14th JAN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော တာဝန်ရှိသူများ တွေ့ဆုံ

📌 ၂။ ကော်သူးလေ အင်ဂျင်နီယာကျောင်းအတွက် ရန်ပုံငွေရှာဖွေပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်

📌 ၃။ ကနီမြို့နယ်အတွင်း ယင်းမာပင်ခရိုင်တပ်ရင်း(၃၀)မှအမျိုးသမီးရဲဘော်(၁၀)ဦးအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာ(MOWYCA)ဝန်ကြီးဌာနမှထောက်ပံ့ပေးအပ်

📌 ၄။ တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ သုံးထောင်ကျော်ကျန်ရှိနေသေး

📌 ၅။ KNDF အမှတ်() ရှိတပ်ရင်း မှတပ်သားသစ်ခေါ်ယူနေ

📌 ၆။ ကလေးမြို့နယ်၊ ပျူစောထီးရွာမှ တစ်ဦး  CDF - KKG အဖွဲ့အစည်းထံသို့ လာရောက်ခိုလှုံ


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပူပူနွေးနွေး ထိုးထားတဲ့ အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်ပြီး ကျောက်မဲမြို့ရှိ TNLA စခန်းကို စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်

🚩 ၂။ တီးတိန်ရှိ သိုင်းငင်းတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ စခန်းသိမ်းတိုက်ပွဲ ဆင်နွဲနေ

🚩 ၃။ မြိတ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း တိုက်ခိုက်ခံရ

🚩 ၄။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ စကစ စစ်ဆေးရေးဂိတ်အား ဝေဟင်မှ  ‌Drone ဖြင့် 1 KG ဗုံးသီး လုံး ကြဲချ

🚩 ၅။ မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်ဆင်ဖြူကုန်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များကာကွယ်ရေးတပ်များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံး

🚩 ၆။ ထီးချိုင့်မြိုကို စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်နေ

🚩 ၇။ ကန့်ဘလူမြိုနယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှိဖျက်ဆီး၊ ရက်အတွင်း ငါးရွာ မီးရှို့ဖျက်ဆီးခံခဲ့ရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော တာဝန်ရှိသူများ တွေ့ဆုံ


ဇန်နဝါရီလ ၁၃ ရက် 

ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော တာဝန်ရှိသူများ၊ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ လ၁၃ရက်မှာ ကျင်းပခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးချုပ်မှ ပြောကြားရာတွင်မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဗိုလ်ကျအုပ်ချုပ်မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီး တိုင်းရင်းသားဒေသ အသီးသီးများလည်း ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာဖို့အတွက် နှစ်ပေါင်းများစွာ တော်လှန်ခဲ့ကြရတာ အားလုံးအသိပဲ ဖြစ်ပါကြောင်း။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က အဓမ္မ အာဏာလုယူဖို့  ထပ်မံ ကြိုးစားတဲ့အချိန်မှာတော့ ကျွန်တော်တို့အားလုံးဟာ နောင်အနာဂတ် မြန်မာပြည်မှာ  ဒီလို စစ်အာဏာသိမ်းမှုတွေ ထပ်မံမဖြစ်ပေါ်ဖို့နဲ့ အခြေခံ လူ့အခွင့်အရေးများ အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ခြင်းမှတပါး အခြားမရှိဘူး ဆိုတာကို ကောင်းစွာ သိမြင်လာခဲ့ကြပါကြောင်း"ဆိုပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များက ဦးဆောင်ပြီး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများ၊ အခက်အခဲနှင့် လိုအပ်ချက်များ၊ စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ ကော်သူးလေ အင်ဂျင်နီယာကျောင်းအတွက် ရန်ပုံငွေရှာဖွေပွဲ ပြည်ထောင်စုဝန်ကြီးများတက်ရောက်


ဇန်နဝါရီလ ၁၃ရက်

ဇန်နဝါရီလ ၁၃ရက်မှာ ကော်သူးလေ အင်ဂျင်နီယာကျောင်းအတွက် ရန်ပုံငွေရှာဖွေပွဲအခမ်းအနားကို အွန်လိုင်းမှတဆင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတို့ တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


"Prometheus Institute of Technology ကော်သူးလေ အင်ဂျင်နီယာကျောင်းအတွက် ရန်ပုံငွေရှာဖွေပွဲတွင် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ, ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီးဦးထင်လင်းအောင် International Karen Organization ဥက္ကဋ္ဌ တို့နှင့်အတူ မုဒိတာ စကားပြောကြားခြင်းမှာပါဝင်ခဲ့ပါတယ်"လို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးက အသိပေးဆိုထားပါတယ်။


ထို့အပြင်ကျောင်းရန်ပုံငွေအတွက် ပန်းချီကားတစ်ချပ်ကို မဲဖောက်ရောင်းချသွားမှာဖြစ်ပြီးတော့  ပန်းချီကားမှာ ကရင်ပန်းချီဆရာ စောကနေဒီ၏လက်ရာဖြစ်လည်းဖြစ်ပါတယ်။


========================


📌📌 ၃။ ကနီမြို့နယ်အတွင်း ယင်းမာပင်ခရိုင်တပ်ရင်း(၃၀)မှအမျိုးသမီးရဲဘော်(၁၀)ဦးအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာ(MOWYCA)ဝန်ကြီးဌာနမှထောက်ပံ့ပေးအပ်


ဇန်နဝါရီလ ၁၃ ရက်။

ကနီမြို့နယ်အတွင်း ယင်းမာပင်ခရိုင်တပ်ရင်း(၃၀)မှအမျိုးသမီးရဲဘော်(၁၀)ဦးအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာ(MOWYCA)ဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဇန်နဝါရီလ ၁၃ရက်မှာ ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးပါတယ်။


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ယင်းမာပင်ခရိုင်တပ်ရင်း(၃၀)မှအမျိုးသမီးရဲဘော်(၁၀)ဦးအတွက်  အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာ(MOWYCA)ဝန်ကြီးဌာနမှထောက်ပံ့ပေးအပ်မှုများကို ဇန်နဝါရီ၁၂ရက်နေ့တွင် လုပ်ဆောင်ခဲ့ပါတယ်။


ယင်းအခမ်းအနားကို ယင်းမာပင်ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူသားစာနာဒုတာဝန်ခံနှင့်အဖွဲ့၊ မြိုနယ်စည်ပင်တာဝန်ခံ၊ မြို့နယ်သယံဇာတတာဝန်ခံ၊ မြို့နယ်ဆက်သွယ်ရေး တာဝန်ခံ၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံတို့မှ သွားရောက်၍ ထောက်ပံ့‌မှုများ‌ပေးအပ်ကာ လေးစားဂုဏ်ပြုခဲ့ကြပါတယ်။


========================


📌📌 ၄။ တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ သုံးထောင်ကျော်ကျန်ရှိနေသေး


ဇန်နဝါရီလ ၁၃ရက်။

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ သုံးထောင်ကျော်ကျန်ရှိနေသေးတယ်လို့ ဇန်နဝါရီလ ၁၃ရက်မှာ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ကအသိပေးဆိုပါတယ်။


စစ်အုပ်ချုပ်ရေးကြေညာထားသော မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ပြည်သူကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်ကြား ထိတွေ့မှုများ မကြာခဏရှိသကဲ့သို့ စစ်ကောင်စီတပ်များက ဒေသခံများ၏ ကျေးရွာများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်လေ့ရှိသဖြင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူအရေအတွက်သည် အောက်တိုဘာလကုန်အထိ သုံးထောင်ကျော်ကျန်ရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။


ပြီးခဲ့သည့် အောက်တိုဘာလက တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများထံသို့ ဒေါနတနင်္သာရီ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့၊ တနင်္သာရီမြို့နယ်မှတဆင့် အရေးပေါ် အခြေခံစားနပ်ရိက္ခာနှင့်ဆေးဝါးလိုအပ်ချက်များအတွက် ကူညီထောက်ပံ့ပေးခဲ့ရာ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့်အတွက် တစ်ပတ်စာ စားနပ်ရိက္ခာနှင့် ဆေးဝါးအတွက် ထောက်ပံ့ငွေ သိန်း ၃၀ ကျပ်အား မြေပြင်ရှိဒေသခံစစ်ဘေးရှောင်များထံ မျှဝေကူညီခဲ့ပါတယ်။


========================


📌📌 ၅။ KNDF အမှတ်() ရှိတပ်ရင်း မှတပ်သားသစ်ခေါ်ယူနေ


ဇန်နဝါရီလ ၁၃ရက်။

KNDF အမှတ်() ရှိတပ်ရင်း မှတပ်သားသစ်ခေါ်ယူနေတယ်လို့ KNDF အမှတ် တပ်ရင်းမှအသိပေးဆိုပါတယ်။


ကျွန်တော်တို့KNDF အမှတ် တပ်ရင်းမှ လာမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး သင်တန်းသားအသစ်တွေနဲ့ ၁၀ ရက်တာ စစ်သင်တန်းပြုလုပ်ဖို့ရှိတာကြောင့် တပ်ရင်း အတွင်းက စစ်ရှောင်အရပ်သားတွေအနေနဲ့  လက်နက်ကိုင်တော်လှန်ရေးကို စိတ်ဝင်စားရင် လျှောက်ထားနိုင်ပါတယ်လို့ဖော်ပြပါတယ်။


လက်နက်ကိုင်တော်လှန်ရေး စိတ်ပါဝင်စားတဲ့ လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးမရွေး တပ်ရင်း က ကြိုဆိုလက်ခံကြောင်းနဲ့ စိတ်ပါဝင်စားသူတွေရှိပါက ဇန်နဝါရီလ ၁၆ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းပေးကြဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။


စစ်သင်တန်းတက်ရောက်ဖို့ စာရင်းပေးသွင်းနိုင်တဲ့နေရာကတော့ KNDF တပ်ရင်း ဖြစ်ပါတယ်။ ဒါမှမဟုတ် တပ်ရင်းဦးစီးမှူး၊ ဖုန်းနံပါတ်  09-758608476 09-798271296 နဲ့ 09770774995 တို့ ဖြစ်ပါတယ်။


========================


📌📌 ၆။ ကလေးမြို့နယ်၊ ပျူစောထီးရွာမှ တစ်ဦး  CDF - KKG အဖွဲ့အစည်းထံသို့ လာရောက်ခိုလှုံ


ဇန်နဝါရီလ ၁၃ရက်။

ကလေးမြို့နယ်၊ ပျူစောထီးရွာမှ တစ်ဦး  CDF - KKG အဖွဲ့အစည်းထံသို့ လာရောက်ခိုလှုံခဲ့တယ်လို့ ဇန်နဝါရီလ ၁၃ရက်မှာ CDF - KKG ကတရားဝင်အသိပေးဆိုပါတယ်။


ဇန်နဝါရီ၁၂ ရက်၊ ကလေးမြို့နယ်၊ ပျူစောထီးရွာမှ တစ်ဦး ကာဘိုင်လက်နက် အမျိုးစား လက်နှင့် ကျည်ဆံ အတောင့် ၁၇၀  ဖြင့် CDF - KKG အဖွဲ့အစည်းထံသို့ လာရောက်ခိုလှုံခဲ့တယ်လို့ဆိုပါတယ်။


၄င်းအား CDF KKGအဖွဲ့အစည်းမှ ဆုကြေးငွေအဖြင့် ကျပ်သိန်း ၂၀ ဆု ချီးမြင့်ခဲ့ပြီး လွတ်

မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ပူပူနွေးနွေး ထိုးထားတဲ့ အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်ပြီး ကျောက်မဲမြို့ရှိ TNLA စခန်းကို စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်


ဇန်နဝါရီလ ၁၃ရက်။

ပူပူနွေးနွေး လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်ပြီး ကျောက်မဲ မြို့နယ်ရှိ KNLA တပ်စွဲထားရာ တောင်ကုန်းကို စစ်ကောင်စီ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၁၁ ရက်နေ့ နဲ့ ၁၂ ရက်နေ့ များတွင် တရုတ်နိုင်ငံ၊ ကူးမင်းမြို့၌ မြောက်ပိုင်းညီနောင် မဟာမိတ် အဖွဲ့များ ဖြစ်ကြတဲ့ MNDAA TNLA AA တို့နှင့် စစ်ကောင်စီ တပ်တို့ကြား ဇန်နဝါရီ (၁၁) ရက်နေ့ နာရီခန့်မှစပြီး နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး အပါအဝင် အချက်သုံးချက်ကို သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။


အပစ်ရပ်သဘောတူပြီး နှစ်ရက်မပြည့်ခင် ဒီကနေ့ (ဇန်နဝါရီ ၁၃ ရက်) မနက် နာရီ ၁၈ မိနစ် အချိန်မှာ စစ်ကောင်စီရဲ့ ၅၀၁ - ၅၀၂ တပ်များမှ တအာင်းတပ်မတော် (TNLA) တည်ရှိရာ ငြိမ်းချမ်းရေး ကုန်းကို အင်အား အလုံးအရင်းဖြင့် လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန် ထားပါတယ်။


ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပူပူနွေးနွေး ထိုးထားခဲ့သော အပစ်ခတ်ရပ်စဲရေး လက်မှတ်ကို စစ်ကောင်စီ တပ်မှ ပေါ်ပေါ်တင်တင် ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေး လက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်သည်။လို့ TNLA က ဆိုပါတယ်။


နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မိဘပြည်သူများ စစ်ဘေးဒဏ်သင့်မှာကို စိုးရိမ်တာကြောင့် စခန်းမှ ယာယီနောက်ဆုတ် ပေးလိုက်တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးက အသိပေး ထားပါတယ်။


အပစ်ခတ်ရပ်စဲရေး သဘောတူပြီး နောက်တနေ့ (ဇန်နဝါရီ ၁၂) တွင်ပင် စစ်ကောင်စီတပ်က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ လားရှိးနဲ့ မန္တလေးတိုင်း မိုးမိတ်မြို့နယ်တို့ကို လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။


ထို့အပြင် ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း လားရှိုး၊ မိုးကုတ်နဲ့ ကျောက်မဲ မြို့နယ် တို့ကိုလည်း လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။


ကူမင်းဆွေးနွေးပွဲ သဘောတူညီချက်အရ ညီနောင်မဟာမိတ် () ဖွဲ့က ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီ စခန်းများ၊ ဗျူဟာကုန်း များကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ ဆက်မလုပ်ရန် သဘော တူညီခဲ့ပြီး စစ်ကောင်စီတပ်မှလည်း ရှမ်းမြောက်ဒေသရှိ ညီနောင်သုံးဖွဲ့မှ သိမ်းပိုက်ထိန်းချုပ်ထားရာ နေရာအားလုံးကို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူညီ ခဲ့ကြတာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ တီးတိန်ရှိ သိုင်းငင်းတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ စခန်းသိမ်းတိုက်ပွဲ ဆင်နွဲနေ


ဇန်နဝါရီလ ၁၃ရက်။

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ချင်းအမျိုးသား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။


ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက စတင်ပြီး  တီးတိန်မြို့နယ်၊ ကလေး - ဟားခါး လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ သိုင်းငင့်တပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ က ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


"မနေ့ညကတည်းက ဝင်တိုက်တာ အခုထိ ဖြစ်နေတယ်။ စခန်းကို အပြီး မသိမ်းနိုင်သေးဘူး။ကျွန်တော်တို့ စခန်းတစ်ဝက်လောက်အထိ ဝင်သွားတယ်" လို့ ဆလိုင်းထက်နီက ပြောပြပါတယ်။


ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ သိရပြီး စစ်ကောင်စီ က လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူများ အသုံးပြု တိုက်ခိုက်နေတာကြောင့် စခန်းသိမ်းနိုင်ရန် အခက်ကြုံခဲ့ရတယ်လို့ ဆလိုင်းထက်နီက ဆိုပါတယ်။


တိုက်ပွဲအတွင်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ရဲဘော်အချို့ ထိခိုက်ကျဆုံးတာတွေ ရှိသကဲ့သို့ စစ်ကောင်စီ ဘက်ကလည်း အထိနာနေလျှက် ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မြိတ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း တိုက်ခိုက်ခံရ


ဇန်နဝါရီလ ၁၃ရက်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ် နာရီခန့်က  တဂံတောင်ပု ကျေးရွာနှင့် ဝိုင်းတောင် ကျေးရွာ ကြားမှာ အင်အား ၁၀၀ ခန့်ရှိ ခြေလျှင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာ ရသူများရှိပြီး သေဆုံးမှု ရှိမရှိကို အတည်ပြု စုံစမ်းနေဆဲ ဖြစ်တယ်လို့ ကျွန်းစုမြိုနယ် ပကဖ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။


အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ကျွန်းစုမြိုနယ် (ပကဖ) တောပုံးကြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ (တနင်္သာရီ-ပကဖ) ပုလောမြိုနယ် (ပကဖ) နှင့် တနင်္သာရီတိုင်း လုံခြုံရေး တပ်ဖွဲဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


လတ်တလောတွင် တနင်္သာရီမြိုနယ်နှင့် မြိတ်မြိုနယ် လမ်းပိုင်းများမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး အခြေအနေများအရ ဒေသခံ မိဘပြည်သူများ အနေဖြင့် ကာကွယ်ရေးအဖွဲများမှ ထုတ်ပြန်ထားတဲ့ သတိပေးချက်များကို လိုက်နာပေးကြရန် တော်လှန်ရေးတပ်ဖွဲများက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၄။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ စကစ စစ်ဆေးရေးဂိတ်အား ဝေဟင်မှ  ‌Drone ဖြင့် 1 KG ဗုံးသီး လုံး ကြဲချ


ဇန်နဝါရီလ ၁၃ရက်။

"ဇန်နဝါရီ၉ရက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ စခ စစ်ဆေးရေးဂိတ်အား ဝေဟင်မှ  ‌Drone ဖြင့် 1 KG ဗုံးသီး လုံး ကြဲချခဲ့ပါတယ်။ စကစနေထိုင်ရာ အဆောက်အဦနှင့် စကစဘန်ကာရှေ့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦအမိုး ပျက်ဆီးကာ စကစ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်"လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ - YSOက ဆိုပါတယ်။


စကစများကို ပခုက္ကူဆေးရုံသို့ ကားဖြင့်လာရောက်သယ်ဆောင်သွားကြောင်း သိရှိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ - YSO Underground Revolution Force မြင်းခြံခရိုင် အမှတ် ၁တပ်ရင်း 27 Revolution Forces, ယင်းမာပင်ခရိုင်တပ်ရင်း 3/4/5/6 အထူးချေမှုန်းရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် Local တပ်‌ပေါင်းစု Yesagyo Revolution Groupအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။


========================


🚩🚩 ၅။ မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်ဆင်ဖြူကုန်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များကာကွယ်ရေးတပ်များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံး


ဇန်နဝါရီလ ၁၃ရက်။

ဇန်နဝါရီလ ၁၁ရက်နေ့  မနက် ၁၀:၄၃ အချိန်ခန့်တွင်မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်ဆင်ဖြူကုန်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီအား ကာကွယ်ရေးတပ်ဖွဲ့၏ ကင်းပုန်းဝပ်နေရာနှင့် ထိပ်တိုက်တွေ့ပြီး ထိတွေ့ရာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ဆိုပါတယ်။


ထို့နောက် ပုစဥ်းခေါင်းတစ်စီး၊ နာရေးကားတစ်စီးဖြင့် ဒဏ်ရာရ စခများအား ငါန်းမြှာ ဘက်သို့ သယ်ဆောင်သွားကြောင်းသတင်းရရှိခဲ့ပါတယ်။ 


ပါဝင်တိုက်ခိုက်ခဲ့သော မဟာမိတ်များမှာ ​​CDSOM - ငါန်းဇွန်တပ်ခွဲ (NRF) CDSOM မြောက်ပိုင်းတိုက်ခိုက်ရေး ဗိုလ်စကြာအဖွဲ့၊ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့၊ ဒေါင်းဖိုက်တာ မုံရွာခရိုင် တပ်ရင်း (၁၅)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။


========================


🚩🚩 ၆။ ထီးချိုင့်မြိုကို စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်နေ


ဇန်နဝါရီလ ၁၃ရက်။

၊ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ထီးချိုင့်မြိုပေါ်က အမှတ် () ရပ်ကွက် အပါအဝင် နေရာ လေးခုထက်မနည်းကို ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ဒီမနက် ဂျက်ဖိုက်တာ သုံးစီးရှိပါပြီ။ လှည့်ပတ်ပစ်နေတာပါ။ မြေပြင်မှာက စစ်ရေးလှုပ်ရှားမှု မရှိပါဘူးလို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေး ထောက်ပို့ရဲဘော်တစ်ဦးက ပြောပါတယ်။


ထီးချိုင့်မြို့နယ် ဒေသတွင်းက စစ်ရေးသတင်းများ ဖော်ပြနေတဲ့ Tigying Revolution -TR ကလည်း ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်း ၁၁ နာရီဝန်းကျင်အတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက် နေတယ်လို့ ဖော်ပြထားပါတယ်။


ထီးချိုင့်မြို့နယ်မှ စစ်ကောင်စီစခန်းများကို  KIA AA ABSDF နှင့် PDF တပ်ဖွဲများက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ ကန့်ဘလူမြိုနယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှိဖျက်ဆီး၊ ရက်အတွင်း ငါးရွာ မီးရှို့ဖျက်ဆီးခံခဲ့ရ


ဇန်နဝါရီလ ၁၃ရက်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊  ကန့်ဘလူမြိုနယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ မင်းကုန်း(က)ရွာ နှင့် ညောင်ဇင်ကြီးရွာတို့ကို စစ်ကောင်စီ တပ်နှင့် ပျူစောထီး အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ပြောပါတယ်။


အဆိုပါ စစ်ကောင်စီနဲ့ ပျူပူးပေါင်း စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မင်းကုန်း(က)ရွာနှင့် ညောင်ဇင်ကြီးရွာ နှစ်ရွာပေါင်း နေအိမ် ၇၂ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့သိရှိရပါတယ်။


ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ကန့်ဘလူမြိုနယ်၊ တင်ငုတ်ကြီးကျေးရွာရှိ ပျူစောထီးစခန်း အသိမ်းခံရ ပြီးတဲ့နောက်မှာ စစ်ကောင်စီ တပ်က အနီးနားရှိ ကျေးရွာသုံးရွာကို ဝင်ရောက်မီးရှို့ ဖျက်ဆီး ခဲ့ပါသေးတယ်။


ဇန်နဝါရီလ ၁၁ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် တောင့်တည်းကုန်းရွာ၊ သရက်ခေါင်းရွာနဲ့ ကိုးမြိုရွာမှ နေအိမ်စုစုပေါင်း ၅၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်ရဲ့ နှစ်ရက်ဆက်တိုက် မီးရှိဖျက်ဆီးမှုကြောင့် ထန်းကုန်း တိုက်နယ်အတွင်းရှိ ကျေးရွာ ရွာမှ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီး ဆုံးရှုံးထားပြီး စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ စုစုပေါင်း ၁၁ ရွာအထိ ရှိလာပြီ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment