13th MAY 2024 - Morning Daily News by Radio NUG

 


၂၀၂၄ မေလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၂။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ၊ Nelson ရှိမြန်မာလူထုနှင့်တွေ့ဆုံ 

📌 ၃။ ဒီမိုကရေစီ၏မိခင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံအား SEA Heritage & Historyကဖော်ပြ

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်တော် (KIA)မှ စစ်ဦးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကွယ်လွန်

📌 ၅။ လူမြင်ကွင်းက ပျောက်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစော ပြန်လည်ပေါ်ထွက်လာ

📌 ၆။ ယင်းမာပင်မြို့နယ်တွင်းသို့ စစ်ကောင်စီမှ ရက်ရှည် စစ်ကြောင်းထိုးနေမှုကြောင့် စစ်ဘေးရှောင်နေကြရသည်မှာ(21)ရက်တာကာလထိကြာမြင့်

📌 ၇။ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူအနီး နယ်စပ်လုံခြုံရေး တင်းကြပ်ဖို့ ထိုင်းဝန်ကြီးချုပ်ပြော 

📌 ၈။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဆက်လက်ကျူးလွန်နေ


၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်သူတွေ့ရဲ့ ကူညီဖေးမမှုအားနှင့်ကျည်ကာပြား ၁၀၀နှင့် ကျည်ကာဦးထုပ် ၁၀၁လုံး ရောက်ရှိလာပြီလို့ ဒေါနစစ်ကြောင်းအသိပေး

🚩 ၂။ CDF-KKG BATTALION 3 ရဲ့ CR ထောက်ပို့နှင့် အရံတပ်သား သင်တန်းဆင်းပွဲနှင့် ရွှေဘိုခရိုင် အမှတ်()တပ်ရင်းအခြေခံစစ်သင်တန်း ပုံရိပ်များ ထုတ်ပြန်

🚩 ၃။ Chin Defense Force - Kanpetlet Headquarters CDF ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet) တော်လှန်ရေး() နစ်ပြည့် အထိမ်းအမှတ် ကြေညာချက်ထုတ်ပြန်

🚩 ၄။ မံစီ ရဲစခန်းကို KIA ပူးပေါင်းတပ်မှ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့စောင့်တပ် ခမရ (၆၀၁) ကို ဆက်လက်ထိုးစစ်ဆင်နေ

🚩 ၅။ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ ခလရ/၁၃၅ နယ်မြေအတွင်းရှိ ကာကင်းစခန်းကုန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းယူ

🚩 ၆။ ဖောင်းပြင်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစခန်း ခုကို ကာကွယ်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်

🚩 ၇။ ဖလမ်းတွင် CNDF နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးကာ အရပ်သားတစ်ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


မေလ ၁၃ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၀/၂၀၂၄)ကို မေလ ၁၃ရက် မနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။


အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ရှိမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးအား (၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၂။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ၊ Nelson ရှိမြန်မာလူထုနှင့်တွေ့ဆုံ 


မေလ၁၃ရက်။


လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံ၊ Nelson ရှိမြန်မာလူထုနှင့် တွေ့ဆုံခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းဟာ မေလ (၁၁)ရက်နေ့က နယူးဇီလန်နိုင်ငံ၊ Nelson မြို့ရှိ မြန်မာပြည်သူလူထုနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါတယ်။


ဆွေးနွေးပွဲတွင် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်နေမှုများ၊ အောင်မြင်တိုးတက်မှုရရှိလာသည့် အခြေအနေများနှင့်စိန်ခေါ်မှုများ စသည့်အကြောင်းအရာများကို ပွင့်လင်းမြင်သာစွာ အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။


ထို့ပြင် မြန်မာနိုင်ငံဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေးအတွက် နယူးဇီလန်နိုင်ငံရှိ မြန်မာပြည်သူပြည်သားများ လုပ်ဆောင်နိုင်သည့် အခန်းကဏ္ဍများကိုလည်း အကြံပြုဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲသို့ Nelson မြို့ရှိတိုင်းရင်းသားအင်အားစုများ ပါဝင်တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ဒီမိုကရေစီ၏မိခင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံအား SEA Heritage & Historyကဖော်ပြ


မေလ၁၃ရက်။ 


ဒီမိုကရေစီ၏မိခင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံအား SEA Heritage & Historyကဖော်ပြခဲ့ပါတယ်။


မေလ၁၃ရက်ညပိုင်းမှာ SEA Heritage & History ဆိုရှယ်မီဒီယာကဖော်ပြခဲ့ပါတယ်။


"သူမသည် ကျွန်ုပ်တို့၏နှလုံးသားထဲတွင် အမြဲရှိနေမှာဖြစ်တယ်"လို့လည်း ဆိုထားပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်မှနိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖမ်းဆီးအကျဥ်းချခဲ့ပြီး ယခုအချိန်အထိစစ်အာဏာရှင်များက လူမြင်ကွင်းရှေ့ကို ထုတ်မပြဝံ့တော့တာဖြစ်ပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်တော် (KIA)မှ စစ်ဦးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကွယ်လွန်


မေလ ၁၃ရက်။

Radio NUG


ကချင်လွတ်မြောက်ရေးတပ် (KIA) စစ်ဦးစီးချုပ် ယနေ့ညနေပိုင်းက နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားကြောင်း The 74 Mediaက ဖော်ပြထားပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် နာမကျန်းဖြစ်နေရာမှ မေလ ၁၃ရက် ညနေ နာရီခန့်အချိန်တွင် ရုတ်တရက်ကွယ်လွန်သွားခြင်းဖြစ်သည်ဟု KIO နှင့် နီးစပ်သူတစ်ဦးက ကွယ်လွန်တာက ကွန်ဖန်း (အတည်ပြု) ထားပါတယ်။ 

ကချင်တစ်မျိုးလုံးနဲ့ မြန်မာနိုင်ငံတော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ။ တကယ်ဝမ်းနည်းကြေကွဲရပါတယ်။ ပြောစရာ စကားတောင်မရှိတော့ပါဘူး" ဟု The 74 Media ကို ပြောကြားတယ်လို့ သိရပါတယ်။

မည်သည့်ရောဂါဖြင့် ကွယ်လွန်သွားသည်ကို သူကအသေးစိတ် မသိကြောင်းနှင့် သက်ဆိုင်ရာက တရားဝင်သတင်းထုတ်ပြန်သည်ကို စောင့်ကြည့်စေလိုသည်ဟု ဆက်ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းကွယ်လွန်မှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို The 74 Media က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသေးကြောင်း ရေးသားထားပါတယ်။

အသက် (၆၂) နှစ်အရွယ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် ရန်ကုန်တက္ကသိုလ်မှဘွဲ့ရခဲ့သူဖြစ်ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း KIA သို့ ဝင်ရောက်အမှုထမ်းခဲ့သည်။ 

စစ်ရေးပရိယာယ်ကြွယ်ဝပြီး တပ်ဖွဲ့ဝင်များ၏ ချစ်ခင်လေးစားမှုကိုရရှိထားသူဟု လူသိများသည့် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကို ၂၀၂၃ ခုနှစ်၊ နှစ်ဆန်း ရက်နေ့တွင် KIA ဒုတိယစစ်ဦးစီးချုပ်မှ စစ်ဦးစီးချုပ်ရာထူးသို့ တိုးမြင့်ခံခဲ့ရသူဖြစ်သည်။


========================


📌📌 ၅။ လူမြင်ကွင်းက ပျောက်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစော ပြန်လည်ပေါ်ထွက်လာ


မေလ ၁၃ရက်။

Radio NUG


မေလ ၁၁ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေကို သွားရောက်တွေ့ဆုံတဲ့ စစ်တပ်သတင်းရုပ်သံမှာ ဒုဗိုလ်ချုပ်ကြီး ညိုစောကို အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အတူ တွေ့မြင်ရတာဖြစ်ပါတယ်။

စစ်ကောင်စီ၏ အဂတိလိုက်စားမှု ကော်မရှင်က လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်၊ ဒုဗိုလ်ချုပ်ကြီးညိုစောနှင့် ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးတို့ကို မြေနှင့် အခြားသော အဂတိ လိုက်စားမှုများဖြင့် အရေးယူရန် ဧပြီလ ရက်နေ့နဲ့ ဧပြီလ ၁၁ ရက်နေ့ နာရီ ၁၅ မိနစ် အချိန်မှာ ဖမ်းဆီးစစ်ဆေးခံရကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီလို သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဧပြီလအတွင်းကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးတွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေတက်ရောက်တဲ့ အခမ်းအနားတွေမှာ မတွေ့ရဘဲ လူမြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးညိုစောသည် စစ်တက္ကသိုလ်အမှတ်စဉ် ၂၃ ကျောင်းဆင်းဖြစ်ပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့တွင်လည်း တိုင်းမှူး တာဝန်များကိုထမ်းဆောင်ခဲ့ကာ စစ်ထောက်ချုပ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း( MEC ) ဥက္ကဋ္ဌအဖြစ်၊ စစ်တပ်ပိုင် အင်းဝဘဏ်၏ ဥက္ကဋ္ဌအဖြစ်လည်း ထမ်းဆောင်နေကာ ၂၀၂၃ ဇူလိုင်လမှာ စစ်ခေါင်းဆောင်က ၎င်းရဲ့အကြံပေးအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၆။ ယင်းမာပင်မြို့နယ်တွင်းသို့ စစ်ကောင်စီမှ ရက်ရှည် စစ်ကြောင်းထိုးနေမှုကြောင့် စစ်ဘေးရှောင်နေကြရသည်မှာ(21)ရက်တာကာလထိကြာမြင့်


မေလ ၁၃ရက်။

Radio NUG

(23.4.24 )မှ မေလ ၁၃ရက်ထိ ယင်းမာပင်မြို့နယ်တွင်းသို့ စစ်ကောင်စီမှ ရက်ရှည် စစ်ကြောင်းထိုးနေမှုကြောင့် ပြည်သူများစစ်ဘေးရှောင်နေကြရသည်မှာ (21 )ရက်တာကာလထိ ကြာမြင့်နေပြီဖြစ်ကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ သတင်းထုတ်ပြန်ပါတယ်။


"ကျေးရွာ ၄ရွာက ပြည်သူတွေက အမြဲတမ်းရှောင်နေကြရပြီး စစ်ကြောင်းက အခြားရွာတွေကိုဝင်လာပြီဆို စစ်ရှောင်ဦးရေ ထပ်တိုးလာတာတွေရှိပါတယ်ဗျ။ လတ်တလောကတော့ စစ်ရှောင်စခန်းတွေမှာ လူဦးရေ (၂၅၀၀) ခန့်ရှိပါတယ်။ အချို့ပြည်သူများကတော့ ရင်းနှီးသောမိတ်ဆွေများရှိရာနေအိမ်များသို့ နေကြရပါတယ်။ စုစုပေါင်း စစ်ရှောင် ၅၀၀၀ခန့်ရှိမယ်လို့ခန့်မှန်းထားပါတယ်။

ကျွန်တော်တို့အဖွဲ့အနေဖြင့် စစ်ရှောင်စခန်းမှာနေထိုင်တဲ့ ပြည်သူတွေကိုပဲကူညီနေပါတယ်ဗျ။

စစ်ရှောင်ပြည်သူတွေအတွက်...ဆန်၊ ဆီ၊ ငါးပိနှင့် မီးဖိုဆောင်သုံးပစ္စည်းများ လိုအပ်သလိုရာသီဥတုဒဏ်ကြောင့် လေဖြတ်သူ နာမကျန်းဖြစ်သူတွေရှိလာပါတယ်။ အထူးသဖြင့် သက်ကြီးရွာအိုနှင့် ကလေးသူငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးများ အကူညီလိုအပ်နေပါတယ်ဗျ"ဟု စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်အဖွဲ့ဝင် ပြည်သူမှပြည်သူသို့ ပရဟိတ အဖွဲ့မှ 

ကိုသက်ဦးက ပြောကြားခဲ့ပါတယ်။

စစ်ရှောင်ပြည်သူများသို့ ထောက်ပံ့ကူညီမှုများ ပေးပို့လိုပါက စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်သို့ ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူအနီး နယ်စပ်လုံခြုံရေး တင်းကြပ်ဖို့ ထိုင်းဝန်ကြီးချုပ်ပြော 


မေလ ၁၃ ရက်။


Radio NUG


ထိုင်း-မြန်မာနယ်စပ်က ဘုရားသုံးဆူမြို့အနီးမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် နယ်စပ် လုံခြုံရေးကို တင်းကြပ်ဖို့ ထိုင်းဝန်ကြီးချုပ် Srettha Thavision က ပြောကြားခဲ့ပါတယ်။


မေလ ၁၂ ရက်နေ့က ကန်ချနဘူရီခရိုင်ကို ရောက်ရှိလာတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေကို အခုလို ပြောကြားခဲ့တာပါ။


ပြီးခဲ့တဲ့ရက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်း - မြန်မာ နယ်စပ်ကို လုံခြုံရေး ထပ်မံထင်းကြပ်ဖို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။


လက်ရှိမှာ မြန်မာ ဒုက္ခသည် ၁၀၀ ဝန်းကျင်လောက်ဟာ မေလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုင်းနိုင်ငံဘက်ကလည်း လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေကို ပေးနေပါတယ်။


ထိုင်းဝန်ကြီးချုပ် Srettha Thavision နဲ့အတူ ကာကွယ်ရေးဝန်ကြီး Suthin Khlangsaeng တို့အဖွဲ့ဟာ ကန်ချဘူရီခရိုင် နယ်စပ်စီးပွားရေးဇုန်ကို မေလ ၁၁ ရက်နေ့က ရောက်ရှိလာပြီး နယ်စပ်လုံခြုံရေး အခြေအနေကို လာရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၈။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဆက်လက်ကျူးလွန်နေ


မေလ၁၃ရက်။


အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဆက်လက်ကျူးလွန်နေတယ်လို့ဆိုပါတယ်။


ရက်စက်ဆိုးရွားလှသော ကျူးလွန်မှုများအတွက် ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရနေဆဲဖြစ်သည့် အကြမ်းဖက်စစ်အပ်စုသည် အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPကဖော်ပြပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ မေလ ရက်နေ့တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့၊ အကြည်ပန်းပလွန်းကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁၅ ဦးဝန်းကျင် သေဆုံးခဲ့သည့်အပြင်၊ မေ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဘုန်းကြီးကျောင်း၌ ပုန်းနေသည့် အသက် ၁၈ နှစ်အောက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၃၀ ဦးကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။


အလားတူပင် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် အရပ်သားပြည်သူလူထုအား စစ်အုပ်စုက မတရားဖမ်းဆီးပြီးနောက် အကျဉ်းသားအခွင့်အရေးများကို လုံလောက်ပြည့်မှီစွာ ခံစားခွင့်မပေးဘဲ ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ညှဉ်းဆဲလျက်ရှိရာ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်၌ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်းသည် စစ်ကြောရေးမှရရှိသော နှိပ်စက်ဒဏ်ရာများကို အချိန်နှင့်တပြေးညီ လုံလောက်စွာ ဆေးဝါး စောင့်ရှောက်မှု မရရှိခဲ့သဖြင့် မေလ ရက်နေ့တွင် သေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ပြည်သူတွေ့ရဲ့ ကူညီဖေးမမှုအားနှင့်ကျည်ကာပြား ၁၀၀နှင့် ကျည်ကာဦးထုပ် ၁၀၁လုံး ရောက်ရှိလာပြီလို့ ဒေါနစစ်ကြောင်းအသိပေး


မေလ၁၃ရက်။


ပြည်သူတွေ့ရဲ့ ကူညီဖေးမမှုအားနှင့် ကျည်ကာပြား ၁၀၀နှင့် ကျည်ကာဦးထုပ် ၁၀၁လုံး ရောက်ရှိလာပြီလို့ ဒေါနစစ်ကြောင်းအသိပေးဆိုပါတယ်။


မေလအတွင်းမှာ ဒေါနစစ်ကြောင်းကတရားဝင်အသိပေးဖော်ပြပါတယ်။


"ပြည်သူတွေ့ရဲ့ ကူညီဖေးမမှုအားနှင့် ကျည်ကာပြား ၁၀၀နှင့် ကျည်ကာဦးထုပ် ၁၀၁လုံး ရောက်ရှိလာပါပြီ။ ပထမအကြိမ်အဖြစ် ဒေါနတပ်ခွဲ () DDTတပ်ခွဲ အားကျည်ကာ ၂၀ပြား၊ ကျည်ကာဦးထုပ် အလုံး ၂၀။ ပထမအကြိမ်အဖြစ် ဒေါနတပ်ခွဲ()ကံပေါက်တပ်ခွဲအတွက်လည်း ကျည်ကာပြား၂၅ ပြား၊ ကျည်ကာဦးထုပ် ၂၅ လုံး တပ်ဆင်သွားမှာဖြစ်တယ်"လို့ဖော်ပြပါတယ်။


ကျန်ရှိနေသည့် ကျည်ကာပြားနှင့် ဦးထုပ်များအား ဒေါနစစ်ကြောင်းအတွင်း မတပ်ဆင်ရသးသည့် ရဲဘော်များအတွက် ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။


========================


🚩🚩 ၂။ CDF-KKG BATTALION 3 ရဲ့ CR ထောက်ပို့နှင့် အရံတပ်သား သင်တန်းဆင်းပွဲနှင့် ရွှေဘိုခရိုင် အမှတ်()တပ်ရင်းအခြေခံစစ်သင်တန်း ပုံရိပ်များ ထုတ်ပြန်


မေလ ၁၃ရက်။

Radio NUG


ချင်းပြည်နယ်အခြေစိုက် Chinland Defense Force, Kalay - Kabaw - Gangaw (CDF - KKG) ရဲ့ Battalion 3 က ပထမဆုံးဖွင့်လှစ်တဲ့ CR ထောက်ပို့နဲ့ အရံတပ်သား သင်တန်းကို ပြုလုပ်ပြီးစီးခဲ့ပြီလို့ 

CDF - KKG Battalion 3 က မေလ ၁၃ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သင်တန်းပြီးမြှောက်နိုင်ရန်အတွက် အဘက်ဘက်မှ ပါဝင်ကူညီပေးကြသော ပြည်သူတစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြထားပါတယ်။

အလားတူ စစ်ကောင်စီ စစ်မှုထမ်းဥပဒေကို ခေါင်းငုံ့မနေဘဲ ရွှေဘိုခရိုင် အမှတ်() တပ်ရင်းထံသို့ ဝင်ရောက်လာသော ရဲဘော်အသစ်များအား အခြေခံစစ်သင်တန်းအား အောင်မြင်စွာ သင်ကြားပို့ချနိုင်ခဲ့ကြောင်း  ရွှေဘိုခရိုင် အမှတ်() တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ၏ မတရားဥပဒေများကို ဆန့်ကျင့်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး စစ်ကောင်စီကို ပြန်လည်တော်လှန်လိုသည့် ပြည်သူများကို လှိုက်လှဲစွာ ကြိုဆိုကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ Chin Defense Force - Kanpetlet Headquarters CDF ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet) တော်လှန်ရေး() နစ်ပြည့် အထိမ်းအမှတ် ကြေညာချက်ထုတ်ပြန်


မေလ ၁၃ရက်။

Radio NUG


အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူများ၏ အချုပ်အခြာအဏာကို အတင်းအဓမ္မသိမ်းယူပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုပြုလုပ်ခြင်း (Civil Disobedience Movement) ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်၍ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရာတွင် ပြည်သူလူထုအပေါ် လူမဆန်စွာပစ်ခတ်၊ သတ်ဖြတ်မှုများ ကျူးလွန်လာသောကြောင့် ပြည်သူလူထု၏ အသက်အိုးစည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ပြည်သူလူထုက မွေးဖွားပေးခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ပါကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet)ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ() ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြပြီး ကန်ပက်လက်မြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့အား စတင်တိုက်ခိုက်ခဲ့သည့်၂၀၂၁ခုနှစ်၊ မေလ(၁၃)ရက်နေ့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF-Kanpetlet) တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ခဲ့ရာ 

()နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါကြောင်း တော်လှန်ရေးကာလ()နှစ်အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Kanpetlet) မှ စစ်သည်တော် (၂၈) ဦးတို့သည် မြင့်မြတ်စွာ အသက်ပေးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း (၂၀၀)ကျော် ဖြစ်ပွားခဲ့ကာ ညီနောင်မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင်နှင့်တကွ နိုင်ငံရေး ရည်မှန်းချက်တူညီသည့် အဖွဲ့များနှင့် တော်လှန်ရေးအောင်ပွဲရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး တော်လှန်ရေးကာလ () နှစ်အတွင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (CDF-Kanpetlet)ကို တစိုက်မတ်မတ် ထောက်ပို့ပေးကြသော ပြည်တွင်း ပြည်ပရှိ ထောက်ပို့အလှူရှင် မိဘပြည်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အသက်နှင့်ကိုယ်လက်အင်္ဂါ ပေးဆပ်သွားကြသောစစ်သည်တော်များ၏ စွန့်လွှတ်အနစ်နာခံမှုများကို လေးလေးနက်နက် အသိမှတ်ပြုပါကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။


========================


🚩🚩 ၄။ မံစီ ရဲစခန်းကို KIA ပူးပေါင်းတပ်မှ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့စောင့်တပ် ခမရ (၆၀၁) ကို ဆက်လက်ထိုးစစ်ဆင်နေ


မေလ ၁၃ ရက်။


Radio NUG


တိုက်ပွဲပြင်းထန်နေတဲ့ မံစီမြို့ ရဲစခန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ မြို့စောင့်တပ် ခမရ (၆၀၁)ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကာ တိုက်ပွဲများ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။


အဆိုပါ ရဲစခန်းကို မေလ ၁၃ ရက်နေ့ မနက် နာရီ ခွဲခန့်က စတင် ထိုးစစ်ဆင်ခဲ့ပြီး ညနေ နာရီခန့်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူများ ဆက်တိုက် အသုံးပြုခဲ့ပေမယ့် ညနေပိုင်းမှာ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြတာကြောင့် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


၎င်းထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များဟာ မြို့ပြင်က စစ်တပ်မှာ သွားပေါင်းတာ ဖြစ်နိုင်ပြီး KIA နဲ့ ပူးပေါင်းတပ်များကလည်း ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံဖမ်းဆီး ပစ်ခတ်နေကြတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။


စခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။


မံစီမြို့နဲ့ မိုးမောက်မြို့တို့မှာ KIA ပူးပေါင်းတပ်တွေက မေလ ရက်ကစပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြကာ နှစ်မြို့လုံးမှာ ရဲစခန်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး မြို့စောင့်တပ်တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ ခလရ/၁၃၅ နယ်မြေအတွင်းရှိ ကာကင်းစခန်းကုန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းယူ


မေလ ၁၃ရက်။

Radio NUG

မေလ ၁၃ ရက်နေ့ မနက် ၁၀နာရီခွဲခန့်မှာ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ ခလရ/၁၃၅ နယ်မြေအတွင်းရှိ ကာကင်းစခန်းကုန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းယူနိုင်ခဲ့ကြောင်း ကလလတဗျူဟာ() K P L Armyက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါကာကင်းစခန်းကုန်းမှ စကစတပ်သားများသည် စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး MAကျည်-အီနာကာကျည်-၁၄မိုင်း-၁၆မိုင်း-၁၈မိုင်း၊ လက်ပစ်ဗုံး၊ G3ကျည်၊ MAကျည်ဘောက်များ သိမ်းဆည်းရမိကြောင်းသိရပါတယ်။

တော်လှန်ရေးပူးပေါင်း တပ်ပေါင်းစုများဘက်မှ အဆိုပါစခန်းကုန်းတွင် တပ်စွဲ၍ နေရာယူကာ ခလရ ၁၃၄/၁၃၅ တပ်ရင်းများကို အနီးကပ် စောင့်ကြည့်၍ အခိုင်အမာတပ်စွဲ၍ သိမ်းပိုက်နိုင်ရန် ပြင်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။


ကလလတဗျူဟာ() ၉၄၂၀ တပ်ရင်းညွှန်ကြားရေးမှူးမှ ဦးဆောင်ကာ ကြယ်ဖြူ KNS Army နှင့် စစ်နည်းဗျူဟာ() လက်အောက်ရှိ ၄၈၇၈တပ်ရင်း၊ KA D-1Drone တပ်ဖွဲ့၊ စနိုက်ဘာတပ်ဖွဲ့ ကွန်မန်ဒိုအထူးတပ်ဖွဲ့အစရှိသော ပူးပေါင်းတပ်များမှ သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ဖောင်းပြင်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစခန်း ခုကို ကာကွယ်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်


မေလ ၁၃ ရက်။


Radio NUG


စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ကျေးရွာ ပျူစောထီး စခန်း () ခုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း တချို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ မြေလတ်အသံ သတင်းဌာနက ဖော်ပြပါတယ်။


မေလ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ဖောင်းပြင်မြို့နယ်က ဆည်ချောင်း၊ ဟာပါ၊ ဆိတ်ဆား၊ ညောင်ကုန်းစတဲ့ ကျေးရွာ ရွာက ပျူစခန်း ခုကို မော်လိုက်ခရိုင် တပ်ရင်း ၁၊ တပ်ရင်း နဲ့ နယ်မြေခံ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။


ဆည်ချောင်းနဲ့ ဟာပါရွာ စခန်းသိမ်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းမှုး အပါအဝင် ဦး သေဆုံးခဲ့ကာ ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ကျန် စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။


တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်၊ ကျည်ဆန်နဲ့ Jammer စက်တွေကို သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေး ရဲဘော်တချို့လည်း ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။


အဆိုပါ စခန်းစွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ဖောင်းပြင်မြို့ပေါ်မှာ အင်အားသွားပေါင်းနေပြီး စစ်ကြောင်းပြန်ထိုးဖို့ ပြင်ဆင်နေတာတွေ ရှိတယ်လို့ သိရပါတယ်။


ဖောင်းပြင်မြို့ တောင်ပိုင်းက ပုဂံတောင်၊ ချောင်းခွ၊ မယ်ဇလီစတဲ့ ရွာတွေနဲ့ မြို့တစ်ဖက်ကမ်း ပိုးစားကုန်း ရွာတို့မှာ ပျူစောထီးစခန်းတွေ အများဆုံး ကျန်ရှိနေပြီး မြို့တောင်ပိုင်းကိုတော့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ထိန်းချုပ်စိုးမိုးထားနိုင်တာဖြစ်ပါတယ်။


========================


🚩🚩 ၇။ ဖလမ်းတွင် CNDF နှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးကာ အရပ်သားတစ်ဦး ဒဏ်ရာရ


မေလ ၁၃ ရက်။


Radio NUG


ချင်းပြည်နယ်၊ ဖလမ်းမြို့ ဈေးဟောင်းရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ Chin National Defense Force - CNDF တပ်ဖွဲ့တို့ကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ဦးသေဆုံးကာ ပြည်သူ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။


မေလ ၁၃ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ဆင်ရေးလုပ်ဖို့ သွားနေတဲ့ CNDF ရဲဘော်များနဲ့ စစ်ကောင်စီရဲ့ ကင်းပုန်းတို့ ရုတ်တရက် တွေ့ဆုံခဲ့ပြီး ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ချင်းဒေသအခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ Zalen က ဖော်ပြပါတယ်။ 


ဖလမ်းမြို့၊ ဈေးဟောင်းရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့ပြီး အသက် နှစ်အရွယ် ကလေး ဦး ခြေထောက်မှာ မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ CNO / CNDF အတွင်းရေးမှူး () Salai Timmy က ပြောပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလ ၁၈ ရက်ကလည်း ဖလမ်းမြို့ လမ်းဆုံမှာ တပ်စွဲထားပြီး ငွေကြေးတောင်းခံတာတွေ လုပ်နေတဲ့ စစ်ကောင်စီ ဂိတ်စခန်းကို CNDF တပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့်  စစ်ကောင်စီ အရာရှိတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment