7th JAN 2024 - Morning Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက် စစ်အုပ်စုကြောင့် မတရားဖမ်းဆီးခံရမှု ၂၅၆၅၆ မှုနှင့် နေအိမ် ၉၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရ

📌 ၂။ စစ်အာဏာရှင်ဖြုတ်ချရေးနှင့်အတူ ၎င်းတို့၏ စရိုက်လက္ခဏာများဖြစ်သော အကျင့်ပျက်ခြစားမှု၊ ခွဲခြားဆက်ဆံမှု၊ အဂတိလိုက်စားမှု၊ ကြီးနိုင်ငယ်ညှင်းမှုတို့ကိုပါ ဖြိုခွင်းဖို့ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တိုက်တွန်း

📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဗဟို ကော်မတီ၏ ကြားကာလ တတိယအကြိမ်အစည်းအဝေးကျင်းပ

📌 ၄။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချထားပေးသည့်လက်နက်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းထံသို့ ပေးအပ်ခဲ့

📌 ၅။ စာရင်းသေအပ်ငွေစုပြီး အတိုးတွေယူနိုင်ဖို့အတွက် နှစ်စဥ်အတိုးနှုန်းများကို နွေဦးဖွံဖြိုးရေးဘဏ်မှအသိပေးဖော်ပြ

📌 ၆။ ကေအဲန်ယူ မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ () ဦးသေဆုံးခဲ့ရ

📌 ၇။ နမ္မတူမြို့နယ် ကုန်းဆာကျေးရွာသစ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် အကြိမ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်၍ နေအိမ်များပျက်စီးကာ လူအချို့ထိခိုက်ဒဏ်ရာရ

📌 ၈။ နောင်ချိုမြို့နယ် ကျောက်မဲလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

📌 ၉။ ကနီမြို့နယ် မြို့မရဲစခန်းမှ ရဲမေတစ်ဦး မိသားစုနှင့်တူ လက်ပစ်ဗုံးတစ်လုံးအား ယူဆောင်၍ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံ

📌 ၁၀။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု နှစ်ပြည့်လူထုစုဝေးပွဲကိုကျင်းပမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက် စစ်အုပ်စုကြောင့် မတရားဖမ်းဆီးခံရမှု ၂၅၆၅၆ မှုနှင့် နေအိမ် ၉၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရ


ဇန်နဝါရီလ ၆ရက်။

အကြမ်းဖက် စစ်အုပ်စုကြောင့် မတရားဖမ်းဆီးခံရမှု ၂၅၆၅၆ မှုနှင့် နေအိမ် ၉၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဆိုပါတယ်။


ဇန်နဝါရီလအတွင်း သတင်းစကားပါးထုတ်ပြန်ရာမှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောကြားထားပါတယ်။


"၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက် အာဏာသိမ်းရန် ကြိုးပမ်းမှုမှစတင်၍ မြန်မာနိုင်ငံတွင် အပြစ်မဲ့ပြည်သူ ၄၂၇၃ ဦး ဆုံးရှုံးခဲ့ပြီး မတရားဖမ်းဆီးခံရမှု ၂၅၆၅၆ မှုနှင့် နေအိမ် ၉၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ လူပေါင်း 2.6 သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပြီး 19 သန်းနီးပါးသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အလွန်လိုအပ်နေပါတယ်"လို့ဝန်ကြီးကဆိုထားပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံကို ကူညီပေးခဲ့ကြတဲ့ နိုင်ငံတွေနဲ့ ကမ္ဘာတဝှမ်းက ပြည်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ဝန်ကြီးကထပ်လောင်းပြောကြားထားပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင်ဖြုတ်ချရေးနှင့်အတူ ၎င်းတို့၏ စရိုက်လက္ခဏာများဖြစ်သော အကျင့်ပျက်ခြစားမှု၊ ခွဲခြားဆက်ဆံမှု၊ အဂတိလိုက်စားမှု၊ ကြီးနိုင်ငယ်ညှင်းမှုတို့ကိုပါ ဖြိုခွင်းဖို့ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တိုက်တွန်း


ဇန်နဝါရီလ ၆ရက်။

စစ်အာဏာရှင်ဖြုတ်ချရေးနှင့်အတူ ၎င်းတို့၏ စရိုက်လက္ခဏာများဖြစ်သော အကျင့်ပျက်ခြစားမှု၊ ခွဲခြားဆက်ဆံမှု၊ အဂတိလိုက်စားမှု၊ ကြီးနိုင်ငယ်ညှင်းမှုတို့ကိုပါ ဖြိုခွင်းဖို့ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က နှစ်သစ်ကူးဆုမွန်စကားပြောကြားရာမှာ တိုက်တွန်းဆိုလိုက်ပါတယ်။


" စစ်အာဏာရှင်ဖြုတ်ချရေးနှင့်အတူ ၎င်းတို့၏ စရိုက်လက္ခဏာများဖြစ်သော အကျင့်ပျက်ခြစားမှု၊ ခွဲခြားဆက်ဆံမှု၊ အဂတိလိုက်စားမှု၊ ကြီးနိုင်ငယ်ညှင်းမှု တို့ကိုပါ ဖြိုခွင်းရင်း အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်သော အသိုင်းအဝိုင်းအား တည်ဆောက်ပေးမည်ဟူသော ယုံကြည်ချက်ဖြင့် ရှေ့ဆက်ကြရမှာဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးခရီးတစ်လျှောက်တွင် မတူကွဲပြားမှုများကို လက်ခံယုံကြည်ကာ နိုင်ငံသားအားလုံး၏ အခွင့်အရေးများကို ကာကွယ်ပြီး ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှု ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်သော နိုင်ငံကို အတူတကွ တည်ဆောက်ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ထို့အပြင်နှစ်သစ်အခါသမယမှ စတင်ကာ နိုင်ငံသားတိုင်း အကြောက်တရား၊ ခွဲခြားဆက်ဆံမှု (သို့မဟုတ်) ဖိနှိပ်မှုမရှိဘဲ နေထိုင်နိုင်သည့် တောက်ပသောအနာဂတ်နိုင်ငံတော် တည်ဆောက်ရန် အတူတကွ ကြိုးပမ်းကြဖို့ကိုလည်းဆိုထားပါတယ်။


========================


📌📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဗဟို ကော်မတီ၏ ကြားကာလ တတိယအကြိမ်အစည်းအဝေးကျင်းပ


ဇန်နဝါရီလ ၆ရက်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရက်နေ့ နံနက် နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလ တတိယအကြိမ်အစည်းအဝေးကို စတင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးသို့ ဗဟိုကော်မတီဝင် အယောက် ၄၀ အပါအဝင် အရံဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အလုပ်အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီများစုစုပေါင်း (၉၃)ဦးတက် ရောက်ခဲ့ကြပါတယ်။


ဗဟိုအလုပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဗဟိုကော်မတီအသီးသီးမှ အကြံပြုစာတမ်းများ၊ ဗဟိုရေးရာ ကော်မတီများ၏ အကြုံပြုစာတမ်းများကို တင်သွင်းခြင်း ပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


မတရားဖမ်းဆီးခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများ အားလုံး ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန်၊  တိုင်းရင်းသားများ၏ ပကတိအခြေအနေကိုသုံးသပ်ပြီး ဆက်ဆံရေးတိုးမြှင့်ခြင်းဖြင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် ထိရောက်သောလုပ်ငန်းစဥ်များ ချမှတ်ဆောင်ရွက်ရန်နှင့် နိုင်ငံရေးအင်အားစုများအကြား နားလည်မှုရှိရှိ စုစည်းညီညွတ်စွာဖြင့် ဘုံရန်သူကို အမြစ်ဖြတ်ရန်အတွက် လက်တွေ့ကျကျ ပေါင်းစပ်ညှိနှိုင်းနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် ဗဟိုအလုပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို အတည်ပြုပြီး တင်သွင်းလာသော အကြံပြု စာတမ်းများနှင့် အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပထမမူကြမ်းတို့ကို မှတ်တမ်းတင်ခဲ့ပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချထားပေးသည့်လက်နက်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းထံသို့ ပေးအပ်ခဲ့


ဇန်နဝါရီလ ၆ရက်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချထားပေးသည့်လက်နက်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းထံသို့ ပေးအပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းထံသို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချထားပေးသည့် လက်နက်များကို ဇန်နဝါရီလ ၆ရက်နေ့တွင် တိုင်းတာဝန်ခံ၊ တိုင်းဒု-တာဝန်ခံ၊ စစ်ကြောင်းမှူးနှင့် ဒု-စစ်ကြောင်းမှူးတို့မှ ပေးအပ်ခဲ့တယ်လို့အတည်ပြုဖော်ပြပါတယ်။


လက်နက်ပေးအပ်သည့် အခမ်းအနားတွင် တိုင်းတာဝန်ခံ ရဲဘော် STAR မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ၏ စစ်ရေးရည်မှန်းချက်များနှင့်အညီ ပူးပေါင်းစစ်ကြောင်းများမှ ဆောင်ရွက်သွားရန်၊ စစ်သည်တော်ကျင့်ဝတ် နှင့် အမိန့်နာခံမှု အားကောင်းရန်၊ ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ပြည်သူများ အားကိုးအားထားပြုရသည့် တပ်ရင်းတပ်ဖွဲ့ ရဲဘော်များအဖြစ် ကျင့်ကြံနေထိုင်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ တိုင်းဒု-တာဝန်ခံ(စစ်ရေး) ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၏ စစ်ကြောင်းမှူးတို့မှ အမှာစကားပြောကြားကာ လက်နက်များ ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါတယ်။


========================


📌📌 ၅။ စာရင်းသေအပ်ငွေစုပြီး အတိုးတွေယူနိုင်ဖို့အတွက် နှစ်စဥ်အတိုးနှုန်းများကို နွေဦးဖွံဖြိုးရေးဘဏ်မှအသိပေးဖော်ပြ


ဇန်နဝါရီလ ၆ရက်။

စာရင်းသေအပ်ငွေစုပြီး အတိုးတွေယူနိုင်ဖို့အတွက် နှစ်စဥ်အတိုးနှုန်းများကို နွေဦးဖွံဖြိုးရေးဘဏ်မှ ဇန်နဝါရီလ ၆ရက်မှာ အသိပေးဖော်ပြလိုက်ပါတယ်။


"နှစ်သစ်မှာ ငွေကြေးနဲ့ ပက်သက်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေအပြည့်နဲ့ ငွေစုဖို့ ပြင်ဆင်နေသူများအတွက် နွေဦးဘဏ်မှာ ငွေကြေးစနစ်စုံလင်စွာနဲ့ စာရင်းသေအပ်ငွေစုပြီး အတိုးတွေယူနိုင်ဖို့အတွက် နှစ်စဥ်အတိုးနှုန်းများကို ဖော်ပြပေးလိုက်ပါတယ်။ စာရင်းသေငွေ အပ်နှံမယ်ဆိုရင်တော့ သက်ဆိုင်ရာ ငွေကြေးအလိုက် အနိမ့်ဆုံး  $100 နှင့် ညီမျှသော ငွေပမဏမှ အပ်နှံလို့ရပြီး နွေဦးဘဏ်အကောင့်ရဲ့ Fixed Deposit Tab ထဲမှ တဆင့် မိမိအပ်နှံလိုတဲ့ ငွေကြေးနဲ့ အချိန်ကာလကို ရွေးချယ်၊ Invest Now ကိုနှိပ်ပြီး အပ်နှံနိုင်ပါတယ်။ အတိုးများကို စုဆောင်းကာလ အချိန်ပြည့်တာနဲ့ (၄၈) နာရီစောင့်ပြီး တိုးရင်းပေါင်းကို မိမိရဲ့ ဘဏ်စာရင်းထဲမှာ ပြန်လည် ထုတ်ယူလို့ ရပြီနော်"လို့ဆိုပါတယ်။


နွေဦးဘဏ်ဟာ မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် အစုံလင်ဆုံး နံပါတ် () ဒစ်ဂျစ်တယ်ဘဏ်ဖြစ်ကာ လာမည့် အချိန်ကာလ () နှစ်တာအတွင်း ပြည်သူလူထုရဲ့ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာအကျိုးစီးပွားများအတွက် စီမံကိန်းများ ဖော်ဆောင်သွားမယ့် လမ်းပြမြေပုံနှင့်အတူ အသုံးပြုသူ user ပေါင်း သန်းကျော် အတွက် ဝန်ဆောင်မှုပေးနိုင်ဖို့ နှင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးညီမျှတဲ့ ဘဏ္ဍဓနငွေကြေးများကို စီမံခန့်ခွဲနိုင်ဖို့ အထိ ရည်ရွယ်ထားပါတယ်။ 


========================


📌📌 ၆။ ကေအဲန်ယူ မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ () ဦးသေဆုံးခဲ့ရ


ဇန်နဝါရီလ () ရက်

ကေအဲန်ယူ မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ () ဦးသေဆုံးခဲ့ရတယ်လို့ ဇန်နဝါရီလ ၆ရက်မှာ ကေအဲန်ယူဗဟိုက အသိပေးဖော်ပြထားပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ () မူးမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူလူထု () ဦး အသက်သေဆုံးခဲ့ရပြီး နတ်သံကွင်းမြို့အတွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များထံသို့ ရိက္ခာနှင့် လက်နက် ခဲယမ်းများ ပို့ဆောင်နိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုများကို အဆက်မပြတ်လုပ်ဆောင်လျှက်ရှိနေတယ်လို့ဆိုပါတယ်။


ဇန်နဝါရီလ () ရက်နေ့ ညနေ (၃း၁၅) မိနစ်အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်၏ ခမရ၃၀၇ တပ်ရင်းမှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီး () လုံးသည် ဖြူးမြို့နယ် သစ်ချဆိပ် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက်ကြောင့် ကျေးရွာအတွင်း နေထိုင်သော () မောင်ဇွဲထက် (၁၇) နှစ်၊ () ဦးအောင်တင်ဝင်း (၄၁) နှစ် နှင့် ဒေါ်ညှပ်စိ (၃၅) နှစ်တို့ () ဦး လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။


၂၀၂၃ ခုနှစ် ဇန်နဝါရီလ () ရက်နေ့ မနက် (၇း၁၅) မိနစ်မှ (၇း၂၉) မိနစ်အတွင်း တောင်ငူလေတပ်မှ တက်လာသော ဂျက်ဖိုက်တာများသည် နတ်သံကွင်းမြို့အတွင်းသို့ ဗုံး () လုံးနှင့် လေယာဉ်ပါစက် သေနတ်ဖြင့် () ကြိမ်ခန့် ပစ်ခတ်သွားခဲ့ပြီး နေ့လည် (၁၀း၁၁) မိနစ်အချိန်မှ (၁၀း၁၄) မိနစ်အချိန်အတွင်း ဗုံး () လုံး၊ Rocket () လုံး နှင့် လေယာဉ်ပါစက် သေနတ်ဖြင့် () ကြိမ်ခန့် ပစ်ခတ်သွားက ညနေ (၅း၃၇) မိနစ်မှ (၅း၄၅) မိနစ်အတွင်း တောင်ငူလေတပ်မှ တက်လာသော MI-2 အမျိုးအစားရဟတ်ယာဥ်  ၁စီးမှ နတ်သံကွင်းမြို့ အတွင်းသို့ ရိက္ခာနှင့် ခဲယမ်းအထုပ်  ()ထုပ်ကို လေထီးဖြင့်ချသွားပေးခဲ့ပါတယ်။


========================


📌📌 ၇။ နမ္မတူမြို့နယ် ကုန်းဆာကျေးရွာသစ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် အကြိမ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်၍ နေအိမ်များပျက်စီးကာ လူအချို့ထိခိုက်ဒဏ်ရာရ


ဇန်နဝါရီလ ရက်။

တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ နမ္မတူမြို့နယ် ကုန်းဆာကျေးရွာသစ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် အကြိမ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဇန်နဝါရီလ ၆ရက်မှာ TNLAကအတည်ပြုပါတယ်။


" ဇန်နဝါရီ ၅ရက်နေ့ နေ့လည် (၃း၂၀)နာရီခန့်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ()ကြိမ်၊ Y12 ဖြင့် ()ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၄ရက် (၉း၀၀)နာရီ ဝန်ကျင်တွင်လည်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ()ကြိမ် ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မန်ဆာကျေးရွာဒေသခံ ()ဦး၊ တအာင်းတပ်မတော် TNLA ရဲဘော် ()ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး၊ လူနေအိမ် ()လုံး ကျည်စထိမှန် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

 

လွန်ခဲ့သည့် ဒီဇင်ဘာလတွင်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့်  Jet Fighter ဖြင့် ()ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ပါတယ်။


========================


📌📌 ၈။ နောင်ချိုမြို့နယ် ကျောက်မဲလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား


ဇန်နဝါရီလ ၆ရက်။

နောင်ချိုမြို့နယ် ကျောက်မဲလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဇန်နဝါရီ၆ရက်မှာTNLAကအတည်ပြုဆိုထားပါတယ်။


"တပ်မဟာ()စစ်ဒေသ၊ နောင်ချိုမြို့နယ် ကျောက်မဲလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


တပ်မဟာ()စစ်ဒေသ၊ နောင်ချိုမြို့နယ် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ Mi35 ဖြင့် ()ကြိမ်၊ Jet Fighter ဖြင့် ()ကြိမ်၊ လွယ်ဆိုင်တောင်အနီးတဝိုက်တွင် Jet Fighter ဖြင့် ()ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


လက်ရှိမှာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ တအာင်းတပ်မတော် PSLF/TNLAနှင့် စစ်ဆင်ရေးများကိုအတူတကွပူးပေါင်းဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၉။ ကနီမြို့နယ် မြို့မရဲစခန်းမှ ရဲမေတစ်ဦး မိသားစုနှင့်တူ လက်ပစ်ဗုံးတစ်လုံးအား ယူဆောင်၍ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံ


ဇန်နဝါရီလ ၆ရက်။

ကနီမြို့နယ် မြို့မရဲစခန်းမှ ရဲမေတစ်ဦး မိသားစုနှင့်တူ လက်ပစ်ဗုံးတစ်လုံးအားယူဆောင်၍ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။


ဇန်နဝါရီလ ၆ရက် အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်ကအသိပေးဆိုပါတယ်။


ကနီမြို့နယ် မြို့မရဲစခန်းမှ ရဲမေအဆင့်ရှိသူ မဇင်မာလွင်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် မိသားစုနှင့်တူ လက်ပစ်ဗုံးတစ်လုံးအားယူဆောင်၍ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ဆိုပါတယ်။


ဘက်ပြောင်းခိုလှုံလာသည့် ရဲမေ မဇင်မာလွင်နှင့် မိသားစုအား ကောင်းမွန်စွာ လက်ခံထားရှိပြီး ထိုက်သင့်သည့် ဆုငွေများပေးအပ်ကာ ၄င်းတို့သဘောဆန္ဒများကို မေးမြန်းပြီး ဖြစ်စေချင်သည့် ဆန္ဒများအတိုင်း စီစဥ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။


========================


📌📌 ၁၀။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု နှစ်ပြည့်လူထုစုဝေးပွဲကိုကျင်းပမယ်


ဇန်နဝါရီလ ၆ရက်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု နှစ်ပြည့်လူထုစုဝေးပွဲကိုကျင်းပမယ်လို့ ဇန်နဝါရီ၆ရက်မှာ အမေရိကန်အခြေစိုက် NYCBCကအသိပေးဖော်ပြပါတယ်။


"၂၀၂၁ ဖေဖော်ဝါရီလကနေ နှစ်နီးပါးကြာတဲ့ အခုအချိန်အထိ စစ်အာဏာသိမ်းမှုမအောင်မြင်တာဟာ ပြည်တွင်း ပြည်ပကမြန်မာပြည်သူတွေရယ်၊ ပြည်သူ့အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရယ်က နိုင်ငံရေးနဲ့ စစ်ရေးမှာ ဘက်ညီညီနဲ့ ခုခံတော်လှန်ခဲ့ကြလို့ဆိုတာ အားလုံးအသိပါ။ ပြည်တွင်းမှာ ကျည်ဆံတွေကြား စစ်မိစ္ဆာတွေနဲ့ တိုက်ပွဲကြမ်းကြမ်းတွေဆက်ပြီး တိုက်နေရတဲ့ သွေးချင်းတွေကို အားပေးဖို့နဲ့ နိုင်ငံတကာကို မြန်မာပြည်သူတွေရဲ့ဆန္ဒအစစ်အမှန်ကို ဆက်ပြီးဖော်ပြနေဖို့ ဖေဖော်ဝါရီလ ရက်နေ့၊ New York City Times Square မှာခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု နှစ်ပြည့်လူထုစုဝေးပွဲကိုကျင်းပမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


စုဝေးပွဲကို လာမယ့်ဖေဖော်ဝါရီ ၃ရက်နေ့မှာ ကျင်းပဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment