22nd SEP 2024 - Evening Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ သဘောထားကွဲလွဲမှုတွေကို လက်နက်နဲ့ ဖြေရှင်းတဲ့နည်း မသုံးဖို့ ချင်းပြည်အစိုးရ၊ CNF နဲ့ ICNCC ချင်းညီနောင်တို့ သဘောတူ

📌 ၂။ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာဆက်ရှိရေး လူထုထောက်ခံချီတက်ပွဲ နယူးယောက်မြို့မှာကျင်းပ

📌 ၃။ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ NUG မှ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

📌 ၄။ အင်းစိန်ထောင်နဲ့ မုံရွာထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ 


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စဉ့်ကူးနဲ့ မတ္တရာမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား () ဦး သေဆုံးကာ (၁၂) ဦး ဒဏ်ရာရ 

🚩 ၂။ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် အိမ် () လုံးထက်မနည်း ပျက်စီး

🚩 ၃။ ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ စစ်တပ်သင်္ဘော (၁၉) စင်းကို တိုက်ခိုက်ရာမှာ အရာရှိတဦးသေပြီး များစွာဒဏ်ရာရ

🚩 ၄။ စလင်းမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးတွေပါတဲ့ စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်သား () ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ သဘောထားကွဲလွဲမှုတွေကို လက်နက်နဲ့ ဖြေရှင်းတဲ့နည်း မသုံးဖို့ ချင်းပြည်အစိုးရ၊ CNF နဲ့ ICNCC ချင်းညီနောင်တို့ သဘောတူ


ချင်းပြည်အစိုးရ၊ ချင်းအမျိုးသားတပ်ဦး - CNF နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ - ICNCC ချင်းညီနောင် -CB က ကိုယ်စားလှယ်တွေ စက်တင်ဘာ (၂၁) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သဘောထားကွဲလွဲမှုတွေကို လက်နက် နဲ့ ဖြေရှင်းခြင်း မပြုဖို့အပါအဝင် အချက် () ချက် သဘောတူညီခဲ့ကြတယ်လို့ Chinland Information Center - CIC က အသိပေး ထုတ်ပြန်ထားပါတယ်။

Zo Reunification Organization - ZORO ဦးဆောင်မှုနဲ့ ချင်းညီနောင်၊ ICNCC အစုအဖွဲ့နှင့် ချင်းပြည်ကောင်စီ၊ ချင်းပြည် အစိုးရ၊ CNF အစုဖွဲ့တို့ကြား တွေ့ဆုံပွဲကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ စက်တင်ဘာ (၂၁) ရက်က ပြုလုပ်ခဲ့ရာမှာ အခုလို သဘောတူညီချက်ရရှိခဲ့တာလို့ ခိုနူမ်းသုန် သတင်းဌာနအပါအဝင် အခြားချင်းတိုင်းရင်းသားသတင်းဌာန အချို့ကလည်း ဖော်ပြထားပါတယ်။  

ချင်းပြည်အစိုးရ/CNF နှင့် ICNCC/CB တွေ့ဆုံမှုကနေ အချက် () ချက်ကို ကနဦးသဘောတူညီမှုရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံနဲ့အတူ ဖော်ပြထားတာတွေ့ရပါတယ်။

"နောက်နောင်တွင် နှစ်ဖက်အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့် ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် သဘောတူ" ဆိုတဲ့ အချက်ကို CIC က အသားပေးဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းက တာဝန်ရှိသူတွေ လိုအပ်သလို ထပ်မံတွေ့ဆုံဖို့ သဘောတူညီခဲ့ကြတဲ့အပြင် ငြိမ်းချမ်းရေးကော်မတီ တရပ် ထားရှိဖို့လည်း လိုလားကြပြီး ငြိမ်းချမ်းရေး ကော်မတီ တရပ် ဖွဲ့စည်းဖို့လည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။ 

ဒီတွေ့ဆုံပွဲကို ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပူးပါထန်း၊ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဋ္ဌ ပူးထန်းနိန်းကီးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ဘက်က ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila ဆလိုင်းပီတာထန်းတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ ချင်းလူထုက တိုက်တွန်းနေတဲ့အခြေအနေမှာ အခုတွေ့ဆုံပွဲကနေ ရလဒ်ကောင်းအချို့ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။


========================


📌📌 ၂။ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာဆက်ရှိရေး လူထုထောက်ခံချီတက်ပွဲ နယူးယောက်မြို့မှာကျင်းပ


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေး လူထုထောက်ခံ ချီတက်ပွဲကို နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာ ပြုလုပ်ခဲ့တယ်လို့ အမေရိကန်ရောက် မြန်မာတွေကပြောပါတယ်။ 

မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပြီး လူထုကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံ  ကိုယ်စားပြုသံအမတ်အဖြစ် ဆက်လက် အသိအမှတ်ပြုထားရှိရေး လူထုထောက်ခံချီတက်ပွဲကို ပြည်ပရောက်မြန်မာတွေက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်အနီး Dag Hammarskjold Plaza မှာ ဒီနေ့ စက်တင်ဘာ (၂၂) မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိရေး Global Action for Credential Campaign 2024 အဖြစ် Our Ambassador, Myanmar’s Voice ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက်ပွဲ ကျင်းပခဲ့တာလို့ သိရပါတယ်။ 

ဒီအခမ်းနားမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ NUG အစိုးရအဖွဲ့ ကျန်းမာရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့က အမှာစကားပြောကြားခဲ့ပါတယ်။ 

အဲဒီနောက် ပွဲကျင်းပရေးတာဝန်ရှိသူတွေက Global Action for Credential Campaign 2024 အကြောင်း ရှင်းလင်းတင်ပြခြင်းနဲ့ တက်ရောက်လာသော ပြည်နယ်အသီသီး၊ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေက Campaign နဲ့ ပတ်သက်တဲ့ သဘောထားရပ်တည်ချက်တွေကို တင်ပြဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂမှာ မြန်မာပြည်သူများကိုယ်စားပြု ဦးကျော်မိုးထွန်းဆက်လက်ထားရှိရေးအပြင် တရားဥပဒေမဲ့ ပြောင်ပြောင် တင်းတင်းလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖယ်ကျဉ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေး နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်ကူညီပေးကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် လူထုထောက်ခံ ဆန္ဒထုတ်ဖော်ချီတက်ပွဲကို တက်ရောက်လာတဲ့ အမေရိကန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံဟာ UN ရုံးချုပ်ရှေ့ကနေ နယူးယောက်မြို့လယ်ကိုဖြတ်ပြီး မြို့လယ်မှာရှိတဲ့ Time Square ရင်ပြင်နားထိလည်း ကြွေးကြော်သံတွေနဲ့အတူ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် UN ရုံးချုပ်နားကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာတိုင်းရင်းသားတွေကို နယူးယောက်ဒေသခံတွေက နေ့လည်စာနဲ့ ဧည့်ခံကျွေးမွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒီအခမ်းနားနဲ့ ချီတက်ပွဲကို နယူးယောက်မြို့မှာရှိတဲ့ NYCBC အဖွဲ့က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ပြည်နယ်အသီးသီးမှာရှိတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသား ထောင်ချီတက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ 


========================


📌📌 ၃။ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ NUG မှ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသများရှိ ဒေသခံပြည်သူများအတွက်တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်" အစီအစဉ်မှတဆင့် ပေးပို့လှူဒါန်းကြတဲ့  အလှူငွေမှ ရေဘေးသင့် ပြည်သူများထံသို့ မြေပြင်တာဝန်ခံများနှင့်ပူးပေါင်း၍ချိတ်ဆက် ထောက်ပံ့လျက်ရှိတယ်လို့ စက်တင်ဘာလ (၂၂) ရက်မှာ ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။

ဒ့ါအပြင် ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ခြင်း၊ ဘေးကင်းသည့်နေရာများသို့ အရေးပေါ်ရွှေ့ပြောင်းပေးခြင်း၊ လက်ရှိရေဘေးသင့်ဒေသများတွင် ဒေသခံပြည်သူများ အရေးပေါ်လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မီရရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖအဖွဲ့၊ ပကဖအဖွဲ့၊ ကျန်းမာရေးတာဝန်ခံများ၊ လူသားစာနာတာဝန်ခံများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးလျက်‌ရှိတယ်လို့ ဆိုပါတယ်။

ယခုလို ပြည်သူမှပြည်သူသို့ ထောက်ပံ့နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းပေးကြတဲ့ စေတနာရှင်၊ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။


========================


📌📌 ၄။ အင်းစိန်ထောင်နဲ့ မုံရွာထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ 


အင်းစိန်အကျဉ်းထောင်နဲ့ မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများကို အကြမ်းဖက်စစ်ကောင်စီက မိသားစုဝင်တွေကို အသိမပေးဘဲ ထောင်ပြောင်းရွှေ့တာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်က အကျဉ်းသားတွေကို ဒီနေ့ စက်တင်ဘာ (၂၂) ရက်နေ့မှာ သာယာဝတီထောင်ကို ကား () စီးနဲ့ ပြောင်းရွှေ့ခဲ့ပြီး မုံရွာအကျဉ်းထောင်က အကျဉ်းသားတွေကို မနေ့ စက်တင်ဘာ (၂၁) ရက်မှာ ဖလက်အမြန်ယာဉ်တွေနဲ့ ရေကြောင်းကနေ ထောင်ပြောင်းရွေ့ခဲ့ရာမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပြီး ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ရေကြောင်းကနေ ပြောင်းရွှေ့တာ မိသားစုတွေကို အသိမပေးတဲ့အတွက် သူတို့ရဲ့လုံခြုံရေး စိုးရိမ်ရပါတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ဒေသတွင်းသတင်းတွေကို ပြောထားပါတယ်။   

မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား (၁၀၀) ဝန်းကျင်ကို ထောင်ပြောင်းရွှေ့ရာမှာ ချင်းတွင်းမြစ်ကြောင်းတလျှောက် စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့  စစ်သင်္ဘောများ၊ ဖလက်ယာဉ်များနဲ့ တင်ဆောင်သွားတာလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG  သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စဉ့်ကူးနဲ့ မတ္တရာမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား () ဦး သေဆုံးကာ (၁၂) ဦး ဒဏ်ရာရ 


မန္တလေးတိုင်းအတွင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား () ဦး သေဆုံးကာ (၁၂) ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။  

စက်တင်ဘာ (၂၀) ရက် ညနေ () နာရီခန့်က စဥ့်ကူးမြိူ့နယ် ကံတောင်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ရာ ရွာမှာရှိတဲ့ ထက်ရည်လင်း ရွှေလုပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူ () ဦးသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းမှန်ပြန်ကြားရေး-စဉ့်ကူးက အသိပေးထားပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ အရပ်သားပြည်သူ () ဦးသေဆုံးပြီး (၁၀) ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စဥ့်ကူးနယ်အတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ရောင်နီနွေဦးအဖွဲ့ကလည်း အတည်ပြုထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးနဲ့ ပူးပေါင်းတပ်တွေ ဇူလိုင် (၁၇) ရက်ကစပြီး အပြီးသတ်သိမ်းပိုက်ထားတဲ့ စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုများလာခဲ့ရာ ဩဂုတ်လအတွင်း အရပ်သား (၂၁) ဦးသေဆုံးကာ (၂ဝ) ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ 

အလားတူ မတ္တရာမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာ (၂၁) ရက်နေ့မှာ ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်တာကြောင့် မတ္တရာမြို့နယ် ဆူးလေကုန်းရွာက ဒေသခံ () ဦးသေဆုံးပြီး () ဦး ဒဏ်ရာရသွားတယ်လို့ ရောင်နီနွေဦးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

မနေ့ စက်တင်ဘာ (၂၁) မနက် () နာရီခွဲခန့်အချိန်က မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူစစ်တွေပါတဲ့ အင်အား (၁ဝဝ) ခန့်ရှိ စစ်ကြောင်းနဲ့ ပြည်သူကာကွယ်ရေးအဖွဲ့ တွေတိုက်ပွဲဖြစ်ရာမှာ တံတားဦးဘက်က တက်လာတဲ့ ဂျက်ဖိုက်တာ () စင်းက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အရပ်သား ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

အခုလို့ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်လာတဲ့အတွက် ဒေသခံပြည်သူလူထုအနေနဲ့ လက်နက်ကြီးဒဏ်ကနေ ကာကွယ်နိုင်ဖို့ ပုန်းခိုကျင်းများ တူးထားကြရန်နဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ ရောင်နီနွေဦးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၂။ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် အိမ် () လုံးထက်မနည်း ပျက်စီး


ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက စက်တင်ဘာ (၂၁) ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အိမ် () လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မနေ့ စက်တင်ဘာ (၂၁) ရက် (၁ဝ) နာရီ (၁၅) မိနစ်ခန့်မှာ စစ်ကောင်စီက လားရှိုးမိုတယ်အနီးနဲ့ ရပ်ကွက်- ၁၂ မှာရှိတဲ့ အမှတ် () အခြေခံပညာအထက်တန်းကျောင်းအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီလို တိုက်ခိုက်ပြီးချိန်မှာ နောက်ထပ် လေယာဉ်တစင်းလည်း မြို့ပေါ်မှာ ပျံဝဲနေတာတွေ့ရတယ်လို့ လားရှိုးမြို့ခံတွေက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က အင်အားပြင်း ဗုံး () လုံးကြဲသွားတာကြောင့် မြို့ခံတွေဟာ ဗုံးခိုကျင်းတွေထဲမှာ နေခဲ့ရပြီး အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူတွေထိခိုက်မှုမရှိပေမယ့် အဆောက်အအုံတွေ ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။ 

မန္တလေးနဲ့တောင်ကြီးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှာမဟုတ်‌ဘဲ မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမှာ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံကြောင်း လားရှိုးမြို့ကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကိုးကန့်တပ်မတော် - MNDAA က စက်တင်ဘာ (၁၈) ရက်မှာ ထုတ်ပြန်ကြေညာပြီးနောက် () ရက်အကြာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပထမဆုံးအကြိမ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ ၎င်းတို့ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်လည်ရရှိရေးလို့ဆိုကာ နိုင်ငံတော်အဆင့် ရန်နိုင်မင်း စစ်ဆင်ရေးကို စက်တင်ဘာ () ရက်ကတည်းက စတင်အကောင်အထည်ဖော်နေပြီး တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရပြီး အိုးအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးနေရတာဖြစ်ပါတယ်။ 


========================


🚩🚩 ၃။ ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ စစ်တပ်သင်္ဘော (၁၉) စင်းကို တိုက်ခိုက်ရာမှာ အရာရှိတဦးသေပြီး များစွာဒဏ်ရာရ


ချင်းတွင်းမြစ်အတွင်းသွားလာနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြေးနီနဲ့ ကျောက်စိမ်းများတင်ဆောင်လာတဲ့ သင်္ဘော (၁၉) စင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ဗိုလ်တဦးသေဆုံးပြီး ဒဏ်ရာရသူများစွာရှိတယ်လို့ Brave Heart Army-BHA တပ်ဖွဲ့က စက်တင်ဘာ (၂၂) မှာ ထုတ်ပြန်ပါတယ်။

မနေ့ စက်တင်ဘာလ (၂၁) ရက်မနက် (၁၀) နာရီခွဲခန့်အချိန်က ကြေးနီတွေတင်ပြီး မုံရွာမြို့ကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့  သင်္ဘော (၁၉) စင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါင်းပြီး ဆားလင်းကြီးမြို့နယ် ပေါင်းဝဘုရားအနီးမှာ ရှေ့ထွက် ပြောင်းတိုက် () ပွိုင့် မိုင်း (၁၄) လုံးနဲ့ နေရာခွဲပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီရေယာဉ်တွေကို စစ်ကောင်စီလေယာဉ်တွေက လုံခြုံရေးယူပေးခဲ့ပေမယ့် ပစ်ခတ်တာတွေမရှိဘူးလို့ သိရပါတယ်။ 

လက်ရှိမှာ အဆိုပါ ရေယာဉ်တွေဟာ ချောင်းဦးနယ်က အနိမ့်ရွာအနီးမှာ သောင်တင်နေကြောင်းနဲ့ ချောင်းဦးအဆုံး ပခုက္ကူ မြို့နယ်အစပ်ရောက်နေပြီဖြစ်တာကြောင့် ထိပျက်စီးမှုအခြေအနေကို မသိနိုင်သေးဘူးလို့ Brave Heart Army -BHA တပ်ဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ သင်္ဘောပေါ်မှာရှိတဲ့ စစ်သားတွေက လက်နက်ငယ်တွေ စက်သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် Brave Heart Army - BHA နဲ့ မဟာမိတ်တပ်တွေဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Fighter Group (C.F.G) က ဦးဆောင်ပြီး ဗန္ဓုလနှင့်အဖွဲ့သားများ၊ Brave Heart Army BHAတို့ ပူပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်အမြန်ဆုံး နိဂုံးချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေနဲ့ မလျော့သောဇွဲနဲ့ ဆက်လက်ပူးပေါင်း ပါဝင်ပေးကြဖို့ Brave Heart Army - BHA တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၄။ စလင်းမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးတွေပါတဲ့ စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်သား () ဦးသေဆုံး


မကွေးတိုင်း စလင်းမြို့ပေါ်ကနေ ငလင်ပန်းကျေးရွာဘက် ထွက်လာတဲ့ စစ်သားတွေနဲ့ ပျူစောထီးတွေပါတဲ့ အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား () ဦးသေဆုံးသွားတာကြောင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ မင်းဘူးခရိုင် အမှတ် () တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။ 

အင်အား (၃၀) ခန့်ရှိတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေပါတဲ့ ပူးပေါင်းစစ်ကြောင်းဟာ ငလင်ပန်းကျေးရွာက ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေကို ခိုးဝှက်သယ်ယူဖို့ စလင်းမြို့ပေါ်ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက မနေ့က စက်တင်ဘာ (၂၁) ရက်နေ့မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဲဒီစစ်ကြောင်းကို မင်းဘူးခရိုင် အမှတ် () တပ်ရင်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား () ဦးသေဆုံးကာ () ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိတဲ့အတွက် အကြမ်းဖက်စစ်ကြောင်း ပြန်လည်ဆုတ်ခွာပြေးသွားတယ်လို့ ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် () တပ်ရင်းက ရဲဘော်တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG  သတင်းထောက် ကိုခန့်က ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment