10th FEB 2024 - Evening Daily News by Radio NUG


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာမှ တရုတ်လူမျိုးများအားလုံးအတွက် တရုတ်နှစ်သစ်ကူး ဆုမွန်လွှာ ထုတ်ပြန်

📌 ၂။ မြန်မာပြည်သူများ၏ဘဝ အသုံးချခံ စတေးခံမဖြစ်သင့်ကြောင်း ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ပြောကြား

📌 ၃။ စစ်အာဏာသိမ်းခြင်း လူထုလှုပ်ရှားမှု "" နှစ်ပြည့် ဆန္ဒပြသပိတ်ကိုရီးယားနိူင်ငံတွင်ကျင်းပ


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးသည်နဂါးနှစ်အတွင်း ကိစ္စပြီးမြောက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ညီနောင်သုံးဖွဲ့ဆို

🚩 ၂။ ရသေ့တောင်ရှိ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို AA သိမ်းပိုက်ပြီးနောက် မောင်တောရှိ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းကို ထိုးစစ်ဆင်

🚩 ၃။ ဇရပ်ကြီးမြို့ မြို့စိုးတံတားရှိ စစ်တပ်ဂိတ်နှင့် စစ်ကူယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်

🚩 ၄။ စစ်ကောင်စီနှင့်အပေါင်းအပါများက ပအိုဝ်းဒေသကို လေယာဉ်များ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ဖျက်ဆီးနေ 

🚩 ၅။ ဆားတောင်ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင် 

🚩 ၆။ အာဏာသိမ်း သုံးနှစ်အတွင်း ချင်းလူမျိုး ၆၀၀ ကျော် အသက်ဆုံးရှုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာမှ တရုတ်လူမျိုးများအားလုံးအတွက် တရုတ်နှစ်သစ်ကူး ဆုမွန်လွှာ ထုတ်ပြန်


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာက တရုတ်လူမျိုးများအားလုံးအတွက် တရုတ်နှစ်သစ်ကူး ဆုမွန်လွှာ ထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၉၊ ၂၀၂၄၊ ဖော်ပြထားတာကတော့ - တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်အခါသမယ၌ မြန်မာပြည်တွင်းနှင့် ကမ္ဘာတဝှမ်းရှိတရုတ်လူမျိုးများအားလုံး အခွင့်အလမ်းကောင်းများရရှိပိုင်ဆိုင်နိုင်ကာ အခက်အခဲဟူသမျှအောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်မည့် နဂါးနှစ်သစ် ဖြစ်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကမ္ဘာတဝှမ်းနှင့် မြန်မာပြည်တွင်းရှိတရုတ်လူမျိုး မိတ်သင်္ဂဟများသည် ယခုနှစ်သစ်တွင် ကျန်းမာ၊ ချမ်းသာမှုနှင့် တိုးတက်အောင်မြင်မှုများရရှိပိုင်ဆိုင်နိုင်မည့် နှစ်တနှစ်ဖြစ်နိုင်ပါစေ။


========================


📌📌 ၂။ မြန်မာပြည်သူများ၏ဘဝ အသုံးချခံ စတေးခံမဖြစ်သင့်ကြောင်း ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ပြောကြား


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ဖေဖော်ဝါရီလ ရက်နေ့ကကျင်းပခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ Work of the Organization အစီရင်ခံစာနှင့်ပတ်သက်တဲ့ဆွေးနွေးတဲ့ ၇ဂကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၅၄ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်ပါတယ်။


မြန်မာနိုင်ငံအရေးကိစ္စအတွက် လုပ်ငန်းစဉ်များ အရေးယူဆောင်ရွက်မှုများပြုလုပ်ရာမှာ မြန်မာပြည်သူများ၏ဘဝများ အသုံးချခံ စတေးခံ မဖြစ်သင့်ဘဲ မြန်မာပြည်သူများ၏အသက်ကိုကယ်တင်ရန်နဲ့ ပြည်သူများ ကြိုးပမ်းဆောင်ရွက်နေတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ပံ့ပိုးကူညီပေးဖို့ ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။


မြန်မာနိုင်ငံရဲ့ပြသနာဟာ နိုင်ငံရေးပြသနာဖြစ်တဲ့အတွက် ရင်းမြစ်ပြသနာကိုမဖြေရှင်းဘဲ လူသားချင်းစာနာထောက်ထားမှု ဒါမှမဟုတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ဦးတည်ဖြေရှင်းပေးရုံနဲ့ လုံလောက်မှုမရှိသလို ရေရှည်တည်တံ့ နိုင်မှာလည်းမဟုတ်ဘူးလို့ မြန်မာသံအမတ်ကြီးက ပြောပါတယ်။


ဒါကြောင့် မြန်မာနိုင်ငံရဲ့ပြသနာကိုကိုင်တွယ်ဖြေရှင်းရာမှာ ဘက်ပေါင်းစုံကနေ ချဉ်းကပ်ဖို့လိုတယ်လို့လည်း ဦးကျော်မိုးထွန်း က ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ မအောင်မြင်သော စစ်အာဏာသိမ်းမှုဟာ နှစ်တာကာလကို ချဉ်းနင်းဝင်ရောက်လာခဲ့ပြီဖြစ်ရာ လွန်ခဲ့သော နှစ်အတွင်း အကြီးမားဆုံး ဆုံးရှုံးခဲ့သည်မှာ ပြည်သူများ၏ အသက်များပင်ဖြစ်တယ်လို့ ဆိုပါတယ်။


မြေပြင်မှာ ဒီမိုကရေစီအင်အားစုများက အနိုင်ရရှိနေပြီး စစ်တပ်ဟာ နေ့စဉ်နဲ့အမျှရှုံးနိမ့်နေတာကြောင့် စစ်ကောာင်စီက တိုက်လေယာဉ်နဲ့စစ်ရဟတ်ယာဉ်တွေသုံးပြီး စာသင်ကျောင်းများ၊ ဆေးရုံများနဲ့ ဘာသာရေးအဆောက်အအံများအပါအဝင် အရပ်သားပြည်သူများနေထိုင်ရာဒေသများကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ ပါတယ်။


စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများ နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေချိန်မှာ ကမ္ဘာတလွှား ဖြစ်ပျက်နေတဲ့ပဋိပက္ခများနည်းတူ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည့်ဝညီမျှသောအာရုံစူးစိုက်မှု ရှိသင့်တယ်လို့ လည်း သံအမတ်ကြီးက ထောက်ပြပါတယ်။


ဒါ့ကြောင့် မြန်မာနိုင်ငံအရေးကိစ္စဟာ ချွင်းချက်မဖြစ်သင့်ဘဲ ကုလသမဂ္ဂ၊ နိုင်ငံအတွင်းရှိ ကုလသမဂ္ဂအဖွဲများ၊ အေဂျင်စီ များ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အေဂျင်စီများအနေနဲ့ မြန်မာ့အရေးကို ပိုမိုမျှတစွာ ထည့်သွင်းဖော်ပြပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။ 


ကုလသမဂ္ဂအဖွဲဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းတိုအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများရဲ့အခက်အခဲကို အလေး အနက်ထားပြီး စစ်အာဏာရှင်စနစ်ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ထိရောက်တဲ့အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးသင့်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြတောင်းဆိုခဲ့ ပါတယ်။ 

ထို့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အလျင်အမြန်ခန့်အပ်နိုင်ရေးကိုလည်း တောင်းဆိုထားပါတယ်။


========================


📌📌 ၃။ စစ်အာဏာသိမ်းခြင်း လူထုလှုပ်ရှားမှု "" နှစ်ပြည့် ဆန္ဒပြသပိတ်ကိုရီးယားနိူင်ငံတွင်ကျင်းပ


ဖေဖော်ဝါရီ၁၀ရက်


စစ်အာဏာသိမ်းခြင်း လူထုလှုပ်ရှားမှု "" နှစ်ပြည့် ဆန္ဒပြသပိတ်ကို ကိုရီးယားနိူင်ငံတွင် ဖေဖော်ဝါရီ၁၀ရက်‌နေ့မှာ ကိုရီးယားရောက်မြန်မာအင်အားစုများက စုပေါင်း၍ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။


ဆန္ဒထုတ်ဖော်ရာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်ခဲ့ပြီး ထောက်ပို့တပ်သားခံယူလိုသူများကိုလည်းဖိတ်ခေါ်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးသည်နဂါးနှစ်အတွင်း ကိစ္စပြီးမြောက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ညီနောင်သုံးဖွဲ့ဆို


ဖေဖော်ဝါရီ၁၀ရက်


မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးသည်နဂါးနှစ်အတွင်း ကိစ္စပြီးမြောက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ညီနောင်သုံးဖွဲ့ဆိုပါတယ်။


ဖေဖော်ဝါရီလ () ရက်နေ့ညီနောင်မဟာမိတ် () ဖွဲ့ကအသိပေးထုတ်ပြန်ပါတယ်။


မိမိတို့ ညီနောင်မဟာမိတ် () ဖွဲ့အနေဖြင့်လည်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာဖြင့် ကျော်ဖြတ်နိုင်ရေးအတွက် မိမိတို့မှ သေနတ်သံများမထွက်အောင် အထူးဂရုပြုလျက်ရှိတယ်လို့ဖော်ပြပါတယ်။


ယခုနှစ်သည် တရုတ်လူမျိုးများ၏ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းမည့်အထွတ်အမြတ်နဂါးနှစ်ဖြစ်ပြီးနဂါးနှစ်၏ ထူးခြားသောဝိသေသများနှင့် ပျော်ရွှင်မှုများသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသောဆန္ဒနှင့် ထပ်တူကျလိမ့်မည်ဟု မိမိတို့မှ မျှော်လင့်ပါတယ်လို့ဆိုပါတယ်။


အထူးသဖြင့်မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ဆန္ဒဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးသည် ဤနဂါးနှစ်အတွင်း ကိစ္စပြီးမြောက်နိုင်လိမ့်မည်ဟူ၍လည်း ယုံကြည်တယ်လို့ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ရသေ့တောင်ရှိ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို AA သိမ်းပိုက်ပြီးနောက် မောင်တောရှိ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းကို ထိုးစစ်ဆင်


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာရှိတဲ့ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို ရခိုင့်တပ်တော် AA သိမ်းပိုက်နိုင်ခဲ့ပြီး တဲ့နောက် မောင်တောမြို့မှာရှိတဲ့ ကြိမ်ခြားနယ်ခြားစောင့်စခန်းကို ထိုးစစ်ဆင်နေပြီလို့ ညီနောင်မဟာမိတ် ဖွဲ့က အသိပေး ပြောဆိုလိုက်ပါတယ်။ 

ရသေ့တောင်မြို့နယ်အနောက်တောင်ပိုင်းက အငူမော်-မောင်တောကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီရဲ့ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို ဖေဖော်ဝါရီလ ရက် မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။ 

အဆိုပါနယ်ခြားစောင့်စခန်းကို ဖေဖော်ဝါရီလ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဒုတိယမြောက်နေဖြစ်တဲ့ ဖေဖော်ဝါရီလ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်မှာ ရခိုင့်တပ်တော်က စခန်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

အဆိုပါစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ မနက် ၁ဝ နာရီဝန်းကျင်အထိ အသိပေးထားတာမရှိသေးပါဘူး။ 

အထိနာသွားတဲ့စစ်ကောင်စီတပ်ဟာ ရသေ့တောင်အခြေစိုက် ခမရ ၅၃၇ တပ်ရင်းကနေပြီး မယူကန်း၊ မင်းဖူး၊ အောင်မင်း၊ ကျေးတပင် အောင်ဆိပ်နဲ့ သံချောင်းကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို တချိန်တည်းမှာပဲ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က အသိပေးထားပါတယ်။ 

ရခိုင့်တပ်တော်အနေနဲ့ လက်ရှိမှာ မောင်တောမြို့နယ်မြောက်ပိုင်းက ကြိမ်ချောင်းရွာအနီးက နခခ လို့ခေါ်တဲ့ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေပြီလို့သိရပါတယ်။ 

ကြိမ်ချောင်း နယ်ခြားစောင့်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့မခံနိုင်တာကြောင့် ထိုးစစ်ဆင်တိုက်ခိုက်ရ တာဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က ပြောပါတယ်။ 

ကြိမ်ချောင်းစခန်းဟာ စစ်ကောင်စီဘက်က နှစ်ရှည်လများ အခြေချတပ်စွဲနေတဲ့စခန်းတခုဖြစ်ပြီး အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လေ့ရှိတဲ့ စခန်းတခုဖြစ်တယ်လို့လည်း သိရပါတယ်။

 ရခိုင့်တပ်တော် AA ဟာ ယခုလဆန်းပိုင်းက မောင်တောမြို့နယ်မှာရှိတဲ့ တောင်ပြိုလက်ဝဲနဲ့ တောင်ပြိုလက်ယာ နယ်ခြား စောင့်စခန်း ခုကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာ ရက်ပိုင်းအတွင်း စခန်း ခုစလုံးကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ 

အဆိုပါစခန်းသိမ်းတိုက်ပွဲတွေမှာ ရခိုင့်တပ်တော် AA ရဲ့ထိုးစစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝဝ နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ကြပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးအရှိန်မြင့်နေတဲ့ ရခိုင်ဒေသအတွင်း စစ်ရေးဗျူဟာအထိနာနေတဲ့အပြင် စစ်စခန်းတွေ နေ့စဉ်ရက်ဆက် ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ ရခိုင်ဒေသတွင်းက အရပ်သားပြည်သူများရှိရာ မြို့၊ရပ်ရွာတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ မီးရှိဖျက်ဆီးခြင်းများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေကို  မတရားဖမ်းဆီး သတ်ဖြတ်ခြင်းတို့ ခပ်စိပ်စိပ်ကျုးလွန်လာတယ်လို့ ရခိုင့်တပ်တော်က ပြောပါတယ်။

ထို့အတူ စစ်အာဏာရှင်ကိုတော်လှန်နေကြတဲ့ မြန်မာနိုင်ငံနေရာအနှံအပြားမှာလည်း ရက်စက်ရွံရှာဖွယ် စစ်ရာဇဝတ်မှုတွေ ကို စစ်ကောင်စီက နေ့စဉ်ရက်ဆက်ကျူးလွန်နေဆဲဖြစ်တယ်လို့ ညီနောင်မဟာမိတ် ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ဇရပ်ကြီးမြို့ မြို့စိုးတံတားရှိ စစ်တပ်ဂိတ်နှင့် စစ်ကူယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်


ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာရှိတဲ့ မြို့စိုးတံတား စစ်ဆေးရေးဂိတ်နဲ့ စစ်ကူလာတဲ့ယာဉ်တန်းကို တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ရိုးမစစ်ကြောင်း အထူးကွန်မန်ဒိုတပ်ဖွဲ့ထံကနေ သိရ ပါတယ်။ 

အမှတ် စစ်ဒေသခွဲ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ဖားစည်ဟိန်းသံနဲ့ ဆယ်လမွန်ပူးပေါင်းစစ်ဆင်ရေး အဖြစ် တိုက်ပွဲဖော်ဆောင်ရာမှာ ရိုးမ စစ်ကြောင်းက မြို့စိုးတံတား စစ်ဆေးရေးဂိတ်နဲ့ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကူလမ်းကြောင်း ကို ဖြတ်တောက်ချေမှုန်းရာမှာ ပါဝင်ခဲ့တာလို့ဆိုပါတယ်။   


မြိုစိုးတိုက်ပွဲကို ရိုးမ စစ်ကြောင်း၊ KNLA ၃၅၀၁ ရိုးမ ၃၅၀၂ တို့ ပူးပေါင်းကာ ဖေဖော်ဝါရီ ရက်နေ့ နံနက် နာရီ အချိန်ကစပြီး မြိုစိုးတံတားဂိတ်စခန်းများကို ချေမှုန်းခြင်း၊ ဖြူးမြို့ဘက်မှ စစ်ကူထွက်လာသော အကြမ်းဖက် စစ်ကောင်စီ သံချပ်ကာကား (Tank) BT-3 BMDR စတဲ့ တိုက်ခိုက်ရေးယာဉ်တန်းကို ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီး ဟန့်တားထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 


တိုက်ခိုက်မှုအတွင်း စစ်ကူလာတဲ့သံချပ်ကာယာဉ်တန်းဟာ ထိခိုက်ကျဆုံးမှုများစွာနဲ့ ကျွဲပွဲမြို့ဘက်ကို ဆုတ်ခွာသွားတာ ကြောင့် မနက် ၁၁ နာရီခန့်အချိန်မှာ မြို့စိုးတံတားဧရိယာကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ရေးရည်မှန်းချက်အောင်မြင်ခဲ့ပြီဖြစ်တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေ စစ်ကူနဲ့ထောက်ပို့မလုပ်နိုင်အောင် မြို့စိုးတ့တားကို ဖြတ်တောက်ခဲ့ပြီး ညနေပိုင်းမှာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့လည်း သိရပါတယ်။


အဆိုပါတိုက်ပွဲအတွင်းမှာ တော်လှန်ရေးပူးပေါင်းအင်အားစုဘက်က ရဲဘော်တဦး တိုင်ပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူ ခဲ့ရတယ်လို့လည်း အထူးကွန်မန်ဒိုတပ်ရင်းက အသိပေးထားပါတယ်။ 

အထိနားနေတဲ့အကြမ်းဖက်စစ်တပ်ဟာ တင့်ကား၊ဟောင်ဝှစ်ဇာလက်နက်ကြီးအပါအဝင် လေယာဉ်တွေနဲ့ ဇရပ်ကြီးမြို့ထဲကို ပစ်ခတ်ကာ အရပ်သားပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ဖျက်ဆီးနေတာကြောင့် အရပ် သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရသလို အိုးအိမ်တွေလဲပျက်စီးခဲ့ရတယ်လို့ ရိုးမစစ်ကြောင်း က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီနှင့်အပေါင်းအပါများက ပအိုဝ်းဒေသကို လေယာဉ်များ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ဖျက်ဆီးနေ 

 

စစ်ကောင်စီနဲ့ ၎င်းတို့လက်အောက်ခံ အပေါင်းအပါပြည်သူ့စစ်တွေဟာ ပအိုဝ်းဒေသကို လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ဆက်လက် ဗုံးကြဲပစ်ခတ်ဖျက်ဆီးနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA က ပြောပါတယ်။  


ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့က စစ်ကောင်စီတပ်ရင်းတွေနဲ့ ဆိုက်ခေါင်စံပြကျေးရွာအတွင်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ဘန်းယဉ်မြို့အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာတွေကို ဖေဖော်ဝါရီလ ရက်နေ့မှာ လက်နက်ကြီနဲ့ ၁၆ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် အခုလို ပြောဆိုက်တာဖြစ်ပါတယ်။


အဲဒီလိုပစ်ခတ်မှုကြောင့် စစ်ကောင်စီရန်ကို ကြောက်ရွံ့ထိတ်လန့်နေတဲ့ ဒေသခံပအိုဝ်းပြည်သူတွေ တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။


ထို့အပြင် ဆိုက်ခေါင်စံပြကျေးရွာအတွင်းက ဇောတိကာရာမဘုန်းတော်ကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့ စစ်တပ်ဖွဲ့ကလည်း ဆိုက်ခေါင်အရှေ့ဘက် လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်ခတ်ဖျက်ဆီးခဲ့တယ် လို့ ပြောပါတယ်။


ဒီဖြစ်စဉ်တွေကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီနဲ့အပေါင်းအပါတွေဟာ ဘာသာရေးကိုင်းရှိုင်းပြီး အလွန်ရိုးသားအေးချမ်းစွာ နေထိုင်ကြတဲ့ ပအိုဝ်းပြည်သူများကို ရန်သူအဖြစ်သတ်မှတ်တိုက်ခိုက်ဖျက်ဆီးနေတာကို တွေ့မြင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။


စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုများ၊ မငြိမ်းချမ်းမှုများ၊ ဆင်းရဲဒုက္ခများဟာ စစ်အာဏာရှင်စနစ် အမြစ်မပြတ်မချင်း ကြုံတွေ့နေရမှာဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး ကဏ္ဍအသီးသီးကနေ အားလုံး ပူးပေါင်းပါဝင်တာဝန်ထမ်းဆောင်ကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA က တိုက်တွန်းလိုက်ပါတယ်။


========================


🚩🚩 ၅။ ဆားတောင်ရဲစခန်းကို ဗုံးကြဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင် 


စစ်ကိုင်းမြို့နယ်ထဲက ဆားထောင်ရဲစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းဗုံးသီး လုံး ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ Tiger Brother LPDF က ထုတ်ပြန်ပါတယ်။ 


စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းအထိုင်ချနေတဲ့ ဆားတောင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း အဖွဲ့က ဖေဖော်ဝါရီလ ရက်နေ့ မွန်းလွဲ နာရီခန့်မှာ ဒရုန်းနဲ့ဗုံးသီး လုံးကြဲချခဲ့တာလို့ သိရပါတယ်။

ဗုံးသီး လုံးအနက် လုံး ပေါက်ကွဲခဲ့ရာ ၄လုံးစလုံး ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်မှုများပြီး ဆေးကုသမှုခံယူနေရတဲ့အတွက် သေဆုံးမှုလည်းရှိနိုင်တယ်လို့ Tiger Brother LPDF က အသိပေးထားပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို Tiger Brother LPDF Ngwe Dwin Revolution Force တွေ့မရှောင်၊ တံတားညီနောင်၊ Buffalo soldiers freedom force Northern Tigers Group-NTG ၊ဂဠုန်ကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Farmer Heroes -Khin U magic dragon BGS အရာတော် drone force - Ayadaw rocket ရွာသာကြီးတိုက်နယ် ပကဖ အင်အားစုများနဲ့ ဝက်လက်မြို့နယ်အနောက်ခြမ်း ပလဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၆။ အာဏာသိမ်း သုံးနှစ်အတွင်း ချင်းလူမျိုး ၆၀၀ ကျော် အသက်ဆုံးရှုံး


မြန်မာစစ်တပ် အာဏာသိမ်းတဲ့ သုံးနှစ်အတွင်း ချင်းလူမျိုး ၆၁၈ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီမှ အာဏာသိမ်းပြီး နှစ်တာအတွင်း ချင်းအမျိုးသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ချင်းပြည်နယ် အပေါ် ရိုက်ခတ်မှုအစီရင်ခံစာမှာ အခုလိုဖော်ပြတာပါ။


ချင်းပြည်၊ တွန်းဇံမြို့နယ် ဦး၊ တီးတိန်မြို့နယ် ၃၉ ဦး၊ ဖလမ်းမြို့နယ် ၆၉ ဦး၊ ထန်တလန်မြို့နယ် ၆၄ ဦး၊ ဟားခါးမြို့နယ် ၇၇ ဦး၊ မတူပီမြို့နယ် ၇၂ ဦး၊ မင်းတပ်မြို့နယ် ၉၈ ဦး၊ ပလက်ဝမြို့နယ် ၁၀ ဦးနဲ့ ကန်ပက်လက်မြို့နယ် ၁၃ ဦးတို့ ဖြစ်ပါတယ်။ဒါ့အပြင် ချင်းပြည်ပြင်ပရှိ ချင်းအမျိုးသားတွေနေထိုင်တဲ့ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ မန္တလေးနဲ့ အခြားဒေသက ချင်းအမျိုးသား သေဆုံးမှု ၁၇၃ ဦးအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။


အသက်ဆုံးရှုံးရသူ ၆၁၈ ဦးထဲမှာ အရပ်သားပြည်သူနဲ့ စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်တဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ပါဝင်တယ်လို့ (ICA) က ပြောပါတယ်။


အရပ်သားသေ၊ဆုံးမှု စာရင်းမှာတော့ စစ်ကောင်စီက ပြည်ပရန်သူသဖွယ် လေကြောင်းအသုံးပြု အကြမ်းဖက်တာ၊ မြေမြှပ်မို၊င်းထောင်တာ၊ စွပ်စွဲဖမ်းဆီးနှိပ်စက်ခံရလို့သေ၊ဆုံးတာ၊ လူသားဒိုင်းအဖြစ်ဖမ်းဆီး သ၊တ်ဖြ၊တ်ခံရတာတွေ ပါဝင်ပါတယ်။သုံးနှစ်အတွင်း ချင်းပြည်တခုလုံးမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၄ ကြိမ်ထက်မနည်းခံရပြီး ပြည်သူပိုင်နေအိမ်နဲ့ ဘာသာသာရေးအဆောက်အအုံ ၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပါတယ်။


အာဏာသိမ်းကာလ ဖက်တို၊က်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ချင်းတိုင်းရင်းသား စုစုပေါင်း ၈၀၀၀၀ (ရှစ်သောင်း) ကျော်ရှိနေတယ်လို့လည်း (ICA) က ထုတ်ပြန်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့် ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment