11th MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံရှိ Fabian/Union Aid အဖွဲ့ ဦးဆောင်သည့် တွေ့ဆုံပွဲသို့ တက်ရောက်

📌 ၂။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတဲ့ ကား စီး ဖမ်းဆီး 

📌 ၃။ အကြမ်းဖက်စစ်တပ်ပိတ်ဆို့မှုကြောင့် မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာ လောင်စာဆီပြတ်လပ်လာနေ


၂၀၂၄ ခုနှစ် မေလ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တိုက်ပွဲတွေကြောင့် သူဌေးရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းသွားပြီး အလုပ်သမား ၂ဝဝ ကျော် ပိတ်မိ 

🚩 ၂။ မလည်ရွာတိုက်ပွဲမှာ စစ်တပ်ဘက်က ၆ဦးသေဆုံးပြီး လက်နက်ငယ် ၁၄ လက်ရလို့ စစ်ဒေသ- အသိပေး

🚩 ၃။ ရေစကြိုနယ်မှာ နတ်မိချောင်းစစ်ဆင်ရေးအဖြစ် ဆင်နွှဲခဲ့ရာမှာ စစ်အုပ်စုဘက်က ၁၈ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

🚩 ၄။ ဆားလင်းကြီးနယ်မှာ စစ်တပ်က လက်နက်ကြီးပစ်တာကြောင့် အရပ်သားတဦးဒဏ်ရာရပြီး အိမ် ၁၀ လုံးခန့်ပျက်စီး

🚩 ၅။ ရန်ကုန် - မော်လမြိုင်ကားလမ်း‌ပိုင်းက ဘီးလင်းတံတား မိုင်းခွဲဖျက်ဆီးခံရ 

🚩 ၆။ ပဲခူးရိုးမတောင်ခြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

🚩 ၇။ ဘုရားသုံးဆူမြို့ရှိ ဥဒေါင်းကန် () လမ်းရှိနေအိမ်တွင်  မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံရှိ Fabian/Union Aid အဖွဲ့ ဦးဆောင်သည့် တွေ့ဆုံပွဲသို့ တက်ရောက်


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ ရက်နေ့တွင် မြန်မာ့အရေးအပေါ် တက်ကြွစွာ စိတ်ပါဝင်စားမှုရှိသည့် Fabian/Union Aid အဖွဲ့နှင့် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတကာ ရာဇဝတ်မှု ကျုးလွန်နေသည့် အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရ ဖော်ဆောင်နေသည့် ကြားကာဒေသန္တရအုပ်ချုပ်ရေး အခြေအနေများ၊ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နယ်မြေစိုးမိုးမှုအခြေအနေများ၊ အရပ်သားအုပ်ချုပ်မှု အခြေအနေများ၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးအတွက် အစီအမံများ၊ မူဝါဒ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး သိရှိလိုသည့် မေးခွန်းများကို ပွင့်လင်းစွာဖြေကြားခဲ့သည်။

အခမ်းအနားတွင်  Fabian/Union Aid မှ တာဝန်ရှိသူများ၊ မြန်မာ့အရေးစိတ်ဝင်စားပြီး နိုင်ငံတကာအရေးကို လုပ်ဆောင်နေသည့် ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ သံတမန်ဟောင်းများတက်ရောက်ခဲ့ကြသည်။

အဆိုပါ Fabian/Union Aid အဖွဲ့အစည်းသည် လူ့အခွင့်အရေး၊ နိုင်ငံတကာရေး၊နိုင်ငံခြားရေးရာများနှင့် ပတ်သက်သည့် မူဝါဒများအား အထူးပြု လေ့လာသည့် အဖွဲ့ဖြစ်ပြီး အခမ်းအနားအား Union Aid ဥက္ကဋ္ဌ ဖြစ်သူ Mr. Ross Wilson ကအခမ်းအနားမှူးအဖြစ် လုပ်ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။


========================


📌📌 ၂။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတဲ့ ကား စီး ဖမ်းဆီး 


ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက စစ်တပ်ဂိတ်တွေကိုဖြတ်ပြီး မူးယစ်ဆေးတွေသယ်ဆောင် လာတဲ့ ကား စီးကို ဖမ်းမိခဲ့တယ်လို့ ဓနုအဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၀၀၃ က ထုတ်ပြန်ပါတယ်။

ဓနုဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ မေလ ရက် ညနေ နာရီခွဲခန့်အချိန်မှာ ဖမ်းဆီးရမိ ခဲ့တာလို့ ဆိုပါတယ်။ 

မူးယစ်ဆေးဝါးတွေကို ဘာအကာအကွယ်မှမအုပ်ဘဲ ပေါ် ပေါ်တင်တင်သယ်လာတဲ့ Vigo အမျိုးအစားကားတစီးနဲ့ ဘီး တပ် ဖောကားတစီးပေါ်ကနေ ဆာလာအိတ်နဲ့ထုပ်ပိုးထားတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ဆေးတွေ့ရှိတဲ့အတွက် သယ်ဆောင် လာသူ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အသိပေးထားပါတယ်။

၎င်းတို့ရဲ့ထွက်ဆိုချက်အရ မေလ ရက်နေ့မှာ နောက်ထပ် ဦး ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး ကာ မူးယစ်ဆေးတွေသယ်လာတဲ့ ကား စီးကို သိမ်းဆည်းလိုက်တယ်လို့ ဓနုအဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၁၀၀၃ က ပြောပါတယ်။

မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိထားသူတွေကို အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန-MOD က  ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ စစ်ဆေးခဲ့ရာ ၎င်းတို့ဟာ အငှားယာဉ်မောင်းတွေဖြစ်တယ်လို့ ထွက်ဆိုကြတဲ့အတွက် စစ်ဆေးမှု တွေလုပ်ပြီးမှ ပြန်လည်လွှတ်ပေးမယ်လို့ ဓနုအဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၀၀၃ က အသိပေးထုတ်ပြန်ထားပါတယ်။

ဓနုလူမျိုးတွေအတွက်သာမက တနိုင်ငံလုံးကို အကျိုးမပြုတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေ ကို အဘက်ဘက်က တိုက်ဖျက်သွားမှာဖြစ်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင် ကာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်နိုင်ဖို့ ဓနုအဒေသအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၀၀၃ က ရည်မှန်းထားပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်ပိတ်ဆို့မှုကြောင့် မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာ လောင်စာဆီပြတ်လပ်လာနေ


အားချာ Radio NUG မေ ၁၁၊ ၂၀၂၄


အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ထားလို့ လောင်စာဆီပြတ်လာပြီး မြန်မာနိုင်ငံမြောက်ပိုင်း နောင်မွန်း မြိုမှာ နွားနေရာမှာ လူအစားထိုးပြီး လယ်ထွန်နေရပါတယ်။ ဒီသတင်းကို အားချာကပေးပို ထားပါတယ်။

အကြမ်းဖက်စစ်တပ်က လာမယ့်မိုးစပါးအတွက် ဒီဇယ်ဆီတွေဖြန့်ဝေပေးဖို ပြီးခဲ့တဲ့ ဧပြီ လကပြောဆိုထားပေမယ့် အချိန်မှီရောက်မလာတဲ့အခါမှာတော့ ပူတာအိုခရိုင် နောင်မွန်း မြိုနယ် မှာ လယ်ယာသုံးစက်ကိရိယာတွေကို အသုံးမပြုနိုင်တော့ပဲ လူအင်အားကိုအသုံး ပြုပြီးလယ်ထွန်နေကြရပါတယ်။ ဒီအခြအနေကို အခုရက်ပိုင်းအတွင်း နောင်မွန်းမြိုနယ် ကိုရောက်ရှိခဲ့ တဲ့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးက အခုလိုရှင်းပြခဲ့ပါတယ်။ 


နောင်မွန်းမြိုမှာ အခုလို ထယ်ဗန်းကိုမြေမှာစိုက်ပြီး လူအင်အားနဲ့ ဆွဲထွန်ယက်နေရတာ ဖြစ်ပါတယ်။ မြစ်ကြီးနား - ပူတာအို လမ်းဖွင့်လှစ်ပြီးတဲ့နောက် စက်ကိရိယာ တွေကိုသာ အသုံးပြုလာခဲ့တဲ့အတွက် အဲ့ဒီဒေသ တွေမှာ ကျွဲနွားတွေကို လယ်ယာလုပ်ငန်းခွင်မှာ အသုံးပြုလေ့ မရှိ တော့ပါဘူး။ ရုတ်တရက် စက်သုံးဆီ ပြတ်လပ်လာတဲ့ အခါမှာတော့ ကျွဲနွားတွေ ကို ထမ်းပိုးတပ်ပြီး ခိုင်းကျွဲနွား အဖြစ် အသုံးမပြုနိုင်လို့ လူတွေက ဆွဲနေရပါတယ်။ 


စက်သုံးဆီပြတ်လပ် လာလို့ ပူတာအိုဒေသအခြေနေက လွန်ခဲ့တဲ့ နှစ်တစ်ရာ လောက်ကအခြေအနေလို ပြန်ဖြစ်နေပါတယ် တစ်နေရာနဲ့တစ်နေရာ ခြေကျင်ခရီးဖြင့်သာ သွားလာ နေကြရတယ်လို့ မူလာဒီကျေးရွာသား တစ်ဦးက ပြောပါတယ်။  ဟိုးအရင်တုန်းက ပုံစံဖြစ်သွားပြီ။ လမ်းလျှောက်တဲ့သူကလျှောက်။ လယ်သွားလုပ် တဲ့သူတွေလည်း လမ်းလျှောက်ပြီးသွားကြတယ်။ တော်တော်လေး လမ်းလျှောက်ပြီးသွားကြရတယ် လို့ ဆိုပါတယ်။


ပူတာအိုခရိုင်အတွင်းမှာ ပူတာအို၊ နောင်မွန်း၊ မချမ်းဘော့၊ ဆွမ်ပရာဘွမ်နဲ့ ခေါင်လန်ဖူး မြို နယ်တို့ ပါဝင်ပြီး ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်သုံးဆီ၊ အိမ်ဆောက်ပစ္စည်း စတဲ့ လူသုံးကုန်၊ စားကုန်တွေကို မြစ်ကြီးနားမြိုကနေ မှာယူသုံးစွဲကြတာဖြစ်ပြီး ဆန်မဖူလုံတဲ့ဒေသတစ် ခုဖြစ်ပါတယ်။ အဲ့ဒီဒေသမှာ တောင်ကုန်း တောင်တန်းထူထပ်ပြီး ဆောင်းရာသီမှာ စိုက်ပျိုး ရေရရှိအောင် ဆောင်ရွက်နိုင်တာ မရှိတဲ့အတွက် တစ်နှစ်ကို စပါးတစ်သီးသာ စိုက်ပျိုးနိုင်ပါ တယ်။ ဒါကြောင့်ဒေသခံတွေက အခုလိုမိုးစပါးရာသီမှာ ဝမ်းစာအတွက် စပါးတစ်သီးကို အမိအရစိုက်ပျိုးကြတာဖြစ်ပြီး စက်သုံးဆီပြတ်လပ်နေပေမယ့် စပါးတစ်သီးမလွတ်ရ အောင် လူအင်အားသုံးပြီး ထွန်ယက်စိုက်ပျိုးဖို့ ပြင်ဆင်လာကြတာပဲဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ကတော့ ပူတာအိုဒေသအတွင်း သုံးနှစ်အတွင်း ဆန်စပါးဖူလုံဖို့ စီမံကိန်းချဆောင် ရွက်နေပေမယ့် စက်သုံးဆီအလုံအလောက်မဖြန့်ဖြူးနိုင်လို လိုအပ်နေတဲ့ စပါးတင်း နှစ်သိန်းခွဲကိုပြည့်မှီအောင် မဖြည့်နိုင်တဲ့အပြင် ပုံမှန်စိုက်ပျိုးထုတ်လုပ်နေတဲ့ စပါးတင်း ၁၅ သန်းကလည်း လျော့ကျလာဖိုရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းနွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တိုက်ပွဲတွေကြောင့် သူဌေးရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းသွားပြီး အလုပ်သမား ၂ဝဝ ကျော် ပိတ်မိ 


ရခိုင်ပြည် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စီမံကိန်းရပ်ဆိုင်းလိုက်ရပြီး အလုပ်သမား ၂၀၀ ထက်မနည်း ပိတ်မိနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးမှာရှိတဲ့ လင်းသီ၊ ရွှေလှေ၊ ကွေ့ချောင်း၊ ဒေါ်မြ၊ ဆူးပုတ်ကုန်း၊ ချင်းကွေ့ စတဲ့ ကျေးရွာ ပတ်ဝန်းကျင်က တောင်ကြောတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေ ရက် ၂၀ ကျော် ကြာမြင့်နေပြီ လို့ ဆိုပါတယ်။ 


သူဌေးရေအားလျှပ်စစ်စီမံကိန်းဧရိယာအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ မြောက်တပ်ရင်းကိုလည်း ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

 

စီမံကိန်းလုပ်ငန်းတွေကို စစ်ကောင်စီက ရပ်ခိုင်းထားပြီး အလုပ်သမားတွေကို ပိတ်လှောင်ထားတယ်လို့ ထွက်ပြေးလွတ် မြောက်လာတဲ့ ဒေသခံအလုပ်သမားတဦးက ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ Western News က ပြောထားပါ တယ်။ 


"တိုက်ပွဲစဖြစ်တဲ့ နေ့ကတည်းက လုပ်ငန်းခွင်က ရပ်ထားတာ။ အလုပ်သမားတွေကိုတော့ ပေးမထွက်ခိုင်းဘူး။ လုပ်ငန်း ဆိုဒ်က စစ်ကောင်စီက ကိုယ်တိုင်ဦးစီးတဲ့ လုပ်ငန်းခွင်ရယ်၊ ကုမ္ပဏီကဦးစီးတဲ့ လုပ်ငန်းခွင်ရယ် ၂ခုရှိတယ်။ အလုပ်သမား တွေနဲ့ပေါင်းရင် ၂၀၀ ကျော်တယ်။ အလုပ်သမားတွေထဲမှာ သံတွဲဒေသခံတွေလည်းပါတယ်။ အခု ပိတ်မိနေတာပေါ့။ ပြန်မယ်ဆိုတာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မပြန်ရဘူး။ ပိတ်လှောင်ထားတယ်" လို့ အသက်စွန့်ထွက်ပြေးလာပြီး လုံခြုံတဲ့နေရာကိုရောက်နေတဲ့သူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Western News က ဖော်ပြလိုက်တာပါ။

 

ပိတ်မိနေသည့် လူ ၂၀၀ ကျော်ထဲမှာ စစ်ကောင်စီဘက်က နည်းပညာအဖွဲ့၊ အင်ဂျင်နီယာတွေနဲ့ ကုမ္ပဏီဘက်က အင်ဂျင်နီ ယာများ၊ အလုပ်ကြမ်းလုပ်ရတဲ့ဝန်ထမ်းများနဲ့ နေ့စားဝန်ထမ်းတွေပါဝင်နေပြီး သံတွဲဒေသခံအများအပြား ပိတ်မိနေကြ တယ်လို့ သိရပါတယ်။

 

စီမံကိန်းကထွက်တဲ့ ကွေ့ချောင်းလမ်းနဲ့ ရွှေလှေဘက်ကလမ်းကို စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် လုပ်ငန်းခွင်ထဲက အလုပ်သားမားတွေ ပိတ်မိနေတာလို့လည်း သိရပါတယ်။

 

သံတွဲတိုက်ပွဲမှာ ဧပြီလ ၂၂ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး နေ့စဉ်နီးပါး တိုက်ပွဲဖြစ်တာကြောင့် သံတွဲမြို့အဝင် ဘားဒန်းတောင် အမြောက်တပ်၊ မောင်ရွှေလေးရေတပ်နဲ့ ငပလီမြို့ချောင်လမ်း အမြောက်တပ်က တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လက်နက် ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

 

ဒီတိုက်ပွဲကြောင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးမှာရှိတဲ့ ကျေးရွာ ၁၅ ရွာထက်မနည်းက ဒေသခံပြည်သူ ၁၅၀၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၂။ မလည်ရွာတိုက်ပွဲမှာ စစ်တပ်ဘက်က ၆ဦးသေဆုံးပြီး လက်နက်ငယ် ၁၄ လက်ရလို့ စစ်ဒေသ- အသိပေး


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ၊ ရဲနဲ့ ပျူစောထီးအဖွဲ့ အခြေချစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ဦး သေဆုံးကာ လက်နက်ငယ် ၁၄ လက် ရရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်များဘက်ကလည်း ကျဆုံးမှုတွေရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်- စစ်ဒေသက ထုတ်ပြန်ပါတယ်။

မေလ ရက်က မလည်ရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို ကန့်ဘလူခရိုင် တပ်ရင်း ၂၊ ၃၊ ရွှေဘိုခရိုင် တပ်ရင်း-၃၊ အမှတ် ၅၁၀ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ကန့်ဘလူမြို့နယ် ပကဖ နဲ့ ခင်ဦးမြို့နယ် ပလဖ တို့က ထောက်ပို့နဲ့ ဖြတ်တောက်ရေး တာဝန်ယူခဲ့တယ်လို့ အသိပေးပါတယ်။

တိုက်ပွဲမှာ စစ်အုပ်စုဘက်က ဦးသေဆုံးပြီး လက်လုပ်သေနတ်အပါအဝင် လက်နက်ငယ် ၁၄ လက်၊ ကျည်နဲ့ ခဲယမ်းများ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ချိန်အတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့တဲ့အပြင် သပိတ်ကျင်းမြို့နယ် ကျောက်ဖျာရွာက အင်အား ၇၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကလည်း ကျောက်လုံးကြီးရွာကို ရေလမ်း ကနေ ရောက်လာပြီး စစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက် ရဲဘော် ၁၀ ဦးကျဆုံးကာ အရပ်သားပြည်သူတဦးသေဆုံးခဲ့တဲ့အပြင် ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ အမှတ်- စစ်ဒေသ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ရေစကြိုနယ်မှာ နတ်မိချောင်းစစ်ဆင်ရေးအဖြစ် ဆင်နွှဲခဲ့ရာမှာ စစ်အုပ်စုဘက်က ၁၈ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


မကွေးတိုင်း ရေစကြိုညမို့နယ်မှာ နတ်မိချေင်းစစ်ဆေင်ရေးအဖြစ် ဆင်နွှဲခဲ့တဲ့ တလတာကာလအတွင်း စစ်အုပ်စုဘက်က ၁၈ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲ့ယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Souther YSO PDF အဖွဲ့က ဒီနေ့ မေ ၁၁ မှာ ထုတ်ပြန်ပါတယ်။ 

ဧပြီလ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ တလတာကာလအတွင်း နတ်မိချောင်းစစ်ဆင်ရေးအဖြစ် စစ်ဆင်ရေး ကြိမ် ဖော်ဆောင်ခဲ့ရာမှာ စစ်သား၊ရဲနဲ့ ပျူစောထီး ၁၈ ဦး သေဆုံးကာ လက်နက်ခဲယမ်း အချို့ရရှိခဲ့တဲ့အပြင် စစ်သား ဦးလည်း လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

နတ်မိချောင်းစစ်ဆင်ရေးအတွက် အလုပ်တွေ များများလုပ်နိုင်ဖို့ ခဲယမ်းကျည်တွေ အဓိကလိုအပ်နေတယ် လို့ Souther YSO PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

local pdf ဘဝက ကိုယ်ထူကိုယ်ထ ကြိုးစားရတာပါပဲ။ ဒါကြောင့်မို့ နတ်မိချောင်းစစ်ဆင်ရေးအတွက် ကျည်ကမ်းပိန်း ပြုလုပ်သွားဖို့ ရှိပါတယ်လို့ ဆိုပါတယ်။ 


အဆိုပါကမ်ပိန်းကို ကိုရီးယားအခြေစိုက် Southern Yesagyo support Team -Korea က ဦးဆောင်ပြုလုပ်မှာဖြစ်ပြီး မဲတစောင်ကို ကိုရီးယားဝမ် တသောင်း၊ မြန်မာငွေ ကျပ်တသောင်းခွဲနဲ့ မေလ ၁၇ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ပြည်တွင်းပြည်ပက မိဘပြည်သူများအနေနဲ့ တတက်တအားပါဝင်ကူညီအားဖြည့်ပေးကြဖို့ Souther YSO PDF က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၄။ ဆားလင်းကြီးနယ်မှာ စစ်တပ်က လက်နက်ကြီးပစ်တာကြောင့် အရပ်သားတဦးဒဏ်ရာရပြီး အိမ် ၁၀ လုံးခန့်ပျက်စီး


စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူတဦးဒဏ်ရာရခဲ့ပြီး အိမ် ၁၀ လုံးခန့် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ရက်က ပလောင်ရွာနဲ့ ကူးတို့ကုန်းရွာကို ချင်းတွင်းမြစ်တဖက်ကမ်းမှာရှိတဲ့ မုံရွာမြို့ဘက်ကနေ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီကလည်း အသိပေးပါတယ်။

လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပလောင်ကျေးရွာက အသက် ၄၂ အရွယ် အမျိုးသားတဦး ဝမ်းဗိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၀လုံးခန့် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေကို ထမင်းဝေနေချိန်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်တာကြောင့် အရေးပေါ်တိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးဗရှာင်တွေကိုပါ အလှူရှင်တွေကိုယ်စား ထမင်းထုပ်ဝေပေးခဲ့ရတယ်လို့ ဆားလင်းကြီးမြို့နယ်-လက်ပံတောင်တောင် ပင်ပမသပိတ်ကော်မတီကလည်း အသိပေးပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ပလောင်ကျေးရွာအပါအဝင် ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ကျေးရွာတွေ အရပ်သား ပြည်သူ ၂၀၀၀ ခန့်မှာ တိမ်းရှောင်နေရပြီး စားရေးသောက်ရေးအတွက် အခက်ခဲများရှိနေတယ်လို့လည်း သိရပါတယ်။  

"ဒီကောင်တွေက ကျွန်တော်တို့ရွာဘက်တွေကို မကြာခဏဆိုသလို လက်နက်ကြီးတွေနဲ့ထုတယ်။ ဒီတခါတော့ ဒရုန်းတွေ ရော ပါတယ်ဗျ"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေတာ ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ရန်ကုန် - မော်လမြိုင်ကားလမ်း‌ပိုင်းက ဘီးလင်းတံတား မိုင်းခွဲဖျက်ဆီးခံရ 


မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကိုဖြတ်သန်းသွားတဲ့ ရန်ကုန် - မော်လမြိုင်ကားလမ်းပိုင်းက ဘီးလင်းတံတား ဒီနေ့ မေ ၁၁ မနက်အစောပိုင်းမှာ မိုင်းခွဲခံလိုက်ရပြီး တံတား ထက်ပိုင်းကျိုးကျသွားတယ်လို့ ဒေသခံပြည်သူတွေနဲ့ ခရီးသွားတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ်အတွင်းမှာ မနေ့ မေလ ၁ဝ ရက်နေ့ညပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒီမနက် နာရီခန့်မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံနဲ့အတူ တံတားကျိုးကျသွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး နေရာအချို့မှာလည်း ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။   

ဒေသနေပြည်သူတွေက ကျုံအိတ်တံတားလို့ခေါ်တဲ့ ဘီးလင်းတံတားဟာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA PDF ပူးပေါင်းတပ်တို့‌ကြား စစ်ရေးတင်းမာနေချိန် ၂၀၂၃ ခုနှစ် ဇွန် ၂၉ တုန်းကလည်း မိုင်းခွဲခံခဲ့ရဖူးတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေတာကြောင့် မိုင်းခွဲခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေက အဲဒီအချိန်မှာ သတင်းထုတ်ပြန်ခဲ့တာရှိပါတယ်။

တံတားပျက်စီးမှုကို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် သထုံခရိုင် လမ်းဦးစီးမှူးနဲ့ ထွေအုပ်စာရေး သေဆုံးခဲ့ပြီး ခရိုင်ရဲမှူး အပါအဝင် ရဲဝန်ထမ်း ဦး၊ စစ်တပ်အရာရှိတဦး အပါအဝင် ၁၂ ဦး၊ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးဝန်ထမ်းတဦး၊ မီးသတ်တပ်ဖွဲ့ဝင် ဦး ဒဏ်ရာရ သွားတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒေသနေပြည်သူတွေကတော့ တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ပြောဆိုနေကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ဒီ မေလပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာပဲ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က ပန်ဇင်းချောင်းတံတားနဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့က ကဇူး-တဘတ်ချောင်းတံတားကို ဖောက်ခွဲ ဖျက်ဆီးခဲ့တာရှိပါတယ်။

ရန်ကုန် - မော်လမြိုင်ကားလမ်းဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ကို ဆက်သွယ်ထားတဲ့လမ်းမကြီး ဖြစ်ပါတယ်။


========================


🚩🚩 ၆။ ပဲခူးရိုးမတောင်ခြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံး


ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အရှေ့ဘက်က ထန်းပင်ချောင်ရွာက ပဲခူးရိုးမတောင်ခြေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

မေလ ၁၀ ရက်နေ့ နာရီအချိန်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေတိုက်ခိုက်ခဲ့တာလို့ သိရပါ တယ်။

အင်အား ၃၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြိုတင်သတင်းအရ မိုင်းထောင်ကာ စစ်သား တွေ ဝင်လာချိန်မှာ အချိန်ကိုက် မိုင်းခွဲတိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးသွားတာလို့ သာယာဝတီဂဠုန်တပ်ဖွဲ့ က ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကစဉ့်ကလျားဖြစ်နေချိန်မှာ တော်လှန်ရေးအဖွဲ့တွေက အနီးကပ်ပစ်ခတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

တိုက်ပွဲပြီးချိန်မှာ အကြမ်းဖက်စစ်သားတွေရဲ့ လက်နက်ငယ် ကျည်အချို့နဲ့ ၆၀ မမ ဗုံးသီးတလုံးသိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိခဲ့ဘူးလို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ ဘုရားသုံးဆူမြို့ရှိ ဥဒေါင်းကန် () လမ်းရှိနေအိမ်တွင်  မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့


ဘုရားသုံးဆူမြို့ရှိ ဥဒေါင်းကန် () လမ်းရှိ နေအိမ်တစ်လုံးတွင်  ယနေ့ မွန်းတည့် (၁၂) နာရီဝန်းကျင်အချိန်ခန့်က မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။


ဥဒေါင်းကန် () လမ်းထောင့်ရှိ အောင်ခိုင်ဦး () ကတုံးဆိုသူ၏နေအိမ်တွင်းမှ ပေါက်ကွဲသံတစ်ကြိမ် အကျယ်ကြီးကြားရပြီးနောက် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောကြားသည်။


မီးလောင်မှုဖြစ်ပြီးတော့ နောက်ထပ် ပေါက်ကွဲသံ သုံးလေးကြိမ်လောက်ထပ်ကြားရတယ်။ ပြီးတော့ လက်နက်ငယ်နဲ့ ပစ်ခတ်သံ (၁၀) ချက်လောက်ကြားရတယ်။ ဖြစ်ဖြစ်ပြီးချင်းတော့ ဘယ်သူမှ မသွားကြည့်ကြသေးဘူး။ မီးကတော့ ငြိမ်းသွားပြီးလို့ သိရတယ်ဟု ၎င်းမြို့ခံ ဆက်လက်ပြောကြားသည်။


ထိုပေါက်ကွဲမှုကြောင့် ဘုရားသုံးဆူမြို့၊ တိုင်တစ်ရာကျောင်းတိုက်တွင်ဖွင့်လှစ်ထားသည့် နွေရာသီ မွန်စာပေယဉ်ကျေးမှုသင်တန်းကျောင်းတက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအား ၎င်းတို့၏ မိဘများမှ စိုးရိမ်ကာ လာရောက်ခေါ်ယူခဲ့ကြကြောင်း ဘုရားသုံးဆူမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်း‌နွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment