20th JAN 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေး အရှိန်အမြင့်ဆုံး ကာလဖြစ်၍ အင်အားစုအားလုံး ညီညွတ်မှုနှင့် ဟန်ချက်ညီ မဟာဗျူဟာမြောက် ဆောင်ရွက်ကြရန် ယာယီသမ္မတ တိုက်တွန်း

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၄။ NUGအစိုးရတာဝန်ရှိသူများအပါအဝင်MSRFတပ်ရင်းမှူး နှင့် ABSDF တပ်ရင်း တပ်ရင်းမှူး တို့ KBDF (ဒေါနတပ်ခွဲ-)သို့ မြေပြင်ကွင်းဆင်းတွေ့ဆုံပြီး ထူးချွန်ရဲဘော်များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်

📌 ၅။ NUGPay ကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းလုပ်ထားတဲ့ ပမာဏဟာ  (ဘီလီယံ တစ်ထောင်) ထိ ရှိလာတော့မှာ ဖြစ်တယ်လို့အသိပေး

📌 ၆။ NUG အစိုးရ နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ကျပ်သိန်း ရှစ်ဆယ်ကျော်ထောက်ပံ့ငွေ ကူညီနိုင်ခဲ့

📌 ၇။ ပါးမါးတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာကျောင်းသူ၊ ကျောင်းသားများနှင့် မိတ်ဖွဲ့တွေ့ဆုံပွဲ ပါးမါးမြို့တော်ဝန်တက်ရောက်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မန်စီမြို့နယ်မှ ခမရ(၄၂၄) ကို KIA တိုက်ခိုက်သိမ်းပိုက်

🚩 ၂။ ပခုက္ကူမှ ရေစကြိုသို့ထွက်ခွာလာသော စကစ ရိက္ခာကားနှင့် လုံခြုံရေး ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

🚩 ၃။ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများသို့စစ်ကြောင်းထိုးဝင်ရောက်တဲ့ စကစ စစ်ကြောင်းကို နေရာငါးခုမှာ မိုင်းခွဲတိုက်ခိုက်ရာငါးဦးသေဆုံး

🚩 ၄။ ပေါင်းတည်တွင် ကျေးရွာမီးရှို့လာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ

🚩 ၅။ မိုးကုတ်မြို့နယ် စစ်ကောင်စီ ()မိုင်တပ်စခန်းမှ  ()မိုင်ရှိ ပိန်ပြစ်ရွာသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကျေးရွာဒေသခံ ပြည်သူ ()ဦး ကျည်စထိမှန်သေဆုံး

🚩 ၆။ မယ်အိုးကျေးရွာမှ ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၅ ဦးအနက် ဦးအသတ်ခံရ

🚩 ၇။ ဘီးလင်းမြို့နယ်၊ တက်တူကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ဦးသေဆုံး၊ ကလေးငယ် တစ်ဦးအပါအဝင် ဦး ထိခိုက်ဒါဏ်ရာရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေး အရှိန်အမြင့်ဆုံး ကာလဖြစ်၍ အင်အားစုအားလုံး ညီညွတ်မှုနှင့် ဟန်ချက်ညီ မဟာဗျူဟာမြောက် ဆောင်ရွက်ကြရန် ယာယီသမ္မတ တိုက်တွန်း


ဇန်နဝါရီလ ၁၉ရက်။

ဇန်နဝါရီလ ၁၉ ရက် နေ့စွဲဖြင့် CDM နိုင်ငံ့ဝန်ထမ်းထု ညီလာခံကို ပေးပို့တဲ့ သဝဏ်လွှာမှာ ယာယီသမ္မတ က အခုလို ပြောကြားခဲ့တာ ဖြစ်ပါ်တယ်။


"CDM နိုင်ငံ့ဝန်ထမ်းထု အပါအဝင် တော်လှန်ရေးတွင် ပါဝင်နေသူ အားလုံးရဲ့ ဆောင်ရွက်ချက်များက  တော်လှန်ရေး အောင်မြင်မှုအတွက် ရှေ့ရှုရမည်ဖြစ်ပြီး အင်အားစု အားလုံး ညီညွတ်မှုနှင့် ဟန်ချက်ညီ မဟာဗျူဟာမြောက် ဆောင်ရွက်ကြရန် အထူး လိုအပ်ပါသည်" လို့ ယာယီသမ္မတက ပြောပါတယ်။


ယခုကျင်းပသော ညီလာခံမှ CDM နိုင်ငံ့ဝန်ထမ်းများအတွက် ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်ပြီး အားလုံး စုစည်းညီညွတ်စွာ တော်လှန်ရေးခရီး အောင်မြင်သည်အထိ ရှေ့ဆက်နိုင်ပါစေလို့ ယာယီသမ္မတက ဆုတောင်းပေးခဲ့ပါတယ်။


နွေဦးတော်လှန်ရေးနှင့်အတူ အရှိန်အဟုန် ပြင်းပြင်းဖြင့် စတင်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) တွင် CDM နိုင်ငံ့ဝန်ထမ်းထုဟာ အရေးကြီးတဲ့ ထောက်တိုင်ကြီး တစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ယနေ့ တော်လှန်ရေးတွင်လည်း အရေးပါသော အခန်းကဏ္ဍမှာ တည်ရှိနေတယ်ဆိုတာ အထင်အရှားပင် ဖြစ်တယ်လို့လည်း ယာယီသမ္မတ က ဆိုပါတယ်။


CDM နိုင်ငံ့ဝန်ထမ်းများရဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ဒီမိုကရေစီအရေးနှင့် နိုင်ငံသားများရဲ့ လွတ်လပ်ခွင့်အတွက် စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုများဟာ မြန်မာ့တော်လှန်ရေး သမိုင်းတွင် မှတ်ကျောက်တင်နေပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့ကာ တော်လှန်ရေးအလွန် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရာတွင်လည်း CDM နိုင်ငံ့ဝန်ထမ်းထုကြီးရဲ့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှု ပညာရပ်များ၊ အတွေ့အကြုံများနဲ့ အင်အားဟာလည်း အရေးကြီးတဲ့ ထောက်တိုင်အဖြစ် ဆက်လက်တည်ရှိ နေမှာဖြစ်တယ်လို့ သဝဏ်လွှာပေးပိုခဲ့ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ


ဇန်နဝါရီလ ၁၉ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ EOCC အစည်းအဝေးကို ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးသို့ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေး ကော်မရှင်၊ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး၊  EOCC ညှိနှိုင်းရေးမှူး၊ ပြည်ထောင်စု ဒုတိယဝန်ကြီး၊ ဒေါက်တာငိုင်းတမ်မောင်းနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ လုပ်ငန်းအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။


ထို့နောက် အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ EOCC အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ တစ်ခုချင်းစီအလိုက် အစည်းအဝေး ခေါ်ယူကျင်းပပြီး ရေးဆွဲထားသည့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ရန်နှင့် လိုအပ်သည့်လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ကြရန်၊ မြို့နယ်အဆင့် အရေးပေါ်အခြေအနေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း အဖွဲ့ဝင်များဖွဲ့စည်းကာ လေကြောင်းရန် စောင့်ကြည့်သတိပေးနိုင်ရေး ကြိုတင်ပြင်ဆင်ရန်၊ ဌာနအသီးသီးက ထုတ်ပြန်ထားသည့် လေကြောင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး ညွှန်ကြားချက်များကို ပြည်သူလူထုထံသို့  နားလည်လွယ်မည့် လမ်းညွှန်ချက်အဖြစ် ပြင်ဆင်ပြုစုရန်၊ EOCC အစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့ အစည်းအဝေးများကို ပုံမှန် ကျင်းပပြုလုပ်သွားရန်နှင့် လုပ်ငန်းစီမံချက်များ ပြုစုပြီး အစည်းအဝေးတွင် ပြန်လည် တင်ပြအတည်ပြု ဆောင်ရွက်သွားရန်တို့ ဆွေးနွေးခဲ့ကြပါတယ်။


ဆက်လက်ပြီး အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၁၇ ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ကြပြီး အဆိုပါအစည်းဝေးတွင် ဗဟို EOCC ကဲ့သို့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များကို မြေပြင်တွင်လဲ ဖွဲ့စည်းနိုင်ရေး တိုက်တွန်းပူးပေါင်းဆောင်ရွက်သွားရန်၊ လက်တွေ့ ပါဝင်ဆောင်ရွက်စေရေး ကြီးကြပ်ကွပ်ကဲကြရန်၊ လေကြောင်းရန်များကို စောင့်ကြည့်ရေးနှင့် ကြိုတင်သတိပေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါတယ်။


ထို့အပြင် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးအဖွဲ့ အစည်းအဝေးကို ၁၈ရက်နေ့တွင်လည်း ဆက်လက် ကျင်းပခဲ့ကြပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ


ဇန်နဝါရီလ ၁၉ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၄)ကို ဇန်နဝါရီ၁၉ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊အတွင်း‌ရေးမှူးအဖွဲ့ဝင်၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ NUGအစိုးရတာဝန်ရှိသူများအပါအဝင်MSRFတပ်ရင်းမှူး နှင့် ABSDF တပ်ရင်း တပ်ရင်းမှူး တို့ KBDF (ဒေါနတပ်ခွဲ-)သို့ မြေပြင်ကွင်းဆင်းတွေ့ဆုံပြီး ထူးချွန်ရဲဘော်များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်


ဇန်နဝါရီလ ၁၉ရက်။

NUGအစိုးရတာဝန်ရှိသူများအပါအဝင်MSRFတပ်ရင်းမှူး နှင့် ABSDF တပ်ရင်း တပ်ရင်းမှူး တို့ KBDF (ဒေါနတပ်ခွဲ-)သို့ မြေပြင်ကွင်းဆင်းတွေ့ဆုံပြီး ထူးချွန်ရဲဘော်များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။


၂၀၂၄ခုနစ် ဇန်နဝါရီလ ၁၆ရက်နေ့တွင် အမှတ်၃၃ စစ်ကြောင်းဗျူဟာမှူး ဗိုလ်ဒါးကို ရန်ကုန်တိုင်းစစ်‌ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝ MSRF တပ်ရင်းမှူး ဒရာဂွန် ABSDF တပ်ရင်း၁ တပ်ရင်းမှူး ဦးသိန်းလွင် တို့သည် ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ-) သို့ မြေပြင်ကွင်းဆင်းလေ့လာကာ ရဲဘော်များနှင့် တွေ့ဆုံမှုများလုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


တာဝန်ရှိသူများဟာ ရဲဘော်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်နေသော စစ်အသုံးအဆောင် ပစ္စည်းများအား ပေးအပ်ခဲ့တယ်လို့ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတည်ပြုပါတယ်။


ထိုအပြင် ပြီးခဲ့သည့် ဒရုန်းစစ်ဆင်ရေးတွင် စစ်ရေးဖော်ဆောင်ခဲ့သော ရဲဘော်၊ ရဲမေများနှင့်တွေ့ဆုံကာ ဂုဏ်ပြုဆုငွေများလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။


========================


📌📌 ၅။ NUGPay ကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းလုပ်ထားတဲ့ ပမာဏဟာ  (ဘီလီယံ တစ်ထောင်) ထိ ရှိလာတော့မှာ ဖြစ်တယ်လို့အသိပေး


ဇန်နဝါရီလ ၁၉ရက်။

NUGPay ကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းလုပ်ထားတဲ့ ပမာဏဟာ  (ဘီလီယံ တစ်ထောင်) ထိ ရှိလာတော့မှာ ဖြစ်တယ်လို့ ဇန်နဝါရီလ ၁၉ရက်မှာ NUG Payကအသိပေးကြေညာပါတယ်။


"မကြာခင်မှာ NUGPay ကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းလုပ်ထားတဲ့ ပမာဏဟာ ထရီလီယံ (ဘီလီယံ တစ်ထောင်) ထိ ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ အကြမ်းဖက်စစ်ကောင်စီ လက်လှမ်းမမီတဲ့ ပြည်သူတွေရဲ့ ငွေကြေးလည်ပတ်မှုပဲ ဖြစ်ပါတယ်။ တော်လှန်ရေးခရီးဟာ ခက်ခဲကြမ်းတမ်းပေမယ့် ငါတို့မှာ ငါတို့ပဲရှိတယ်လို့ ကြွေးကြော်ရင်း ကျောချင်းကပ်အတူရှိခဲ့ကြတဲ့ ပြည်သူ့အောင်မြင်မှုကို အသိအမှတ်ပြုကြရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ NUGPayဟာ စကစရဲ့ ဘဏ္ဍာရေးစနစ်အောက်က လွတ်မြောက်တဲ့ ဘဏ္ဍာရေးယန္တရားတစ်ခုလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ NUG အစိုးရ နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ကျပ်သိန်း ရှစ်ဆယ်ကျော်ထောက်ပံ့ငွေ ကူညီနိုင်ခဲ့


ဇန်နဝါရီလ ၁၉ရက်။

NUG အစိုးရ နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ကျပ်သိန်း ရှစ်ဆယ်ကျော် ထောက်ပံ့ငွေ ကူညီနိုင်ခဲ့တယ်လို့ ဇန်နဝါရီလ ၁၉ရက်မှာ CDM Medical Networkကအသိပေးဆိုပါတယ်။


၂၀၂၃ ခုနှစ် နိုဝင်ဘာလ တွင် NUG အစိုးရ နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်း  စုစုပေါင်း ကျပ်သိန်း ရှစ်ဆယ်ကျော်ကို ကျန်းမာရေး CDM ဝန်ထမ်း (169) ယောက်မှ မျှဝေ ရရှိခဲ့ပါတယ်လို့ဆိုပါတယ်။


ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း သုံးသောင်း ကျော် ရှိသည့် အနက်မှ စားဝတ်နေရေးခက်ခဲနေသော ဝန်ထမ်းများကို အတတ်နိုင်ဆုံးဦးစားပေး ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။


ကျန်ရှိနေသေးတဲ့ ကျန်းမာရေးCDMဝန်ထမ်းများကိုလည်း တစ်လချင်း ရရှိသော ထောက်ပံ့ကြေးခွဲတမ်းများ အရ အလှည့်ကျ ခွဲဝေပေးဖို့စီစဉ်ထားတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ပါးမါးတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာကျောင်းသူ၊ ကျောင်းသားများနှင့် မိတ်ဖွဲ့တွေ့ဆုံပွဲ ပါးမါးမြို့တော်ဝန်တက်ရောက်


ဇန်နဝါရီလ ၁၉ရက်။

ပါးမါးတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာကျောင်းသူ၊ ကျောင်းသားများနှင့် မိတ်ဖွဲ့တွေ့ဆုံပွဲ ပါးမါးမြို့တော်ဝန်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့၊ အင်္ဂါနေ့တွင် Giuseppe Malpeli Italy Burma Friendship Association မှ ပါးမါးတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာကျောင်းသူ၊ ကျောင်းသားများနှင့် မိတ်ဖွဲ့တွေ့ဆုံပွဲကို စီစဥ်ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ အဖွဲ့အစည်း ဥက္ကဋ္ဌနှင့် တာဝန်ခံများ၊ ပါးမါးမြို့တော်ဝန်၊ ပါးမါးတက္ကသိုလ် ပါမောက္ခနှင့် ဆရာ ဆရာမများ၊ ပါးမါးတက္ကသိုလ်တွင် တက်ရောက်နေကြသော မြန်မာကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့ကြကာ ရင်းရင်းနှီးနှီး နှုတ်ခွန်းဆက် စကားပြောခဲ့ကြပါတယ်။ 


မြန်မာ့ဒီမိုကရေစီအရေးနှင့် မြန်မာပြည်သူပြည်သားများအတွက် အစဥ်တစိုက် ရပ်တည်ကြိုးစားပေးလျက်ရှိသော ပါးမါးမြို့နှင့် အီတလီမြန်မာမိတ်ဆွေအဖွဲ့ကို အထူးကျေးဇူးတင်ရှိတယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ မန်စီမြို့နယ်မှ ခမရ(၄၂၄) ကို KIA တိုက်ခိုက်သိမ်းပိုက်


ဇန်နဝါရီလ ၁၉ရက်။

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ ကောင်းမှုယန်ကျေးရွာ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း - ခမရ (၄၂၄) စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံက သိရပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ အဆိုပါ ခမရ ၄၂၄ စခန်းကို KIA တပ်မဟာ () က တိုက်ခိုက်သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် အရှင်ဖမ်းဆီးရမိကြောင်း သတင်းများထွက်ပေါ်နေပေမယ့် KIA အနေဖြင့် အသေးစိတ် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။


 KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ဟာ ဖားကန့်‌ဒေသဘက်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ‌သေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။


========================


🚩🚩 ၂။ ပခုက္ကူမှ ရေစကြိုသို့ထွက်ခွာလာသော စကစ ရိက္ခာကားနှင့် လုံခြုံရေး ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်


ဇန်နဝါရီလ ၁၉ရက်။

ဇန်နဝါရီလ ၁၉ရက်မှာ စစ်ရေးသတင်းကို Young Force - UGကအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီလ ၁၉ရက်နေ့ မနက်ပိုင်းတွင် ပခုက္ကူမှ ရေစကြိုသို့ထွက်ခွာလာသော စကစ ရိက္ခာကားနှင့် လုံခြုံရေး ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားနှစ်စီးပျက်စီးသွားပြီး ကျန်ကားများမှာ ပခုက္ကူစက်မှုဇုန်ဂိတ်သို့ ပြန်လှည့်သွားခဲ့တယ်လို့သိရပါတယ်။


ဒဏ်ရာရ စကစများကို မြို့ထဲမှ  လူမှုကူညီရေးကားများဖြင့် လာရောက် ခေါ်ဆောင်သွားကာ စကစထိခိုက်မှုရှိပြီး သေဆုံးမှုရှိ၊ မရှိကိုအတည်ပြုနေဆဲ ဖြစ်ပါတယ်။


၎င်းတိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပကဖနှင့် ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ()မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


🚩🚩 ၃။ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများသို့စစ်ကြောင်းထိုးဝင်ရောက်တဲ့ စကစ စစ်ကြောင်းကို နေရာငါးခုမှာ မိုင်းခွဲတိုက်ခိုက်ရာငါးဦးသေဆုံး


ဇန်နဝါရီလ ၁၉ရက်။

ဇန်နဝါရီလ ၁၉ ရက်နေ့Guerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့)ကစစ်ရေးသတင်းကိုအတည်ပြုပါတယ်။


"ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်တဲ့ အင်အား၂၀၀ပါ စကစစစ်ကြောင်းနေရာငါးခုတွင် အသင့်စောင့်ကြို၍ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


မိုင်းထိမှန်၍ စကစ၅ဦးနေရာတင်သေဆုံးကာ ၁၆ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။


စစ်ဆင်ရေးကိုGuerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့)Dawei Defense Team - DDT ၊ထားဝယ်နဂါးတပ်ခွဲ_၅၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံးမြို့နယ် - LLPDF (လိပ်ပြာတပ်စု)တို့ပါဝင်ပါတယ်။


========================


🚩🚩 ၄။ ပေါင်းတည်တွင် ကျေးရွာမီးရှို့လာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ


ဇန်နဝါရီလ ၁၉ရက်။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ မအူကွင်းကျေးရွာကို မီးရှို့ဖျက်စီးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF) မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။


 ဇန်နဝါရီ ၁၄ ရက်၊ ညနေ နာရီခန့်က မအူကွင်းရွာကို မီးရှို့ဖျက်ဆီးပြီး တောင်ခမောက်ရွာ ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တပ်ရင်း (၃၆၀၁ PPDF) တပ်ရင်း Sniper အဖွဲ့မှ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်ခွဲအသီးသီးမှ ရဲဘော်များကလည်း မိုင်းသုံးကြိမ်ဆွဲကာ တိုက်ခိုက်ခဲ့တယ်လို့ ၎င်းကပြောပြပါတယ်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်များ နဲ့ ပြန်လည်ပစ်ခတ်ပြီး တောင်ခမောက်ရွာထဲကို ဝင်ရောက်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။


ထို့နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များဟာ ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ နာရီခွဲ ခန့်မှာ တောင်ခမောက်ရွာ အတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ပြီး နေအိမ် (၇၂) လုံး၊ စပါးကျီ () လုံး၊ ပညာရေးဝန်ထမ်းအဆောင် တစ်လုံး မီးလောင်ပြာကျ သွားခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ မီးရှို့ဖျက်စီးမှုကြောင့် တောင်ခမောက်ကျေးရွာတွင် မီးဘေးသင့်ပြည်သူ အမျိုးသား (၁၁၁)ဦး၊ အမျိုးသမီး(၁၁၈)ဦးဖြင့် စုစုပေါင်း ၂၂၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ စုစမ်းသိရှိပါတယ်။


========================


🚩🚩 ၅။ မိုးကုတ်မြို့နယ် စစ်ကောင်စီ ()မိုင်တပ်စခန်းမှ  ()မိုင်ရှိ ပိန်ပြစ်ရွာသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကျေးရွာဒေသခံ ပြည်သူ ()ဦး ကျည်စထိမှန်သေဆုံး


ဇန်နဝါရီလ ၁၉ရက်။

ဇန်နဝါရီလ ၁၉ရက် PSLF/TNLAက စကစတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်ကို အသိပေးဆိုထားပါတယ်။


"တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ မိုးကုတ်မြို့နယ် စစ်ကောင်စီ ()မိုင်တပ်စခန်းမှ ဇန်နဝါရီလ ၁၉ရက် နံနက် (၁၁း၂၅)နာရီအချိန်တွင် ()မိုင်ရှိ ပိန်ပြစ်ရွာသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ()မိုင်ရှိ ကျေးရွာဒေသခံ ပြည်သူ ()ဦး ကျည်စထိမှန်သေဆုံးပြီး၊ ()ဦး ဒဏ်ရာရ၊  လူနေအိမ် ()လုံး ကျည်စထိမှန် ပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၆။ မယ်အိုးကျေးရွာမှ ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၅ ဦးအနက် ဦးအသတ်ခံရ


ဇန်နဝါရီလ ၁၉ရက်။

 ဇန်နဝါရီလ ၁၈ရက်၊ မနက်ပိုင်းက အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲအိုး‌ရွာ အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူ ၁၅ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။


၎င်းဖမ်းဆီးခံ ပြည်သူများအနက်မှ ဦးရဲ့ ရုပ်အလောင်းများကို ဇန်နဝါရီလ ၁၉ ရက်နေ့တွင် လက်ယက်ကုန်းရွာ အနီးမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


မဲအိုးရွာကနေ ဖမ်းသွားတဲ့ အထဲကနေ သတ်ခံရတာ၊ ရေဦးကနေ ဒီပဲယင်းကို ထွက်လာတာ တစ်ညအိပ်ပြီး မဲအိုးကျေးရွာကို ဝင်တဲ့စစ်ကြောင်းက သတ်သွားတာ၊ ကျွန်တော်တို့ နယ်မြေရှင်းရေးတွေ လုပ်တော့ လက်ယက်ကုန်း ကျေးရွာကို ရောက်တော့ အလောင်းတွေကို တွေ့ရတာပါလို့ ၎င်းက ပြောပါတယ်။


အကြမ်းဖက်စစ်တပ်က သတ်ဖြတ်သွားခဲ့တဲ့ သေဆုံးလျှက် တွေ့ရှိရသူများမှာ မဲအိုးကျေးရွာမှ ကိုထွန်း၊ ကိုဇော်ဝင်း၊ ကိုအောင်မြင့်ကျော် နှင့် အမည်မသိ မိန်းကလေးတစ်ဦး ဖြစ်ကြောင်း ဒီပဲယင်း စစ်ရှောင် ထောက်ပံရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။


အသတ်ခံရတာ လေးဦး၊ အမျိုးသား ဦး၊ နှစ်ယောက်က ခြေလက်ခေါင်းတွေ ဖြတ်ပြီးတော့ ပုံထားခဲ့တာ၊ တစ်ယောက်က လည်ပင်းကို ဓားနဲ့ ခုတ်ထားခဲ့တာ၊ အမျိုးသမီး အလောင်းကတော့ သတ်ပြီးမှ ရှို့တာလား၊ ရှို့ပြီး သတ်တာလားတော့ မသိဘူး၊ အိတ်ထဲထည့် ရှို့ခဲ့တာလို့ ၎င်းက ပြောပါတယ်။


လက်ရှိမှာ ဒီပဲယင်းကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ရေဦးမြို့နယ်ကို ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ပေမယ့် မဲအိုးကျေးရွာမှ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံများ ယခုအချိန်ထိ ပြန်မလွတ် သေးဘူးလို့ သိရပါတယ်။


========================


🚩🚩 ၇။ ဘီးလင်းမြို့နယ်၊ တက်တူကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ဦးသေဆုံး၊ ကလေးငယ် တစ်ဦးအပါအဝင် ဦး ထိခိုက်ဒါဏ်ရာရ


ဇန်နဝါရီလ ၁၉ရက်။

ဇန်နဝါရီလ ၁၉ ရက်နေ့ (ဒီနေ့) နေ့လယ် ၁၁ နာရီ မိနစ်နဲ့ ၁၁ နာရီ ၁၁ မိနစ် အချိန်များမှာ ဘီးလင်းမြို့နယ်၊  တက်တူကုန်း ကျေးရွာထဲကို စစ်ကောင်စီ အမြှောက်တပ် အမတ - (၃၁၄) က လက်နက်ကြီး လုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။


နေ့လည် ၁၁ လောက်မှာ အမတ (အမြှောက်တပ်) ကပစ်တာ၊ ရွာထဲက ကွတ်တီယိုဆိုင်နား ကျတယ်၊ နေ့ခင်း လူကျနေတဲ့ အချိန်ဖြစ်နေတော့ ထိခိုက်တာများသွားတယ်၊ သုံးယောက်သေတယ်၊ ခုနှစ်ယောက် ဒါဏ်ရာရတယ်၊ ကလေးတစ်ယောက်နဲ့ နောက်လေးယောက်က နည်းနည်းစိုးရိမ်ရတယ်။လို့ တက်တူကုန်း ရွာခံတစ်ဦးက ပြောပြပါတယ်။


အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တက်တူကုန်းကျေးရွာမှ နော်မူ() ဒေါ်ယဉ်ယဉ်ဌေး (အသက် ၄၉ နှစ်) မစန္ဒာ အသက် ၂၂ နှစ်၊ နဲ့ ကြက်ခြေခတ် ကျေးရွာမှ နော်ကော်လာမူ တို့ ဦး ထိမှန်သေဆုံးခဲ့ရတယ်လို့ ၎င်းဒေသခံက ပြောပါတယ်။


ထို့အပြင် အသက် () နှစ်အရွယ် ကလေးငယ် တစ်ဦးနဲ့ အမျိုးသား တစ်ဦး၊ အမျိုးသမီး သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး နောက်ထပ် နှစ်ဦးကတော့ မစိုးရိမ်ရ ဒါဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းဒေသခံက  ဆက်ပြောပါတယ်။


ဇန်နဝါရီလ ၁၇ ရက်နေ့ (မနေ့က) နေ့လယ် ၁၁ နာရီခန့် ကလည်း စစ်ကောင်စီ တပ်က ပစ်ခတ် လိုက်တဲ့ လက်နက်ကြီးကျည် တစ်လုံးဟာ သထုံမြို့နယ် ကော့လှိုင်းရွာကြီးနှင့် ရွာလေးကြား ကျရောက် ပေါက်ကွဲ ခဲ့ပါသေးတယ်။


အဆိုပါ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၅၀ အရွယ် အမျိုးသား တစ်ဦး ညာဘက်ခြေထောက် ကြေမွဒဏ်ရာနဲ့ ၎င်းရဲ့ အမျိုးသမီး မှာလည်း ညာဘက်ပေါင်တွင် ထိခိုက် ဒါဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။


ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာမှ ရွာသားနှစ်ဦး စစ်ကောင်စီ အမြှောက်တပ် အမတ - (၃၁၀) မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါသေးတယ်။


KNU - သထုံခရိုင် ထိန်းချုပ်နယ်မြေ အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကို စစ်ကောင်စီ တပ်တွေက နေ့စဉ်မပြတ် ပြုလုပ်နေတယ်လို့ KNU နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။


AAPP ရဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ဇန်နဝါရီ ရက်နေ့မှ ၁၆ ရက်နေ့ အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၃၈ ဦးအထိ သေဆုံးခဲ့ရ တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment