5th MAY 2024 - Morning Daily News by Radio NUG

 

၂၀၂၄ မေလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရသည့် ကျောင်းများစာရင်း ကြေညာချက်ထုတ်ပြန်

📌 ၂။ စစ်အာဏာရှင်များဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ်အသုံးပြုကာ ဟန့်တားနှောက်ယှက်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

📌 ၃။ စကစကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မီဂါဝပ် ၂၂၀၀ မီဂါဝပ် သာ ထုတ်နိုင်တော့ပြီးရန်ကုန် တိုင်း တတိုင်းကိုပင် အပြည့်အဝ ပေးနိုင်တဲ့ ပမာဏ မရှိတော့ဟု ဒုဝန်ကြီးဦးမော်ထွန်းအောင်ပြော

📌 ၄။ Cinemateket Oslo တွင်ကျင်းပသည့်  One World Film Festival - Echoes in Oslo! ဖွင့်ပွဲသို့ နော်ဝေမှနိုင်ငံတကာသံအမတ်များနှင့်တကွ NUG Representative ဦးမောင်မောင်မြင့်တို့တက်ရောက်

📌 ၅။ မြန်မာအတွက်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ ထွက်လာအောင်အထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ထံကနေမျှော်လင့်တယ်လို့ဆို

📌 ၆။ မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်သူ သန်းကျော်ရှိလာခဲ့ပြီလို့ ကုလထုတ်ပြန်

📌 ၇။ မြဝတီမြို့နယ်တဝိုက်က အွန်လိုင်းလောင်းကစားလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေ ၆လအတွင်းထွက်ခွာဖို့ BGFကြေညာ


၂၀၂၄ ခုနှစ် မေလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်မှုမထမ်းလိုပဲ အာဏာရှင်ဆန့်ကျင်မည့် လူငယ်များကို အဓိက ရွေးချယ်သင်ကြားပေးခဲ့သည့် အခြေခံစစ်သင်တန်းဓာတ်ပုံများထုတ်ပြန်

🚩 ၂။ FederalWingsရဲဘော်များ ပြည်သူလူထုစိုက်ခင်းများကိုကူညီရိတ်သိမ်းပေး

🚩 ၃။ တာဝါတိုင်စောင့်ကာ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဗုံးသီးချတိုက်ခိုက်

🚩 ၄။ မြဝတီမြို့နယ်အနီးတဝိုက် စစ်ကောင်စီတပ် စခန်းငယ်အချို့ စခန်းစွန့်ခွာပြီး စခန်းကြီးတခုတည်းမှာပဲ သွားရောက်ပူးပေါင်းနေ

🚩 ၅။ ကြို့ပင်ကောက်၊ အလည်ကုန်း ရဲစခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ဦး သေဆုံး

🚩 ၆။ ရေး၊ လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်းက စစ်ကောင်စီ ရေတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အရာခံဗိုလ် ဦး အပါအဝင် ဦး ဖမ်းဆီးရမိ

🚩 ၇။ ကလေးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရသည့် ကျောင်းများစာရင်း ကြေညာချက်ထုတ်ပြန်


မေလ ရက်။

Radio NUG


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ကြေညာချက်အမှတ် (၁၀/၂၀၂၄) ဖြင့် ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရသည့် ကျောင်းများစာရင်း ထုတ်ပြန်ပါတယ်။

ကြေညာချက်အပြည့်အစုံမှာ

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ကြားကာလတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော 

ကျောင်းသား၊ ကျောင်းသူများ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရန်အတွက် မြေပြင် ပြည်သူ့ပညာရေးကျောင်းများ၊ 

Online ကျောင်းများနှင့် ဆက်သွယ်ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

၂။ ပညာရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြု သက်တမ်းတိုးရန် လျှောက်လွှာတင်ထားသည့် 

ကျောင်းများအား ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနမှ ကျောင်း၏ လုပ်ငန်းဆောင်ရွက်နေမှု 

အခြေအနေများကို လေ့လာဆန်းစစ်အကဲဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

၃။ လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာန၏ သဘောထားမှတ်ချက်အရ ပြည်သူ့ပညာရေးကျောင်း 

အသိအမှတ်ပြုမူဝါဒ (၁၁) ချက်နှင့် Information and Technology Security Guidelines များကို

လိုက်နာဆောင်ရွက်ပါမည်ဟု ဝန်ခံကတိပြုထားသည့်အပေါ် ကျေနပ်ဖွယ်ရာ ဆောင်ရွက်ထားကြသည်ကိုတွေ့ရှိရသည့် 

ဖော်ပြပါ Online ပြည်သူ့ပညာရေး ကျောင်းများကိုကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းအဖြစ် အသိအမှတ်ပြု သက်တမ်း တိုးပေးလိုက်သည်

၄။ လေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်း ဆောင်ရွက်ဆဲ online ပြည်သူ့ပညာရေးကျောင်းများကိုလည်း 

အသိအမှတ်ပြုသက်တမ်းတိုးကြောင်း ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင်များဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ်အသုံးပြုကာ ဟန့်တားနှောက်ယှက်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော


မေလ ၄ရက်။

စစ်အာဏာရှင်များဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ်အသုံးပြုကာ ဟန့်တားနှောက်ယှက်လျက်ရှိတယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။


မေလ၂ရက်နေ့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် (၇၈) ကြိမ်မြောက် အထွေထွေညီလာခံ၏ (၇၆) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ငြိမ်းချမ်းရေးယဉ်ကျေးမှု (Culture of Peace) ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောကြားပါတယ်။


"စစ်အာဏာရှင်များသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ်အသုံးပြုကာ ဟန့်တားနှောက်ယှက်လျက်ရှိပါကြောင်း၊ မြန်မာစစ်တပ်က မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများမှာ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များ မြောက်ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအပါအဝင် တရားမဝင်စီးပွားရေး ပျံ့နှံ့လာမှုများသည် တရားဥပဒေစိုးမိုးမှုပျက်ပြားမှု နှင့် အကျင့်ပျက်ခြစားမှု ကြီးထွားလာမှု ၏ထင်ရှားသော လက္ခဏာအချို့ ဖြစ်ပါကြောင်း၊ ပြည်သူများမှာလည်း ဆင်းရဲတွင်းနက်သည်ထက်နက်လာကြပြီး၊ နိုင်ငံ့လူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှုဒဏ် ကို ခံစားနေရပါကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


စစ်တပ်၏ မတရားစစ်အာဏာသိမ်းကြိုးပမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက်လူပေါင်း ,၀၀၀ ခန့်အနေဖြင့် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး၊ လူအယောက် ၂၆,၀၀၀ ကျော်မှာစစ်တပ်၏ မတရားဖမ်းဆီးခြင်းခံထားရကာ စစ်သား၊ အရပ်သား ပစ်မှတ်ခွဲခြားမှုမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊  လေကြောင်းမှ တိုက်ခိုက်မှုများနှင့် အရပ်သား လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကြောင့် လူပေါင်း . သန်းကျော် ပြည်တွင်း၌ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေသည့် လူဦးရေပေါင်း ၁၈. သန်းကျော် ရှိတယ်လို့သံအမတ်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ စကစကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မီဂါဝပ် ၂၂၀၀ မီဂါဝပ် သာ ထုတ်နိုင်တော့ပြီးရန်ကုန် တိုင်း တတိုင်းကိုပင် အပြည့်အဝ ပေးနိုင်တဲ့ ပမာဏ မရှိတော့ဟု ဒုဝန်ကြီးဦးမော်ထွန်းအောင်ပြော


မေလ၄ရက်။


စကစကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမီဂါဝပ် ၂၂၀၀ မီဂါဝပ် သာ ထုတ်နိုင်တော့ပြီးရန်ကုန် တိုင်းတတိုင်းကိုပင် အပြည့်အဝ ပေးနိုင်တဲ့ ပမာဏ မရှိတော့ဘူးလို့ လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကပြောပါတယ်။


မေလအတွင်း ဆိုရှယ်မီဒီယာမှာNUGအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကသုံးသပ်ပြောပါတယ်။


"လျှပ်စစ်မီးကို လက်ရှိမှာ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ဆိုလာ၊ ကျောက်မီးသွေး နဲ့ ထုတ်နေပြီး စုစုပေါင်း စက်တပ်ဆင်ထား တဲ့ ထုတ်နိုင်တဲ့ ပမာဏက ၆၃၆၈ မီဂါဝပ်ရှိပါတယ်။ စကစ လက်ထက်မှာ တော့ အဲ့ဒီ စက်တင်ဆင်အား ၆၃၆၈ မီဂါဝပ်ထဲမှာမှ လက်ရှိ အမြင့်ဆုံးအချိန်မှာ ထုတ်လုပ်တာက ၂၂၀၀ မီဂါဝပ်သာ ထုတ်နိုင်တော့ပါတယ်။ ဒီလျှပ်စစ်ပမာဏ နဲ့ တပြည်လုံးကိုဖြန့်ဖြူးဖို့ မဆိုထားနဲ့၊ ရန်ကုန် တတိုင်းကိုပင် အပြည့်အဝ ပေးနိုင်တဲ့ ပမာဏ မရှိပါဘူး။ လက်ရှိ ရာသီဥတု ပြောင်းလဲမှု ကို စီမံခန့် ခွဲနိုင်တဲ့ ပညာရှင်များ မရှိတာ တကြောင်းကြောင့်ရေအားလျှပ်စစ်ကလည်း ထုတ်လုပ်မှု ကျဆင်းနေပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် IPP ( Independent Power Producer )စာချုပ်စာတမ်း နဲ့ လည်ပတ်တဲ့ စက်ရုံများဟာ စကစ ရဲ့ ပြည်သူအပေါ် 

အလေးမထားမှုကြောင့်အပါအဝင် စကစ ရဲ့ စီးပွားရေး စီမံအုပ်ချုပ်မှု ညံ့ဖျင်းမှု ကြောင့် ဒေါ်လာစျေးတက်ကာရပ်ဆိုင်းထားရသည့်ကဏ္ဍများပါရှိကြောင်းသိရပါတယ်။


လက်ရှိမြန်မာပြည်သူလူထုဟာ လျှပ်စစ်မီးပြတ်တောက်မှုကိုဆိုးဝါးစွာခံစားနေကြရပြီးနေ့စဥ်လူမှုဘဝနဲ့စီးပွားရေးလုပ်ငန်းများပါထိခိုက်လျက်ရှိနေပါတယ်။


========================


📌📌 ၄။ Cinemateket Oslo တွင်ကျင်းပသည့်  One World Film Festival - Echoes in Oslo! ဖွင့်ပွဲသို့ နော်ဝေမှနိုင်ငံတကာသံအမတ်များနှင့်တကွ NUG Representative ဦးမောင်မောင်မြင့်တို့တက်ရောက်


မေလ၄ရက်။


Cinemateket Oslo တွင်ကျင်းပသည့်  One World Film Festival - Echoes in Oslo! ဖွင့်ပွဲသို့ နော်ဝေမှနိုင်ငံတကာသံအမတ်များနှင့်တကွ NUG Representative ဦးမောင်မောင်မြင့်တို့တက်ရောက်ခဲ့ပါတယ်။


မေလ၃ရက်နေ့ Cinemateket Oslo တွင်ကျင်းပသည့်  One World Film Festival - Echoes in Oslo! ဖွင့်ပွဲသို့နော်ဝေမှနိုင်ငံတကာသံအမတ်များနှင့်တကွ NUG Representative ဦးမောင်မောင်မြင့်နှင့် CRPH Support Group, Norway အထွေထွေအတွင်းရေးမှူး မဝတ်မှုန်ဝင်းတို့ တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ရုပ်ရှင်ပြပွဲတွင် လူ့အခွင့်အရေးနှင့်ပက်သက်သည် နိုင်ငံတကာရုပ်ရှင်၃ ကားကို ချက်သံရုံးမှ ဦးဆောင်စီစဉ်မူ နဲ့ ပြသခဲ့ပြီး 

CRPH Support Group, Norway နှင့် ပူးပေါင်းပြီး Myanmar Diary ကိုပါထည့်သွင်းပြသမည်ဖြစ်ကာမြန်မာဒိုင်ယာရီ ဖန်တီးသူများနှင့် ပါတွေ့ဆုံပွဲဖြစ်ရန်စီစဉ်ထားတယ်လို့သိရပါတယ်။


ရုပ်ရှင်ပြပွဲမှာ နွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့ မြန်မာဒိုင်ယာရီ (Myanmar Diaries) ရုပ်ရှင်ကားကို အော်စလို့မြို့လယ်က Cinemateket ရုပ်ရှင်ရုံမှာ မေလ ရက်နေ့ပြသခဲ့ပါတယ်။


========================


📌📌 ၅။ မြန်မာအတွက်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ ထွက်လာအောင်အထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ထံကနေမျှော်လင့်တယ်လို့ဆို


မေလ၄ရက်။


မြန်မာအတွက်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ

ထွက်လာအောင်အထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ထံကနေမျှော်လင့်တယ်လို့ သြစတြေးလျနိူင်ငံNUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကဆိုပါတယ်။


မေလ၄ရက်နေ့ သြစတြေးလျနိူင်ငံNUGကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေကဆိုရှယ်မီဒီယာမှာ အသိပေးဆိုထားပါတယ်။


"ပြီးခဲ့တဲ့ တနင်္လာနေ့က Australian Financial Review (AFR) ကို အင်တာဗျူးပေးခဲ့ပါတယ်။ ကုလထွေချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးလိုက်တဲ့ သြစီနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့နဲ့ပတ်သက်ပြီး မေးတာပါ။

ဂျူလီ Foreign Minister လုပ်တုံးက သူ ထူးခြားစွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အလုပ်တွေထဲက တခုကို highlight လုပ်ပြီး ပြောဖြစ်ပါတယ်။ အဲ့ဒါက ဆီးရီးယားပြည်တွင်းစစ်မှာ အိမ်နီးနားချင်းနိုင်ငံများမှာ ရှိနေတဲ့ကုလအဖွဲ့အစည်းတွေကို နိုင်ငံဖြတ်ကျော်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ ကုလလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် UNSC Resolution 2165 ထွက်လာအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

မြန်မာအတွက် ဒီလိုမျိုး ဆုံးဖြတ်ချက် ထွက်လာအောင် သူစွမ်းဆောင်ပေးနိုင်ရင် အရမ်းကောင်းမယ်လို့ ပြောခဲ့ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် NUG နဲ့ EROs တွေအကြား ဆက်ဆံရေး အား NUG နှင့်မဟာမိတ်များ ပူးတွဲ ထုတ်ပြန်ချက်ကို ကိုးကားပြီးပြောခဲ့တယ်လို့ ဒေါက်တာထွန်းအောင်ရွှေကဆိုပါတယ်။


========================


📌📌 ၆။ မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်သူ သန်းကျော်ရှိလာခဲ့ပြီလို့ ကုလထုတ်ပြန်


မေလ ၄ရက်။

မြန်မာနိုင်ငံတဝန်း ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားပြည်သူ သန်းကျော်ရှိလာခဲ့ပြီ လို့ ကုလသမဂ္ဂမြန်မာရုံးက မေလ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ အလွန်ဆိုးရွားတဲ့မှတ်တမ်းဖြစ်ပြီး ပြီးခဲ့တဲ့ လအတွင်း ၅၀ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းချိန်ကတည်းက ပိုမိုနက်ရှိုင်းလာတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အ တည်းနဲ့အတူ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ချောက်ကမ်းပါးမှာရှိနေပြီး နိုင်ငံနေရာအနှံ့မှာဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတဲ့ အိုးအိမ်စွန့်ခွာသူဦးရေဟာ စံချိန်တင်များလာခဲ့တယ်လို့ အသိပေးထားပါတယ်။

ပြည်တွင်းက နေရပ်စွန့်ခွာသူဦးရေ သန်းအနက် ၂ဒသမ၇ သန်းကျော်ဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီ လူဦးရေ သန်းထဲက သုံးပုံတစ်ပုံဟာ ကလေးငယ်တွေဖြစ်ပြီး ပဋိပက္ခတွေကြောင့် ပညာရေးနဲ့ အနာဂတ်တွေ ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာနောက်ပိုင်းမှာဆိုရင် တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု တွေ မြင့်တက်လာခဲ့ပြီး နေရပ်စွန့်ခွာသူဦးရေဟာလည်း အလျှင်အမြန်မြင့်တက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသူအရေအတွက်ဟာလည်း ၁၈ ဒသမ သန်း ခန့်ရှိနေပြီး အရင်နှစ်ထက် သန်းကျော် မြင့်တက်လာပြီး ဒီထဲက သန်းဟာ ကလေးငယ်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။

အိုးအိမ်စွန့်ခွာသူအရေအတွက် အများဆုံးဟာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ ချင်း၊ မကွေးနဲ့ စစ်ကိုင်းတို့ကဖြစ်ပြီး 

ဒသမ သန်းခန့်ရှိပြီး အရှေ့တောင်ပိုင်းဖြစ်တဲ့ ကရင်နီပြည်၊ ပဲခူး၊ ကရင်၊ ရှမ်းပြည်တောင်ပိုင်း၊ မွန်နဲ့ တနင်္သာရီတိုင်းတို့က 

အိုးအိမ်စွန့်ခွာသူအရေအတွက်ဟာလည်း သိန်းကျော်ရှိကာ ရခိုင်ပြည်နယ်မှာဆိုရင် ၃သိန်း၅သောင်း၆ထောင်ခန့်ရှိတယ်လို့ ကုလသမဂ္ဂက အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ မြဝတီမြို့နယ်တဝိုက်က အွန်လိုင်းလောင်းကစားလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေ ၆လအတွင်းထွက်ခွာဖို့ BGFကြေညာ


မေလ ၄ရက်။

ကရင်ပြည်နယ်ထဲက ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်အတွင်းမှာ အွန်လိုင်း လောင်းကစားလုပ်ကိုင်နေကြတဲ့ နိုင်ငံခြား သားတွေ၆လအတွင်း အပြီးထွက်ခွာကြဖို့ ကရင်နယ်ခြားစောင့်တပ်-BGF က သတိပေးထုတ်ပြန်လိုက်ပါတယ်။ 

ကရင်ပြည်နယ် မြဝတီမြိုနယ် ဒေသတစ်ဝိုက်မှာ Online လုပ်ငန်း ဆောင်ရွက်နေကြတဲ့ နိုင်ငံခြားသားများအားလုံး

မေလ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း ထွက်ခွာပေးဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အွန်လိုင်း လောင်းကစားလုပ်ကိုင်ဖို့ တရားမဝင်နည်းလမ်းနဲ့ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာတဲ့ နိုင်ငံခြားသားများအနေနဲ့ 

လာရာလမ်းအတိုင်း သတ်မှတ်ရက်အတွင်း ထွက်ခွာပေးရမှာဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်နေ့ နောက်ပိုင်းတွေ့ရှိခဲ့ရင် 

ထိရောက်စွာ အရေးယူခြင်းခံရမယ်လို့ BGF ဘက်က ကြေညာထားပါတယ်။

မြဝတီစည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန်တဲ့ အဆိုပါကြေညာချက်ကို မြန်မာ၊အင်္ဂလိပ်၊ တရုတ်စာတွေနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် BGF ဘက်က ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က လည်း အတည်ပြုထားပါတယ်။

မြဝတီဒေသအတွင်းမှာ နိုင်ငံခြားသား ၅ထောင်ကနေ ထောင်ကြားရှိပြီး သက်မှတ်ရက်အတွင်း မထွက်ခွာဘူးဆိုရင်

ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာ သံရုံးတွေကို ပြန်အပ်မယ်လို့ သိရပါတယ်။  

ကရင်နယ်ခြားစောင့်တပ် BGF ဘက်က အခုလိုထုတ်ပြန်လိုက်ပေမယ့် ဒါဟာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းကို

နှိမ်နင်းသယောက်ပြတဲ့ ဟန်ပြကြေညာချက်သာ ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ 

BGFထိန်းချုပ်နယ်မြေအတွင်းမှာ တရုတ်ငွေလိမ်ဂိုဏ်းတွေ လုပ်ငန်းလည်ပတ်နေပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းတို့နဲ့ ဆက်နွယ်နေတယ်လို့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု -USIP အဖွဲ့ကဧပြီ ၂၂ ရက်နေ့ရက်စွဲနဲ့ သုံးသပ်ချက်ဆောင်းပါးတပုဒ်ဖော်ပြခဲ့ပြီး ရက်ပိုင်း အတွင်းမှာ BGF ဘက်က အခုလို ထုတ်ပြန်လာတာကြောင့် ဝေဖန်ထောက်ပြမှုတွေ ရှိလာတာလည်း ဖြစ်ပါတယ်။

USIPအဖွဲ့ရဲ့အဆိုအရ ထောင်နဲ့ချီတဲ့ ငွေလိမ်လုပ်ငန်းများတည်ရှိရာ ရွှေကုက္ကိုစီမံကိန်းကနေ BGFက နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၉၂ သန်းရရှိနေပြီးထက်ဝက်ဖြစ်တဲ့ ၅၀ ရာခိုင်နှုန်းကို စစ်ကောင်စီတပ်က ရရှိနေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စစ်မှုမထမ်းလိုပဲ အာဏာရှင်ဆန့်ကျင်မည့် လူငယ်များကို အဓိက ရွေးချယ်သင်ကြားပေးခဲ့သည့် အခြေခံစစ်သင်တန်းဓာတ်ပုံများထုတ်ပြန်


မေလ ရက်။

Radio NUG


ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ နှင့် စစ်ကိုင်းခရိုင်တပ်ရင်း တို့ မှ ပူးပေါင်း ပြုလုပ်သော အခြေခံစစ်သင်တန်း အပတ်စဥ် ကို 

အခက်အခဲများကြားမှ ပြည်သူများ၏ကူညီပံ့ပိုးမှုဖြင့်အောင်မြင်စွာ သင်ကြားပို့ချနိုင်ခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်မှုမထမ်းလိုပဲ အာဏာရှင်ဆန့်ကျင်မည့် လူငယ်များကို အဓိက ရွေးချယ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး 

အခြေခံစစ်သင်တန်း စစ်ကောင်စီ နှင့် စစ်ကောင်စီတပ်သားများ၏ အလေ့အထ သဘောတရားများကို အဓိက သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အပတ်စဥ် သင်တန်းပြီးစီးအောင် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံပိုးပေးသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ပြည်သူများကို

ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ သင်တန်းပုံရိပ်လေးများဖြင့် လေးစားစွာ ဂုဏ်ပြုဖော်ပြလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ FederalWingsရဲဘော်များ ပြည်သူလူထုစိုက်ခင်းများကိုကူညီရိတ်သိမ်းပေး


မေလ ရက်။


FederalWingsရဲဘော်များ ပြည်သူလူထုစိုက်ခင်းများကိုကူညီရိတ်သိမ်းပေးခဲ့တယ်လို့ မေလ၄ရက်နေ့မှာ Federal Wingsကအသိပေးဆိုထားပါတယ်။


"အလုပ်အားတဲ့အချိန် ဖထီးတို့ အမိုးတို့ရဲ့ ပြောင်းဖူးခင်းမှာ ဝင်ကူ။ဒါလည်း အလှတရားတစ်ခုပဲမဟုတ်လား"လို့ဆိုပါတယ်။


Federal Wingsဒရုန်းတပ်ဖွဲ့ဟာ၂၀၂၃ ခုနှစ် ပထမ () လတာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ​

ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။


ပင်မအခြေပြုဒေသများဖြစ်သည့် ကရင်ဒေသတွင်သာမက စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးများစတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။


========================


🚩🚩 ၃။ တာဝါတိုင်စောင့်ကာ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဗုံးသီးချတိုက်ခိုက်


မေလ ၄ရက်။

Radio NUG


မြစ်သား မြို့နယ် ရစ်ကန်ကျေးရွာတွင် တာဝါတိုင်စောင့်ကာ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို

ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ်() တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။

မေလ ၃ရက်နေ့ မနက် ၁၀ခွဲခန့်မှာ မြစ်သား မြို့နယ် ရစ်ကန်ကျေးရွာတွင် တာဝါတိုင်စောင့်ကာ အထိုင်ချ တပ်စွဲထားသော 

စစ်ကောင်စီတပ်သားများကို ဝေဟင်မှ ဗုံးသီး  ၄လုံး ချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၄။ မြဝတီမြို့နယ်အနီးတဝိုက် စစ်ကောင်စီတပ် စခန်းငယ်အချို့ စခန်းစွန့်ခွာပြီး စခန်းကြီးတခုတည်းမှာပဲ သွားရောက်ပူးပေါင်းနေ


မေလ ၄ရက်။


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အနီးတဝိုက် စစ်တပ် အထိုင်ချနေတဲ့ စခန်းငယ်တွေက စစ်သားတွေဟာ စခန်းငယ်တွေမှ

မနေရဲတော့ဘဲ စစ်ကြောင်းရုံးပုံစံရှိတဲ့စခန်းတွေကို ပူးပေါင်းသွားကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ 


အရင် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်း ထိုင်တဲ့နေရာ ဒေသတွေမှာ စခန်းငယ် ၁၀ ခုလောက်ခွဲထိုင်ပြီး

ဂိတ်ဖွင့် ဆက်ကြေးကောက်နေကြရာကနေ တိုက်ပွဲတွေ ပြင်းထန်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရှင်းလင်းမှုတွေ ခံနေရတာကြောင့် စခန်းစွန့်ခွာတာတွေ ရှိနေတယ်လို့ သိရပါတယ်။


"မြဝတီကနေ တပ်မဟာ နယ်မြေကို သွားတဲ့ ထပ်ကွေ့ဆိုရင် လူအတော်များများ သိကြပါတယ်၊ 

စစ်ကောင်စီတပ်က စခန်းချ ဂိတ်ဖွင့်ပြီး တောင်းစားနေတဲ့နေရာလေ၊ လက်ရှိ အဲဒီ ထပ်ကွေ့ အောက်က မြွေဘုရားကုန်းစခန်းအပါအဝင်

စခန်းငယ်လေးတွေကိုပါ စွန့်ခွာသွားကြပြီး သူတို့ရဲ့ စစ်ဝတ်စစ်စားတွေ စာရွက်စာတမ်းတွေပါ ကျန်နေခဲ့တယ်၊ အလောတကြီး ရွှေ့သွားကြတာ"လို့

မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။


"ဒီလထဲ အရွှေအပြောင်းတွေ များတယ်၊ စစ်သားတွေက ဟိုအရင်ကလို လူနည်းစုနဲ့ မနေရဲကြတော့ဘူး၊ 

သူတို့အထက်က သိမသိတော့ မသိဘူး၊ အခုဆို အရင်ဂိတ်ဖွင့်တောင်းစားနေတဲ့ နေရာတွေဆို သရဲခြောက်မှာတောင် စိုးရတယ်၊

ဝဋ် ပြန်လည်ပြီပေါ့   သေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီး မြို့ပေါ်မှာ အော်ခဲ့တဲ့ကောင်တွေ အခု နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပြန်ဖြစ်နေပြီ" လို့ အဲ့ဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။


အကြမ်းဖက်စစ်တပ် အာဏာမသိမ်းခင်ကတည်းက ကရင်ပြည်နယ်၊ တပ်မဟာ နယ်မြေသွားတဲ့လမ်းတွေမှာ နယ်ခြားစောင့်တပ်တွေ၊ 

စစ်ကောင်စီတပ်တွေ၊ ရဲတွေ ပူးပေါင်းပြီး လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေ ဖွင့်ကာ ဂိတ်ကြေးကောက် အထိုင်စခန်းချထားမှု

အများအပြား ရှိခဲ့ပေမယ့် မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ တပ်ကို တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်

နယ်စပ်ရှိ စစ်ကောင်စီ စခန်းငယ်အချို့မှာ ပြောင်းပြီးဖျက်ပြေးသွားကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။


========================


🚩🚩 ၅။ ကြို့ပင်ကောက်၊ အလည်ကုန်း ရဲစခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ဦး သေဆုံး


မေလ ရက်။

Radio NUG


ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြိုနယ်က အလည်ကုန်းရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး သေဆုံးပြီး

ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်းအမှတ် ၃၈ဝ၂ တပ်ခွဲ Black Dragon (GBK PDF) က ထုတ်ပြန်ပါတယ်။


မေလ ရက် နေ့လည် နာရီခန့်မှာ သာယာဝတီခရိုင်၊ တပ်ရင်းအမှတ် ၃၈၀၂ တပ်ခွဲ Black Dragon (GBK PDF)

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


တိုက်ပွဲအတွင်း ၇၉ မမ လက်နက်ကြီး လုံးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး

သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့တဲ့ သာယာဝတီခရိုင် တပ်ရင်း အမှတ် (၃၈ဝ၂) မှာ တပ်ခွဲ ခုရှိပြီး

သာယာဝတီ ခရိုင် အတွင်းမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် စစ်ဆင်ရေးတွေကို တပ်ခွဲအလိုက် ဖော်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၆။ ရေး၊ လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်းက စစ်ကောင်စီ ရေတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အရာခံဗိုလ် ဦး အပါအဝင် ဦး ဖမ်းဆီးရမိ


မေလ ရက်။

Radio NUG


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်းက စစ်ကောင်စီ ရေတပ်စခန်းကို တော်လှန် ရေး တပ်ဖွဲ့တွေက 

ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ် ဦး အပါအဝင် ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အချို့ကို သိမ်းပိုက်ရရှိ ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


မေလ ရက်က လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ ရေတပ် စခန်းကို

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်မှ အရာခံဗိုလ် တစ်ဦးနဲ့ 

တပ်သား တစ်ဦး၊ သေနတ် လက်၊ ကျည်ဘောက်အချို့နဲ့ ကျည်ဆံတွေကိုပါ သိမ်းဆည်း ရရှိခဲ့ပါတယ်။


အဆိုပါ ရေတပ်စခန်းဟာ ရေးမြို့နယ် မြောက်ဘက်၊ လမိုင်းမြို့နယ်ခွဲရဲ့ တောင်ဘက်က ပင်လယ်ထဲမှာ တည်ရှိတဲ့

ကုလားဂုတ်ကျွန်း ပေါ်က အောက်ဆိပ်ကျေးရွာမှာ အင်အား ၂၀ ဝန်းကျင်ဖြင့် စခန်းချ တပ်စွဲထားတာ ဖြစ်ပါတယ်။


အဆိုပါ ကျွန်းပေါ်က စခန်းမှာ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီရဲ့ စစ်ကူတပ်တွေ စီးလာတဲ့ ကားတွေ ကိုလည်း ကူးတို့ဆိပ်နား ရပ်ထားချိန်မှာ

တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြပါသေးတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်က ၃ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သလို လေကြောင်းကနေ စက်လက်နဲ့ပါ ပစ်ခတ်ခဲ့ တာကြောင့်

ကုလားဂုတ်ကျွန်း၊ ကတိုးဆိပ်၊ ကော့ဒွတ် အစရှိတဲ့ ကျေးရွာတွေက လူနေအိမ်တွေ ပျက်စီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။


========================


🚩🚩 ၇။ ကလေးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံး


မေလ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းက တင်သားရွာမှာ အမျိုးသမီးတစ်ဦး စစ်ကောင်စီက ပစ်ခတ် လိုက်တဲ့

လက်နက်ကြီးကျည် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသား ဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန် ရရှိ ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာန တစ်ခုဖြစ်တဲ့ မြေလတ်အသံက ဖော်ပြပါတယ်။


မေလ ရက်နေ့ နေ့လည် နာရီ ခွဲခန့်က ကြံသာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်

ကျရောက်ပေါက်ကွဲတာကြောင့် အခုလို ထိမှန်ခဲ့ကြတာ ဖြစ်ပါတယ်။


ထိုသို့ လက်နက်ကြီး ထိမှန် သေဆုံးခဲ့သူမှာ တင်သားရွာ အမှတ် () ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၂ နှစ် အရွယ်ရှိ 

ဒေါ်ယုယုအေး ဆိုသူဖြစ်ပြီး သူမရဲ့ အမျိုးသား ဖြစ်သူမှာလည်း လက်နက်ကြီး အစမှန်က အသက် အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။


ထို့အပြင် ကျေးရွာအတွင်းက နောက်ထပ် အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး တို့မှာလည်း ဒဏ်ရာရရှိခဲ့ သေးတယ်လို့ သိရှိရပါတယ်။


ကလေးမြို့ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှု အများဆုံး မြို့ဖြစ်ပြီး 

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့ ပြည်သူတွေရဲ့ နာရေးလိုက်ပို့ချိန်မှာလက်နက်ကြီး ထပ်မံကျရောက်ပြီး ပြည်သူ ဦး သေဆုံးခဲ့ရ ပါသေးတယ်။



အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment