21st APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာကြောင့် ကုန်းသာရွာမှ ကလေး ဦး အပါအဝင် ပြည်သူ ဦး သေဆုံး

🚩 ၂။ နေပြည်တော်တိုင်း စစ်ဌာန အခြေခံစစ်သင်တန်းဆင်းပွဲ ဖရူဆိုတွင်းကျင်းပ

🚩 ၃။ ပခုက္ကူကို ပြန်ဆုတ်လာတဲ့ ရိက္ခာပို့ ယာဉ်တန်း ကမ္မမြို့အထွက်မှာ မိုင်းဆွဲခံရပြီး ဦး သေဆုံး

🚩 ၄။ လောင်းလုံး၊ တာဝါတိုင် ပျူစခန်းနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ နေရာတွေကို တော်လှန်ရေး တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ဦးသေ တစ်ဦး ဒဏ်ရာရ

🚩 ၅။ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးကို SOF က ဂုဏ်ပြုငွေ ကျုပ်သိန်း ၈၀ ချီးမြှင့်


========================


🚩🚩 ၁။ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာကြောင့် ကုန်းသာရွာမှ ကလေး ဦး အပါအဝင် ပြည်သူ ဦး သေဆုံး


ဧပြီလ ၂၀ ရက်။


Radio NUG


ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲချ ခဲ့တာကြောင့် နှစ်အောက် ကလေးငယ် ဦး အပါအဝင် ပြည်သူ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့  Kayan New Generation Youth က ထုတ်ပြန်ထားပါတယ်။


ဧပြီလ ၂၀ ရက်နေ့၊ နေ့လည် ၁၁ နာရီ မိနစ် ၅၀ ခန့်မှာ အဆိုပါ ကုန်းသာကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အကြောင်းမဲ့ ပြည်သူတွေ နေထိုင်တဲ့ ရွာထဲကို ဗုံးကြဲချခဲ့တာ ဖြစ်ပြီး အသက် နှစ်အောက် မိန်းကလေးငယ် နှစ်ဦး အပါအဝင် အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ဗုံးထိမှန် သေဆုံးခဲ့တယ်လို့ KNGY တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


ထို့အပြင် ကုန်းသားကျေးရွာမှ နေအိမ် အလုံး ၂၀ ခန့် ပျက်စီးသွားခဲ့ကြောင်းကိုလည်း သိရပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် စစ်ဘေးရှောင် ပြည်သူ ဦး သေဆုံးပြီ ဦး ဒဏ်ရာရရှိ ခဲ့ပါသေးတယ်။


========================


🚩🚩 ၂။ နေပြည်တော်တိုင်း စစ်ဌာန အခြေခံစစ်သင်တန်းဆင်းပွဲ ဖရူဆိုတွင်းကျင်းပ


ဧပြီလ ၂၀ ရက်။


Radio NUG


အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ အခြေခံ စစ်သင်တန်း (/၂၀၂၄) သင်တန်းဆင်းပွဲကို ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရ ပါတယ်။


ဧပြီလ ၂၀ ရက် မနက် ၁၀ နာရီခန့်မှာ အဆိုပါ နေပြည်တော်တိုင်း စစ်ဌာန အပတ်စဉ် (/၂၀၂၄) အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲကို ဖရူဆို အနောက်ခြမ်းက လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တာပါ။ 


၎င်းသင်တန်းမှာ သင်တန်းသား ဦး‌ရေ ၇၆ ဦး ပါဝင်တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၄၅ ရက် ကြာမြင့် ခဲ့ကာ အခြေခံ စစ်ပညာကို ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။


 နေပြည်တော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ EROs များနဲ့အတူ တိုက်ပွဲများ ဖော်ဆောင်နေပြီး နယ်မြေစိုးမိုး ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေလည်း ရှိတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဦးစီးချုပ် ဗိုလ်လက်ယာက ပြောပါတယ်။


နေပြည်တော်တိုင်းစစ်ဌာနအောက်က တပ်ရင်း တပ်ခွဲ အသီးသီးမှာ ရောက်ရှိနေကြတဲ့ အခြေခံစစ်ပညာ မသင်ယူရသေးတဲ့ လူငယ်တွေကို အခြေခံစစ်ပညာ သင်ကြားပေးခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးနေရာ အခက်အခဲ အပြင် အခြားအခက်အခဲများ ကြားကနေ အောင်မြင်စွာနဲ့ သင်တန်း ပြီးဆုံးခဲ့ကြောင်း သင်တန်းဆရာ တစ်ဦးက ဆိုပါတယ်။


အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို နေပြည်တော်တိုင်း စစ်ဌာန၊ စစ်ဦးစီးအဖွဲ့က တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ပခုက္ကူကို ပြန်ဆုတ်လာတဲ့ ရိက္ခာပို့ ယာဉ်တန်း ကမ္မမြို့အထွက်မှာ မိုင်းဆွဲခံရပြီး ဦး သေဆုံး


ဧပြီလ ၂၀ ရက်။


Radio NUG


မကွေးတိုင်း၊ ကမ္မမြို့ အထွက်မှာ ပခုက္ကူကို ပြန်ဆုတ်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာပို့ ယာဉ်တန်းကို မိုင်း ဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိတယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန် ထားပါတယ်။


ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ နာရီခန့်မှာ ကမ္မမြို့မှ ထွက်လာတဲ့ အဆိုပါ ယာဉ်တန်းကို မိုင်းပွိုင့် ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့  မြိုင် ပကဖ မှ တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။


အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မြိုင် .က. Black Cobra PKU Thurein DMG ဓားမင်းကြီး အဖွဲ့ ပခုက္ကူခရိုင် တပ်ခွဲ-၁‌၀ နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ ယာဉ်တန်းဟာ ၁၉ ရက်နေ့ ညပိုင်း အချိန်မှာ ပခုက္ကူ မြို့ပေါ်ကို ပြန်လည် ရောက်ရှိခဲ့ ပြီးနောက် ခြေလျှင် စစ်သား အင်အား ၁၀၀ ကျော်ဖြင့် ကမ္မမြို့ကို ပြန်လည်ထွက်ခွာလာတယ်လို့ သိရပါတယ်။


၎င်းစစ်သား ၁၀၀ ကျော်ဟာ ဧပြီ ၁၉ ရက် ညက ကမ္မမြို့တွင် ညအိပ်ခဲ့ပြီး ဧပြီ ၂၀ ရက်နေ့ မနက်ပိုင်းမှာ မြိုင်မြို့နယ်၊ တွင်းမ ပျုစောထီးကျေးရွာကို ဦးတည်ထွက်ခွာလာတယ်လို့ သိရပါတယ်။


လက်ရှိအချိန်မှာ မြိုင်နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်း ကြောင်း ထိုးနေတာကြောင့် ကျေးရွာ ၁၀ ရွာထက် မနည်းက ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။


========================


🚩🚩 ၄။ လောင်းလုံး၊ တာဝါတိုင် ပျူစခန်းနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ နေရာတွေကို တော်လှန်ရေး တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ဦးသေ တစ်ဦး ဒဏ်ရာရ


ဧပြီလ ၂၀ ရက်။


Radio NUG


တနင်္သာရီဒေသ၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော် ရွာရှိ၊ တာဝါတိုင် ပျူစခန်းနဲ့ ဘုရားတောင်ကုန်းတို့ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေး တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ဧပြီလ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲမှ စတင်ပြီး တာဝါတိုင် စခန်းနဲ့ ဘုရားတောင်ကုန်းက စစ်ကောင်စီ တပ်ဖွဲ့တွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး / ငယ်တွေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ထို့ပြင် ပျူခေါင်းဆောင် စိုးသိန်း ဦးဆောင်တဲ့ ကျောက်နီမော်ရွာက အအေးခန်းစက်ရုံဟောင်းရှိ ပျူစခန်း ကိုလည်း ဒရုန်းနဲ့ ဗုံကြဲချခဲ့သလို စနိုက်ဘာနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


တာဝါတိုင်စခန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦးသေဆုံးကာ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့ပြီး ဘုရားတောင်ကုန်းနဲ့ ကျောက်နီမော် ပျူစခန်း တိုက်ခိုက်မှုမှ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းဆဲ ဖြစ်တယ်လို့ ပြောပြပါတယ်။ 


တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သင်္ဘောမှ ၁၂၀ မမ လက်နက်ကြီး ပစ်ကူပေးခဲ့တာ ရှိပေမယ့် ပူးပေါင်း တပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။ 


အဆိုပါ စစ်ဆင်ရေးကို Launglone PDF Air Force ဒရုန်းတပ်ဖွဲ၊ Launglone PDF Sniper Team လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- LLPDF (တပ်စုပေါင်းစုံ) လိပ်ပြာတပ်စု၊ တောသားလေး တပ်စု၊ ဂဠုန်တပ်စု၊ ဇုန် () တပ်စု၊ ကင်းမြှီးကောက်ပြောက်ကျား တပ်စုနဲ့ ရွှေသောင်ယံ တပ်စုတိုက ပူးပေါင်းတိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးကို SOF က ဂုဏ်ပြုငွေ ကျုပ်သိန်း ၈၀ ချီးမြှင့်


ဧပြီလ ၂၀ ရက်။


Radio NUG


ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေး တပ်ဖွဲ့ (SOF) ပူးပေါင်းအဖွဲ့ထံ လက်နက်နှင့် အလင်းဝင်လာခဲ့တဲ့ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးအား ဂုဏ်ပြု ဆုငွေ ချီးမြှင့်ခဲ့ကြောင်း SOF အဖွဲ့က ဧပြီလ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ  စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး သက်နိုင်ဦးဟာ မတ်လ ၁၅ ရက်နေ့ မဲသရောထတိုက်ပွဲ မစမှီ ကတည်းက လက်နက်နဲ့တကွ KNLA နဲ့ SOF ပူးပေါင်းအဖွဲ့ထံ အလင်းဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


၎င်းနဲ့အတူ  MA4 ပူးတွဲ သေနတ် () လက်၊ ၄၀ မမ ဗုံးသီး ၁၀လုံး၊ ကျည်တောင့် ၂၀၀ တို့ကို ယူဆောင် လာတာကြောင့် ၎င်းအား ကျပ်သိန်း ၈၀ နှင့် ညီမျှတဲ့ ထိုင်းဘတ် ၈၀,၀၀၀ ပေးအပ်ချီးမြှင့် ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ အလင်းဝင် တပ်ကြပ်ကြီးကို ဆုကြေးငွေအပြင် နေထိုင်ရေး၊ အလုပ်အကိုင် ရရှိရေးနဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုများ ကိုလည်း ဆက်လက်ဆောက်ရွက် ပေးနေတယ်လို့ SOF က အသိပေးထားပါတယ်။


ကျန်ရှိနေတဲ့ စစ်ကောင်စီဘက်မှ မည်သူမဆို လာရောက်ဆက်သွယ် ပူးပေါင်းပါက ထိုက်ထိုက်တန်တန် ဆုကြေးငွေများ ပေးအပ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အထူးစစ်ဆင်ရေး တပ်ဖွဲ့ (SOF) က အသိပေးထားပါတယ်။


========================


🚩🚩 ၆။ ပြည်သူတွေရဲ့ အကူညီအထောက်ပံ့နဲ့ PDF-Zoland အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ် တစ်ရာကျော် တပ်ဆင်


ဧပြီ ၂၀၊ ၂၀၂၄


ပြည်သူတွေရဲ့ အကူအညီထောက်ပံ့မှုတွေကြောင့် လက်နက်ကြီးတွေ အပါအ၀င် လက်နက် တစ်ရာကျော် တပ်ဆင်နိုင်ခဲ့တယ်လို့ PDF-Zoland အဖွဲ့က ဧပြီ ၁၉ ရက်မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန် အသိပေးလိုက်ပါတယ်။


ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေး PDF-Zoland အဖွဲ့က ဒီလက်နက်တွေက ပြည်တွင်းပြည်ပက ပြည်သူလူထုတွေရဲ့ အထောက်အပံအကူအညီတွေနဲ့ ၀ယ်ယူ တပ်ဆင်နိုင်ခဲ့တာဖြစ်ပြီး ဒီပစ္စည်းတွေနဲ့ အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းသွားမှာ ဖြစ်တယ်လို့ PDF Zoland ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရောဘတ်က ချင်းအခြေစိုက် မီဒီယာတွေကို ပြောထားပါတယ်။


နောက်ထပ်လည်း ဝိုင်း၀န်းထောက်ပံ့ဖို့ မေတ္တာရပ်ခံ တောင်းဆိုပါတယ်လို့ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေး PDF-Zoland အဖွဲ့က ပြောပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်‌သွေးမှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment