13th APR 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဧပြီလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ NUGဝန်ကြီးများနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးတို့က နွေဦးတော်လှန်ရေး တိုင်းရင်းသားမိသားစုများနှင့် တွေ့ဆုံပွဲကိုအမေရိကန်နိုင်ငံ (သျှားလော့ခ်မြို့၊ မြောက်ကာရိုလိုင်းနားပြည်နယ်)မှာကျင်းပမယ်

📌 ၂။ တက်ကြွစွာသင်ယူခြင်း၊ ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (RWCT) နည်းပြဆရာဆရာမများသင်တန်းဆင်းပြီဖြစ်ကာ နွေရာသီဆင့်ပွါးသင်တန်းများပေးရန်အတွက် ကယန်းဒေသမြို့နယ်အသီးသီးသို့ ထွက်ခွာသွား

📌 ၃။ လွယ်ဂျယ်မြို့ကသိမ်းဆည်းရရှိတဲ့ ကျပ်သိန်း ၅သောင်းကျော်ကို KIO ဘဏ္ဍာရေးဌာနထံအပ်နှံ

📌 ၄။ အကြမ်းဖက်စကစဟာ လေကြောင်းတိုက်ခိုက်မှုပေါင်းတထောင်ကျော်ကိုကျူးလွန်ခဲ့

📌 ၅။ ဧပြီလ ရက်နေ့မှ ၁၂ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၃၉) ဦး သေဆုံးခဲ့ပြီး  စစ်ကိုင်းတိုင်းမှာ (၁၇) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်

📌 ၆။ စစ်တပ်ထောက်ပို့ယာဉ်တန်းကို တိုက်ခိုက်ပြီး ရလာတဲ့ ရိက္ခာတွေကို မီးဘေးသင့် ပြည်သူများထံ ထောက်ပံခဲ့

📌 ၇။ နတ်မောက်က သံဃာတပါးကို စစ်အုပ်စုကမတရားဖမ်းဆီးခေါ်ဆောင်သွား


၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ရင်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်

🚩 ၂။ ဒီပဲယင်းမြို့ပေါ်က စစ်တပ်အထိုင်ချရာနေရာတွေနဲ့ တန့်ဆည်မြို့နယ်က စစ်တပ်ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်

🚩 ၃။ မုံရွာစီးပွားရေး တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး 

🚩 ၄။ တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ မိုးမိတ်မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို စစ်ကောင်စီတပ် တပ်မ(၉၉)နှင့် ပျူစောထီးပူးပေါင်းတပ်တို့ ဖောက်ထွင်းပြီး လက်ဝတ်ရတနာနှင့် တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွား

🚩 ၅။ ပင်လောင်းမြို့နယ် ပင်စုံကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် တဦးသေဆုံးကာ ဒေသခံပြည်သူ ဦးဒဏ်ရာရ

🚩 ၆။ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်သားတစ်ဦးကို ဆုငွေကျပ် ၃၁ သိန်း ချီးမြှင့်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUGဝန်ကြီးများနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးတို့က နွေဦးတော်လှန်ရေး တိုင်းရင်းသားမိသားစုများနှင့် တွေ့ဆုံပွဲကိုအမေရိကန်နိုင်ငံ (သျှားလော့ခ်မြို့၊ မြောက်ကာရိုလိုင်းနားပြည်နယ်)မှာကျင်းပမယ်


ဧပြီလ ၁၂ရက်။

NUGဝန်ကြီးများနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးတို့က နွေဦးတော်လှန်ရေး တိုင်းရင်းသားမိသားစုများနှင့်တွေ့ဆုံပွဲကို အမေရိကန်နိုင်ငံ (သျှားလော့ခ်မြို့၊ မြောက်ကာရိုလိုင်းနားပြည်နယ်) မှာကျင်းပမယ်လို့သိရပါတယ်။


North Carolina, South Carolina, Georgia, Virginia, အခြားပြည်နယ်များတွင် နေထိုင်သော နွေဦးတော်လှန်ရေး တိုင်းရင်းသားမိသားစုများနှင့် NUG တာဝန်ရှိသူများ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး တို့နှင့် တွေ့ဆုံပွဲကို မေလ ရက်နေ့ တွင် Charlotte, NC (သျှားလော့ခ်မြို့၊ မြောက်ကာရိုလိုင်းနားပြည်နယ်) မှာကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့် ဒုဝန်ကြီးဦးမိုးဇော်ဦးအပါအဝင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်မှာဖြစ်ပါတယ်။


အခမ်းအနားသို့ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံပြောကြား ဆွေးနွေးနိုင်ဖို့ နွေဦးတော်လှန်ရေး တိုင်းရင်းသားမိသားစုတိုင်းကို လာရောက်ကြရန် ဖိတ်ကြားထားပါတယ်။


========================


📌📌 ၂။ တက်ကြွစွာသင်ယူခြင်း၊ ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (RWCT) နည်းပြဆရာဆရာမများသင်တန်းဆင်းပြီဖြစ်ကာ နွေရာသီဆင့်ပွါးသင်တန်းများပေးရန်အတွက် ကယန်းဒေသမြို့နယ်အသီးသီးသို့ ထွက်ခွာသွား


ဧပြီလ ၁၂ရက်။


တက်ကြွစွာသင်ယူခြင်း၊ ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (RWCT) နည်းပြဆရာဆရာမများသင်တန်းဆင်းပြီဖြစ်ကာ နွေရာသီဆင့်ပွားသင်တန်းများပေးရန်အတွက် ကယန်းဒေသမြို့နယ်အသီးသီးသို့ ထွက်ခွာသွားပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။


ဧပြီလ ၁၂ရက်မှာ စဥ်းစားတွေးခေါ်သော စာသင်ခန်းများဖောင်ဒေးရှင်းမှ ဒေါက်တာသိန်းလွင်ကဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။


"ကယန်းဒေသဖွံ့ဖြိုးတိုးတက်ပါစေ။ တက်ကြွစွာသင်ယူခြင်း၊ ဝေဖန်ပိုင်းခြားစဉ်းစားခြင်း (RWCT) နည်းပြဆရာဆရာမများသင်တန်းဆင်းပါပြီ။ ကယန်းဒေသ ရပ်ရွာအခြေပြု ကိုယ်ထူကိုယ်ထ ကျောင်းပေါင်း ၁၀၀ ကျော်မှ ဆရာဆရာမ ၈၀၀ ကျော်ကို နွေရာသီဆင့်ပွားသင်တန်းများပေးရန်အတွက် ကယန်းဒေသမြို့နယ်အသီးသီးသို့ ထွက်ခွာသွားကြပါပြီ"လို့ဆိုထားပါတယ်။


ကယန်းလူမျိုးများက တစုတစည်းတည်း ကိုယ်ပိုင်ပြဌာန်းခွင့်ရ ကယန်းဒေသ ထူထောင်လိုကြပြီး ကယန်းလူမျိုးများ၏ ရည်မှန်းချက် အောင်မြင်ကာ ကယန်းဒေသဖွံ့ဖြိုးတိုးတက်စေကြောင်း ဒေါက်တာသိန်းလွင်ကဆုမွန်ကောင်းတောင်းဆိုထားပါတယ်။


========================


📌📌 ၃။ လွယ်ဂျယ်မြို့ကသိမ်းဆည်းရရှိတဲ့ ကျပ်သိန်း ၅သောင်းကျော်ကို KIO ဘဏ္ဍာရေးဌာနထံအပ်နှံ


ဧပြီလ ၁၂ရက်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က လွယ်ဂျယ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ ၁၄၂ ကို သိမ်းပိုက်ချိန်မှာ သိမ်းဆည်း ရရှိခဲ့တဲ့ ကျပ်သိန်းပေါင်း သောင်းကျော်ကို KIA တပ်မဟာ တပ်မဟာမှူးက အရှေ့ပိုင်းတိုင်း ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်းပေးအပ်ပြီးဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့-KIO ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဂွန်မော်က အသိပေးလိုက်ပါတယ်။ 

လွယ်ဂျယ်ကနေ သိမ်းဆည်းရရှိခဲ့တဲ့ငွေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုစီမံနေတယ်ဆိုတာကို ဗိုလ်ချုပ်ကြီး ဂွန်မော်က လုပ်ထုံးလုပ်နည်းများ အပိုင်း- ဆိုပြီး ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာကတဆင့် ဧပြီ ၁၂ ရက်နေ့မှာ အသိပေးလိုက်တာပါ။

KIO ဘဏ္ဍာရေးဌာနရဲ့ စည်းမျဉ်းအမှတ်-၆၄ ပါ ပြဌာန်းချက်အရ တိုက်ပွဲကနေရတဲ့ ငွေကြေးနဲ့တန်ဖိုးရှိပစ္စည်းတွေကို ဘဏ္ဍာရေးဌာနသို့အပ်နှံရန်၊ ပြည်သူမှ အောင်ပွဲအတွက် အလှူငွေပေးပါက အလှူငွေစာရင်းနှင့်တကွ ဘဏ္ဍာရေးဌာနသို့ အပ်နှံရန်ဆိုတဲ့အချက်အပြင် အောင်ပွဲဆိုသည်မှာ အားလုံးစုပေါင်း လုပ်ဆောင်မှု၏ရလဒ် ဖြစ်တာကြောင့် အများနှင့်သက်ဆိုင်သည်ဟု သတ်မှတ်ဖော်ပြထားကြောင်း အသိပေးရှင်းပြထားပါတယ်။ 

အဆိုပါ သတ်မှတ်စည်းမျဉ်းများအတိုင်း လွယ်ဂျယ်မြို့သိမ်းတိုက်ပွဲကနေရရှိလာတဲ့ ကျပ်သိန်း ၅သောင်းကျော်   (,၃၈၅,၂၀၀,၀၀၀ ကျပ်) ကို တပ်မဟာ- တပ်မဟာမှူးက ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်းပေးအပ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးဌာန လုပ်ထုံးလုပ်နည်းတွေနဲ့ အခြားအကြောင်းအရာတွေကိုလည်း ထပ်မံရေးသားဖော်ပြသွားမယ်လို့ ဗိုလ်ချုပ်ကြီး ဂွန်မော်က အသိပေးထားပါတယ်။

KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ မတ်လကုန်ပိုင်းကစပြီး လွယ်ဂျယ်မြို့ကို ဝိုင်းရံပိတ်ဆို့ကာ ဧပြီလဆန်းပိုင်းမှာ မြို့တွင်း ဝင်ရောက်နေရာယူခဲ့တာဖြစ်ပါတယ်။ 

လွယ်ဂျယ်မြို့မှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ် ခလရ-၁၄၂ က တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေဟာ ဧပြီ ရက်ညပိုင်းမှာ တရုတ်နိုင်ငံဘက် ထွက်ပြေးသွားတာကြောင့် လွယ်ဂျယ်မြို့ဟာ စစ်ကောင်စီ ကင်းစင်တဲ့မြို့ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စကစဟာ လေကြောင်းတိုက်ခိုက်မှုပေါင်းတထောင်ကျော်ကိုကျူးလွန်ခဲ့


ဧပြီလ ၁၂ရက်။

အကြမ်းဖက်စကစဟာ လေကြောင်းတိုက်ခိုက်မှုပေါင်းတထောင်ကျော်ကိုကျူးလွန်ခဲ့တယ်လို့ ဧပြီလ ၁၂ရက်မှာ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းကအသိပေးဖော်ပြပါတယ်။


"အာဏာသိမ်းစစ်ကောင်စီဟာ 2021 ဖေဖော်ဝါရီလ‌ကနေ 2023 December အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း 1652ကြိမ် ကျူးလွန်ခဲ့ပြီး ပျမ်းမျှအားဖြင့် နေ့စဉ်မပျက် လေကြောင်းတိုက်ခိုက်မှုတွေရှိနေခဲ့တာဖြစ်တယ်"လို့ဖော်ပြပါတယ်။


လေကြောင်းတိုက်ခိုက်မှုရဲ့ ၃ပုံတစ်ပုံဟာ အရပ်သားတွေကို တမင်ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး ပြည်သူနဲ့ ကလေးတွေအစုလိုက်အပြုံလိုက်ရှိနေတဲ့ ဘာသာရေးအဆောက်အဦး ၁၃၇ခု၊ စာသင်ကျောင်း၇၆ခုနဲ့ ဆေးရုံ၂၈ခုတို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။


========================


📌📌 ၅။ ဧပြီလ ရက်နေ့မှ ၁၂ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၃၉) ဦး သေဆုံးခဲ့ပြီး  စစ်ကိုင်းတိုင်းမှာ (၁၇) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်


ဧပြီလ ၁၂ရက်။

ဧပြီလ ရက်နေ့မှ ၁၂ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၃၉) ဦး သေဆုံးခဲ့ပြီး  စစ်ကိုင်းတိုင်းမှာ (၁၇) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်တယ်လို့သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဧပြီလ ရက်နေ့မှ ၁၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၃၉) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် သေဆုံးသူ () ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ () ဦး ပါဝင်ပါတယ်။


အဆိုပါ (၃၉) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၁၇) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး  ၎င်းအရေအတွက်၌ (၁၃) ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့်  ပထမ အများဆုံး သေဆုံးခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ (၁၂) ဦးဖြင့် ဒုတိယ အများဆုံးဖြစ်တယ်လို့သိရပါတယ်။


အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၈၈၄) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်တပ်ထောက်ပို့ယာဉ်တန်းကို တိုက်ခိုက်ပြီး ရလာတဲ့ ရိက္ခာတွေကို မီးဘေးသင့် ပြည်သူများထံ ထောက်ပံခဲ့


ဧပြီလ ၁၂ ရက်။

Radio NUG


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ၊ စစ်တပ်ရိက္ခာ ထောက်ပို့ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ရလာတဲ့ ရိက္ခာတွေကို မီးဘေးသင့် ပြည်သူတွေထံ ထောက်ပံပေးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရပါတယ်။


ဧပြီလ ၁၁ ရက်နေ့က ပခုက္ကူမြို့နယ် အတွင်းရှိ မီးဘေးသင့် ရွာတချို့နဲ့ ပြည်သူတွေကို ထောက်ပံပေးခဲ့တာ ဖြစ်ပြီး အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ အပြင် အခြား စားသောက်ကုန် တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။


ဧပြီလ ရက်နေ့က ကံမမြို့နယ်၊ သာကြီးတောင် နယ်မြေ ရဲစခန်း အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ပါ ထောက်ပို့ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ရရှိလာတဲ့ ရိက္ခာတွေကို ထောက်ပံပေးခဲ့တာလို့ သိရပါတယ်။


အဆိုပါ ထောက်ပို့ ယာဉ်တန်းဟာ ပခုက္ကူ ခရိုင်နဲ့ ဂန့်ဂေါ ခရိုင်အတွင်း စစ်ကောင်စီရဲ့ တပ်ရင်းတွေကို ထောက်ပံ့ပို့ဆောင် ပေးနေတဲ့ တပ်မ ၁၀၁ မှ ထောက်ပို့ ယာဉ်တန်း ဖြစ်ပါတယ်။


ပခုက္ကူ မြို့နယ်အတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ မီးဘေးသင့်ခဲ့ရပြီး စားဝတ်နေရေး အခက် အခဲဖြစ်နေတဲ့ ရွာတွေထဲက အိမ်ထောင်စု ၅၀ စုမှ မိသားစုဝင် ၂၀၀ ကျော် အတွက် ရိက္ခာမျိုးစုံကို မျှဝေပေးခဲ့ တယ်လို့ ဆိုပါတယ်။


 အဆိုပါ မီးဘေးသင့်စစ်ရှောင်ပြည်သူထံ စားနပ်ရိက္ခာ ထောက်ပံပေးအပ်မှုကို ပခုက္ကူမြို့နယ် ပအဖ အဖွဲ့ ခေါင်းဆောင်နှင့်အတူ ပကဖ၊ ပအဖ တာဝန်ရှိသူများ၊ ပခုက္ကူခရိုင် တပ်ရင်း (၁၃) မှ တာ၀န်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ နတ်မောက်က သံဃာတပါးကို စစ်အုပ်စုကမတရားဖမ်းဆီးခေါ်ဆောင်သွား


ဧပြီလ ၁၂ရက်။

မကွေးတိုင်း၊ နတ်မောက်က သံဃာတပါးကို စစ်အုပ်စုကမတရားဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သတင်းရရှိပါတယ်။


ဧပြီ၁၂ရက်မှာ နတ်မောက် .က..သတင်းပြန်ကြားရေးတာဝန်ခံကျောက်ခဲကအသိပေးဆိုထားပါတယ်။


"ဦးဇင်းလေးဘုန်းပညာ ဧပြီလ ၇ရက်နေ့က စစ်ခွေးအုပ်စုရဲ့ မတရားအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့်အတွက် အဆက်အသွယ်ရှိသူများ ဂရုတစိုက်နဲ့ အမြန်ရှောင်ရှားပါရန်အထူးပဲ အသိပေးထုတ်ပြန်အပ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဦးဇင်းအခြေအနေအားဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ရင်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်


ဧပြီလ ၁၂ ရက်။

Radio NUG

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းက စစ်ကောင်စီရဲ့ တပ်စခန်းကြီး တစ်ခုဖြစ်တဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-) တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း RFA သတင်းဌာနက ဖော်ပြပါတယ်။


 ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ မောင်းတောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအနီး၊အောင်စစ်ပြင်ရွာမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်ရဲ ပူးပေါင်းအင်အား ၆၀၀ ခန့် တပ်စွဲထားတဲ့ (နခခ-) တပ်စခန်းကို ရက္ခိုင့်တပ် တော် (AA) က သိမ်းပိုက်ရရှိခဲ့တာပါ။


ဧပြီလ ၁၂ ရက် မနက်အစောပိုင်းကနေ နေ့ခင်း နာရီ ဝန်းကျင်အထိ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးနဲ့ လေကြောင်းပစ်ကူ ပေးခဲ့တာတွေ ရှိသလို မောင်တောမြို့ပေါ်က နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ- တပ်ရင်းကလည်း လက်နက်ကြီး ပစ်ကူခဲ့တာတွေ ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။


အဆိုပါ ရဲတပ်ရင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းက စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နှစ်လအကြာမှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ၂၀၀ ခန့်ကို ဖမ်းဆီးရမိထားခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။


မောင်တောမြို့နယ်အတွင်း အဆိုပါ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ရင်း အပြင် မောင်တော မြိုနယ် မြောက်ပိုင်းမှာရှိတဲ့ ဒုံးညို၊ တောင်ပြို၊ ကြောင်နဖ၊ အောင်သပြေ၊ ရန်အောင်မြင် နဲ့ တမန်းသား တပ်စခန်းတွေကိုလည်း AA က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ဒီပဲယင်းမြို့ပေါ်က စစ်တပ်အထိုင်ချရာနေရာတွေနဲ့ တန့်ဆည်မြို့နယ်က စစ်တပ်ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်


ဧပြီလ ၁၂ ရက်။

စစ်ကိုင်းတိုင်းထဲမှာပါတဲ့ ဒီပဲယင်းမြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်ချရာနေရာတွေနဲ့ တန့်ဆည်မြို့နယ်က စစ်တပ် ကင်းပုန်းကို လက်နက်ကြီးတွေ ပစ်ခတ်သလို ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်ပါတယ်။ 

ဒီပဲယင်းမြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်ချထားတဲ့ မီးသတ်ရုံးနဲ့ ရဲစခန်းကို Freedom Revolution Force -FRF အဖွဲ့ နဲ့ မဟာမိတ်အဖွဲ့တွေက ဧပြီလ ၁၁ ရက်နေ့ ညနေ နာရီခွဲခန့်မှာ လက်နက်ငယ်များ၊ ၄၀ မမ ဗုံးသီးများနဲ့ ပစ်ခတ်ခဲ့တဲ့ အပြင် Drone နဲ့ ၈၀ မမ Drop Bomb လုံး ကြဲချတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သားတွေ ထိခိုက်မှုများစွာရှိနိုင်တယ်လို့ FRF က ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Freedom Revolution Force -FRF နဲ့ ဒီပဲယင်းမြို့နယ် ပကဖ၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ DPY ဖီးနစ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ထို့အတူ တန့်ဆည်မြို့နယ် ရွှေချောင်းဆုံ အထိုင်စခန်းကနေထွက်လာတဲ့ စစ်သားတွေနဲ့ပျူစောထီးတွေ ကင်းပုန်းဝပ်နေချိန် မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Taze Revolution Force - TRF အဖွဲ့ကပြောပါတယ်။ 

ဧပြီလ ၁၀ ရက်နေ့က တန့်ဆည်မြို့နယ် ရွှေချောင်းဆုံအထိုင်တပ်ကနေ ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်သားတွေနဲ့ ပျူစောထီး စုစုပေါင်း ၁၀ ဦးခန့်ကို Taze Revolution Force - TRF အဖွဲ့က Drone နဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်အုပ်စုဘက်က ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကို မျက်မြင်တွေ့ရတယ်လို့ TRF က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မုံရွာစီးပွားရေး တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦး သေဆုံး 


ဧပြီလ ၁၂ ရက်။


Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စီးပွားရေး တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဦးသေဆုံးပြီး ဦးဒဏ်ရာရရှိခဲ့တယ်လို့ Snipe Rangers Force က သတင်း ထုတ်ပြန်ထားပါတယ်။


ဧပြီလ ၁၁ ရက်နေ့ မနက် နာရီခွဲခန့်က မုံရွာမြို့ စီးပွားရေး တက္ကသိုလ်မှာ အင်အား ၂၀၀ ဝန်းကျင်ဖြင့် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ၆၀ (မမ) ၈၀ (မမ) နှင့် ၁၂၀ (မမ) လက်နက်ကြီး စုစုပေါင်း ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


စစ်ကောင်စီ ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အပြန် အလှန် ပစ်ခတ်မှု နာရီ ဝန်းကျင်ခန့် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲဖြစ်ပွားပြီးနောက် လူနာတင်ယာဉ်များ တက္ကသိုလ်ဝန်းထဲ ဝင်သွားတာကို‌ တွေ့ခဲ့ရပြီး တပ်တွင်း သတင်းရင်းမြစ်များရဲ့ ပြောပြချက်အရ စစ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force ဒေါင်းပြောက်ကျားတပ်၊ မုံရွာခရိုင် တပ်ရင်း - (၂၇) GOS တပ်ဖွဲ့နှင့် မဟာမိတ် တပ်ဖွဲ့ ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ မိုးမိတ်မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို စစ်ကောင်စီတပ် တပ်မ(၉၉)နှင့် ပျူစောထီးပူးပေါင်းတပ်တို့ ဖောက်ထွင်းပြီး လက်ဝတ်ရတနာနှင့် တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွား


 ဧပြီ ၁၂ ရက်။

တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ မိုးမိတ်မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို စစ်ကောင်စီတပ် တပ်မ(၉၉)နှင့် ပျူစောထီးပူးပေါင်းတပ်တို့ဖောက်ထွင်းပြီး လက်ဝတ်ရတနာနှင့် တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားတယ်လို့သိရပါတယ်။


ဧပြီလ ၁၂ရက်မှာ ဖြစ်စဥ်ကို PSLF/TNLAကဖော်ပြအသိပေးပါတယ်။


"တအာင်းပြည်နယ်၊ တပ်မဟာ()စစ်ဒေသ၊ မိုးမိတ်မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ဒေသခံနေအိမ်များကို စစ်ကောင်စီတပ် တပ်မ(၉၉)နှင့် ဗျူစောထီးပူးပေါင်းတပ်တို့ ဖောက်ထွင်းပြီး လက်ဝတ်ရတနာနှင့် တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရတယ်"လို့ဖော်ပြပါတယ်။


ပြီးခဲ့သည့် ဇန်နဝါရီလ()ရက်နေ့မှ ဖေဖော်ဝါရီလ(၂၅)ရက်နေ့ထိ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တို့ ()လနီးပါးကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ၏ နေအိမ်အများအပြား မီးလောင်ဆုံးရှုံးမှုရှိသလို အများအပြားဖောက်ထွင်းခံရတယ်လို့ဖော်ပြပါတယ်။


စကစတပ်များ နေအိမ်အတွင်း ဖောက်ထွင်းမှုကြောင့် ကား၊ ဆိုင်ကယ်အပြင် လက်ဝတ်ရတနာဖြစ်သည့် ရွှေဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ ဖုန်း၊ မီးစက်၊ ပိုက်ဆံ၊ ကုန်စုံဆိုင်အတွင်း တန်ဖိုးရှိ ပစ္စည်းများနှင့် ရိုးရာဝတ်စုံပစ္စည်းများ ယူဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။


စစ်ကောင်စီတပ်လက်အောက်ခံ တပ်မ(၉၉)နှင့် ဗျူစောထီး ပူပေါင်းတပ်တို့ ဖောက်ထွင်းခဲ့သည့် ရပ်ကွက်များမှာ ဟော်နန်း ဒေသအခေါ်အဝေါ်(အာသံရပ်ကွက်) လက်ခုပ်တန်း ဒေသအခေါ်အဝေါ်(ပလောင်ကုန်း)ရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်နှင့် မြောက်ကိုင်းရပ်ကွက်တို့ဖြစ်တယ်လို့သိရပါတယ်။


"အိမ်တိုင်းလိုလိုပဲ ဝင်မွှေသွားတယ်၊ ကျွန်တော်တို့ အိမ်ကတော့ ဖုန်းနဲ့()လုံး Kenbo ဆိုင်ကယ်()စီးနဲ့ ငွေဆယ်သိန်းပါ ယူသွားတယ် တခြားအိမ်တွေလည်း အများကြီးရှိတယ်၊ တိတိကျကျတော့ မသိရသေးဘူး" လို့ လက်ခုပ်တန်းရပ်ကွက် ဒေသခံတစ်ဦးက ပြောပါတယ်။


ထို့အပြင်  စစ်ကောင်စီတပ် တပ်မ(၉၉)နှင့် ဗျူစောထီး ပူးပေါင်းတပ်တို့က ပြည်သူပိုင် ကားများကိုလည်း  အတင်း အဓမ္မယူဆောင်သွားပြီး သိန်းရာချီ လာရွေးခိုင်းနေတယ်လို့ မိုးမိတ်မြို့ခံ တစ်ဦးက ဆိုပါတယ်။


========================


🚩🚩 ၅။ ပင်လောင်းမြို့နယ် ပင်စုံကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် တဦးသေဆုံးကာ ဒေသခံပြည်သူ ဦးဒဏ်ရာရ


ဧပြီလ ၁၂ ရက်


ပအိုဝ်းဒေသ ပင်လောင်းမြို့နယ် ပင်စုံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် တဦးသေဆုံးခဲ့ပြီး ဒေသခံ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


ဧပြီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်များက ပင်စုံကျေးရွာထဲသို့ တမင်သက်သက် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် နှစ်အရွယ်ရှိ ခွန်ငြိမ်းချမ်းမှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့PNLAကဖော်ပြပါတယ်။


ထို့အပြင် ပင်စုံဒေသခံ ဦးကလည်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။


ထို့အပြင် စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်များသည် ဧပြီ ၁၁ရက်နေ့တွင်လည်း ပင်စုံကျေးရွာကို လက်နက်ကြီးဖြင့် အကြိမ် ၂၀ နီးပါးဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


========================


🚩🚩 ၆။ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်သားတစ်ဦးကို ဆုငွေကျပ် ၃၁ သိန်း ချီးမြှင့်ခဲ့


ဧပြီလ ၁၂ ရက်။

Radio NUG


လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးအား ဆုငွေ ၃၁ သိန်းကျပ်ကို ချီးမြှင့် ပေးအပ်ခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖ က ဧပြီလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန် ထားပါတယ်။


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ တာဝန်ကျနေတဲ့ တပ်မ (၈၈) လက်အောက်ခံ ခလရ (၇၈) တပ်ရင်း မှ တပ်သားတစ်ဦးဖြစ်ပြီး ၎င်းနဲ့အတူ MA အမျိုးအစား သေနတ် လက်၊ ကျည်ဘောက်တစ်ခု နဲ့ စပ်ဆက်ကျည် ၂၅ တောင့်ကိုပါ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တပ်သားဟာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက်တဲ့အပြင် အလင်းဝင်ရန် လမ်းစကိုလည်း တွေ့ရတာကြောင့် မတ္တရာမြို့နယ် ပကဖ ထံကို ဆက်သွယ်ပြီး လက်နက်နှင့်တကွ ပြည်သူ့ဘက်ကို ခိုလှုံလာခဲ့တာ ဖြစ်တယ်လို့ မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။


အခုလို့ လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တဲ့ စစ်သားနဲ့ ၎င်းရဲ့ ဇနီးဖြစ်သူတို့ကို လုံခြုံတဲ့နေရာ ပို့ဆောင်ထားပြီး ဂုဏ်ပြုဆုငွေ ကျပ် ၃၁ သိန်းကို ပေးအပ်ချီးမြှင့် ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အလင်းဝင် စစ်သားဟာ ၂၀၂၀ ခုနှစ်မှ စတင်ကာ စစ်တပ်ထဲ ဝင်ရောက်တာဝန် ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၎င်းတို့ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီက မတ္တရာ မြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး လိုက်ရှာတာမျိုး လုပ်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment