1st APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "တော်လှန်ရေးဆိုတာ ခါးသီးတဲ့လမ်းစဥ်ဖြစ်ပြီး မလုပ်ချင်ဆုံးသော ရွေးချယ်မှုမျိုး မဖြစ်မနေ လိုက်လုပ်ရတာမျိုးရှိမယ်"လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို

📌 ၂။ ဒေါင်းမင်းစစ်ကြောင်း၏ ဒဏ်ရာရရဲဘော်များ ဆေးကုသနိုင်ရန်အတွက် NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဘတ်()သောင်း ပါဝင်ကူညီထောက်ပံ့

📌 ၃။ မြန်မာ့နွေဦးတက္ကသိုလ် တစ်နှစ်ပြည့်အတွက် ပညာရေးဝန်ကြီးနှင့် ဒုဝန်ကြီးဆုမွန်ကောင်းတောင်း

📌 ၄။ နွေဦးတော်လှန်ရေးတွင် ဂုဏ်အယူရဆုံးထဲမှာ ပညာရေး ကဏ္ဍအတွက် ကြိုးပမ်းပေးကြတဲ့ စီဒီအမ် ဆရာ ဆရာမတွေပါဝင်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင် ပြောကြား

📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၆။ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်က ကျင်းပတဲ့စစ်ကိုင်းစစ်ရှောင်များရဲ့ အခြေအနေ တင်ပြခြင်းနဲ့ ရန်ပုံငွေပွဲလူသားစာနာ ဒုဝန်ကြီး တက်ရောက်အမှာစကား ပြောကြားခဲ့

📌 ၇။ အောင်လံလွှင့်ချီနွေဦးထီ ဖွင့်ပွဲကျင်းပခဲ့ပြီး ဆုမဲပေါက်သူများအကောင့်ထဲသို့ ဆုကြေးငွေရောက်ရှိမှု မြန်ဆန်တိကျ

📌 ၈။ ဘုတလင်မြို့နယ်တနေရာမှာ  "စစ်သုံးစစ်ကို အမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကို တည်ဆောက်စို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှား


၂၀၂၄ ခုနှစ် ဧပြီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေမှာ လက်နက်ကြီးနဲ့ လေကြောင်းရန် ကာကွယ်ရေး အသိပညာပေး

🚩 ၂။ ဟိုပင်မြို့နယ် တိုက်ပွဲတွင် စစ်တပ်နဲ့ SNA အထိနာပြီးနောက် ရွာကို ဗုံးကြဲခဲ့ရာ ဒေသခံ ပြည်သူ ဦး ဒဏ်ရာရ

🚩 ၃။ မြင်းမူမှာ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး

🚩 ၄။ နိုင်ကျဉ်းတွေကို ကူညီပေးနေတဲ့ ထားဝယ်အကျဉ်းထောင်မှ ဆေးမှူးတစ်ဦး CDM ပြုလုပ်

🚩 ၅။ အမှတ်() ပြည်ထောင်စုလမ်းမ ရေးမြို့တောင်ပိုင်းမှ ထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်အထိ နံနက် () နာရီမှ ညနေ ()နာရီအထိသာ သွားလာခွင့်ပြုကြောင်း လမ်းပိုင်းဆိုင်ရာသတိပေးချက်ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================

📌📌 ၁။ "တော်လှန်ရေးဆိုတာ ခါးသီးတဲ့လမ်းစဥ်ဖြစ်ပြီး မလုပ်ချင်ဆုံးသော ရွေးချယ်မှုမျိုး မဖြစ်မနေ လိုက်လုပ်ရတာမျိုးရှိမယ်"လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို


မတ်လ၃၁ရက်။

"တော်လှန်ရေးဆိုတာ ခါးသီးတဲ့လမ်းစဥ်ဖြစ်ပြီး မလုပ်ချင်ဆုံးသောရွေးချယ်မှုမျိုး မဖြစ်မနေလိုက်လုပ်ရတာမျိုးရှိမယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆိုပါတယ်။


မတ်လ၃၁ရက်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာအတွဲ () အမှတ် () ထုတ်ပြန်ရာ ပြည်ထောင်စုဝန်ကြီးစကားသံမှာ ဝန်ကြီးကဆိုထားပါတယ်။


"တော်လှန်ရေးဆိုတာ ခါးသီးတဲ့လမ်းစဥ်ဖြစ်ပါတယ်။ ဘယ်သူမှ လိုလိုလားလားရွေးချယ်ချင်တာမဟုတ်ပါဘူး။ မလုပ်ချင်ဆုံးသောအရာများကိုလုပ်နေရတာဖြစ်တဲ့အတွက် မလုပ်ချင်ဆုံးသောရွေးချယ်မှုမျိုး မဖြစ်မနေလိုက်လုပ်ရတာတွေဟာ ဘဝမှာအခါးသီးဆုံးပါ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စကစတပ်များကို တော်လှန်ရေးအင်အားစုများက ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး လက်နက်ချ အညံ့ခံသူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီထားရှိလျက်ရှိပါတယ်။


========================


📌📌 ၂။ ဒေါင်းမင်းစစ်ကြောင်း၏ ဒဏ်ရာရရဲဘော်များ ဆေးကုသနိုင်ရန်အတွက် NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဘတ်()သောင်း ပါဝင်ကူညီထောက်ပံ့


မတ်လ၃၁ရက်။

ဒေါင်းမင်းစစ်ကြောင်း၏ ဒဏ်ရာရရဲဘော်များ ဆေးကုသနိုင်ရန်အတွက် NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးမှဘတ်()သောင်း ပါဝင်ကူညီထောက်ပံ့ခဲ့တယ်လို့ မတ်လ၃၁ရက်မှာ ဒေါင်းမင်းစစ်ကြောင်းက တရားဝင် အသိပေးဖော်ပြပါတယ်။


"ကျွန်တော်များ ဒေါင်းမင်းစစ်ကြောင်း၏ ဒဏ်ရာရရဲဘော်များ ဆေးကုသနိုင်ရန်အတွက် ဘတ်()သောင်း ပါဝင်ကူညီထောက်ပံ့ပေးပါသော ' လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း " အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်"လို့ဖော်ပြထားပါတယ်။


ဒေါင်းမင်းစစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ၂၃ရက်နေ့က စစ်ဆင်ရေးဆောင်ရွက်ရန်အတွက် ရဲဘော်များအား လိုက်လံပို့ဆောင်၍ အပြန်ခရီးတွင် ကားတိမ်းမှောက်ခဲ့ရာDrone နည်းပညာရှင် ရဲဘော်တစ်ဦး ဘယ်ခြေကျိုး၍ ကားမောင်းသည့် ရဲဘော်မှာ ညာလက်မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ကျန်ရဲဘော်များမှာလည်း ထိခိုက်ပွန်းပဲ့ဒါဏ်ရာများ ရရှိခဲ့ပါတယ်။


========================


📌📌 ၃။ မြန်မာ့နွေဦးတက္ကသိုလ် တစ်နှစ်ပြည့်အတွက် ပညာရေးဝန်ကြီးနှင့် ဒုဝန်ကြီးဆုမွန်ကောင်းတောင်း


မတ်လ၃၁ရက်

မြန်မာ့နွေဦးတက္ကသိုလ် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့်မြန်မာ့နွေဦးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများဆုမွန်ကောင်းတောင်းခဲ့တယ်လို့သတင်းရရှိပါတယ်။


"မြန်မာ့နွေဦးတက္ကသိုလ်အနေနဲ့ဖွဲ့စည်းတည်ထောင်ပြီးတစ်နှစ်အတွင်း ပညာရေးဝန်ဆောင်မှုများသာမက တက္ကသိုလ်အဓွန့်ရှည်တည်တံရေးအတွက် အခြေခံကောင်းဖြစ်သော တက္ကသိုလ် ပဋိဥာဥ်ကိုရေးဆွဲကာ ကြားကာလပညာသင်ကြားရေးဝန်ဆောင်မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှုများသည် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် တဦးတယောက်တိုင်း၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားထားပါတယ်။


တနှစ်တာကာလအတွင်း မြန်မာ့နွေဦးတက္ကသိုလ်ဟာကျောင်းသား၊ ကျောင်းသူပေါင်း၄၄၅၇ယောက်ကို ဘွဲ့ကြို ဘွဲ့လွန်အစီအစဥ်ပေါင်း၁၁၉ခုကို MES အွန်လိုင်းပလက်ဖောင်းကတဆင့် သင်ကြားပေးနိုင်ခဲ့ကြောင်း၊မြန်မာ့နွေဦးတက္ကသိုလ်ရဲ့လုပ်ဆောင်ချက်များဟာ အားတက်ဂုဏ်ယူဖွယ်ရာသမိုင်းဝင်လုပ်ဆောင်ချက်ဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကလည်းဆိုပါတယ်။


ဒါ့အပြင်မြန်မာ့နွေဦးတက္ကသိုလ်မှာ ပါဝင်ဆောင်ရွက်နေကြတဲ့ဆရာ၊ ဆရာမများ၊ တက္ကသိုလ်အသီးသီးက ကိုယ်စားလှယ်များ၊ CDM ကျောင်းသားများနှင့် ကျောင်းသားဟောင်းများ၊ ဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပညာရေးဒုဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်းကလည်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးတွင် ဂုဏ်အယူရဆုံးထဲမှာ ပညာရေး ကဏ္ဍအတွက် ကြိုးပမ်းပေးကြတဲ့ စီဒီအမ် ဆရာ ဆရာမတွေပါဝင်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင် ပြောကြား


မတ်လ ၃၁ရက်။

နွေဦးတော်လှန်ရေးတွင်ဂုဏ်အယူရဆုံးထဲမှာ ပညာရေး ကဏ္ဍ အတွက် ကြိုးပမ်းပေးကြတဲ့ စီဒီအမ် ဆရာ ဆရာမတွေပါဝင်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင် ပြောကြားလိုက်ပါတယ်။


 "ဂုဏ်အယူရဆုံးထဲမှာ ပညာရေး ကဏ္ဍ အတွက် ကြိုးပမ်းပေးကြတဲ့ စီဒီအမ် ဆရာ ဆရာမတွေ ပါပါတယ်။ပညာဂုဏ်၊ သမားဂုဏ်နဲ့  တော်လှန်ရေး ဂုဏ်နဲ့ပါ ပြည့်စုံကြပါတယ်။ ပညာရေးစနစ် မပြောင်းပဲ လူ့အသိုင်းအဝိုင်း နိုင်ငံရေး စနစ် မပြောင်းနိုင်ပါ။ ဘာ ပေါ်လစီမှာ မဆန်းသစ်နိုင်ရင် နေပါစေ၊ ပညာရေးမှာ ပုံအောတာ အခု မျိုးဆက်၊ နောက်မျိုးဆက်အတွက် မရှုံးပါ။ ကိုယ့် ပညာရေး ကိုယ်တည်ထောင်နိုင်ခွင့်ဟာ သယံဇာတ ခွဲဝေရေးထက် အရေးကြီးပါတယ်"လို့ဆိုပါတယ်။

ဒါ့အပြင် ဖက်ဒရယ်မှာ မိမိဒေသနဲ့ ကိုက်ညီတဲ့ ပညာရေးကို လက်ထဲ ထည့်ထားနိုင်ရေးက အရေးအကြီးဆုံးဖြစ်တယ်လို့ ဒုဝန်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


မတ်လ  ၃၁  ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၄)ကို မတ်လ၃၁ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ထို့နောက်  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်က ကျင်းပတဲ့စစ်ကိုင်းစစ်ရှောင်များရဲ့ အခြေအနေ တင်ပြခြင်းနဲ့ ရန်ပုံငွေပွဲလူသားစာနာ ဒုဝန်ကြီး တက်ရောက်အမှာစကား ပြောကြားခဲ့


မတ်လ ၃၁ ရက်။

Radio NUG

စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်က ကျင်းပတဲ့  စစ်ကိုင်း စစ်ရှောင်များရဲ့ အခြေအနေ တင်ပြခြင်းနဲ့ ရန်ပုံငွေပွဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Dr.ငိုင်းတန်မောင်းမှ အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့တယ်လို့ သိရပါတယ်။


မတ်လ ၃၁ ရက်နေ့က zoom platform မှတဆင့် ပြုလုပ်ခဲ့တဲ့ အဆိုပါ ပွဲအစီအစဉ်ကို စစ်ကိုင်းဖိုရမ် သီချင်းနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီးတဲ့ နောက်မှာ ဒုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့တာပါ။


ထို့နောက် စစ်ကိုင်းတိုင်းမှ စစ်ရှောင် ပြည်သူများရဲ့ နေထိုင်၊ စားသောက်မှု ဘဝ မှတ်တမ်းများ၊ ပြည်သူ့ ရင်ဖွင့် စကားသံများ၊ ကွန်ယက်မှ ကောက်ယူထားတဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ရှောင်ဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ၊ ပြည်သူကို ကူကယ်ရေးအတွက် ကွန်ယက်ရဲ့ လုပ်ငန်းစဉ်များ၊ ထောက်ပံမှု မှတ်တမ်းများနဲ့ ဘဏ္ဍာရေးရှင်းတမ်းများကို ကွန်ရက်အဖွဲ့ဝင် (15) ဦးမှ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။


ဆက်လက်ပြီး ပွဲတက်ရောက်လာတဲ့ တော်လှန်မိတ်ဆွေများမှလည်း စိတ်ဝင်တစား နားထောင်ခဲ့ကြကာ ရန်ပုံငွေများလည်း ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။ ထို့အပြင် Dr.ဖြိုးသီဟ၊ မင်းမော်ကွန်းတို့မှ စိတ်ခွန်အားပေး စကားများဖြင့် အားပေးခဲ့ပြီး၊ ချစ်သုဝေမှ ရင်တွင်းစကားနဲ့ အမှတ်တရ သီချင်းနှစ်ပုဒ်ကို သီဆိုဖျော်ဖြေခဲ့ကာ CDM မင်းသမီး မစန်းနီလာဝင်းမှ အကအလှများနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် တက်ရောက်လာသူများနဲ့ အပြန်အလှန် အမေးအဖြေပြုလုပ်ခဲ့ပြီး စစ်ကိုင်းဖိုရမ် အဖွဲ့ဝင် တစ်ဦးမှ ကဗျာရွတ်ဆိုခဲ့ကာ အကြံပေး အဖွဲ့ဝင် တစ်ဦးမှလည်း ကျေးဇူးတင် အပိတ်စကား ပြောကြားခဲ့ပါတယ်။


အဆိုပါ ပွဲကနေ စစ်ကိုင်းတိုင်းဒေသက စစ်ရှောင်များရဲ့ အခြေအနေ အမှန်ကို ပြည်တွင်း၊ ပြည်ပကို ချပြ နိုင်ခဲ့ပြီး တိမ်နေ/ တိတ်နေတဲ့ စစ်ကိုင်းအသံကို အတိုင်းအတာ တစ်ခုထိ ဖော်ထုတ်နိုင်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်က ထုတ်ဖော်ပြောဆို ထားပါတယ်။


========================


📌📌 ၇။ အောင်လံလွှင့်ချီနွေဦးထီ ဖွင့်ပွဲကျင်းပခဲ့ပြီး ဆုမဲပေါက်သူများအကောင့်ထဲသို့ ဆုကြေးငွေရောက်ရှိမှု မြန်ဆန်တိကျ


မတ်လ ၃၁ရက်။

အောင်လံလွှင့်ချီနွေဦးထီ ဖွင့်ပွဲကျင်းပခဲ့ပြီးဆုမဲပေါက်သူများအကောင့်ထဲသို့ဆုကြေးငွေရောက်ရှိမှုမြန်ဆန်တိကျခဲ့တယ်လို့ သတင်းရရှိပါတယ်။


 မတ်လ ၂၀၂၄ နွေဦးထီပေါက်စဥ်ကို မတ်လ၃၁ရက်မှာ အသိပေးကြေညာခဲ့ပါတယ်။


နွေဦးထီမှ ကျပ်သန်းငါးရာဆုကြေးကို ထီနံပါတ် 1865105 ကျပ်သန်းနှစ်ရာဆုကြေးကို ထီနံပါတ်1471948 ကျပ်သန်းတစ်ရာဆုကြေးကို ထီနံပါတ်1561664 ကျပ်သန်းငါးဆယ်ဆုကြေးကို 1422089တို့ ထွက်ရှိခဲ့ပါတယ်။


ဆုကြေးငယ်များကို ပေါက်သူများကလည်း ထီပေါက်ကြောင်း အောင်လံလွှင့်ချီနွေဦးထီ လူမှုကွန်ရက်တွင် မှတ်ချက်များဝင်ရောက်ရေးသားခဲ့ရာ "ပေါက်ပါတယ်ခင်ဗျာ ချက်ချင်းဘဲငွေလွှဲလာပေးတယ်။ သိတောင်မသိလိုက်ဘူး။ အကောင့်ထဲဝင်ကြည့်မှတွေ့တာ ထီတွေတစ်ခါမှမပေါက်ဖူးဘူး။ အရမ်းဝမ်းသာတယ်ဗျာ"လို့ထီပေါက်သူတဦးကရေးသားဆိုထားပါတယ်။

နွေဦးထီ ထိုးထားသူများအနေနဲ့လည်း နွေဦးထီ Web App ရဲ့ "မှတ်တမ်း" မှတဆင့် "ရလာဒ်" တွင် နွေဦးထီပေါက်စဥ်ကို ကြည့်ရှုနိုင်ပြီး မတ်လမှာ ထီဆုများနဲ့လွဲချော်ခဲ့သူများလည်း ဧပြီလမှာ ထီထိုးပြီး ထပ်မံကံစမ်းကြဖို့ ဖိတ်ခေါ်အသိပေးကြေညာထားပါတယ်။ 


========================


📌📌 ၈။ ဘုတလင်မြို့နယ်တနေရာမှာ  "စစ်သုံးစစ်ကို အမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကို တည်ဆောက်စို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှား


မတ်လ ၃၁ရက်။

ဘုတလင်မြို့နယ်တနေရာမှာ  "စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့" ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားခဲ့တယ်လို့ မတ်လ၃၁ရက်မှာ ဗကသများအဖွဲ့ချုပ်ကအသိပေးဖော်ပြပါတယ်။


ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဘုတလင်မြို့နယ်တနေရာမှာ မတ်လ ၃၁ ရက်နေ့က "စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့" ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။


အဆိုပါလှုပ်ရှားမှုတွင် ကျောင်းသားနှင့်လူငယ်အများစုပါဝင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးဘန်နာကိုကိုင်စွဲကာ လှုပ်ရှားခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေမှာ လက်နက်ကြီးနဲ့ လေကြောင်းရန် ကာကွယ်ရေး အသိပညာပေး


မတ်လ ၃၁ ရက်။

Radio NUG

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ လက်နက်ကြီးနဲ့ လေကြောင်းရန် ကာကွယ်ရေးအတွက် လိုအပ်တဲ့ အသိပညာပေးပွဲတွေကို သပိတ်စစ်ကြောင်းတွေက ဦးဆောင် ပြုလုပ်ပေးနေတယ်လို့ ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ မြေလတ်အသံက ဖော်ပြပါတယ်။


အဆိုပါ အသိပညာပေးပွဲကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီနဲ့ တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ယင်းမာပင် မြို့နယ်ထဲက ကျေးရွာ နှစ်ခုနဲ့ စစ်ရှောင်စခန်း နှစ်ခုမှာ အသိပညာပေး ဆောင်ရွက်ခဲ့ပြီးပြီလို့ သိရပါတယ်။


ကျေးရွာနေ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတူးတဲ့ အလေ့အထတွေက အားနည်းနေသေးတဲ့အပြင် မြေပြင် အခြေအနေအရ အသိပညာပေးမှုတွေ လိုအပ်နေပြီး ထိခိုက်သေဆုံးမှုတွေ လျော့ပါးစေဖို့အတွက် ရည်ရွယ်ကာ အခုလို ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


၎င်းအသိပညာပေးပွဲမှာ လက်နက်ကြီးနဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်ရန်အတွက် ခိုင်ခံ့တဲ့ ဗုံးခိုကျင်း တူးနည်းတွေ၊ လက်နက်ကြီး ပစ်ချိန် ပုန်းရှောင်ရမယ့် အနေအထားတွေနဲ့ ကာကွယ်ဖို့ နည်းလမ်းတွေကို စာတွေ့၊ လက်တွေ့ သင်ပြပေးခဲ့ကြပါတယ်။


၎င်းအသိပညာပေး ဆောင်ရွက်ခဲ့တဲ့ ကျေးရွာနှစ်ရွာမှာတော့ ဗုံးခိုကျင်းတူးတာတွေကို စတင်လုပ်ဆောင် နေပြီး စစ်ရှောင်စခန်း နှစ်ခုက ပြည်သူတွေကတော့ ရွာကိုမပြန်နိုင်သေးတဲ့အတွက် အကောင်အထည် မဖော်နိုင်သေးဘူးလို့ သိရပါတယ်။


========================


🚩🚩 ၂။ ဟိုပင်မြို့နယ် တိုက်ပွဲတွင် စစ်တပ်နဲ့ SNA အထိနာပြီးနောက် ရွာကို ဗုံးကြဲခဲ့ရာ ဒေသခံ ပြည်သူ ဦး ဒဏ်ရာရ


မတ်လ ၃၁ ရက်။

Radio NUG


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ ကြာကြီးကွင်း ကျေးရွာတွင် မတ်လ ၃၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ၎င်းတို့ရဲ့ လက်ဝေခံ ရှမ်းနီတပ် (SNA) တို့ သေဆုံးဒဏ်ရာရသူ များပြားခဲ့လို့ နောက်တနေ့မှာ စစ်ကောင်စီတပ်က ရွာကို ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ် ထိခိုက်သေဆုံးမှုများကြောင်း ဒေသခံတွေက ပြောဆိုကြပေမယ့် အရေအတွက် တိတိကျကျကိုတော့ အတည်မပြုနိုင်သေးဘဲ လက်တလောမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြာကြီးကွင်းရွာ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။


ကြာကြီးကွင်းကျေးရွာဟာ ဟိုပင်မြို့အထွက်‌ သုံးမိုင်ခန့်အကွာမှာ တည်ရှိပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ဦး ဒဏ်ရာရရှိခဲ့တာကြောင့် မြစ်ကြီးနားမြို့က ဆေးရုံကို ပို့ဆောင်ကုသ နေရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။


မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ အနီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ထဲက စစ်ရေးတင်းမာနေတာ ဖြစ်ပြီး ဟိုပင်မြို့၊ နန့်ရင်းရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး တပ်စွဲရန်ကြိုးစားခဲ့တာကြောင့် KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


ဟိုပင်မြို့နယ်ထဲက ကျေးရွာများကို SNA တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက စစ်ကြောင်းထိုးခိုင်းနေပြီး SNA ကလည်း ဒေသခံများကို ချိန်းခြောက်ကာ ဆက်ကြေးကောက်၊ လူသစ်စုဆောင်းမှုများ ပြုလုပ်နေတာယ်လို့ သိရပါတယ်။


SNA အနေဖြင့် အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူလူထုထံမှ အဓမ္မ ဆက်ကြေးကောက် ခံတာနဲ့ လူသစ်စုဆောင်းခြင်းများကို ရပ်တန်းမှ ရပ်ပါရန်နှင့် SNA တပ်သားများအနေဖြင့် ပြည်သူလူထုကို မျက်နှာမူတဲ့ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ထံ အမြန်ဆုံးအလင်းဝင်ကြဖို့ ဟိုပင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မတ်လအတွင်း သတိပေးချက် ထုတ်ပြန်ထား ပါတယ်။


========================


🚩🚩 ၃။ မြင်းမူမှာ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး


မတ်လ ၃၁ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိတယ်လို့ Dog Killers People's Defence Force Myinmu (DK PDF-MMU) ထံက သိရပါတယ်။


မတ်လ ၃၀ ရက် မနက် နာရီခွဲခန့်မှာ မြင်းမူ မြို့ထဲကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မြင်းမူမြို့နဲ့ ဝမ်းပြည့်ရွာကြားမှာ တိုက်ခိုက်ခဲ့တာလို့ DK PDF-MMU ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။


နာရီဝက်ခန့်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် ဝမ်းပြည့်ရွာထဲက စစ်ကောင်စီ တပ်တွေ လက်နက်ကြီး / ငယ်တွေနဲ့ စစ်ကူ ရောက်လာလို့ ပြန်ဆုတ်လာခဲ့ရပြီး PDF ပူးပေါင်းတပ်ဖွဲ့တွေ အန္တရာယ်ကင်းတယ်လို့ ၎င်းက ဆက်ပြောပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

အဆိုပါ စစ်ဆင်ရေးကို Dog Killers People's Defence Force Myinmu (DK PDF - MMU) မြင်းမူ မြို့နယ် အနောက်ခြမ်း .က. နဲ့ Knight commanders (ခွဲ) မုန်တိုင်း (MMU) မဟာမိတ်အဖွဲ့တွေက ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၃ ရက်ကလည်း Dog Killers People's Defence Force Myinmu (DK PDF - MMU) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ မြင်းမူမြို့ ရဲစခန်းနဲ့ စီးပွားရေးဘဏ်ကိုလည်း တိုက်ခိုက်ခဲ့ကြပါသေးတယ်


========================


🚩🚩 ၄။ နိုင်ကျဉ်းတွေကို ကူညီပေးနေတဲ့ ထားဝယ်အကျဉ်းထောင်မှ ဆေးမှူးတစ်ဦး CDM ပြုလုပ်


မတ်လ ၃၁ ရက်။

Radio NUG

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေတဲ့ ဆေးမှူး ဦး CDM ပြုလုပ်ခဲ့တယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ယက် (DPPN) မှ အသိပေး ထုတ်ပြန်ပါတယ်။


အသက် ၃၀ ဝန်းကျင်ရှိ အဆိုပါ ဆေးမှူးဟာ မတ်လ ၁၃ ရက်နေ့ထဲက CDM ပြုလုပ်ခဲ့တာဖြစ်ပြီး လုံခြုံ ဘေးကင်းတဲ့ နေရာကို ရောက်သွားပြီဖြစ်တယ်လို့ DPPN က ဖော်ပြပါတယ်။


၎င်းဆေးမှူးဟာ စစ်အာဏာသိမ်းစထဲက CDM ပြုလုပ်ဖို့ ဆန္ဒရှိခဲ့ပေမယ့် ထားဝယ်နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တချို့ရဲ့ တိုက်တွန်းမှုကြောင့် ဆေးမှုးတာဝန်ကို ဆက်လက် ထမ်းဆောင်ကာ ထောင်ထဲရောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီဆောင်ရွက် ပေးနေခဲ့တာ ဖြစ်တယ်လို့ DPPN တာဝန်ရှိသူက ပြောပါတယ်။


သူ့အနေနဲ့ နိုင်ကျဉ်းတွေကို ကျန်းမာရေး ကိစ္စတွေအပြင် မိသားစုဝင်တွေနဲ့ ဆက်သွယ်နိုင်ဖို့နဲ့ လိုချင်တဲ့ နိုင်ငံရေးစာအုပ်တွေ ရဖို့ကိုလည်း ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ထားဝယ် နိုင်ငံရေးအကျဥ်းသားဟောင်း တဦး က ပြောပြပါတယ်။


အဆိုပါ ဆေးမှူးမှာ အကျဉ်းဦးစီးဌာန အောက်က ဝန်ထမ်းမဟုတ်ဘဲ ကျန်းမာရေး ဦးစီးဌာန အောက်က သူနာပြု တစ်ယောက်အနေနဲ့ အကျဉ်းထောင်ဆေးမှူး တာဝန်ကိုပါ တွဲဖက်တာဝန်ယူခဲ့ရတာလို့ သိရပါတယ်။


လက်ရှိမှာတော့ ထားဝယ်အကျဉ်းထောင်ကို စစ်တပ်ဘက်က ရောက်လာတဲ့သူတွေ ဝင်ရောက်အုပ်ချုပ် နေတာရှိပြီး သူ့အနေနဲ့ နိုင်ကျဉ်းတွေကို အရင်ကလို ကူညီလို့မရတော့တာကြောင့် အခုလို CDM ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။


အလားတူပဲ ၂၀၂၃ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေ တုန်းကလည်း ထားဝယ်အကျဥ်းထောင်ကနေ ထောင်အရာရှိ တဦးအပါအဝင် ထောင်ဝန်ထမ်း ခြောက်ဦး ထွက်ပြေးသွားခဲ့ပါသေးတယ်။ 


========================


🚩🚩 ၅။ အမှတ်() ပြည်ထောင်စုလမ်းမ ရေးမြို့တောင်ပိုင်းမှ ထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်အထိ နံနက် () နာရီမှ ညနေ ()နာရီအထိသာ သွားလာခွင့်ပြုကြောင်း လမ်းပိုင်းဆိုင်ရာသတိပေးချက်ထုတ်ပြန်


မတ်လ ၃၁ရက်။

အမှတ်() ပြည်ထောင်စုလမ်းမ ရေးမြို့တောင်ပိုင်းမှ ထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်အထိ နံနက် () နာရီမှ ညနေ ()နာရီအထိသာ သွားလာခွင့်ပြုကြောင်း လမ်းပိုင်းဆိုင်ရာသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။


မတ်လ၃၁ရက်မှာ ဒေါနစစ်ကြောင်းကအသိပေးထုတ်ပြန်ချက်ကို ဖော်ပြပါတယ်။


အမှတ်()စစ်ဒေသခွဲအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား တန်ပြန်ထိုးစစ်ဆင်ကာ စစ်ရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း အရပ်သုံးကားများကိုအသုံးပြု၍ သွားလာခြင်း၊ အရပ်သားပြည်သူအသွင်ဖြင့် စစ်အင်အားဖြည့်တင်းခြင်းများကို ပြုလုပ်နေသည့်အတွက် ပြည်သူများထိခိုက်နစ်နာမှုမရှိစေရန်လမ်းပိုင်းဆိုင်ရာအသိပေးချက်ကိုထုတ်ပြန်တယ်လို့ဖော်ပြပါတယ်။


အသိပေးချက်အရ အမှတ်() ပြည်ထောင်စုလမ်းမ ရေးမြို့တောင်ပိုင်းမှ ထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်အထိ နံနက် () နာရီမှ ညနေ ()နာရီအထိ သာသွားလာခွင့်ပြုမှာဖြစ်ပါတယ်။


သတ်မှတ်လမ်းပိုင်းအတွင်း နေ့အချိန်ခရီးသွားလာရာတွင် မော်တော်ယာဥ်များ မှန်ချမောင်း၍ တာဝန်အရ စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံဖို့လိုအပ်မယ်လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment