19th OCT 2024 - Evening Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်တဲ့ အီတလီ နိုင်ငံတကာလူ့အခွင့်အရေးဆုကို NUG ဝန်ကြီး ကိုယ်စားလက်ခံရယူ

📌 ၂။ စစ်ကောင်စီရှေ့နေချုပ်အပါအဝင် တရားစီရင်ရေးနဲ့ ဥပဒေကဏ္ဍကို ဦးဆောင်နေသူတွေကိုယ်တိုင် စစ်တပ်ကကျူးလွနတဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ မြန်မာသံအမတ်ကြီးပြော

📌 ၃။ လိုင်ဇာအပါအဝင် KIA နယ်မြေက နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ထားပြီး မြန်မာနိုင်ငံရောက် တရုတ်နိုင်ငံသား တွေသာဝင်ခွင့်ပေး  


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နောင်ချိုမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် ဦးသေဆုံး 

🚩 ၂။ လောက်ကိုင်မြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

🚩 ၃။ တရုတ် - မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA သိမ်းပိုက်

🚩 ၄။ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီက လေကြာင်းတိုက်ခိုက်မှု တရုတ်ဘက်က မီးကျည်ပစ်ဖောက် သတိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်တဲ့ အီတလီ နိုင်ငံတကာလူ့အခွင့်အရေးဆုကို NUG ဝန်ကြီး ကိုယ်စားလက်ခံရယူ


အောက်တိုဘာလ၁၉ရက်


မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို အီတလီ နိုင်ငံတကာလူ့အခွင့်အရေးဆု-Ludovic Trarieux ပေးအပ်ချီးမြှင့်ရာ အမျိုသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားအနေနဲ့ ဆုလက်ခံရယူခဲ့ပါတယ်။

အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens-IDHAE အဖွဲ့က နှစ်စဥ်ပေးအပ်တဲ့ Ludovic Trarieux International Human Rights Prize ကို ၂၀၂၄ ခုနှစ်အတွက် ရွေးချယ်ရာမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြင့်ခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခြင်းခံရပြီး မန္တလေးအိုးဖိုထောင်မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်-၁၅ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်ရွက်နုအောင်အနေနဲ့ အောက်တိုဘာ ၁၈ ရက်က အီတလီနိုင်ငံ ရောမမြို့မှာကျင်းပတဲ့ ဆုချီးမြှင့်ပွဲကို ကိုယ်တိုင်မတက် ရောက်နိုင်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စား အနေနဲ့ ဆုလက်ခံရယူခဲ့တာဖြစ်ပါတယ်။

ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီး အပြစ်ပေးမယ်ဆိုတာသိပေမယ့် နိုင်ငံရေးအကျဉ်းသား တွေရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးရရှိရေးကို သတ္တိရှိရှိကူညီဆောင်ရွက်ပေးတဲ့သူမဟာ ဒီလူ့အခွင့်အရေးဆုနဲ့ ထိုက်တန် သူတဦးဖြစ်ပါတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဆက်လက်ပြီး ဝန်ကြီးက သူမပြောခဲ့ဖူးတဲ့စကားတခုရှိပါတယ်ကြားနာမှုမရှိဘဲ ဘယ်သူမှစီရင်ပိုင်ခွင့်မရှိဘူးဆိုတဲ့စကား ပါပဲ။ ဒီစကားအတိုင်းပဲ မတရားဖမ်းဆီးခံခဲ့ရသူတွေ တရားရေးဆိုင်ရာအခွင့်အရေးရဖို့ တက်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ ပါတယ်။ သူမကိုယ်တိုင်သာ ဒီအခမ်းအနားတက်ရောက်ပြီး စကားပြောကြားခွင့် ရရှိခဲ့မယ်ဆိုရင် ဒီဆုဟာ သူမထက် မြန်မာ ပြည်သူတွေရဲ့ဆုလို့ ပြောမယ်ထင်တယ်လို့ ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ့ ဒေါ်ရွက်နုအောင်ဟာ NLD အစိုးရလက်ထက်က နိုင်ငံကျော်သက်ငယ်မုဒိမ်းမှုဖြစ်တဲ့ ဗစ်တိုးရီးယား အမှုမှာ နစ်နာသူကလေးငယ်ဘက်က ရှေ့နေလိုက်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးမှာလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဟောင်း ဒေါက်တာဇော်မြင့်မောင်ဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ 

ဒါကြောင့် စစ်ကောင်စီဟာ ၂၀၂၂ ဧပြီလကုန်ပိုင်းက မန္တလေး အိုးဘိုအကျဥ်းထောင်ထဲမှာလုပ်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင် ရဲ့ ရုံးချိန်းကအပြန်မှာ ဒေါ်ရွက်နုအောင်ကို မတရားဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာလို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒေါ်ရွက်နုအောင်သာ ကိုယ်တိုင်တက်ရောက်စကားပြောကြားခွင့်ရမယ်ဆိုရင် သူမလို အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကိုကြံ့ကြံ့ခံပြီး အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂သောင်း ကျော်ရဲ့ ဆိုးရွားလှတဲ့နှိပ်စက်ဖိနှိပ်ခံရမှုတွေကို တင်ပြမှာဖြစ်ကာ တော်လှန်ရေးကဏ္ဍအသီးသီးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ခွန်အားနဲ့ သတ္တိများအကြောင်း ဂုဏ်ယူစွာပြောပြလိမ့်လို့ ဝန်ကြီးဦးအောင်မျိုးမင်းက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ လွပ်လပ်မှုနဲ့ တရားမျှတမှုတွေ ပြန်လည်ဖော်ဆောင်နိုင်တဲ့နေ့ကျရင် ဒီဆုပိုင်ရှင် အစစ်အမှန် ဖြစ်တဲ့ သူမလက်ထဲကို ကိုယ်တိုင်လွှဲပြောင်းပေးအပ်နိုင်မယ်လို့ ခိုင်ခိုင်မာမာယုံကြည်တယ်လို့ ကိုယ်စားဆုလက်ခံရယူခဲ့သူ ဝန်ကြီးဦးအောင်မျိုးမင်းက ရေးသားထားပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီရှေ့နေချုပ်အပါအဝင် တရားစီရင်ရေးနဲ့ ဥပဒေကဏ္ဍကို ဦးဆောင်နေသူတွေကိုယ်တိုင် စစ်တပ်ကကျူးလွနတဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ မြန်မာသံအမတ်ကြီးပြော


အောက်တိုဘာလ၁၉ရက်


စစ်ကောင်စီလက်အောက်မှာရှိတဲ့ ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် တရားစီရင်ရေးနဲ့ဥပဒေကဏ္ဍကို ဦးဆောင်နေသူတွေ ကိုယ်တိုင် စစ်တပ်ကကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေကြတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံ ဆဋ္ဌမကော်မတီအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၆ ရက်ကကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမကော်မတီအစည်းအဝေးရဲ့  ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူ၏ နယ်ပယ်နှင့်အသုံးချမှု ခေါင်းစဉ်နဲ့ အထွေထွေဆွေးနွေးမှု အစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားခဲ့ရာမှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

လတ်တလော လေ့လာတွေ့ရှိရတဲ့ အချက်အလက်တွေအရ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ထားတဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ တရားစီရင်ရေးဆိုင်ရာကဏ္ဍမှာ အလွဲသုံးစားပြုမငနေတာတွေဟာ စိုးရိမ်ဖွယ်ရာ အတိုင်းအတာကို မီးမောင်းထိုးပြနေတယ်လို့လည်း သံအမတ်ကြီးက နိုင်ငံတကာအသိုင်းအဝိုင်းကို ရှင်းပြထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကို စနစ်တကျဖျက်ဆီးခဲ့ပြီး ပြည်သူတွေအပေါ် ရက်စက်ကြမ်း ကြုတ်တွေ အရှိန်မြှင့်လုပ်ဆောင်နေတဲ့အပြင် တချိန်တည်းမှာပဲ ဥပဒေဆိုင်ရာမူဘောင်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ တာကြောင့် နိုင်ငံအတွင်း လွတ်လပ်ပြီး တရားမျှတစွာနဲ့ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ဆိုတာ  မဖြစ်နိုင်တော့ဘူးလို့လည်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းဖို့ကြိုးပမ်းမှု နှစ်တာကာလထဲရောက်လာချိန်မှာ နိုင်ငံတကာ အသိုက်အ ဝန်းက ဝိုင်းဝန်ထောက်ပြနေတဲ့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုများကို ယုံကြည်စိတ်ချစွာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်တဲ့အခြေအနေ လုံးဝမရှိတော့ဘူးလို့လည်း သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံတွေကို ဆက်လက်ပြောဆိုခဲ့ပါ တယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စိုးရိမ်ဖွယ်ရာအခြေအနေတွေကို ထည့်သွင်းသုံးသပ်ရမယ်ဆိုရင် နိုင်ငံတွင်း ကျူးလွန် နေတဲ့ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုတွေကို တရားစွဲဆိုဖို့ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာတရားစီရင်ရေးစနစ်နဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အခြေခံမူတို့အပေါ်  မှီခိုအားထားဖို့လိုအပ်နေပြီဆိုတာတွေ့ရှိရပြီး ဒီနည်းလမ်းကသာ တရားမျှတမှု ဖော်ဆောင်ရေးအတွက် အရေးပါတဲ့ခြေလှမ်းတရပ် ဖြစ်နိုင်မယ်ဆိုတာယုံကြည်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။  


ဒီစိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား-IIMM ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အသိအမှတ်ပြု ကြိုဆိုတယ်လို့ မြန်မာသံအမတ်ကြီးက ဆက်ပြီး ပြောခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာပြည်သူတွေအပေါ် စစ်တပ်ကဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်နေတာတွေ ရပ်တန့်စေဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းရဲ့ တုံ့ပြန်မှုဟာ အခုအချိန်ထိ လုံလောက်မှုမရှိသေးဘူးလို့ သံအမတ်ကြီးက ထောက်ပြထားပါ တယ်။ 

ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး-ICC ထံ လွှဲအပ်တင်သွင်းဖို့ ကမ္ဘာလုံးဆိုင်ရာအဆင့် လက်နက်တင်ပို့ရောင်းချမှုနဲ့ တိုက်လေယာဉ်ဆီ ထောက်ပံ့မှုအပေါ် အရေးယူပိတ်ဆို့တာတွေ ချမှတ်ဖို့ ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်ကိုကျင့်သုံးပြီး အရေးယူဆောင်ရွက် တာတွေ အရေးတကြီးလုပ်ဆောင်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုခဲ့ပါတယ်။


========================


📌📌 ၃။ လိုင်ဇာအပါအဝင် KIA နယ်မြေက နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ထားပြီး မြန်မာနိုင်ငံရောက် တရုတ်နိုင်ငံသား တွေသာဝင်ခွင့်ပေး  


အောက်တိုဘာလ၁၉ရက်


ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော်-KIO/KIA နယ်မြေထဲက နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံ ဘက်က အောက်တိုဘာ ၁၈ ရက်ညသန်းခေါင်အချိန်မှာ စပိတ်လိုက်ပြီး မြန်မာနိုင်ငံရောက် တရုတ်နိုင်ငံသားတွေကိုသာ ဝင်ခွင့်ပေးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

လိုင်ဇာ၊ လိုင်စင်နဲ့ ခရှန်နယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၁၈ ရက်ည သန်းခေါင်း ၁၂ နာရီကစပိတ်မယ်လို့ တရုတ်ဘက်က စာထုတ်ပြန်လာတယ်လို့ သိရပါတယ်။

ဒါဟာ KIA ပူးပေါင်းတပ်တွေ မြန်မာ-တရုတ်နယ်စပ် ပန်ဝါမြို့ကို ထိုးစစ်ဆင်သိမ်းပိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံ ဘက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာလို့ သတင်းရင်းမြစ်ကတွေက ဆိုပါတယ်။

အခုလို နယ်စပ်ဂိတ်တွေပိတ်လိုက်ပြီးနောက် တရုတ်နိုင်ငံဘက်ခြမ်းကနေ မြန်မာနိုင်ငံဘက်ဝင်ရောက်ခွင့်မပြုတော့ပေမယ့်  မြန်မာနိုင်ငံဘက်ရောက်နေတဲ့ ကုန်တင်ကားတွေနဲ့ တရုတ်နိုင်ငံသားတွေကိုတော့ တရုတ်နိုင်ငံထဲ အမြန်ပြန်ဝင်ကြဖို့ တရုတ် ဘက်က ဂိတ်ဖွင့်ပေးထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ မိုင်ဂျာယန်ဂိတ်ကို မပိတ်သေးသလို တရုတ်ဘက်ကလာတဲ့စာအရ ဘယ်နေ့အထိ ပိတ်မယ်ဆိုတာလည်းမပါဘူး လို့ ဒေသခံတွေက ဆိုပါတယ်။

တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ ဖိအားပေးခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်ရာမှာ နယ်စပ်ဂိတ်တွေပိတ်ပြီး ဆေးဝါး၊ စားနပ်ရိက္ခာ၊ စက်သုံးဆီနဲ့ ကုန်စည်စီးဆင်းမှုတွေဖြတ်တောက်တဲ့နည်းတွေနဲ့ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဖိအားပေးနေတာပဲ ဖြစ်ပါတယ်။

KIA ဘက်က တရားဝင် ထုတ်ပြန်တာမရှိပေမယ့် တရုတ်အစိုးရတာဝန်ရှိသူတွေဟာ အောက်တိုဘာ ၁၇ ရက်နေ့က KIA ခေါင်ဆောင်တွေကိုခေါ်ယူတွေ့ဆုံခဲ့တာရှိပြီး မြစ်ကြီးနားနဲ့ ဗန်းမော်မြို့တွေကို ဆက်မတိုက်ဖို့ ဖိအားပေးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။  

စစ်ကောင်စီကိုဆက်မတိုက်ဖို့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA နဲ့ KIA ကို ဖိအားပေးနေတာဟာ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကို ကာကွယ်ပေးနေတာပဲဖြစ်တယ်လို့ နိုင်ငံရေး စစ်ရေးလေ့လာသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

လက်ရှိမှာ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါဒေသက နယ်စပ်ဂိတ်ကိုလည်း တရုတ်အစိုးရက အောက်တိုဘာ ၁၇ ရက် ကတည်းက ပိတ်ထားတာကြောင့် စစ်ဘေးရှောင်လိုတဲ့ ပန်ဝါဒေသခံတွေ နယ်စပ်ဂိတ်မှာ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ နောင်ချိုမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် ဦးသေဆုံး 


အောက်တိုဘာလ၁၉ရက်


ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဒီမနက်မှာ တိုက်လေယာဉ်နဲ့  ကြိမ်တိုင် ဗုံးကြဲခဲ့တာကြောင့် ကလေး ဦး အပါအဝင် အရပ်သားပြည်သူ ဦး သေဆုံးသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၉ ရက် မနက် နာရီ ၁၅ မိနစ်ဝန်းကျင်အချိန်မှာ နောင်ချိုမြို့ တောင်ရပ်ကွက်အတွင်းကို စစ်တပ်က ဂျက်လေယာဥ်နဲ့ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကလေး ဦးအပါအဝင် အရပ်သားပြည်သူ ဦးသေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရကာ အိမ် ၁၇ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။ 

စစ်ကောင်စီလေယာဉ် ဗုံးကြဲမှုကြောင့် တောင်ရပ်ကွက်က ဦးကျော်ရဲ့နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ပိုင်ရှင် ဦးကျော်၊ သူသမီးတွေဖြစ်တဲ့ မကျော်စုဝေနဲ့ မခင်နဒီကျော်တို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် မနက် နာရီ ၂၅ မိနစ်ခန့်အချိန်မှာ နောက်တကြိမ်ထပ် ဗုံးကြဲတိုက်ခိုက်ရာ ဦးပြားရဲ့အိမ်ပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးပြားနဲ့ သူ့ဇနီး မငယ်ချော အပါအဝင် ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ 

သတင်းကျွတ်လပြည့်ညကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့တွင်းကို လေကြောင်းကနေတိုက်ခိုက်ခဲ့ပြီး ဒေသခံ ပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ မူဆယ်မြို့ကလွဲလို့ ရှမ်းမြောက်ဒေသမှာရှိတဲ့မြို့တွေအားလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက်ပိုင်း   ဒေသခံပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေ ပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာဖြစ်တယ်လို့ TNLA က ထုတ်ပြန်ပြောဆိုထားပါတယ်။


========================


🚩🚩 ၂။ လောက်ကိုင်မြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာလ၁၉ရက်


ကိုးကန့်တပ်မတော်-MNDAA သိမ်းပိုက်ထားတဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

မနေ့ညသန်းခေါင်အချိန် နာရီကျော်မှာ လိုင်ဇာအနီးက လမိုင်ယာန်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့ပြီးနောက် နာရီ ၅၅ မိနစ်ဝန်းကျင်မှာ လောက်ကိုင်မြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီအနေနဲ့ KIA ဌာနချုပ် လိုင်ဇာမြိုအနီးနဲ့ MNDAA သိမ်းပိုက်ထားတဲ့ လောက်ကိုင်မြို့ကို အချိန်ပိုင်းသာ ခြားပြီး တိုက်ခိုက်ခဲ့တဲ့ ထူးခြားဖြစ်စဉ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက မှတ်ချက်ပြုပါတယ်။ 

လိုင်ဇာဒေသအနီးက လမိုင်ယာန်ကျေးရွာကိုတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုတွေရှိပေမယ့် လောက်ကိုင်မှာကြဲတဲ့ ဗုံးတလုံး က မပေါက်ကွဲဘဲ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ 

အခုလို KIA ဌာနချုပ်အနီးတဝိုက်နဲ့ MNDAA ထိန်းချုပ်ထားရာ လောက်ကိုင်ကိုတိုက်ခိုက်တာဟာ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ ဆက်မလုပ်ဖို့ တရုတ်က ဖိအားပေးနေချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တွေ တပြိုင်တည်း ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

လိုင်ဇာမြိုနဲ့အနီးတဝိုက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ချိန်မှာ တရုတ်ဘက်က အချက်ပြမီးကျည်တွေပစ်ဖောက်ပြီး သတိပေးခဲ့တယ်လို့ သိရပါတယ်။ 

လောက်ကိုင်မြို့ ၃၁၁ နေရာကို စစ်ကောင်စီလေယာဉ်ဗုံးကြဲသွားတဲ့ဖြစ်စသ်မှာ တလုံးသာပေါက်ကွဲပြီး အခြားတလုံးက မကွဲဘူးလို့သိရပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။  

စစ်ရေးမှာအရှုံးနဲ့ရင်ဆိုင်နေရပြီး နယ်မြေဒေသတွေဆက်တိုက်ဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ ဒီနေ့မနက် နာရီခွဲမှာလည်း တအာင်းတပ်မတော်-TNLA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ဦးအပါအဝင် မိသားစုဝင် ဦး သေဆုံးခဲ့ရပါတယ်။


========================


🚩🚩 ၃။ တရုတ် - မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA သိမ်းပိုက်


အောက်တိုဘာလ၁၉ရက်


တရုတ် - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကချင်ပြည်နယ်က ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ ပူးပေါင်းတပ် တွေနဲ့ မနေ့ အောက်တိုဘာ ၁၈ ညမှာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်း နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပန်ဝါမြိုတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေ မနေ့က ညနေ နာရီခန့်အချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီအချိန်မှာတော့ ပန်ဝါမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကာ ၁၁ နာရီဝန်းကျင်မှာ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ပန်ဝါမြိုတွင်း ချီတက်ဝင်ရောက်လာတဲ့ ရုပ်သံမှတ်တမ်းတွေ ဆက်လက်ထွက်ပေါ်လာခဲ့ပါတယ်။ 

KIA နဲ့ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလကုန်ပိုင်းနဲ့ အောက်တိုဘာလဆန်းကစပြီး ကချင်အထူးဒေသ- နယ်မြေမှာရှိတဲ့ ချီဖွေနဲ့ဆော့လော်မြို့ကိုသိမ်းပိုက်ကာ ပန်ဝါမြို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီး ပန်ဝါအနီးက စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့ စစ်စခန်းနဲ့ နယ်ခြားစောင့်စခန်းတွေကို ဆက်တိုက်သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပန်ဝါဒေသတဝိုက် စစ်စခန်းတွေမရှိတော့ပေမယ့် လက်နက်စွန့်ခွာထွက်ပြေးသွာတဲ့ စစ်ကောင်စီ လက်အောက်ခံတွေဖြစ်တဲ့ ပြည်သူ့စစ်တွေနဲ့ BGF အချို့ တောတောင်တွေထဲ ပုန်းခိုနေနိုင်တာကြောင့် ဒါတွေကို ရှင်းလင်း ရဦးမယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေနဲ့စစ်တပ်လက်အောက်ခံတွေတွေဆီက လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ် လို့လည်း သိရပါတယ်။

ပန်ဝါမြို့ကိုသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်ရာမှာ ဒေသခံပြည်သူတွေ ထိခိုက်မှုနည်းစေဖို့ တဆင့်ချင်းစနစ်တကျ တိုက်ခိုက်ခဲ့တာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ပန်ဝါမြို့က စစ်ဘေးရှောင်ပြည်သူတွေကို တရုတ်ဘက်က အဝင်မခံတာကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ်အနီးမှာ ပိတ်မိနေတာ ရက်ကျော်ရှိနေပြဖြေစ်ကာ ရာချီရှိတဲ့ကားတွေလည်း တရုတ်ပြည်ဘက်ဝင်ခွင့်ရရေး နယ်စပ်ဂိတ်မှာ စောင့်ဆိုင်းနေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။

ပန်ဝါမြို့ကို စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ- နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထားခဲ့ရာက ယခုအခါ KIA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။


========================


🚩🚩 ၄။ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီက လေကြာင်းတိုက်ခိုက်မှု တရုတ်ဘက်က မီးကျည်ပစ်ဖောက် သတိပေး


အောက်တိုဘာလ၁၉ရက်


ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်-KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီက  တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကို တရုတ်ဘက်က မီးကျည်တွေပစ်ဖောက်ပြီး သတိပေးခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ပန်ဝါမြို့ကို KIA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီလို့ သတင်တွေထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီရဲ့ တိုက်လေယာဉ် စင်းက လိုင်ဇာမြို့အနီးကို လာရောက်ဗုံးကြဲတိုက်ခိုကခဲ့တာလို့ဆိုပါတယ်။

မနေ့ညသန်းခေါင်ကျော်အချိန် ဒီနေ့မနက် နာရီ ၁၁ နဲ့ နာရီ ၁၄ မိနစ်ကြားမှာ လိုင်ဇာမြို့အနီးက လမိုင်းယန်ကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ် ၂စင်းနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

အခုလို လမိုင်ယန်ရွာကို စစ်ကောင်စီက ဗုံး လုံးကြဲသွားတာကြောင့် ဒေသခံပြည်သူ ဦး သေဆုံးသွားတယ်ဆိုတဲ့သတင်း တွေလည်း ထွက်ပေါ်နေပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေလုပ်သွားတဲ့ တိုက်လေယာဉ်တွေဟာ တံတားဦးကတက်လာတဲ့လေယာဉ်တွေဖြစ်ပြီး MiG-29 တိုက်လေယာဉ် အမျိုးအစားဖြစ်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေကလည်း အသိပေးထားပါတယ်။

ဒါဟာ စစ်ကောင်စီအနေနဲ့ စစ်ရေးမှာအရှုံးနဲ့ရင်ဆိုင်ရတိုင်း အရပ်သားပြည်သူတွေနေထိုင်ရာနေရာနေရာတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ရာဒေသတွေကို လေကြောင်းကနေ တိုက်ခိုက်လေ့ရှိတဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။ 

အခုလို စစ်တပ်က လိုင်ဇာမြို့အနီးကို တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ရာမှာ တရုတ်နိုင်ငံပိုက်နက်နဲ့ အလွန် နီးကပ်လာတဲ့အတွက် နယ်ကျော်မလာစေဖို့ တရုတ်ဘက်က မီးကျည်တွေပစ်ပေါက်ပြီး သတိပေးမှုတွေ လုပ်ဆောင်ခဲ့တယ် လို့ စစ်ရေးတသင်းရင်းမြစ်တွေက ပြောပါတယ်။

အရင်က KIA နဲ့ ပြဿနာဖြစ်တိုင်း စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ လိုင်ဇာမြိုအနီးဝန်းကျင်ကို ပစ်ခတ်လေ့ရှိ ပေမယ့် အခုနှစ်မတ်လကစပြီး လိုင်ဇာအနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီဟာ လေကြောင်းကနေ လာရောက်ဗုံးကြဲတာတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

KIA နဲ့ပူးပေါင်းတပ်တွေဟာ ကချင်အထူးဒေသ- မှာပါတဲ့ ချီဖွေမြို့နယ်ထဲက ပန်ဝါမြို့ကို အောက်တိုဘာ ၁၈ ရက်ညမှာပဲ အပြီးသတ် တိုက်ခိုက်သိမ်ပိုက်နိုင်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment