10th FEB 2024 - Morning Daily News by Radio NUG


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၂။ ကနေဒါ လွှတ်တော် စာတမ်းဖတ်ပွဲနှင့် မြန်မာ့လက်ရှိ အကျပ်အတည်းနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် သက်ရောက်မှု ဆွေးနွေးပွဲမှာ သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်တက်ရောက်ဆွေးနွေး 

📌 ၃။ ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရသော ပြည်သူ (,၂၅၁) ဦးတွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် () ဦး၊ ပါတီဝင် (၁၀၀) ဦး နှင့် အသက်မပြည့်သော ကလေးသူငယ် (၃၁၄) ဦး တို့ ပါဝင်

📌 ၄။ ကျိုက်မရော အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား (၄၇) ဦး အဆာငတ်ခံ ဆန္ဒပြနေ

📌 ၅။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၅၇) ဦး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ (၄၅) ဦးဖြင့် အများဆုံးဖြစ်

📌 ၆။ Freedom Tattoo Campaign ပိတ်ပွဲနှင့် ကင်မ်မှ မဲနှိုက်ပေးမည့်အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်ကျင်းပမည်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ

🚩 ၁။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် ( ) အပတ်စဉ်() အခြေခံ စစ်သင်တန်းဆင်းပွဲကျင်းပရာ စကစထံကသိမ်းဆည်းရမိတဲ့လက်နက်များနှင့်စစ်ရေးပြ

🚩 ၂။ ရွှေဘိုနယ် ရွှေဒါးကန်အနီးရှိ စစ်ကောင်စီစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၃။ အုတ်ဖိုတာဆုံရှိ စစ်တပ်လုံခြုံရေးဂိတ်ကိုတိုက်ခိုက်မှု ရဲ ဦးသေဆုံးနိုင်ဟု သာယာဝတီခရိုင် အမှတ် တပ်ရင်း ထုတ်ပြန်

🚩 ၄။ လောင်းလုံးမြို့နယ်တွင် စစ်သင်္ဘောတစင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၅။ ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာမှထွက်လာသောစကစနဲ့ပျူ အိမ်စီးကားနှင့်ရှေ့ပြေးဆိုင်ကယ်အားပစ်ခတ်ရာ နှစ်ဦးသေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆည်းရမိ

🚩 ၆။ ပခုက္ကူမြို့နယ်ရှိ ချောက်ကန်နှင့် လက်ပန်းကန် အကြားတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများအားကာကွယ်ရေးအဖွဲ့များမှ RC Plane ဖြင့် ဗုံးသီးချတိုက်ခိုက်

🚩 ၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်၍ ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၂/၂၀၂၄)ကို ဖေဖော်ဝါရီလ ၉ရက်ကကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာန တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြ၍ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊  တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ကနေဒါ လွှတ်တော် စာတမ်းဖတ်ပွဲနှင့် မြန်မာ့လက်ရှိ အကျပ်အတည်းနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် သက်ရောက်မှု ဆွေးနွေးပွဲမှာ သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်တက်ရောက်ဆွေးနွေး 


ဖေဖေါ်ဝါရီလ () ရက်နေ့က ကနေဒါနိုင်ငံ၊ Ottawa မြို့ ကနေဒါလွှတ်တော်၌ ပြုလုပ်သည့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုနှင့် ပထဝီနိုင်ငံရေးအားပြိုင်မှုများကြား ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ တိုးမြင့်လာမှု စာတမ်းဖတ်ပွဲကို ဦးဆောင်ကျင်းပသူများ၏ ဖိတ်ကြားမှုအရ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တက်ရောက်ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါ စာတမ်းဖတ်ပွဲကို ကနေဒါ လွှတ်တော်အမတ် Garnett Genuis (Shadow Minister of International Development) က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတကာ သံတမန်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သုတေသနပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။ စာတမ်းဖတ်ပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပထဝီနိုင်ငံရေး အကျိုးသက်ရောက်မှုများနှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။


ထို့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ South Asian Institute of Policy and Governance (SIPG) of North South University က ဦးဆောင်ပြုလုပ်ခဲ့သည့် မြန်မာ့လက်ရှိ အကျပ်အတည်းနှင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအပေါ် သက်ရောက်မှု ဆွေးနွေးပွဲကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် တက်ရောက်ပြီး ပါဝင် ဆွေးနွေးခဲ့ပါတယ်။


ဆွေးနွေးပွဲတွင် သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က မြန်မာ့နွေဦးတော်လှန်ရေးနှင့် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများ၊ မြန်မာနိုင်ငံတွင် လက်ရှိ ဆင်နွှဲနေသည့် တော်လှန်ရေးအောင်မြင်မှုသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအတွက် တည်ငြိမ်မှုနှင့် အကျိုးစီးပွားများအပေါ် အရေးပါသည့် သက်ရောက်မှုများရှိနိုင်ကြောင်း ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရသော ပြည်သူ (,၂၅၁) ဦးတွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် () ဦး၊ ပါတီဝင် (၁၀၀) ဦး နှင့် အသက်မပြည့်သော ကလေးသူငယ် (၃၁၄) ဦး တို့ ပါဝင်


ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရသော ပြည်သူ (,၂၅၁) ဦး တွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် () ဦး၊ ပါတီဝင် (၁၀၀) ဦး နှင့် အသက်မပြည့်သော ကလေးသူငယ် (၃၁၄) ဦး တို့ ပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဖေဖော်ဝါရီလ () ရက်မှာ ထုတ်ပြန်ပါတယ်။


လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)(HRDT-NLD) မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ လက်လှမ်းမီသ၍ ကောက်ယူရရှိထားသော မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရသော ပြည်သူ (,၂၅၁) ဦး တွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် () ဦး၊ ပါတီဝင် (၁၀၀) ဦး နှင့် အသက်မပြည့်သော ကလေးသူငယ် (၃၁၄) ဦး တို့ ပါဝင်ပါတယ်။


ထို့အပြင်အကြမ်းဖက် စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ်ရုံး များကို အဓိကပစ်မှတ်ထားကာ ချေမှုန်းရန်ရည်ရွယ်ရင်းရှိသည့်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများကို အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ အဖွဲ့ချုပ်ဗဟိုရုံး (ရန်ကုန်) - ကြိမ်၊တိုင်းနှင့်ပြည်နယ်ရုံးများ - ၁၅ ကြိမ်၊ခရိုင်ရုံးများ - ကြိမ်၊မြို့နယ်ရုံးများ - ၁၁၂ ကြိမ်၊ရပ်ကျေးရုံးများ - ၂၈ ကြိမ် တို့ဖြင့်

စုစုပေါင်း ဖျက်ဆီးမှုအကြိမ်ပေါင်း (၁၆၄) ကြိမ် ရှိခဲ့ပါတယ်။


========================


📌📌 ၄။ ကျိုက်မရော အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား (၄၇) ဦး အဆာငတ်ခံ ဆန္ဒပြနေ


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား (၄၇) ဦးဟာ တောင်းဆိုချက် ချက် ရရှိရေး အဆာငတ်ခံကာ ဆန္ဒပြနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် (PPNM) ထံမှ သိရပါတယ်။

ဖေဖော်ဝါရီလ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှ စတင်ကာ နိုင်ငံရေးအကျဉ်းသား ၄၇ ဦးက  ၎င်းတို့ရဲ့ တောင်းဆိုချက် ရပ်ကို ထောင်အာဏာပိုင်များက ခွင့်ပြုသည်အထိ ရက်အကန့်အသတ်မရှိ အဆာငတ်ခံ ဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။


၎င်းတို့ရဲ့ တောင်းဆိုချက်များမှာ စုံစမ်းစစ်ဆေးမှုခံယူနေရတဲ့ နိုင်ကျဉ်း () ဦးရဲ့ ကျန်းမာရေးကို နေ့စဉ် စစ်ဆေးပေးရန်နဲ့ အကျဉ်းတိုက် မဟုတ်တဲ့ အခြားသင့်လျော်စွာ နေရာသို့ အမြန်ဆုံး ပြောင်းရွေ့ ပေးရန်၊ စုံစမ်းစစ်ဆေးမှု ပြီးဆုံးတာနဲ့ မူလနေထိုင်ရာ အဆောင်ကို အမြန်ဆုံး ပြန်လည်ပို့ဆောင်ရန် နှင့် အကျဉ်းသူ/သားများကို ခေါ်ယူမေးမြန်းမှုများ ပြုလုပ်လိုပါက ထောင်ဖွင့်ချိန်၌သာ ပြုလုပ်ပေးရန်တို့ပဲ ဖြစ်ပါတယ်။


တောင်းဆိုတဲ့ အချက်တွေအားလုံးက ဖြစ်နိုင်တဲ့အချက်တွေကိုပဲ တောင်းထားတာ ဖြစ်ပါတယ်၊ ဒါက ထောင်ရဲ့ဥပဒေမှာ ပြဌာန်းထားတဲ့ အချက်တွေပဲပေါ့နော်၊ တားမြစ်ချိန်နောက်ပိုင်းမှာ အကျဉ်းသား တစ်ယောက်ကို ကျန်းမာရေး အခြေအနေက အရေးပေါ်ဖြစ်တာက လွဲ၍ ထောင်ပြောင်းတာက လွဲ၍ အခုလိုမျိုး ညပိုင်းမှာ ဥပဒေကို ကျော်လွန်ပြီး ခေါ်ထုတ်တာက သူတို့ကိုယ်တိုင် ဥပဒေကို ချိုးဖောက် နေတာလို့ ပြောချင်ပါတယ်။လို့ PPNM မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။


ဖေဖော်ဝါရီ ရက်နေ့ အကျဉ်းထောင် ပိတ်ချိန်ထဲမှာ အကျဉ်းထောင်အတွင်း လက်ကိုင်ဖုန်း တွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိပ်ဆောင် () မှ ကိုသက်မောင်မောင်စိုးနဲ့ ကိုသက်ဇော်တို့ နှစ်ဦးကို လာရောက်ခေါ်ဆောင် ရိုက်နှက်ပြီး အကျဉ်းတိုက်ထဲ ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။


အကျဉ်းထောင်ထဲကို ဝင်ရောက်ရှာဖွေခဲ့စဉ်က ဖုန်းနှစ်လုံးကို အမှန်တကယ် လက်ဝယ်တွေ့ရှိ ခဲ့ခြင်းမရှိဘူးလို့ အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက အတည်ပြုပြောထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် (PPNM) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ထို့ကြောင့် ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသူ/သားများကို စစ်ဆေးရာမှာ တရားလက်လွန် မဖြစ်စေရေး၊ လူ့အခွင့်အရေးနှင့်အညီ ဆောင်ရွက်ရေး၊ ကျန်းမာရေးဆိုင်ရာ အလွယ်တစ်ကူ ရရှိနိုင်ရေး အတွက် ယခုတောင်းဆိုချက် () ရပ်ကို တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ အဆာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသားများက အသိပေးထားပါတယ်။


အဆာငတ်ခံ နေတဲ့ရက် အနည်းငယ် ကြာမြင့်လာပြီ ဖြစ်တဲ့အတွက် ၎င်းနိုင်ငံရေး အကျဉ်းသား (၄၇) ဦးရဲ့ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိလာနေပြီး ထောင်အာဏာပိုင်တွေ ဘက်ကတော့ ဘယ်လိုမှ တုံပြန်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။


ထို့အပြင် ၎င်းအဆာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားများကို ဝန်းရံတဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသား (၁၆၄) ဦးကလည်း အကျဉ်းထောင်မှပေးတဲ့ အစားအသောက်များကို စားသုံးခြင်း မပြုဘဲ သပိတ်မှောက်ကာ တောင်းဆိုမှုမှာ ပူးပေါင်းပါဝင်နေတယ်လို့လည်း သိရပါတယ်။


 ကျိုက်မရော အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ရက် ကလည်း ဒဂုံတက္ကသိုလ်မှ ကျောင်းသား ဦးအား စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့တဲ့အပေါ် ဆန့်ကျင် တဲ့အနေဖြင့် အဆာငတ်ခံ ဆန္ဒပြခဲ့ ကြပါသေးတယ်။


========================


📌📌 ၅။ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၅၇) ဦး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ (၄၅) ဦးဖြင့် အများဆုံးဖြစ်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက် အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဖေဖော်ဝါရီလ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၅၇) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ (၂၅) ဦး ပါဝင်တယ်လို့သိရပါတယ်။


အဆိုပါ (၁၅၇) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၄၆) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ရခိုင်ပြည်နယ်မှာ (၃၀) ဦးဖြင့် ဒုတိယသေဆုံးမှု အများဆုံးဒေသဖြစ်ပါတယ်။ 


ထို့ပြင် ၎င်း (၁၅၇) ဦးအနက် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ (၄၅) ဦးဖြင့် အများဆုံးဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူ အရေအတွက်မှာ (၄၄) ဦးဖြင့် ဒုတိယအများဆုံးဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၆။ Freedom Tattoo Campaign ပိတ်ပွဲနှင့် ကင်မ်မှ မဲနှိုက်ပေးမည့်အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်ကျင်းပမည်


Freedom Tattoo Campaign ပိတ်ပွဲ နှင့် ကင်မ်မှ မဲနှိုက်ပေးမည့်အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်း Freedom Tattoo Campaign ဖြစ်မြောက်ရေးကော်မတီက အသိပေးဖော်ပြပါတယ်။


"ဖေဖော်ဝါရီ (၁၃)ဗိုလ်ချုပ်မွေးနေ့တွင် ကင်မ် တက်တူး ကမ်ပိန်း Freedom Tattoo Campaign ပိတ်ပွဲမှာ အဖိုးတန်အမှတ်တရဆုတွေကို မဲဖောက်ပေးပါတော့မယ်။ ကင်မ်ပန်းချီကားကြီးလည်း အပါအဝင်ပေါ့။ မဲလက်မှတ်တွေ အား‌ပေးချင်သူများအတွက်ကတော့ ၁၂ရက်နေ့အထိ မှီနိုင်သေးတယ်"လို့ဆိုပါတယ်။


Freedom Tattoo Campaign ပိတ်ပွဲ နှင့် ကင်မ်မှ မဲနှိုက်ပေးမည့်အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်ကျင်းပမည်ဖြစ်သောကြောင့်

လက်မှတ်များကို ဖေဖော်ဝါရီလ ၁၂ ရက်နေ ထိသာရောင်းချပေးတော့မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် ( ) အပတ်စဉ်() အခြေခံ စစ်သင်တန်းဆင်းပွဲကျင်းပရာ စကစထံကသိမ်းဆည်းရမိတဲ့လက်နက်များနှင့်စစ်ရေးပြ


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် ( ) အပတ်စဉ်() အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပရာ စကစထံကသိမ်းဆည်းရမိတဲ့ လက်နက်များနှင့် စစ်ရေးပြခဲ့တယ်လို့သိရပါတယ်။


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် () မှ ()လတာပြုလုပ်ခဲ့သည့် အပတ်စဉ်() အခြေခံစစ်သင်တန်းဆင်းပွဲအား ဖေဖော်ဝါရီလ () ရက်နေ့တွင် ဗျူဟာနယ်မြေတစ်ခုမှာ ကျင်းပခဲ့ပါတယ်။


KNDF ဗျူဟာအမှတ် () အပတ်စဉ်() အခြေခံစစ်သင်တန်းအား ဗျူဟာနယ်မြေရှိ တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်တစ်ရာကျော် တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲ၌ ကရင်နီပြည်တပ်မတော်(KA) မှ တပ်ဗိုလ်တပ်မှူးများ၊ KNDF တာဝန်ရှိသူများ သင်တန်းသားများ၏ မိသားစုဝင်အချို့နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ၊ အဖွဲ့အစည်းများ တတ်ရောက်ခဲ့ကြပါတယ်။


KNDF ဗျူဟာ အမှတ် () သင်တန်းဆင်းပွဲတွင် သင်တန်းပြီးမြောက်၍ တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေးတာဝန်များ ထမ်းဆောင်ရန် အသင့်ဖြစ်ခဲ့ပြီ ဖြစ်သော ရဲဘော်များမှ စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်အချို့အား အသုံးပြု၍ စစ်ရေးပြခြင်းများအား ပြုလုပ်ခဲ့ကာ စိတ်ဓာတ်မြှင့်တင်ရေး အတွက်လည်း ရည်ရွယ်တယ်လို့ KNDF ဗဟိုကသတင်းထုတ်ပြန်ပါတယ်။


========================


🚩🚩 ၂။ ရွှေဘိုနယ် ရွှေဒါးကန်အနီးရှိ စစ်ကောင်စီစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


စစ်ကိုင်းတိုင်း ရွှေဘိုမြို့ နန်းတော် အနောက်တောင်ဘက်က ရွှေဒါးကန်အနီးမှာရှိတဲ့ စစ်ကောင်စီ စခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ BGS Drone Force အဖွဲ့က အသိပေးထားပါတယ်။ 

အင်အား ၁ဝဝ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခြေပြုနေတဲ့ အဆောက်အအုံပေါ်ကို လက်လုပ် ၁၂ဝ မမ ဗုံးသီးတလုံး ၆ဝ မမ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့ပေမယ့် နောက်ဆက်တွဲသတင်းတွေကို ဆက်လက်စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။ 

စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချိန်ကြာမြင့်စွာ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ရွှေဘို Buffalo Soldires နဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ BGS Ayadaw Drone Force အဖွဲ့က ဦးဆောင်ပြီး Ayadaw Rocket LPDF က ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

BGS Ayadaw Drone Force အဖွဲ့နဲ့ အရာတော်နယ်က တော်လှန်ရေးအင်အားစုတွေဟာ ဖေဖော်ဝါရီလ ရက် နေ့ညကလည်း အရာတော်မြို့ပေါ်မှာရှိတဲ့ အမှတ် ၅၀၀၄ သံချပ်ကာတပ်ရင်းအတွင်းက ရေစင်ကင်းတဲနဲ့ လူပျို ဆောင်ကို ဒရုန်းအသုံးပြုပြီး ၁၂ဝ မမ လက်လုပ်ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။


========================


🚩🚩 ၃။ အုတ်ဖိုတာဆုံရှိ စစ်တပ်လုံခြုံရေးဂိတ်ကိုတိုက်ခိုက်မှု ရဲ ဦးသေဆုံးနိုင်ဟု သာယာဝတီခရိုင် အမှတ် တပ်ရင်း ထုတ်ပြန်


ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်မှာရှိတဲ့ အုတ်ဖိုမြို့နယ်မှာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ပြီး ငွေတောင်းနေတဲ့ စစ်တပ်လုံခြုံရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ရာ ရဲ ဦး သေဆုံးနိုင်ပြီး ဦးခန့် ဒဏ်ရာရရှိသွားတယ်လို့ သာယာဝတီခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်ပါတယ်။

အုတ်ဖိုမြို့နယ်ထဲက ရန်ကုန်-ပြည်ကားလမ်းဘေး အုတ်ဖိုတာဆုံမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေး ဂိတ်ကို သာယာဝတီခရိုင် အမှတ် တပ်ရင်း၊ တပ်ခွဲ ဖြစ်တဲ့ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က ဖေဖော်ဝါရီ ရက် မနက် နာရီ ၄ဝ မိနစ်ခန့်မှာ လျှပ်တပြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဦးသေဆုံးနိုင်ပြီး ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ကနဦး သတင်းတွေအရ သိရှိထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။ 

အဆိုပါစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေဆီကနေ ကျပ်သိန်းချီ တောင်းခံ လေ့ရှိပြီး အခုလို ပစ်ခတ်ခံရတာကြေင့် စစ်ဆေးမှုတွေကို တင်ကြပ်စွာလုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တွေက ပြောပါတယ်။

ဒါ့ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီထောက်တိုင် ပျူစောထီးတွေနဲ့အတူတကွ နေထိုင် ပေါင်းသင်းဆက်ဆံ တာတွေမလုပ်ဖို့ သာယာဝတီခရိုင် အမှတ် တပ်ရင်းက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၄။ လောင်းလုံးမြို့နယ်တွင် စစ်သင်္ဘောတစင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်သင်္ဘောတစင်းကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်သား ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က အသိပေးထုတ်ပြန်ပါတယ်။

ပင်လယ်ဝကနေ ထားဝယ်မြစ်အတိုင်းဝင်လာပြီး တိုက်ပွဲဖြစ်တာမရှိဘဲ မြစ်ကမ်းဘေးတလျောက်က ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြစ်ခတ်နေတဲ့ အဆိုပါစစ်သင်္ဘောကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ထားဝယ်မြစ်အတိုင်းဝင်လာတဲ့ စစ်ကောင်စီရေတပ် စစ်သင်္ဘောအမှတ် ၄၂၃ ကို ဖေဖော်ဝါရီလ ရက်နေ့ ညနေ ၆နာရီ ဝန်းကျင်မှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF လိပ်ပြာတပ်စု လောင်းလုံးပကဖနဲ့ ဖက်ဒရယ် ဓူဝံကြယ်တပ်ဖွဲ့- FPF တို့က ဒရုန်းသုံးပြီး ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

တိုက်ခိုက်ခံပြီးတဲ့နောက် စစ်သင်္ဘောဟာ မြစ်ကြောင်းတလျောက်နဲ့ မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ ၁၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ပြန်လည်ထွက်ခွာ သွားတယ်လို့ LLPDF က ပြောပါတယ်။ 

ဗုံးသီးချတိုက်ခိုက်ခံလိုက်ရတာကြောင့် စစ်သင်္ဘောထပ်ပိုင်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး စစ်သား ဦးခန့် ပြင်းထန်ဒဏ်ရာရသွားသလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်က ဒရုန်းတစင်း ဆုံးရှုံးခဲ့ရတယ်လို့ သိရ ပါတယ်။ 

စစ်သင်္ဘောအမှတ် ၄၂၃ ဟာ လောင်းလုံးမြို့ပေါ်တိုက်ပွဲဖြစ်တဲ့ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့က အနောက်ဘက် ပင်လယ်ကနေ ရေကြောင်းပစ်ကူအနေနဲ့ လက်နက်ကြီးပစ်ကူပေးခဲ့တဲ့ စစ်သင်္ဘောဖြစ်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာမှထွက်လာသောစကစနဲ့ပျူ အိမ်စီးကားနှင့်ရှေ့ပြေးဆိုင်ကယ်အားပစ်ခတ်ရာ နှစ်ဦးသေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆည်းရမိ


ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာမှ ထွက်လာသော စကစနဲ့ပျူ အိမ်စီးကားနှင့် ရှေ့ပြေးဆိုင်ကယ်အား ပစ်ခတ်ရာ နှစ်ဦးသေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆည်းရမိခဲ့ပါတယ်။


ဖေဖော်ဝါရီလ ၉ရက် ရေစကြိုမြို့နယ် နေ့လည်၁၁နာရီအချိန်ခန့်တွင် ဆင်ချောင်းပျူရွာမှ ထွက်လာသောအိမ်စီးကားနှင့် ရှေ့ပြေးဆိုင်ကယ်အား ပခုက္ကူ-ရေစကြို ကားလမ်းတစ်နေရာတွင် အနီးကပ် ပစ်ခက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရေစကြိုပကဖကအတည်ပြုဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် ပျူတစ်ဦးနှင့် စကစတစ်ဦးနေရာတွင် ရှင်းလင်းနိုင်ခဲ့ပြီး ကားပေါ်မှဆင်းပြေးသော စကစ၅ဦးမှာ ထွက်ပြေးပြီး နောက်မှလိုက်လံပစ်ခတ်ရာ ဒဏ်ရာများနှင့်ထွက်ပြေးသွားခဲ့ပါတယ်။


ထိုဒဏ်ရာဖြင့်ထွက်ပြေးသွားသော စကစ၅ဦး၏ နောက်ဆက်တွဲအခြေနေများအား ထပ်မံအတည်ပြုလျှက်ရှိပြီး ၎င်းတို့ကိုင်ဆောင်သော G3တစ်လက်နှင့် ကာဘိုင်တစ်လက်တို့ သိမ်းဆည်းရမိခဲ့ပါတယ်။


ထိုသို့ရန်သူ့လက်နက်များ ကောက်ယူပြီးအချိန်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(.က.)နှင့်အတူ ပခုက္ကူမြို့နယ်(ပကဖ တပ်ခွဲ-)Southern Yesagyo PDFတို့ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၆။ ပခုက္ကူမြို့နယ်ရှိ ချောက်ကန်နှင့် လက်ပန်းကန် အကြားတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများအားကာကွယ်ရေးအဖွဲ့များမှ RC Plane ဖြင့် ဗုံးသီးချတိုက်ခိုက်


ဖေဖော်ဝါရီလ () ရက်နေ့ မနက် () နာရီဝန်းကျင်ခန့်အချိန်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ချောက်ကန်နှင့် လက်ပန်းကန် အကြားတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများအား မိမိတို့ကာကွယ်ရေးအဖွဲ့များမှ RC Plane ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Young force UGကအသိပေးဆိုပါတယ်။


တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သားများသည် ပြည်သူများနေသော ကျေးရွာများအား  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


စစ်ကောင်စီတပ်သားများ၏ အထိအခိုက်ဒဏ်ရာရရှိမှုများကို အသေးစိတ်စုံစမ်းနေပြီး တိုက်ခိုက်မှုကို မြိုင်-ပခုက္ကူ မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်၍ ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့


ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်၍ ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၉ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကအသိပေးဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံသို့  MA -3 (1)လက် ကျည်ဘောက် () ဘောက် ကျည် (၂၅၀) ဖြင့် အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။


မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ပြည်သူလူထုဘက်သို့ ရပ်တည် အလင်းဝင်ရောက်လိုသော စစ်ကောင်စီတပ်သားများအား နွေးထွေးလုံခြုံစွာလက်ခံလျှက်ရှိတယ်လို့လည်းအသိပေးဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment