1st APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUGစာနှင့် ဒေါ်လာ၁ဘီလီယံ ပြန်လည်ရရှိကြောင်း အွန်လိုင်းတွင်ပြန့်နှံနေသည့်ကြေညာချက်မှာ အတုသာဖြစ်ကြောင်းထုတ်ပြန်

📌 ၂။ ဖက်ဆစ်အောင်ပွဲခံ မနောကွင်း လွတ်မြောက်ပြီလို့ ဝန်ကြီးဒေါက်တာတူးခေါင်အသိပေး

📌 ၃။ စစ်ကောင်စီရဲ့ပြောစကားတွေဟာ လက်ရှိရေချိန်မြင့်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဝန်ဆံ့နိုင်ဖို့မရှိဘူးလို့ လူ့အခွင့်ရေးဒုဝန်ကြီးပြောကြားလိုက်

📌 ၄။ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ် နှင့် ပြင်သစ်နိုင်ငံရောက်မြန်မာ့တော်လှန်ရေးမိသားစုများ နှင့်တွေ့ဆုံ

📌 ၅။ ဖျာပုံအကျဉ်းထောင်တွင်း ပစ်ခတ်ဖြိုခွင်းမှုမှာ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားအကျဉ်းသား စုစုပေါင်း(၁၇)ဦး ထိခိုက်ဒဏ်ရာ ရရှိထား

📌 ၆။ ကနေဒါနိုင်ငံ Vancouver မြို့မှာ  "သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ဇာတ်လမ်းပြသပွဲမှ ကနေဒီယန် ဒေါ်လာ ၄၅၀၀ ကျော်ရရှိခဲ့


၂၀၂၄ ခုနှစ် ဧပြီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စိန်လုံဗျူဟာစခန်းကို KIA သိမ်းပိုက်

🚩 ၂။ ကောလင်းအနောက်ခြမ်းမှာ အရပ်သားနေအိမ်များကိုမီးရှို့စစ်ပြင်ထားတဲ့စကစတပ်များကိုတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ စကစအယောက်၂၀ ကျော်သေဆုံး

🚩 ၃။ (ဖက်ဒရယ်ယူနစ်များ)ဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အတွင်း  မွန်ပြည်ကို တည်ဆောက်မယ်လို့မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးရပ်တည်ချက် ထုတ်ပြန်

🚩 ၄။ အကြမ်းဖက်စစ်ကောင်စီရဲ့ .. (၅၅၇) နှင့် .. (၅၅၈) တပ်ရင်းတို့အား  ဒရုန်းဖြင့် ဗုံးသီး လုံးကြဲချ

🚩 ၅။ မြောင်နယ်တကြော စကစစစ်ကြောင်းများ လှည့်ပတ်နေ၍ စစ်ရှောင်ပြည်သူများသတိပြုသင့်

🚩 ၆။ Special Operation Group - SOG တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လိုပါကဧပြီလ ()ရက်နေ့ (၁၂:၀၀)နောက်ဆုံးထားလျှောက်ထားနိူင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUGစာနှင့် ဒေါ်လာ၁ဘီလီယံ ပြန်လည်ရရှိကြောင်း အွန်လိုင်းတွင်ပြန့်နှံနေသည့်ကြေညာချက်မှာ အတုသာဖြစ်ကြောင်းထုတ်ပြန်


ဧပြီ၁ရက်


NUGစာနှင့် ဒေါ်လာ၁ဘီလီယံ ပြန်လည်ရရှိကြောင်း အွန်လိုင်းတွင်ပြန့်နှံနေသည့်ကြေညာချက်မှာ အတုသာဖြစ်ကြောင်းသတင်းရရှိပါတယ်။


ဧပြီ၁ရက်နေ့ အွန်လိုင်းသို့ပျံ့နှံ့နေသည့်အမျိုးသားညီညွတ်ရေးအစိုးရစာတံဆိပ်နှင့်ကြေညာချက် မှာအတုသာဖြစ်ကြောင်းထုတ်ပြန်‌ ပြောကြားထားပါတယ်။


အဆိုပါကြေညာချက်ပါစာအတုတွင် အမေရိကန်ပြည်ထောင်စုမှ ထိန်းသိမ်းထားသည့် အမေရိကန်ဒေါ်လာ၁ဘီလီယံကို အမျိုးသားညီညွတ်ရေးအစိုးရထံ ပြန်လည် လွှဲပြောင်းပေးတော့မည်ဖြစ်ကြောင်း မြန်မာ အဂ်လိပ်နှစ်ဘာသာနဲ့ဖော်ပြထားပါတယ်။


အဆိုပါစာမှာအတုသာဖြစ်ကြောင်း ဝန်ကြီးချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Radio NUGကိုအတည်ပြုပြောပါတယ်။


လတ်တလောတွင် အမျိုးသားညီညွတ်ရေးအစိုးရကိုပုံဖျက်ပြောဆိုနေသည့် စစ်လော်ဘီများမှလည်း မဟုတ်မှန်သည့်အကြောင်းအရာများကို တယ်လီဂရန်နှင့်လူမှုကွန်ရက်အသုံးပြု၍ နေ့စဥ်ပုံဖျက်ထုတ်လွှင့်လျက်ရှိပါတယ်။


========================


📌📌 ၂။ ဖက်ဆစ်အောင်ပွဲခံ မနောကွင်း လွတ်မြောက်ပြီလို့ ဝန်ကြီးဒေါက်တာတူးခေါင်အသိပေး


ဧပြီ၁


ဖက်ဆစ်အောင်ပွဲခံ မနောကွင်း လွတ်မြောက်ပြီလို့ ဝန်ကြီးဒေါက်တာတူးခေါင်မှ အသိပေးဆိုလိုက်ပါတယ်။


ဧပြီ၁ရက်နေ့မှာ စစ်ရေးအရသိမ်းဆည်းမိတဲ့ ကချင်ပြည်နယ် စိန်လုံဗျူဟာကုန်းအကြောင်းကို ဝန်ကြီးက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။


"ဖက်ဆစ်အောင်ပွဲခံ မနောကွင်း လွတ်မြောက်ပြီ။ဒီမနက် သိမ်းရတဲ့ စိန်လုံဗျူဟာကုန်းသည် ဖက်ဆစ်ဂျပန်စစ်အောင်ပွဲခံ မနောကွင်း အထက်နားမှာရှိတဲ့ တောင်ဖြစ်တယ်။ ဖက်ဆစ်အောင်ပွဲခံမနောပွဲ (Padang Manau) ကို စိန်လုံ(Sinlum) မှာ ၁၉၄၅ မတ်လ ၂၄-၂၅ မှာ ကျင်းပခဲ့တယ်၊ မတ်လ ၂၆ မှာ ပွဲပြီးလို့ ရပ်ရွာပြန်လူစုခွဲတဲ့ (Dismissed) နေ့ဖြစ်ပါတယ်။ မတ်လ ၂၇ ကို အောက်ပြည်မှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့လို့ သတ်မှတ်ကြတယ် ဆိုတာ အဲ့ဒီတုန်းက ကချင်လူထု မသိခဲ့ကြဘူး"လို့ဝန်ကြီးကဆိုပါတယ်။


ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီ ဗျူဟာစခန်းဖြစ်သည့် စိန်လုံတပ်စခန်း ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက် နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့ပြောစကားတွေဟာ လက်ရှိရေချိန်မြင့်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဝန်ဆံ့နိုင်ဖို့မရှိဘူးလို့ လူ့အခွင့်ရေးဒုဝန်ကြီးပြောကြားလိုက်


ဧပြီ၁ရက်


စစ်ကောင်စီရဲ့ပြောစကားတွေဟာ လက်ရှိရေချိန်မြင့်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဝန်ဆံ့နိုင်ဖို့မရှိဘူးလို့ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးကပြောပါတယ်။


မြန်မာ့အရေးဖြစ်စဥ်နဲ့ပတ်သက်လို့ သတင်းဌာနတခုနဲ့မေးမြန်းရာမှာ လူ့အခွင့်ရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးကပြောပါတယ်။


"စကစရဲ့ ရွေးကောက်ပွဲဆိုတာကလည်း လုပ်ကြံရွေးကောက်ပွဲပေါ့။ ရွေးကောက်ပွဲ အတုအယောင်ပေါ့။ သူတို့ကြိုးစားခဲ့တာ အာဏာစသိမ်းဖို့ ကြိုးစားထဲက တစိုက်မတ်မတ် ပြောလာတဲ့ဟာမှာလည်း ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အနေနဲ့ တွက်ချက်ထားခဲ့တာ ရှိတယ်။ ဒါပေမယ့် ဒီနေ့ဒီအချိန်ထိ သူတို့ပြင်ဆင်ဖို့ မပြောနဲ့ ဘာမှတောင် မလုပ်နိုင်သေးဘူးဆိုတဲ့စာက နံပါတ်တစ်ပဲ။နောက်ထပ်ရွေးကောက်ပွဲ ထပ်ကျင်းပစရာ အကြောင်းလည်း မရှိဘူး။ ပြည်သူလူထုကလည်း လက်မခံဘူး။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း ဒါကို လက်မခံဘူး။ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကလည်း ဒါကို လက်မခံတဲ့အတွက်ကြောင့် စစ်ကောင်စီရဲ့ အခုပြောစကားတွေက လက်ရှိရေချိန်မြင့်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဝန်ဆံ့နိုင်ဖို့မရှိဘူး"လို့ဒုဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စကစဟာ စစ်ရေး၊နိူင်ငံရေး၊သံတမာန်ရေးရာများမှာရှုံးနိမ့်မှုနဲ့ရင်ဆိုင်နေသလို ထိန်းချုပ်စိုးမိုးနယ်မြေများနည်းပါးလာပြီ ဖြစ်ပါတယ်။


========================


📌📌 ၄။ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ် နှင့် ပြင်သစ်နိုင်ငံရောက်မြန်မာ့တော်လှန်ရေးမိသားစုများ နှင့်တွေ့ဆုံ


ဧပြီ၁ရက်


ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ် နှင့် ပြင်သစ်နိုင်ငံရောက်မြန်မာ့တော်လှန်ရေးမိသားစုများ နှင့်တွေ့ဆုံခဲ့ပါတယ်။


မတ်လ၃၁ရက်နေ့မှာ ပြင်သစ်နိူင်ငံပါရီမြို့တွင် တွေ့ဆုံခဲ့တာလို့သတင်းရရှိပါတယ်။


အာရှ-ပစိဖိတ်လုံခြုံရေးဆိုင်ရာလေ့လာရေးဌာနအကြီးအကဲ/မြန်မာပြည်ဆိုင်ရာစစ်ရေးကျွမ်းကျင်သူ/အမေရိကန်စစ်မှုထမ်းဟောင်း ဒေါက်တာမီမီဝင်းဘတ် နှင့် ပြင်သစ်နိုင်ငံရောက်မြန်မာ့တော်လှန်ရေးမိသားစုများ နှင့်တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော တော်လှန်ရေးမိသားစုများ၊ပြင်သစ်မိတ်ဆွေများ၊အစည်းအဝေးခန်းမအတွက်ကူညီပေးခဲ့သော wework တို့အားအထူးကျေးဇူးတင်ရှိပါတယ်လို့ ပြင်သစ်မြန်မာအင်အားစုကအသိပေးဖော်ပြထားပါတယ်။


ပါမောက္ခဒေါက်တာ မီမီဝင်းဘတ်ဟာ နွေဦးတော်လှန်ရေးနဲ့ပတ်သက်၍ ဒီမိုကရေစီအင်အားစုဘက်ကနေပြီးအကူအညီပေးနေသူတဦးလည်းဖြစ်ပါတယ်။


========================


📌📌 ၅။ ဖျာပုံအကျဉ်းထောင်တွင်း ပစ်ခတ်ဖြိုခွင်းမှုမှာ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားအကျဉ်းသား စုစုပေါင်း(၁၇)ဦး ထိခိုက်ဒဏ်ရာ ရရှိထား


ဧပြီ၁ရက်


ဖျာပုံအကျဉ်းထောင်တွင်း ပစ်ခတ်ဖြိုခွင်းမှုမှာ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားအကျဉ်းသား စုစုပေါင်း(၁၇)ဦး ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့သတင်းရရှိပါတယ်။


ဧပြီ၁ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတရားဝင်အသိပေးဖော်ပြပါတယ်။


"မတ်လ(၃၁)ရက်နေ့ ညနေ()နာရီဝန်းကျင်တွင် ဖျာပုံအကျဉ်းထောင်တွင်း ပစ်ခတ်သံကြားရပြီးနောက် အကျဉ်းထောင်အတွင်းသို့ စစ်ကားများ ဝင်ရောက်သွားကြောင်း သိရှိရပါတယ်။ပစ်ခတ်ဖြိုခွင်းမှုအတွင်း နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားအကျဉ်းသားစုစုပေါင်း(၁၇)ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း  ကနဦးသိရှိရပါတယ်"လို့ဖော်ပြပါတယ်။

 

ယနေ့မနက် ဧပရယ်လ()ရက်နေ့တွင်  အကျဉ်းသား၊အကျဉ်းသူများအတွက်ပို့သည့် ပါဆယ်များ လက်ခံခြင်းမရှိကြောင်းသိရပါတယ်။


စစ်သားများ၊ရဲတပ်ဖွဲ့ဝင်များ ဖျာပုံအကျဉ်းထောင်တွင်း လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကို ခေါ်ယူစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၆။ ကနေဒါနိုင်ငံ Vancouver မြို့မှာ  "သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ဇာတ်လမ်းပြသပွဲမှ ကနေဒီယန် ဒေါ်လာ ၄၅၀၀ ကျော်ရရှိခဲ့


ဧပြီ၁ရက်


ကနေဒါနိုင်ငံ Vancouver မြို့မှာ  "သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ဇာတ်လမ်းပြသပွဲမှ ကနေဒီယန် ဒေါ်လာ ၄၅၀၀ ကျော်ရရှိခဲ့ပါတယ်။


အဆိုပါရုပ်ရှင်ပြသပွဲကို မတ် ၃၀ ရက်က ပြသခဲ့ပြီး ပရိသတ် ၁၀၀ ကျော်လာရောက်ခဲ့ပါတယ်။


ရုပ်ရှင်ပွဲကနေ တော်လှန်ရေးရန်ပုံငွေ ကနေဒီယန် ဒေါ်လာ ၄၅၀၀ ကျော်ရရှိခဲ့ပြီး အောင်မြင်စွာပြီးစီးခဲ့ပါတယ်။


"သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ" ရုပ်ရှင်ဇာတ်လမ်းတိုတွေက အတူတကွ (Together) The Guilt ငါတို့မှာ ငါတို့ပဲ ရှိတယ်၊ The Unknown Infinity (အတိုင်းမသိ) ဇာတ်ကားတို့ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စိန်လုံဗျူဟာစခန်းကို KIA သိမ်းပိုက်


ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီ ဗျူဟာစခန်းဖြစ်သည့် စိန်လုံတပ်စခန်း ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့မနက် နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်နှစ်ဦးက အတည်ပြုပြောကြား‌ ကြောင်းကို People’s Springမှာ ဖေါ်ပြထားပါတယ်။


စိန်လုံဗျူဟာကုန်းသည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ(၂၁) တပ်မမှူးထိုင်သည့် ဗျူဟာကုန်းဖြစ်ပြီး ၄၇ မိုင်ခန့်ရှည်သော မိုးမောက်-လွယ်ဂျယ် တောင်ပေါ်လမ်းပိုင်းမှ အကြီးဆုံး တပ်စခန်းလည်းဖြစ်သည်။


ဗန်းမော်- လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIAက မတ်လ ၂၇ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ယောယုံဗျူဟာစခန်း အပါအဝင် တပ်စခန်းများကို မတ်လ ၂၇ရက်နှင့် ၂၈ရက်နေ့များတွင်သိမ်းပိုက်ခဲ့ပြီး မတ်လ ၂၉ရက်တွင် စိန်လုံဗျူဟာစခန်း ကို KIAက ဆက်လက်ထိုးစစ်ခဲ့သည်။


စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူပေး ခုခံနေသည့် ကြားမှ ထိုးစစ် ရက်မြောက်နေ့ ဧပြီ ၁ရက်မနက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


ယမန်နေ့(မတ် ၃၁) ညပိုင်းအထိ စစ်ကောင်စီက အတွဲလိုက်ဒုံးများ အသုံးပြုပြီး စိန်လုံစခန်း မကျရေး ပစ်ကူပေး တိုက်ခိုက်ခဲ့သည့် ဟု အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။


ယမန်နေ့(မတ် ၃၁) ညကစခန်းသိမ်းတိုက်ပွဲဆင်နွှဲစဉ် တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက  လေကြောင်းမှ ဗုံးကြဲပြီ လက်နက်ကြီး ပစ်ကူပေးခြင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။တိုက်ပွဲအတွင်း စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချလိုက်နိုင်ကြောင်းလည်း သတင်းများထွက်ပေါ်နေသော်လည်း People's Spring ကသီးခြားအတည်မပြုနိုင်သေးပါ။ 


ဖက်ဆစ် ဂျပန် ကို ကချင်တွေ နှိမ်နင်းအောင်မြင်ခဲ့တဲ့ စစ်နိုင် မနောင် ( ပဒန်မနောင်)ကို ၁၉၄၅ မတ်လ ၂၃ မှာကျင်းပခဲ့တဲ့နေရာ( မြေပြန့်မှာ မတ်လ ၂၇ ကမှ စစ်ထွက် တော်လှန်တာပါ။"ဟု ချင်းတိုင်းရင်းသားဖြစ်သလို ၊အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သော ဦးမော်ထွန်းအောင်က စိန်လုံ နှင့်ပတ်သပ်၍ ဖေစ်ဘွခ်တွင် ယနေ့နေ့ခင်းတွင်ရေးသားထားတယ်လို့ဆိုပါတယ်။


စိန်လုံဗျူဟာ၊ ယောယုံဗျူဟာ နှင့် ကာကင်းစခန်းများ အပါအဝင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို ရက်အကြာတွင် KIAက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


လွယ်ဂျယ်မြို့ကိုလည်း KIAက ဝိုင်းပတ်ပို့ဆို့ထားပြီး စစ်ကောင်စီတပ်များ ထွက်ခွာရန် သတိပေးထားသည်။


KIAသည် စိန်လုံတပ်စခန်း အပါအဝင် မတ်လ ၇ရက်မှ ယနေ့ မနက်အထိ စစ်ကောင်စီတပ်စခန်း (၆၀ ) ကျော်ကို သိမ်းပိုက်ထားကြောင်း KIAနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။


========================


🚩🚩 ၂။ ကောလင်းအနောက်ခြမ်းမှာ အရပ်သားနေအိမ်များကိုမီးရှို့စစ်ပြင်ထားတဲ့စကစတပ်များကိုတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ စကစအယောက်၂၀ ကျော်သေဆုံး


ဧပြီ၁ရက်


ကောလင်းအနောက်ခြမ်းမှာ အရပ်သားနေအိမ်များကိုမီးရှို့စစ်ပြင်ထားတဲ့စကစတပ်များကိုတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ စကစအယောက်၂၀ ကျော်သေဆုံးခဲ့ပြီးမတ်လ၃၁ရက်မှာ စစ်ဆင်ရေးကို ဆင်နွှဲခဲ့တယ်လို့ကောလင်းခရိုင်တပ်ရင်း၂ကအတည်ပြုထားပါတယ်။


"ကောလင်းအနောက်ချမ်း ကျောက်ကာ မင်းကုန်းဖန်းခါးကုန် တို့တွင် အိမ်များမီးရှို့ ပြီးဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် အခိုင်မာ ခံစစ်ပြင်ထားသော စကစ များကို  ကောလင်းခရိုင်အမှတ် 2 တပ်ရင်း ၊ကန့်ဘလူခရိုင် အမှတ် 1 တပ်ရင်း၊ ခရိုင် ပကဖ ကောလင်း ဇုံ 3 5 6 ပကဖလက်နက်ကြီး အဖွဲ့နှင့် ယင်းမာပင်ပူးပေါင်း အဖွဲ့တို့ မနက်၅နာရီ၃၀အချိန်မှစ၍ဝင်ရောက်တိုက်ခိုက်ရာမွန်းလွဲ၁နာရီကျော်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်"လို့ဖော်ပြပါတယ်။


တိုက်ပွဲတွင်းစကစဘက်ကအယောက်၂၀ ကျော်သေဆုံးပြီး စကစတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရကာ တော်လှန်ရေးဘက်မှ ၈ဦးဒဏ်ရာရခဲ့ပါတယ်။


========================


🚩🚩 ၃။ (ဖက်ဒရယ်ယူနစ်များ)ဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အတွင်း  မွန်ပြည်ကို တည်ဆောက်မယ်လို့မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးရပ်တည်ချက် ထုတ်ပြန်


ဧပြီ၁ရက်


(ဖက်ဒရယ်ယူနစ်များ)ဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အတွင်း  မွန်ပြည်ကို တည်ဆောက်မယ်လို့မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးရပ်တည်ချက် ထုတ်ပြန်လိုက်ပါတယ်။


ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) ကို ပါဝင်လက်မှတ်ရေးထိုးကာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သော်လည်း  မျှော်မှန်းသည့် နိုင်ငံရေးရလဒ်များ  မရရှိခဲ့ဘူးလို့မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)ကဖော်ပြပါတယ်။


ဒါ့အပြင် နိုင်ငံရေးပန်းတိုင်တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို အပြည့်အဝ အာမခံသော ပြည်နယ်များ(ဖက်ဒရယ်ယူနစ်များ)ဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အတွင်း  မွန်ပြည်ကို တည်ဆောက်မယ်လို့အသိပေးဆိုထားပါတယ်။


ဦးတည်ချက်တွင် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ တိုက်ဖျက်ရန်၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရန်၊ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းပိုင် ခွင့် အခွင့်အရေး အပြည့်အဝရှိသော  ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန်တို့စသဖြင့်ဖော်ပြပါရှိပါတယ်။


နိုင်ငံရေးရပ်တည်ချက်များတွင်လည်းNCA စာချုပ်အပေါ်  အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှု မှန်သမျှကို လက်မခံဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို  အသက်ပြန်သွင်းရန် ကြိုးပမ်းမှုမှန်သမျှအား ဆန့်ကျင်သွား မယ်လို့ဆိုပါတယ်။


========================


🚩🚩 ၄။ အကြမ်းဖက်စစ်ကောင်စီရဲ့ .. (၅၅၇) နှင့် .. (၅၅၈) တပ်ရင်းတို့အား  ဒရုန်းဖြင့် ဗုံးသီး လုံးကြဲချ


ဧပြီ၁ရက်


မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိအကြမ်းဖက်စစ်ကောင်စီရဲ့ .. (၅၅၇) နှင့် .. (၅၅၈) တပ်ရင်းတို့အား  ဒရုန်းဖြင့် ဗုံးသီး လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။


တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိအကြမ်းဖက်စစ်ကောင်စီရဲ့ .. (၅၅၇) နှင့် .. (၅၅၈) တပ်ရင်းတို့အား ယမန်နေ့ည ၁၁ : ၃၀ နာရီ မှယနေ့နံနက် : ၀၀ နာရီအချိန်အတွင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း - (ADF ဒရုန်းအဖွဲ့)မှ ဒရုန်းဖြင့် ဗုံးသီး လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုပါတယ်။


တိုက်ခိုက်မှုအတွင်း .. (၅၅၇) နှင့် .. (၅၅၈)တပ်ရင်းအဆောက်အဦး တစ်ချို့ထိခိုက်မှုရှိကြောင်းသိရပါတယ်။


စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိ မရှိကိုတော့ဆက်လက်အတည်ပြု စုံစမ်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၅။ မြောင်နယ်တကြော စကစစစ်ကြောင်းများ လှည့်ပတ်နေ၍ စစ်ရှောင်ပြည်သူများသတိပြုသင့်


ဧပြီ၁ရက်


စစ်ကိုင်းတိုင်း၊မြောင်နယ်တကြော စကစစစ်ကြောင်းများ လှည့်ပတ်နေ၍ စစ်ရှောင်ပြည်သူများသတိပြုသင့်တယ်လို့သတင်းရရှိပါတယ်။


ဧပြီ၁ရက်နေ့ ဒေါင်းစစ်သည်အဖွဲ့ကတရားဝင်အသိပေးဆိုပါတယ်။


"မြောင်နယ်မှာမနေ့ညက ညထွက်ထွက်လာသော စကစများ မြောင်နယ် ကျောက်တန်းအနောက်ရွာဘက်မှာရောက်ရှိနေပြီးမြောင်နယ် သနပ်ကုန်းကျေးရွာထဲမှာလည်း ကင်းပုန်းများချန်ထားခဲ့ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်ရေစကြိုနယ်က စကစစစ်ကြောင်းကလည်းမနေ့ညကတည်းက စက်လှေဖြင့် မြောင်နယ်ဘက်ကို ဝင်ရောက်လာပြီး စက်လှေများဖြင့် ပြန်လည်ထွက်သွားသော်လည်းကျောက်တန်းအနောက်ရွာထဲ စကစတပ်များရှိနေဆဲဖြစ်၍ပြည်သူများသတိပြုဖို့နှိုးဆော်ထားပါတယ်။


========================


🚩🚩 ၆။ Special Operation Group - SOG တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လိုပါကဧပြီလ ()ရက်နေ့ (၁၂:၀၀)နောက်ဆုံးထားလျှောက်ထားနိူင်


ဧပြီ၁ရက်


Special Operation Group - SOG တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လိုပါကဧပြီလ ()ရက်နေ့ (၁၂:၀၀)နောက်ဆုံးထားလျှောက်ထားနိူင်တယ်လို့ ဧပြီ၁ရက်နေ့တွင်  Special Operation Group - SOG တပ်ဖွဲ့ကအသိပေးဖော်ပြပါတယ်။


"SOG တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် အခွင့်အရေး () ရက်သာ ကျန်ပါတော့တယ်။၂၀၂၄ ခုနှစ် ဧပြီလ ()ရက်နေ့ (၁၂:၀၀)ကျော်လွန်သော လျှောက်လွှာများကို ပယ်ချသွားမည် ဖြစ်ပြီး ပထမအပတ်စဥ်အနေဖြင့် တပ်ဖွဲ့ဝင်အသစ်ခေါ်ယူခြင်းများ ရပ်ဆိုင်းတော့မှာဖြစ်တယ်"လို့ဖော်ပြပါတယ်။


သို့ဖြစ်၍ ရန်သူ့စစ်မှုထမ်းဥပဒေအောက် မကျရောက်ခင် Special Operation Group - SOG တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လိုပါက ရဲဘော်သစ်ကိုယ်ရေးအကျဥ်းလျှောက်လွှာတွင် အချက်အလက် ပြည့်စုံစွာ ဖြည့်သွင်းပြီး ပါဝင်လျှောက်ထားနိုင်တယ်လို့သိရပါတယ်။


အသေးစိတ်အချက်အလက်နှင့်လျှောက်လွှာကို Special Operation Group - SOG ဆိုရှယ်မီဒီယာတွင်ဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment