27th JAN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) အွန်လိုင်းဆွေးနွေးပွဲ ယာယီသမ္မတ ဒူဝါလရှီးလအဖွင့်အမှာစကားပြောမည်"

📌 ၂။ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ CDM ဝန်ထမ်းများ တွေ့ဆုံ

📌 ၃။ သိမ်းပိုက်ထားသော စခန်းကုန်းများနှင့် မြိုရွာများကို NUG ကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ် သွားရောက်စစ်ဆေး

📌 ၄။ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တော်လှန်ရေးအင်အားစုအချင်းချင်း ယခုထက် ပိုမိုချိတ်ဆက် လုပ်ဆောင်နိုင်ရေးတို့ ဆွေးနွေးခဲ့

📌 ၅။ PNLO/PNLA ကြေညာချက်ကိုကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်မည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ပြော

📌 ၆။ နွေဦးထီ version 2.0ကို အနာဂတ် ကံကောင်းခြင်းများရဲ့ နိမိတ် ဂဏန်း () လုံး နံပါတ်စဥ် စနစ် ဖြင့် လည်ပတ်သွားမယ်

📌 ၇။ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိတာကြောင့် တစ်လအတွင်း နိုင်ငံရေး အကျဉ်းသား () ဦး ထိ သေဆုံးခဲ့


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ Federal Wing ဒရုန်းတပ်ဖွဲ့မှ ဒရုန်းပျံသန်းမောင်းနှင်နည်းများ၊ဒရုန်းတပ်ဆင်နည်းများကို လွတ်မြောက်နယ်မြေတနေရာမှာ သင်တန်းပို့ချ

🚩 ၂။ လက်နက်နဲ့တကွ အလင်းဝင်ရောက်သူ ဦးနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ကို ဂုဏ်ပြုငွေ ချီးမြှင့်

🚩 ၃။ မြိုင်မြို့နယ် ကန်နီ ပျူစောထီးရွာရှိ စစ်ကောင်စီစခန်းကို လက်နက်ကြီး အလုံး ၂၅၀ ခန့်ဖြင့် ပစ်ခတ် တိုက်ခိုက်

🚩 ၄။ ရေစကြိုမှ ရှင်မ တောင်ပေါ်သို့ ရိက္ခာပို့မည့်စစ်ကြောင်းကို ရက်ဆက် ဗုံကြဲတိုက်ခိုက်

🚩 ၅။ ရေး တံတားကြီးဂိတ်တွင် ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ် စနိုက်ဘာဖြင့် ပစ်ခတ်ခံရပြီး ဦး ပွဲချင်းပြီး သေဆုံး

🚩 ၆။ ဘုတလင်စခန်းမှ ထွက်လာပြီး ကျေးရွာများအား မီးထွက်ရှို့လာသော စကစတပ် များအား BOB တပ်ရင်း နှင့် ပူးပေါင်း မဟာမိတ် အဖွဲ့ များမှ ကြားဖြတ် တိုက်ခိုက်ခဲ့

🚩 ၇။ လယ်ဒိုမြို့နယ်တွင် ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင် ၁၇ ဦးကို စစ်တပ်ကဖမ်းဆီး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အိမ် ၁၆ လုံး ပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) အွန်လိုင်းဆွေးနွေးပွဲ ယာယီသမ္မတ ဒူဝါလရှီးလအဖွင့်အမှာစကားပြောမည်"


ဇန်နဝါရီလ ၂၇ရက်။

"မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) အွန်လိုင်းဆွေးနွေးပွဲ ယာယီသမ္မတ ဒူဝါလရှီးလအဖွင့်အမှာစကားပြောမည်"ဖြစ်ကြောင်း ဇန်နဝါရီလ၂၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။


စစ်တပ်က အာဏာသိမ်းယူရန်ကြိုးစားခဲ့သည့် နှစ်ပြည့်အဖြစ် မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) က ကမကထပြုစီစဥ်သည့် အွန်လိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ အဖွင့်အမှာစကား ပြောကြားမှာဖြစ်တယ်လို့ဖော်ပြပါတယ်။


"Emerging Realities in Myanmar: What Can the International Community Do?""မြန်မာနိုင်ငံတွင် ဖြစ်ထွန်းလာသည့် ပကတိအခြေအနေများ - နိုင်ငံတကာအသိုင်းအဝိုင်းက ဘာလုပ်နိုင်မည်နည်း" ဆိုသည့် ခေါင်းစဥ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကျင်းပသွားမှာဖြစ်ပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ CDM ဝန်ထမ်းများ တွေ့ဆုံ


ဇန်နဝါရီလ ၂၇ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ်၊ မန်းဝင်းခိုင်သန်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ CDM ဝန်ထမ်းများ တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုကို ဇန်နဝါရီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာမှာအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနအနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ဆောင်ရွက်ချက်များ၊ တော်လှန်ရေးရဲ့ ပကတိ အခြေအနေများကို နိုင်ငံတကာ အသိုင်းဝိုင်းက ပိုမိုသိရှိ နားလည်အောင် အစဥ်တစိုက် လုပ်ဆောင်ပေးနေကြတယ်လို့လည်း သိရှိရပါကြောင်း။ ဒီလို လုပ်ဆောင်မှုတွေကတဆင့် နိုင်ငံတကာရဲ့ ထောက်ခံမှုနဲ့ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ အကူအညီတွေ ရရှိအောင်လည်း ဆက်လက်ကြိုးစား ပေးကြစေချင်ပါကြောင်းပြောကြားခဲ့ ပါတယ်။


တော်လှန်ရေးရဲ့ စစ်ရေးအရှိန် ပိုမိုမြင့်တက်လာတာနဲ့အမျှ အကြမ်းဖက် စစ်တပ်ရဲ့ လူမဆန်တဲ့ ဖိနှိပ်မှုတွေကြောင့် စစ်ဘေးရှောင် နေရတဲ့ ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အကူအညီတွေ ရရှိနိုင်ရေးအတွက် ပိုမို အားထည့်ပြီး ဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်းလိုပါကြောင်းဝန်ကြီးချုပ်က ဆက်ပြောပါတယ်။


၎င်းတွေ့ဆုံပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ ဒုတိယဝန်ကြီး ဒေးဗစ်ဂွမ်အောင်၊  ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ နှင့် CDM ဝန်ထမ်းများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ သိမ်းပိုက်ထားသော စခန်းကုန်းများနှင့် မြိုရွာများကို NUG ကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ် သွားရောက်စစ်ဆေး


ဇန်နဝါရီလ ၂၇ရက်။

တော်လှန်‌ရေး တပ်ဖွဲ့များက သိမ်းပိုက်ထားတဲ့ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေ အတွင်းရှိ စခန်းကုန်းများကို NUG ကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ် တို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်‌ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်ဦးစီးချုပ် (အမှတ် စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း (R Hkawng Lum) တို့ဦးဆောင်ကာ  မန်ဝိန်းကြီး နယ်မြေအတွင်းရှိ စခန်းကုန်းများနဲ့ မြို့ရွာများကို လှည့်လည်စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။


အဆိုပါ ခရီးစဉ်အတွင်း သိမ်းထားသော စခန်းကုန်းများ၊ မြို့ရွာများအပြင် စစ်လက်နက်ပစ္စည်း များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့ရင်ခွင် ခိုလှုံထားသူများနဲ့ ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ နှင့်လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် သိမ်းပိုက်ရရှိသော စစ်လက်နက် ပစ္စည်းများကိုလည်း ပြည်သူ့တော်လှန်ရေး ရဲဘော် များအား တပ်ဆင်သွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ အသိပေး ထားပါတယ်။


ကချင်ပြည်နယ် မံစီမြိုနယ်ရှိ မန်ဝိန်းကြီး စစ်ကောင်စီ တပ်စခန်းကို ဇန်နဝါရီလ ၂၁ ရက်တွင်  ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက် ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲဝင် ၂၀၀ နီးပါး လက်နက်ချခဲ့ကြပါတယ်။


========================


📌📌 ၄။ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တော်လှန်ရေးအင်အားစုအချင်းချင်း ယခုထက် ပိုမိုချိတ်ဆက် လုပ်ဆောင်နိုင်ရေးတို့ ဆွေးနွေးခဲ့


ဇန်နဝါရီလ (၂၇) ရက်။

မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (/၂၀၂၄) ကို ဇန်နဝါရီလ၂၇ရက်မှာ ကျင်းပခဲ့ပါတယ်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်လာသောလွှတ်‌တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များမှ တစ်ပတ်အတွင်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခြင်း၊  မန္တလေးဖက်ဒရယ်ယူနစ် အတွင်း ဆောင်ရွက်ရမည့်  ကိစ္စရပ်များဆွေးနွေးခြင်း၊ ပုံမှန်တွေ့ဆုံနေကြ စီဒီအမ်များနှင့် ဆက်လက်တွေ့ဆုံနိုင်ရန်၊ တော်လှန်ရေးအင်အားစုအချင်းချင်း ယခုထက် ပိုမိုချိတ်ဆက် လုပ်ဆောင်နိုင်ရေး တို့ ဆွေးနွေးခဲ့ကြပါတယ်။


အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ (:၄၀) နာရီတွင် ရပ်နားခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၅။ PNLO/PNLA ကြေညာချက်ကိုကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်မည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ပြော


ဇန်နဝါရီလ ၂၇ရက်။

စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်နိုင်တဲ့အထိ ဘဝတူမဟာမိတ်များနှင့် အတူဆင်နွှဲသွားမည် ဆိုသော PNLO/PNLA ကြေညာချက်ကို ထောက်ခံကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC က ဇန်နဝါရီလ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

PNO/PNA ဟာ သမိုင်းအစဉ်အလာကောင်းရှိခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လိမ်လည်လှည့်ဖျားမှုများနဲ့ အတင်းအကျပ် ဖိအားပေးမှုတွေကြောင့် တော်လှန်ရေးအဖွဲအစည်းအဖြစ်ကနေ ပြည်သူ့ စစ်အဖြစ် အသွင်ပြောင်းခဲ့ရပေမယ့် လက်ရှိအချိန်မှာ လူထုတော်လှန်ရေးကြီးနဲ့အတူ ပြန်လည်ပူးပေါင်းဆင်နွှဲကြဖို PNFC က ၎င်းတို့ရဲ့ ကြေညာချက်ကနေ ပန်ကြားထားပါ တယ်။ 

ဒါ့အပြင် ပအိုဝ်းလူမျိုး အချင်းချင်းကြား ပဋိပက္ခမဖြစ်စေရေး PNO/PNA က ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း PNFC က တောင်းဆိုထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပအိုဝ်းတိုင်းရင်းသာအချင်းချင်းကြား ပဋိပက္ခဖြစ်စေရေး၊ ပအိုဝ်းတိုင်းရင်းသားတွေနဲ့ အခြား တိုင်းရင်းသားများအကြား လူမျိုးရေးပဋိပက္ခဖြစ်စေရေး နည်းမျိုးစုံနဲ့ သပ်လျှိဖြိုခွဲနေတာကြောင့် ပအိုဝ်းဆရာတော် သံဃာတော်များနဲ့တကွ ပအိုဝ်းမိဘပြည်သူများက ဝိုင်းဝန်း ကာကွယ်တားဆီးပေးကြဖို့လည်း PNFC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့အပြင် အကြမ်းဖက်စစ်တပ်လက်အောက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင်ကို ယုံကြည်စွာခိုလှုံကြဖို့နဲ့ ဘက်ပြောင်းလာသူတွေကို ကျင့်ဝတ် စည်းကမ်းတွေနဲ့အညီ နွေးထွေးစွာကြိုဆိုကြ ဖို့လည်း အသိပေးထားပါတယ်။ 

ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့မူကို ကိုင်စွဲထားတဲ့ တော်လှန်ရေးအဖွဲဝင်များအနေနဲ့ စစ်အာဏာရှင်နဲ့ အပေါင်းပါတွေ ဖန်တီးနေတဲ့ လူထုဆန့်ကျင်ရေး ထောင်ချောက်မှာ မကျရောက်စေရေး အထူးသတိထားဆောင်ရွက်ကြဖို့လည်း PNFC က သတိပေးထားပါသေးတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းတော်လှန်ရေးအဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ပအိုဝ်းလူမျိုးအချင်းချင်းကြားမှာ ပဋိပက္ခတွေမဖြစ်စေဖို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ PNFC က အခုလိုထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ နွေဦးထီ version 2.0ကို အနာဂတ် ကံကောင်းခြင်းများရဲ့ နိမိတ် ဂဏန်း () လုံး နံပါတ်စဥ် စနစ် ဖြင့် လည်ပတ်သွားမယ်


ဇန်နဝါရီလ၂၇ရက်။

နွေဦးထီ version 2.0ကို အနာဂတ် ကံကောင်းခြင်းများရဲ့ နိမိတ် ဂဏန်း () လုံး နံပါတ်စဥ် စနစ် ဖြင့် လည်ပတ်သွားမယ်လို့ သိရပါတယ်။


"ယခင် နွေဦးထီမှာ ထီအပတ်စဥ်အပြင် ဂဏန်း ()လုံးနဲ့ စုစုပေါင်း (၁၀) လုံး ဖွဲ့စည်းထားခဲ့ပါတယ်။ ယခု version 2 မှာတော့ အနာဂတ် ကံကောင်းခြင်းများရဲ့ နိမိတ် ကဏန်း () လုံး နံပါတ်စဥ် စနစ် ဖြင့် လည်ပတ်သွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ကံကောင်းခြင်း၊ အမိမြေ၏ အနာဂတ် ကံကောင်းခြင်းတွေကို ဖော်ဆောင်ပေးဖို့ ကံကောင်းခြင်းလက်ဆောင်တွေကို နွေဦးချစ်သူတွေရဲ့ ရှေ့မှောက်ကို မကြာခင် ယူဆောင်လာပါတော့မယ်"လို့ဆိုပါတယ်။


မကြာခင် ထွက်ရှိမယ့် နွေဦးထီ website platform မှာ ထိုးဖို့အတွက် SDB  အကောင့်ကိုလည်း ဖွင့်နိုင်တယ်လို့သိရပါတယ်။


အောင်လံလွှင့်ချီ နွေဦးထီကို လစဥ်ဖွင့်လှစ်ပေးလျက်ရှိပြီး ယခင်အမြင့်ဆုံးဆုကြေးကျပ်သိန်းတရာအထိချီးမြှင့်ပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၇။ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိတာကြောင့် တစ်လအတွင်း နိုင်ငံရေး အကျဉ်းသား () ဦး ထိ သေဆုံးခဲ့


ဇန်နဝါရီလ ၂၇ရက်။

အကျဉ်းထောင်တွေအတွင်း လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိခဲ့တဲ့အတွက် ဇန်နဝါရီ တစ်လအတွင်း နိုင်ငံရေး အကျဉ်းသား ဦးအထိ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက်မှ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မကွေးအကျဉ်းထောင်မှ တက္ကသိုလ်ကျောင်းသူတစ်ဦးနှင့် ဇန်နဝါရီ ၂၅ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်းအတွင်းရှိ အကျဉ်းထောင်တစ်ခုမှ နိုင်ငံ‌ရေး အကျဉ်းသား အမျိုးသား တစ်ဦး လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိလို့ ထပ်မံသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းတုန်းက မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား () ဦး လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိခဲ့တဲ့အတွက် သေဆုံးခဲ့ရပြီး အခု နှစ်ဦး ထပ်မံ သေဆုံးခဲ့တဲ့အတွက် ဇန်နဝါရီလအတွင်း သေဆုံးခဲ့တဲ့ နိုင်ကျဉ်း () ဦးထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။


အရင်နှစ် (၂၀၂၃ ခုနှစ်) တစ်နှစ် အတွင်းမှာ နိုင်ငံရေး အကျဉ်းသား ၁၇ ဦးအထိ ကျန်းမာရေး မကောင်းရာမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိတာ၊ ဆေးမှားထိုးမိတာတွေနဲ့ သေဆုံးခဲ့ပြီး ကျန်းမာရေး အခြေအနေ ဆိုးဝါးလာတဲ့ လူနာတွေကိုလည်း ပြင်ပဆေးရုံကို အချိန်မှီ မပို့ဆောင်ပေးခဲ့တာတွေကြောင့် သေဆုံးခဲ့ရပါတယ်။


ထို့အပြင် စစ်ကောင်စီတပ်က အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှု သတင်းများ ထောင်ပြင်ပကို ပေါက်ကြားပါက နိုင်ကျဉ်းများရဲ့ မိသားစုဝင်များနဲ့ နီးစပ်သူများအား ဖမ်းဆီး အရေးယူရန် ညွှန်ကြားထားတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်က ဆိုပါတယ်။


၎င်းတို့ကွန်ယက်က ကောက်ယူထားတဲ့ စာရင်းများအရ ၂၀၂၃ ဇန်နဝါရီလမှ စတင်ပြီး ၂၀၂၄ ဇန်နဝါရီလ (ဒီနေ့) အထိ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသား (၂၁) ဦးအထိ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ Federal Wing ဒရုန်းတပ်ဖွဲ့မှ ဒရုန်းပျံသန်းမောင်းနှင်နည်းများ၊ဒရုန်းတပ်ဆင်နည်းများကို လွတ်မြောက်နယ်မြေတနေရာမှာ သင်တန်းပို့ချ


ဇန်နဝါရီလ ၂၇ ရက်။

Federal Wing ဒရုန်းတပ်ဖွဲ့မှ ဒရုန်းပျံသန်းမောင်းနှင်နည်းများ၊ ဒရုန်းတပ်ဆင်နည်းများကို လွတ်မြောက်နယ်မြေတနေရာမှာ သင်တန်းပို့ချခဲ့တယ်လို့ ဇန်နဝါရီလ၂၇ရက်မှာ ပြည်သူ့ရဲတပ်ဖွဲ့ဌာနချုပ်ကအသိပေးဖော်ပြပါတယ်။


ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးဌာနကြီးမှ Unit တစ်ခုဖြစ်သည့် SSTF(MDY) မှ ရဲဘော်များနှင့် No More Dictatorship People Defence Force-NMD မှ ရဲဘော်များအား Federal Wing ဒရုန်းတပ်ဖွဲ့မှ ဒရုန်းပျံသန်းမောင်းနှင်နည်းများ၊ ဒရုန်းတပ်ဆင်နည်းများ၊ Drop Bomb ချသည့်နည်းစနစ်များ စသည့် သင်ခန်းစာများအား လွတ်မြောက်နယ်မြေ တနေရာတွင် သင်တန်းပို့ချပေးခဲ့တယ်လို့ဆိုပါတယ်။ 


သင်တန်းကာလမှာ ()လဖြစ်ပြီး ရဲဘော်(၂၀)ဦး အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၂။ လက်နက်နဲ့တကွ အလင်းဝင်ရောက်သူ ဦးနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ကို ဂုဏ်ပြုငွေ ချီးမြှင့်


ဇန်နဝါရီလ၂၇ရက်။

ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံ လက်နက်နဲ့တကွ အလင်းဝင်ရောက်ခဲ့သူ ဦးနဲ့ ဗျူဟာစုဖွဲ့မှု သင်တန်းမှာ ထူးချွှန်စွာ အောင်မြင်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ကို ဂုဏ်ပြုတဲ့ အခမ်းအနားတစ်ခုကို ဇန်နဝါရီ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


လက်နက်နဲ့တစ်ကွ ပြည်သူ့ဘက်ကို CDM ပြုလုပ် အလင်းဝင်ရောက်လာကြတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဦးအနက် သေနတ် လက် ပါလာသူကို ကျပ်သိန်း ၅၀၊ သေနတ် လက် ပါလာသူ ဦးကို ကျပ်သိန်း ၆၀ နဲ့ လက်နက်မဲ့ အလင်းဝင်လာသူ နှစ်ဦးကို သိန်း ကျပ်စီ ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။


အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဗျူဟာစုဖွဲ့မှု သင်တန်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုဆုငွေ တွေကို ဆားလင်းကြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။


========================


🚩🚩 ၃။ မြိုင်မြို့နယ် ကန်နီ ပျူစောထီးရွာရှိ စစ်ကောင်စီစခန်းကို လက်နက်ကြီး အလုံး ၂၅၀ ခန့်ဖြင့် ပစ်ခတ် တိုက်ခိုက်


ဇန်နဝါရီလ ၂၇ရက်။

၁၀၂၇ စစ်ဆင်ရေး’ () ပြည့်အဖြစ် ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် နာရီက စတင်ပြီး မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာရှိ စစ်ကောင်စီစခန်းကို မြိုင်မြို့နယ် အတွင်းရှိ ရော့ကတ် (Rocket) အဖွဲ့  (၂၅) ဖွဲ့နှင့် လက်နက်ငယ်အဖွဲ့၊ ဒရုန်းအဖွဲ့များ စုပေါင်းကာ တစ်နာရီကျော် ကြာတဲ့အထိ လက်နက်ကြီးများ ရော့ကတ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ၎င်တိုက်ခိုက်မှုကို စီစဉ်ခဲ့သူ တစ်ဦးက ပြောပါတယ်။


ကန်နီ ပျူစောထီး ရွာတွင် စစ်ကောင်စီ တပ်က အင်အား (၅၀) ခန့်ဖြင့် အထိုင်ချ တပ်စွဲထားပြီး ခိုင်မာ အားကောင်းတဲ့  ဘန်ကာ၊ ကတုတ်ကျင်းများနဲ့ ခံစစ်ပြင်ဆင်ထားတာကြောင့် တော်လှန်ရေး အင်အားစုများ အနေနဲ့ လက်နက်ကြီးများ တာဝေးပစ် ရော့ကတ်များနဲ့ တိုက်ခိုက်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို MPL တိုက်နယ် () ပကဖ၊ အညာဒေါင်း၊ အညာမုန်တိုင်း၊ သိန်းငှက်နီ၊ PCM force Mying Fighter ဒုံးအဖွဲ့၊ မြိုင်ပကဖ ရင်း ခွဲ ၃၊ ဆင်းရိုင်းရာဇာ၊ RDF မြွေဆိုး၊ မျိုးကြီး၊ နှလုံးလှလူမိုက်၊ ထိရွ၊ ဘာမထီ၊ ဦးလေးကြီး၊ M M K နံသာမြေယက္ခ၊ sixsenses M.U.G.D.F S One နှင်းဂွေး၊ ဦးလေးကြီး၊ အမေ့သားနှင့် လက်နက်ငယ်အဖွဲ့ ဒရုန်းအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ရေစကြိုမှ ရှင်မ တောင်ပေါ်သို့ ရိက္ခာပို့မည့်စစ်ကြောင်းကို ရက်ဆက် ဗုံကြဲတိုက်ခိုက်


ဇန်နဝါရီလ ၂၇ရက်။

မကွေးတိုင်း ရေစကြိုမြို့ကနေ ရှင်မတောင်ပေါ် ရိက္ခာပို့မယ့် စစ်ကြောင်းကို ဇန်နဝါရီလ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Young Force UG တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ဟာ ရိက္ခာတွေကို ကားတွေနဲ့မပို့ရဲတာကြောင့် ဓားစားခံတွေဖမ်းပြီး ခြေလျင်ခရီးနဲ့ ပို့ဆောင်နေတာလို့ ပြောပါတယ်။

အခုလို အပြစ်မဲ့အရပ်သားတွေကို ဓားစာခံအဖြစ်သုံးပြီး ပို့ဆောင်နေတာကြောင့် ဖမ်းဆီးခံ ပြည်သူများနဲ့ စစ်ကောင်စီတပ်ဖွဲ့အကွာအဝေးကို စောင့်ကြည့်ပြီး ပြည်သူတွေမထိခိုက်ရအောင် ဂရုစိုက်လုပ်ဆောင်ခဲ့ရတယ် လို့လည်း ပြောပါတယ်။  

အခုလို့ ဂရုစိုက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ရဲ့ အဓိကပွိုင့်ဖြစ်တဲ့ ရိက္ခာပုံပေါ်ကို ဗုံးသီးတလုံး ကြဲချ တိုက်ခိုက်နိုင်ခဲ့ပေမယ့် လတ်တလောမှာ ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ယခင်က တရက်တာသွားရတဲ့ခရီးကို လက်ရှိအချိန်မှာ ရက်မှ ရက်ကြားအထိကြာအောင် ဟန့်တားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အဆိုပါတိုက်ခိုက်မှုများကို နယ်မြေခံတပ်ဖွဲများနှင့်အတူ ပခုက္ကူမြိုနယ် ပကဖတပ်ခွဲ - မှ Ranger (Pakokku) Young Force - UG တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒရုန်းတစင်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ရေး တံတားကြီးဂိတ်တွင် ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ် စနိုက်ဘာဖြင့် ပစ်ခတ်ခံရပြီး ဦး ပွဲချင်းပြီး သေဆုံး


ဇန်နဝါရီလ ၂၇ရက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တံတားကြီးဂိတ်တွင် ဆက်ကြေးကောက်နေတဲ့ စစ်သားများနဲ့ ၎င်းတို့ လက်ဝေခံ ရဲတပ်ဖွဲ့ဝင်များကို ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဒေါနစစ်ကြောင်းက စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ပစ်ခတ်မှုကြောင့် ရဲ () ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး သေဆုံးသွားတဲ့ ရဲတပ်ဖွဲဝင်ရဲ့ အလောင်းကို လူနာတင်ယာဉ် နှစ်စီးဖြင့် လာရောက်သယ်ဆောင် သွားတယ်လို့ ဒေါနစစ်ကြောင်းက ဆိုပါတယ်။


အခြားထိခိုက် ဒါဏ်ရာရရှိမှုနဲ့ သေဆုံးမှုများကို မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊။


========================


🚩🚩 ၆။ ဘုတလင်စခန်းမှ ထွက်လာပြီး ကျေးရွာများအား မီးထွက်ရှို့လာသော စကစတပ် များအား BOB တပ်ရင်း နှင့် ပူးပေါင်း မဟာမိတ် အဖွဲ့ များမှ ကြားဖြတ် တိုက်ခိုက်ခဲ့


ဇန်နဝါရီလ၂၇ရက်။

ဘုတလင်စခန်းမှ ထွက်လာပြီး ကျေးရွာများအား မီးထွက်ရှို့လာသော စကစတပ် များအား BOB တပ်ရင်း နှင့် ပူးပေါင်း မဟာမိတ် အဖွဲ့ များမှ ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။


ဇန်နဝါရီလ ၂၇ရက်မှာ စစ်ရေးသတင်းကို မုံရွာခရိုင်အမှတ်၂၀တပ်ရင်းကအသိပေးဆိုပါတယ်။


"ဇန်နဝါရီလလ၂၄ရက် ဘုတလင်စခန်းမှ ထွက်လာပြီး ကျေးရွာ များအား မီးထွက်ရှို့လာသော စကစများအား BOB တပ်ရင်း နှင့် ပူးပေါင်း မဟာမိတ် အဖွဲ့ များမှ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ထိတွေ့တိုက်ပွဲမှာ စကစဘက်က၂ဦးသေဆုံးပြီး ဦး ဒဏ်ရာ အပြင်းထန် ရခဲ့ကြောင်း ကနဦး သတင်းရရှိ ထားပါတယ်။


========================


🚩🚩 ၇။ လယ်ဒိုမြို့နယ်တွင် ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင် ၁၇ ဦးကို စစ်တပ်ကဖမ်းဆီး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အိမ် ၁၆ လုံး ပျက်စီး


ဇန်နဝါရီလ ၂၇ရက်။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲက လယ်ဒိုမြို့နယ်မှာ ရိက္ခာပြန်ယူတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၇ ဦးကို စစ်တပ်က အကြောင်းမဲ့ဖမ်းဆီးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ် ၁၆ လုံး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ 

အနန်းဘော်ကျေးရွာက စစ်ဘေးရှောင် ၁၇ ဦးဟာ ရိက္ခာပြန်ယူဖို့အတွက် ရွာထဲကို ပြန်ဝင်ချိန် ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၁၇ ဦးကို အနန်းဘော်ကျေးရွာနဲ့ ကုန်းချောင်းဝရွာကြားမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။ 

ထို့အပြင် ဒေါ်သင်းသင်းနဲ့ မောင်စန်းလင်းတို့သားအမိလည်း ပျောက်ဆုံးနေတယ်လို့ KNU ဗဟိုက အသိပေးထား ပါတယ်။ 

ထို့အပြင် ဇန်နဝါရီလ ၂၅ ရက်နေ့ ၁ဝ နာရီခန့်အချိန်ကလည်း ခမရ- ၃၀၇ တပ်ရင်းက ကျောင်းစိုးရွာထဲကို လက်နက်ကြီး အလုံး ၃ဝ ကျော် ပစ်ခတ်ခဲ့တာကြောင့် အိမ် ၁၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါ တယ်။ 

အလားတူ ကော်သူးလေအုပ်ချုပ်နယ်မြေထဲကတခုဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ခမရ- ၂ဝ၈ တပ်ရင်းက ဇန်နဝါရီလ ၂၃ ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အိမ်တလုံး ပျက်စီးခဲ့ပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment