20th OCT 2024 - Evening Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဘော်စတွန်မြို့မှာ NUG ဝန်ကြီးတွေနဲ့ အမေရိကန်ရောက် နွေဦးတော်လှန်ရေးအင်အားစုများ တွေ့ဆုံ

📌 ၂။ ရဲစွမ်းသတ္တိပြည့်ဝတဲ့ မြန်မာ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို ကာကွယ်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီး တောင်းဆို

📌 ၃။ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူ () ဒသမ () သန်းကျော်ရှိလာပြီး () နှစ်အတွင်း () ကျော်မြင့်တက်လာ

📌 ၄။ မြန်မာနိုင်ငံဟာ (၁၅) နှစ်အတွင်း အကြီးမားဆုံးသော ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရ

📌 ၅။ ကလေးမြို့အကျဥ်းထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီး


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဘုတလင်နယ် စီပါရွာက အရပ်သားပြည်သူ () ဦးကို စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ် 

🚩 ၂။ ကနီမြို့နယ် ချောင်းမရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတာကြောင့် () ဦးဒဏ်ရာရ 

🚩 ၃။ ကွမ်လုံမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် 

🚩 ၄။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ တပတ်အတွင်း ပြည်သူ (၈၈) ဦးကို စစ်တပ်က မတရားဖမ်းဆီး

🚩 ၅။ ရေးမြို့နယ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရန်သူ တပ်သား () ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဘော်စတွန်မြို့မှာ NUG ဝန်ကြီးတွေနဲ့ အမေရိကန်ရောက် နွေဦးတော်လှန်ရေးအင်အားစုများ တွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ အစိုးရဝန်ကြီးတွေနဲ့ အမေရိကန်ရောက် နွေဦးတော်လှန်ရေးအင်အားစုများ ဘော်စတွန်မြို့မှာတွေဆုံခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

NUG ရဲ့ အစိုးရဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ဟာ နွေဦးတော်လှန်ရေးမှာ ထောက်ပို့ကူညီနေကြတဲ့ တိုင်းရင်းသားညီအကို မောင်နှမတွေနဲ့ အောက်တိုဘာလ (၁၉) ရက်နေ့ ညနေပိုင်းက မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့မှာ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။ 

ဒီတွေ့ဆုံပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာဆက်ဆံရေးနှင့်သံတမန်ရေးဆိုင်ရာကိစ္စ ဖြစ်ပေါ်တိုးတက်မှုများအကြောင်းနဲ့ ကုလသမဂ္ဂမှာ တရားဝင်ပြောကြားခဲ့တာတွေကို ရှင်းပြခဲ့ပြီး NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက စစ်အာဏာရှင်နဲ့အပေါင်းအပါတွေကို ခုခံတော်လှန်စစ်ဆင်နွှဲနေရတဲ့ အခြေအနေတွေ ရှင်းလင်းပြောဆိုခဲ့ကြပါတယ်။ 

ပြည်သူလုထုတရပ်လုံးတော်လှန်နေတဲ့ တရားသောတော်လှန်စစ် အောင်မြင်ရမည့်အကြောင်းနဲ့ ကမ္ဘာတဝှမ်းက မြန်မာနိုင်ငံ သားတွေ တက်တက်ကြွကြွထောက်ပို့နေတာတွေကို NUG အစိုးရ တာဝန်ရှိသူတွေက ရှင်းလင်းပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ 

အဲဒီဆွေးနွေးပွဲကို ဘော်စတွန်နဲ့ အနီးတဝိုက် ပြည်နယ်တွေမှာရှိတဲ့ မြန်မာတိုင်းရင်းသားညီအကိုမောင်နှမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ထောက်ပို့ပြည်သူများ တက်ရောက်ခဲ့ကြပြီး အပြန်အလှန် မေးမြန်းဆွေးနွေးတာတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။


========================


📌📌 ၂။ ရဲစွမ်းသတ္တိပြည့်ဝတဲ့ မြန်မာ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို ကာကွယ်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီး တောင်းဆို


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးရဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ အခြေအနေများဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနဲ့ အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံက ရဲစွမ်းသတ္တိပြည့်ဝတဲ့ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို ကာကွယ်ပေးဖို့နဲ့ ထိရောက်တဲ့အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဒီအစီအစဉ်မှာ Special Rapporteur on the situation of human rights defenders, Ms. Mary LAWLOR က သူ့ရဲ့ အစီရင်ခံစာကို အဓိကထား ဆွေးနွေးတင်ပြခဲ့ပြီး နိုင်ငံအများအပြားက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးခဲ့ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ဆွေးနွေးခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ အထူးသဖြင့် အမျိုးသမီး လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက် သူများအနေနဲ့ အကျပ်အတည်းများနဲ့ ပဋိပက္ခများရဲ့ အကျိုးသက်ရောက်မှုကို ရင်ဆိုင်နေရတဲ့အတွက် အခုအကြောင်းအရာဟာ မြန်မာနိုင်ငံနဲ့ အထူးသက်ဆိုင်တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဖို့ကြိုးပမ်းမှုစတင်ခဲ့တဲ့ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှာ စစ်တပ်က ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြောက်များစွာ ကျူးလွန်နေတာဟာ မြန်မာနိုင်ငံမှာ တကြိမ်တခါမှ မကြုံတွေ့ဖူးတဲ့ လူသားချင်း စာနာမှု အကျပ်အတည်းကို ဖန်တီးနေတယ်လို့  မြန်မာသံအမတ်ကြီးက ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်တွင်းတရားဥပဒေစိုးမိုးမှု အလုံးစုံဆိတ်သုဉ်းစေဖို့ ရည်ရွယ်ချက်ရှိရှိဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ လျော့ကျစေဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ပါဝင်နိုင်မှုကိုလည်း ထိန်းချုပ်ခဲ့တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

စစ်တပ်က ထိန်းချုပ်မှုတွေ လုပ်နေပေမယ့် မြန်မာ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေရေးဆောင်ရွက်တဲ့နေရာမှာ ရှေ့တန်းမျက်နှာစာက ပါဝင်နေတယ်လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။

သူတို့ဟာ နေရပ်စွန့်ခွာသူများနဲ့ ပဋိပက္ခနဲ့ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကနေ အသက်ရှင်ကျန်ရစ်သူတွေအတွက် လိုအပ်တဲ့ အခြေခံဝန်ဆောင်မှုတွေပေးအပ်တာ၊ လူ့အခွင့်အရေး အလွဲသုံးစားပြုမှုတွေကို အစီရင်ခံတာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒထုတ်ဖော်သူတွေကို လုံခြုံတဲ့ နေရာထိုင်ခင်းတွေထောက်ပံ့တာ လုပ်ဆောင်နေတယ်လို့ ဆွေးနွေးပွဲတက်ရောက်လာသူတွေကို အသိပေးထားခဲ့ပါတယ်။

အခုလိုကူညီစောင်ရွက်ပေးနေသူတွေထဲကအများစုဟာ မိသားစုဝင်တွေနဲ့အတူ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် တားမြစ်ခံရခြင်း၊ အွန်လိုင်းကတဆင့် စောင့်ကြည့်ခံရခြင်းနဲ့ အခြားသော ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုအပါအဝင် လိင်ပိုင်းနဲ့ ကျားမ အခြေပြု အကြမ်းဖက်မှုများ၊ အမြတ်ထုတ်ခံရမှုများ စတဲ့ စိန်ခေါ် မှုတွေကို မလွဲမသွေရင်ဆိုင်နေရတယ်လို့လည်း သံအမတ်ကြီးက ဆက်ပြောခဲ့ပါတယ်။  

ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရဲစွမ်းသတ္တိ ပြည့်ဝသော အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာတွေအပေါ် လုံလောက်တဲ့ အာရုံစိုက်မှုထားသင့်ပြီး ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်တယ်လို့ ထောက်ပြထားပါတယ်။

ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကင်းမဲ့နေတာဟာ စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေ အထူးသဖြင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအပေါ် အလွန်ရက်စက်ယုတ်မာတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက် ကျူးလွန်ဖို့ တွန်းအားပေးရာရောက်စေတဲ့အပြင်  စစ်မှန်တဲ့ ဒီမိုကရေစီရဲ့ အခြေခံစံတန်ဖိုးတွေကို အကြွင်းမဲ့ဖယ်ရှားထား တဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပခွင့် ရသွားစေနိုင်တယ်လို့လည်း မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအနေနဲ့ တောင့်တင်းခိုင်မာသော အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမူဘောင် (WPS Policy Framework) ကို အသုံးပြုပြီး လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းတခု ဖော်ဆောင်ပေးရမှာဖြစ်သလို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနဲ့လည်း WPS အစီအစဉ် အထူးသဖြင့် မြန်မာနိုင်ငံအခြေအနေအောက်ကနေ ဒီအာဂျင်ဒါကို အကောင်အထည်ဖော်ဆောင်မှု ပိုမို အားကောင်းစေမယ့်နည်းလမ်းတွေ အကြံပြုပေးစေလိုကြောင်း အထူးအစီရင်ခံစာတင်သွင်းသူကို  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူ () ဒသမ () သန်းကျော်ရှိလာပြီး () နှစ်အတွင်း () ကျော်မြင့်တက်လာ


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးမှာ နေရပ်စွန့်ခွာသူများ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ ယနေ့အထိ နေရပ်စွန့်ခွာသူဦးရေ () ဒသမ () သန်းကျော်အထိ မြင့်တက်လာခဲ့ရာ ဒီကိန်းဂဏန်းဟာ လွန်ခဲ့သော () နှစ်က တင်ပြခဲ့တဲ့ နေရပ်စွန့်ခွာသူဦးရေ () ဒသမ () သန်းကျော်ထက် () ဆကျော် မြင့်တက်လာကြောင်း ပြောကြားလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဖို့ကြိုးပမ်းမှုဖြစ်ပေါ်ခဲ့တဲ့ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလအတွင်းကစပြီး စစ်တပ်က လူ့အခွင့် အရေးချိုးဖောက်မှုတွေနဲ့ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် လူပေါင်း (၅၈၀၀) ကျော် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး (၁၈.) သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုတွေ အရေးတကြီးလိုအပ်နေပြီး အများစုဟာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

စစ်တပ်အနေနဲ့ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးရုံများနဲ့ နေရပ်စွန့်ခွာသူတွေ နေထိုင်ရာစခန်း စတဲ့ အရပ်သားတွေကို ပြစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်မှုတွေ နေ့စဉ်တိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း အသိပေးထားပါတယ်။

မြန်မာနိုင်ငံက နေရပ်စွန့်ခွာသူ ဦးရေ () ဒသမ () သန်းကျော်ဆိုတဲ့ ညွန်းကိန်းဟာ အထူးအစီရင်ခံစာတင်သွင်းသူ ထည့်သွင်း ဖော်ပြထားတဲ့ အစီရင်ခံစာအရ ကမ္ဘာအနှံ့က နေရပ်စွန့်ခွာသူ (၇၆) သန်းရဲ့ () ရာခိုင်နှုန်းနဲ့ညီမျှနေပြီး ဒီအချိုးအစားကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက နေရပ်စွန့်ခွာသူဦးရေဟာ ထိတ်လန့်ဖွယ်ကောင်းနေတယ်လို့လို့လည်း ဆွေးနွေးပွဲ တက်ရောက်လာသူတွေကို သံအမတ်ကြီးက ရှင်းပြထားပါတယ်။

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူဦးရေ မြင့်တက်လာခြင်းနဲ့ ပြည်တွင်းအခြေအနေ ဆိုးရွားလာခြင်းရဲ့ အဓိကဇစ်မြစ်ဟာ စစ်တပ်နဲ့ တရားမဝင် စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုတို့‌ကြောင့်ဆိုတာ ထင်ရှားနေတယ်လို့လည်း ဆက်ပြီးပြောခဲ့ပါတယ်။

အခုလို နေရပ်စွန့်ခွာသူများရဲ့အခြေအနေနဲ့ တော်လှန်ရေးအင်အားစုတွေ မြေပြင်မှာ အားသာမှုရနေတာကြောင့် စစ်တပ်က နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လုပ်နေတာကိုကြည့်ရင် စစ်တပ်ကပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ဘယ်လိုမှလွတ်လပ်ပြီး မျှတတဲ့ အားလုံးပါဝင်မှုရှိနိုင်မှာမဟုတ်ဘဲ အကြမ်းဖက်မှုတွေနဲ့ ဒုက္ခဆင်းရဲမှုတွေပိုပြီး တိုးပွား စေလာနိုင်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

မြန်မာပြည်သူဟာ စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို လက်မခံတာကြောင့် မြန်မာပြည်သူများကိုယ်စား နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန်ကန့်ကွက်ဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက နေရပ်စွန့်ခွာသူတွေရဲ့ အသက်အိုးအိမ်နဲ့အခွင့်အရေးကို ကာကွယ်ပေးနိုင်ရေးနဲ့ အထောက်အပံ့ အကူ အညီတွေ ပိုမိုပေးအပ်နိုင်ရေး နည်းလမ်းတွေနဲ့ ပြဿနာရဲ့ဇစ်မြစ်ကို ထိရောက်စွာဖြေရှင်းနိုင်ရေး ဘယ်လိုအကြံပြုမယ်ဆိုတာ သိလိုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နေရပ်စွန့်ခွာသူ များ၏ လူ့အခွင့် အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူကို မေးမြန်းခဲ့ပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံဟာ (၁၅) နှစ်အတွင်း အကြီးမားဆုံးသော ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရ


မြန်မာနိုင်ငံဟာ (၁၅) နှစ်အတွင်း အကြီးမားဆုံးသော ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရပြီး လူဦးရေထက်ဝက်နီးပါး ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်းအောက် နေထိုင်နေကြရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဒုတိယကော်မတီရဲ့ ဆင်းရဲမွဲတေမှုလျော့ချနိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး နဲ့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

ဆင်းရဲမွဲတေမှု၊ လုံလောက်တဲ့ဝင်ငွေနှင့် အာဟာရရှိတဲ့အစားအသောက်တွေနဲ့ လက်လှမ်းမမှီခြင်းဟာ ကျန်းမာရေး၊ တရားမျှတမှုနဲ့ နိုင်ငံရေးအာဏာအထိ ဆုတ်ယုတ်မှုတွေဖြစ်ပေါ် စေနိုင်တာတယ်လို့လည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဒီပြဿနာကို မလျင်အမြန်မဖြေရှင်းနိုင်ရင် အသေးစားနဲ့ အကြီးစားစီးပွားရေးလုပ်ငန်းတွေပါ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် ရနိုင်တဲ့အကြောင်း မြန်မာနိုင်ငံဖြစ်ပေါ်လာတဲ့ (၂၀၂၁) မတရားစစ်အာဏာသိမ်းမှုက လက်တွေ့သာဓကဖြစ်တယ်လို့ မြန်မာ သံအမတ်ကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။

မြန်မာကလေးငယ် (၅၅) ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုနဲ့ရင်ဆိုင်နေရပြီး () သိန်းနီးပါဟာ အာဟာရချို့တဲ့မှုဒဏ်ကို အခု (၂၀၂၄) ခုနှစ်အတွင်း အလွန်အမင်းခံစားရနိုင်တယ်လို့ ခန့်မှန်းထားကာ အရင်နှစ်ကထက် (၅၄) ရာခိုင်နှုန်းမြင့်တက်လာတယ်လို့လည်း အသိပေးထားပါတယ်။

ဝင်ငွေနည်းပါးလာမှုနဲ့ ဝင်ငွေရဖို့ခက်ခဲလာတာတွေကြောင့် မိသားစုတွေဟာ ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်တွေ လျော့ချလိုက်ရတဲ့အတွက် အလွန်ဆင်းရဲတဲ့မိသားစုတွေအနေနဲ့ အသုံးစရိတ်ရဲ့ () ရာခိုင်နှုန်းကိုသာ ပညာရေးအတွက် အသုံးပြုနိုင်တော့တယ်လို့လည်း သံအမတ်ကြီးက ဆက်ပြောထားပါတယ်။

လူ့စွမ်းအားအရင်းအမြစ်ကျဆင်းမှုဟာ မျိုးဆက်သစ်တွေကို နောင်နှစ်ပေါင်းများစွာအထိ သက်ရောက်စေပြီး ရေရှည်ဖွံဖြိုး တိုးတက်ရေးရည်မှန်းချက်တွေ အကောင်အထည်ဖော်ရေးလုပ်ငန်းတွေ ထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ 

အခုလိုဝမ်းနည်းစရာအဖြစ်အပျက်တွေနဲ့ ကိန်းဂဏန်းအချက်အလက်များကိုပြောရတာ အလွန်စိတ်မကောင်းဖြစ်ရပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ရှင်းရှင်းလင်းလင်းနဲ့ ဓမ္မဓိဌာန်ကျကျ သိရှိစေလိုတဲ့အတွက် ထပ်ပြောနေရဦးမှာပဲလို့လည်း ရှင်းပြထားပါတယ်။

မြန်မာပြည်သူတွေခံစားနေရတဲ့ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှုအပြင် အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်ရခြင်းရဲ့ အဓိကတရားခံဇစ်မြစ်ဟာ စစ်အာဏာရှင်တွေကြောင့်ဖြစ်တယ်လို့လည်း နိုင်ငံတကာအသိုက်အဝန်းကို ပြောထားခဲ့ပါတယ်။

ဘယ်လိုအခဲအခဲတွေနဲ့ရင်ဆိုင်နေရပါစေ မြန်မာပြည်သူတွေ ဆင်းရဲမွဲတေမှုပပြောက်ရေး၊ စားနပ်ရိက္ခာဖူလုံမှုရှိရေးနဲ့ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရှိစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ အခြားမိတ်ဖက်တွေနဲ့ပူးပေါင်းပြီး ပြည်သူတွေလိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေသလို လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ပေးနေတယ်လို့ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

ဒါကြောင့်မြန်မာပြည်သူတွေ လိုလားတောင်းတနေတဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးတို့အပေါ် နိုင်ငံတကာအနေနဲ့ ထိရောက်မြင်သာတဲ့ ကူညီမှုများပံ့ပိုးပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။


========================


📌📌 ၅။ ကလေးမြို့အကျဥ်းထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီး


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်အကျဥ်းထောင်က လွတ်ရက်စေ့ပြီး ပြန်လည်လွတ် မြောက်လာတဲ့ နိုင်ငံရေး အကျဥ်းသားကို အကြမ်းဖက်စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က အောက်တိုဘာ (၁၉) ရက်က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အကျဥ်းဦးစီးဌာနရဲ့ ကလေးမြို့၊ မော်လိုက် အကျဥ်းထောင်က မတရားပုဒ်မ (၅၀၅) နဲ့ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး ရက်ပြည့်လို့ ပြန်လည်လွတ် မြောက်ချိန် စက်တင်ဘာလ (၂၅) ရက်မှာ ပြန်လည် ဖမ်းဆီးခံခဲ့ရတာပါ။

မော်လိုက်ထောင်ကနေ လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းကျများကို မိသားစု များထံချက်ခြင်း မပို့ဆောင်ဘဲ၊ ကလေးမြို့ အကြမ်းဖက် ရဲစခန်း နဲ့ ကလေးမြို့အခြေစိုက် ဒကစက အကြမ်းဖက်စစ်သားတွေ ပေါင်းကာ ငွေညစ်ခဲ့ပြီး ငွေ မပေးနိုင်သူတွေကို အကြောင်းအမျိုးမျိုး ပြကာ မတရားပုဒ်မတပ်ပြီး အကျဥ်းထောင်ကို ပြန်လည်ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။

အခု လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဥ်းသား ကိုဇော်မင်းထက်ကိုလည်း၊ လွတ်ရက်စေ့လို့ လွှတ်တဲ့နေ့မှာ အကျဥ်းထောင်က တဆင့်ပြန်မလွှတ်ပေးဘဲ၊ ရန်သူ မြို့မ ရဲစခန်း နဲ့ ကလေးမြို့ ဒကစကို ပို့ကာ တစ်ပတ်ခန့် ချုပ်နှောင်ခံခဲ့ရပြီး၊ မတရားပုဒ်မ ၅၂-က နဲ့ ၅၀ ညတို့ နဲ့ ထမ်မံ တရားစွဲဆို ဖမ်းဆီးခံလိုက်ရတာပါ။

အခုလုပ်ရပ်ဟာ ဥပဒေမဲ့ လုပ်ရပ်ဖြစ်တဲ့အပြင်၊ ငွေကြေးမရလို့ ထပ်မံ ဖမ်းဆီးခံရတာဖြစ်ပြီး၊ မတရားပုဒ်မများနဲ့ စွပ်စွဲ ဖမ်းဆီးခံရသူ ကိုဇော်မင်းထက်ကို မိသားစုထံ အမြန်ပို့ဆောင်ပေးရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က တောင်းဆိုလိုက်တယ်လို ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဘုတလင်နယ် စီပါရွာက အရပ်သားပြည်သူ () ဦးကို စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ် 

 

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါကျေးရွာက အရပ်သားပြည်သူ () ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် သတ်ဖြတ်ပြီး ခေါင်းနဲ့ ခြေလက်တွေဖြတ်ကာ ခြံစည်းရိုးတွေမှာ ချိတ်ထားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာ (၁၇) ရက်နေ့က ဘုတလင်မြို့နယ်က စီပါကျေးရွာကို ဝင်ရာက်စီးနင်းကာ ရွာလုံးကျွတ် မီးရှို့ခဲ့တာကြောင့် အိမ်ခြေ (၅၀၀) ကျော်ရှိတဲ့ထဲက အိမ်ခြေ (၃၀၀) ကျော် ပြာကျသွားတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ပြောပါတယ်။

အောက်တိုဘာ (၁၉) ရက်နေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကြောင်း ပြန်ထွက်သွားပြီးနောက် ရက်စက်စွာသတ်ဖြတ်ခံထားရတဲ့ အရပ်သားပြည်သူ () ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာ်လို့ စီပါကျေးရွာ ပကဖတာဝန်ခံက ဒေသတွင်းသတင်းဌာန အချို့ကတဆင့် အသိပေးထားပါတယ်။ 

သေဆုံးသူတွေထဲမှာ စီပါရွာက သက်ကြီးအမျိုးသားတွေပါသလို အချို့က စစ်တပ်က ဖမ်ဆီးခေါ်ဆောင်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေကို သတ်ဖြတ်ရာမှာ ခေါင်းနဲ့ခြေလက်တွေဖြတ်ပြီး ခြံစည်းရိုးမှာချိတ်ထား ခဲ့သလို မီးရှို့သတ်တာ လူခန္ဓာကိုယ်က အူနဲ့ ကလီစာတွေထုတ်ပြီး အရိုးပေါ်တဲ့အထိ အသားတွေ ခြစ်ထုတ်ကာ ရွာအနှံ့မှာ စွန့်ပစ်ခဲ့တယ်လို့လည်း ပြောပါတယ်။ 

စီပါကျေးရွာကို မီးတင်ရှို့ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ မုံရွာအခြေစိုက် အနောက် မြောက်တိုင်းစစ်ဌာနချုပ်ကဖြစ်ပြီး စစ်ကြောင်းထိုးလာချိန်အတွင်း ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သားပြည်သူ (၂၀) ထက်မနည်းကို သတ်ဖြတ်ခဲ့ကာ ဓားစားခံအဖြစ် အရပ်သားပြည်သူ (၁၀၀) နီးပါး ဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


========================


🚩🚩 ၂။ ကနီမြို့နယ် ချောင်းမရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတာကြောင့် () ဦးဒဏ်ရာရ 


စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ချောင်းမရွာကို စစ်တပ်က လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား () ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ 

ကနီမြို့နယ် ချောင်းမအရှေ့ရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ မနေ့ အောက်တိုဘာ (၁၉) ရက် () နာရီ (၂၀) မိနစ်အချိန်မှာ ဗုံးတွေကြဲချခဲ့တာကြောင့် ကလေးတဦး အပါအဝင် အရပ်သားပြည်သူ () ဦး ဗုံးစထိမှန် ဒဏ်ရာရသွားတာလို့ ဆိုပါတယ်။ 

အောက်တိုဘာလ ၁၈ ရက်နေ့က ကနီတာဝါတိုင်စခန်းအနီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စိတပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး ပုလဲ၊ ယင်းမာပင်နဲ့ ဆားလင်းကြီးဘက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ကနီဘက်ကို စစ်ကူသွားနိုင်တယ် အထင်နဲ့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။  

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၃၉) နှစ်အရွယ် အမျိုးသားတဦး၊ အသက် (၃၁) နှစ်အရွယ် အမျိုးသမီးတဦး နဲ့ အသက် () နှစ်အရွယ် ကျောင်းသားကလေးတဦး မစိုးရိမ်ရတဲ့ဒဏ်ရာတွေရခဲ့ပြီး အိမ် () လုံးပျက်စီးသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနေ့က မနက် (၁ဝ) နာရီဝန်းကျင်ကလည်း ကနိမြို့နယ် ယာကြီးကျေးရွာအုပ်စု ရေဖြူရွာမက အရပ်သား ပြည်သူတွေနေထိုင်ရာအိမ်တွေကို လေကြောင်းကနေ ပစ်ခတ်ခဲ့သလို ဒီနေ့ အောက်တိုဘာ (၂ဝ) ရက် မနက်ပိုင်းမှာ စစ်လေယာဉ်တွေ ပျံဝဲနေတာကြောင့် သတိထားနေထိုင်ကြဖို့ ကနီဒေသခံတွေ အချင်းချင်း သတိပေးပြောဆိုနေကြပါတယ်။

အလားတူ ဒီနေ့ မနက်ပိုင်းမှာပဲ ဘုတလင်မြို့နယ် သခွတ္တနယ်ကျေးရွာဘက်ကို စစ်ကောင်စီ လေယာဉ်တွေက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


========================


🚩🚩 ၃။ ကွမ်လုံမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် 


ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်လုံမြို့နယ်ထဲက နမ့်ဟိုးကျေးရွာကို စစ်ကောင်စီက မနေ့ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ ပြောပါတယ်။

မနေ့ အောက်တိုဘာ (၁၉) ရက် ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီက နမ့်ဟိုးရွာဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အခုလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုရှိမရှိနဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကို ဒီနေ့မနက် (၁၁) နာရီဝန်းကျင်အထိ မသိရသေးပဲ ဆက်လက်စုံစမ်းနေဆဲလို့ သတင်းရင်းမြစ်တွေက အသိပေးပါတယ်။  

ကွမ်လုံမြို့နယ်ဟာ (၁၀၂၇) စစ်ဆင်ရေးအစပိုင်းကာလဖြစ်တဲ့ (၂၀၂၃) နိုဝင်ဘာလလယ်ပိုင်းကတည်းက ကိုးကန့်တပ်မတော် - MNDAA က အပြီးသတ် သိမ်းပိုက်ထားတဲ့ နယ်မြေလို့ မှတ်တမ်းတွေအရ သိရပါတယ်။

စစ်ကောင်စီဟာ သူတို့လက်လွှတ်ဆုံးရှုံးထားတဲ့ MNDAA ထိန်းချုပ်နယ်မြေတွေတဲ့ လောက်ကိုင်၊ သိန္နီ၊ လားရှိုးစတဲ့ မြို့နယ်တွေကို လေကြောင်းကနေ မကြာခဏတိုက်ခိုက်လေ့ရှိရာက အခု ကွမ်လုံမြို့နယ်ကိုပါ ထပ်မံတိုက်ခိုက်လာတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ချက်ခြင်းရပ်ဖို့နဲ့ စစ်ကောင်စီထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်တာတွေရပ်ဖို့ တရုတ်အစိုးရဘက်က KIA နဲ့ MNDAA အဖွဲ့တွေကို ဖိအားပေးနေချိန်မှာ စစ်ကောင်စီဘက်က KIA နဲ့ MNDAA အဖွဲ့တွေထိန်းချုပ်ရာ နယ်မြေတွေကို အခုလို လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ တပတ်အတွင်း ပြည်သူ (၈၈) ဦးကို စစ်တပ်က မတရားဖမ်းဆီး


ကရင်၊ မွန်နဲ့ ပဲခူးဒေသတွေပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF တောင်ပိုင်းစစ်ဒေသနယ်မြေမှာ တပတ်အတွင်း ပြည်သူ (၈၈) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အချို့မှာ မိသားစုနဲ့ အဆက်အသွယ်မရဖြစ်နေတယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ အောက်တိုဘာ (၂၀) မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ စစ်မှုထမ်းခိုင်းဖို့အပါအဝင် မတရားဖမ်းဆီးတာတွေနဲ့ စစ်တပ်လက်ချက်ကြောင့် အရပ်သားထိခိုက်သေဆုံးမှု  အခြေအနေတွေကို တောင်ပိုင်းစစ်ဒေသက အပတ်စဉ် အသိပေးထုတ်ပြန်နေတာပဲ ဖြစ်ပါတယ်။ 

ဖမ်းဆီးခံရသူတွေရဲ့ ဒေသနဲ့ဖမ်းဆီးခံရမှုအခြေအနေတွေကို အသေးစိတ်ဖော်ပြမထားပေမယ့် စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီး ကြဲချတိုက်ခိုက်မှုကြောင့် တပတ်အတွင်း အပြစ်မဲ့ပြည်သူ () ဦး သေဆုံးခဲ့ရပြီး () ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၄) လုံး ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့အထိနာနေတာနဲ့အမျှ အပြစ်မဲ့ပြည်သူတွေကို နည်းမျိုးစုံ နှိပ်စက်အနိုင်ကျင့်ကာ နေ့စဉ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် အခုထုတ်ပြန်တဲ့အရေအတွက်ထက် လက်တွေ့မြေပြင်မှာ ပိုများနိုင်တယ်လို့လည်း သိရပါတယ်။

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့အပါအဝင် ပြည်သူတွေကိုဖမ်းဆီးနေတာတွေကြောင့် စက်တင်ဘာအတွင်း (၂၉၃) ဦး မတရားဖမ်းဆီးခံခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။  

စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ပြီးနောက် လူငယ်တွေကို အဓမ္မလူသစ်စုဆောင်းတာ ဖမ်းဆီးပြီး  ငွေကြေးနဲ့ ပြန်ရွေးခိုင်းတာတွေ နိုင်ငံအနှံ့ပြုလုပ်နေဆဲဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရေးမြို့နယ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရန်သူ တပ်သား () ဦးသေဆုံး


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာမှာ  တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ယာယီ အထိုင်စခန်းကို တော်လှန်‌ရေးပူး ပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရန်သူ ဗိုလ်ကြီး တစ်ဦး အပါအဝင် ရန်သူတပ်သား () ဦးသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်က အောက်တိုဘာ (၁၉) ရက်မှာ ထုတ်ပြန်ပါတယ်။

ရန်သူရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၁၉) လက်အောက်ခံ ခမရ (၅၈၈) တပ်ရင်းရဲ့ အထိုင်စခန်းကို အောက်တိုဘာ (၁၇) ရက် မနက် (၅း၄၅) နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဆိုပါနှစ်ဖက်ထိတွေ့ပစ်ခတ်မှုအတွင်း အကြမ်း ဖက်စစ်သား () ဦးသေကာ၊ () ဦး ဒဏ်ရာရခဲ့ပြီး၊ တိုက်ပွဲအတွင်း ရန်သူဘက်မှ MA - 1 တစ်လက်၊ MA - 2 တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရန်သူအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက် ခိုက်နေစဥ် အကြမ်းဖက်စစ်တပ် ခလရ (၁၀၆) က (၈၁) မမ ကြီးနဲ့ () ကြိမ် စစ်ကူပစ်ခတ်ရာ စံပြကျေးရွာထဲကို () လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့က ရဲဘော် () ဦး မြင့်မြတ်စွာ အသက်ပေးခဲ့ရပြီး ရဲဘော် တစ်ဦး မစိုးရိမ်ရတဲ့ဒဏ်ရာ အနည်း ငယ် ရခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲဒီ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ်၊ PDF ဒေါန တပ်ရင်း လုံခြုံရေးတပ်ခွဲ၊ ရေးပြောက်ကျားတပ်၊ ဒေါနတပ်ခွဲ () KNLA တပ်ရင်း (၂၇) မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက် ရေးခွဲထွက်၊ ABSDF တပ်ရင်း () YPDF တို့ပူးပေါင်းခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment