24th DEC 2023 - Evening Daily News by Radio NUG


၂၀၂၃ ဒီဇင်င်ဘာလ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ KIA ရှေ့တန်းစစ်မျက်နှာပြင်တစ်နေရာကို ယာယီသမ္မတ ဒူဝါလရှီးလနှင့်ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့သွားရောက်ခဲ့

📌 ၂။ စစ်တောင်းမြစ်အနောက်ကမ်းက PDFရဲဘော်တွေကို ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြား

📌 ၃။ ခရစ္စမတ်အကြိုနေ့ မူဆိုကျေးရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု မဖော်ဆောင်နိုင်သေးဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးပြောကြား

📌 ၄။ ဖရူဆိုမြို့ မိုဆိုကျေးရွာမှာ အကြမ်းဖက်စကစတပ်များ ကျူးလွန်တဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဂျာမဏီနိုင်ငံအပြင် Universal Jurisdiction ကျင့်သုံးတဲ့အခြားနိုင်ငံတကာတရားရုံးတွေမှာလည်း  ဆက်လက် စွဲဆိုနိုင်ရေး လုပ်ဆောင်နေပြီလို့ဆို

📌 ၅။ မုံရွာတွင် စစ်ကောင်စီ ဝန်ကြီးချုပ် နှင့်အဖွဲ့ လမ်း လျှောက်ပွဲ မိုင်းခွဲတိုက်ခိုက်ခံရ

📌 ၆။ မန်တုံမြို့ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဟု TNLA ကြေညာ

📌 ၇။ လောင်းလုံးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဦးသေဆုံးခဲ့ပြီး PDF ရဲဘော် ဦး ကျဆုံး

📌 ၈။ သိမ်ဇရပ်မြို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ တပ်ကြပ်တင်မောင်အေးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး သုံးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ KIA ရှေ့တန်းစစ်မျက်နှာပြင်တစ်နေရာကို ယာယီသမ္မတ ဒူဝါလရှီးလနှင့်ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့သွားရောက်ခဲ့


ဒီဇင်ဘာ၂၄ရက်


KIA ရှေ့တန်းစစ်မျက်နှာပြင်တစ်နေရာကို ယာယီသမ္မတ ဒူဝါလရှီးလနှင့်ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့သွားရောက်ခဲ့တယ်လို့ ဒီဇင်ဘာ၂၄ရက်တွင်  Jithu Magarအမည်ရှိ Facebook အကောင့်ကဖော်ပြအသိပေးဆိုထားပါတယ်။


"ဆောင်းလေက ချမ်းစိမ့်ရုံပါပဲ၊၊

ရင်ဘတ်ခြင်းတူတော့ အနွေးဓာတ်က ကူးတယ်။နေ့ရက်သစ်သို့၊ခွန်အားသစ်တို့ဆောင်ယူခဲ့တယ်၊၊ကျေးဇူးပါ၊ ဒီဇင်ဘာ၊"လို့ဆိုထားပါတယ်။


မှတ်တမ်းဓာတ်ပုံများအရ KIAဂေါ်ရခါးရဲဘော်များအပါအဝင်အရာရှိများနှင့် ချစ်ကြည်ရင်းနှီးစွာတွေ့ဆုံမှုများဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၂။ စစ်တောင်းမြစ်အနောက်ကမ်းက PDFရဲဘော်တွေကို ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြား


ဒီဇင်ဘာ ၂၄ ရက်


စစ်တောင်းမြစ်အနောက်ကမ်းက PDFရဲဘော်တွေကို ဒီဇင်ဘာလအတွင်းမှာ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါတယ်။


"ယခုလို့ စစ်ဆင်ရေးဖော်ဆောင်နိုင်မှုတွေနဲ့ တိုးတက်မှုတွေဟာ မဟာမိတ် KNLA ရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့  မိမိတို့ PDF စစ်ကြောင်းများရဲ့အမိန့်နာခံမှု တိုက်စွမ်းရည်ပြည့်ဝမှုတို့ ကြောင့်အဓိကဖြစ်ကြောင်းနဲ့ မဟာမိတ်ဆက်ဆံရေးက အကြမ်းဖက် စစ်ကောင်စီအပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေးသော့ချက်ဖြစ်သလို ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လည်း အရေးကြီးကြောင်း ဒါကြောင့် မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးဟာ တော်လှန်ရေးအောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးကြတဲ့အတွက် တာဝန်ရှိ ခေါင်းဆောင်တွေကြားထဲမှာတင်မကဘဲ ကွပ်ကဲရေးမူးများကြား ရဲဘော်များအကြားမှာပါ အချင်းချင်း ယုံကြည်မှုတွေတိုးတက်နေအောင် ဆောင်ရွက်ကြဖို့"ဝန်ကြီးကဆိုခဲ့ပါတယ်။


ဒါ့အပြင် မြေပြင်စစ်ကြောင်းမှူးတွေပါ ဝန်ကြီးကတွေ့ဆုံကာ တင်ပြရှင်းလင်းချက်များကိုနားထောင်ခဲ့ပါတယ်။


========================


📌📌 ၃။ ခရစ္စမတ်အကြိုနေ့ မူဆိုကျေးရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု မဖော်ဆောင်နိုင်သေးဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးပြောကြား


ဒီဇင်ဘာ ၂၄။


လွန်ခဲ့တဲ့ နှစ်နှစ်က ခရစ်စ္စမတ် အကြိုနေ့မှာ ဖရူဆိုမြို့နယ်၊ မူဆိုကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ပြည်သူတွေအတွက် တရားမျှတမှုကို မဖော်ဆောင်နိုင်သေးဘူးလို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပြောဆိုလိုက်ပါတယ်။


"ခရစ္စမတ်အချိန် ရောက်လာရင် ဖရူဆိုမြို့နယ် မူဆိုကျေးရွာက အဖြစ်အပျက်ကို ပြန်လည် မြင်ယောင်လာမိတယ်။ ခရစ္စမတ် အကြိုနေ့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ပြည်သူတွေအတွက် တရားမျှတမှုကို မဖော်ဆောင်နိုင်သေးဘူး။ အခုအချိန်အထိ အေးချမ်းတဲ့ ခရစ္စမတ်ပွဲတော်ကို မခံစားနိုင်ကြတဲ့ ပြည်သူတွေ ရှိနေတုန်းဘဲ။လို့ ဝန်ကြီးက ဆိုထားပါတယ်။


ထို့အပြင် လေယာဥ်သံတွေ ဗုံးသံတွေကြားမှာ ကြောက်လန့်နေရတဲ့ ကလေးတွေ ပြည်သူတွေ အတွက်  သာယာငြိမ်းချမ်းတဲ့ ခရစ္စမတ် ပွဲတော်တွေကို အမြန်ဆုံး ပြန်လည်ကျင်းပနိုင်ဖို့ အတွက်ကို ဝိုင်းဝန်းကြိုးပန်း ကြဖို့ကိုလည်း ဝန်ကြီးက တိုက်တွန်းထားပါတယ်။


ကရင်နီပြည်နယ်၊ ဖရူဆိုမြို့၊ မိုဆိုကျေးရွာတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ က ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၅ ကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ မီးရှို့ သတ်ဖြတ်လိုက်ကြောင်း KNDF တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။


အဆိုပါ မီးရှို့ သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ မြန်မာအချိန် နေ့လည် နာရီ ၁၈ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်းကို အတည်ပြုနိုင်ခဲ့ပါတယ်။ 


========================


📌📌 ၄။ ဖရူဆိုမြို့ မိုဆိုကျေးရွာမှာ အကြမ်းဖက်စကစတပ်များ ကျူးလွန်တဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဂျာမဏီနိုင်ငံအပြင် Universal Jurisdiction ကျင့်သုံးတဲ့အခြားနိုင်ငံတကာတရားရုံးတွေမှာလည်း  ဆက်လက် စွဲဆိုနိုင်ရေး လုပ်ဆောင်နေပြီလို့ဆို


ဒီဇင်ဘာ၂၄ရက်


ဖရူဆိုမြို့ မိုဆိုကျေးရွာမှာ အကြမ်းဖက်စကစတပ်များ ကျူးလွန်တဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဂျာမဏီနိုင်ငံအပြင် Universal Jurisdiction ကျင့်သုံးတဲ့အခြားနိုင်ငံတကာတရားရုံးတွေမှာလည်း  ဆက်လက် စွဲဆိုနိုင်ရေး လုပ်ဆောင်နေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်ကဒီဇင်ဘာ၂၄ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုလိုက်ပါတယ်။


"ဒီကနေ့ ဒီဇင်ဘာလ၂၄ ရက်နေ့ ၂၀၂၃ ခုနှစ်ဟာ ကရင်နီပြည်သူတွေအတွက် မေ့လို့မရနိုင်တဲ့ အင်မတန်ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ မိုဆိုဖြစ်စဉ်၂ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။မိုဆိုဖြစ်စဉ်ဟာ ကြီးလေးတဲ့ နိုင်ငံတကာရာဇ၀တ်မှုဖြစ်တဲ့အတွက် နိုင်ငံတကာတရားရုံးများမှာ တရားစွဲဆိုနိုင်ဖို့ လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ သက်သေမှတ်တမ်း တွေကို စနစ်တကျ စုဆောင်းရယူထားပြီး IIMM လို့ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွပ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တယားကို ပေးပို့ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ဒီအမှုဟာ နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုဖို့အထိ ခိုင်လုံတဲ့အမှုအဖြစ် ရွေးချယ်ခံထားရတဲ့အမှုမျိုးဖြစ်ပြီး ဂျာမဏီနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့အတွက် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ဂျာမဏီနိုင်ငံအပြင် Universal Jurisdiction ကျင့်သုံးတဲ့အခြားနိုင်ငံတကာတရားရုံးတွေမှာလည်း ယခုအမှုကို ဆက်လက် စွဲဆိုနိုင်ရေးလုပ်ဆောင်နေပြီး ခိုင်လုံတဲ့ သက်သေအထောက်အထားများ ရရှိထားပြီးဖြစ်တဲ့အတွက် တစ်ချိန်ချိန်မှာ တရားမျှတမှုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"လို့ဆိုပါတယ်။


အဲ့ဒီမှတ်တမ်းတွေမှာ ကျွမ်းကျင်ဆရာ၀န်များ ကိုယ်တိုင်စစ်ဆေးထားတဲ့ သေဆုံးတဲ့သူ တစ်ဦးတစ်ယောက်ချင်းရဲ့ ဆေးစစ်ချက် မှတ်တမ်းတွေ ရင်ခွဲစစ်ဆေးတဲ့ဆရာ၀န်များရဲ့တွေ့ရှိချက်မှတ်တမ်းတွေ၊ မျက်မြင်သက်သေများရဲ့တွေ့ရှိချက် မှတ်တမ်း စတဲ့တိကျသေချာတဲ့ အထောက်အထားများပါ၀င်တယ်လို့သတင်းရရှိပါတယ်။


ကရင်နီပြည်နယ်၊ ဖရူဆို၊ မိုဆိုဖက်တွင် ၂၀၂၁ ဒီဇင်ဘာလ ၂၄ ရက်နေ့ စစ်ကောင်စီတပ်က ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၅ ကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်လိုက်ကြောင်း KNDF တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၅။ မုံရွာတွင် စစ်ကောင်စီ ဝန်ကြီးချုပ် နှင့်အဖွဲ့ လမ်း လျှောက်ပွဲ မိုင်းခွဲတိုက်ခိုက်ခံရ


ဒီဇင်ဘာ ၂၃။


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာပန်းခြံတွင် စစ်ကောင်စီခန့် ဝန်ကြီးချုပ်နဲ့ လက်အောက်ခံ ဝန်ထမ်းများ လမ်းလျောက်ပွဲ ပြုလုပ်နေစဉ် မိုင်းခွဲတိုက်ခိုက် ခံခဲ့ရတယ်လို့ သိရပါတယ်။


ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက် နာရီတွင် ကန်သာယာပန်းခြံမှာ လုံခြုံရေး အများအပြားယူပြီး လမ်းလျောက်ပွဲ ပြုလုပ်နေတဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ကို မိုင်းတစ်လုံးဖောက်ခွဲကာ တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force - Monywa က အသိပေး ထားပါတယ်။


ဝန်ကြီးချုပ်ကို ဦးတည် တိုက်ခိုက်ခဲ့ပေမယ့် ဂျန်မာ (မိုင်းဖြတ်စက်) ကြောင့် အချိန်နောက်ကျမှ ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တချို့နဲ့ ဝန်ထမ်းတစ်ချို့ ထိခိုက်ဒါဏ်ရာ ရရှိသွားကြောင်း သိရပါတယ်။


မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီခန့် ဝန်ကြီးချုပ်ရဲ့ ဇနီးဖြစ်သူမှာလည်း ကြောက်လန့်ပြီး နှလုံးဖောက်ပြန်ကာ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force - Monywa အဖွဲ့နဲ့ မြို့ပြ UG အဖွဲ့တစ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ထို့အပြင် စစ်ဆင်ရေးများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာမှာ ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်နဲ့ ဝေးရာတွင် သွားလာနေထိုင်ကြဖို့ Golden Eagle Force - Monywa အဖွဲ့က ပြည်သူများကို သတိပေး ထားပါတယ်။


========================


📌📌 ၆။ မန်တုံမြို့ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဟု TNLA ကြေညာ


ရှမ်းမြောက်ဒေသ မန်တုံမြို့မှာရှိပြီး စစ်ကောင်စီရဲ့ ဗျူဟာမှူး အခြေချကွပ်ကဲတဲ့ တပ်စခန်းအပါအဝင် စခန်းအားလုံးကို အပြီးသတ်ရှင်းလင်းခဲ့ပြီဖြစ်၍ မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ တ‌အာင်းတပ် TNLA က ဒီဇင်ဘာလ ၂၄ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။  


တအာင်းပြည်နယ် တပ်မဟ- စစ်ဒေသ မန်တုံမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းများကို တအာင်း တပ်မတော်  PSLF/TNLA က ဒီဇင်ဘာ ၁၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ နာရီခွဲအချိန်မှာ စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင် တပ်စခန်း၊ .. တပ်စခန်း၊ ရဲစခန်းနဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်တာကြောင့် အခုလို့ ကြေညာလိုက်တာဖြစ်ပါတယ်။ 


တအာင်းတပ်မတော် PSLF/TNLA အနေနဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ မိုင်းလုံမြို့၊ နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့တို့ကို သိမ်းပိုက်ခဲ့ပြီးဖြစ်တာကြောင့် စတုတ္ထမြောက်မြို့အဖြစ် မန်တုံမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။  


ရက်ကြာတိုက်ပွဲအတွင်း ၁၅၅ ဟောင်ဝစ်ဇာအမြောက် လက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်းမျိုးစုံ၊၊ ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


မန်တုံမြို့ စခန်းသိမ်းတိုက်ပွဲ ရက်တာကာလအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၆၅ ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း ၁၀၃၈ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၃၇ ကြိမ် ရှိခဲ့တာ ကြောင့် တရက်ကို ပျမ်းမျှ လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်၊ ဗုံးကြဲတိုက်ခိုက်မှု ၂၅၉ ကြိမ် အသုံးပြုခဲ့ တဲ့အတွက် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု စံချိန်တင် အသုံးပြုခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။


မန်တုံတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်နေစဥ်အတွင်းမှာ စစ်ကောင်စီက အရပ်သားတွေကို ဦးတည်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် မန်တုံမြို့နယ် ဒေသခံတဦးဒဏ်ရာ ရရှိကာ ဘာသာရေးအဆောက်အအုံနဲ့ ဘုရားကျောင်းကန်များ၊ လူနေအိမ် ၁၅ လုံး လက်နက်ကြီးနဲ့ လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခဲ့ပြီး အိမ်တလုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ TNLA က ထုတ်ပြန်ထား ပါတယ်။


========================


📌📌 ၇။ လောင်းလုံးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဦးသေဆုံးခဲ့ပြီး PDF ရဲဘော် ဦး ကျဆုံး


ဒီဇင်ဘာ ၂၄။


တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး PDF ရဲဘော် ဦး ကျဆုံးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ လောင်းလုံမြို့မှ ထွက်ခွာလာတဲ့  စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် အဲ့ဒီနေ့ ညနေ နာရီ ခွဲခန့်မှာ လောင်းလုံမြို့ရှိ စစ်ကောင်စီနဲ့ ပြည်သူ့စစ် အဖွဲ့တွေ တပ်စွဲထားတဲ့ နေရာ ခုကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တာကြောင့် ၎င်းတို့ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်နဲ့ ညောင်ပင်လမ်းဆုံရှိ စစ်မှုထမ်းဟောင်းရုံးအပြင် သိမ်းဆည်းရမိခဲ့တဲ့ စစ်ယူနီဖောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါတိုက်ပွဲမှာ အချိန် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိခဲ့တယ် လို့လည်း လောင်းလုံး ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုကို လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ ဗထူးစစ်ကြောင်းတို့က ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၈။ သိမ်ဇရပ်မြို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ တပ်ကြပ်တင်မောင်အေးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး သုံးဦးသေဆုံး


ကျိုက်ထို၊ ဒီဇင်ဘာ ၂၄။


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားတဲ့ စစ်ကောင်စီ အမြှောက်တပ် အမတ (၃၀၁) မှ တပ်ကြပ် တင်မောင်အေး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် () ဦး စီးနင်းလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သုံးဦး သေဆုံးခဲ့တယ်လို့ Theinzayat Local PDF အဖွဲ့ ထံမှ သိရပါတယ်။


ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၁၀ နာရီ ခွဲခန့်က သိမ်ဇရပ်မြို့၊ အမှတ် () ရပ်ကွက်၊ ရွာလေးရွာ၊ စစ်ပစ်ကွင်းသွားတဲ့ လမ်းထိပ်မှာ တင်မောင်အေးနဲ့ အဖွဲ့ရဲ့ ဟွန်ဒါဖစ် အနက်ရောင်ကားကို Theinzayat Local PDF အဖွဲ့က  ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားခေါင်းခန်းတွင် လိုက်ပါလာသူ နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကားနောက်ခန်းမှ တစ်ဦးမှာ ဒါဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ တစ်ဦးမှာ ပြန်လည်ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်လို့ Theinzayat Local PDF အဖွဲ့ က ပြောပါတယ်။


ဒါဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တဲ့ တင်မောင်အေးရဲ့တပည့် စစ်ကောင်စီ သတင်းပေး၊ ပျူစောထီး တစ်ဦးဖြစ်သူ အာကာ ကိုလည်း ရင်ဘက်ဒါဏ်ရာဖြင့် သိမ်ဇရပ်ဆေးရုံကို သယ်သွားခဲ့ပြီး အခြေအနေ မကောင်းလို့ ပဲခူးဆေးရုံကို တင်သွားရာမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့တယ်လို့ ဆက်ပြောပါတယ်။


စစ်ကောင်စီက သေဆုံးသူ နှစ်လောင်းကို နာမည်မဖော်ပဲ အစဖျောက်ထားပြီး တပ်ကြပ် တင်မောင်အေးမှာ ၎င်းပစ်ခတ်မှုကနေ လွတ်မြောက်ခဲ့တယ်လို့ သတင်းဖြန့်နေပေမယ့် ခေါင်းခန်းမှ သေဆုံးသွားသူ တစ်ဦးမှာ တင်မောင်အေး ဖြစ်နိုင်တယ်လို့ Theinzayat Local PDF အဖွဲ့က ပြောပါတယ်။


တပ်ကြပ် တင်မောင်အေးမှာ သိမ်ဇရပ် တစ်ခွင်တွင် အလောင်းကစား၊ မှောင်ခို၊ မူးယစ်ဆေး စတဲ့ တရားမဝင် အလုပ်များလုပ်ကိုင်နေပြီး ၎င်းနှင့် အဆင်မပြေသူများကို PDF လို့ စွပ်စွဲကာ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တဲ့အထိ နာမည်ဆိုးဖြင့် ကျော်ကြားသူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။


သိမ်ဇရပ်က ပြည်သူတွေ အတွက်တော့ တကယ့် အမွှေစိန်ဗျ၊ ဒီကာလထဲ လုပ်ရဲ ဖမ်းရဲတော့ ငွေလဲအတော်ထောပြီး အိမ်ခြံကွက်တွေပါ ဝယ်ထားတာ၊ အမှန်က တပ်ကြပ်အဆင့် တင်မောင်အေးက အဲ့ဒါကို ဗိုလ်လေး ဗိုလ်လေးနဲ့ ဖားနေရတာ ဆိုးသွမ်းတောင်းရမ်း ကြမ်းတော့လို့ သိမ်ဇရပ် ဒေသခံ တစ်ဦးက ပြောပြပါတယ်။


တပ်ကြပ် တင်မောင်အေးမှာ အရင်ကလည်း ပစ်ခတ်တိုက်ခိုက် ခံခဲ့ရဖူးပြီး သေဆုံးခြင်းမရှိဘဲ လွတ်မြောက်ခဲ့ကာ အခုတစ်ကြိမ်ဆိုရင် ကြိမ်ရှိပြီလို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။


အဆိုပါ ပစ်ခတ်ခံရမှု ဖြစ်စဉ်အပြီး သိမ်ဇရပ် ဈေးအနီးမှာ စစ်ကောင်စီ တပ်သားတွေ ရမ်းသမ်း ပစ်ခတ် ခြောက်လှန့်ခဲ့ကြသလို ပေရှစ်ဆယ်နဲ့ ရွာလေး ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ် တာတွေ လုပ်ဆောင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်နှင့်မင်းစစ်‌သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment