18th FEB 2024 - Morning Daily News by Radio NUG


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ

🚩 ၁။ ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီစခန်း ၂ခုမှ စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ခွာထွက်ပြေး

🚩 ၂။ မံစီရှိ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို KIA, AA နှင့် KPDF ပူးပေါင်း ထိုးစစ်ဆင် တိုက်ခိုက်

🚩 ၃။ မြောက်ခင်ရန်းမှ ပျူစောထီးနဲ့  စစ်ကောင်စီ ပူးပေါင်း စစ်ကြောင်းက သင်တောရွာမှ ကလေးငယ်များ အပါအဝင် အရပ်သား ၁၉ ဦးကို ဖမ်းဆီးထား

🚩 ၄။ ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံတဦး ပြင်းထန်ဒဏ်ရာရကာ အိမ်တလုံးနှင့် ကား ၅စီးပျက်စီး

🚩 ၅။ ပေါက်ခေါင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဦးသေ ဦး ဒဏ်ရာရ

🚩 ၆။ ပဲဒက်ကျေးရွာရှိ စခန်းကုန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ခေါင်းဆောင်အပါအဝင် ဦး သေဆုံး

🚩 ၇။ ဆောမြို့မှ စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး ဂန့်ဂေါ PDF ထံ လက်နက်နဲ့ CDM ပြုလုပ်


========================


🚩🚩 ၁။ ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီစခန်း ၂ခုမှ စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ခွာထွက်ပြေး


ဖေဖော်ဝါရီလ ၁၇ရက်။

ကရင်နီပြည် ရှားတောမြို့နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ ဟွေအွန်တပ်စခန်းနဲ့ ကျားပါးစပ်ကြီး တပ်စခန်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားပြီလို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့တန်း အထိုင်တပ်စခန်းတွေဖြစ်တဲ့ ဟွေအွန်တပ်စခန်းနဲ့ ကျားပါးစပ်ကြီးတပ်စခန်းတို့က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မတိုင်မီ စခန်းများကို စွန့်ခွာထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။

ဟွေပုန်းလောင်းဒေသက အကြမ်းဖက်စစ်ကောင်စီရဲ့ စိုးမိုးကုန်းတခုဖြစ်တဲ့ ကျားပါးစပ်ကြီးစခန်းနဲ့ နန့်ပန်ချောင်းဘေးမှာ အခြေပြုထားတဲ့ ဟွေအွန်တပ်စခန်းတို့က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလ ၁၀ ရက်နဲ့ ၁၃ ရက်နေ့ ကြားမှာ ရဟတ်ယာဥ်တွေနဲ့ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး စခန်းကို စွန့်ခွာသွားတာလို့လည်း ဆိုပါတယ်။

အဆိုပါတပ်စခန်းတွေဟာ ကရင်နီ-ထိုင်းနယ်စပ်မှာရှိပြီး အကြမ်းဖက်စစ်ကောင်စီအတွက် အရေးပါတဲ့ ရှေ့တန်းတပ်စခန်းတွေဖြစ်တယ်လို့လည်း KNDF က အသိပေးပြောဆိုထားပါတယ်။ 

အခုလို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းစွန့်ခွာသွားခဲ့တာကြောင့် KNDF B-21 နဲ့ KNPLF တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဟွေအွန်စခန်းနေရာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ ဟွေအွန်စခန်းအတွင်းက ဆန်အိတ်အချို့နဲ့ ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကာ ကျားပါးစပ်ကြီးစခန်းနေရာကို ကရင်နီတပ်မတော် -KA က ဝင်ရောက်ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ မံစီရှိ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို KIA, AA နှင့် KPDF ပူးပေါင်း ထိုးစစ်ဆင် တိုက်ခိုက်


ဖေဖော်ဝါရီလ ၁၇ရက်။

ကချင်ပြည်နယ်၊ မံစီမြို့နယ် စစ်ကောင်စီ ဂျယ်ခမ်း(စီခန်းကြီး) တပ်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ရက္ခိုင်တပ်တော် (AA) နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်း အဖွဲ့က  ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က သိရပါတယ်။


ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် နာရီမှစပြီး ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


"ဂျယ်ခမ်း (စီခန်းကြီး) စကစ တပ်ဗျူဟာစခန်းကို KIA AA KPDF ပူးပေါင်းတပ်ဖွဲ့က ဒီမနက် နာရီက ထိုးစစ်ဆင် တိုက်ခိုက်တာ။ ဒီနေ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ ၁၄ ကြိမ် ရှိသွားပြီ။ ညနေ နာရီခွဲ အထိ တိုက်ပွဲပြင်းထန်နေဆဲပါ" လို့ စစ်ရေးသတင်းရင်းမြစ်က People Spring ကို ပြောဆိုထားပါတယ်။


အဆိုပါ တပ်စခန်းမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၅) ခလရ (၁၂၁) ခလရ (၂၇၆) နှင့် ခလရ (၂၂၃) တပ်များ ပူးပေါင်းတပ်စွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်၊


 KIA အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း မံစီမြို့နယ်အတွင်းရှိ မံဝိန်းကြီး စစ်ကောင်စီစခန်း၊ ကိုက်ထိပ်စစ်ကောင်စီ စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားပါသေးတယ်။


========================


🚩🚩 ၃။ မြောက်ခင်ရန်းမှ ပျူစောထီးနဲ့  စစ်ကောင်စီ ပူးပေါင်း စစ်ကြောင်းက သင်တောရွာမှ ကလေးငယ်များ အပါအဝင် အရပ်သား ၁၉ ဦးကို ဖမ်းဆီးထား


ဖေဖော်ဝါရီလ ၁၇ရက်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ မြောက်ခင်ရန်း ပျူရွာမှ ပျူစောထီးနှင့် စစ်ကောင်စီ ပူးပေါင်း စစ်ကြောင်းက သင်တောရွာမှ ကလေးငယ်များ အပါအဝင် အရပ်သား ၁၉ ဦးကို ဖမ်းဆီးထား ပြီး စစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။


 စစ်ကောင်စီနဲ့ ပျူစောထီး အင်အား (၂၀၀) ခန့်ပါတဲ့ ပျူစောထီး စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ပြီး ဂန်ဂေါမြို့နယ် သင်တောရွာ၊ ရွှေဘိုရွာနဲ့ ရေသာ (ကံတိုး)ရွာ တို့ကို စစ်ကြောင်း ထိုး ဝင်ရောက်လာကာ အရပ်သား ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၁၉ ဦးကို အရှင် ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။


ဖမ်းခံထားရ သူများမှာ အမျိုးသမီးတွေ၊ သက်ကြီးပိုင်းတွေနဲ့ ကလေးတွေ ဖြစ်တယ်လို့ သိရပြီး အမျိုးသားက အသက် ၆၀ ကျော် အဘိုးကြီး တစ်ဦးနဲ့ နှစ်အရွယ် ကလေးတစ်ဦးပါဝင်ကာ နှစ် နှစ် အရွယ် မိန်းကလေးငယ် နှစ်ဦးနဲ့ အသက် ၃၀ မှ ၅၀ ကြား အမျိုးသမီး ၁၅ ယောက် ပါဝင်ကြောင်း သင်တောရွာ ဒေသခံ တစ်ဦးက ပြောပြပါတယ်။


ထိုသို့ အဖမ်းခံရသူများကို ဓာတ်ဆီပေပါ (၁၅) ပေပါ၊ ဆား (၁၀) အိတ်၊ ဟင်းချိုမှုန့် (၁၀) အိတ် နှင့် Grand Royal အပြာ () ဖာဖြင့် ရွေးယူရန် မြောက်ခင်ရန်းရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးများက သင်တောရွာ ဒေသခံတစ်ဦးကို ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးထားသူများကို မြောက်ခင်ရန်းရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ သိရပြီး ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေ ဖြစ်တာကြောင့် ၎င်းတို့ရဲ့ မိသားစုဝင်များက စိတ်ပူနေကြပြီး သူတို့တောင်းတာတွေပေးဖို့ လုပ်နေတယ်လို့လည်း ဒေသခံက ဆိုပါတယ်။


စစ်ကောင်စီတပ်က မြောက်ခင်ရန်းရွာ အပါအဝင် ပျူစောထီး ကျေးရွာများကို ဖေဖော်ဝါရီလ ရက်နေ့က ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်း အမြောက်အများ ပေးပို့ခဲ့ပြီးနောက် အနီးပတ်ဝန်းကျင် ကျေးရွာများကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။


၎င်းစစ်ကောင်စီနဲ့ ပျူစောထီးများ အနေဖြင့် ဂန့်ဂေါမြို့အထိ ရိက္ခာလမ်းကြောင်း ပြန်ဖွင့်နိုင်ရေး စစ်ကြောင်းထိုးနိုင်ခြေရှိတယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာတွေ ရှိပါတယ်။


========================


🚩🚩 ၄။ ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံတဦး ပြင်းထန်ဒဏ်ရာရကာ အိမ်တလုံးနှင့် ကား ၅စီးပျက်စီး


ဖေဖော်ဝါရီလ ၁၇ရက်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ်အတွင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး နေအိမ်တလုံးနဲ့ ကား ၅စီး ပျက်စီးသွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။   

ဖေဖော်ဝါရီလ ရက်က ၁၆ နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပိန်းဇလုပ်အခြေစိုက်တပ်စခန်း ခလရ-၂၆၄ နဲ့ ခမရ၂၀ ညောင်လေးပင်အခြေစိုက်တပ်စခန်း၊ ပုဇွန်မြောင်းတာဖြတ်၊ တော်ဝိကျေးရွာ၊ ရေကြည်ချောင်းကျေးရွာတို့မှာ  တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူလူထုနေထိုင်ရာ ကျေးရွာများအတွင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီး ၆၄ လုံး ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် အခုလို ပျက်စီးခဲ့တာလို့ ဆိုပါတယ်။ 

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ပြည်သူပိုင်နေအိမ် လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ဆိုင်ကယ် စီးကိုလည်း ခိုးယူဖျက်ဆီးခဲ့တဲ့အပြင် ပျူစောထီးအဖွဲ့တွေကလည်း ကျေးရွာဥက္ကဋ္ဌသစ်များကို ရွေးချယ်ပြီး ငွေတုထုတ်လုပ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်လို့ အသိပေးထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထုတ်ပြန်ရာမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ဦး သေဆုံးခဲ့တဲ့ တိုက်ပွဲတွေအကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် နာရီခွဲခန့်အချိန်မှာ ပိန်းဇလုတ်အခြေစိုက်တပ်စခန်း ခလရ ၂၆၄ က ရေဖြုကန်ရွာကို ၁၂ဝ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြေင့် အကြမ်းဖက်စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား ဦးသေဆုံးခဲ့သလို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ဦးလည်း ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ထို့အတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၁၁ နာရီခန့်မှာလည်း ခမရ- ၂ဝ က ပုဇွန်မြောင်းကနေ အင်အား ၃ဝ ခန့်ဖြင့် ညောင်ပင်ကြီးကျေးရွာဘက်ကို လှေနဲ့ဖြတ်ကူးလာချိန်မှာ KNLA လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ ပေါက်ခေါင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဦးသေ ဦး ဒဏ်ရာရ


ဖေဖော်ဝါရီလ ၁၇ရက်။

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာမှ ညောင်ဝန်းကျေးရွာကို ထွက်ခွာလာတဲ့ စစ်ကောင်စီ ဆိုင်ကယ် စီးနဲ့ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ PPDF တပ်ရင်း ၃၆၀၁ ထံမှ သိရပါတယ်။


ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် နာရီခန့်က လက်နက်အပြည့်အစုံဖြင့် ထွက်လာတဲ့ အဆိုပါ စစ်ကောင်စီ ယာဉ်တန်းကို မိုင်း လုံးဖြင့် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ PPDF တပ်ရင်း ၃၆၀၁ က ဆိုပါတယ်။


 မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ စစ်ကောင်စီ တပ်သားနဲ့ ဒဏ်ရာရရှိခဲ့သူများကို ပရိုဘောက် ကားဖြင့် သယ်ဆောင်ကာ ပေါက်ခေါင်းမြို့ဘက်ကို ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်း၊ တပ်ခွဲ () တောဘုရင်အဖွဲ့နှင့် ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၂ PPDF) တပ်ရင်း၊ တပ်ခွဲ () တပ်စု () တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ ပေါက်လံကြီးရွာ အနီးရှိ စစ်ကောင်စီရဲ့ သစ်တောဂိတ် တိုက်ခိုက်ခံခဲ့ရပြိး ဦး သေဆုံးကာ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။


========================


🚩🚩 ၆။ ပဲဒက်ကျေးရွာရှိ စခန်းကုန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ခေါင်းဆောင်အပါအဝင် ဦး သေဆုံး


ဖေဖော်ဝါရီလ ၁၇ရက်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ စစ်ကောင်စီ စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆောင် ကိုအေးစိုး အပါအဝင် ဦး သေဆုံးပြီး ဦးခန့် ဒဏ်ရာ ရရှိခဲ့တယ်လို့ ထား၀ယ်ခရိုင်အမှတ် တပ်ရင်း T5 Wings က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေပိုင်းက ကမ်းရိုးတန်း စစ်ဌာနချုပ် လက်အောက်ခ့ ခလရ - ၂၈၀ နှင့် ပျူစောထီးများ တပ်စွဲထားတဲ့ စခန်းကုန်းကို ဒရုန်း စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ် လို့ T5 Wings အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


စစ်ကောင်စီ အင်အား ၆၀ ခန့် အထိုင်ချထားတဲ့ ၎င်းစခန်းကို မိနစ် ၄၀ ခန့်ကြာအောင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ငယ်များနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA), ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင် အမှတ် () တပ်ရင်း (T5-wings), ထားဝယ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (TPLF)နဲ့ သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ပဲဒက်စခန်းကုန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါသေးတယ်။


========================


🚩🚩 ၇။ ဆောမြို့မှ စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး ဂန့်ဂေါ PDF ထံ လက်နက်နဲ့ CDM ပြုလုပ်


ဖေဖော်ဝါရီလ ၁၇ရက်။

မကွေးတိုင်း၊ ဆော မြို့မရဲစခန်းမှ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦး ဂန့်ဂေါခရိုင်၊ အမှတ် () တပ်ရင်းထံကို လက်နက်၊ ခဲယမ်းများနှင့်အတူ CDM ပြုလုပ် အလင်းဝင်လာတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ် အင်အား ၈၀ ကျော်နဲ့ တပ်စွဲထားတဲ့ ဆောမြို့မရဲစခန်းမှ တပ်ကြပ်ကြီး တစ်ဦးဖေဖော်ဝါရီလ ၁၁ ရက်နေ့က အလင်းဝင်ရောက်လာတယ်လို့ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ သတင်းထုတ်ပြန်ထားပါတယ်။


၎င်း CDM တပ်ကြပ်ကြီးက MA-2 အမျိုးအစား သေနတ်တစ်လက်နှင့် ကျည် ၆၀၀ အပါအဝင် ခဲယမ်းများကိုပါ ယူဆောင်ခဲ့ပြီး တပ်ရင်းအမှတ် () ကို အပ်နှံခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ပုံမှန်အချိန်မှာ မြို့ပြင်ကိုမထွက်ရဲတဲ့ စစ်ကောင်စီ တပ်သားများဟာ ထိုနေ့က CDM ဝင်လာတဲ့ တပ်ကြပ်ကြီးနောက်ကို လိုက်ရန် ပြင်ဆင်မှုများရှိခဲ့တာကြောင့် PDF ရဲဘော်များ ဆောမြို့အတွင်းထိ လုံခြုံရေး ယူပေးရတဲ့ အခြေအနေများ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။


စစ်ကောင်စီရဲ့ လုပ်ရပ်များကို သဘောမကျတာကြောင့် CDM ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ၎င်းတပ်ကြပ်ကြီးက ပြောဆိုထားတယ်လို့ သိရပြီး ၎င်းအား ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုဆုငွေချီးမြှင့်ရန် စီစဉ်နေတယ်လို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment