၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်ပွဲကာလအတွင်း အမျိုးသမီးနှင့်ကလေးများ ထိခိုက်မှု လျော့ချရေးဆိုင်ရာ TOT သင်တန်းကျင်းပ


နိုဝင်ဘာ ၅။


ပဋိပက္ခကာလအတွင်း အမျိုးသမီးနှင့်ကလေးများရင်နင့်ဖွယ်ရာ အဖြစ်ဆိုးများ လျော့ချနိုင်ရန် Training on Gerder-based Violence and Case Management သင်တန်းကို နိုဝင်ဘာလ ရက်နေ့မှ ၄ရက်နေ့အထိ ရက်တာ ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။


အမျိုးသမီးနှင့် ကလေးများက သာမန်လူများထက် အထူးတလည် အကာအကွယ်ပေးရန် လိုအပ်သော်လည်း ၎င်းတို့ကို ပျော့ညံ့သူများအဖြစ် ရှုမြင်၍ မရနိုင်ကြောင်းနဲ့ အမျိုးသမီးနှင့် ကလေးများဟာဆိုရင် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း၊ ပဋိပက္ခ ဖြေရှင်းခြင်းနှင့် ပဋိပက္ခ တားဆီးကာကွယ်ခြင်းတို့တွင် အထူးအရေးပါတဲ့ အင်အားစုတစ်ခု ဖြစ်တယ်လို့  MOWYCA  ကဆိုပါတယ်။


ထို့အပြင် အရှိန်အဟုန် မြင့်တက်လာတဲ့ နွေဦးတော်လှန်ရေးလှိုင်းဂယက်များ အကြားမှာ အမျိုးသမီးနှင့် ကလေးများရဲ့ လုံခြုံရေးနှင့် အခြားကဏ္ဍများ ဆုံးရှုံးမှု၊ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရမှုစတဲ့ အဆိုးကျော့သံသရာ ရှည်လျားလာခဲ့တယ်လို့လည်း ပြောထားပါတယ်။


သို့ဖြစ်ပါ၍ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန (MOWYCA) ဒုတိယ ပြည်ထောင်စုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်မှ ဦးဆောင်ပါဝင်ပြီး ပဋိပက္ခကာလအတွင်း အမျိုးသမီးနှင့် ကလေးငယ်များ အကြမ်းဖက်မှု ကာကွယ်ရေး၊ လုံခြုံစိတ်ချရေး၊ အမြတ်ထုတ်ခံရခြင်းမှ ထိရောက်စွာ တားဆီးနိုင်ရေး တို့အတွက် စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်များမှ MOWYCA မြေပြင်တာဝန်ခံများ အတွက် အဆိုပါ လေးရက်တာ သင်တန်းကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။


အခမ်းအနားတွင် ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ကြီးဌာနမှ အတွင်းဝန် ဦးမယ်လ်ဗင်၊ ညွှန်ကြားရေးမှူး ဒေါ်သန္တာတို့က လိုအပ်သည်များ မှာကြားခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၄။ မြောင်မြို့နယ်တွင် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ ရဲဘော်များအား ကူညီမှုများ ထောက်ပံ့ပေးအပ်


နိုဝင်ဘာ


နိုဝင်ဘာလ ရက်နေ့က စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော် ဦးအား ထောက်ပံငွေများ ပေးအပ်ခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရပါတယ်။


မြောင်မြို့နယ် အခွန်ရရှိငွေမှ ထိခိုက်ဒါဏ်ရာရ ရဲဘော်တစ်ဦးလျှင် ၈၀၀,၀၀၀ (ရှစ်သိန်း) ကျပ် တိတိကို မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး အဖွဲ့က ထောက်ပံပေးအပ်ခဲ့တာဖြစ်ပြီး အားပေးစကားများ ပြောကြားခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီတပ်စခန်း နှစ်ခုကို TNLA ထပ်မံသိမ်းပိုက်၊ စစ်ကူယာဉ်တန်းကို တိုက်ခိုက်ပြီး ကားလေးစီး သိမ်းဆည်း


နိုဝင်ဘာ ၅။


၁၀၂၇ စစ်ဆင်ရေး၁၀ရက်မြောက်နေ့ ဖြစ်တဲ့ နိုဝင်ဘာ ရက် မနက်ပိုင်းတွင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုရှိ မန်ဝင်စစ်ကောင်စီ တပ်စခန်းနှင့် နမ္မတူမြို့နယ် ပန်သပြေရွာရှိ စစ်ကောင်စီ စခန်းကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန် ထားပါတယ်။


ထို့အပြင် လားရှိုးနှင့် သိန္နီ မြို့ကြား ( ၁၄ မိုင်နှင့် ၁၅ မိုင် ) ကြားရှိ နမ့်တွန်ကျေးရွာတွင် စစ်ကား လေးစီးဖြင့် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကိုလည်း မနက် နာရီတွင် ကြားဖြတ်တိုက်ခိုက် ခဲ့တယ်လို့ TNLA က အသိပေးထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဆီက လက်နက် () လက်၊ စစ်အသုံးဆောင် ပစ္စည်းများနဲ့ စစ်ကားလေးစီးကို သိမ်းဆည်းရခဲ့မိ ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တအာင်းတပ်မတော် TNLA အနေနဲ့ ယနေ့ မနက်မှာ သိမ်းပိုက်ခဲ့တဲ့ တပ်စခန်း ၂ခု အပါအဝင် စစ်ကောင်စီတပ်စခန်း ၂၈ ခုကို ၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက် ထားပါတယ်။


TNLA သိမ်းပိုက်ခဲ့တဲ့ တပ်စခန်း ၂၈ ခု အပါအဝင် '၁၀၂၇ စစ်ဆင်ရေး' ၁၀ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၁၃၅ ခုကို ညီနောင်မဟာမိတ်များက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။


========================


📌📌 ၆။ အရာတော်နယ်တွင် စစ်မှုလယ်ယာဂိတ်နှင့် လဝက ရုံးကို တိုက်ခိုက်မှု အရာရှိအပါအဝင် ဦးသေဆုံး


စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာရှိတဲ့ စက်မှုလယ်ယာဂိတ်နဲ့လဝကရုံးမှာတပ်စွဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာမှာ စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ဦးသေဆုံးသွားတယ်လို့ Danger Force LPDF က နိုဝင်ဘာ ရက်မှာ ထုတ်ပြန်ပါတယ်။ 

နိုဝင်ဘာလ ရက်နေ့ မနက် နာရီ ၁၅ မိနစ်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ပေါင်း စုတို့ တနာရီကျော်ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး Danger Force LPDF က အခုလိုထုတ်ပြန်လိုက်တာပါ။

ဒီတိုက်ပွဲမှာ အကြမ်းဖက်စ်စကောင်စီတပ် အထိုင်ချနေတဲ့ စက်မှုလယ်ယာဂိတ်အတွင်းမှာရှိတဲ့ ဂိတ်တခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်နေချိန်အတွင်းမှာ စခတ (၁ဝ) လေ့ကျင့်ရေးတပ်က ပျူတွေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ စစ်ကူလာတဲ့အပြင် အမှတ် ၅၀၀၄ တင့်ကားတပ်က စစ်သားတွေကလည်း စက်သေနတ်တင်ထားတဲ့ ကား စီးနဲ့ တပ်ကူရောက်လာတဲ့အတွက် တော်လှန်ရေးအင်အားစုတွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြီးတဲ့အချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရာတော်မြို့အဝင်အထွက်အားလုံးကို ပိတ်ဆို့ပြီး သေဆုံးသွားတဲ့ စစ်ဗိုလ်နဲ့တပ်သားတွေအပြင် ဒဏ်ရရသွားသူတွေကို အရာတော်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

အဆိုပါတိုက်ပွဲကို တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ Danger Force LPDF လင်းယုန်တပ်ဖွဲ့၊ မြင်းမူလျှပ်စီး ပြောက်ကျားတပ်ဖွဲ့နဲ့သပြေညိုပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ဘက်က ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


📌📌 ၇။ အိန္ဒိယ-မြန်မာနယ်စပ် ဝိတုတ်ရွာ စစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်


နိုဝင်ဘာ ၅။

စစ်ကိုင်းတိုင်း တမူးမြို့နယ် ခမ်းပတ်မြို့ ဝိတုတ်ရွာက စစ်ကောင်စီ စခန်းကို နိုဝင်ဘာ ရက်နေ့ ၁၁ နာရီဝန်းကျင်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ကောင်စီ အထိုင်တပ်စခန်းကို တမူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းတွေနဲ့ ABSDF တပ်ဖွဲ့၊ ကူကီး အမျိုးသားတပ်မတော် KNA-B စတဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက  နိုဝင်ဘာ ရက်နေ့ မနက် နာရီကတည်းက စတင် ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။


ဝိတုတ်ရွာဟာ တမူးမြို့တောင်ဘက် အိန္ဒိယ-မြန်မာ နယ်စပ်မျဉ်းပေါ်က ရွာတရွာဖြစ်ပြီး ခမ်းပတ်မြို့နဲ့ ၁၈ မိုင်ခန့် ဝေးပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ၊ ကင်းထောက်လေယာဉ် တွေနဲ့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


လက်ရှိတွင် ခမ်းပတ်မြို့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေကြပြီး ဝိတုတ်ရွာကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်နိုင်ခဲ့ပြီးနောက်မှာ ပန်းသာကျေးရွာ ၊လေးမိုင်ဂိတ်နဲ့ တမူးမြို့တွင်းမှ ပျူစောထီး တချို့ဟာ စစ်ကောင်စီတပ်ဆီ သူတို့လက်နက်တွေ ပြန်အပ်လိုက်ကြတာတွေ ရှိတယ်လို့ တမူးဒေသခံတဦးက ပြောပါတယ်။


တိုက်ပွဲတွေကြောင့် လတ်တလောမှာ တမူး-ကလေး ကားလမ်းမကို အသုံးမပြုနိုင်တာကြောင့် အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးများ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန်ုနှင့်မင်းစစ်‌သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment