7th JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ သက်မွေး ပညာသင်တန်း ကရင်ပြည်နယ် စစ်ဘေးရှောင် အမျိုးသမီးများ အတွက် ဖွင့်လှစ်ပေးလျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးအသိပေး

📌 ၂။ ၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေးဝန်ကြီးဌာနကနေကောက်ယူရရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဖြစ်စဥ်တွေကို လူ့အခွင့်ရေးဝန်ကြီးဖော်ပြအသိပေး

📌 ၃။ ပလက်ဝမြို့တွင်းရှိစကစရဲ့ အဓိကနှင့် အမာခံစကခ ()”   တပ်မ (၁၁)” ရှေ့တန်းတပ်မဌာနချုပ် () ခု အပါအဝင် ပလက်ဝ-ကျောက်‌တော်အစပ်ရှိမီးဝဗျူဟာကုန်းများမှ ကျန်ရှိနေသေးသည့် စခန်းများအား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) မှအပြင်းအထန်ထိုးစစ်ဆင်

📌 ၄။ ဂျပန်ငလျင်မှာ မြန်မာအမျိုးသမီးတစ်ဦးပျောက်ဆုံးနေ၍ အဆက်အသွယ်ရသူများရှိခဲ့လျင် NUG Representative Office - Japan သို့ဆက်သွယ်အကြောင်းကြားနိူင်

📌 ၅။ အကျင့်ပျက် စစ်ဗိုလ်ချုပ်ဆိုးတွေ လက်ထဲမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာဆိုတာ လုံးဝ မရှိတော့ဘူးလို့ ဒေါက်တာတေဇာဆန်းဆို

📌 ၆။ နိုင်ငံရေးဆိုတာ ပူးပေါင်းပါ၀င်မှုဖြစ်၍ စည်းရုံးညှိနှိုင်းတာတွေရှိမယ်လို့ သြစတြေးလျကိုယ်စားလှယ်ဆို

📌 ၇။ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိတောင်ရှည်တောင် ဗျူဟာကုန်းကြီးတစ်ခုလုံးမှ စကစတပ်များတစ်ယောက်မကျန် လက်နက်ချအညံ့ခံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ သက်မွေး ပညာသင်တန်း ကရင်ပြည်နယ် စစ်ဘေးရှောင် အမျိုးသမီးများ အတွက် ဖွင့်လှစ်ပေးလျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးအသိပေး


ဇန်နဝါရီ၇ရက်


သက်မွေး ပညာသင်တန်း ကရင်ပြည်နယ် စစ်ဘေးရှောင် အမျိုးသမီးများ အတွက် ဖွင့်လှစ်ပေးလျက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးမှ ဇန်နဝါရီ၇ရက်ဆိုရှယ်မီဒီယာမှာ အသိပေးထားပါတယ်။


"ဝန်ကြီးဌာန၏ သက်မွေး ပညာသင်တန်း ကရင်ပြည်နယ် စစ်ဘေးရှောင် အမျိုးသမီးများ အတွက် ဖွင့်လှစ်ပေးလျက်ရှိ ပါတယ်"လို့ဆိုပါတယ်။


အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဟာ တော်လှန်ရေးကာလအတွင်း ထိခိုက်နစ်နာခဲ့ကြသည့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုနှင့် တုန့်ပြန်ကုစားမှုများကိုလည်း အားစိုက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်နယ်အတိုင်ပင်ခံကောင်စီများ၊  အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မှုကို  ၂၀၂၄ ခုနှစ်တွင် အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမယ်လို့ဆိုထားပါတယ်။


========================


📌📌 ၂။ ၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေးဝန်ကြီးဌာနကနေကောက်ယူရရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဖြစ်စဥ်တွေကို လူ့အခွင့်ရေးဝန်ကြီးဖော်ပြအသိပေး


ဇန်နဝါရီ၇ရက်


၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေးဝန်ကြီးဌာနကနေကောက်ယူရရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဖြစ်စဥ်တွေကို လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းက ဇန်နဝါရီ၇ရက် လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုထားပါတယ်။


"၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေးဝန်ကြီးဌာနကနေကောက်ယူရရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဖြစ်စဥ်တွေဖြစ်ပါတယ်။လက်လှမ်းမမှီခဲ့တဲ့ ချိုးဖောက်မှုများစွာ ကျန်ခဲ့နိုင်ပါသေးတယ်။အရပ်သားပြည်သူတွေရဲ့ အသက်တွေ ဘဝတွေ ဂုဏ်သိက္ခာတွေပါဝင်နေတဲ့ ကိန်းဂဏန်းတွေပါ"လို့ ဝန်ကြီးကဆိုပါတယ်။


၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စုဆောင်းကောက်ယူခဲ့ပါတယ်။


ထိုသို့ ကောက်ယူရာတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်စဥ်များနှင့်ပတ်သက်ပြီး ခိုင်မာသည့် သတင်း မီဒီယာများကို စောင့်ကြည့်လေ့လာမှု၊  Online Monitoring တို့မှတဆင့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်ပေါင်း (၄၆၅၆)ခု တို့ကို ကောက်ယူရရှိခဲ့ပြီး၊ မြေပြင်အခြေအနေနှင့် ဆန်းစစ်အတည်ပြုနိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဥ် စုစုပေါင်း (၆၅၇)ခု ကို မှတ်တမ်းတင်သိမ်းဆည်းထားနိုင်ခဲ့တယ်"လို့ဖော်ပြပါတယ်။


 ထိုဖြစ်ရပ်များထည်းမှ အင်တာဗျူး၊ ဓာတ်ပုံမှတ်တမ်း များအပါအဝင် အချက်အလက်များရရှိပြီး မှန်ကန်ကြောင်းခိုင်မာစွာ အတည်ပြု နိုင်ခဲ့သည့် ဖြစ်စဉ်ပေါင်း (၃၂၂)ခု ရှိခဲ့ပြီး IIMM နှင့် နိုင်ငံတကာသို့ ဖြစ်စဉ် (၁၆၅)ခု ပေးပို့နိုင်ခဲ့ပါတယ်။


========================


📌📌 ၃။ ပလက်ဝမြို့တွင်းရှိစကစရဲ့ အဓိကနှင့် အမာခံစကခ ()”   တပ်မ (၁၁)” ရှေ့တန်းတပ်မဌာနချုပ် () ခု အပါအဝင် ပလက်ဝ-ကျောက်‌တော်အစပ်ရှိမီးဝဗျူဟာကုန်းများမှ ကျန်ရှိနေသေးသည့် စခန်းများအား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) မှအပြင်းအထန်ထိုးစစ်ဆင်


ဇန်နဝါရီ၇ရက်


စစ်ကောင်စီ၏ ပလက်ဝမြို့တွင်းရှိ အဓိကနှင့် အမာခံစခန်းကုန်းကြီးများဖြစ်သည့်စကခ ()”   တပ်မ (၁၁)” ရှေ့တန်းတပ်မဌာနချုပ် () ခု အပါအဝင် ပလက်ဝ-ကျောက်‌‌တော်အစပ်ရှိမီးဝဗျူဟာကုန်းများမှ ကျန်ရှိနေသေးသည့် စခန်းများအား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ ဇန်နဝါရီ၆ရက်နေ့ညပိုင်း ရက္ခိုင့်တပ်တော် (AA) မှအသိပေးဆိုထားပါတယ်။


ဇန်နဝါရီ၆ရက်နေ့ တစ်နေ့လုံးနီးပါး ရန်သူ၏ စခန်းကုန်းများမှလည်း ပလက်ဝမြို့နှင့် အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ဂျပန်ငလျင်မှာ မြန်မာအမျိုးသမီးတစ်ဦးပျောက်ဆုံးနေ၍ အဆက်အသွယ်ရသူများရှိခဲ့လျင် NUG Representative Office - Japan သို့ဆက်သွယ်အကြောင်းကြားနိူင်


ဇန်နဝါရီ၇ရက်


ဂျပန်ငလျင်မှာ မြန်မာအမျိုးသမီးတစ်ဦးပျောက်ဆုံးနေ၍ အဆက်အသွယ်ရသူများရှိခဲ့လျင် NUG Representative Office - Japan သို့ဆက်သွယ်အကြောင်းကြားနိူင်တယ်လို့ဆိုပါတယ်။


Ishikawaခရိုင်၊ Notoကျွန်းဆွယ်ဒေသကို ဗဟိုပြုပြီး လှုပ်ခတ်သွားသည့် ငလျှင်ကြီးကြောင့် အဆက်အသွယ်မရ ပျောက်ဆုံးနေသူ ၂၂၂ဦးရှိခဲ့တယ်လို့ ယနေ့ ဇန်နဝါရီလ ရက်နေ့ မနက် နာရီ အချိန်တွင် Ishikawa ခရိုင် (Official Website)   ထုတ်ပြန်ကြေငြာထားပါတယ်။


Ishikawaခရိုင်မှ ထုတ်ပြန်သည့် စာရင်းတွင် Wajima-shi,Sato machi နေထိုင်သူတစ်ဦး အမှတ်စဉ် ၂၃၆၊ အမည်- စပယ်ဦး အသက်၂၀တန်း (မြန်မာအမျိုးသမီးဟုယူဆရသူ) ပါရှိလာတယ်လို့ဖော်ပြပါတယ်။


ထိုကြောင့် စပယ်ဦးနှင့် အဆက်အသွယ်ရသူများရှိခဲ့လျင်သော်လည်းကောင်း၊ တစုံတရာ အကူအညီလိုအပ်ခဲ့လျင်သော်လည်းကောင်း NUG Representative Office - Japan  Facebook Page သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးဖော်ပြထားပါတယ်။


========================


📌📌 ၅။ အကျင့်ပျက် စစ်ဗိုလ်ချုပ်ဆိုးတွေ လက်ထဲမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာဆိုတာ လုံးဝ မရှိတော့ဘူးလို့ ဒေါက်တာတေဇာဆန်းဆို


ဇန်နဝါရီ၇ရက်


အကျင့်ပျက် စစ်ဗိုလ်ချုပ်ဆိုးတွေ လက်ထဲမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာဆိုတာ လုံးဝ မရှိတော့ဘူးလို့မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဇန်နဝါရီ၇ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့်ဆိုထားပါတယ်။


"ဒီအာဏာရူး အကျင့်ပျက် စစ်ဗိုလ်ချုပ်ဆိုးတွေ လက်ထဲမှာ မြန်မာတပ်မတော်ရဲ့ ဂုဏ်သိက္ခာဆိုတာ လုံးဝ မရှိတော့ဘူး။ ဒင်းတို့ရဲ့ခါးပိုက်ဆောင်တပ်၊ အကြမ်းဖက်တပ် လုံးလုံး ဖြစ်သွားပြီ။ ဒါ့ကြောင့် ခင်ဗျားတို့ ကျနော်တို့တွေ အတူလက်တွဲပြီး ခေတ်သစ်၊ စနစ်သစ်၊ တပ်မတော်သစ်တခုကို ပြန်လည်တည်ဆောက်ကြရအောင်ဗျာ။ အာဏာရူး ကိုယ်ကျိုးကြည့်  ဗိုလ်ချုပ်ဆိုးတစုကြောင့် အသေခံ၊ အပျက်ခံကြမလား။ ကိုယ့်အသက် ကိုယ့်ဘဝကို ကာကွယ်မလား၊ ခင်ဗျားတို့ သေချာလေး ပြန်စဉ်းစားပါ"လို့ဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စကစတပ်များဟာ တပ်ရင်းအလိုက်လက်နက်ချအညံ့ခံမှုများရှိလာပါတယ်။


========================


📌📌 ၆။ နိုင်ငံရေးဆိုတာ ပူးပေါင်းပါ၀င်မှုဖြစ်၍ စည်းရုံးညှိနှိုင်းတာတွေရှိမယ်လို့ သြစတြေးလျကိုယ်စားလှယ်ဆို


ဇန်နဝါရီ၇ရက်


ဇန်နဝါရီ၇ရက်မှာ သြစတြေးလျကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကဆိုရှယ်မီဒီယာမှာ အခုလိုဆိုထားပါတယ်။


"နိုင်ငံရေး (နိုင်ငံ့အရေး) ဆိုတာ ပူးပေါင်းပါ၀င်မှုပါ။ပူးပေါင်းပါ၀င်မှု ရှိဖို့အတွက် စကားတွေ ပြောရမယ်၊ စည်းရုံးရမယ်၊ ညှိနိုင်းရမယ်၊ ငြင်းခုံရမယ်၊ အပေးယူ အလျော့အတင်းတွေ ရှိကြပါမယ်။ ဒီ့အတွက် အချိန်ပေးရမယ်၊ စိတ်ပင်ပန်းရတာတွေ ရှိပါမယ်"လို့ဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများလည်းလက်တွဲပူးပေါင်းဆောင်ရွက်နေပါတယ်။


========================


📌📌 ၇။ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိတောင်ရှည်တောင် ဗျူဟာကုန်းကြီးတစ်ခုလုံးမှ စကစတပ်များတစ်ယောက်မကျန် လက်နက်ချအညံ့ခံ


ဇန်နဝါရီ၇ရက်


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ () ရက်၊ ညနေ () နာရီခန့်အချိန်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိတောင်ရှည်တောင် ဗျူဟာကုန်းကြီးတစ်ခုလုံးမှ တစ်ယောက်မကျန် မိမိတို့ထံ လက်နက်ချအညံ့ခံခဲ့ပြီးဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်AAကအတည်ပြုပါတယ်။


ထို့အပြင်ရက္ခိုင်ဒေသအတွင်း  ဗျူဟာကုန်းများမှ ခေါင်းဆောင်များအနေဖြင့် မိမိတို့၏စေတနာကို နားလည်ပြီး စောလျင်စွာဆုံးဖြတ်ချက်ချ၍ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးလိုက်တယ်လို့ဆိုထားပါတယ်။


တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသည့်သတ်မှတ်ထားသော ဗျူဟာကုန်းများအားလုံးကို အပြီးသတ်သိမ်းပိုက် ရယူရေးအတွက် ဆက်လက်ကြိုးပမ်းနေတယ်လို့လည်း ရခိုင့်တပ်တော််AAကဆိုပါတယ်။


========================


📌📌 ၈။ ရန်ကုန်မှာ အကြမ်းဖက်စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်


ရန်ကုန်မြို့တော်တနေရာမှာ အကြမ်းဖက်စစ်တပ်ဆန့်ကျင်ရေး တော်လှန်ပုန်ကန် လှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ Mayangone Democratic Font- MDF က ထုတ်ပြန်ပါတယ်။ 


အကြမ်းဖက်စစ်တပ်အတွက် နောက်ဆုံးအခွင့်အရေး ၂၀၂၄ - လက်နက်ချ အညံ့ခံမလား အသေခံမလား ဆိုတဲ့ စာတန်းနဲ့ စစ်မိစ္ဆာပုံစံတူ သရုပ်ဖော်ပြသခဲ့ပြီး အကြမ်းဖက်စစ်တပ် ဆန်ကျင်ရေး လှုပ်ရှားမှုတခုကို ဒီနေ့ ဇန်နဝါရီလ ရက်နေ့ မနက်ပိုင်းမှာ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


ဒီမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မိစ္ဆာစစ်တပ် ငါတို့တော်လှန်ရေးသမားအားလုံးက ၂၀၂၄ မှာ မင်းတို့အတွက် နောက်ဆုံးအခွင့်အရေးပေးမယ်။ လက်နက်ချအညံ့ခံမလား အသေခံမလား ကြိုက်ရာလမ်းကိုရွေး ဆိုတဲ့ စာသားနဲ့ အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ဒီလှုပ်ရှားမှုကို Mayangone Democratic Font- MDF နဲ့ Kyimyindaing Networks-KMD 18 တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ MDF က အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment