7th APR 2024 - Morning Daily News by Radio NUG

၂၀၂၄ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နွေဦးဘဏ် ပထမဆုံးခြောက်လအတွင်း ဒေါ်လာသုံးသိန်းနီးပါး အမြတ်ရ၊ရှယ်ယာပိုင်ဆိုင်သူတွေကိုအမြတ်ဝေစုပြန်ခွဲပေးမယ်လို့အသိပေး

📌 ၂။ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ခန့်အပ်

📌 ၃။ နယူးဇီလန်-အာဆီယံ အစည်းအဝေးမှာ စစ်ကောင်စီကို တက်ရောက်ခွင့်ပိတ်ပြီး NUG အစိုးရကို တက်ရောက်ခွင့်ပြုဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ တောင်းဆို

📌 ၄။ မြန်မာအတွက် ရန်ပုံငွေ အရေးပေါ်လိုအပ်နေဟု UNOCHA ဆို

📌 ၅။ ထောင်ဝန်ထမ်းများ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား၊ ရောဂါကြောင့် သေဆုံးခဲ့ဟု ထောင်အာဏာပိုင်များ လိမ်လည်


၂၀၂၄ ခုနှစ် ဧပြီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဖယ်ခုံနဲ့ ဖားဆောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့လို့ ပြည်သူ ဦး ဒဏ်ရာရ

🚩 ၂။ ရေစကြိုအခြေစိုက် ခလရ ၂၅၂ မှ တပ်သားတစ်ဦး လက်နက်နဲ့ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးဘဏ် ပထမဆုံးခြောက်လအတွင်း ဒေါ်လာသုံးသိန်းနီးပါး အမြတ်ရ၊ရှယ်ယာပိုင်ဆိုင်သူတွေကိုအမြတ်ဝေစုပြန်ခွဲပေးမယ်လို့အသိပေး


ဧပြီလ ၆ရက်

နွေဦးဖွံ့ဖြိုးတိုးတက်ရေးဘဏ် SDB Bank ရဲ့ ပထ မဆုံးခြောက်လအတွင်း အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး အမြတ်အစွန်းရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


SDB Bank စတင်တည်ထောင်တဲ့ ၂၀၂၃ခုနှစ် ဇူလိုင် ၂၂ရက်ကနေ ဒီဇင်ဘာလကုန်အထိဝင်ငွေ အမေရိကန် ဒေါ်လာ လေးသိန်းကျော်(၄၀၆,၀၄၂)ရှိခဲ့ပြီး အခွန်နှုတ်အပြီး အမြတ်အစွန်း အမေရိကန်ဒေါ်လာ ၂၈၃,၁၉၇ ရရှိခဲ့တာလို့ ဖော်ပြပါတယ်။ဘဏ်အနေနဲ့ အသားတင် အမြတ်အစွန်း ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးအထိရခဲ့တာလို့ ရှင်းပြထားပါတယ်။


အဲ့ဒီဘဏ်အမြတ်ငွေအားလုံးကို နွေဦးဘဏ်ရှယ်ယာတိုကင်ပိုင်ဆိုင်ထားသူတွေဆီ အမြတ်ဝေစုအဖြစ် ရာနှုန်း ပြည့်အချိုးကျ ပြန်လည်ခွဲဝေပေးဖို့ ဘဏ်ဒါရိုက်တာ ဘုတ်အဖွဲ့က မတ်လ ၂၀ရက်မှာ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်လို့လည်းသိရပါတယ်။


ဒါကြောင့် အဲ့ဒီကာလအတွင်း အမေရိကန်ဒေါ်လာ တသောင်း ရင်းနှီးမြှုပ်နှံခဲ့သူဟာ အမြတ်ဝေစုအဖြစ် ၂၈ဒေါ် လာကျော် ရရှိမှာဖြစ်တယ်လို့ တွက်ချက်ရှင်းပြထားပါတယ်။


လက်ရှိမှာ နွေဦးဘဏ်အနေနဲ့ အသုံးပြုသူပေါင်း ၉၅၀၀၀ ရှိနေကာ ငွေကြေးအစုစု စီမံခန့်ခွဲမှု အမေရိကန် ဒေါ် လာ ၁၈ဒသမ သုံးသန်းအထိ ရှိနေတယ်လို့လည်းဆိုပါတယ်။ ဘဏ်ကပြန်လည်ခွဲဝေပေးမယ့် အမြတ်ငွေတွေကို SDB အကောင့်ထဲပေါင်းထည့်ပေးမယ်လို့လည်းအသိပေးထားပါတယ်။


၂၀၂၄ ခုနှစ်မှာ ထူးခြားဆန်းသစ်တဲ့ ဘဏ်လုပ်ငန်းစဉ်တွေနဲ့ ဝန်ဆောင်မှုတွေကို ဆက်လက် အကောင်ထည် ဖော်နိုင်ဖို့ နွေဦးဘဏ်ဟာ ပိုမို ကောင်းမွန်ကျယ်ပြန့်သော တိုးချဲ့မှုတွေနဲ့ အောင်မြင်မှုတွေအတွက် ပြင်ဆင်နေပါတယ်လို့ SDB ဘဏ် အလုပ်အမှုဆောင်အရာရှိချုပ် ဦးကယ်လ်ဗင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


NUG ရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက နွေဦးဘဏ်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၂ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအထိ ပြည်တွင်းပြည်ပကနေ ဝန်ဆောင်မှုရယူနိုင်တဲ့ ဒစ်ဂျစ်တယ်ဘဏ်အဖြစ် ဆက်လက်လည် ပတ်နေတာ ဖြစ်ပါတယ်။


နွေဦးဘဏ်ကိုတည်ထောင်တာဟာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်နဲ့ စစ်ကောင်စီတို့ဆီ နိုင် ငံခြားငွေ စီးဆင်းနေမှုကိုထိန်းချုပ်ဖို့ဖြစ်သလို တော်လှန်ရေးအတွက်ငွေကြေးအထောက်အပံ့ရစေဖို့ဖြစ်တယ်လို့ NUG စီမံ/ဘဏ္ဍာဝန်ကြီးလည်းဖြစ်၊ ကြားကာလဗဟိုဘဏ်ဥက္ကဌလည်းဖြစ်တဲ့ ဦးတင်ထွန်းနိုင်ကပြောထားပါတယ်။


နွေဦးဘဏ်မှာ စာရင်းသေ၊ စာရင်းရှင် ငွေအပ်နှံတာ၊ ကျပ်ငွေအပါအဝင် နိုင်ငံတကာ ငွေကြေးစနစ် ဆယ်မျိုးကို လဲလှယ်ဝယ်ယူရောင်းချနိုင်တာအပြင် ရွှေဝယ်ယူစုဆောင်းနိုင်တဲ့ဝန်ဆောင်မှုတွေလည်း ရယူနိုင်တယ်လို့ delta news မှာဖော်ပြထားချက်အရ သိရှိရပါတယ်။


========================


📌📌 ၂။ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ခန့်အပ်


ဧပြီလ ၆ရက်။


ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘိရှော့ပ် (Julie Bishop) ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် အဖြစ် ဧပြီလ ရက်နေ့မှာခန့်အပ်လိုက်တယ်လို့ သိရပါတယ်။


ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အနားယူသွားတဲ့ စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာ နေရာမှာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းကိုခန့်အပ်လိုက်တာဖြစ်ပါတယ်။


ဂျူလီဘိရှော့ဟာ လက်ရှိမှာ ဩစတြေးလျအမျိုးသားတက္ကသိုလ်ရဲ့ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး နိုင်ငံရေး၊ ဥပဒေရေး၊ စီမံခန့်ခွဲရေးနဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍ နယ်ပယ်တွေမှာ အတွေ့အကြုံများလှသူ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။


ဂျူလီ ဘိရှော့ပ်ဟာ ဩစတြေးလျရဲ့ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ၂၀၁၃ ကနေ ၂၀၁၈ အထိ ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပြီး ဩစတြေးလျပါလီမန် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၁၉၉၈ခုနှစ် ကနေ ၂၀၁၉ ခုနှစ် ထိ နှစ်ပေါင်း ၂၀ နှစ်ဆယ်ကြာ အမှုထမ်းခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။


========================


📌📌 ၃။ နယူးဇီလန်-အာဆီယံ အစည်းအဝေးမှာ စစ်ကောင်စီကို တက်ရောက်ခွင့်ပိတ်ပြီး NUG အစိုးရကို တက်ရောက်ခွင့်ပြုဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ တောင်းဆို


ဧပြီလ ရက်။

Radio NUG


နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့ မှာကျင်းပမယ့် နယူးဇီလန် - အာဆီယံ အစည်းအဝေးမှာ စစ်ကောင်စီ ခန့် ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့် ပိတ်ပင်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တက်ရောက် ခွင့်ပြုဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။


လာမယ့် ဧပြီလ ၁၈ ရက်နေ့ ကနေ ၁၉ ရက်နေ့ထိ ကျင်းပမယ့် ၃၁ ကြိမ်မြောက် အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့် ပိတ်ပင်ပေးဖို့ တောင်းဆိုထား တာပါ။


ထို့အပြင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ မေလ ရက်မှ ၁၀ အထိ ကျင်းမယ့် အာဆီယံဒေသတွင်းဖိုရမ် ကာကွယ်ရေးအရာရှိများ ဆွေးနွေးပွဲနဲ့ ယုံကြည်မှုတည်ဆောက်ခြင်း၊ သံတမန်ရေးရာ ပံ့ပိုးကူညီမှု အစည်းအဝေး မှာလည်း စစ်ကောင်စီခန့် ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့် ပိတ်ပင်ဖို့ စာပေးပို့ တောင်းဆိုခဲ့တာပါ။

မြန်မာအရေး တက်ကြွလှုပ်ရှားတဲ့ အရပ်ဘက် အဖွဲ့အစည်း ၄၃၈ ဖွဲ့က နယူးဇီလန်အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန တို့အပြင် အာဆီယံ သံအမတ်ထံကို စာရေးသားပေးပို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။


အဆိုပါ အစည်းဝေးတွေမှာ စစ်ကောင်စီခန့် ကိုယ်စားလှယ်တွေကို တက်ရောက်တာ ပိတ်ပင်ဖို့အပြင် မြန်မာပြည်သူလူထု ကိုယ်စားပြုအနေ နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရကို တက်ရောက်ခွင့်ပေးဖို့ လည်းတောင်းဆိုခဲ့ပါတယ်။


 ထို့ပြင် နယူးဇီလန်မှာ ကျင်းပမယ့် အာဆီယံ-နယူးဇီလန် အစည်းအဝေး ကို စစ်ကောင်စီ ကိုယ်စားလှယ် တွေကို မဖိတ်ကြားဖို့နဲ့ ပြည်ဝင်ခွင့် ပိတ်ပင်ဖို့အတွက် နယူးဇီလန်ရောက်‌ မြန်မာ အသိုင်းဝိုင်းက နယ်လ်ဆင်မြို့ မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ သိရှိရပါတယ်။


========================


📌📌 ၄။ မြန်မာအတွက် ရန်ပုံငွေ အရေးပေါ်လိုအပ်နေဟု UNOCHA ဆို


ဧပြီလ ၆ရက်။

မြန်မာနိုင်ငံအတွက် ယခုနှစ်အတွင်း လိုအပ်နေသော လူဦးရေ ဒသမ သန်းကို ကူညီရန်နှင့် ပြတ်လပ်နေသော ရိက္ခာများကို မုန်တိုင်းရာသီအကြို ဖြည့်ဆည်းရန် ရန်ပုံငွေအရင်းအမြစ်များ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA Myanmar) က ဧပြီ ရက်တွင် ထုတ်ပြန်ထားပါတယ်။


ရန်ပုံငွေထောက်ပံ့မှု မရှိခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်များကို နှောင့်နှေးစေကြောင်း၊ ယခုနှစ် မြန်မာနိုင်ငံအတွက် လိုအပ်သော ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၉၄ သန်း တောင်းခံထားရာတွင် နှစ်တနှစ်၏ လတာ ကုန်ဆုံးချိန်ထိ ရာခိုင်နှုန်းသာ ရရှိထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။


ထို့ကြောင့် မြန်မာနိုင်ငံတဝန်း အကူအညီလိုအပ်နေသော လူဦးရေ ၁၈ ဒသမ သန်း ရှိသည့်အနက် ယခုနှစ်အတွက် လူဦးရေ ဒသမ သန်းကို ကူညီရန် ရန်ပုံငွေ မလုံလောက်မှုများနှင့် ကြုံတွေ့နေရသည်ဟုလည်း UNOCHA က ဆိုပါတယ်။


ယခုအချိန်သည် အပူပြင်းဆုံးရာသီ ဝင်လာပြီဖြစ်သဖြင့် ရခိုင်ပြည်နယ်ရှိ အိုးအိမ်စွန့်ခွာရသူများစွာသည် သောက်သုံးရေ ရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရသလို လေပြင်းမုန်တိုင်းရာသီအမီ အမိုးအကာထောက်ပံ့ကူညီမှုပေးရန်လည်း အရေးကြီးနေကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ဝယ်မရခြင်းတို့ကြောင့်လည်း စားနပ်ရိက္ခာမဖူလုံခြင်း ကြုံနေရကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။


========================


📌📌 ၅။ ထောင်ဝန်ထမ်းများ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား၊ ရောဂါကြောင့် သေဆုံးခဲ့ဟု ထောင်အာဏာပိုင်များ လိမ်လည်


ဧပြီလ ၆ရက်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံအကျဉ်းထောင်၌ ထောင်ဝန်ထမ်းများ ရိုက်နှက်မှုကြောင့် သေဆုံးသွားသည့် အသက် ၂၀ကျော်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ရောဂါကြောင့် သေဆုံးခဲ့ခြင်းသာဖြစ်သည်ဟု ထောင်အာဏာပိုင်များက လိမ်ညာပြောဆိုနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့(ဧပြီ ၆ရက်)တွင် ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့် မတ် ၁၂ရက်က ကိုနိုင်ဝင်း()ဖားပြုပ်နှင့် အခြားအကျဉ်းသားနှစ်ဦးတို့ ခိုက်ရန်ဖြစ်ပွားပြီးနောက် ထောင်ဦးစီးမှူး ဝင်းနိုင်စိုးနှင့် အခြားထောင်ဝန်ထမ်းများက ကိုနိုင်ဝင်းကို ရိုက်နှက်ကာ တိုက်ပိတ်ခဲ့ကြောင်း  PPNM မှဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

"အခြားအကျဉ်းသားနှစ်ယောက်က တိုက်တစ်ခု၊ ကိုနိုင်ဝင်းကတော့ တစ်ယောက်ထဲ တိုက်ပိတ်ခံရတယ်။ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကိုလည်း ဆေးကုသပေးတာမရှိဘူး။ တိုက်ပိတ်ခံရပြီး နောက်၅ရက်အကြာ(မတ် ၁၇ရက်)မှာ သေသွားတယ်" ဟို ကိုသိုက်ထွန်းဦးကပြောသည်။

ထိုကဲ့သို့ သေဆုံးသွားခြင်းသည် ကိုနိုင်ဝင်း၌ ကျောက်ကပ်ရောဂါနှင့် နှလုံးရောဂါအခံကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အကျဉ်းထောင်ဝန်ထမ်းများက ထောင်တွင်း၌ သတင်းဖြန့်ဝေခဲ့ပြီး အလောင်းကို အခြားအကျဉ်းသားများအား ပြသမှုမရှိခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။


ထောင်ဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည့် ကိုနိုင်ဝင်းသည် အကြမ်းဖက်ပုဒ်မများဖြင့် ထောင်ဒဏ်နှစ် ၂၀ အမိန့်ချခံထားရသူဖြစ်ပြီး ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်း၌ အင်းစိန်ထောင်မှ မြင်းခြံထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသူဖြစ်ကြောင်း PPNMက ထုတ်ပြန်ထားသည်။ 

"လူငယ်တစ်ယောက်အတွက် ကျောက်ကပ်၊ နှလုံးရောဂါနဲ့သေတယ်ဆိုတာ ဖြစ်နိုင်ချေနည်းပါတယ်။ ရိုကက်နှက် နှိပ်စက်ခံရချိန်မှာ ဦးခေါင်းနဲ့ ကျောရိုးမ ထိခိုက်ဒဏ်ရာ၊ ဝမ်းဗိုက်ဒဏ်ရာတွေကြောင့် သွေးထွက်လွန်ဒဏ်ရာတွေရရင် သေဆုံးနိုင်တယ်" ဟု CDM ဆရာဝန် ဒေါက်တာယုကီကMPAသတင်းဌာနကို မှတ်ချက်ပြုပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှုများပြားလာရခြင်းသည် ထောင်အာဏာပိုင်များကို အရေးယူမှုကင်းလွတ်နေခြင်းကြောင့် ပိုမိုစိုးရွားလာခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က MPAသတင်းဌာနကိုပြောကြားချက်အရ သိရှိရပါတယ်။

ပြီးခဲ့သည့် မတ် ၁၇ရက်တွင်လည်း ထားဝယ်အကျဉ်းထောင်၌ အကျဉ်းကျနေသည့် ကိုမင်းသူနှင့် ကိုဝင်းသီဟတို့အား စစ်ဆေးစရာရှိသည်ဟုဆိုကာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ထောင်ပြင်သို့ခေါ်ထုတ်ပြီး စစ်ဆေးနေချိန် ထွက်ပြေးသည်ဟု အကြောင်းပြချက်ဖြင့် ၎င်းတို့နှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သေးသည်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းနွေဦးနဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဖယ်ခုံနဲ့ ဖားဆောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့လို့ ပြည်သူ ဦး ဒဏ်ရာရ


ဧပြီလ ရက်။

Radio NUG


ကရင်နီဒေသ ဖယ်ခုံနှင့် ဖားဆောင်းမြို့နယ် တို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့ပြီး  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေး အဖွဲ့ KnHRG က ထုတ်ပြန်ထား ပါတယ်။


ဧပြီလ ရက်နေ့ နာရီ ခွဲခန့်က ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံ မြို့နယ်၊ ဆောင်းငံ ကျေးရွာအုပ်စု၊ ဆိုင်ခွန် ကျေးရွာအတွင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချခဲ့ပါတယ်။


အဆိုပါ ဗုံးကြဲမှုကြောင့် (မိုးဗြဲမှ စစ်ရှောင်လာသူ) အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦး နှင့် ဆိုင်ခွန်ရွာခံ အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁၀ လုံးဝန်းကျင် ပျက်စီးခဲ့ကြောင်း KnHRG က ဖော်ပြထားပါတယ်။

 

 ထို့ပြင် ဧပြီလ  ရက်နေ့မှာပဲ ကရင်နီပြည်နယ်၊ ဖားဆောင်းမြိုနယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား နေအိမ် လုံးပျက်စီးခဲ့ရပြီး  ဧပြီလ  ရက်တွင်လည်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ တာကြောင့် အရပ်သားပြည်သူ ဦး ထပ်မံဒဏ်ရာရ ခဲ့ပါသေးတယ်။


ကရင်နီ ပြည်အတွင်း စစ်ကောင်စီက ဒေသခံပြည်သူများကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ တာကြောင့် ပြည်သူများရဲ့ အသက်အိုးအိမ် ထိခိုက်နစ်နာမှုများ ရင်ဆိုင်ခံစားနေရတဲ့အပြင် အလှူရှင်များ နည်းပါး လာတာကြောင့် စားဝတ်နေရေး အခက်အခဲများနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခံစားနေရကြောင်း KnHRG က အသိပေးထားပါတယ်။


 စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း ကရင်နီ ပြည်မှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သား ပြည်သူ ၄၈၁ ဦး ရှိခဲ့ပြီး စစ်ဘေးရှောင်နေစဉ် သေဆုံးခဲ့ရသူ ၁၅၁ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ရေစကြိုအခြေစိုက် ခလရ ၂၅၂ မှ တပ်သားတစ်ဦး လက်နက်နဲ့ အလင်းဝင်


ဧပြီလ ရက်။

Radio NUG


မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် ခလရ (၂၅၂) တပ်က တပ်သားတဦး လက်နက် ခဲယမ်းတွေနဲ့ အတူ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်း၀င်လာတယ်လို့ သိရပါတယ်။


၎င်းခလရ (၂၅၂) တပ်မှ အသက် (၂၂) နှစ်အရွယ် တပ်သား စိုင်းခမ်းလီဟာ ပြည်သူ့ဘက်ကို အလင်းဝင် ရောက်ဖို့ ဆက်သွယ်လာတာကြောင့် ဧပြီလ ရက်နေ့ နာရီလောက်မှာ သွားရောက် ခေါ်ဆောင် ပေးခဲ့တာ ဖြစ်တယ်လို့  ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။


အဆိုပါ အလင်းဝင်းလာတဲ့ တပ်သား စိုင်းခမ်းလီဟာ ၎င်းနဲ့အတူ MA 1 လက်၊ ကျည်ဘောက် ခု၊ အီနာဂါ ခု၊ ကျည် ၁၃၀ တောင့်ကျော် ယူဆောင်လာခဲ့ တာဖြစ်ပါတယ်။


အခုလို လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတဲ့ CDM တပ်သားကို ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ဆုချခဲ့ ပြီး လွတ်မြောက်နယ်မြေ တစ်ခုကို ပို့ဆောင်ပေးထားတယ်လို့ ရေစကြို ပကဖ က အသိပေးထားပါတယ်။


စစ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ ရေစကြို ပကဖ ထံကို ဆက်သွယ် အလင်းဝင်လာတဲ့ ရဲ ဦးနဲ့ စစ်သား ဦးရှိပြီး လက်နက်နဲ့ အလင်းဝင်လာကြတဲ့သူ များတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းနွေဦးနဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment