21st APR 2024 - Evening Daily News by Radio NUG

၂၀၂၄ ဧပြီလ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေမယ့် နိုင်ငံရေးလှည့်ကွက်များကို သတိထားကျော်ဖြတ်ကြဖို့ NUG တိုက်တွန်း

📌 ၂။ ကုလသမဂ္ဂ UNCDF အစီရင်ခံစာဟာ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းနေတဲ့ မြန်မာလူထုရဲ့ အားထုတ်မှုကို ထိခိုက်စေတယ်လို့ JFM ပြော


၂၀၂၄ ခုနှစ် ဧပြီလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဥ် ၂စင်း နယ်စပ်တလျှောက် ကင်းလှည့်ပျံသန်း၊ မြန်မာတိုက်လေယာဥ် ပိုက်နက်ကျူးလွန်လာပါက ကြားဖြတ်ပျံသန်းရန် နောက် F-16 ၂စင်းအသင့်ပြင်ထား

🚩 ၂။ ရေစကြိုမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ၂ရက်အတွင်း အရပ်သား ၃ဦးသေဆုံး

🚩 ၃။ ထီးလင်းမြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးတို့အပါအဝင်နေရာ ခုကို ဗုံးကြဲတိုက်ခိုက်မှု စစ်အုပ်စုဘက်က ဦး ဒဏ်ရာရ

🚩 ၄။ ပြင်ဦးလွင်မြို့အနီးတဝိုက် တိုက်ပွဲဖြစ်နေတာကြောင့် စစ်တပ်က ခုခံစစ်အတွက်ပြင်ဆင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေမယ့် နိုင်ငံရေးလှည့်ကွက်များကို သတိထားကျော်ဖြတ်ကြဖို့ NUG တိုက်တွန်း


ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေဖို့ပြုလုပ်နေတဲ့ နိုင်ငံရေးလှည့်ကွက် တွေကို လူမျိုးစုအချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထားကျော်ဖြတ်ကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။ 


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေအနေနဲ့ပတ်သက်ပြီး NUG က ဧပြီ ၂၁ ရက်နေ့မနက်ပိုင်းက ထုတ်ပြန်ကြေညာရာမှာ အခုလိုထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။


ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေတာကို ဖျက်လိုဖျက်ဆီးလုပ်နေကြတဲ့ အဖျက် အမှောင့်လုပ်ရပ်တွေကိုလည်း ပြင်းထန်စွာရှုတ်ချတယ်လို့လည်း အသိပေးထားပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ လူမျိုးရေးပဋိပက္ခဖြစ်စေရန်ရည်ရွယ်ချက်နဲ့ ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေ ကို အဓမ္မစစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းပေးကာ လက်နက်တွေတပ်ဆင်ပေးနေတာကြောင့်လည်း NUG က သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။  

 

ထို့အတူ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ပွဲဝင်နေတဲ့ အာရက္ခတပ်တော်ကို ရိုဟင်ဂျာတွေက ဆန့်ကျင်ကြောင်း ထင်မှတ်မှားစေမယ့် ဖိအားပေးစေခိုင်းမှုတွေနဲ့အတူ အတုအယောင်ဆန္ဒပြပွဲတွေကျင်းပစေပြီး လူမျိုးရေးပဋိပက္ခ အရှိန်မြင့် တက်လာအောင် ယုတ်မာကောက်ကျစ်တဲ့ အကြံဆိုးတွေနဲ့ ဆောင်ရွက်ခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ကဦးဆောင်ပြီး ဘူးသီးတောင်မြို့တွင်းက အရပ်သားပြည်သူတွေနေထိုင်ရာ နေအိမ် အဆောက်အအုံများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့အစည်းတွေရဲ့ ရုံးခန်းနဲ့ အဆောက်အအုံတွေကို မီးရှို့တာ၊ ဖြိုချတာ စတဲ့ အကြမ်းဖက်မှုတွေကို ပေါ်ပေါ်ထင်ထင်လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ 


ဒါ့ကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေတဲ့ နိုင်ငံရေးလှည့်ကွက်တွေကို လူမျိုးစုအချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထားကျော်ဖြတ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက်ထား မေတ္တာရပ်ခံပန်ကြားထားပါတယ်။


========================


📌📌 ၂။ ကုလသမဂ္ဂ UNCDF အစီရင်ခံစာဟာ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးပမ်းနေတဲ့ မြန်မာလူထုရဲ့ အားထုတ်မှုကို ထိခိုက်စေတယ်လို့ JFM ပြော


ကုလသမဂ္ဂ ငွေလုံးငွေရင်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ-UNCDF အစီအရင်ခံစာအသစ်ဟာ အလွန်တာဝန်မဲ့လွန်းပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေတဲ့ မြန်မာလူထုရဲ့ အားထုတ်မှုကို ထိခိုက်စေတယ်လို့ Justice for Myanmar -JFM က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

UNCDF အစီအရင်ခံစာအသစ်က တရားမဝင်စစ်အုပ်စုကို မြန်မာနိုင်ငံအစိုးရအဖြစ် ပုံဖော်ထားပြီး စစ်အုပ်စုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ တွန်းအားပေးထားတာကြောင့် အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

ကုလသမဂ္ဂ ငွေလုံးငွေရင်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ-UNCDF ဟာ ၂၀၂၃ ခုနှစ် တတိယ လပတ်အတွက်ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအတွင်း စျေးကွက်ဦးဆောင်နေသူများဆိုတဲ့ စစ်တမ်းကိုအခြေခံပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူ ထောင်ရေးနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးဆိုင်ရာ ရှုထောင့်များဆိုတဲ့ အစီအရင်ခံစာကို ယခုရက်ပိုင်းမှာ ထုတ်ပြန်ခဲ့တာ ပါ။ 

ဒီအစီရင်ခံစာဟာ မူဝါဒ၊ စည်းမျဉ်း၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုနှင့် ကျွမ်းကျင်မှု များကို ဦးတည်ထားတယ်လို့ UNCDF က ဆိုပါတယ်။

အဆိုပါအစီရင်ခံစာမှာ မြန်မာစစ်ကောင်စီကို မြန်မာနိုင်ငံအစိုးရလို့ တိတိပပ မဖော်ပြမထားပေမယ့် အစီရင်ခံစာပါ ဖော်ပြချက်တွေဟာ စစ်ကောင်စီကို မြန်မာအစိုးရသဖွယ် ကြိမ်ဖန်များစွာ ပုံဖော်ရေးသားထားတာကြောင့် UNCDF အနေနဲ့ စစ်တပ်ကို ရည်ညွှန်းတာဖြစ်နိုင်တယ်လို့ JFM က ကောက်ချက်ချထားပါတယ်။  

အစီရင်ခံစာမှာ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးဆိုတဲ့ အင်တာနက်နဲ့သတင်းအချက်အလက်များရဲ့အရေးပါပုံကို ညွှန်းဆိုထား ပေမယ့် စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် အီလက်ထရွန်နစ်စောင့်ကြည့်ခြင်း၊ အင်တာနက်နှင့် ဆင်ဆာ အကြီးအကျယ် ဖြတ်တောက်ခြင်း၊ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကိုတည်ဆောက်ရန် ကြိုးပမ်းနေမှုများအပါအဝင် စစ်အုပ်စုရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖိနှိပ်နေမှုတွေနဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေကို ထုတ်ဖော်ပြော ဆိုထားတာမရှိသလို လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ဖော်ပြထားတာမရှိပါဘူး။

စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ဆောင်မှုတွေအားလုံး ရှောင်ရှားဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ အဆိုပြုလွှာအသစ် တွေမတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က လမ်းညွှန်ချက်တွေ ချမှတ်ထားပြီးဖြစ်ပေမယ့် UNCDF အနေနဲ့ လက်တွေ့မှာ စစ်ကောင်စီအောက်ကနေ ဒစ်ဂျစ်တယ်စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ဖို့၊ စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ တွန်းအားပေးနေတယ်လို့ တက်ကြွလှုပ်ရှား သူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar -JFM က ဝေဖန်ထားပါတယ်။

အစီရင်ခံစာမှာ ရှုပ်ထွေးသော စီးပွားရေးအခြေအနေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနဲ့ နိုင်ငံရေးနှင့်လူမှုရေး မငြိမ်သက်မှုများ၊ မတည်ငြိမ်မှုများ စတဲ့အချက်တွေဖော်ပြထားပေမယ့် တရားမဝင် စစ်အုပ်စုဟာ မြန်မာနိုင်ငံ အကျပ်အတည်းများရဲ့ မူလဇစ်မြစ်ဆိုတဲ့ နောက်ခံအကြောင်းရင်းကို ဖော်ပြထားတာမရှိဘူးလို့လည်း JFM က ဆိုပါတယ်။

ဒါ့အပြင် UNCDF နဲ့ မြန်မာနိုင်ငံအခြေပြု ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ မြန်မာ့အကျပ်အတည်းရဲ့ မူလဇစ် မြစ်ဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ၎င်းတို့ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်နေတာတွေကို ထုတ်ဖော်ပြောဆို သင့်တယ်လို့လည်း ထောက်ပြထားပါတယ်။

ဒီအစီရင်ခံစာဟာ အကြမ်းဖက်စစ်အုပ်စုကို မြန်မာအစိုးရသဖွယ် ကြိမ်ဖန်များစွာ ပုံဖော်ရေးသားထားပြီး စစ်အုပ်စုနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားတဲ့အစီရင်ခံစာဖြစ်တဲ့အကြောင်း Justice For Myanmar က ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် UNCDF က ၎င်းတို့ ၀က်ဘ်ဆိုဒ်ကနေ အဆိုပါအစီရင်ခံစာကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးမှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဥ် ၂စင်း နယ်စပ်တလျှောက် ကင်းလှည့်ပျံသန်း၊ မြန်မာတိုက်လေယာဥ် ပိုက်နက်ကျူးလွန်လာပါက ကြားဖြတ်ပျံသန်းရန် နောက် F-16 ၂စင်းအသင့်ပြင်ထား


ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်အခြမ်းမှာ မြန်မာစစ်တပ်က တိုက်လေယာဥ်တွေကို တွေ့ရှိခဲ့တာကြောင့် ထိုင်းတော်ဝင် လေတပ်က F-16 တိုက်လေယာဥ် ၂စင်း ယနေ့ ဧပြီ ၂၁ မနက်ပိုင်းကစပြီး နယ်စပ်တလျှောက် ကင်းလှည့်ပျံသန်းစေခဲ့ တယ်လို့ ထိုင်းသတင်းမီဒီယာ The Reporters က ဖော်ပြထားပါတယ်။

အဆိုပါထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဥ်တွေဟာ လေကြောင်းတိုက်ခိုက်မှု တန်ပြန်ရေး လုပ်ဆောင်မှာ ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်လှုပ်ရှားမှုတွေကို ထောက်လှမ်းဖို့နဲ့ ကာကွယ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတိုက်လေယာဥ်တွေ ပိုက်နက်ကျူးလွန်ပျံသန်းလာရင် ကြားဖြတ်ပျံသန်းနိုင်ဖို့ နောက်ထပ် F-16 တိုက်လေယာဥ် စင်းကိုလည်း အသင့်ပြင်ထားတယ်လို့ သိရပါတယ်။

ဒါဟာ မနေ့ ဧ‌ပြီ ၂ဝ ရက် ညပိုင်းကနေ ယနေ့မနက်ပိုင်းအထိ မြ၀တီမြိုနယ်မှာ ဗုံးကြဲနေတဲ့ မြန်မာစစ်လေယာဉ်တွေ ထိုင်းလေပိုင်နက်ကို ကျူးကျော်မလာစေဖို့ဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် ထိုင်းတော်ဝင်လေတပ်အနေနဲ့ ရေဒါတွေကနေတဆင့် ၂၄ နာရီပတ်လုံး စုံစမ်းထောက်လှမ်းနေတယ်လို့လည်း အသိပေးထားပါတယ်။ 

အခုလို ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ် စင်း ကင်းလှည့်ပျံသန်းတာဲ့ပတ်သက်ပြီး ထိုင်းပြည်သူတွေကြား နားလည်မှုမလွဲစေဖို့လည်း ထိုင်းသတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ 

ဒါ့အပြင် မြေပြင်မှာလည်း ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ထားပြီး ၂၄ နာရီ နေ့ညမပြတ် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ နယ်စပ်တလျောက် ကင်းလှည့်လျက်နေတာတွေလည်း ရှိပါတယ်။

မြဝတီမြို့ အမှတ်- ထိုင်း-မြန်မာချစ်ကြည်ရေးတံတားစစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေး ပူးပေါင်းတပ်က ဒီနေ့ ဧပြီ ၂၁ မနက်အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။ 


========================


🚩🚩 ၂။ ရေစကြိုမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ၂ရက်အတွင်း အရပ်သား ၃ဦးသေဆုံး


မကွေးတိုင်း ရေစကြိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၂ရက်အတွင်း အရပ်သားပြည်သူ ၃ဦးသေဆုံးခဲ့တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ-Info Committee Yesagyo က ပြောပါတယ်။

ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ပေါက်တောရွာက အသက် ၃၀ အရွယ် ဆိုက်တွဲမောင်းတဲ့ ကိုတရုတ်ကြီးဟာ ရေစကြိုမြို့ပေါ်ကနေ ခရီးသည်ပို့ပြီးအပြန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး အမှတ်- စိတ္တသုခရပ် သမဆီစက်ဝိုင်းထဲမှာ စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ထို့အပြင် အဲဒီနေ့ ညနေ ၄နာရီခန့်မှာလည်း ရေစကြိုမြို့ပေါ်ရှိစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ကျောမကြားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၆၀ အရွယ် ဒေါ်ခင်ဝင်းမြင့်ဆိုသူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

အလားတူ ဧပြီ ၁၈ ရက် နေ့လယ်ပိုင်းကလည်း ရေစကြိုမြို့ပေါ်မှာရှိတဲ့ ရုံးပေါင်းစုံအတွင်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရေစကြိုတောင်ဘက် ပေါက်တောကျေးရွာအတွင်းကျရောက်ပေါက်ကွဲ ခဲ့ပြီး နေအိမ်ရှေ့ ထိုင်နေတဲ့ အသက် ၅၂ နှစ်အရွယ် Non CDM ဆရာမ ဒေါ်ခင်စိုးမာဆိုသူ သေဆုံးခဲ့ရပါတယ်။ 

ရေစကြိုမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဟာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ နေ့စဉ်ပြုလုပ်နေတာကြောင့် ရက်အတွင်း အရပ်သား ပြည်သူ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။  


========================


🚩🚩 ၃။ ထီးလင်းမြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးတို့အပါအဝင်နေရာ ခုကို ဗုံးကြဲတိုက်ခိုက်မှု စစ်အုပ်စုဘက်က ဦး ဒဏ်ရာရ


မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့မှာရှိတဲ့ ထီးလင်းမြို့မရဲစခန်း၊ထွေအုပ်ရုံးနဲ့ တရားရုံးတို့အပါအဝင် နေရာ ခုကို လက်နက်ကြီးတွေ ဒရုန်းတွေသုံးပြီး ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ဦး ဒဏ်ရာရသွားတယ်လို့ YRA ထီးလင်းတပ်ဖွဲ့က ပြောပါတယ်။  

ဧပြီလ ၁၇ ရက် ညနေ နာရီခွဲခန့်အချိန်မှာ ထီးလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ တရားရုံးမှာတပ်စွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းအသုံးပြုပြီး ၆၀ မမ ဗုံးသီး လုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တဦးနဲ့ ပျူစောထီး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ထီးလင်းမြို့နယ် ရေမျက်နီရဲစခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကိုလည်း ၄၀ မမ နဲ့ ဗုံးသီး လုံး ပစ်ခတ်ခဲ့တာကြောင့် လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တဲ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်သားတွေဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို သိရှိနိုင်ဖို့ စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။

ဧပြီလ ၁၈ ရက် ညနေ နာရီခန့်မှာလည်း ထီးလင်းမြို့နယ် ရေမျက်နီရဲကင်းစခန်းကို ဒရုန်းသုံးပြီး ၆၀ မမ ဗုံးသီး လုံး ကြဲချကာ ၄၀ မမနဲ့ ဗုံးသီး လုံး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦး ထိခိုက်ဒဏ်ရာရခဲ့ရာမှာ တဦးက ဒဏ်ရာပြင်းထန်တယ်လို့ YRA ထီးလင်းတပ်ဖွဲ့က ပြောပါတယ်။

အဲဒီနောက် ဧပြီလ ၁၉ ရက် ညနေ နာရီဝန်းကျင်မှာလဲ ထီးလင်းမြို့မရဲစခန်းနဲ့ ရုပ်သံရုံးမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး လုံးကြဲချတိုက်ခိုက်ခဲ့ပေမယ့် အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုတွေသိရှိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ အသိပေးထားပါတယ်။

မြန်မာနှစ်ဆန်းတရက်နေ့ကစပြီး ၃ရက်တာတိုက်ခိုက်မှုမှာ ရန်သူအင်အား ဦး ထိခိုက်ဒဏ်ရာရစေခဲ့ပြီး ရိက္ခာဖြတ်တောက် မှုနဲ့ စိတ်ဓာတ်ချိုးနှိမ်မှုတွေကို ယနေ့အချိန်အထိ ထိန်းသိမ်းထားနိုင်ဆဲဖြစ်တယ်လို့ YRA ထီးလင်းတပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို Yaw Revolution Army - ဂန့်ဂေါခရိုင် အမှတ် ၁၅ တပ်ရင်း၊ အမှတ် ၁၆ တပ်ရင်း၊ အမှတ် ၁၇ တပ်ရင်းက ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။ 


========================


🚩🚩 ၄။ ပြင်ဦးလွင်မြို့အနီးတဝိုက် တိုက်ပွဲဖြစ်နေတာကြောင့် စစ်တပ်က ခုခံစစ်အတွက်ပြင်ဆင်


မန္တလေးတိုင်းထဲက ပြင်ဦးလွင်မြို့နယ် အနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်တပ်က တမြို့လုံးမှာ ခုခံစစ် အတွက် ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ မနေ့ ဧပြီ ၂ဝ ရက် ညပိုင်းကစပြီး ယနေ့မနက်ပိုင်းအထိ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ကြောင့် တမြို့လုံးတုန်ခါနေတယ်လို့လည်း မြို့ခံပြည်သူတွေက ဆိုပါတယ်။ 

မနေ့ ဧ‌ပြီ ၂ဝ ရက် ၁၁ နာရီကျော်ကစပြီး ပြင်ဦးလွင်မြို့မှာရှိတဲ့ တပ်မတော်နည်းပညာတက္ကသိုလ်-DSTA ကျောင်းဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်၊ ညောင်ကုန်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်တို့က သရက်ကုန်းကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။ 

ပြင်ဦးလွင် - နောင်ချိုမြိုနယ်အစပ်မှာ မန္တလေး PDFနဲ့ တိုက်ပွဲဖြစ်နေတာကြောင့် ဒီနေ့ ဧပြီ ၂၁ ရက် မနက် နာရီခန့်ကစပြီး လက်နက်ကြီးပစ်ခတ်သံတွေအဆက်မပြတ်ကြားနေရတယ်လို့လည်း ဒေသခံက ဆိုပါတယ်။

စစ်တပ်က ဦးတည်ပစ်ခတ်နေတဲ့ သရက်ကုန်းကျေးရွာဟာ ပြင်ဦးလွင်မြို့နယ်နဲ့နောင်ချိုမြို့နယ်အစပ်မှာရှိပြီး ဧပြီလ ၁၅ ရက်နေ့က သရက်ကုန်းကျေးရွာဖြစ်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၂၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်တပ်ဘက်က စစ်ကူလာသော စစ်ကူစစ်ကြောင်း ခုကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေးက ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများစွာရှိခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ သရက်ကုန်းကျေးရွာတပ်စခန်းဟာ ပြင်ဦးလွင်မြို့နဲ့ နီးကပ်စွာရှိနေပြီး တော်လှန်ရေးတပ်တွေ ပြင်ဦးလွင်ဘက်ကို အချိန်မရွေးဝင်လာနိုင်တာကြောင့် စစ်တပ်က DSA နဲ့ DSTA အပါအဝင် စစ်ကောင်စီတပ်တွေမှာ ခုခံစစ်အတွက် ပြင်ဆင်နေကြပြီလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 

အခုလို စစ်တပ်နယ်မြေဖြစ်တဲ့ ပြင်ဦးလွင်မြို့အနီးတဝိုက်မှာ လက်နက်ကြီးပေါက်ကွဲသံတွေအဆက်မပြတ် ကြားနေရတာ ကြောင့် သွားတာလာတာတွေမှာဂရုစိုက်ကြဖို့ ပြင်ဦးလွင်ဒေသခံတွေက သတိပေးပြောဆိုမှုတွေ မျှဝေထားပါတယ်


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးမှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment