19th OCT 2024 - Morning Daily News by Radio NUG

 


၂၀၂၄ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးနဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တယ်လို့ CRPHကသတင်းထုတ်ပြန်

📌 ၂။ မြို့နယ်ခြောက်ဆယ့်သုံးမြို့နယ်က ရရှိခဲ့တဲ့စာရင်းတွေအရ ရေဘေးသင့်လူဦးရေ တသန်းကျော်ကို NUGကထောက်ပံ့ပေးနိုင်ခဲ့

📌 ၃။ ချင်းပြည်ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒအတည်ပြု ပြဋ္ဌာန်း

📌 ၄။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

📌 ၅။ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသော CDMer မိသားစုများကို  စာရင်းကောက်ယူထောက်ပံ့ခဲ့

📌 ၆။ မြန်မာပြည်ရေးဘေးနဲ့စစ်ရှောင်ပြည်သူများအတွက်ရန်ပုံငွေရှာဂီတပွဲ အမေရိကန်နိုင်ငံနယူးယောက်မှာကျင်းပမယ်

📌 ၇။ ဂျပန်နိုင်ငံရှိစစ်ကောင်စီသံရုံးကို မြန်မာအင်အားစုများဆန္ဒပြမယ်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဖာပွန်ခရိုင်တွင် အောက်တိုဘာလ ၁၅ရက်အတွင်း စစ်တပ်ဘက်မှ ၁၁ဦး သေဆုံး

🚩 ၂။ ပန်ဝါမြို့အနီးရှိ စေတီကုန်း ကာကင်းစခန်း တစ်ခု၊ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်၏ ကာကင်းစခန်း ခုကို KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်

🚩 ၃။ သီတင်းကျွတ်ည အခါသမယ ပြည်သူလူထုများ ရပ်ကွက်၊ ဘုရားကျောင်းကန်များတွင် ဆီမီးပူဇော်ကုသိုလ်ယူနေချိန် လာရောက်ဗုံးကြဲတိုက်ခိုက်မှုသည် ရက်စက်ယုတ်မာသည့် လုပ်ရပ်ဖြစ်တယ်လို့ TNLA ထုတ်ပြန်

🚩 ၄။ CDF – Zotung ဒုတပ်ရင်းမှူးနဲ့ တပ်စုမှူး ဟားခါး - ထန်တလန်လမ်း တိုက်ပွဲအတွင်း ကျဆုံး

🚩 ၅။ အကြမ်းဖက်စစ်တပ်က ပျူရွာကို လေယာဥ်နဲ့ချပေးတဲ့ ပိုးထိုးနေတဲ့ ဆန်အပါ ရိက္ခာတချို့ တော်လှန်ရေးရဲဘော်တွေရရှိ

🚩 ၆။ ဇီးကုန်းမြို့နယ် ဘော်ဘင်ချောင်း သရက်ပင်အိုင်တံတား ဗျူဟာလမ်းပေါ်တွင် လမ်းသွားလာသူများကို ဖမ်းဆီးရိုက်နှက် နှိပ်စက်နေသည့် စစ်ကောင်စီနှင့် ပျူများကို သွားရောက် ပစ်ခတ်

🚩 ၇။ ကလေးမြို့မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ဖမ်းဆီး

🚩 ၈။ ရေဦးမှာ NUGမှ လေကြောင်းရန်ကာကွယ်ရေးဟောပြောပွဲနဲ့ လက်တွေ့သရုပ်ပြသခြင်းတွေ ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးနဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တယ်လို့ CRPHကသတင်းထုတ်ပြန်


အောက်တိုဘာ၁၈ရက်

Radio NUG

(၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးနဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တယ်လို့ CRPHကသတင်းထုတ်ပြန်လိုက်ပါတယ်။


ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ အောက်တိုဘာ ၁၃ရက်နေ့မှ ၁၇ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး၊ ဒေါ်သန္တာ၊ အကြံပေးများအဖြစ် ဒေါက်တာမြသီတာနှင့် ဒေါ်နန်းစုမွန်အောင် (ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်) တို့ ပါဝင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့တယ်လို့ဖော်ပြပါတယ်။

 

ညီလာခံကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအစည်းအဝေးများ၊ အမှုဆောင်ကောင်စီအစည်းအဝေး၊ General Debate အစီအစဉ်၊ အမြဲတမ်းကော်မတီအစည်းအဝေးများနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးသည် အောက်တိုဘာ၁၆ရက်နေ့တွင် "Harnessing science, technology and innovation for a more peaceful and sustainable future." ဆောင်ပုဒ်ဖြင့် ပြုလုပ်ခဲ့သည့် ညီလာခံ၏ General Debate အစီအစဉ်တွင် မိန့်ခွန်းပြောကြားခဲ့ပါတယ်။


ထို့ပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာပါလီမန်များအဖွဲ့၏ ဥက္ကဋ္ဌ၊ နယူးဇီလန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ယူကေနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ယူဂန်ဒါနိုင်ငံနှင့် ဂါနာနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများကို ရှင်းလင်းပြောကြားကာ ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကိုလည်း တောင်းဆိုခဲ့တယ်လို့သိရပါတယ်။


(၂၁၄) ကြိမ်မြောက် အမှုဆောင်ကောင်စီအစည်းအဝေးက  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တရားဝင်မိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့ပြင် Response by parliamentarians to the urgent plea by the UN Secretary-General to recommit to multilateralism for global peace, justice and sustainability ခေါင်းစဉ်ဖြင့် တင်သွင်းသည့် အရေးကြီးအဆိုတွင် မြန်မာ့အရေးအား ပါဝင်ရန် ကြိုးပမ်းနိုင်ခဲ့ပြီး အမှုဆောင်ကောင်စီအစည်းအဝေးက အောက်တိုဘာ ၁၇ ရက်နေ့တွင် ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။


ယင်းအရေးကြီးအဆိုအား ပြင်သစ်နိုင်ငံ၊ ယူကေနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များက ပူးပေါင်းတင်သွင်းခဲ့ခြင်းဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ မြို့နယ်ခြောက်ဆယ့်သုံးမြို့နယ်က ရရှိခဲ့တဲ့စာရင်းတွေအရ ရေဘေးသင့်လူဦးရေ တသန်းကျော်ကို NUGကထောက်ပံ့ပေးနိုင်ခဲ့


အောင်တိုဘာ၁၈ရက်

Radio NUG

မြို့နယ်ခြောက်ဆယ့်သုံးမြို့နယ်က ရရှိခဲ့တဲ့စာရင်းတွေအရ ရေဘေးသင့်လူဦးရေ တသန်းကျော်ကို NUGက ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဂျပန်အောက်လွှတ်တော်အမတ် (ဟောင်း) မာစဟရု နာကာဂါဝါတို့ တွေ့ဆုံဆွေးနွေးကြသော အရေးပေါ်အခြေအနေနှင့် တာဝန်ယူလုပ်ဆောင်မှုများဆွေးနွေးမှုမှာ ဝန်ကြီးကဆိုပါတယ်။


"စက်တင်ဘာလကုန်ထိကိုပဲ တစ်သန်းငါးသောင်းကျော်စာရင်းရရှိပါတယ်။ ကျွန်တော်တို့ဆီစာရင်းပေးပို့နိုင်ခဲ့ပါတယ်။မြို့နယ်ခြောက်ဆယ့်သုံးမြို့နယ်က ရရှိခဲ့တဲ့စာရင်းတွေကနေပြီးတော့ ကျွန်တော်တို့တွေ ထောက်ပံ့နိုင်ခဲ့တဲ့ဦးရေက တသန်းငါးသောင်းခုနစ်ထောင့်နှစ်ရာသုံးဆယ့်ငါးဦးစလုံး စာရင်းရရှိတဲ့လူအကုန်လုံးကို ထောက်ပံ့နိုင်ခဲ့ပါတယ်။အခုထောက်ပံတာက ပြည်သူကပြည်သူအစီအစဥ်အနေနဲ့ရော မြန်မာနိုင်ငံပြည်တွင်းမှာရှိတဲ့လူရော ပြင်ပရောက်နေတဲ့လူရော ဂျပန်နိုင်ငံမှာရှိနေတဲ့ ပြည်သူတွေရော၊အီးယူ၊ သြစတြေးလျစတဲ့နိုင်ငံ ကူညီမှုတွေလည်းပါပါတယ် ဒုက္ခရောက်နေတဲ့ ပြည်သူအားလုံးကို ကျွန်တော်တို့မြန်မြန်ထောက်ပံ့နိုင်ခဲ့တယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ ရေဘေးသင့်ပြည်သူများ အထောက်အပံ့ရရှိစေနိုင်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊မြေပြင်ကယ်ဆယ်ရေးအဖွဲ့များနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပါတယ်။


========================


📌📌 ၃။ ချင်းပြည်ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒအတည်ပြု ပြဋ္ဌာန်း


အောက်တိုဘာ၁၈ရက်

Radio NUG

ချင်းပြည်ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒအတည်ပြု ပြဋ္ဌာန်းလိုက်တယ်လို့ သတင်းရရှိပါတယ်။


အောက်တိုဘာ၁၆ရက် ချင်းပြည် (Chinland) အစိုးရပညာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။


၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ () ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ချင်းပြည် (Chinland) အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် /၂၀၂၄၊ ဆုံးဖြတ်ချက် -က အရ ချင်းပြည်ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ ကနဦးမူကြမ်းကို အတည်ပြုပြီးဖြစ်သဖြင့် ချင်းပြည်ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒအဖြစ် အတည်ပြု ပြဋ္ဌာန်းလိုက်တယ်လို့ဖော်ပြပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ချင်းပြည် (Chinland) အစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့အကြား ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားရန်သဘောတူဆုံးဖြတ်ထားပါတယ်။


========================


📌📌 ၄။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ


အောက်တိုဘာ၁၈ရက်

Radio NUG

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။


လုပ်ငန်းကော်မတီ ပုံမှန်အစည်းအဝေးကို (အောက်တိုဘာလ ၁၈ ရက်) မှာ Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။ 


အစည်းအဝေးကို ကော်မတီ၏ အစုအဖွဲ့ () ဖွဲ့မှ ကော်မတီဝင်များ ပါဝင်တက်ရောက်ကြပြီး တက်ရောက်ခွင့်ရှိသူရဲ့ (၉၂%) တက်ရောက်ခဲ့ကြပြီး ဒီအစည်းအဝေးမှာ အစီအစဉ် () အနေနဲ့ ကော်မတီရဲ့ လုပ်ငန်းလမ်းညွှန် (မူကြမ်း) ကို အချောသတ် ဆွေးနွေးကြပြီးနောက် အားလုံးရဲ့ တညီတညွတ်သော သဘောဆန္ဒဖြင့်အတည်ပြုခဲ့ကြပါတယ်။


အဲ့ဒီနောက်မှာ အစီအစဉ် () အနေနဲ့  မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံနှင့်စပ်လျဉ်း၍ ကော်မတီဝင်များရဲ့ သဘောထားများ၊ အမြင်များ၊ စိတ်ဆန္ဒများကို အပြန်အလှန် လွတ်လပ်စွာ ဆွေးနွေးဖလှယ်ခြင်း (Brainstorming) နဲ့ အမြင်များကို စုစည်းခြင်းတို့ လုပ်ဆောင်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသော CDMer မိသားစုများကို  စာရင်းကောက်ယူထောက်ပံ့ခဲ့


အောက်တိုဘာ၁၈ရက်

Radio NUG

ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသော CDMer မိသားစုများကို စာရင်းကောက်ယူထောက်ပံ့ခဲ့တယ်လို့  CDM Success Committeeက အသိပေးဖော်ပြပါတယ်။


စက်တင်ဘာလထဲတွင် ဖြစ်ပေါ်ခဲ့သော ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသော CDMer မိသားစုများကို အတတ်နိုင်ဆုံး စာရင်းကောက်ယူခဲ့ပါတယ်။ ထိုသို့ ကောက်ယူပြီးနောက် CRPH Official Fundraising Program (OFP) Fundraisers များ အခြားFundraisers များ ဝန်ကြီးဋ္ဌာနအတွင်း ပြန်လည်ထောက်ပံ့ပေးခြင်းနှင့် အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားရေးစသည်တို့မှ ထောက်ပံ့ပေးငွေ စုစုပေါင်း 53,329,980 ကျပ် ရရှိပါတယ်လို့ဖော်ပြပါတယ်။


အောက်တိုဘာလ ရက်အထိ ပထမ အသုတ်အနေဖြင့် ဝန်ကြီးဋ္ဌာန အစုံ မှ လူဦးရေ 1073 တွင် 1049 ဦးကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၆။ မြန်မာပြည်ရေးဘေးနဲ့စစ်ရှောင်ပြည်သူများအတွက်ရန်ပုံငွေရှာဂီတပွဲ အမေရိကန်နိုင်ငံနယူးယောက်မှာကျင်းပမယ်


အောက်တိုဘာ၁၈ရက်

Radio NUG

မြန်မာပြည်ရေးဘေးနဲ့ စစ်ရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာဂီတပွဲ အမေရိကန်နိုင်ငံနယူးယောက်မှာ ကျင်းပမယ်လို့သိရပါတယ်။


အောက်တိုဘာ၁၈ရက်မှာ အဆိုပါပွဲအခမ်းအနားနဲ့ ပတ်သက်လို့ NYCBCမှ ဦးနေတင်မြင့်က ယခုလိုပြောပါတယ်။

"ကျွန်တော်တို့လာမယ့် နိုဝင်ဘာလ ၃၀ရက်နေ့မှာ အမေရိကန်နိုင်ငံ နယူးရောက်စီးတီးမှာ ဂီတဖျော်ဖြေပွဲလေးတစ်ခုကို နယူးရောက်စီးတီး ဘားမိစ်ကွန်မြူနစ်တီက စီစဉ်ပြီးတော့ ဆောင်ရွက်ထားပါတယ်။ ဒီအစီအစဉ်ပွဲမှာ အဓိကအားဖြင့် အဆိုတော်တွေဖြစ်တဲ့ အာဇာနည်၊ xbox ကျော်သီဟ၊ ဝင်းနိုင်စိုး၊ russel leo မြတ်နိုးအေးနဲ့ နင်ဇီမေတို့က အားလုံးပူးပေါင်းပြီးတော့ အားဖြည့်ပေးထားပါတယ်။ အဓိကအားဖြင့်တော့ ကျွန်တော်တို့နိုင်ငံမှာပေါ့လေ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့သူတွေ နောက်ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေ ပြီးတော့ ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ကိစ္စတွေကို ကျွန်တော်တို့ ရရှိတဲ့အမြတ်ငွေအားလုံးကို 100% ချက်ချင်း ကျွန်တော်တို့ အမြန်ဆုံးလှူဒါန်းသွားမှာဖြစ်ပါတယ်။ အဓိက ဒီပွဲမှာကတော့ အဓိကထူးခြားချက်ကတော့ အခု ကျွန်တော်ရွတ်ပြတဲ့ အာဇာနည်အပါအဝင် အဆိုတော်တွေအားလုံးက ဒီပွဲမှာ မေတ္တာနဲ့လာရောက်ကူညီပံ့ပိုးပြီးတော့ အခကြေးငွေမယူပဲနဲ့ မေတ္တာနဲ့လာရောက် ကူညီပံ့ပိုးပေးခြင်းဖြစ်ပါတယ်။  အဲ့ဒီလို လုပ်ဆောင်တဲ့အခါမှာတော့ နိုဝင်ဘာလ ၃၀ရက်နေ့မှာ ညနေ ၄နာရီမှာ စတင်ပြီးတော့ ဖွင့်လှစ်ပြီးတော့ လာရောက်တဲ့ ပရိတ်သတ်တွေကို အစားအသောက်တွေရောင်းချမယ်။ ပြီးတော့ ၆နာရီကနေ ၉နာရီကို ဂီတဖျော်ဖြေပွဲကို စီစဉ်ထားပါတယ်။ ကြားမှာလည်း လေလံတင်ပွဲလေးတွေ ပြီးတော့ လာရောက်အားပေးကူညီဖြည့်ဆည်းပေးတဲ့ ပရိတ်သတ်တွေအတွက် ပရိတ်သတ်လည်း စိတ်ပါဝင်စားမယ့် fundraising အစီအစဉ် အခြားကဏ္ဍလေးတွေလည်းထည့်သွင်းထားပါတယ်။ အစီအစဉ်ကတော့ ၆နာရီက ၉နာရီကို ၃နာရီတိတိ ဂီတပွဲလေးကို ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ် "


လက်ရှိမှာ NYC Music Concert ပွဲကြီးရဲ့ လက်မှတ်များကို စတင်ကာ ရောင်းချပေးနေပြီး ဒီပွဲက ရရှိလာတဲ့ အကျိုးအမြတ်အားလုံးကို မြန်မာပြည်ရေးဘေး၊ စစ်ဘေးရှောင်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ရာနှုန်းပြည့်ထောက်ပို့ကူညီပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၇။ ဂျပန်နိုင်ငံရှိစစ်ကောင်စီသံရုံးကို မြန်မာအင်အားစုများဆန္ဒပြမယ်


အောက်တိုဘာ၁၈ရက်

Radio NUG

အောက်တိုဘာ၂၇ရက် ညနေပိုင်းတွင် Shinagawaရှိ စကစသံရုံးကို လူထုဆန္ဒဖော်ထုတ်မယ်လို့သိရပါတယ်။


"1027 Operation " မှာ ကြွေလွင့်ခဲ့ကြရတဲ့ သူရဲကောင်း အာဇာနည်များကို ဦးညွှတ်အလေးပြုကြမယ် ၊ရဲဘော်တို့ ပေးဆပ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြတဲ့ မပြီးပြတ်သေးတဲ့ တော်လှန်ရေး ရည်မှန်းချက်တွေကို ဆက်လက်အကောင်အထည်ဖော်ရင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်စေနိုင်မယ့် ဝင်ရောက်စွက်ဖက်မှုတွေကို အံတုနိုင်ဖို့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေကို အပြည့်အဝအားပေးထောက်ခံကြောင်း လူထုအင်အား ပြသကြမယ်။ ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ အင်အားစုများ တိုင်းရင်းသား ညီအစ်ကိုများ အားလုံးကို ဖိတ်ခေါ်ပါတယ်"လို့ NUG Support Team Japanက ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဖာပွန်ခရိုင်တွင် အောက်တိုဘာလ ၁၅ရက်အတွင်း စစ်တပ်ဘက်မှ ၁၁ဦး သေဆုံး


အောက်တိုဘာ ၁၈ 

Radio NUG 


အောက်တိုဘာ()ရက်နေ့မှ အောက်တိုဘာ(၁၅)ရက်နေ့အထိ ၁၅ရက်တာ လလယ်တိုက်ပွဲသတင်းအကျဥ်းချုပ်အား KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင်နှင့် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်()တပ်မဟာဌာနချုပ်မှ သတင်းထုတ်ပြန်ပါတယ်။


အောက်တိုဘာ ပထမ ရက်သတ္တနှစ်ပတ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့်အတူ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ရှုံးကောင်စီတို့အကြား တိုက်ပွဲပေါင်း (၄၇)ကြိမ် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ရှုံးကောင်စီဖက်မှ (၁၁)ဦး သေဆုံးသွားကာ ()ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်တန်းလျားအဆောက်အဦး တစ်လုံး ဖျက်ဆီးခဲ့ပြီး စစ်မော်တော်ယာဥ်တစ်စီးပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ရှုံးကောင်စီဖက်မှ ဝေဟင်တိုက်ခိုက်မှုကိုသာ အားကိုးအသုံးပြုခဲ့ပြီး လေယာဥ်ဗုံးဆံ (၅၁)လုံး တိတိ ကြဲချခဲ့သလို အပြစ်မဲ့ပြည်သူများ နေထိုင်ရာ ကျေးရွာနှင့် လယ်ယာခြံမြေများအတွင်းသို့ လက်နက်ကြီးကျည် ()လုံး တိတိ ပစ်ချခဲ့ပါတယ်။


ထိုသို့ ကြဲ/ပစ်ချခဲ့ရာတွင် အပြစ်မဲ့ပြည်သူ ()ဦး သေဆုံးသွားကာ ()ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည့် အပြင် အပြစ်မဲ့ပြည်သူပိုင် အိုးအိမ်၊ လယ်ယာကိုင်းကွက်နှင့် ကောက်ပဲသီးနှံအမြောက်အများလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ပန်ဝါမြို့အနီးရှိ စေတီကုန်း ကာကင်းစခန်း တစ်ခု၊ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်၏ ကာကင်းစခန်း ခုကို KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်


အောက်တိုဘာ ၁၈ 

Radio NUG 


အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းမှစပြီး ပန်ဝါမြို့ ပတ်ဝန်းကျင် တောင်ကုန်းများတွင် တိုက်ပွဲပြင်းထန်နေကာ ပန်ဝါမြို့ရှိ စစ်ကောင်စီတပ်၏ စေတီကုန်း ကာကင်းစခန်း တစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရပါတယ်။


ထို့ပြင် ကန်ပိုက်တီးအနီးရှိ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်၏ ကာကင်းစခန်း ခုကိုလည်း သိမ်းပိုက်ရရှိထားပြီး အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရပါတယ်။


ပန်ဝါမြို့အနီး တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် ပြည်သူတွေ နယ်စပ်တစ်လျှောက် သွားရောက်ခိုလှုံ‌နေကြသော်လည်း တရုတ်ဘက်က ဝင်ခွင့်မပေးဘဲ နယ်စပ်ဂိတ်နဲ့ ကိုက် ၃၀ အကွာကြိုးတန်းတားထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


အောက်တိုဘာလ ၁၇ ရက် ညနေပိုင်းကတည်းက နယ်စပ်တစ်လျှောက် ပြည်သူတွေ ထောင်ချီ စစ်‌ရှောင်‌နေကြပေမယ့် တရုတ်နိုင်ငံဘက်က ပန်ဝါအတွင်း အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကိုသာ ဝင်ခွင့်ပြုပြီး ဂိတ်ပြန်ပိတ်လိုက်တယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်နေသည့် ပန်ဝါမြို့ အနီးတစ်ဝိုက်ကို အောက်တိုဘာလ ၁၈ရက် မွန်းလွဲ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးနှစ်လုံးကြဲချသွားတယ်လို့ သိရပါတယ်။ ဗျူဟာကုန်းအနီးမှာရှိတဲ့ လော်ဝေါ်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းလည်း လက်နက်ကြီးကြောင့် မီးလောင်နေပြီလို့ သိရပါတယ်။

အောက်တိုဘာလ ၁၈ ရက် မနက်ကစပြီး ပန်ဝါမြို့ ဈေးဆိုင်တွေအားလုံး ပိတ်သိမ်းထားကြပြီး ပြည်သူတွေ နယ်စပ်တစ်ကြောမှာ ခိုလှုံနေကြပါတယ်။


========================


🚩🚩 ၃။ သီတင်းကျွတ်ည အခါသမယ ပြည်သူလူထုများ ရပ်ကွက်၊ ဘုရားကျောင်းကန်များတွင် ဆီမီးပူဇော်ကုသိုလ်ယူနေချိန် လာရောက်ဗုံးကြဲတိုက်ခိုက်မှုသည် ရက်စက်ယုတ်မာသည့် လုပ်ရပ်ဖြစ်တယ်လို့ TNLA ထုတ်ပြန်


အောက်တိုဘာ ၁၈ 

Radio NUG 


အောက်တိုဘာလ ၁၇ ရက်နေ့ သီတင်းကျွတ်ညအခါသမယအချိန်တွင် ပြည်သူလူထုများ စုဝေး၍ ရပ်ကွက်၊ ဘုရားကျောင်းကန်များတွင် ဆီမီးပူဇော်ကုသိုလ်ယူနေကြသည်ကို သိလျက် ရဟန်းရှင်လူ  ဒေသခံပြည်သူလူထုများကို ဦးတည်ပြီး ထိုကဲ့သို့ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်မှုသည် ရက်စက်ယုတ်မာသည့် လုပ်ရပ် ဖြစ်ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။


စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၁၈ရက်နေ့ (၉း၄၀)မိနစ်အချိန်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သဖန်ကိုင်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ (၁၀း၂၀)မိနစ်တွင် တစ်ကြိမ် ထပ်မံလာရောက်ဗုံးကြဲခဲ့ပြီး နောင်ချိုရဲစခန်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် (၁၁း၂၀) မိနစ်တွင် တစ်ကြိမ်၊ (၁၂း၄၅)မိနစ်တွင် တစ်ကြိမ်၊ နံနက် (၁း၀၀)အချိန်တွင် တစ်ကြိမ် ဆက်တိုက်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရဲစခန်းဝန်းအတွင်း ဗုံး()လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ရပ်ကွက် နယ်မြေ()တွင် လုံး၊ နယ်မြေ()တွင် လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုကဲ့သို့ လူထုများစုဝေးစဥ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ဆေးဝါးကုသပေးလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ CDF – Zotung ဒုတပ်ရင်းမှူးနဲ့ တပ်စုမှူး ဟားခါး - ထန်တလန်လမ်း တိုက်ပွဲအတွင်း ကျဆုံး


အောက်တိုဘာ ၁၈ 

Radio NUG 


စစ်ကောင်စီက အောက်တိုဘာ ၁၃ ရက်နေ့ကစပြီး ဟားခါးနဲ့ ထန်တလန်မြို့ကြားရှိ  တပ်စခန်းတွေ ပြန်ရရေးအတွက် တန်ပြန်ထိုးစစ်ဆင်နေပြီး တိုက်ပွဲအတွင်း ဒုတပ်ရင်းမှူးနဲ့ တပ်စုမှူးတို့ ကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးအဖွဲ့ (ဇိုတုန်း)  CDF- Zotung က သတင်းထုတ်ပြန်ပါတယ်။


အောက်တိုဘာလ ၁၆ရက်နေ့က ဖြစ်ပွားတဲ့ သီးမြစ်တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


ဒုတပ်ရင်းမှူးဖြစ်တဲ့ ဆလိုင်းထွန်မာန်းနဲ့ တပ်စုမှူး ဆလိုင်း အားလျန်တို့ဟာ ၎င်းတို့ ကတိသစ္စာပြုခဲ့တဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြင့်မြတ်စွာကျဆုံးခဲ့ပြီး ပေးဆပ်မှုအတွက် လေးစားဂုဏ်ပြုကြောင်းနဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း CDF – Zotung က ထုတ်ပြန်ထားပါတယ်။


ဇူလိုင်လအတွင်း စတင်ခဲ့တဲ့ ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်းမှာ CDF – Zotung တပ်ဖွဲ့ဝင်ရဲဘော် ငါးဦး ကျဆုံးခဲ့ပါတယ်။


========================


🚩🚩 ၅။ အကြမ်းဖက်စစ်တပ်က ပျူရွာကို လေယာဥ်နဲ့ချပေးတဲ့ ပိုးထိုးနေတဲ့ ဆန်အပါ ရိက္ခာတချို့ တော်လှန်ရေးရဲဘော်တွေရရှိ


အောက်တိုဘာ ၁၈ 

Radio NUG 


အောက်တိုဘာလ ၁၈ရက် မနက် ၉နာရီခန့်တွင် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတွေဆီ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချလာပေးတဲ့ ရိက္ခာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ရရှိခဲ့ကြောင်း ပုံတောင် တိုက်ဂါး PDF မှ သတင်းထုတ်ပြန်ပါတယ်။


ပုလဲမြို့နယ်က ကားနောက်ရဲစခန်းကို ဒရုန်းမစ်ရှင် လုပ်နေချိန်မှာ Y 12 လေယာဥ်ပျံနေတာတွေ့လို့ စကောက်ဒရုန်းနဲ့ ထောက်ကြည့်နေတဲ့အချိန်မှာ ဇီးဖြူကုန်း အကြမ်းဖက်စစ်တပ် ဗျူဟာကုန်းမှာ ဝဲနေပြီး ပစ္စည်းချတဲ့အချိန်မှာ ဒရုန်းမစ်ရှင်ကို ရပ်ကာ ဇီးဖြူကုန်းနားကိုကပ် စကောက်ဒရုန်းနဲ့ ကြည့်ပြီး ပစ္စည်းချတဲ့နေရာနဲ့ ဝေးတဲ့နေရာကနေ ပစ္စည်းတွေယူခဲ့တယ်လို့ သိရပါတယ်။


ပုံတောင်တိုက်ဂါး PDF တပ်ဖွဲ့နဲ့ Eagle Wings Drone Force တပ်ဖွဲ့တို့ ရရှိခဲ့တာ ဖြစ်ပြီး စကောက်ဒရုန်းက စကစရဲ့ ဂျမ်ဘာကြောင့် ပျက်ကျခဲ့ကာ ပိုးတွေ ထိုးပြီး လုံးဝကို စားလို့မရတော့တဲ့ အခြေအနေရှိတဲ့ ဆန်တွေ အဓိကပါတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ဇီးကုန်းမြို့နယ် ဘော်ဘင်ချောင်း သရက်ပင်အိုင်တံတား ဗျူဟာလမ်းပေါ်တွင် လမ်းသွားလာသူများကို ဖမ်းဆီးရိုက်နှက် နှိပ်စက်နေသည့် စစ်ကောင်စီနှင့် ပျူများကို သွားရောက် ပစ်ခတ်


အောက်တိုဘာ ၁၈ 

Radio NUG 


အောက်တိုဘာလ ၁၆ ညနေ၄:၀၀ အချိန်ခန့်တွင် ဇီးကုန်းမြို့နယ် ဘော်ဘင်ချောင်း သရက်ပင်အိုင်တံတား ဗျူဟာလမ်းပေါ်တွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ကောင်စီနှင့် ဘော်ဘင်ရွာ ပျူစောထီးများ ဖမ်းဆီးရိုက်နှက် နှိပ်စက်နေသည်ကို သတင်းကြားရ၍  BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့နှင့်  တပ်ရင်း ၃၈၀၁ တပ်ခွဲ နတ်စစ်သည်တပ်ဖွဲ့တို့မှ သွားရောက်ပစ်ခတ်ရှင်းလင်းရာ စစ်ကောင်စီနှင့် ပျူအဖွဲ့များ ဆိုင်ကယ်များနှင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


ထို့နောက် အောက်တိုဘာလ ၁၇ရက်နေ့ မွန်းလွဲး :၀၀ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းသာယာဝတီခရိုင် ကြိုပင်ကောက်မြို့နယ် ကျခတ္တန်းရွာ အုပ်ချုပ်ရေးမှူး သန်းလွင်အား သွားရောက်ရှင်လင်းရာ နေအိမ်၌ မတွေ့ရှိ၍ အုပ်ချုပ်ရေးမှူး အသုံးဆောင်ပစ္စည်း မိုဘိုင်းဖုန်း လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါအုပ်ကြီးသည် စစ်ကောင်စီအမာခံလုပ်နေပြီး ကျေးရွာအတွင်း ငွေကြေးကောက်ခံခြင်း စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ၌ အမာခံပြုလုပ်ပေးနေသူလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ကလေးမြို့မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ဖမ်းဆီး


အောက်တိုဘာ ၁၈

Radio NUG 


အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်စီးလာတဲ့ ၁၈နှစ်ဝန်းကျင်အရွယ် လူငယ်သုံးဦးကို ရဲတွေက တားမြစ်စစ်ဆေးခဲ့ပြီး ဖမ်းဆီးသွားတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


အရင်က ဆိုင်ကယ်ကို နှစ်ယောက်ထက် ပိုစီးရင် တားဆီးဖမ်းကာ အသက်မပြည့်တဲ့သူ‌တွေ ထိုင်ထ လုပ်ခိုင်းပြီး အသက်ပြည့်ပြီးတဲ့သူ‌တွေ ပိုက်ဆံပေးရတယ်လို့ သိရပါတယ်။


အခု အသက်မပြည့်တဲ့သူတွေ ပိုက်ဆံပေးရပြီး အသက်ပြည့်ပြီးတဲ့သူတွေ စခန်းကြီးဘက်ကို ပို့လိုက်တယ်လို့ သိရပါတယ်။


အောက်တိုဘာ ၁၇ ရက်နေ့မှာလည်း သီတင်းကျွတ်လပြည့်နေ့ လူအသွားအလာများ‌ချိန်မှာ မြို့ပတ်လမ်းအပါအ၀င် လမ်းကြိုလမ်းကြားတွေကိုပါ စောင့်ဆိုင်းပြီး လူငယ် ခြောက်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 


စစ်မှုထမ်းသင်တန်း အမှတ်စဉ် () အတွက် ဒေသခံ လူငယ် အယောက် နှစ်ဆယ်၀န်းကျင် လူသစ်စုဆောင်းခံထားရပြီး ကလေးမြို့ စခန်းကြီးကျေးရွာအနီးရှိ အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ခေါ်ဆောင်ထားတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၈။ ရေဦးမှာ NUGမှ လေကြောင်းရန်ကာကွယ်ရေးဟောပြောပွဲနဲ့ လက်တွေ့သရုပ်ပြသခြင်းတွေ ပြုလုပ်


အောက်တိုဘာ ၁၈ 

Radio NUG 


ရေဦးမြို့နယ်အတွင်းရှိ စာသင်ကျောင်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ လေကြောင်းရန်ကာကွယ်ရေးဟောပြောပွဲနဲ့ လက်တွေ့သရုပ်ပြသခြင်းတွေကို လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရေဦးမြို့နယ်မီးဘေးလုံခြုံရေးနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ် .က. ကူညီကယ်ဆယ်ရေးနဲ့ မြို့နယ် .က. အဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်  ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment