31st DEC 2023 - Morning Daily News by Radio NUG


၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒဏ်ရာရ တော်လှန်ရေးရဲဘော်များအား ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်တွေ့ဆုံအားပေး၍ လိုအပ်သည်များ ထောက်ပံ့ပေးခဲ့

📌 ၂။ လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် အမေရိကန်ဒေါ်လာ .၇၄ မီလီယံ‌ခန့် ကုန်ကျသုံးစွဲခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးရှင်းလင်း

📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု တာဝန်ရှိသူများနှင့် ဒုတိယအကြိမ် စုံညီတွေ့ဆုံပွဲကျင်းပ

📌 ၄။ ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး၊ လွယ်ပတာ စခန်းကုန်းများ တိုက်ခိုက်သိမ်းပိုက်နိူင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

📌 ၅။ မြောက်ဦး နှင့် မင်းပြားကြား မြောင်းဘွေ ရဲစခန်းကို ရက္ခိုင့်တပ်တော် အပြီးအသတ် သိမ်းပိုက်ရရှိ

📌 ၆။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စကစတပ်များက အရပ်သားနေထိုင်ရာနေရာများသို့လက်နက်ကြီးနဲ့ပစ်ခတ်

📌 ၇။ မွန်ပြည်နယ်လမိုင်းမြို့နယ် မော့ကနင်ကြာကန်နီး ၁၀၆ တပ်မှထွက်လာသောလမိုင်းနယ်ထိန်းကားကို ရေးဘီလူးအဖွဲ့တိုက်ခိုက်

📌 ၈။ စစ်ကိုင်းမြို့နယ် အမှတ်(၆၀၀၅)အမြှောက်တပ်အတွင်းရှိအရာရှိတိုက်ခန်းများနှင့် လိုင်းခန်းများပေါ်သို့မောင်းသူမဲ့လေယာဉ်များဖြင့် drop bombများ ပစ်ချတိုက်ခိုက်

📌 ၉။ တစ်နှစ်တာကာလအတွင်းDrone Mission ပေါင်း(၁၅၆)ပွဲအောင်မြင်စွာ  ဆင်နွှဲနိုင်ခဲ့ပြီး စကစနှင့်ပျူအယောက်(၄၀)သေဆုံးခဲ့

၁၀။ မိုးဗြဲမြို့အတွင်းရှိ စကစတပ်စွဲခဲ့‌သော ရပ်ကွက်တစ်ချို့ကိုမိုင်းရှင်းလင်းရေးပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒဏ်ရာရ တော်လှန်ရေးရဲဘော်များအား ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်တွေ့ဆုံအားပေး၍ လိုအပ်သည်များ ထောက်ပံ့ပေးခဲ့


ဒီဇင်ဘာလ ၃၀ ရက်။

ဒဏ်ရာရ တော်လှန်ရေးရဲဘော်များအား ကာကွယ်ရေးဝန်ကြီးဦးရည်မွန် သွားရောက်တွေ့ဆုံအားပေး၍ လိုအပ်သည်များ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ပြည်သူ့ခုခံတွန်းလှန်စစ်တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရသော ပြည်သူ့တော်လှန်ရေးရဲဘော်များနှင့် နွေးထွေးစွာ တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။


တွေ့ဆုံရာတွင် ထိခိုက်ဒဏ်ရာရ ရဲဘော်များ အမြန်ဆုံးပြန်လည်သက်သာစေရန် ဆုမွန်ကောင်းတောင်း ပေးခဲ့ပြီး ခွန်အားဖြည့်အစားအစာများ ဖြည့်စွက်ကျွေးမွေးရန် ဆေးရုံတာဝန်ရှိသူများထံသို့ လိုအပ်သည်များ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၂။ လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် အမေရိကန်ဒေါ်လာ .၇၄ မီလီယံ‌ခန့် ကုန်ကျသုံးစွဲခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးရှင်းလင်း


ဒီဇင်ဘာလ ၃၀ရက်။

လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် အမေရိကန်ဒေါ်လာ .၇၄ မီလီယံ‌ခန့် ကုန်ကျသုံးစွဲခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅၃/၂၀၂၃) တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ရှင်းလင်းခဲ့ပါတယ်။


အစည်းအဝေးတွင် ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြရာတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ဝန်ကြီးဌာန စတင်ဖွဲ့စည်းချိန်မှစ၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ အမေရိကန်ဒေါ်လာ .၇၄ မီလီယံ‌ခန့် ကုန်ကျသုံးစွဲခဲ့ပြီး ပြည်သူ့အစိုးရ၏ စိုးမိုးထိန်းချုပ်မှုရရှိထားသည့် ဒေသများတွင် လိုအပ်လျက်ရှိသော စားနပ်ရိက္ခာများ ထောက်ပံ့ပေးပို့မှုအခြေအနေများ၊ နိုင်ငံတဝှမ်းရှိ စစ်ရှောင်စခန်းများသို့ ချိတ်ဆက်ပေးပို့မှုများ၊ အကြမ်းဖက် စစ်ကောင်စီက တရားဥပဒေမဲ့စွာ ဖမ်းဆီးချုပ်နှောင်ထားသည့် အပြစ်မဲ့ပြည်သူများ၏ မိသားစုများအတွက် ကူညီထောက်ပံ့မှုများကို အသေးစိတ်ရှင်းလင်းခဲ့ပါတယ်။


ထို့အပြင် အခွန်ဘဏ္ဍာရရှိသုံးစွဲမှုအခြေအနေများအား ပွင့်လင်းမြင်သာမှုရှိစေရန်၊ စစ်ရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ မြေပြင်သတင်းအချက်အလက်များ မှန်ကန်စွာ ချိတ်ဆက်ရရှိနိုင်ရေးအတွက် လုံခြုံစိတ်ချရသည့် ဆက်သွယ်ရေးစနစ်များကို ကြိုတင်စီမံထားရှိရန်နှင့် စစ်ဘေးရှောင်ပြည်သူအရေအတွက် များပြားလျက်ရှိသောကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ဘဏ္ဍာရန်ပုံငွေများ ပိုမိုလိုအပ်သည့် အခြေအနေများကိုလည်း သုံးသပ်တင်ပြခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု တာဝန်ရှိသူများနှင့် ဒုတိယအကြိမ် စုံညီတွေ့ဆုံပွဲကျင်းပ


ဒီဇင်ဘာလ ၃၀ရက်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုတာဝန်ရှိသူများနှင့် ဒုတိယအကြိမ် စုံညီတွေ့ဆုံပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့၊ ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဒုတိယ ဥက္ကဌ နှင့် ယူနစ်လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညှိနှိုင်းရေးမှူးများတက်ရောက်ခဲ့ကြပြီး  စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ရှေ့လုပ်ငန်းစဥ်များ၊ ပူးပေါင်းဆောင်ရွက်ကြမည့် ဖက်ဒရယ်ယူနစ်ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့  စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသော စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းမှ နာဂ၊ ချင်း၊ ကတူး၊ ကနန်း၊ ရှမ်းနီ တိုင်းရင်းသားမျိုးနွယ်စုတို့၏ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။


========================


📌📌 ၄။ ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး၊ လွယ်ပတာ စခန်းကုန်းများ တိုက်ခိုက်သိမ်းပိုက်နိူင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်


ဒီဇင်ဘာလ (၃၀) ရက်။

ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေး၊ လွယ်ပတာ စခန်းကုန်းများ တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန က ဒီဇင်ဘာ၃၀ရက်မှာ ဖော်ပြပါတယ်။


မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ စစ်ဆင်ရေးတွင် အလယ်ပိုင်းတိုင်း စစ်ဌာန၊ ရှမ်းတောင်စစ်ဒေသ (ခွဲ) ဗျူဟာ () ၁၀၀၁ (MB PDF-1) ၁၀၀၂ (PK PDF-1) ၁၀၀၄ (PKS PDF) ၁၀၀၆ (PK PDF-2) ၁၀၀၇ (MB PDF-2) KNDF ဗျူဟာ () B-03 B-11 နှင့် B-22 မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front U.R.F) ဗျူဟာ () ၁၀၀၃ တပ်ရင်း၊ ၁၀၀၈ SSRY တပ်ရင်းနှင့် ၁၀၀၉ IPDF တပ်ရင်းတို့ ပါဝင်တိုက်ခိုက်လျက်ရှိတယ်လို့ဆိုပါတယ်။


အဆိုပါ တော်လှန်ရေးအင်အားစုများ ပူးပေါင်းစစ်ဆင်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၂၃၊ ၂၄၊ ၂၅) ရက်နေ့များတွင် ကရင်နီ (ကယား) ပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ ရန်သူစစ်ကောင်စီတပ်၏ ရွှေပြည်အေးနှင့် လွယ်ပတာ စခန်းကုန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါတယ်။


တော်လှန်ရေးအင်အားစုများအနေဖြင့် ဖယ်ခုံမြို့ အဝင်နှင့်အထွက်နေရာများကို ထိန်းချုပ်ထားပြီး မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိရာ ပြည်သူလူထု လုံခြုံဘေးကင်းစေရေးအတွက် မိမိနေအိမ်များသို့ ပြန်လည်ဝင်ရောက်နေထိုင်ခြင်းများ မပြုလုပ်သေးရန် မေတ္တာရပ်ခံ ထားပါတယ်။


========================


📌📌 ၅။ မြောက်ဦး နှင့် မင်းပြားကြား မြောင်းဘွေ ရဲစခန်းကို ရက္ခိုင့်တပ်တော် အပြီးအသတ် သိမ်းပိုက်ရရှိ


ဒီဇင်ဘာလ ၃၀ရက်။

မြောက်ဦး နှင့် မင်းပြားကြား မြောင်းဘွေ ရဲစခန်းကို ရက္ခိုင့်တပ်တော် အပြီးအသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။


ဒီဇင်ဘာ၃၀ရက် မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော်ကသိမ်းပိုက်ခဲ့တာလို့ သတင်းရရှိပါတယ်။


"မြောက်ဦးနဲ့ မင်းပြားကြား မြောင်းဘွေ ရဲစခန်းကို ရက္ခိုင့်တပ်တော် အပြီးအသတ် သိမ်းပိုက်ရရှိပါတယ်။ စစ်ကောင်စီ တပ်သား ဦး လက်နက်ချ အညံ့ခံတယ်"လို့ ဒေသခံသတင်းအရင်းအမြစ်များကဆိုပါတယ်။


စခန်းကိုသိမ်းပိုက်ပြီးနောက် ရက္ခိုင့်တပ်တော်အောင်လံကို လွှင့်ထူခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၆။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စကစတပ်များက အရပ်သားနေထိုင်ရာနေရာများသို့လက်နက်ကြီးနဲ့ပစ်ခတ်


ဒီဇင်ဘာလ ၃၀ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စကစတပ်များက အရပ်သားနေထိုင်ရာနေရာများသို့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဒီဇင်ဘာ ၃၀ရက် စကစမှ လူထုအားပစ်မှတ်ထားတိုက်ခိုက်နေမှုကို TNLAကအတည်ပြုဆိုပါတယ်။


တပ်မဟာ()စစ်ဒေသ၊ မိုင်ငေါ့မြို့နယ် စစ်ကောင်စီတပ်မှ မာမို့ကျေးရွာ၊ နမ့်တွေကျေးရွာအနီးတဝိုက်တွင်  Jet Fighter ဖြင့် () ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်မဟာ()စစ်ဒေသ၊ မူဆယ်မြို့နယ် စစ်ကောင်စီတပ်မှ Mi17 ထောက်ပို့ယာဥ်ဖြင့် ()ကြိမ် စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ လာရောက်ပို့ချခဲ့ပါတယ်။


အလားတူလားရှိုးမြို့နယ် စစ်ကောင်စီတပ်မှ နမ္မတူမြို့သို့ ၁၀မိုင်ကုန်း၊ နာဆိုင်းကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ()ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကာမိုင်းငေါ့မြို့နယ် စစ်ကောင်စီတပ်မှ နမ့်တွေကျေးရွာ၊ ကွန်စလမ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ()ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


ကွတ်ခိုင်မြို့နယ် စစ်ကောင်စီတပ်မှ ပန်ကူကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ()ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးသီပေါမြို့နယ် စစ်ကောင်စီတပ်မှ တုန်ကားကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ()ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ မွန်ပြည်နယ်လမိုင်းမြို့နယ် မော့ကနင်ကြာကန်နီး ၁၀၆ တပ်မှထွက်လာသောလမိုင်းနယ်ထိန်းကားကို ရေးဘီလူးအဖွဲ့တိုက်ခိုက်


ဒီဇင်ဘာလ ၃၀ရက်။

မွန်ပြည်နယ်လမိုင်းမြို့နယ် မော့ကနင်ကြာကန်နီး ၁၀၆ တပ်မှထွက်လာသောလမိုင်းနယ်ထိန်းကားကို ရေးဘီလူးအဖွဲ့တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဒီဇင်ဘာ၃၀ရက်မနက်ပိုင်းမှာ စစ်ဆင်ရေးကို ဆင်နွှဲခဲ့တယ်လို့ ရေးဘီလူးကအတည်ပြုပြောပါတယ်။


"ဒီဇင်ဘာ၃၀မနက်၁၁နာရီမှာ ၁၀၆တပ်က ထွက်လာတဲ့စခန်းမှူးအပါအဝင် နယ်ထိန်းပါလာတဲ့ ကားကို မော့ကနင်ကြာကန်နီးကစောင့်ပစ်တယ်။ ပိုင်ပိုင်နိုင်နိုင်တစ်ကားလုံးကိုပစ်ခတ်နိုင်ခဲ့တယ်။ ထိခိုက်မှုတော့ရှိနိုင်ပါတယ်။သေဆုံးမှုကတော့မသိရသေးပါဘူး"လို့ဆိုပါတယ်။


အဆိုပါကားမှပြန်လည်ပစ်ခတ်၍ အရပ်သားထိခိုက်ဒဏ်ရာရရှိမှုလည်းရှိပြီး စစ်ဆင်ရေးမှာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၈။ စစ်ကိုင်းမြို့နယ် အမှတ်(၆၀၀၅)အမြှောက်တပ်အတွင်းရှိအရာရှိတိုက်ခန်းများနှင့် လိုင်းခန်းများပေါ်သို့မောင်းသူမဲ့လေယာဉ်များဖြင့် drop bombများ ပစ်ချတိုက်ခိုက်


ဒီဇင်ဘာလ ၃၀ရက်။

စစ်ကိုင်းမြို့နယ် အမှတ်(၆၀၀၅)အမြှောက်တပ်အတွင်းရှိအရာရှိတိုက်ခန်းများနှင့် လိုင်းခန်းများပေါ်သို့မောင်းသူမဲ့လေယာဉ်များဖြင့် drop bombများ ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဒီဇင်ဘာ၃၀ရက်မှာ စစ်ရေးသတင်းကို အညာညီနောင် တပ်ပေါင်းစု (ABCF)ကအတည်ပြုဆိုပါတယ်။


"အညာညီနောင် တပ်ပေါင်းစု (ABCF) ဒီဇင်ဘာလ အတွင်း စတုတ္ထအကြိမ်စစ်ဆင်ရေးအဖြစ်  ဒီဇင်ဘာ ၂၉ရက်နေ့ မွန်းတည့်၁၂နာရီအချိန်တွင်အုန်းတောရွာအနီး အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသောအမှတ်(၆၀၀၅)အမြှောက်တပ်အတွင်းရှိ အရာရှိတိုက်ခန်းများနှင့် လိုင်းခန်းများပေါ်သို့ မောင်းသူမဲ့လေယာဉ်များဖြင့် drop bombများ ပစ်ချတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ခိုက်ချိန်အတွင်း ရမ်းသမ်းပစ်ခတ်မှုများရှိသော်လည်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


တိုက်ခိုက်မှုအတွင်း စကစ၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိတယ်လို့ကနဦးသိရပါတယ်။


========================


📌📌 ၉။ တစ်နှစ်တာကာလအတွင်းDrone Mission ပေါင်း(၁၅၆)ပွဲအောင်မြင်စွာ  ဆင်နွှဲနိုင်ခဲ့ပြီး စကစနှင့်ပျူအယောက်(၄၀)သေဆုံးခဲ့


ဒီဇင်ဘာ၃၀ရက်

တစ်နှစ်တာကာလအတွင်းDrone Mission ပေါင်း(၁၅၆)ပွဲ အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပြီး စကစနှင့် ပျူအယောက်(၄၀)သေဆုံးခဲ့တယ်လို့ Wolf Guerrilla LDF Ye.U Air Forceက အတည်ပြုဆိုပါတယ်။


"Wolf Guerrilla Local PDF(ရေဦး)အဖွဲ့သည် ၂၀၂၂ ခုနှစ်၊တန်ခူးလ သင်းကြန်(အကျ)နေ့မှ စ၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့အထိ နှစ်တစ်နှစ်တာကာလအတွင်း Drone Mission ပေါင်း(၁၅၆)ပွဲအောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပါတယ်။ ထို Mission များအတွင်း စကစနှင့် ပျူ(၄၀)ဝန်းကျင် သေဆုံးခဲ့ပြီး၊ စကစနှင့်ပျူ(၂၀)ဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


 Wolf Guerrilla Local PDF(ရေဦး)အဖွဲ့မှ Drone Missionများပြုလုပ်ချိန်အတွင်း Dji Drone အသေး()စီး ပျက်ကျဆုံးရှုံးခဲ့ပါတယ်။


၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း Wolf Guerrilla Local PDF(ရေဦး)အဖွဲ့မှ Droneစစ်ဆင်ရေး ပိုမိုမြှင့်တင်လာကာ UAV နည်းပညာဖြင့်Droneအကြီးကို အသုံးပြုကာ Drone Mission()ပွဲကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။


========================


📌📌 ၁၀။ မိုးဗြဲမြို့အတွင်းရှိ စကစတပ်စွဲခဲ့‌သော ရပ်ကွက်တစ်ချို့ကိုမိုင်းရှင်းလင်းရေးပြုလုပ်


ဒီဇင်ဘာ၃၀ရက်

မိုးဗြဲမြို့အတွင်းရှိ စကစတပ်စွဲခဲ့‌သော ရပ်ကွက်တစ်ချို့ကိုမိုင်းရှင်းလင်းရေးပြုလုပ်လျက်ရှိတယ်လို့ ဒီဇင်ဘာ၃၀ရက်မှာ Mobye Local PDFကအသိပေးဆိုထားပါတယ်။


မိုးဗြဲမြို့အတွင်းရှိ စကစတပ်စွဲခဲ့‌သော ရပ်ကွက်တစ်ချို့ကို နိုဝင်ဘာ၂၀ရက်‌နေ့ကစ၍မိုင်းရှင်းလင်းရေးပြုလုပ်ပြီး မိုင်းပေါင်း၁၀လုံးကျော် ရှင်းလင်းနိုင်ခဲ့‌ပါတယ်။ ထို့နောက် မိဘပြည်သူများ၏ တောင်းဆိုချက်များအရ ကျန်ရှိနေ‌သေးသော မိဘပြည်သူများ၏နေအိမ်များ မီးဘေးအန္တရာယ်မှကာကွယ်နိုင်ရန် ရပ်ကွက်တွင်းရှိ ထူထပ်‌နေသော ခြုံပင်မြက်ပင်များကို Mobye Local PDFမှ ရှင်းလင်းပေးပြီး အိမ်ခြံမြေကွက်ပေါင်း၃၀ကျော်ရှင်းပေးပြီးပြီဖြစ်ပါတယ်လို့ဆိုပါတယ်။


လက်ရှိမှာ မိုးဗြဲရပ်ကွက်အတွင်းရှိရပ်ကွက်တစ်ချို့ကို ဆက်လက်ရှင်းလင်းပေးနေ‌ကြောင်းအသိပေးကြေညာပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment