3rd JUN 2024 - Morning Daily News by Radio NUG

၂၀၂၄ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင်အပါအဝင် နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်များကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်

📌 ၂။ ခင်ဦးနှင့် ရေဦးမြို့နယ်တွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော မီးဘေးသင့် ပြည်သူများ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ


၂၀၂၄ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သရက်ချောင်း အခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေး တပ်ဖွဲ့ နှစ်ပြည့် အလံတင်အခမ်းအနား ကျင်းပ

🚩 ၂။ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများ ပစ်ခတ်တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကာ ဦး ဒဏ်ရာရ

🚩 ၃။ မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ စစ်ကောင်စီ ယာဉ်တန်းကို ပဒေသာမိုင်း လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့

🚩 ၄။ ရေဖြူမြို့နယ်၊ ခမရ (၄၀၇) မှ ဗိုလ်ကြီးတစ်ဦးကို ပစ်ခတ်ခံရပြီး သေဆုံး

🚩 ၅။ ရွှေကူမြို့နယ်ရှိ ဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး

🚩 ၆။ လွိုင်လင်လေး အခြေစိုက် ၅၃၀ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လူထုပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိ

🚩 ၇။ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း()ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင်အပါအဝင် နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်များကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်


ဇွန်လ ၂ရက်။

ရွှေစျေးနှုန်းများမြင့်တက်အောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ချက်နဲ့ အောင်သမာဓိ၊ ဇွဲထက် အစရှိတဲ့ နာမည်ကြီး ရွှေဆိုင်တွေကို ဖမ်း၀ရမ်းထုတ်ပြီး ချိတ်ပိတ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဒီနေ့ ဇွန်လ ၂ရက်ညပိုင်းမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြလာပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းက အခေါက်ရွှေ တစ်ကျပ်သားကို သိန်း၅၀ ကျော်အထိ မြင့်တက်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ထိပ်သီးရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်း၀ရမ်းထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။


နာမည်ကြီး အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်နှင့် အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း အပါအဝင် ရွှေဆိုင်ပိုင်ရှင်နှင့်ရွှေကုန်သည် ၁၀ ဦးကို အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာလိုက်ခြင်းလည်းဖြစ်ပါတယ်။


ရွှေစျေးနှုန်းဟာ ကမ္ဘာ့ရွှေစျေးနှုန်း မြင့်တက်လာချိန် မြန်မာငွေတန်ဖိုးထိုးကျချိန်နဲ့ တိုက်ဆိုင်သွားပြီး ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်မှာ အဆမတန် မြင့်တက်လာခြင်းသာဖြစ်ပြီး ပြည်တွင်းကလုပ်ငန်းရှင်တွေရဲ့ စျေးကစားမှုနဲ့ မသက်ဆိုင်ပဲ စစ်ကောင်စီရဲ့ ရမ်းကားဖမ်းဆီးမှုသာ ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။


စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ပြန်တဲ့အထဲမှာ စစ်ကောင်စီရဲ့ ဝန်ကြီးဒေါ်သက်သက်ခိုင်ရဲ့ ရွှေနန်းတော်ဆိုင်လို အခြားသော စစ်ကောင်စီနဲ့ပတ်သက်ဆက်စပ်တဲ့ ဆိုင်တွေမပါဝင်လာခြင်းကလည်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။


အခေါက်ရွှေတစ်ကျပ်သားကို ၅၉ သိန်းအထိ မြင့်တက်သွားချိန်မှာ စစ်ကောင်စီက ရွှေကုန်သည်နှင့် ပွဲစား ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၎င်းတို့ရဲ့ ထွက်ဆိုချက်အရဟုဆိုကာ ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ပြန်ခဲ့တာလို့လည်း စစ်တပ်ထောက်ခံတဲ့ဝါဒဖြန့် တယ်လီဂရန်ချန်နယ် တစ်ချို့မှာ ဖော်ပြလာပါတယ်။


========================


📌📌 ၂။ ခင်ဦးနှင့် ရေဦးမြို့နယ်တွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော မီးဘေးသင့် ပြည်သူများ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ


ဇွန် ၂ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော မီးဘေးသင့် ပြည်သူများ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေရကြောင်း ရေဦးအခြေပြု People's Defense Comrade က ဖော်ပြထားပါတယ်။


အဆိုပါ မီးဘေးသင့်ပြည်သူများသည် မီးလောင်ကျွမ်းရာမှ ကျန်ရှိခဲ့သော သွပ်ပြားများဖြင့် အမိုးအကာ ပြုလုပ်ကာ ကျေးရွာများအတွင်း ပြန်လည် ဝင်ရောက်နေထိုင်နေသော်လည်း မိုးရာသီရောက်ရှိလာသောကြောင့် အမိုးအကာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။


ယင်းကျေးရွာများမှာ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကံသစ်ရွာ၊ မြစ်တော်ရွာ၊ သာဂရရွာ၊ မြို့သစ်ရွာ၊ သာဝတ္ထိရွာ၊ မုံလှရွာ၊ အင်းပတ်ရွာ၊ မြင်းဒေါင်းရွာ၊ ရွှေကာရွာ၊ လက်ပံကြီးရွာ၊ သနပ်စိန်ရွာနှင့် ရေဦးမြို့နယ်ရှိ မုတ်စီရွာ၊ ကုန်းတန်းရွာ၊ ကုန်းသာရွာ၊ ရှော်ဖြူရွာ၊ မဲအိုးရွာ၊ ရွာဗုကြီးရွာ၊ မစိုးရိမ်ရွာ၊ ချောင်းဆုံရွာ၊ ဗိုလ်ရုံရွာ၊ စည်သာမြေရွာ၊ ဇေယျဝတီရွာ၊ မကျည်းကုန်းရွာ တို့ဖြစ်ကြောင်း သိရသည်။ 


မီးဘေးသင့် ပြည်သူများကို ကူညီလှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (NGO) တယ်လီဂရမ် @mothersson122021 ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ သရက်ချောင်း အခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေး တပ်ဖွဲ့ နှစ်ပြည့် အလံတင်အခမ်းအနား ကျင်းပ


ဇွန်လ ရက်။

Radio NUG

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ ဒေါင်းမင်း စစ်ဆင်ရေးတပ်ဖွဲ့ရဲ့ ()နှစ်ပြည့် အလံတင် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဇွန်လ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ အဆိုပါ အလံတင်အခမ်းအနားကို ဖိတ်ကြားထားတဲ့ မြို့နယ် ပအဖ၊ ပကဖတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေ တက်ရောက်ခဲ့ပြီး တပ်ဖွဲ့ရဲ့ ရှေ့တန်းရောက်ရဲဘော်တွေ မပါဘဲ တပ်ရင်း ရဲဘော် ၂၀၀ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


သရက်ချောင်းမြို့နယ် ဒေသကာကွယ်ရေးတပ် ဖွဲ့ပေါင်းထားတဲ့ ဒေါင်းညီနောင် စစ်ကြောင်းရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့ဟာ KNLA တပ်မဟာ()တပ်ရင်း(၂၇)နဲ့ တပ်မဟာ()တပ်ရင်း (၁၂)တို့မှ စစ်ရေးအရာရှိတွေရဲ့ ဦးဆောင်မှုနဲ့ တိုက်ပွဲဝင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများ ပစ်ခတ်တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကာ ဦး ဒဏ်ရာရ


ဇွန်လ ရက်။

Radio NUG

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် အခြေစိုက် စစ်ကောင်စီ တပ်ရင်းများ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ တစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ အင်းတကော် PDF ထံကနေ သိရ ပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီ ၃၀ ခန့်က သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၂၀၇)နဲ့ အမြောက်တပ် အမတ (၃၁၀) တို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ၆၀ မမ စိန်ပြောင်း၊ M-79 လောင်ချာ၊ ခွင်းဗုံး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုများထဲမှ တစ်ခုဟာ စစ်ကောင်စီရဲ့ လက်နက်တိုက်နဲ့ ဗဟိုကင်းကြားမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ဦး သေဆုံးကာ အရာရှိ အပါအဝင် ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖရဲသီး သတင်းပေးချက်အရ သိရကြောင်း ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို KNLA မှ ဦးဆောင်ကာ အင်းတကော် ပကဖ၊ ဝေါပကဖ၊ သနပ်ပင်ပကဖတို့နဲ့  Project Home အဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ စစ်ကောင်စီ ယာဉ်တန်းကို ပဒေသာမိုင်း လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့


ဇွန်လ ရက်။

Radio NUG

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်၊ မုံရွာ - ချောင်းဦးလမ်းပိုင်း တစ်နေရာမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ပဒေဿာမိုင်း လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Peace Takers Task Force - PTTF က သတင်းထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ နေ့လည် နာရီ ၃၅ မိနစ်ခန့်က စစ်ကိုင်းမြို့ကနေ ဒုတိယအသုတ် ထွက်လာတဲ့ စစ်ကား ၁၅ စီးပါ ယာဉ်တန်းကို မုံရွာမြို့အဝင်မှာ ပဒေသာမိုင်း လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုတွင် မိုးကာအုပ်ထားတဲ့ ဘီးကားတစ်စီးအား ထိမိစွာ တိုက်ခိုက်နိုင်ခဲ့ပြီး ကားမှာ ထိုနေရာတွင် ထိုးရပ်သွားခဲ့ကာ ထိခိုက်မှုများနိုင်တယ်လို့ မျက်မြင်သတင်းပေးချက်အရ PTTF က ဖော်ပြထားပါတယ်။


၎င်းတိုက်ခိုက်မှုကို Peace Takers Task Force - PTTF နဲ့  The Brightness Monywa တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


စစ်ကောင်စီ တပ်ဘက်မှလည်း ၄၀ မမ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ရေဖြူမြို့နယ်၊ ခမရ (၄၀၇) မှ ဗိုလ်ကြီးတစ်ဦးကို ပစ်ခတ်ခံရပြီး သေဆုံး


ဇွန်လ ရက်။

Radio NUG

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ခမရ (၄၀၇) တပ်ရင်းမှ ထွက်လာတဲ့ ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် - DAWEI NATIONAL LIBERATION ARMY က သတင်းထုတ်ပြန်ပါတယ်။


ဇွန်လ ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၂ မိနစ်မှာ  ခမရ (၄၀၇) တပ်ရင်းကနေ ထားဝယ်မြို့ဘက်ကို ထွက်လာတဲ့ အိမ်စီးကား တစ်စီးကို သတင်းရရှိတာကြောင့် ကြိုတင်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ပစ်ခတ်မှုကြောင့် ကားမှောက်သွားခဲ့ပြီး အဆိုပါ တပ်ရင်းမှ ဗိုလ်ကြီး ဇင်ဝင့်အောင်ဆိုသူ သေဆုံးခဲ့ပြီး ယာဉ်မှာပါလာတဲ့ သက်သေခံ ပစ္စည်းများကို စိစစ်သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီး တစ်ဦးနဲ့ ကလေးနှစ်ဦးကို ထိခိုက်ဒဏ်ရာမရထားဘဲ တွေ့ရှိခဲ့ရတာကြောင့် ဘေးလွတ်ရာကို ရွေ့ပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော်နှင့် ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ရွှေကူမြို့နယ်ရှိ ဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး


ဇွန် ရက်။

Radio NUG

ဇွန်လ ၁ရက်နေ့ညက ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်မှ Y-12 လေယာဉ်အမျိုးအစားနဲ့ ဗုံးကြဲသွားမှုကြောင့် အသက် ()နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အခြားပြည်သူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားနေသော ဗန်းမော်ခရိုင် မံစီမြို့ဘက်သို့လည်း ဂျက်ဖိုက်တာ၊ Y-12စသည့် လေယာဉ်များဖြင့် အပြင်းအထန် ပစ်ခတ်ခုခံနေရကြောင်း သိရပါတယ်။


========================


🚩🚩 ၆။ လွိုင်လင်လေး အခြေစိုက် ၅၃၀ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လူထုပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိ


ဇွန်လ ၂ရက်။

Radio NUG

မေလ ၃၁ရက်နေ့ ၆နာရီ/ ၇နာရီ ဝန်းကျင်အတွင်း လွိုင်လင်လေး အခြေစိုက် ၅၃၀ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ လူထုပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ PK Policeက သတင်းထုတ်ပြန်ပါတယ်။


၅၃၀ အမြောက်တပ်မှ လက်နက်ကြီး လုံးခန့်ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးကို ထိမှန်ခဲ့မှုကြောင့် နေအိမ်အတွင်းရှိ သားအဖ ဦးမှာ ထိခိုက်ဒဏ်ရရှိခဲ့သော်လည်း ဆေးကုသရန် အချိန်မီ ပို့ဆောင်နိုင်ခဲ့သဖြင့် အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူတွေစည်ကားနေလို့ လူထုကို အကြောက်တရားပေးပြီး အနိုင်ထက်စီးနင်း လုပ်ပြနေတာလို့ ဒေသခံတွေက ပြောကြပါတယ်။


========================


🚩🚩 ၇။ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း()ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်


ဇွန်လ ၂ရက်။ 

Radio NUG

မတ်လ(၂၅) ရက်နေ့က တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက် ရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း()ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း ဇွန်လ ၂ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။


တပ်သား ကျော်ကျော်(အမည်လွဲ)နှင့်အတူ MA-1 တစ်လက်၊ .၅၆ကျည် (၅၄၀)တောင့်၊ ၎င်းကျည်ဘောက် ()ခု၊ လက်ပစ်ဗုံး ()လုံး၊ အီနာဂါ ()လုံးတို့ဖြင့် အလင်းဝင်ရောက်လာခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေ(၇၅)သိန်းကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။


မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း()တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း() တပ်ခွဲ() တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်မြို့နယ် ပကဖ၊ ADF Drone လက်ရုံးတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပြီး ဧပြီလအတွင်း သိန္ဓောကျေးရွာအနီး စစ်ကောင်စီ၏ရှေ့တန်းစခန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောက်စီဖက်မှ အထိနာခဲ့ပြီး လေကြောင်းဖြင့် အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးတစ်ခုဖြစ်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment