13th APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့်ပိတ်ပင်ထားတဲ့ ရခိုင်မှာ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်တို့နဲ့ အပြန်အလှန်ကုန်သွယ်


၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ KNDF တပ်ရင်းအမှတ် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနား ကျင်းပ

🚩 ၂။ ရေတာရှည်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်သားနဲ့ရဲတွေကို ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၄ ဦးသေဆုံး

🚩 ၃။ ဆော့လော်မြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်

🚩 ၄။ အမ်းနဲ့ဘူးသီးတောင်တိုက်ပွဲတွေမှာ စစ်သား ၁၁ ဦးသေဆုံး၊ လက်နက်ချအညံ့မခံသေးတဲ့စခန်းတွေ အမြန်ဆုံး လက်နက်ချဖို့ AA ထပ်မံ သတိပေး

🚩 ၅။ ဖားဆောင်းကိုစစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်းမှူးအပါအဝင် ၅၈ ဦးဖမ်းမိ

🚩 ၆။ သင်္ကြန်အကြိုနေ့မနက်မှာ ဝါးတောမရွာကို စစ်တပ်က အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းတာကြောင့် နီးစပ်ရာကျေးရွာတွေက ပြည်သူတွေပါ ထွက်ပြေး‌တိမ်းရှောင်နေရ

🚩 ၇။ အကြမ်းဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ချောင်းဦးနယ်က မီးဘေးသင့်သူတွေ အရေးပေါ်အကူအညီလိုအပ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့်ပိတ်ပင်ထားတဲ့ ရခိုင်မှာ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်တို့နဲ့ အပြန်အလှန်ကုန်သွယ်


ရခိုင်ပြည်ကို စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားပေမယ့် ပြီးခဲ့တဲ့လကစပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ အပြန်အလှန် ကုန်သွယ်နေကြပြီလို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

 

ဖေဖော်ဝါရီလအတွင်းကစပြီး ရခိုင်ပြည်နယ်အတွင်း ပြတ်လပ်နေတဲ့ကုန်စည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထက် အိန္ဒိယနိုင်ငံ ကနေ အဓိက တင်သွင်းနေတာလို့ ဒေသခံကုန်သည်တွေရဲ့ပြောဆိုချက်ကိုကိုးကားပြီး Western News ကလည်း ဖော်ပြထားပါတယ်။ 


အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်ကို ပြည်မမြို့တွေနဲ့ ရေလမ်း၊ ကုန်းလမ်း ဖြတ်တောက်ကာ ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ 


အဲဒီလိုပိတ်ပင်လိုက်တာကြောင့် ရခိုင်ပြည်မှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ငရုပ်၊ ကြက်သွန်၊ မုန့်မျိုးစုံနဲ့ ဆေးဝါး စတာတွေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ဖူလုံမှုမရှိဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့လည်း သိရပါတယ်။  


သို့သော် ပလက်ဝ၊ ကျောက်တော်၊ ရသေ့တောင်မြို့နဲ့ မောင်တောခရိုင်က စစ်ကောင်စီတပ်စခန်းအချို့ကို ရခိုင့်တပ်တော် AA က သိမ်းပိုက်ပြီးနောက်ပိုင်း ပြတ်လပ်နေတဲ့ ကုန်စည်တွေကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေ ပြန်လည်တင်သွင်း နေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ 


အိန္ဒိယဘက်က အဓိက တင်ပို့ရောင်းချနေတဲ့ကုန်စည်ဟာ စားသောက်ကုန်၊ ဓာတ်ဆီ၊ ဆပ်ပြာ၊ မုန့်မျိုးစုံနဲ့ အာခြားလူသုံးကုန် ပစ္စည်းအချို့ ပါဝင်တယ်လို့ သိရပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း စားသုံးဆီ၊ ကြက်သွန်၊ ပဲအမျိုးမျိုး၊ ကွမ်းစားဆေးအမျိုးမျိုး၊ ငရုပ် စသည်တို့ကို အဓိက တင်သွင်းနေပြီး ရခိုင်မြောက်ပိုင်းဒေသအတွက် အခြေခံစားသောက်ကုန်တွေကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံကနေ ကုန်စည်တွေတင်သွင်းပြီး လည်ပတ်နေတာလို့ Western News ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 


လက်ရှိမှာ ကုန်စည်ပြတ်လပ်မှုကိုကျော်လွှားနိုင်ပြီဖြစ်ပေမယ့် စားသောက်ကုန်တွေနဲ့ စက်သုံးဆီစျေးနှုန်းတွေဟာ မိုခါ မုန်တိုင်းမတိုင်မီအခြေအနေကိုမရောက်သေးဘဲ ကုန်ဈေးနှုန်းတွေ မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။ 


ရခိုင့်တပ်တော် AA က ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံတို့နဲ့ ကုန်သွယ်ရေးလမ်း ဖွင့်ထားပေးပေမယ့် သင်္ဘောတွေ အကြီးစား စက်လှေတွေနဲ့ သယ်ယူရခြင်းမဟုတ်ဘဲ တပိုင်တနိုင် စက်လှေတွေနဲ့ သယ်ယူနေရတာဖြစ်တဲ့အတွက် ခရီးစရိတ်ကြီးမြင့် တာကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေတာလို့ ကုန်သည်တွေက ရှင်းပြထာပါတယ်။


ရခိုင်နယ်ဟာ အရင်က အခြေခံစားသောက်ကုန်များ၊ အဝတ်အထည်များ၊ စက်ပစ္စည်းများနဲ့ လယ်ယာသုံး ပစ္စည်းများ အတွက် ရန်ကုန်နဲ့ မန္တလေးမြို့ တို့ကို အဓိက မှီခိုခဲ့ကြရတာဖြစ်ပါတယ်။ 


လက်ရှိမှာ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို ရန်ကုန်၊မန္တလေးတို့နဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ပင်ထားဆဲဖြစ်ပေမယ့် ရခိုင့်တပ်တော် AA က ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယနိုင်ငံနဲ့ ချိတ်ဆက်ကာ လာမယ့်မိုးရာသီအတွက် လယ်ယာသွင်းအားစုများ ဝယ်ယူသုံးစွဲနိုင်ရေး ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ KNDF တပ်ရင်းအမှတ် အခြေခံစစ်ပညာသင်တန်းအပတ်စဉ် သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနား ကျင်းပ


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း အမှတ် ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် သင်တန်း ဆင်းပွဲနဲ့ သင်တန်းဆင်းရဲဘော်တွေရဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား ကျင်းပခဲ့တယ်လို့ KNDF/B-02 က ဧပြီ ၁၂ ရက် မှာ ထုတ်ပြန်ပါတယ်။ 

အဆိုပါ အခမ်းအနားကိုကရင်နီအမျိုးသားများကာကွယ်ရေးတပ်စစ်ရုံးချုပ်က တာဝန်ရှိသူတွေ၊ KNDF ဗျူဟာ အမှတ်- က ဗျူဟာမှူး၊ တပ်ရင်းမှူးများနဲ့ တာဝန်ရှိသူ လူကြီးမိဘများတက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။ 

သင်တန်းဆင်းရဲဘော်တွေဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF စစ်ရုံးချုပ်က ပေးအပ်တဲ့တာဝန်များနဲ့ ပြည်သူလူထုအကျိုးကို အသက်နဲ့ကိုယ်ကျိုးစွန့်ပြီး ကာကွယ်စောင့်ရှောက်ပါမယ်လို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီး သစ္စာရေ သောက်ခဲ့ကြတယ်လို့လည်း အသိပေးပါတယ်။

ထို့ပြင် အဆိုပါအခမ်းအနားမှာ စစ်ရေးပြချီတက်ခြင်းနဲ့ အခြားအစီအစဉ်များပါဝင်ခဲ့ပြီး တာဝန်ရှိသူ ခေါင်းဆောင် အရာရှိများ၊ တပ်မှူးများ၊ သင်တန်းမှူးများကို ရဲဘော်များက စစ်ရေးပြအလေးပြုခြင်းဖြင့် ပိတ်သိမ်းခဲ့တယ်လို့ KNDF Battalion-02 သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ 

KNDF တပ်ရင်း ၂အနေနဲ့ စတင်ဖွဲ့စည်းပြီးချိန်ကနေ ယခုလက်ရှိအထိ အခြေခံစစ်သင်တန်း ခုနဲ့ မွမ်းမံသင်တန်း ခု ဖွင့်လှစ်ပြီးခဲ့ပြီးဖြစ်ကာ ဆက်လက်လုပ်ဆောင်သွားဖို့လည်းရှိနေတယ်လို့ သိရပါတယ်။ 


========================


🚩🚩 ၂။ ရေတာရှည်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်သားနဲ့ရဲတွေကို ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၄ ဦးသေဆုံး


ပဲခူးတိုင်း ရေတာရှည်မြို့နယ် အမှတ် သကြားစက်အနီးမှာ ကင်းလှည့်နေတဲ့ စစ်သားနဲ့ရဲတွေကို ကြိမ် မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၁၄ ဦး သေဆုံးသွားတယ်လို့ Daung Minn Thar – Yedashe PDF တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။ 

ရေတာရှည်မြို့နယ် အမှတ် သကြားစက်အနီး အင်းပက်လက်ကျေးရွာ တာတမံလမ်းပေါ်မှာ ညဘက် ကင်းလှည့်နေတဲ့ စစ်သားနှင့် ရဲများကို သံတောင်မြောက်ပိုင်းအထူးဒေသ UG အဖွဲ့က အသင့်စောင့်ဆိုင်းပြီး ဧပြီလ ရက် နာရီ ၁၂ မိနစ်ခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး တဦးကတော့ ပြင်းထန်ဒဏ်ရာရခဲ့ပြီး တောင်ငူ ဆေးရုံကိုပို့ချိန်မှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ထို့တူ ဧပြီလ ရက်နေ့ မနက် နာရီခန့်ကလည်း ရေတာရှည်မြို့နယ် အမှတ် သကြားစက် ရဲစခန်းဟောင်းအထွက်မှာ ထပ်တိုးကင်းပုန်းချထားတဲ့ အကြမ်းဖက်စစ်သားတွေကို သံတောင်မြောက်ပိုင်းအထူးဒေသ UG တပ်ဖွဲ့က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ဦး၊ အကြမ်းဖက်စစ်သား ဦး စုစုပေါင်း ဦးသေဆုံးကာ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သား၊ ရဲတွေရဲ့ရုပ်အလောင်းများကို တောင်ငူမြို့ဘက် သယ်ဆောင်သွားပြီး ဒဏ်ရာရသူ ဦးကို နေပြည်တော်စစ်ဆေးရုံသို့ ထပ်မံသယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သား ၁၁ ဦးနဲ့ ရဲ ဦး စုစုပေါင်း ၁၄ ဦးသေပြီး ဦးဒဏ်ရာရတယ်ဆိုတာကို အကြိမ်ကြိမ် အတည်ပြုနေရတာကြောင့် သတင်းထုတ်ပြန်မှုနောက်ကျခဲ့တာလို့ Daung Minn Thar – Yedashe PDF တပ်ဖွဲ့က အသိပေးထားပါတယ်။


========================


🚩🚩 ၃။ ဆော့လော်မြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်


ကချင်ပြည်နယ် ဆော့လောမြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့-BGF (၁၀၀၁) ရဲ့ တပ်စခန်းတခုနဲ့ ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆော့လော်မြို့သွားလမ်း မျှော်ဇန်ကူး နယ်ခြားစောင့်တပ် -၁၀၀၁ ရဲ့ တပ်စိပ်စခန်းကို ဧပြီလ ၁၂ရက် မွန်းတည့် ၁၂ နာရီမှာ KIA တပ်ရင်း-၄၆ တပ်ဖွဲ့က သိမ်းပိုက်ရှင်းလင်းခဲ့ရာ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဧပြီလ ၁၁ ရက်နေ့ကလည်း ချီဖွေကနေ ဆော့လော်မြို့ကိုသွားတဲ့လမ်းပေါ်မှာရှိတဲ့ မျှော်ဂျောင်ပန်ဝါ ပြည်သူ့စစ် စခန်းကိုလည်း KIA တပ်မဟာ- က သိမ်းပိုက်ခဲ့ရာမှာ လူနဲ့ လက်နက်များရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးပါတယ်။

ဦးစခုန်တိန့်ယိမ်း ဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ဟာ ၁၉၉၃ ခုနှစ်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီး နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်တာလို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ KIA က ပြီးခဲ့တဲ့နှစ်တွေကတည်းက အသိပေးကြေညာထားတာရှိပါတယ်။ 

အဆိုပါနယ်ခြားစောင့်တပ်တွေနဲ့ပြည်သူ့စစ်တွေအနေနဲ့ မိခင်တပ်ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA ထံ လာရောက်ပူးပေါင်းဖို့ ၂ဝ၁၁ ခုနှစ်ကတည်းက လမ်းဖွင့်ပေးထားပေမယ့် လက်ရှိအချိန်အထိ ပူးပေါင်းတာမရှိတဲ့အတွက် စစ်ရေးပစ်မှတ်အဖြစ်ရှိနေတာလို့ သိရပါတယ်။

KIA အနေနဲ့ ဝိုင်းမော်မြိုနယ်မှာရှိတဲ့ ဦးရွှေမင်းရဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ မတ်လ ရက်နေ့ စစ်ဆင်ရေးမှာလည်း ဦးရွှေမင်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ အမ်းနဲ့ဘူးသီးတောင်တိုက်ပွဲတွေမှာ စစ်သား ၁၁ ဦးသေဆုံး၊ လက်နက်ချအညံ့မခံသေးတဲ့စခန်းတွေ အမြန်ဆုံး လက်နက်ချဖို့ AA ထပ်မံ သတိပေး


ရခိုင်ပြည်နယ်ထဲက အမ်းနဲ့ဘူးသီးတောင်ဒေသမှာဖြစ်တဲ့တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံး ပြီး လက်နက်ချအညံ့မခံသေးတဲ့စခန်းတွေ အမြန်ဆုံးလက်နက်ချဖို့ ရခိုင့်တပ်တော် AA က ထပ်မံ သတိပေးလိုက်ပါတယ်။

မောင်တောမြို့နယ်ထဲမှာ အကြီးဆုံးနယ်ခြေားစောင့်စခန်းတခုဖြစ်တဲ့ ကြိမ်ချောင်းဗျူဟာစခန်းကို ဧပြီလ ၁၂ ရက်နေ့မှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့် ရခိုင့်တပ်တော် AA က ထပ်မံ သတိပေးလိုက်တာဖြစ်ပါတယ်။

ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းက အမ်းမြိုနယ် လုံးကျေးရွာအနောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာမှာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အား ၅၀ ခန့်ပါစစ်ကြောင်းနဲ့ ရခိုင့်တပ်တော်တို နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ရာမှာ ရန်သူစစ်ကောင်စီဘက်က မြေပြင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ချိန်တိုတောင်းပေမယ့် ပြင်းထန်ခဲ့ တယ်လို့ ဆိုပါတယ်။

နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာ အကြမ်းဖက်စစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများနဲ့ နပခဌာနချုပ်ရှိရာ အမ်းမြို့ကို ပြန်လည်တပ်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။ 

အမ်းမြိုနယ်ထဲက မင်းဘော်ရွာရဲ့တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာမှာလည်း အကြမ်းဖက်စစ်တပ်နဲ့ ရခိုင့်တပ်တော်တို့ ကြား ဧပြီလ ၁၁ ရက်နေ့မနက်ပိုင်းကစပြီး ညနေ နာရီခန့်အထိ တိုက်ပွဲတွေအကြိမ်ကြိမ်ဖြစ်ခဲ့ပြီး စစ်သား ဦး သေဆုံး ကာ ၁၀ ဦးခန့်ဒဏ်ရာရသွားတာကို မျက်မြင်တွေခဲ့သလို့ မိမိတို့ဘက်မှာလည်း အလတ်စား ဒဏ်ရာရတဲ့သူတွေရှိခဲ့တယ်လို့ AA က အသိပေးပါတယ်။ 

ထို့အတူ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းမှာလည်း မောင်တောမြိုနယ်ထဲက ကံပြင်သာစည်ကျေးရွာအရှေ့ဘက် ဘူးသီးတောင် -မောင်တောကျော်လမ်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ရခိုင့်တပ်တော်တို့ နာရီနားပါး တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က ဦးသေဆုံးကာ ဦးခန့်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ကြိမ်ချောင်းဗျူဟာကုန်းဟာ နခခ- ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲဝင် ၁၀၀ ကျော်၊ နယ်ခြားစောင့်တပ်ဖွဲဝင် ၄၀၀ ခန့်နဲ့အတူ ၎င်းတို့ရဲ့ မိသားစုဝင် ၁၅၀ ခန့်ရှိတဲ့ စခန်းကြီးတခုဖြစ်ကာ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုးနဲ့ ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင်တို ဦးဆောင်တဲ့ဗျူဟာစခန်းကြီးတခုဖြစ်ပါတယ်။

အဆိုပါကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများခဲ့ပြီး သုံပန်းတချို့နဲ့ ၎င်းတို့ရဲ့ မိသားစုဝင်အချို့ကို ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရခိုင့်တပ်တော့အနေနဲ့ ယခင်ကတည်းက ထုတ်ဖော်ပြောထားပြီးဖြစ်တဲ့အတိုင်း လက်နက်ချအညံ့မခံသေးတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စခန်းတိုင်းကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် လက်နက်ချအညံ့မခံတဲ့စခန်းများအနေနဲ့ အမြန်ဆုံးလက်နက်ချဖို့ AA က ထပ်မံသတိပေးထားပါတယ်။

ရခိုင့်တပ်တော် AA ဟာ လက်နက်ချအညံ့မခံသေးတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်က စကခ -၁၅ ဌာနချုပ်နဲ့ တောင်ကုတ်က စကခ- အပါအဝင် လက်ကျန်စခန်းတွေကို   ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွား မယ်လို့ ထုတ်ပြန်‌ကြေညာထားပါတယ်။


========================


🚩🚩 ၅။ ဖားဆောင်းကိုစစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတခုလုံးကို ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်းမှူးအပါအဝင် ၅၈ ဦးဖမ်းမိ


ကရင်နီပြည် ဖားဆောင်းမြို့ကိုစစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကြောင်းတခုလုံး ကို ချေမှုန်းနိုင်ခဲ့ပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဧပြီလ ၁၁ ရက် မနက် နာရီခန့်အချိန်က ဘောလခဲမြို့နယ်ကနေ ဖားဆောင်းမြို့ဘက်ကိုစစ်ကူပေးဖို့ ချီတက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းကို ပါပူရွာအနီးမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ချေမှုန်းခဲ့တာဖြစ်ပြီး စစ်ကြောင်းတခုလုံး တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

တနေကုန်နီးပါးဖြစ်ခဲ့တဲ့တိုက်ပွဲမှာ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုဘက်ကရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။  

ကရင်နီတပ်တော်လှန်ရေးပေါင်းစုက တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်တပ် စစ်ကူစစ်ကြောင်းမှာ စစ်ကူလာဖူးပြီး ပြန်ဆုတ်သွား ခဲ့တဲ့ စစ်သားအချို ပါဝင်နေတာကိုတွေ့ရတယ်လို့လည်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ရဲ့ စစ်ဆေးမေးမြန်းမှုတွေအရ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ ကရင်နီတပ်မတော် - KA ကြယ်ဖြူတပ်ဖွဲ့ - KNSO ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ - KNDFနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဖားဆောင်းမြို့မှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းနဲ့ ခလရ ၁၃၅ တပ်ရင်းတို့ကို ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုက ပိတ်ဆို့တိုက်ခိုက်နေတာ လကျော်ကြာမြင့်နေပြီဖြစ်ကာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု တွေကြောင့် မြို့ဟာ ၈၀ ရာခိုင်နှုန်းခန့် မီးလောင်ပျက်စီးခဲ့ပြီလို့ သိရပါတယ်။ 


========================


🚩🚩 ၆။ သင်္ကြန်အကြိုနေ့မနက်မှာ ဝါးတောမရွာကို စစ်တပ်က အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းတာကြောင့် နီးစပ်ရာကျေးရွာတွေက ပြည်သူတွေပါ ထွက်ပြေး‌တိမ်းရှောင်နေရ


သင်္ကြန်အကြိုနေ့မနက်မှာ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲက ဝါးတောမရွာကို အကြမ်းဖက်စစ်တပ်က အင်အား အများ အပြားနဲ့ ဝင်ရောက်စီးနင်းခဲ့တာကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ယနေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ မနက် နာရီဝန်းကျင်မှာ အရာတော်မြို့ .. -၁၀ ကနေ စစ်ကား စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အားအများအပြားဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ဖောက်ပြီး ဝါးတောမ ကျေးရွာအနီးကို ရောက်ရှိလာခဲ့တာလို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ အရာတော်ပိုစ့်က အသိပေးပါတယ်။

အခုလိုဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဝါးတောမကျေးရွာနဲ့ နီးစပ်ရာကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ပြောပါတယ်။ 

အရင်ရက်တွေကတည်းက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်- .. ကနေ စစ်ကားတွေနဲ့ အရာတော် .. -၁၀ ကို စစ်သားအင်အားအများအပြား ထပ်မံအင်အားဖြည့်တင်းနေရာ မနေ့ ဧပြီလ ၁၂ ရက်က မုံရွာ-အရာတော်လမ်း တလျှောက် စစ်သားအင်အားလာဖြည့်တဲ့ စစ်ကားတွေတိုက်ခိုက်ခံရပြီး စစ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်သစ်ကူးအချိန်မှာ မြန်မာလူမျိုးတို့ ဘုရားသွား၊ကျောင်းတက်ပြီး ကုသိုလ်ကောင်းမှုတွေလုပ်လေ့ရှိတဲ့အပြင် နေအိမ်တွေ မှာ မိသားစုဝင်တွေပြန်လည်ဆုံစည်းကြတဲ့အချိန်ဖြစ်ပေမယ့် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် ရွာပေါင်းများစွာက ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေဟာ ပူပြင်းလှတဲ့အညာနွေမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရ တယ်လို့ အရာတော်ပိုစ့်က အသိပေးထားပါတယ်။


========================


🚩🚩 ၇။ အကြမ်းဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် ချောင်းဦးနယ်က မီးဘေးသင့်သူတွေ အရေးပေါ်အကူအညီလိုအပ်နေ


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်သူတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်ကပြောပါတယ်။ 

ဧပြီလ ၁၁ ရက်နေ့ည နာရီခန့်အချိန်က စစ်ကောင်စီလက်ပါးစေတွေ ချောင်းဦးမြို့နယ်အနောက်ပိုင်းသို့ ရောက်ရှိလာပြီး ပြည်သူပိုင်နေအိမ်တွေကို အကြောင်းမဲ့ မီးတင်ရှို့သွားခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၁၄ လုံးခန့် မီးလောင်ပြာကျခဲ့ တယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီလက်ပါစေတွေ မီးတင်ရှိတာကြောင့် ရပ်ကွက်ဒေသခံအချို့ဟာလည်း ရှောင်တိမ်းခဲ့ရတယ်လို့ သိရပါတယ်။ 

လောင်းကစားဝိုင်းကို ဆက်ကြေးသွားကောက်ချိန်မှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေနဲ့ပျူစောထီး တွေဟာ ဧပြီလ ၁၁ ရက်နေ့ နာရီခန့်မှာ ချောင်းဦးမြို့ အနောက်ပိုင်းရပ်ကွက်က နေအိမ်တွေကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။  

လက်ရှိမှာ နေအိမ်မီးလောင်ပျက်စီးသွားသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေဟာ အကူအညီတွေ လိုအပ်နေတာ ကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ယက်ကအသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment