20th JAN 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊  ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တို့နဲ့ အမေရိကန်ပြည်ထောင်စုလော့စ်အိန်းဂျလိစ်မြို့ နွေဦတော်လှန်ရေး ထောက်ပို့မိသားစုများ တွေ့ဆုံ

📌 ၂။ အမျိုးသားပညာရေးမူဝါဒအတိုင်း ကျင့်သုံးမှသာလျှင် ပညာရေးဖွံဖြိုးတိုးတက်မယ်လို့ပြောကြား

📌 ၃။ နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့်သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ နွေဦးတော်လှန်ရေးတိုင်းရင်းသားညီအကိုများနှင့်တွေ့ဆုံမည်

📌 ၄။ မတတ်သာလို့ပြည်သူ့စစ်အဖြစ်စုဆောင်းခံရသူများ လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင်ကိုဝင်ရောက်ကြရန် တိုက်တွန်း

📌 ၅။ နွေဦးထီ Version 2.0 ကို စတင်မိတ်ဆက်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းကျေးရွာတွင်အကြမ်းဖက်စစ်တပ်ကသတ်ဖြတ်ထားတဲ့အရပ်သား  Dead Body ()ခုအထိတွေ့ရှိလာ

🚩 ၂။ လောင်းလုံးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ပြည်သူသုံးဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော် မီးရှို့

🚩 ၃။၁၀၂၇ စစ်ဆင်ရေးမှ သိမ်းဆည်းရရှိထားတဲ့ စစ်လက်နက်ပစ္စည်းများကို PDF များ ပိုမိုအားကောင်း စေရန် ကူညီပံပိုးမယ်လိ့ ညီနောင်သုံးဖွဲ့ဆို

🚩 ၄။ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နဲ့စကစတပ်များဆက်လက်တိုက်ပွဲ ပြင်းထန်နေပြီး ပေါက်တောမြို့ကို စကစဘက်က လက်နက်ကြီးပစ်ကူအပြင် လေကြောင်းနှင့် ရေကြောင်းပစ်ကူများကိုပါ အသုံးပြု၍ခုခံကာကွယ်နေရ

🚩 ၅။ မိုးမိတ်မြို့ကို လက်လွှတ်ရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်ကာ  မြို့ကို မီးလောင်တိုက်သွင်း ဖျက်ဆီးနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊  ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တို့နဲ့ အမေရိကန်ပြည်ထောင်စုလော့စ်အိန်းဂျလိစ်မြို့ နွေဦတော်လှန်ရေး ထောက်ပို့မိသားစုများ တွေ့ဆုံ


ဇန်နဝါရီ၂၀ရက်


နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊  ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တို့နဲ့ အမေရိကန်ပြည်ထောင်စုလော့စ်အိန်းဂျလိစ်မြို့ နွေဦတော်လှန်ရေး ထောက်ပို့မိသားစုများ တွေ့ဆုံခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲကို ဇန်နဝါရီ၁၈ရက်က Baldwin Park cityမှာ ကျင်းပခဲ့ပါတယ်။


အခမ်းအနားကို ကိုကျော်ဝဏ္ဏ (ပြည်သူ့ဂုဏ်ရည်အသင်း) က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးစစ်အာဏာရှင်နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ညှင်ပန်းနှိပ်စက်မှု နဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုများကြောင့် အသက်ပေးဆပ်ခဲ့ရသူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့ခဲ့ရသူများအပါအဝင် စွန့်လွှတ်ခဲ့ရသူအားလုံးကိုလေးစားဦးညွတ်ဂုဏ်ပြုခြင်းဖြင့် တမိနစ် မတ်တပ်ရပ်ငြိမ်သက်ခဲ့ပါတယ်။


ထို့နောက်NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကတို့ကNUG အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ လုပ်ငန်းဆောင်ရွက်ချက်များ၊အောင်မြင်မှုများ၊ စိမ်ခေါ်မှုများနဲ့ရှေ့လုပ်ငန်းစဥ်များကိုရှင်းလင်းတင်ပြခဲ့ပါတယ်။


နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့အား အခမ်းအနားသို့တက်ရောက်လာသူများက သိရှိလိုတဲ့ မေးခွန်းများကို  မေးမြန်းခဲ့ရာ အကျယ်တဝင့်ဖြေကြားခဲ့ပြီးNUG နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ဝေတဲ့ ၂၀၂၄ ခုနှစ်ပြက္ခဒိန်များကို ထောက်ပို့ ရန်ပုံငွေအဖြစ် တော်လှန်ရေးမိသားစုများမှတခဲနက် ဝယ်ယူအားပေးခဲ့ကြပါတယ်။


========================


📌📌 ၂။ အမျိုးသားပညာရေးမူဝါဒအတိုင်း ကျင့်သုံးမှသာလျှင် ပညာရေးဖွံဖြိုးတိုးတက်မယ်လို့ပြောကြား


ဇန်နဝါရီ၂၀


အမျိုးသားပညာရေးမူဝါဒအတိုင်း ကျင့်သုံးမှသာလျှင် ပညာရေးဖွံဖြိုးတိုးတက်မယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက

ဇန်နဝါရီ၁၉ရက်‌နေ့မှာ ဂျာမနီနိူင်ငံတွင်ကျင်းပသော မြန်မာအင်အားစုများတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။


"အခုဖက်ဒရယ်ဒီမိုကရေစီပညာရေးပေါ်လစီဆိုတာရေးတယ်။အဲဒီပေါ်လစီကျနော်တို့ရေးတာမဟုတ်ဘူး။တိုင်းရင်းသားတွေအားလုံးထိုင်ပြီးရေးတာ။တိုင်းရင်းသားခေါင်းဆောင်တွေနဲ့တိုင်းရင်းသားပညာရေးအဖွဲ့အစည်းတွေနဲ့။အဲဒီဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို NUCCကအတည်ပြုပြီးထွက်ထားပြီးပြီ။အဲဒီမူဝါဒအတိုင်းကျင့်သုံးမှသာလျှင်ပညာရေးဖွံဖြိုးတိုးတက်မယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရမှ ကြားကာလပညာရေးကိုအကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဆယ်တန်းစာမေးပွဲနှင့်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတို့ကို မကျင်းပဘဲ အခြေခံပညာပြီးမြောက်ကြောင်းဆန်းစစ်ခြင်းသာရှိပြီး ကျောင်းသားမှ ကြိုက်သည့်အမှတ်ကိုယူ၍ကြိုက်နှစ်သက်ခြင်းမရှိပါကထပ်မံ ဖြေဆိုခွင့်ရှိပြီး အောင်၊ရှုံးသတ်မှတ်ထားခြင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ရှင်းလင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့်သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ နွေဦးတော်လှန်ရေးတိုင်းရင်းသားညီအကိုများနှင့်တွေ့ဆုံမည်


ဇန်နဝါရီ၂၀ရက်


ဇန်နဝါရီလ၂၇ရက်နေ့တွင် အမေရိကန်နိူင်ငံ Carrboro တွင် မွန်းတည့်၁၂နာရီမှ ညနေ၅နာရီအထိ နွေဦးတော်လှန်ရေးတိုင်းရင်းသားညီအကိုများနှင့်တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။


ဇန်နဝါရီ၂၆ရက်တွင် Sanford 05, Duke Universityတွင် ဟောပြောဆွေးနွေးသွားမှာဖြစ်ပြီး နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့်သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အပါအဝင် ပရော်ဖက်ဆာ Edmund Maleskyတို့တက်ရောက်မှာဖြစ်ပါတယ်။


လက်ရှိနွေဦးတော်လှန်ရေးကိူ အမေရိကန်ပြည်ထောင်စုရှိ မြန်မာဒီမိုကရေစီအင်အားစုများကလည်း အချိန်အား၊လူအား၊ငွေအားဖြင့် တခဲနက်ပါဝင်ကူညီလျက်ရှိနေပါတယ်။


========================


📌📌 ၄။ မတတ်သာလို့ပြည်သူ့စစ်အဖြစ်စုဆောင်းခံရသူများ လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင်ကိုဝင်ရောက်ကြရန် တိုက်တွန်း


ဇန်နဝါရီ၂၀ရက်


မတတ်သာလို့ပြည်သူ့စစ်အဖြစ်စုဆောင်းခံရသူများ လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင်ကိုဝင်ရောက်ကြရန် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကဇန်နဝါရီလအတွင်း မေးမြန်းခန်းတစ်ခုမှာ ပြောကြာခဲ့တာ‌ဖြစ်ပါတယ်။


"မတတ်သာလို့ကိုယ့်ဒေသမှာ ပြည်သူ့စစ်အဖြစ်စုဆောင်းခံရရင်နံပါတ်တစ်လေ့ကျင့်မှုလက်နက်တပ်ဆင်မှုကိုခံယူလိုက်ပါ။နံပါတ်နှစ် ဒေသခံကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ထားပါ။နံပါတ်သုံးအခွင့်သာတဲ့အခိုက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့သေနတ်ပြောင်းဝကို စစ်သားတွေ အာဏာရှင်တွေဘက်ကိုလှည့်ပြီးတော့ တော်လှန်ရေးမှာပူးပေါင်းပါဝင်ကြပါ။နံပါတ်လေး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင်ကိုဝင်ရောက်ကြပါလို့မှာကြားလိုပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ရင်ခွင်ခိုလှုံတဲ့စကစတပ်နဲ့ရဲတပ်ဖွဲ့ဝင် တစ်သောင်းလေးထောင်ကျော်ရှိပြီ ဖြစ်ပါတယ်။


========================


📌📌 ၅။ နွေဦးထီ Version 2.0 ကို စတင်မိတ်ဆက်


ဇန်နဝါရီ၂၀ရက်


နွေဦးထီ Version 2.0 ကို စတင်မိတ်ဆက်လိုက်ကြောင်း ဇန်နဝါရီလအတွင်းမှာ အောင်လံလွှင့်ချီနွေဦးထီမိသားစုက အသိပေးဆိုပါတယ်။


"၂၀၂၁၊ သြဂုတ်လ (၁၅) ရက်နေ့မှ စတင်ခဲ့သည့် "အောင်လံလွှင့်ချီ နွေဦးထီ" အစီအစဥ်ကို အခက်အခဲများကြားမှ တော်လှန်စိတ်တခုတည်းဖြင့် တခဲနက်အားပေးဝယ်ယူ ကံစမ်းပေးခဲ့ကြသည့် မိဘပြည်သူများကြောင့် နွေဦးခရီးကြမ်း၏ ပထမခြေလှမ်းကို စတင်ပေးခဲ့ကြသည့် CDM ဝန်ထမ်းများအား နွေဦးထီမှ တစိတ်တပိုင်း ထောက်ကူ၊ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ ပိုမို လုံခြုံ မြန်ဆန်လွယ်ကူပြီး ဆန်းသစ်သည့် နွေဦးထီ Version 2.0 လေး ဖန်တီးထားကြပြီး နွေဦးထီ ချစ်သူများ၏ ရှေ့မှောက်သို့ မကြာမီ ကာလအတွင်း ရောက်ရှိလာပါတော့မယ်" လို့ဆိုပါတယ်။


အောင်လံလွှင့်ချီနွေဦးထီ၂၆ ကြိမ် မြောက် ဒီဇင်ဘာလ အတွက် ထီဆုပေါင်း ၅၇ ဆု၊ ကျပ်သိန်း (၁၉၀) ဖိုးခန့် ထီဆုမဲများ ဖွင့်လှစ်ပေးခဲ့ပြီး ထီဆုမဲပေါက်သူများအားလည်း ဆက်သွယ်၍ ဆုကြေးများ ပေးအပ်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီးဟန်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================


========================



🚩🚩 ၁။ ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းကျေးရွာတွင်အကြမ်းဖက်စစ်တပ်ကသတ်ဖြတ်ထားတဲ့အရပ်သား  Dead Body ()ခုအထိတွေ့ရှိလာ


ဇန်နဝါရီ၂၀ရက်


ဒီပဲယင်းမြို့နယ်လက်ယက်ကုန်းကျေးရွာတွင်အကြမ်းဖက်စစ်တပ်ကသတ်ဖြတ်ထားတဲ့အရပ်သား  Dead Body ()ခုအထိတွေ့ရှိလာတယ်လို့ ဇန်နဝါရီ၂၀ရက် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီ၁၈ရက်နေ့ ဒီပဲယင်းရောက်ရှိတဲ့အကြမ်းဖက်စကစများဟာ ပြည်သူများအိပ်ပျော်နေသည့်အချိန်တွင် မဲအိုးကျေးရွာကို အင်အားအလုံးအရင်း(အရပ်ဝတ်များဖြင့်) ဝင်ရောက်စီးနင်းပြီး ပြည်သူ(၅၀)ခန့်အား ဖမ်းဆီးခဲ့ပါတယ်။ပြည်သူများအထံမှ ရွှေ/ငွေ/ဖုန်း တန်ဖိုးရှိပစ္စည်းများလုယက်ကာ ပြည်သူတချို့ကို ပြန်လွှတ်ပြီး ပြည်သူ (၁၅)ဦးခန့်အားဓားစာခံ ဖမ်းဆီးကာ လက်ယက်ကုန်းကျေးရွာကို ဝင်ရောက်ခဲ့ပါတယ်။မဲအိုးကျေးရွာမှ အမျိုးသားသုံးဦး အမျိုးသမီးတစ်ဦး စုစုပေါင်း ()ဦးထဲမှ အမျိုးသား()ဦးအား လက် ခြေ ခေါင်းများ အပိုင်းအပိုင်းဖြတ်တောက်ကာ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခဲ့ပြီးကျန်အမျိုးသားတစ်ဦးအား ဓားဖြင့် မျက်နှာအား မွှန်းကာ လည်ပင်းကို အကြိမ်ကြိမ် ထိုးသွင်း နှိပ်စက် သတ်ဖြတ်ခဲ့ပါတယ်။အမျိုးသမီးတစ်ဦးကို နေအိမ်တစ်ခုတွင် နှိပ်စက်ထားပြီး သွေးအိုင်မှ ဒရွတ်ဆွဲခေါ်ကာ အခြားနေအိမ်တစ်လုံးတွင် ထည့်သွင်းမီးရှို့သတ်ဖြတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စုစုပေါင်းပြည်သူ () ဦး၏ ရက်ရက်စက်စက် အသတ်ဖြတ်ခံထားရသည့် Dead Body ()ခုကို တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။


အခြားပျောက်ဆုံးနေသည့်ပြည်သူများလည်းရှိနေပြီး - ပြည်သူများ အသက်လုတိမ်းရှောင်နေရမှုအခြေအနေကြောင့် အသေးစိတ်မသိရသေးသလို လက်ယက်ကုန်းကျေးရွာအတွင်း ရှင်းလင်းရေး မလုပ်ဆောင်နိုင်သေးဘူးလို့ဆိုပါတယ်။


========================


🚩🚩 ၂။ လောင်းလုံးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ပြည်သူသုံးဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော် မီးရှို့


ဇန်နဝါရီ ၂၀။


တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင်အင်အား ၂၀၀ ခန့် ကုန်းကြောင်း၊ ရေကြောင်းဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုကို တစ်ရက်တည်း ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (LLPDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ဦးသေဆုံးကာ ၁၆ ဦးထပ်မနည်း ဒါဏ်ရာရရှိသွားပြီး ကားတစ်ဦး ရုပ်အလောင်းတစ်လောင်းနဲ့ လက်ပစ်ဗုံး တစ်လုံးတို့ကို သိမ်းဆည်းရရှိ ခဲ့ကြောင်း LLPDF တာဝန်ရှိသူက ပြောပါတယ်။


၎င်းစစ်ကြောင်းဟာ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့စဉ် ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုတဲ့အပြင် ပြည်သူသုံးဦးအား ပစ်သတ်ခဲ့ပြီး နေအိမ် ၁၃၂ လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကာ ဇန်နဝါရီလ ၁၄ ရက်နေ့ကမှ ရေကြောင်းဖြင့် တပ်ပြန်ဆုတ်သွားတယ်လို့ ၎င်းက ရှင်းပြ ပါတယ်။


အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို LLPDF Guerrilla Dawei DDT တပ်ခွဲ () ထားဝယ်နဂါး တပ်ခွဲ စတဲ့ မဟာမိတ်ပူးပေါင်းတပ်များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၄ ရက်မှ စတင်ပြီး ပတ်ကြာ စစ်ကြောင်းထိုးခဲ့ကာ စစ်ပြဲ၊ လေးသွန်းခံ၊ သေပြေရှောင်၊ ဟင်းချိုတော၊ သန်လျင်၊ သကျက်တော၊ ညောပြင်နှင့် အောက်ကျောက်ဝပ် ကျေးရွာများကို ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။၁၀၂၇ စစ်ဆင်ရေးမှ သိမ်းဆည်းရရှိထားတဲ့ စစ်လက်နက်ပစ္စည်းများကို PDF များ ပိုမိုအားကောင်း စေရန် ကူညီပံပိုးမယ်လိ့ ညီနောင်သုံးဖွဲ့ဆို


ဇန်နဝါရီ ၂၀။


၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်လက်နက်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရရှိထားတဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့ NUG လက်အောက်ရှိ PDF များ ပိုမိုအားကောင်းလာစေရန် ကူညီပံပိုး နိုင်မယ့် နည်းလမ်းများကို စဉ်းစားထားတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် -  PSLF/TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် တားဂျုတ်ဂျား က ပြောပါတယ်။


မြန်မာပြည်သူများ လိုလားနေတဲ့ စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းစေဖို့ ရှမ်းမြောက် စစ်ဆင်ရေး တစ်ခုတည်းကိုသာ အားကိုနေလို့ မရဘဲ NUG လက်အောက်ရှိ PDF များ အားကောင်းရန် လည်း လိုအပ်တာကြောင့် ဘက်ပေါင်းစုံကနေ ဝိုင်းဝန်းပံပိုးပေးကြဖို့ကိုလည်း ဗိုလ်ချုပ် တားဂျုတ်ဂျား က မေတ္တာရပ်ခံထားပါတယ်။


" အထူးသဖြင့် NUG လက်အောက် PDF တွေအားကောင်းဖို့လိုတယ် အားကောင်းဖို့လည်း ကျွန်တော်တို့ဘက်မှာ တတ်နိုင်သမျှ ကူညီပံ့ပိုးတယ်၊ အရင်ကလည်း ကူညီပံ့ပိုးတယ် အခုလက်ရှိလည်း ဘယ်လိုနည်းလမ်းကြောင်းနဲ့ ကူမလဲဆိုတာကိုလည်း ကျွန်တော်တို့ဘက်မှာစဥ်းစားထားတယ်၊ အဲတော့ ဗမာပြည် ပြည်သူလူထုအနေနဲ့ PDF တွေ ဒီထက် ဒီထက် အားကောင်းအောင် ဝိုင်းဝန်းပံ့ပိုးပေးဖို့ တောင်းဆိုလိုပါတယ် မေတ္တာရပ်ခံတယ် " လို့ ၎င်းက သံလွင်ခတ် မီဒီယာကို ပြောကြားထားပါတယ်။


လက်ရှိမှာတော့ ဇန်နဝါရီ ၁၇ ရက်က စတင်ပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်မှုဖြင့် ယာယီအပစ်ရပ်စဲ ထားပေမယ့် ပြည်သူတစ်ရပ်လုံး လိုလားတဲ့ ဘုံရည်မှန်းချက်များအတွက် ပုံမှန်အလုပ်လုပ်နေတယ်လို့ ညီနောင်သုံးဖွဲ့က အသိပေး ထားပါတယ်။


========================


🚩🚩 ၄။ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နဲ့စကစတပ်များဆက်လက်တိုက်ပွဲ ပြင်းထန်နေပြီး ပေါက်တောမြို့ကို စကစဘက်က လက်နက်ကြီးပစ်ကူအပြင် လေကြောင်းနှင့် ရေကြောင်းပစ်ကူများကိုပါ အသုံးပြု၍ခုခံကာကွယ်နေရ


ဇန်နဝါရီ၂၀ရက်



ဇန်နဝါရီ၁၉ရက်ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင်းနှင့် အနီးဝန်းကျင်ရှိ တိုက်ပွဲမှာ ပြင်းထန်နေခဲ့ပြီး စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် လက်နက်ကြီးပစ်ကူအပြင် လေကြောင်းနှင့် ရေကြောင်းပစ်ကူများကိုပါ အသုံးပြု၍ အသည်းအသန်ခုခံကာကွယ်နေရတယ်လို့ ရက္ခိုင့်တပ်တော်ကသတင်းထုတ်ပြန်ပါတယ်။


 အလားတူပင်  ရန်သူ့ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်နှင့် နေဗီသင်္ဘောများမှ မင်းပြားမြို့ပေါ်ရပ်ကွက်များအား အပြင်းအထန်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။


ရက္ခိုင်ပြည်၊ မင်းပြားမြို့ပေါ် ရပ်ကွက်များအား စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်အတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ဤသို့ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံ အမျိုးသား () ဦး ဗုံးစထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့ရသည့်အပြင် လူနေအိမ် (၁၀) လုံးကျော်မှာလည်း မီးလောင်ပြာကျခဲ့ရပါတယ်။


========================


🚩🚩 ၅။ မိုးမိတ်မြို့ကို လက်လွှတ်ရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်ကာ  မြို့ကို မီးလောင်တိုက်သွင်း ဖျက်ဆီးနေ


ဇန်နဝါရီ ၂၀။


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို လက်လွတ်ဆုံးရှုံးလိုက်ရ ပြီးတဲ့နောက်မှာ စစ်ကောင်စီ တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ လည်းကောင်း၊ လက်နက်ကြီးများ ပစ်ခတ်၍လည်းကောင်း မြို့ကို ဖျက်ဆီးလျှက် ရှိနေတယ်လို့ ဒေသခံပြည်သူများထံက သိရပါတယ်။


မိုးမိတ်မြို့ ပတ်ပတ်လည်ရှိ စစ်ကောင်စီ တပ်စခန်းများကို KIA TNLA နဲ့ PDF တပ်များက ဇန်နဝါရီလ လဆန်းပိုင်းက စတင်ပြီး တောက်လျောက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် နာရီမှ စတင်ပြီး မိုးမိတ်မြို့နယ် ရဲစခန်းနဲ့ တပ်ရင်း ခုနဲ့ စစ်တပ် အခြေချ ဗျူဟာ တို့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


"မြို့ပေါ် ရဲစခန်းကတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ကတည်းက သိမ်းထားတာ။ မြို့တွင်းထဲကနေ စစ်တပ်က ဆုတ်ခွာပြေးပြီးတော့ လေယာဉ်နဲ့ ဗုံးကျဲတယ်။ လက်နက်ကြီးတွေနဲ့ပစ်တယ်။ မိုးမိတ် မြို့မစျေးကြီး မီးလောင်တယ်။ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးတယ်။ ပြည်သူတွေ ထိခိုက်သေဆုံး မှုတွေလည်းများပါတယ်။ အတိအကျတော့ စာရင်းနဲ့မရသေးဘူး။ မိုးမိတ်မြို့နယ် တစ်ခုလုံး မသိမ်းနိုင် သေးပေမယ့် မိုးမိတ်မြို့ကိုတော့ တော်လှန်ရေးတပ်တွေ ဘက်က ထိန်းချုပ်ထားပြီ" လို့ မိုးမိတ်မြို့ခံ တစ်ဦးက ခေတ်သစ် သတင်းဌာနကို ပြောပြထားပါတယ်။


စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတချို့ရဲ့ ရုပ်အလောင်းများဟာ လမ်းပေါ်မှာနဲ့ အဆောက်အဦးများ ထဲတွင် ရှိနေပြိး ဒါဏ်ရာရရှိ သူများလည်း များပြားနေကာ ဆေးဝါးမကုသနိုင်ဘဲ ကျန်းမာရေး ဆိုးဝါးနေကြောင်း ပိတ်မိနေတဲ့ ပြည်သူများလည်း ရှိနေကြောင်း သိရပါတယ်။


မိုးမိတ်မြို့နယ်တွင် ခမရ ၃၄၈၊ ခလရ ၂၇၆၊ ခလရ ၂၂၃ တပ်ရင်း ခုနဲ့ အခြေချ ဗျူဟာ ခု ရှိနေပြီး ၎င်းတပ်ရင်းများနဲ့ အခြေချ ဗျူဟာတို့က မိုးမိတ်မြို့နယ် မကျစေရေး အပြင်းအထန် ခုခံနေ တယ်လို့ သိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်  မင်းသီဟန်နှင့်မင်းစစ်‌သွေးတို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment