19th FEB 2024 - Evening Daily News by Radio NUG


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြိမ်အရေအတွက် ရာကျော်သော လေကြောင်း၊ ရေကြောင်းမှ စကစပစ်ခတ်တိုက်ခိုက်ခဲ့များမှုကြောင့် ရမ်းဗြဲမြို့၊ အမှတ် () ကင်းတဲရပ်ကွက်မှ လူနေအိမ် (၁၅၀) ကျော်အထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရ

📌 ၂။ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီ လက်အောက်ခံ အကြမ်းဖက်စစ်တပ်မှ နဘူးတောကျေးရွာသားတဦးကိုပစ်သတ်ကာ နှစ်ဦးကျည်ထိဒဏ်ရာရ

📌 ၃။ ရွှေဘိုမြို့နယ် ပန်းရံ ပြည်သူ့စစ်လက်နက် ခဲယမ်းသိုလောင်ထားရှိရာသို့ ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်၍ မီးလောင်ပျက်စီး

📌 ၄။ မြောင်မြို့နယ် ကျောက်ရစ်စခန်းမှ စကစအင်အား၄၀နီးပါးစစ်ကြောင်းထိုးစဥ် မိုင်းခွဲတိုက်ခိုက်


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီက ဘယ်တုန်းကမှ မကြုံဖူးတဲ့ အရှုံးနဲ့ ရင်ဆိုင်နေရပြီလို့Munich Security Conferenceမှာ နိုင်ငံခြားရေးဝန်ကြီး သတင်းစကားပါး

🚩 ၂။ ဘုံရန်သူဖြစ်တဲ့ စစ်အဏာရှင်ကို အမြစ်ပြတ်ချေမှုန်းတိုက်ဖျက်အဆုံးသတ်နိုင်မှသာ ရိုဟင်ဂျာလည်းလွတ်မြောက်မှာဖြစ်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဆို

🚩 ၃။ ဂန့်ဂေါနယ် မြောက်ခင်ရန်းရွာမှစကစတပ်နှင့်ပျူများ အစုလိုက်အပြုံလိုက်အရပ်သားများကို သတ်ဖြတ်မှု လူ့အခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်

🚩 ၄။ ကိုရီးယားနိုင်ငံတွင် ကျင်းပသော နွေဦးတော်လှန်ရေး () နှစ်ပြည့်ဆွေးနွေးပွဲမှာ NUG နှင့် စကစ အခြေအနေကို သုံးသပ်ဆွေးနွေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြိမ်အရေအတွက် ရာကျော်သော လေကြောင်း၊ ရေကြောင်းမှ စကစပစ်ခတ်တိုက်ခိုက်ခဲ့များမှုကြောင့် ရမ်းဗြဲမြို့၊ အမှတ် () ကင်းတဲရပ်ကွက်မှ လူနေအိမ် (၁၅၀) ကျော်အထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရ


ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား အလုံးစုံပြိုပျက်စေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီသည် လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင်လုပ်ဆောင်ခဲ့တယ်လို့ ရခိုင့်တပ်တော်က အတည်ပြုဆိုပါတယ်။

အကြိမ်အရေအတွက် ရာကျော်သော လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့များမှုကြောင့် ဖေဖော်ဝါရီလ (၁၇) ရက် တစ်နေ့တည်းမှာပင် ရမ်းဗြဲမြို့၊ အမှတ် () ကင်းတဲရပ်ကွက်မှ လူနေအိမ် (၁၅၀) ကျော်အထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့၊ နံနက် (၁၁း၅၂) အချိန်မှနေ့လယ် (၁၂း၂၂) အချိန်ကြားတွင် ရမ်းဗြဲသိမ်‌တောင်ဘုရားကုန်းထက်၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ ရမ်းဗြဲမြို့အား လက်နက်ကြီးဖြင့် () ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီ လက်အောက်ခံ အကြမ်းဖက်စစ်တပ်မှ နဘူးတောကျေးရွာသားတဦးကိုပစ်သတ်ကာ နှစ်ဦးကျည်ထိဒဏ်ရာရ


ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှ ထွက်ခွာလာသော ပျူစောထီးနှင့် စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်စစ်တပ်က နံနက် (:၀၀) ခန့်တွင် နဘူးတောကျေးရွာသို့ ဝင်ရောက်လာကာ ကျေးရွာသား () ဦး ကိုပစ်သတ်ကာ ၎င်းတို့ ပစ်ခတ်မှုဖြင့် () ဦး (မစိုးရိမ်ရ) ကျည်ထိမှန်ခဲ့ကြောင်း သိရှိရပါတယ်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ (၁၈) ရက်တွင် ဘန့်ဘွေးရွာမှ ပျူစောထီးနှင့် စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်စစ်တပ်သည် နဘူးတောကျေးရွာနာရေး ပြင်ဆင်နေချိန်၌ ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ဦးသောင်းခိုင်ဆိုသူအား အကြောင်းမဲ့ပစ်သတ်သွားပြီး ၎င်းတို့ပစ်ခတ်မှုကြောင့် () ဦး ကျည်သင့်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိပါတယ်။

သေဆုံးသူမှာ ကျေးရွာတွင် လက်လုပ်လက်စား အလုပ်သမားတဦးဖြစ်ကြောင်းလည်း ထပ်မံသိရှိရပြီး ပျူစောထီးနှင့်အကြမ်းဖက်စစ်တပ်ဟာ နဘူးတောကျေးရွာရှိ စျေးဆိုင်မှဘီယာဖာများနှင့် ဂစ်တာ () လက်ကိုလည်း ယူဆောင်သွားကြောင်း ယင်းမာပင် သတင်းမှန်ပြန်ကြားရေးကသိရှိရပါတယ်။


========================


📌📌 ၃။ ရွှေဘိုမြို့နယ် ပန်းရံ ပြည်သူ့စစ်လက်နက် ခဲယမ်းသိုလောင်ထားရှိရာသို့ ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်၍ မီးလောင်ပျက်စီး


ဖေဖော်ဝါရီ (၁၈) ရက် ညပိုင်းမှာ ရွှေဘိုမြို့နယ် ပန်းရံ ပြည်သူ့စစ်လက်နက် ခဲယမ်းသိုလောင်ထားရှိရာသို့ ကာကွယ်ရေးအဖွဲ့များ Drone ဗုံးသီး () လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ခဲယမ်းထားရှိရာ တည်နေရာ တည့်တည့် ထိမှန် ချေမှုန်းနိင်ခဲ့သည့်အတွက် ခဲယမ်း မီးလောင် ပျက်ဆီးမှုရှိခဲ့တယ်လို့ ရွှေဘိုအားမာန် မြို့ပြပျောက်ကျားအဖွဲ့က အတည်ပြုဆိုပါတယ်။

ပန်းရံကျေးရွာ၊ ပျူစေားထီး ခေါင်းဆောင် အောင်ကျော် နှင့် အပေါင်းပါများ ပြည်သူအပေါ် မတရားဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း၊ ပြည်သူပိုင် အိုးအိမ်ပစ္စည်းများအား လုယူ အနိုင်ကျင့်နေသည်ကို ပြည်သူအများမှ သတင်းပေးပို့မှုအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ အတည်ပြုပါတယ်။

စစ်ဆင်ရေးအား ရွှေဘိုအားမာန် မြို့ပြပျောက်ကျား UG Shwebo Crocodile ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ မဟာမိတ်ဖြစ်သော (BGS) Drone Force Ayadow Rocket (LPDF) Buffalo Soldiers Freedom Force ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သိင်္ခအားမာန်၊ ဗိုလ်လင်းရောင် (ဒပယ) တန () တပ်ပေါင်းစုတို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ မြောင်မြို့နယ် ကျောက်ရစ်စခန်းမှ စကစအင်အား၄၀နီးပါးစစ်ကြောင်းထိုးစဥ် မိုင်းခွဲတိုက်ခိုက်


အဆိုပါ စစ်ရေးသတင်းကို MyaungUnionArmy က ဖေဖော်ဝါရီ (၁၈) ရက်မှာ အတည်ပြုဆိုပါတယ်။

"ဖေဖော်ဝါရီ (၁၇) ရက် ညတွင် မြောင်ကျောက်ရစ်အထိုင် စကစများသည်  အင်အား (၄၀) နီးပါးဖြင့် ဆင်မင်းရွာကို စစ်ကြောင်းနှစ်ကြောင်းခွဲဝင်လာစဉ် ဆင်မင်းရွာနှင့် ကင်းရွာကြား ကျွန်းမြေရိုးအရောက်တွင် MUA ရဲ့ မိုင်း နှစ်လုံးဖြင့် တည်းခင်းဖောက်ခွဲနိုင်ခဲ့တယ်" လို့ ဆိုပါတယ်။

စကစတပ်များ အထိအခိုက်မှုရှိ/မရှိ ဆက်လက် အတည်ပြု စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ စစ်ကောင်စီက ဘယ်တုန်းကမှ မကြုံဖူးတဲ့ အရှုံးနဲ့ ရင်ဆိုင်နေရပြီလို့Munich Security Conferenceမှာ နိုင်ငံခြားရေးဝန်ကြီး သတင်းစကားပါး


ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ကနေ (၁၈) ရက်နေ့အထိ ကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံ (Munich Security Conference) မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

အာဏာသိမ်း သုံးနှစ်ကျော်ကာလမှာ ခုခံတော်လှန်ရေးတပ်တွေဘက်က အင်အားကြီးလာနေပြီး၊ စစ်ကောင်စီကတော့ ဘယ်တုန်းကမှမကြုံဖူးတဲ့ အရှုံးနဲ့ ရင်ဆိုင်နေရပြီလို့ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ပါတယ်။

ညီလာခံမှာ “Rebel With a Cause: Voice of Civil Resistance” ဆိုတဲ့ ဆွေးနွေးပွဲတစ်ရပ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ ဒေါ်ဇင်မာအောင်နဲ့အတူ ဘီလာရုဇ် နိုင်ငံသူ အတိုက်အခံခေါင်းဆောင် Sviatlana Tsikhanouskaya  ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆု ရှင် ဖိလစ်ပိုင်နိုင်ငံသူ သတင်းစာဆရာ Maria Ressa  World Liberty Congress ဥက္ကဋ္ဌ အီရန်နိုင်ငံဖွား အမေရိကန်နိုင်ငံသူ သတင်းစာဆရာ Masih Alinejad တို့က ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၂။ ဘုံရန်သူဖြစ်တဲ့ စစ်အဏာရှင်ကို အမြစ်ပြတ်ချေမှုန်းတိုက်ဖျက်အဆုံးသတ်နိုင်မှသာ ရိုဟင်ဂျာလည်းလွတ်မြောက်မှာဖြစ်တယ်လို့ လူ့အခွင့်ရေးဒုဝန်ကြီးဆို


ဖေဖော်ဝါရီလအတွင်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုရှယ်မီဒီယာမှာ အခုလို ဆိုပါတယ်။

"အခု တိုက်တိုင်းသေ၊ မရှုမလှရှုံးနိမ့်နေတဲ့ စစ်တပ်က ရိုဟင်ဂျာတွေကို လက်နက်တပ်ပေးပြီး အာရ်ကန်မှာရှိတဲ့ လူမျိုးစုများ အချင်းချင်းကြားတိုက်ခိုင်းကာ ရိုဟင်ဂျာတွေ လူသားဒိုင်းသဖွယ် အသုံးပြုဖို့ကြိုးစားလာတာကို ရိုဟင်ဂျာတွေ အားလုံးတညီတညွတ်တည်း နိုင်ငံရေး မြော်အမြင်ကြီးစွာ ငြင်းဆန်ဖို့ လိုပါတယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။  

အာရ်ကန်မှာရှိတဲ့ ရခိုင်အပါအဝင် တခြားလေသေလူမျိုးစုများနှင့်အတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမှုကို စွဲကိုင်ကာ မိမိတို့ရဲ့ နိုင်ငံရေးရေချိန်က အရင်တုန်း ချိန်မတူတော့ဘူးဆိုတာကို ခိုင်မာစွာပြသဖို့တိုက်တွန်းတွဲလိုပါတယ်။ဘုံရန်သူဖြစ်တဲ့ စစ်အဏာရှင်ကို အမြစ်ပြတ်ချေမှုန်းတိုက်ဖျက်အဆုံးသတ်နိုင်မှသာ ရိုဟင်ဂျာလည်းလွတ်မြောက်မှာဖြစ်ပါတယ်" လို့လည်း ဖြည့်စွက်ပြောကြားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ရက်ပိုင်းအတွင်း ရွာပေါင်း ၃၈၀ ကို မီးရှို့ခဲ့ပြီး ယခင် ခုနှစ်သိန်းကျော်သော ရိုဟင်ဂျာတွေကို တစ်ဖက် ဘင်္ဂလားဒေရှ့်ကို မောင်းထုတ်ခဲ့ပြီး သတ်ဖြတ်မှုများလည်းရခိုင်ပြည်နယ်အတွင်းကျူးလွန်ခဲ့ပါတယ်။


========================


🚩🚩 ၃။ ဂန့်ဂေါနယ် မြောက်ခင်ရန်းရွာမှစကစတပ်နှင့်ပျူများ အစုလိုက်အပြုံလိုက်အရပ်သားများကို သတ်ဖြတ်မှု လူ့အခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်


(၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မနက် () နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ(ပျူရွာ)မှ အကြမ်းဖက်စစ်အုပ်စုနှင့် ပျူစောထီးအင်းအား (၂၀၀) ခန့်သည် သင်တောရွာနှင့် ရွှေဘိုရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ကာ သင်တောရွာမှ ပြည်သူ() ဦး ကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထို့ပြင် ရွှေဘိုရွာမှ ပြည်သူ()ဦး၊ ကံတိုးရွာမှ စစ်ဘေးရှောင် ပြည်သူ():တို့ကို ပစ်ခတ်သတ်ဖြတ်ကာ ရွှေဘိုရွာမှ ပြည်သူပိုင်နေအိမ်()လုံး၊ သင်တောရွာမှ နေအိမ်(၂၀)လုံးတို့ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် ခိုးယူသွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ဆိုပါတယ်။


========================


🚩🚩 ၄။ ကိုရီးယားနိုင်ငံတွင် ကျင်းပသော နွေဦးတော်လှန်ရေး () နှစ်ပြည့်ဆွေးနွေးပွဲမှာ NUG နှင့် စကစ အခြေအနေကို သုံးသပ်ဆွေးနွေး


ကိုရီးယားနိုင်ငံ၊ ဂယောင်နမ်းပြည်နယ် ချန်းဝမ်မြို့တွင် ကျင်းပသော နွေဦးတော်လှန်ရေး () နှစ်ပြည့် တွေ့ဆုံဆွေးနွေးပွဲမှာ NUG နှင့် စကစ အခြေအနေကို သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ KTJ Supporting Group Korea Team က ဖေဖော်ဝါရီ (၁၉) ရက်မှာ အသိပေးဆိုပါတယ်။

"ဖေဖော်ဝါရီ (၁၈) ရက်၊ ကိုရီးယားအချိန် မနက် (၁၀:၀၀) နာရီမှ ညနေ (:၃၀) အချိန်၊ ဂယောင်နမ်းပြည်နယ်၊ ချန်းဝမ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော တော်လှန်ရေး -နှစ်ပြည့် တွေ့ဆုံဆွေးနွေးပွဲတွင် ကျွန်တော်တို့ KTJ Supporting Group Korea Team မှလည်း သွားရောက်ပါဝင်ခဲ့ပြီး တွေ့ဆုံ ဆွေးနွေးခြင်းများလုပ်ခဲ့ကြပါတယ်" လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတွင် NUG နှင့် စကစ အခြေအနေ သုံးသပ်ခြင်း၊ပြည်နယ် ဒေသအသီးသီးရှိ လက်ရှိ အခြေအနေများ သုံးသပ်ခြင်း၊ပြည်တွင်း၊ ပြည်ပ ပညာရေး အခြေအနေများ သုံးသပ်ခြင်း၊တော်လှန်ရေးအတွက် ပူးပေါင်းဆောင်ရွက်လှုပ်ရှားမှုများ၊ ဆန္ဒပြပွဲများနှင့် ရန်ပုံငွေပွဲများအကြောင်းနှင့် လိုအပ်မှုများ သုံးသပ်ခြင်းတို့ကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ထို့နောက် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ပတ်စပို့၊ ဗီဇာ၊ နိုင်ငံရေးခိုလှုံခွင့် အစရှိသည့် အကြောင်းအရာများ အကြောင်း အဖွဲ့အသီးသီးမှ  စုစည်း၊ ဆွေးနွေး၊ ဖလှယ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။


========================


🚩🚩 ၅။ မန္တလေးမှာ ပတ်စ်ပို့တန်းစီ၍တိုးရာမှ အမျိုးသမီးနှစ်ဦး လူပိကာ အသက်ရှုကြပ်သေဆုံးခဲ့ရ


မန္တလေးမှာ ပတ်စ်ပို့တန်းစီ၍တိုးရာမှ အမျိုးသမီးနှစ်ဦးလူပိကာ အသက်ရှုကြပ်သေဆုံးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။


ဖေဖော်ဝါရီ (၁၉) ရက် မနက်(၂း၃၅) အချိန်မှာ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် (၁၂) လမ်းရှိ ပတ်စ်ပို့ရုံးအနီး ဖြစ်ပွားခဲ့တာလို့ နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းက အတည်ပြုဆိုထားပါတယ်။

ဖြစ်စဥ်တွင် ပတ်စ်ပို့ တန်းစီတိုးကြရာ လူအုပ်ပိ၍ အသက်ရှူကြပ် သတိလစ်ဒါဏ်ရာရ အမျိုးသမီး () ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့အရေးပေါ်ပို့ဆောင်ပေးခဲ့ရာ () ဦးမှာ သေဆုံးသွားခဲ့ရတယ်လို့ အတည်ပြုထားပါတယ်။

ကျန်တဦးမှာ အသက်ဘေးမစိုးရိမ်ရဘဲ ဆေးကုသမှုခံယူနေရကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ (၁၀) ရက် စစ်အုပ်စုက မထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် နိုင်ငံတွင်း ပြည်ပထွက်ခွာလိုမှု မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment