24th DEC 2023 - Morning Daily News by Radio NUG

 


၂၀၂၃ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -

📌 ၁။ စစ်ကောင်စီကို ပြုတ်ကျရေး ဆောင်ရွက်ရာမှာ နိုင်ငံတကာက အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များရဲ့ ဆောင်ရွက်မှုဟာ အရေးပါလှတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ ပြည်သူထောက်ခံမှု မရှိရင် ဘယ်အရာမှ မတည်မြဲဘူးလို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဆို

📌 ၃။ ဧရာဝတီတိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ နဝမအကြိမ် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့

📌 ၄။ ကေအဲန်ယူဒူးသထူခရိုင်တွင် ခရိုင်အဆင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) အစည်းအဝေး ကျင်းပ 

📌 ၅။ ဝန်းသိုမြို့နယ်အတွင်းရှိ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်လျက်ရှိသော CDMဝန်ထမ်းများအား ချီးမြှင့်မှုများပေးအပ်

📌 ၆။ စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်အတွင်းရှိ နောင်ကြီးအိုင် စစ်ကောင်စီစခန်းအား စစ်ဆင်သိမ်းပိုက်မှုတွင် Federal Wings ဒရုန်းတပ်ဖွဲ့ပါဝင်ခဲ့

📌 ၇။ မန်တုံမြို့ကို TNLAသိမ်းပိုက်နိုင်

📌 ၈။ နမ္မတူမြို့နယ်မှာ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မြို့တွင်း နေအိမ်() လုံးပေါ် ကျရောက်ပေါက်ကွဲပြီး  ဒေသခံပြည်သူနှစ်ဦးပါထိခိုက်ဒဏ်ရာရ

📌 ၉။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရဲစခန်းမှ ပြည်သူ့ရင်ခွင်နဲ့ချိတ်ဆက်ပြီး လက်နက်နဲ့အလင်းဝင်ရဲဘော်များတွက် ဆုငွေပေးအပ်ခဲ့

📌 ၁၀။ The Way ရုပ်ရှင်ပြသခြင်းမှ ရရှိထားသော ရံပုံငွေ ကျပ် ,၀၀၀,၀၀၀ (ခုနှစ်သန်းကျပ်) ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးသို့ထောက်ပို့ပေးအပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီကို ပြုတ်ကျရေး ဆောင်ရွက်ရာမှာ နိုင်ငံတကာက အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များရဲ့ ဆောင်ရွက်မှုဟာ အရေးပါလှတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


ဒီဇင်ဘာလ၂၃ရက်။

စစ်ကောင်စီကို ပြုတ်ကျရေး ဆောင်ရွက်ရာမှာ နိုင်ငံတကာက အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များရဲ့ ဆောင်ရွက်မှုဟာ အရေးပါလှတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။


ဒီဇင်ဘာလ ၂၃ ရက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သံအမတ်ကြီး၊ နိုင်ငံတကာမှ ကိုယ်စားလှယ်များနှင့် ရုံးအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်က ပြောကြားလိုက်တာဖြစ်ပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံရေးမျက်နှာစာ၊ စစ်ရေးမျက်နှာစာ၊ သံတမန်ရေးမျက်နှာစာ၊ ဘဏ္ဍာရေးမျက်နှာစာ စတဲ့ နည်းလမ်းမျိုးနဲ့ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး စစ်ကောင်စီကို ပြုတ်ကျရေး ဆောင်ရွက်ရာမှာ နိုင်ငံတကာက အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်များရဲ့ ဆောင်ရွက်မှုဟာ အရေးပါလှပါတယ်။ မိမိတို့ ဆောင်ရွက်နေတဲ့ နိုင်ငံများရဲ့  မြန်မာနိုင်ငံ အခြေအနေအပေါ် ချဉ်းကပ်ပုံများကို ဝန်ကြီးဌာနနဲ့ အမြဲမပြတ် ဆွေးနွေးနေဖို့ လိုအပ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့ လိုအပ်သလို အိမ်နီးချင်းနိုင်ငံများနဲ့လည်း ကောင်းမွန်တဲ့ ထိတွေ့ဆက်ဆံမှုကို ထူထောင်နိုင်ဖို့ အင်မတန်ပဲ အရေးကြီးတယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


တွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ နိုင်ငံတကာမှ ကိုယ်စားလှယ်များနှင့် ရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊  နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ပြည်သူထောက်ခံမှု မရှိရင် ဘယ်အရာမှ မတည်မြဲဘူးလို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးဆို


ဒီဇင်ဘာလ၂၃ရက်။

ပြည်သူထောက်ခံမှု မရှိရင် ဘယ်အရာမှ မတည်မြဲဘူးလို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ခွန်ဗဟန်ထန်းက ဆိုရှယ်မီဒီယာမှာ ပြောကြားပါတယ်။


"U.S Department of State Bureau of Counterterrorism ရဲ့ အကြမ်းဖက်မှု အစီရင်ခံစာထဲက မြန်မာနိုင်ငံအပိုင်းကို  American Department of State က ဖယ်ရှားလိုက်ပြီလို့သိရပါတယ်။ ဒီအစီရင်ခံစာထဲမှာ PDF / EROs / LDF တွေကအကြမ်းဖက်အများဆုံးကျူးလွန်တယ်လို့ စွပ်စွဲဖော်ပြထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့အကြမ်းဖက်မှုကို မဖော်ပြခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မိဘပြည်သူများနဲ့တော်လှန်ရေးမဟာမိတ် အားလုံးရဲ့ ပူးပေါင်းကန့်ကွက်မှုကြောင့် ပြန်ဖြုတ်လိုက်တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် စည်းလုံးညီညွတ်မှုနဲ့ ပြည်သူထောက်ခံမှု မရှိရင် ဘယ်အရာမှ မတည်မြဲသလို အတင်းအဓမ္မ လုပ်ယူလို့မရဘူးဆိုတာပဲ"လို့ဆိုပါတယ်။


လက်ရှိ နွေဦးတော်လှန်ရေးဟာ လူထုထောက်ခံမှုနှင့်အတူ တော်လှန်ရေးရန်ပုံငွေများကို လူထုထည့်ဝင်မှုများနဲ့ ရှေ့ဆက်လျက်ရှိပါတယ်။


========================


📌📌 ၃။ ဧရာဝတီတိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ နဝမအကြိမ် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့


ဒီဇင်ဘာလ၂၃ရက်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ နဝမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၃ ရက်၊ စနေနေ့ နေ့လည်  (၁၃ :၀၀)နာရီအချိန်တွင် ကျင်းပခဲ့တယ်လို့သိရပါတယ်။


အခမ်းအနားအား အစီအစဉ်()ရပ်ဖြင့် ကျင်းပပြုလုပ်၍ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ အထွေထွေဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


ထို့နောက် ညနေ ( ၁၆:၃၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ကေအဲန်ယူဒူးသထူခရိုင်တွင် ခရိုင်အဆင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) အစည်းအဝေး ကျင်းပ 


ဒီဇင်ဘာလ (၂၃) ရက်။

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ဘီးလင်း မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ ခရိုင် ခေါင်းဆောင်များနှင့် ခရိုင် အဆင့် ကရင်အမျိုးသား ရဲတပ်ဖွဲ့မှ ဦးဆောင်၍ ခရိုင်အတွင်း ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF-Karen National Police Force) လုပ်ငန်းပိုင်းဆိုင်ရာ အစည်းအဝေးအား () ရက်တာ ကျင်းပခဲ့ပါတယ်။


ထိုအစည်းဝေးအား ကေအဲန်ယူဒူးသထူခရိုင်၏ (၁၂) ကြိမ်မြောက် ကွန်ကရက်ပြီးနောက် ကော်သူးလေ ရဲဌာန အနေဖြင့် ပထမအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေးတွင် အကြောင်းအရာ ခေါင်းစဥ် (၁၈)ချက်ဖြင့် အကြေအလည်ဆွေးနွေးခဲ့ကာ ဆုံးဖြတ်ချက် (၁၇)ချက် ချမှတ်နိုင်ခဲ့တယ်လို့သိရပါတယ်။


အစည်းအဝေးပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ကေအဲန်ယူ-ဒူးသထူခရိုင်အတွင်းရှိ ပြည်သူလူထု လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဥ်များကို ပိုမိုအားကောင်းစွာ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ-ဒူးသထူခရိုင်၏  ရဲမင်းကြီးစောဆာဘောနော်မှ ပြောပါတယ်။


ထိုအစည်းအဝေးသို့ ခရိုင်၊ တပ်မဟာ၊ မြို့နယ် ခေါင်းဆောင်များ၊ တရားရေး၊ KWO KYOနှင့် သတင်းဌာနခွဲမှ တာဝန်ရှိ ခေါင်းဆောင်များ စုစုပေါင်း လူဦးရေ (၄၀)ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ဝန်းသိုမြို့နယ်အတွင်းရှိ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်လျက်ရှိသော CDMဝန်ထမ်းများအား ချီးမြှင့်မှုများပေးအပ်


ဒီဇင်ဘာလ ၂၃ ရက်။

ဝန်းသိုမြို့နယ်အတွင်းရှိ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်လျက်ရှိသော CDMဝန်ထမ်းများအား ချီးမြှင့်မှုများပေးအပ်ခဲ့တယ်လို့ ဝန်းသိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ၂၃ရက်မှာ အသိပေးထားပါတယ်။


စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် မဆုတ်မနစ်သောဇွဲလုံ့လ၊ မြဲမြံခိုင်ကျည်သော စိတ်ဓာတ်တို့ဖြင့် တိုက်ပွဲဝင်နေကြသော ရဲရဲ‌တောက်CDMဝန်ထမ်းများအား ဒီဇင်ဘာ၂၃ရက်နေ့တွင် ဝန်းသိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များမှ ဒုတိယအကြိမ်အဖြစ် ချီးမြှင့်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။


ထို့နောက်စိတ်ဓာတ်ခွန်အားမြှင့်တင်နိုင်ရေး အတွက် ပြောကြားဆောင်ရွက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်အတွင်းရှိ နောင်ကြီးအိုင် စစ်ကောင်စီစခန်းအား စစ်ဆင်သိမ်းပိုက်မှုတွင် Federal Wings ဒရုန်းတပ်ဖွဲ့ပါဝင်ခဲ့


ဒီဇင်ဘာ၂၃ရက်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်အတွင်းရှိ နောင်ကြီးအိုင် စစ်ကောင်စီစခန်းအား စစ်ဆင်သိမ်းပိုက်မှုတွင် Federal Wings ဒရုန်းတပ်ဖွဲ့ပါဝင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က အသိပေးဆိုပါတယ်။


"အရာတော်မြို့နယ်အနီး အခိုင်အမာတပ်စွဲထားသော နောင်ကြီးအိုင် စစ်တပ် အထိုင်ချစခန်းအား စစ်ကိုင်းခရိုင်အမှတ်()တပ်ရင်း MRA အရာတော်မြို့နယ်မှ တော်လှန်ရေးအင်အားစုများ၊ GTR MMU ဒရုန်းတပ်ဖွဲ့ နှင့် Sagaing Federal Wings ဒရုန်းတပ်ဖွဲ့တို့မှ ပူးပေါင်း၍စစ်ဆင်ခဲ့ခြင်းဖြစ်တယ်"လို့ဆိုပါတယ်။


အဆိုပါ စစ်ကောင်စီစခန်းအား ဒီဇင်ဘာလ (၂၁) ရက်နှင့် (၂၂) ရက်နေ့များတွင် Federal Wings ဒရုန်းများမှ ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အဆိုပါတိုက်ခိုက်မှုများအတွင်း အသုံးပြုသောဗုံးသီးများအား SDP2 အဖွဲ့မှ ထုတ်လုပ်ထောက်ပံ့ထားခြင်းဖြစ်ပါတယ်။


========================


📌📌 ၇။ မန်တုံမြို့ကို TNLAသိမ်းပိုက်နိုင်


ဒီဇင်ဘာလ၂၃ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့ကို TNLAကသိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


မန်တုံ ခလရ ၁၃၀ကို ၄ရက်ကြား ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီးနောက် TNLA တပ်ဖွဲ့ဟာ တပ်ရင်းနောက်တန်းဌာနချုပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။


တအာင်းပြည်နယ် တပ်မဟာ()စစ်ဒေသ၊ မန်တုံမြို့နယ်တွင် တအာင်းတပ်မတော် PSLF/TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် အရပ်သားများအား ဦးတည် ပစ်ခတ်တိုက်ခိုက်မှုများစွာပြုလုပ်ခဲ့တယ်လို့ TNLAကအတည်ပြုထုတ်ပြန်ထားပါတယ်။

 

ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ဒီဇင်ဘာလ (၂၂)ရက်နေ့အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် (၄၃)ကြိမ်၊ Y12 လေယာဉ်ဖြင့် (၁၈၃)ကြိမ်၊ စစ်ကောင်စီ၏ (၁၃၀)တပ်စခန်းမှ လက်နက်ကြီးဖြင့် အကြိမ်(၁၃၇)ကျော် ပစ်ခတ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်တုံမြို့ရှိ ဒုက္ခသည်စခန်း၊ လွယ်ကန်ကျေးရွာ၊ မန်တုံမြို့တွင်းနှင့် အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။


ဒီဇင်ဘာ၂၂ရက် ညနေပိုင်းမှာ မန်တုံရဲ့ ခလရ၁၃၀ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့ စစ်လက်နက်နဲ့ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့ပါတယ်။


========================


📌📌 ၈။ နမ္မတူမြို့နယ်မှာ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မြို့တွင်း နေအိမ်() လုံးပေါ် ကျရောက်ပေါက်ကွဲပြီး  ဒေသခံပြည်သူနှစ်ဦးပါထိခိုက်ဒဏ်ရာရ


ဒီဇင်ဘာ၂၃ရက်

ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က စစ်ကောင်စီတပ် ခမရ (၃၂၄) မှ လက်နက် ကြီး ငယ်ဖြင့် ပစ်ခတ်ခဲ့တာလို့SSPP Infoက အတည်ပြုဖော်ပြပါတယ်။


"ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က ခမရတပ် (၃၂၄)မှ တစ်ဘက်သတ် လက်နက်ကြီး/ငယ် ပစ်ခတ်မှုကြောင့်ဒေသခံပြည်သူ နေအိမ်() လုံးပေါ် လက်နက် ကြီး ကျည် ကျရောက် ပေါက်ကွဲပြီး ဒေသခံပြည်သူနှစ်ဦးကို ကျည်စထိမှန်လို့ ဒဏ်ရာ ရရှိထားပါတယ်"လို့ဆိုပါတယ်။


ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က စစ်ကောင်စီတပ် ခမရ (၃၂၄) မှ လက် နက် ကြီး/ငယ်ဖြင့် တဖက်သတ် ပစ်ခတ်မှုကြောင့် နမ္မတူမြို့နယ် ရပ်ကွက် () နှင့် ရပ်ကွက် () ရှိ  ဒေသခံနေ အိမ်() လုံးအပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး နေအိမ်ပျက်စီးကာ ရပ်ကွက်()က ကလေးငယ်တစ်ဦး နှင့် အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦး ကျည်စထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ် ဖွဲ့ TNLA တို့ မြို့တွင်းနီးကပ်စွာ စစ်ရေးတင်းမာနေတာဟာ တစ်လနီးပါးခန့်ရှိနေပြီဖြစ်ပြီး နမ္မတူမြို့နယ်ရှိ စစ်ကောင်စီရဲ့ မန်လီတပ်စခန်း မန်စံ EPC ကုန်း တပ်စခန်း နမ့်ပန်လေ ကျေးရွာက ပိုက်လိုင်းလုံခြုံရေးတပ်စခန်း နေရာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကောင်စီဘက်က  တပ်ဆုတ်ပေးလိုက်တာဖြစ်ပါတယ်။


========================


📌📌 ၉။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရဲစခန်းမှ ပြည်သူ့ရင်ခွင်နဲ့ချိတ်ဆက်ပြီး လက်နက်နဲ့အလင်းဝင်ရဲဘော်များတွက် ဆုငွေပေးအပ်ခဲ့


ဒီဇင်ဘာလ၂၃ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရဲစခန်းမှ ပြည်သူ့ရင်ခွင်နဲ့ချိတ်ဆက်ပြီး လက်နက်နဲ့ အလင်းဝင်ရဲဘော်များတွက် ဆုငွေပေးအပ်ခဲ့တယ်လို့ ဒီဇင်ဘာ၂၃ရက် Salai Myo Thaitက ဆိုရှယ်မီဒီယာမှာ အသိပေးဆိုပါတယ်။


လက်ရှိတွင် ဆမီးရဲစခန်းမှ ပြည်သူ့ရင်ခွင်နဲ့ချိတ်ဆက်အလင်းဝင်သူ ခုနှစ်ဦးရှိပြီး၊ နောက်ထပ်လည်းဆက်သွယ်သူများရှိတယ်လို့ဆိုပါတယ်။


လက်ရှိမှာ ချိတ်ဆက်အလင်းဝင်သူများအား လုံခြုံသည့်နေရာတွင် ပို့ဆောင်ပြီးဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၁၀။ The Way ရုပ်ရှင်ပြသခြင်းမှ ရရှိထားသော ရံပုံငွေ ကျပ် ,၀၀၀,၀၀၀ (ခုနှစ်သန်းကျပ်) ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးသို့ထောက်ပို့ပေးအပ်


ဒီဇင်ဘာလ၂၃ရက်။

ဒီဇင်ဘာ၂၃ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDFကအသိပေးဆိုပါတယ်။


The Way ရုပ်ရှင်ပြသခြင်းမှ ရရှိထားသော ရံပုံငွေ ကျပ် ,၀၀၀,၀၀၀ (ခုနှစ်သန်း ကျပ်) ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) မှ ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ လက်ခံရရှိပါတယ်လို့ဖော်ပြပါတယ်။


ယခုကဲ့သို့ ကူညီထောက်ပံ့ပေးပါသော The Way အဖွဲ့သားများနှင့်အတူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအား ကျောင်းသားတပ်မတော် ရဲဘော်များကိုယ်စား အထူးကျေးဇူးတင်အပ်ပါတယ်လို့ ABSDFကအသိပေးဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment