5th MAY 2024 - Evening Daily News by Radio NUG

၂၀၂၄ မေလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စကစဟာ ဒုတိယ ကမ္ဘာစစ်ထက်ပင်မြို့တွေကိုပျက်အောင်ဖျက်ဆီးနေတယ်လို့ဆို

📌 ၂။ အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte မြို့တွင် NUG အစိုးရ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်  သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ဒေသခံမြန်မာတိုင်းရင်းသားများနှင့်တွေ့ဆုံ

📌 ၃။ ဧပြီလ မှ ၃၀ ရက်အထိ ထီလက်မှတ် ဝယ်ယူအားပေးမှု စုစုပေါင်း ပမာဏမှာ ၁၁၅,၇၀၉ စောင်ရှိခဲ့

📌 ၄။ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" အစီစဉ်မှာ ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကား () ကားကို San Francisco Bay Area မှာ ရှိတဲ့ "Fremont" မြို့မှာပြသမယ်


၂၀၂၄ ခုနှစ် မေလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ပုံကျရုံမက တိုက်ရည်ခိုက်ရည်ကောင်းတဲ့ တပ်ရင်းတပ်ဖွဲ့တွေ မြေပြင်မှာ အမြောက်အမြား ရှိနေပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ထုတ်ဖော်ပြောကြား

🚩 ၂။ ဆွမ်ပရာဘွမ်မြို့က စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်

🚩 ၃။ မြောင်နယ်က မင်းတန်းရွာကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့် အိမ်၄လုံးမီးလောင်ပျက်စီး

🚩 ၄။ ဘူးသီးတောင်က စကခ-၁၅ တပ်မဌာနချုပ်နဲ့ တပ်ရင်း ရင်းအပါအဝင် ဘူးသီးတောင်-မောင်တောလမ်းက စစ်စခန်း ၄ခု  AAသိမ်းပိုက် 

🚩 ၅။ တောင်စွန်းစခန်းနဲ့ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် စစ်သား ဦးသေဆုံးပြီး လက်နက်အချို့ရရှိ

🚩 ၆။ ငါန်းဇွန် မြေတိုင်းရွာ တိုက်ပွဲမှာ စစ်သား ၁၁ ဦးသေဆုံး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စကစဟာ ဒုတိယ ကမ္ဘာစစ်ထက်ပင်မြို့တွေကိုပျက်အောင်ဖျက်ဆီးနေတယ်လို့ဆို


မေလ၅ရက်


အကြမ်းဖက်စကစဟာ ဒုတိယ ကမ္ဘာစစ်ထက်ပင်မြို့တွေကိုပျက်အောင်ဖျက်ဆီးနေတယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်က မေလအတွင်းမှာသုံးသပ်ပြောကြားထားပါတယ်။


"မြို့ကြီးတွေသိမ်းရင် ဒီလိုဖြစ်လာမယ် ဆိုပြီး ပြည်သူကို ခြိမ်းခြောက်တဲ့ သဘော ဖြစ်ပါတယ်။ Comments တွေဖတ်ကြည့်ရင် ပို တွေ့ပါလိမ့်မယ်။ အမှန်တော့ တိုက်ပွဲဖြစ်တာနဲ့ မြို့ပျက်အောင် လုပ်တာမတူပါဘူး။ ဒုတိယ ကမ္ဘာစစ်မှာတောင် မြို့တွေ ဒီလောက်မပျက်ခဲ့ပါဘူး။ ဒါက တမင်သက်သက် ပျက်အောင်လုပ်လို့ပျက်တာ။ တော်လှန်ရေးကို ပြည်သူတွေ အားပေးတယ် ဆိုပြီး တမင်လုပ်တာ။ သူတို့ အာဏာအတွက် ဘာမဆို မလုပ်ရဲတာမရှိဘူး ဆိုတာကိုပြတာ"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စကစတပ်များကြောင့်ပြည်သူ . သန်း ကျော်မှာ ပြည်တွင်းနေရပ်စွန့်ခွာသူများဖြစ်နေရပြီး ၁၉ သန်းခန့်သော ပြည်သူများအနေ ဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို လိုအပ်နေကာ၈၅,၀၀၀ ကျော်သော ပြည်သူ့အိုးအိမ်များမှာ မီးရှို့ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။


========================


📌📌 ၂။ အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte မြို့တွင် NUG အစိုးရ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်  သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ဒေသခံမြန်မာတိုင်းရင်းသားများနှင့်တွေ့ဆုံ


မေလ၅


အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Charlotte မြို့တွင် NUG အစိုးရ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်  သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ဒေသခံမြန်မာတိုင်းရင်းသားများနှင့်တွေ့ဆုံခဲ့ပါတယ်။


အမေရိကန်အရှေ့ပိုင်းစံတော်ချိန် မေလ ရက် နေ့လည်က Charlotte မြို့တွင်ကျင်းပသော အဆိုပါပွဲကို 1Brick1Sand-Charlotte NCအဖွဲ့က Organize လုပ်ကာ တော်လှန်ရေးရံပုံငွေ ဈေးရောင်းပွဲတော် နှင့်အတူကျင်းပခဲ့ပါတယ်။


တက်ရောက်လာသော ပြည်သူများကို NUG ဝန်ကြီးများနှင့် သံအမတ်ကြီးတို့မှ နှုတ်ခွန်းဆက်စကားနှင့်အတူ တော်လှန်ရေး၏အရွေ့ တော်လှန်ရေး၏ လက်ရှိအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာသော တိုင်းရင်းသားပြည်သူများ၏ တော်လှန်ရေးနှင့်ပတ်သက်သော မေးခွန်းများ NUG အစိုးရ၏ လုပ်ဆောင်နေမှုနှင့် ပတ်သက်သောမေးခွန်းများကို သူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။


========================


📌📌 ၃။ ဧပြီလ မှ ၃၀ ရက်အထိ ထီလက်မှတ် ဝယ်ယူအားပေးမှု စုစုပေါင်း ပမာဏမှာ ၁၁၅,၇၀၉ စောင်ရှိခဲ့


မေလ၅


ဧပြီလ မှ ၃၀ ရက်အထိ ထီလက်မှတ် ဝယ်ယူအားပေးမှု စုစုပေါင်း ပမာဏမှာ ၁၁၅,၇၀၉ စောင်ရှိခဲ့ပါတယ်။


၂၀၂၄ ဧပြီလ နွေဦးထီ ဝယ်ယူမှု မှတ်တမ်းကို နွေဦးထီမိသားစုကဖော်ပြပါတယ်။


ဧပြီလ ၃၀ရက်နေ့ တွင် အောင်မြင်စွာ ကျင်းပခဲ့သည့် နွေဦးထီ ဖွင့်ပွဲ အခမ်းအနား (ထီအမှတ်စဥ် NOH20240401) အတွက် Grand Prizes ဆုကြီး ဆု အား  ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်ပြခဲ့ပြီး ကျန်ဆုမဲများကိုလည်း နွေဦးထီ Version 2 စနစ်မှ မိနစ်ပိုင်းအတွင်း အလိုအလျောက် ရွေးချယ်ခဲ့ပါတယ်။လစဥ်နွေဦးထီ လက်မှတ်ပေါင်း ရောင်းချနိုင်မည့် အများဆုံး ပမာဏသည် အစောင်ရေ ,၀၀၀,၀၀၀ ရှိပြီး ဧပြီလ မှ ၃၀ ရက်အထိ ထီလက်မှတ် ဝယ်ယူအားပေးမှု စုစုပေါင်း ပမာဏမှာ ၁၁၅,၇၀၉ စောင် ဖြစ်ပါတယ်။ ၎င်းတို့အနက်မှ ထီပေါက်မဲ နံပါတ် စုစုပေါင်း ၁၂၇၈ ဆု ကို ကံထူးရှင် နွေဦးထီချစ်သူများမှ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ 


ထီပေါက်စဥ်ထွက်ရှိပြီးသည်နှင့် တပြိုင်နက် နွေဦးထီ version အသစ်၏ အားသာချက်အတိုင်း ဆုငွေများကို သက်ဆိုင်ရာ ကံထူးရှင်များ၏ ထီပေါက်သည့် အကောင့်များသို့ အလိုအလျောက်စနစ်ဖြင့် တိုက်ရိုက်ပို့ဆောင်နိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ 


လစဉ် လိုအပ်ချက် အသီးသီးအတွက် မျှော်မှန်းထားတဲ့ ထီလက်မှတ် ဝယ်ယူမှု ပမာဏကို ရရှိနိုင်ရန် များစွာ လိုအပ်နေသေးတယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" အစီစဉ်မှာ ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကား () ကားကို San Francisco Bay Area မှာ ရှိတဲ့ "Fremont" မြို့မှာပြသမယ်


မေလ၅ရက်


"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" အစီစဉ်မှာ ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကား () ကားကို San Francisco Bay Area မှာ ရှိတဲ့ "Fremont" မြို့မှာပြသမယ်လို့သိရပါတယ်။


မေလအတွင်း"သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" ကအသိပေးဖော်ပြပါတယ်။


 "မေလ ၁၉ ရက် (တနင်္ဂနွေနေ့) - ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဆစ်စ္စကို မှာ ပြုလုပ်မယ့် ရုပ်ရှင်ပြပွဲအတွက် ကြေငြာပေးချင်ပါတယ်။ "သတ္တိနဲ့ ပွင့်လန်း ချစ်သောပန်းများ" အစီစဉ်မှာ ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကား () ကားကို San Francisco Bay Area မှာ ရှိတဲ့ "Fremont" မြို့မှာ ပွဲချိန် နှစ်ချိန်ခွဲပြီး ပြသသွားမှာပါ"လို့ဖော်ပြပါတယ်။ 


ရုပ်ရှင်လက်မှတ်တွေကို ကြော်ငြာထားတဲ့ကိုယ်စားလှယ်များထံဖုန်းနံပါတ်များ ဆက်သွယ်ပြီး ကြိုတင် ဝယ်ယူထားနိုင်တယ်လို့သိရပါတယ်။ 


 

အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်ပုံကျရုံမက တိုက်ရည်ခိုက်ရည်ကောင်းတဲ့ တပ်ရင်းတပ်ဖွဲ့တွေ မြေပြင်မှာ အမြောက်အမြား ရှိနေပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ထုတ်ဖော်ပြောကြား


မေလ၅


စစ်ပုံကျရုံမက တိုက်ရည်ခိုက်ရည်ကောင်းတဲ့ တပ်ရင်းတပ်ဖွဲ့တွေ မြေပြင်မှာ အမြောက်အမြား ရှိနေပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


မေလ၅ရက်ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း ()နှစ်ပြည့် အခါသမယ ပြည်သူ့တော်လှန်ရေးရဲဘော်များထံ ပေးပို့သော သဝဏ်လွှာမှာကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကဆိုလိုက်တာဖြစ်ပါတယ်။


"စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားဖို့၊ အနာဂတ်ကာလမှာ မဖြစ်မနေ ထူထောင်ရမယ့် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ရဲ့ အမြုတေ ဖြစ်စေဖို့ ရည်ရွယ်ချက်များနဲ့ PDFတပ်မတော်ကို တည်ထောင် ခဲ့တာ ဒီကနေ့ဆို သုံးနှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်တယ်။

PDFတပ်မတော်ကို နိုင်ငံရေး၊စစ်ရေးအရ ကျောထောက်နောက်ခံပေးပြီး ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးဖော်ဆောင်မယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကိုလည်း တပြိုင်တည်း ဖွဲ့စည်းတည်ထောင် ခဲ့ကြတာ ဖြစ်တယ်။

ဒီ()နှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့နှစ်ခုဟာ အလျင်အမြန် ရင့်ကျက်လာခဲ့ပြီး စစ်ပညာကော စစ်ရေး အတွေ့အကြုံပါ ရှိတဲ့ တပ်ဖွဲ့များ ဖြစ်လာခဲ့သလို အောင်ပွဲအမြောက်အမြားလည်း ရယူနိုင်ခဲ့ကြတယ်။ဒီလပိုင်းတွေအတွင်း ကျွန်တော်အနေနဲ့ ဒေသစုံ လှည့်လည်သွားလာပြီး မြေပြင်ရဲဘော်တွေနဲ့ ဆက်တိုက် တွေ့ဆုံခဲ့တယ်။ကျွန်တော့်အတွက် အံ့သြဂုဏ်ယူရတာက စစ်ပုံကျရုံမက တိုက်ရည်ခိုက်ရည်ကောင်းတဲ့ တပ်ရင်းတပ်ဖွဲ့တွေ မြေပြင်မှာ အမြောက်အမြား ရှိနေပြီဆိုတဲ့ အချက် ဖြစ်တယ်"လို့ဝန်ကြီးကပြောပါတယ်။


ဒါ့အပြင် NUGမှာ လွတ်မြောက်နယ်မြေ ရှိပြီဖြစ်ကာရန်သူ့ အုပ်ချုပ်ရေးယန္တရားကို ဖျက်သိမ်းပြီး  ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်နေပြီ ဖြစ်ရုံမက ရန်သူ့တပ်များ မြေပြင်က အလွယ်တကူ ဝင်ရောက်မလာနိုင်အောင် စစ်ရေးအရ ကာကွယ် ဟန့်တား ထားနိုင်တဲ့ နယ်မြေတွေ ရှိနေပြီလို့ ကာကွယ်ရေးဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


🚩🚩 ၂။ ဆွမ်ပရာဘွမ်မြို့က စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်


ကချင်ပြည်နယ်ထဲမှာ သွေးချင်းတို့ပျော်ရာမြေလို့တင်စားခံရတဲ့ ဆွမ်ပရာဘွမ်မြို့က စစ်ကောင်စီတပ်စခန်းကို ကချင်လွတ် လပ်ရေးတပ်မတော်-KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က ဒီနေ့ မေလ ၅ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့က စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်များအပါအဝင် အင်အား ၂၀၀ ကျော်ရှိတဲ့ ခလရ ၄၆ ကို ဒီနေ့ မနက် နာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မနေ့ မေလ ရက်နေ့ညက တညလုံးနီးပါး အကြမ်းဖက်စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူတွေပေးနေတဲ့ကြားက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကိုလည်း အပြည်အဝထိန်းချုပ်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ 

"ဆွမ်ပရာဘွမ်မြို့နယ် Sold Outပါ" လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးလည်းဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူလည်းဖြစ်တဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးချန်းဂျော်ရမ် ကလည်း အတည်ပြုထား ပါတယ်။ 

ဆွမ်ပရာဘွမ်ဒေသက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့မတ်လ ဒုတိယပတ်မှာ စတင် တိုက်ခိုက်ခဲ့ရာ မတ်လ ၁၆ ရက်နေ့မှာ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးများကိုသိမ်းယူနိုင်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့ကစလို့ ခလရ-၄၆ ဆိုတဲ့ စစ်စခန်းကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ 

ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတွေများခဲ့ပြီး အချို့သောစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ည ၁ဝ နာရီလောက်ကတည်းက စခန်းစွန်ခွာထွက်ပြေးသွားကြတယ်လို့လည်း ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့မဟာမိတ်တပ်တွေဟာ ဆွမ်ပရာဘွမ်စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီလို့ သိရပါတယ်။


========================


🚩🚩 ၃။ မြောင်နယ်က မင်းတန်းရွာကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့် အိမ်၄လုံးမီးလောင်ပျက်စီး


စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက မင်းတန်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အိမ်၄လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ညသန်းခေါင်ယံ ၁၂ နာရီနဲ့ ၁၂ နာရီခွဲအတွင်းမှာ မင်းတန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ မြောင် CDSOM အဖွဲ့က ကိုနွေဦး (မြောင်) က ပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်၄လုံး မီးလောင်ပျက်စီးသွားတဲ့အပြင် နွား ကောင် သေဆုံးခဲ့တယ်လို့လည်း အသိပေးပါတယ်။

မြောင်မြို့နယ်အတွင်းကို မေလ ရက်ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံရွာသားတွေ တိမ်းရှောင်နေကြရတဲ့အတွက် လူတွေတော့ ထိခိုက်မှုမရှိဘူး လို့ သိရပါတယ်။ 

အဆိုပါစစ်ကြောင်းဟာ မေ ကစပြီး မြင်းခြံနယ် ဆီမီးခုံဘက်ကနေ ဧရာဝတီမြစ်တဘက်ခြမ်းမှာရှိတဲ့ မြောင်နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့ ပူးပေါင်းပြီး ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုများနိုင်တယ်လို့ ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့ကက အသိပေးထားပါတယ်။


========================


🚩🚩 ၄။ ဘူးသီးတောင်က စကခ-၁၅ တပ်မဌာနချုပ်နဲ့ တပ်ရင်း ရင်းအပါအဝင် ဘူးသီးတောင်-မောင်တောလမ်းက စစ်စခန်း ၄ခု  AAသိမ်းပိုက် 


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ်-၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) နဲ့ တပ်ရင်း ရင်းအပါအဝင် ဘူးသီးတောင်-မောင်တောလမ်းက စစ်စခန်း ခု တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ ရခိုင်တပ်တော် -AA က ထုတ်ပြန်ပါတယ်။ 

ရခိုင်ဒေသတွင်း တိုက်ပွဲသတင်းတွေကို ဒီနေ့ မေလ ရက် မနက်အစောပိုင်းက ထုတ်ပြန်ရာမှာ အခုလိုဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့က စကခ ၁၅ မှာ လက်အောက်ခံတပ်ရင်း ရင်း၊ ဘူးသီးတောင်ဗျူဟာလက်အောက်ခံတပ်ရင်း ရင်း စုစုပေါင်း တပ်ရင်း ၁၂ ရင်းအနက် စကခ-၁၅ တပ်မ ဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်း ရင်းကို ထိုးစစ်အရှိန်မြင့်ခဲ့တဲ့ ရက်ပေါင်း ၄၀ အတွင်း သိမ်းယူနိုင်ခဲ့တာလို့ AA က အသိပေးပါတယ်။

AA က မတ်လ ၂၅ မှာ ခမရ-၅၅၂ ဧပြီ မှာ ခမရ-၅၆၄ ၊ဧပြီ ၂၄ မှာ ခမရ-၅၆၅၊ မေ ၂မှာ စကခ-၁၅ ဘူးသီးတောင်တပ်မ ဌာနချုပ်၊ မေ မှာ ခမရ-၅၅၁ တပ်ရင်းတို့ကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

AA အနေနဲ့ စကခ-၁၅ တပ်မဌာနချုပ်ကို ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ဧပြီလကုန်ပိုင်းမှာ ထိုးစစ်ရှိန်မြှင့်ခဲ့တာ တောင် ၁၂ ရက်ကြာ တိုက်ယူခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စကခ-၁၅ တပ်မဌာနချုပ်မှာ ရဟတ်ယာဉ်တွေ ဆင်းသက်နိုင်တဲ့နေရာနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေထားရှိ အသုံး ပြု တဲ့ နေရာတွေ ပါဝင်နေတာကို AA က ဖော်ပြတဲ့ တည်နေရာပြပုံမှာ တွေ့ရမှာဖြစ်ပါတယ်။


ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့သလို လက်နက်ချအညံ့ခံတဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားပြီး ခမရ-၅၅၁နဲ့ စကခ-၁၅ တပ်မဌာနချုပ်ကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံရှင်းလင်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။


ထိုးစစ်နဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ AA ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး ဒီအာရက္ခစစ်သည်တော်တွေနဲ့ သတ္တိ ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ အာရက္ခစစ်သည်တော်များ၊ ကြီးကြပ် ကွပ်ကဲနိုင်ခဲ့ကြတဲ့ အဆင့်ဆင့်သော အာရက္ခ စစ်သည်တော်များကို လေးနက်စွာမှတ်တမ်းတင် ဂုဏ်ပြုကြောင်း AA ကဖော်ပြထားပါတယ်။

အခုရက်ပိုင်းအတွင်း ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့သလို မောင်တော၊ အမ်း၊ ကျောက်ဖြူနဲ့ သံတွဲမြို့တွေ ဘက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေရှိခဲ့ပြီး ဘူးသီးတောင်-မောင်တောကားလမ်းက တာဝါတိုင်စခန်းကုန်း မိုင်စခန်းကုန်း၊ နခခ- (ကျီးကန်းပြင်) နခခ-၁၀ (လှဖိုးခေါင်) စတဲ့စခန်းတွေကိုလည်း သိမ်းပိုက်ရရှိထားတယ်လို့ AA က ထုတ်ပြန်ထားပြီး အမ်းမြို့နယ်အတွင်းက တောဟိန်းတောင်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ တောင်စွန်းစခန်းနဲ့ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် စစ်သား ဦးသေဆုံးပြီး လက်နက်အချို့ရရှိ


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက တောင်စွန်းစစ်ကောင်စီတပ်စခန်းနဲ့ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူ လာတဲ့ စစ်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLAနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့  နဂါးနီစစ် ကြောင်းက မေ မှာ ထုတ်ပြန်ပါတယ်။ 

တောင်စွန်းစခန်းကို KNLA ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF Lion Battalion Commando စစ်ကြောင်း၊ Federal Wings နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဧပြီ ၁၇ ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ မေလ ၃ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

တောင်စွန်းစခန်းနဲ့ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူတက်လာတဲ့ ခမရ-၄၀၃ တပ်က စစ်ကြောင်းကို နဂါးနီစစ်ကြောင်းနဲ့ KNLA တပ်ရင်း -၁၆ တို့က အကြိမ်ကြိမ်လိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဧပြီ ၂၈ ရက်မှာဆိုရင် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့  အသိပေးထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ဂျက်ဖိုက်တာနဲ့ ကြိမ်၊ MI 35 နဲ့ ၂ကြိမ်၊ ဝဲကလီမှာရှိတဲ့ အမြောက်တပ်က ၁၅၅ မမ ဟောင်ဝစ်ဇာနဲ့ ပစ်ကူပေးတဲ့အပြင် အနန်းကွင်းဗျူဟာစခန်းကနေ ၈၁ မမ ပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ် နေရာဟာ မီးလောင်ပြင်အတိဖြစ်သွားခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ တောင်စွန်းစခန်းကို သိမ်းပိုက်နိုင်ဖို့ KNLAနဲ့ ပူးပေါင်းတပ်တွေ ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော်တွေထိခိုက်ကျဆုံးမှုတွေရှိသလို စစ်ကောင်စီဘက်ကလည်း ၂၆ ဦးသေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အလက် ၄၀ ကျော်သိမ်းပိုက်ရရှိခဲ့တယ်လို့ SOF က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ငါန်းဇွန် မြေတိုင်းရွာ တိုက်ပွဲမှာ စစ်သား ၁၁ ဦးသေဆုံး 


 မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြေတိုင်းရွာမှာ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၁ ဦးသေဆုံးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM အဖွဲ့က ပြောပါတယ်။ 

မနေ့ မေလ ရက် မနက် နာရီ ၄၅ မိနစ်ခန့်က ငါန်းဇွန်မြို့နယ် မြေတိုင်းရွာကိုရောက်တဲ့ အကြမ်းဖက်စစ်သား ၃၀ ခန့်နဲ့  ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိပ်တိုက်တိုးရာမှာ ပေ ၂၀ ခန့်အကွာကနေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရတဲ့အတွက် စစ်သား ဦး သေဆုံးခဲ့တယ်လို့ CDSOM အဖွဲ့က ကိုနွေဦး က ပြောပါတယ်။

မြေတိုင်းရွာအတွင်း ပေ ၂၀ခန့်အကွာ ထိပ်တိုက်တိုးချိန်မှာ စစ်သားတွေက လက်နက်ခြင်းတူတာကို သူတို့လူထင်ပြီး PDF ရဲဘော်အစိကို ငါ့ကောင် ဒီဘက်လာလို့ခေါ်ချိန်မှာ ရဲဘော်အစိက ၄၀မမ တစ်လုံးပစ်သွင်းပြီး လက်နက်ငယ်နဲ့မွှေ့လိုက်တာ စစ်ခွေး ကောင် နေရာမှာတင် ဘဝပြောင်းသွားတယ် လို့ ဆိုပါတယ်။ 

ဒီအနီးကပ်တိုက်ပွဲမှာ ဆိုင်ကယ် ၂စီး ပျက်စီးတာကလွဲပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။ 

အဲဒီနောက် မနေ့မနက် နာရီကျော်အချိန်မှာ ငါန်းဇွန်မြို့ဘက်ကနေ စစ်ကူလာတဲ့ ကား စီးကို ညောင်လေးပင်တာဘောင် ပေါ် မှာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တာကြောင့် အကြမ်းဖက်စစ်သား ဦး ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို CDSOM ငါန်းဇွန်တပ်ခွဲ NRF နဲ့ ငါန်းဇွန်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ဖြစ်ပါတယ်။

ဧပြီလအတွင်းမှာ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုကြောင့် ဒရုန်းပစ္စည်းအချို့နဲ့ကျည်အချို့ ဝယ်ယူနိုင်ခဲ့ပြီး မေလ ရက်နေ့မှာ ဆီမီးခုံမြို့ဘက်ကနေ မြောင်မြို့နယ်အတွင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ရက်ဆက် လိုက်လံတိုက်ခိုက် နိုင်ခဲ့သလို မေလ ရက်နေ့မှာတော့ အကြမ်းဖက်စစ်သား ၁၁ ဦးသေဆုံးစေခဲ့တယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်  မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment