17th MAR 2024 - Morning Daily News by Radio NUG

၂၀၂၄ မတ်လ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးအင်အားစုတွေကလည်း လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ  အမျိုးသမီးတွေနဲ့ ကလေးတွေကို ပိုမိုပြီးတော့ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို

📌 ၂။ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီအစည်းအဝေးကျင်းပရာ တော်လှန်ရေး အင်အားစု အသီးသီးဖြင့် အချင်းချင်း ယခုထက် ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်ရေးတို့ ဆွေးနွေးခဲ့

📌 ၃။ ၂၀၂၄ ခုနစ် ဖေဖော်ဝါရီလအတွင်း အင်တိုက်အားတိုက်တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့  (၂၀) ကို PRFကဖော်ပြ

📌 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် လူများထဲမှ အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၅၀၀) ဝန်းကျင် စာရင်းကိုသီးခြားပြုစုထား

📌 ၅။ ရတနာခုနစ်ပါးကို ကံစမ်းမဲဖောက်ပေးမယ့်ပရောဂျက်စည်တော် ကံစမ်းမဲလက်မှတ်များရောင်းချပေးလျက်ရှိ

📌 ၆။ မြန်မာနိုင်ငံတွင် စကစမှ လက်ရှိမတရားထုတ်ပြန်ထားသော စစ်မှုမထမ်းမနေရဥပဒေအား ဆန့်ကျင်ဆန္ဒပြပွဲကို Netherlands နိုင်ငံ Amsterdam မြို့တွင်ကျင်းပ


၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် () နှစ်ပြည့် အခမ်းအနားကို အနောက်မြောက်စစ်ဒေသတွင် ကျင်းပခဲ့

🚩 ၂။ "ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းတပ်ခွဲ()  ဆိပ်ဖြူဘာမထီတပ်ဖွဲ့သင်တန် အပတ်စဉ်(၁၄) သင်တန်းဆင်းပွဲကျင်းပ

🚩 ၃။ စစ်ကောင်စီ ရိက္ခာပိုယာဉ်တန်း နှစ်ကြိမ်တိုင် တိုက်ခိုက်ခံရပြီး ဦးသေဆုံး

🚩 ၄။ အတင်းအဓမ္မစစ်သားစုဆောင်းနေသည့်အပေါ် ဝေါ(ပကဖ)အဖွဲ့မှ ဝေါမြို့အတွင်းလုံခြုံရေးတာဝန်ယူနေသော စကစကင်းအဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ကာသတိပေး

🚩 ၅။ ရွာလှည့်မီးရှို့နေတဲ့ စကစစစ်ကြောင်းကို နွားထိုးကြိးမြို့နယ် နနွင်းတော်ဘိုးရွာနှင့် ကန်စွယ်ကျေးရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဆယ်ဦးနှင့်အထက်သေဆုံး

🚩 ၆။ ရွာကိုမီးရှို့ပြီး ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း စနိုက်ဘာနဲ့ မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရမှုကြောင့် ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးအင်အားစုတွေကလည်း လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ  အမျိုးသမီးတွေနဲ့ ကလေးတွေကို ပိုမိုပြီးတော့ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို


မတ်လ ၁၆ရက်။

တော်လှန်ရေးအင်အားစုတွေကလည်း လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ  အမျိုးသမီးတွေနဲ့ ကလေးတွေကို ပိုမိုပြီးတော့ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


မတ်လအတွင်း တွေ့ဆုံမေးမြန်းခန်းတခုမှ ကောက်နုတ်ချက်ကို လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဖော်ပြပါတယ်။


"အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်မှမဟုတ်ဘူး။ တော်လှန်ရေးအင်အားစုတွေကလည်း လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ အရပ်သားပြည်သူတွေကို တိုက်ခိုက်ခြင်းမပြုရပါဘူး။ 

အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးတွေကို ပိုမိုပြီးတော့ ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ 

လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာ ဘယ်သူကချိုးဖောက်မှ ဘယ်သူ့ကို ချိုးဖောက်မှဆိုတာ မရှိပါဘူး။ တာဝန်ခံမှုနဲ့ တရားမျှတမှုက လူတိုင်းအတွက်ဖြစ်စေရပါမယ်။လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးထိခိုက်သေဆုံးကြရသူများမှာ အမျိုးသမီးနှင့်ကလေးများဖြစ်ကြပါတယ်။


========================


📌📌 ၂။ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီအစည်းအဝေးကျင်းပရာ တော်လှန်ရေး အင်အားစု အသီးသီးဖြင့် အချင်းချင်း ယခုထက် ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်ရေးတို့ ဆွေးနွေးခဲ့


မတ်လ ၁၆ရက်။

မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီအစည်းအဝေးကျင်းပရာ တော်လှန်ရေး အင်အားစု အသီးသီးဖြင့် အချင်းချင်း ယခုထက် ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်ရေးတို့ ဆွေးနွေးခဲ့ပါတယ်။


မတ်လ (၁၆) ရက်၊ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၄) ကို နေ့လည် (:၀၀) နာရီအချိန်တွင်ကျင်းပခဲ့ပါတယ်။


အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်လာသော လွှတ်‌တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များမှ တစ်ပတ်အတွင်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခြင်း၊  မန္တလေးဖက်ဒရယ်ယူနစ်အတွင်း ဆောင်ရွက်ရမည့်  ကိစ္စရပ်များဆွေးနွေးခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။


ဒါ့အပြင်စီဒီအမ်အစုအဖွဲ့အသီးသီးနှင့် ဆက်လက်တွေ့ဆုံ‌ခြင်း၊ တော်လှန်ရေးအင်အားစု အသီးသီးဖြင့် အချင်းချင်း ယခုထက် ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်ရေးတို့ ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၃။ ၂၀၂၄ ခုနစ် ဖေဖော်ဝါရီလအတွင်း အင်တိုက်အားတိုက်တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့  (၂၀) ကို PRFကဖော်ပြ


မတ်လ ၁၆ရက်။

၂၀၂၄ ခုနစ် ဖေဖော်ဝါရီလအတွင်း အင်တိုက်အားတိုက်တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့  (၂၀) ကို PRFက မတ်လ ၁၆ရက်မှာ ဖော်ပြလိုက်ပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များထဲမှာ ပြည်တွင်းပြည်ပ Fundraiser များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ ဒီတာဝန်ကို ပါဝင်ထမ်းဆောင်ပေးကြတဲ့ Fundraiser များ အားလုံးကို လေးစား ဂုဏ်ပြုအပ်ပါတယ်။ ၂၀၂၄ ခုနစ် ဖေဖော်ဝါရီလအတွင်း အင်တိုက်အားတိုက်တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့  (၂၀) ကို ဖော်ပြလိုက်ပါတယ်"လို့ဆိုထားပါတယ်။


ဖော်ပြခံရသည့် အဖွဲ့၂၀ထဲတွင် နွေဦးရောင်ခြည်အဖွဲ့၊ MFDMC OFP FR နောက်မဆုတ်တမ်းD2Dစတဲ့အဖွဲ့များပါဝင်ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် လူများထဲမှ အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၅၀၀) ဝန်းကျင် စာရင်းကိုသီးခြားပြုစုထား


မတ်လ ၁၆ရက်။

အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် လူများထဲမှ အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၅၀၀) ဝန်းကျင် စာရင်းကိုသီးခြားပြုစုထားတယ်လို့ သတင်းရရှိပါတယ်။


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ်လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၇၀၀) ဦး ရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။


ထို့အပြင်အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၅၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားတယ်လို့ဖော်ပြပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ နယ်မြို့များမှာ အရပ်သားများကိုသတ်ဖြတ်ရာတွင် အလောင်းဖျောက်ပစ်မှုများကိုပါ ကျူးလွန်လျက်ရှိပါတယ်။


========================


📌📌 ၅။ ရတနာခုနစ်ပါးကို ကံစမ်းမဲဖောက်ပေးမယ့်ပရောဂျက်စည်တော် ကံစမ်းမဲလက်မှတ်များရောင်းချပေးလျက်ရှိ


မတ်လ ၁၆ရက်။

ရတနာခုနစ်ပါးကို ကံစမ်းမဲဖောက်ပေးမယ့်ပရောဂျက်စည်တော် ကံစမ်းမဲလက်မှတ်များရောင်းချပေးလျက်ရှိတယ်လို့ မမများနဲ့ပွဲကမယ် ဆိုရှယ်မီဒီယာက မတ်လ၁၆ရက်မှာ ဖော်ပြထားပါတယ်။


အဆိုပါကမ်ပိန်းဟာ တော်လှန်ရေးတပ်ဖွဲ့များအတွက်ရည်ရွယ်ကာ လုပ်ဆောင်ရခြင်းဖြစ်ပြီးတော့ တော်လှန်ရတနာ () ပါး (ကာလတန်ဖိုး သိန်း ၈၀၀ ထက်မနည်း တန်ကြေးရှိတဲ့) ကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ကံစမ်းမဲနှိုက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။


ကံစမ်းမဲတစ်ကတ်များ ဝယ်ယူနိုင်မယ့် နိုင်ငံတကာတာဝန်ခံစာရင်းနဲ့စည်တီးခကိုမမများနဲ့ပွဲကမယ် ဆိုရှယ်မီဒီယာမှာ အသေးစိတ်ဖော်ပြထားပါတယ်။


ဝယ်ယူလိုသူများအနေနဲ့https://www.wlmf.org/projects/sitaw Link ကို နှိပ်ပြီး မိမိနေထိုင်ရာနိုင်ငံအလိုက် အလံတွေကို နှိပ်ပြီး Fundraiser များထံ ဆက်သွယ်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။


========================


📌📌 ၆။ မြန်မာနိုင်ငံတွင် စကစမှ လက်ရှိမတရားထုတ်ပြန်ထားသော စစ်မှုမထမ်းမနေရဥပဒေအား ဆန့်ကျင်ဆန္ဒပြပွဲကို Netherlands နိုင်ငံ Amsterdam မြို့တွင်ကျင်းပ


မတ်လ ၁၆ရက်။

မြန်မာနိုင်ငံတွင် စကစမှ လက်ရှိမတရားထုတ်ပြန်ထားသော စစ်မှုမထမ်းမနေရဥပဒေအား ဆန့်ကျင်ဆန္ဒပြပွဲကို Netherlands နိုင်ငံ Amsterdam မြို့တွင်ကျင်းပခဲ့ပါတယ်။


မြန်မာနိုင်ငံတွင် စကစမှ လက်ရှိမတရားထုတ်ပြန်ထားသော စစ်မှုမထမ်းမနေရဥပဒေအား ဆန့်ကျင်ဆန္ဒပြပွဲကို Netherlands နိုင်ငံ Amsterdam မြို့တွင် Support Group for Democracy in Myanmar (NL) မြန်မာ့ဒီမိုကရေစီထောက်ပံ့ရေးအဖွဲ့ (နယ်သာလန်) မှ ဦးစီးကျင်းပခြင်းဖြစ်တယ်လို့သိရပါတယ်။


ဆန့်ကျင်ဆန္ဒပြပွဲတွင် စကစ၏ဆိုးယုတ်မှုများနှင့် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းဟောပြောခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် () နှစ်ပြည့် အခမ်းအနားကို အနောက်မြောက်စစ်ဒေသတွင် ကျင်းပခဲ့


မတ် ၁၆ရက်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တည်ထောင်ခြင်း နှစ်ပြည့် အခမ်းအနားကို အနောက်မြောက် စစ်ဒေသ တပ်စခန်း တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ PLA က အသိပေး ထုတ်ပြန်ထားပါတယ်။


မတ်လ ၁၅ ရက်နေ့ မနက်ပိုင်း နာရီခွဲခန့်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အလံတော်တင်ခြင်း၊ ပြည်သူ့တပ်မတော် သီချင်းသီဆိုခြင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ပြည့် ထုတ်ပြန်ချက်ကို ဖတ်ကြားခြင်း၊ မဟာမိတ်များက ပေးပို့တဲ့ သဝဏ်လွှာများကို ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


၎င်း အခမ်းအနားကို ပြည်သူ့ဒီမိုကရက်တစ် တပ်ဖွဲ့ (PDO/PDA) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့မှ တာဝန်ရှိသူများမှ သဝဏ်လွှာများ ဖတ်ကြားဂုဏ်ပြုခဲ့ပြီး အခြားဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များလည်း အသီးသီး တက်ရောက်ခဲ့ကြပါတယ်။


ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ နှစ်ပြည့်အခမ်းအနားကို အနောက်မြောက် စစ်ဒေသအပြင် အမှတ် - စစ်ဒေသ၊ အမှတ်- စစ်ဒေသနဲ့ အမှတ် - စစ်ဒေသများမှာလည်း ကျင်းပ ပြုလုပ်ခဲ့ပြီး တခြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေမှာတော့ အလံတင်အလေးပြုတာ၊ အင်တာနေရှင်နယ်သီချင်း သီဆိုဂုဏ်ပြုတာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


လက်ရှိ နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့ရာ အနောက်မြောက် စစ်ဒေသမှာ PLA ရဲ့ နှစ်မြောက် ကာလ အတွင်းမှာ တိုးချဲ့ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ပထမဆုံး စစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က မြင်းခြံမြို့ အထွက်မှာ စစ်ကား တစ်စီးကို မဟာမိတ်များနဲ့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၂။ "ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းတပ်ခွဲ()  ဆိပ်ဖြူဘာမထီတပ်ဖွဲ့သင်တန် အပတ်စဉ်(၁၄) သင်တန်းဆင်းပွဲကျင်းပ


မတ်လ ၁၆ရက်။

"ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းတပ်ခွဲ()  ဆိပ်ဖြူဘာမထီတပ်ဖွဲ့သင်တန်းအပတ်စဉ်(၁၄) သင်တန်းဆင်းပွဲကိုကျင်းပခဲ့တယ်လို့ မတ်လ၁၆ရက်မှာ ဆိပ်ဖြူဘာမထီကာကွယ်ရေးတပ်ဖွဲ့ကအသိပေးဖော်ပြပါတယ်။


သင်တန်းဆင်းပွဲတွင် သင်တန်းသားများအား  ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကိုင် ဆောင်ပြီး အလံကိုင်သစ္စာဆိုကတိပြုစေခြင်း၊ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်း၏ ဒုတပ်ရင်းမှူး ကိုပိုင်မှ မိန့်ခွန်း စကားပြောကြားခြင်း၊ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်း  တပ်ရေးဗိုလ်ကြီးဆရာကျားပေါက်မှ အမှာစကားပြောကြားခြင်းတို့လုပ်ဆောင်ခဲ့ပါတယ်။


ထို့နောက်သင်တန်းအတွင်း ထူးချွန်ရဲဘော်များအား ဆုချီးမြင့်ခြင်းနှင့် သင်တန်းသားရဲဘော်များအား ကြိုဆိုခြင်းတို့လုပ်ဆောင်ခဲ့ပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီ ရိက္ခာပိုယာဉ်တန်း နှစ်ကြိမ်တိုင် တိုက်ခိုက်ခံရပြီး ဦးသေဆုံး


မတ်လ ၁၆ရက်။

မကွေးတိုင်း၊ ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁) မှ ရေစကြိုမြို့နယ်ရှိ ခလရ (၂၅၈) ကို ရိက္ခာပို့ ထွက်ခွာလာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံကသိရပါတယ်။


မတ်လ ၁၄ ရက် မနက် နာရီခန့်က အဆိုပါ ယာဉ်တန်း ပခုက္ကူ လေယာဉ်ကွင်း အနီးသို့ အရောက်မှာ ပွိုင့်သုံးပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားနှစ်စီး ထိခိုက်ကာ စစ်ကောင်စီတပ်သား ဦး သေဆုံးခဲ့တယ်လို့ ရေစကြို ပကဖ သတင်းတာဝန်ခံက ဆိုပါတယ်။


၎င်းစစ်ဆင်ရေးကို ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ () (Pakkokku Ranger) ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ () (Taty Gyi) Young Force UG တို့မှ ပူးပေါင်းတိုက်ပွဲ ပုံဖော်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ထို့အပြင် အဆိုပါရိက္ခာပို့ယာဉ်တန်းကို နေ့လယ် ၁၂ နာရီခန့်မှာလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဆန်းသစ်ရွာနှင့် ကျောက်လှေခါးရွာကြားက တိုးဂိတ်အနီး အရောက်မှာ ပေပါမိုင်း နှစ်လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းသွေးနီပျောက်ကြားတပ်ဖွဲ့ -YSO ထံမှ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီး ပျက်ဆီးကာ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပြီး အပြင်းထန် ဒဏ်ရာရရှိသူ နှစ်ဦးထဲက တစ်ဦးမှာ အရေးပေါ်ကားဖြင့် ဆေးရုံကိုပို့ဆောင်နေစဉ်မှာ သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံမှာပင် ဆေးကုသနေရင်း သေဆုံးခဲ့တယ်လို့ ဒေါင်းသွေးနီပျောက်ကြားတပ်ဖွဲ့ -YSO သတင်းတာဝန်ခံက ပြောပါတယ်။

၎င်းတိုက်ခိုက်မှုကို ဒေါင်းသွေးနီ ပျောက်ကြားတပ်ဖွဲ့ - YSO Underground Revolution Force - YSO မြင်းခြံခရိုင် အမှတ် () တပ်ရင်း 27 Revolution Force Royal Pakokku Underground မြိုင် (.က.) ပခုက္ကူခရိုင် တပ်ရင်း () တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ အတင်းအဓမ္မစစ်သားစုဆောင်းနေသည့်အပေါ် ဝေါ(ပကဖ)အဖွဲ့မှ ဝေါမြို့အတွင်းလုံခြုံရေးတာဝန်ယူနေသော စကစကင်းအဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ကာသတိပေး


မတ်လ ၁၆ရက်။

အတင်းအဓမ္မစစ်သားစုဆောင်းနေသည့်အပေါ် ဝေါ(ပကဖ)အဖွဲ့မှ ဝေါမြို့အတွင်း လုံခြုံရေးတာဝန်ယူနေသော စကစကင်းအဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ကာသတိပေးခဲ့ပါတယ်။


မတ်လ(၁၅)ရက်၊ နံနက်(၁၁:၃၀)အချိန်၊ ဝေါမြို့၊ အေးချမ်းသာယာရပ်ကွက်၊ ပေ (၆၀)လမ်းထိပ်၌ လုံခြုံရေးတာဝန်ယူထားသော စစ်သား၊ ရဲ၊ ပျူစောထီးပူးပေါင်းကင်းအဖွဲ့ကို ဝေါမြို့နယ်၊ပြည်သူ့ကာကွယ်တပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


မြို့ရွာတွေက လူငယ်တွေကို အတင်းအဓမ္မစစ်တပ်ထဲဝင်ခိုင်းနေသည့်အပေါ် စကစကို သတိပေးသည့်အနေနဲ့ ဝေါမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။


ဆက်လက်၍ပြည်သူလူထုကို အတင်းအဓမ္မစစ်တပ်ထဲဆွဲသွင်းရန် ဆက်လက်လုပ်ဆောင်နေပါက ဆက်လက်၍တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်းအသိပေးဆိုထားပါတယ်။


========================


🚩🚩 ၅။ ရွာလှည့်မီးရှို့နေတဲ့ စကစစစ်ကြောင်းကို နွားထိုးကြိးမြို့နယ် နနွင်းတော်ဘိုးရွာနှင့် ကန်စွယ်ကျေးရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဆယ်ဦးနှင့်အထက်သေဆုံး


မတ်လ ၁၆ရက်။

ရွာလှည့်မီးရှို့နေတဲ့ စကစစစ်ကြောင်းကို နွားထိုးကြိးမြို့နယ် နနွင်းတော်ဘိုးရွာနှင့် ကန်စွယ်ကျေးရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဆယ်ဦးနှင့်အထက် သေဆုံးခဲ့ပါတယ်။


မတ်လ၁၄ရက် နွားထိုးကြိးမြို့နယ်...နနွင်းတော်ဘိုးရွာနှင့် ကန်စွယ်ကျေးရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၁နာရီ ၃၀မီနစ်ခန့် အကြာထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့အတည်ပြုပါတယ်။


စကစတပ်ဘက်မှ ၁၀ ဦးနှင့် အထက်သေဆုံးခဲ့ပြီး၅ဦးနှင့်အထက် ဒဏ်ရာ ရရှိခဲ့ပါတယ်။


ထိုတိုက်ပွဲတွင်  Natogyi People Defence Force မြင်းခြံခရိုင် အမှတ်()တပ်ရင်းနှင့် အတူ မြင်းခြံခရိုင်( က ) နွားထိုးကြီးမြို့နယ် ( က ) မြင်းခြံခရိုင် အမှတ် ()တပ်ရင်း၊ ဗိုလ်စားပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပါတယ်။


========================


🚩🚩 ၆။ ရွာကိုမီးရှို့ပြီး ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း စနိုက်ဘာနဲ့ မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရမှုကြောင့် ဦးသေဆုံး


မတ်လ ၁၆ရက်။

ပဲခူးတိုင်း အနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ မကျီးစမ်းရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၃၆၀၁) PPDF က တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။


မတ်လ ၁၄ ရက်နေ့ နေ့လည် နာရီ ၁၅ မိနစ်ခန့်က မကျီးစမ်းရွာကို မီးရှို့ပြီးထွက်လာတဲ့ အင်အား ၄၀ ကျော်ခန့်ပါတဲ့ စစ်ကြောင်းကို စနိုက်ဘာဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးခဲ့ပြီး ဗိုလ်ရုံတောင်ကြောတန်း (ပဲခူးရိုးမ) အရောက်မှာ ညနေ နာရီခွဲမှာ တစ်ကြိမ်၊ ညနေ နာရီမှာ တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ PPDF တပ်ရင်းက ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုမှာ အထိနာခဲ့တဲ့ စစ်ကောင်စီ တပ်က မတ်လ ၁၅ ရက်နေ့ မနက် နာရီခွဲခန့်မှာ နတ်ရေတွင်းရွာကို ဝင်ရောက်ပြီး နေအိမ်တချို့နဲ့ တဲတိုက်တချို့ကို မီးရှို့ဖျက်ဆီး သွားတယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့တဲ့ စစ်သား ဦးကို မတ်လ ၁၆ ရက်နေ့ မနက် နာရီခန့်မှာ ပေါက်ခေါင်း မြို့ကို ကားဖြင့်ခေါ်ဆောင်သွားပြီး လက်ရှိမှာ ၎င်းစစ်ကြောင်းဟာ လက်ကြီးရွာမှာ စခန်းချ တပ်စွဲထားတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို PPDF 3601 တပ်ရင်း Sniper တပ်ဖွဲ့နှင့် တပ်ခွဲ () တို့မှ ပူးပေါင်းဆောင်ရွက် ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment