10th NOV 2024 - Morning Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိုင်ငံတော်သမ္မတကြီးနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေး

📌 ၂။ တောင်ကိုရီးယားတွင်  NUG ကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပေးနေချိန် စစ်ကောင်စီသံရုံးက ပတ်စ်ပို့ ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းမည်ဟု ခြိမ်းခြောက်

📌 ၃။ စစ်တပ်က အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း အလုပ်သမား၊ အလုပ်ရှင်နှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ကျူးလွန်နေကြောင်း  ILO ထပ်မံအတည်ပြု

📌 ၄။ လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ ရက် အကြာမှာ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်

📌 ၅။ မင်းအောင်လှိုင်ကို လူမှုကွန်ရက်မှ Live လွှင့် သရော်မှု၊ ဓာတ်ပုံများ ဖြတ်ညှပ်ကပ်လုပ်မှုဖြင့် ငါးမင်းဆွေကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီး

📌 ၆။ လွတ်လပ်တဲ့ ဘဏ္ဍာရေးလှိုင်းသစ်မှာ ICO2 ရှယ်ယာ ထည့်ဝင်ခြင်းမှတဆင့် ဖက်ဒရယ် အိမ်ပြန်ခရီးပန်းတိုင်အထိအတူ လိုက်ပါစီးနင်းဖို့ တိုက်တွန်း



၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြောက်ဥက္ကလာပ EPC ရုံးရှိ စစ်ကောင်စီ လုံခြုံရေးဂိတ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့

🚩 ၂။ ရေစကြိုမှ စက်လှေ စီးဖြင့် တပ်ချိန်းရန် တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦးသေဆုံး

🚩 ၃။ ပေါက်မြို့ တောင်ပိုင်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်

🚩 ၄။ မုံရွာမြို့က ထွက်လာတဲ့ Jamer ကား အပါအဝင် အစီးရေ ၅၀ ကျော်ပါ စစ်ကောင်စီ ကားတန်း မိုင်းဆွဲတိုက်ခိုက် ခံရ

🚩 ၅။ မင်းတပ်မြို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းကနေ ကြိမ် ဗုံးကြဲတိုက်ခိုက်

🚩 ၆။ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့နယ် ကာလကျေးရွာ စစ်ရှောင် ဦးသေဆုံး

🚩 ၇။ စစ်ကောင်စီ တပ်သား ဦး တနင်္သာရီ ပကဖ ထံ လက်နက်နဲ့ အလင်းဝင်

🚩 ၈။ တော်လှန်ရေး ထောက်ပို့ရာလည်း ရောက်ပြီး တည်ဆောက်ရေးကာလ အေးဆေးအိမ်ဆောက်လို့ရမယ့် အခွင့်အရေးရမယ့် တောင်ဇလပ်မြေ campaign ပါဝင်ဖို့ ဖိတ်ခေါ်



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ နိုင်ငံတော်သမ္မတကြီးနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေး


နိုဝင်ဘာ  

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် ရေးဆွဲရေး လုပ်ငန်းကော်မတီတို့ နိုဝင်ဘာလ ရက် နေ့မှာ ZOOM Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတကြီး ဒူဝါလရှီးလနှင့်အတူ နိုင်ငံတော်သမ္မတရုံး အတွင်းဝန်၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူနှင့် သမ္မတရုံးအဖွဲ့ဝင်များ ပါဝင် တက်ရောက်ကြပြီး မန္တလေးလုပ်ငန်းကော်မတီမှ ကော်မတီဝင်များ တက်ရောက်ကြတယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် နှစ်ဘက် ပါဝင်တက်ရောက်ကြသူများ အပြန်အလှန် မိတ်ဆက်ကြပြီးနောက် မန္တလေး လုပ်ငန်းကော်မတီအနေဖြင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်နှင့် လက်ရှိ ဆောင်ရွက်နေမှုများကို မျှဝေ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


နိုင်ငံတော် သမ္မတကြီးနှင့် သမ္မတရုံးအဖွဲ့ဝင်များကလည်း မန္တလေးလုပ်ငန်းကော်မတီ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် ပြန်လည် ဖြေကြားပြီး ဖြည့်စွက် အကြံပြုချက်များလည်း ပြောကြားခဲ့ကြပါတယ်။


ထို့အပြင် ကြားကာလ နိုင်ငံရေးအစီအမံနှင့် ပတ်သက်၍ အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး ရှေ့ဆက်၍ လိုအပ်သလို ချိတ်ဆက် တွေ့ဆုံကြရန်လည်း ဆွေးနွေး သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၂။ တောင်ကိုရီးယားတွင်  NUG ကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပေးနေချိန် စစ်ကောင်စီသံရုံးက ပတ်စ်ပို့ ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းမည်ဟု ခြိမ်းခြောက်


နိုဝင်ဘာ  

Radio NUG

နိုဝင်ဘာလ ၉ရက်နေ့တွင် တောင်ကိုရီးယားမှာ သက်တမ်းကုန်ဆုံးနေတဲ့ နိုင်ငံကူးလက်မှတ်များကို NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေချိန် စစ်ကောင်စီ၏ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းခံရမည်ဟု ထပ်မံ ခြိမ်းခြောက်လိုက်ပါတယ်။


တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းများကို ဖောက်ဖျက်ခြင်းကြောင့် မိခင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံ၏ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း၊ စစ်ကောင်စီသံရုံးအနေဖြင့်လည်း စိစစ်တွေ့ရှိရပါက နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းမည်ဟု ယနေ့ ထပ်မံခြိမ်းခြောက်ကြောင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် အလားတူ ခြိမ်းခြောက်ခဲ့သော်လည်း အလုပ်မဖြစ်ဘဲ NUG ကိုယ်စားလှယ်ရုံးထံတွင် တောင်ကိုရီးယားရောက် မြန်မာများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှုများ ဆက်လက်များပြားနေဆဲဖြစ်ကြောင်း သိရပါတယ်။


NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးနေသော မြန်မာနိုင်ငံသားများကို  မည်သည့်အခွန်နှင့်ငွေကြေးမှ ပေးဆောင်ရန်မလိုဘဲ သက်တမ်းအသစ် နှစ်တိုးပေးနေပါတယ်။


========================


📌📌 ၃။ စစ်တပ်က အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း အလုပ်သမား၊ အလုပ်ရှင်နှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ကျူးလွန်နေကြောင်း  ILO ထပ်မံအတည်ပြု


နိုဝင်ဘာ  

Radio NUG 


စစ်တပ်က အဓမ္မစစ်မှုထမ်းခိုင်းစေခြင်း ၊အလုပ်သမား၊ အလုပ်ရှင်နှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ကျူးလွန်နေကြောင်း  ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က နိုဝင်ဘာလ ရက်နေ့ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ ၃၂၅ ကြိမ်မြောက် အုပ်ချုပ်ရေး ကော်မတီမှ ဆုံးဖြတ်ချက်ချ အတည်ပြုလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် ပြောကြားချက်များအရ သိရပါတယ်။


မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ Article 33  အရ အရေးယူခံရတာ ဒုတိယအကြိမ်မြောက်ဖြစ်မှာ ဖြစ်ပြီး ၂၀၀၀ခုနှစ် မှာ စစ်အုပ်စုအပေါ်မှာ အရေးယူ ဖိအားပေးခဲ့ပါတယ်။


လာမယ့် ၂၀၂၅ တွင် ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ကနေ တစ်ဆင့် Article  ၃၃ ကို အသုံးပြုပြီး စီးပွားရေး ပိတ်ဆို့မှုတွေ၊ အပြည်ပြည်ဆိုင်ရာ ခုံရုံးတွေမှာ တရားစွဲတဲ့ အမှုတွေ နောက်ထပ်တစ်ခါ သူတို့နဲ့ ပုဂ္ဂိုလ်ရေးရာဆိုင်တဲ့ ကိစ္စတွေကို ဆက်လက်လုပ်သွားဖို့ ရမယ်လို့ မျှော်မှန်းထားတယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၄။ လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ ရက် အကြာမှာ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်


နိုဝင်ဘာ  

Radio NUG 


ကျန်းမာရေးဆိုးရွားနေချိန်မှ လွတ်ငြိမ်းခွင့်ရခဲ့တဲ့ NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ  ၁၁ရက်အကြာ အောက်တိုဘာ ၈ရက် ညပိုင်းမှာ မန္တလေးဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။


ကျန်းမာရေးအလွန်ဆိုးရွားနေပြီး အသက်ရှင်သန်ရန် ရာခိုင်နှုန်းနည်းသောအချိန်တွင် စစ်ကောင်စီမှ လွတ်ငြိမ်းပေး၍ ပြန်လွှတ်ပေးနေခြင်းသည် ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍  သေဆုံးနေရမှုများအား ဖုံးကွယ်ရန် ကြိုးစားနေခြင်းပင်ဖြစ်တယ်လို့ PPNMမှ ထုတ်ပြန်ထားပါတယ်။


အသက်အရွယ်ကြီးရင့်နေသည့် နိုင်ငံရေးအကျဉ်းသားဖြစ်သည့် သမ္မတ ဦးဝင်းမြင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးခံထားရသည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ CDMဝန်ထမ်းများ၏ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်နေခြင်းပင်ဖြစ်တယ်လို့ PPNMမှ ဆိုထားပါတယ်။


လွန်ခဲ့တဲ့ အောက်တိုဘာလ ၇ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာလည်း အလားတူ ကျန်းမာရေးဆိုးရွားနေချိန်မှ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။


NLD အစိုးရလက်ထက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးဝင်းခိုင်ကို အကြမ်းဖက်စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅နဲ့ ထောင်ဒဏ် ၂၈နှစ် မတရားချမှတ်ပြီး မန္တလေးအိုးဘိုထောင်မှာ အကျဥ်းချထားခဲ့တာလည်း ဖြစ်ပါတယ်။


ဦးဝင်းခိုင်ရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်အလောင်းကို အောက်တိုဘာလ ၉ရက်နေ့ မနက် ၁၁နာရီမှာ မန္တလေးဆေးရုံကြီးကတဆင့် ကြာနီကန်သုဿာန်ဆီ ပို့ဆောင် သဂြိုလ်ခဲ့တယ်လို့လည်း သိရပါတယ်။


========================


📌📌 ၅။ မင်းအောင်လှိုင်ကို လူမှုကွန်ရက်မှ Live လွှင့် သရော်မှု၊ ဓာတ်ပုံများ ဖြတ်ညှပ်ကပ်လုပ်မှုဖြင့် ငါးမင်းဆွေကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီး


နိုဝင်ဘာ  

Radio NUG 


အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူမှုကွန်ရက် Facebook မှ Live လွှင့် သရော်မှုဖြင့် ငါးမင်းဆွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း စစ်တပ်လော်ဘီချန်နယ်များက ဖော်ပြရေးသားထားပါတယ်။


ကျိုက်ထိုရဲစခန်းက ငါးမင်းဆွေကို လာရောက်ခေါ်ယူသွားခြင်းဖြစ်တယ်လို့ ငါးမင်းဆွေက Live လွှင့်ပြောဆိုသွားပါတယ်။


"ကျွန်တော်ကို ကျိုက်ထိုရဲစခန်းက စခန်းမှူးက လာခေါ်တယ်။ ကျွန်တော်ကို ရန်ကုန်၊ လှိုင်မြို့နယ်မှာ ၅၀၅ (က) နဲ့ အမှုဖွင့်"ထားပါတယ်တဲ့။  အဲဒီကိစ္စနဲ့ ကျွန်တော်ကို လာခေါ်တာပေါ့ဗျာ။ ခေါ်ပြီးတော့ ကျွန်တော့်ကို ရန်ကုန်ပို့မှာပေါ့။ အဲဒီလောက်တော့ အကြမ်းဖျဉ်းသိရတယ်။  အသေးစိတ်တော့ ကျွန်တော်ဘာမှ မသိဘူး။ ချစ်လှစွာသော မြန်မာများအားလုံးကို ကျွန်တော်နှုတ်ဆက်ပါတယ်" ဟု ငါးမင်းဆွေက ပြောဆိုထားပါတယ်။


ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ လှိုင်မြင့်မိုရ်အိမ်ယာမှာနေထိုင်တဲ့ ဦးမင်းဆွေ(ခေါ်) ငါးမင်းဆွေဟာ လူမှုကွန်ရက်တွင်ချစ်လှစွာသော မြန်မာများအေးချမ်းကြပါစေ၊ ကျွန်တော် ငါးမင်းဆွေပါ၊ PDF များနှင့် တွေ့ဆုံညှိနှိုင်းပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းစေရမည်၊ ပုံ/ဗိုလ်ချုပ်မှူးကြီး ငါးမင်းဆွေဟု  စစ်ဝတ်စုံဝတ်ဆင်ထားသော မင်းအောင်လှိုင်၏ မျက်နှာနေရာတွင် ၎င်း၏ မျက်နှာကို ဖြတ်ညှပ်ကပ်လုပ်၍ လူမှုကွန်ရက်တွင် တင်ခဲ့ပြီး အခြား လှောင်ပြောင်ထားသည့် ဓာတ်ပုံများကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်လော်ဘီတယ်လီဂရန်ချန်နယ်များ၏ သတင်းဖော်ပြချက်အရ သိရပါတယ်။


========================


📌📌 ၆။ လွတ်လပ်တဲ့ ဘဏ္ဍာရေးလှိုင်းသစ်မှာ ICO2 ရှယ်ယာ ထည့်ဝင်ခြင်းမှတဆင့် ဖက်ဒရယ် အိမ်ပြန်ခရီးပန်းတိုင်အထိအတူ လိုက်ပါစီးနင်းဖို့ တိုက်တွန်း


နိုဝင်ဘာ  

Radio NUG 


လွတ်လပ်တဲ့ ဘဏ္ဍာရေးလှိုင်းသစ်မှာ ICO2 ရှယ်ယာ ထည့်ဝင်ခြင်းမှတဆင့် ဖက်ဒရယ် အိမ်ပြန်ခရီးပန်းတိုင်အထိ အတူ လိုက်ပါစီးနင်းဖို့ Spring Development Bank မှ တိုက်တွန်း ဖိတ်ခေါ်လိုက်ပါတယ်။


နွေဦးဘဏ်ရဲ့ ICO ဆိုတာ တနည်းအားဖြင့် Equity Token Offering (ETO) ဘဏ်ပိုင်ဆိုင်မှုများကို အစုရှယ်ယာအဖြစ် ထည့်ဝင် ရင်းနှီးခွင့်ပေးပြီး တော်လှန်ရေးအတွက် ရန်ပုံငွေ မြှင့်တင်မည့် မဟာစီမံချက်ပဲ ဖြစ်ပြီး ICO Round 2 မှာ ပါဝင်ခြင်းသည် မျိုးဆက်သစ် အနာဂတ်၊ ပြည်သူ့ ဘဏ္ဍာ လွတ်လပ်မှု၊ နိုင်ငံ့ အကျိုးစီးပွား တို့ကို တိုက်ရိုက်အချိုးကျ ထောက်ပံ့ကူညီခြင်း ဖြစ်သည့်အပြင် လက်ရှိ ဘဏ္ဍာရေး ခေတ်စနစ်သစ် ပြောင်းလဲမှု အရွေ့ကိုပါ ဖော်ဆောင်သွားနိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ICO Seed Round တွင် $11.85 Million အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့ပြီး ဒုတိယအကြိမ် ICO Round 2 မှာ $10 Million ရရှိဖို့ မျှော်မှန်းထားတယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ၁။ မြောက်ဥက္ကလာပ EPC ရုံးရှိ စစ်ကောင်စီ လုံခြုံရေးဂိတ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့


နိုဝင်ဘာ  

Radio NUG.


ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်၊ EPC ရုံးက စစ်ကောင်စီ တပ်သားများနဲ့ ရဲတပ်သားများ တပ်စွဲထားတဲ့ လုံခြုံရေးဂိတ်ကို ပြင်းအားမြင့် ဗုံး လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army - YUPA က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ရက်နေ့ နာရီ ဝန်းကျင်မှာ YUPA နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ () တို့ ပူးပေါင်းပြီး မြောက်ဥက္ကလာပ EPC ရုံး လုံခြုံရေးဂိတ်ကို ဗုံးပစ်တိုက်ခိုက် ခဲ့တာလို့ သိရပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် တချို့ လဲကျ သွားတာကို မျက်မြင် တွေ့ခဲ့ရပြီး ထိခိုက်မှု အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။


စစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ UG ရဲဘော်များ အားလုံး ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၂။ ရေစကြိုမှ စက်လှေ စီးဖြင့် တပ်ချိန်းရန် တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦးသေဆုံး


နိုဝင်ဘာ  

Radio NUG


မကွေးတိုင်း၊ ရေစကြိုမြို့ကနေ စက်လှေ စီးဖြင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ် စခန်းကို တပ်ချိန်း ရန်တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတွင်းမြစ် တနေရာမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Royal Brother Defence Force က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ရက်နေ့မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စက်လှေနဲ့ တက်လာတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Royal Brother Defence Force ကျေးရွာတပ်ပေါင်းစု(မြောင်) မြင်းခြံခရိုင်၊ တပ်ရင်း အမှတ် () တပ်ရင်း အမှတ် () သွေးသောက်တပ်ဖွဲ့၊ 11 Brother revolution force နဲ့ Wolf brother တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ပေါက်မြို့ တောင်ပိုင်းကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်


နိုဝင်ဘာ  

Radio NUG.


မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း၊ သရက်လေးပင် ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစီးဖြင့် လေကြောင်း တိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့ပြီးနောက် လက်နက်ကြီး၊ ဒရုန်းများဖြင့်ပါ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ရက်‌နေ့ မနက် နာရီ ၅၀ မိနစ်ခန့်မှာ သရက်လေးပင်ကျေးရွာကို Yak-130 Jet fighter တစီးဖြင့် လေကြောင်းတိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့တာပါ။


ထို့အပြင် ပေါက်မြို့နယ် အခြေစိုက် ကပစ (၂၄) တပ်က ၈၁ မမ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကာ ပေါက်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ကလည်း ဒရုန်းဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း သရက်လေးပင် ကျေးရွာမှ ပြည်သူပိုင်နေအိမ် လုံး အသုံးပြုလို့မရအောင် ပျက်စီးသွားခဲ့တဲ့အပြင် ပြည်သူ ဦး ဒဏ်ရာရခဲ့ကာ နေအိမ် လုံး ထိခိုက်ပျက်စီးခဲ့ပြီး နွား ကောင် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ မုံရွာမြို့က ထွက်လာတဲ့ Jamer ကား အပါအဝင် အစီးရေ ၅၀ ကျော်ပါ စစ်ကောင်စီ ကားတန်း မိုင်းဆွဲတိုက်ခိုက် ခံရ


နိုဝင်ဘာ  

Radio NUG.


မုံရွာမြို့ကနေ ထွက်လာတဲ့ ကားအစီးရေ ၅၀ ကျော်ပါ စစ်ကောင်စီ ကားတန်းကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ရေပိုးစားကြား တနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ People's Defence Force - South Monywa အဖွဲ့က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ရက် မနက် ၁၁ နာရီ ၅၂ မိနစ်ခန့်မှာ Jamer ကား စီးနဲ့ စစ်ကား ၄၇ စီးပါး ယာဉ်တန်းမှ စီးနဲ့ စီးမြောက် ကားနှစ်စီးကို ပဒေသာမိုင်း လုံးတွဲ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီကား စီးလုံး မိုင်းထိမှန် ရပ်တန့်သွားပြီး အနီးနားမှာ ကင်းပုန်းဝတ်နေတဲ့ စစ်သားများနဲ့  ကားပေါ်ပါလာတဲ့ စစ်သားများက လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်း People's Defence Force - South Monywa နွေဦး လူငယ် People's Defence Force တောသားကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ Pentagram Venom Revolution Force Myinmu Local Defence Force Shining Star Local  Defense Force မြန်မာ - အစ္စလာမ် အထူးကွန်မာန်ဒို တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ မင်းတပ်မြို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းကနေ ကြိမ် ဗုံးကြဲတိုက်ခိုက်


နိုဝင်ဘာ  

Radio NUG.


ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ပြီး လေကြောင်းကနေလည်း နှစ်ကြိမ်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်မှ သိရပါတယ်။


နိုဝင်ဘာ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်အချိန်မှာ မင်းတပ် ရဲစခန်းရှေ့ ခေါနူးရိပ်သာ အနီးတဝိုက်က နေအိမ်များကို စစ်ကောင်စီ တပ်သားနဲ့ ရဲများက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် ပြည်သူပိုင် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။


ထို့အပြင် ညနေ နာရီ ၅၇ မိနစ်နဲ့ ၂၃ မိနစ်တို့မှာလည်း မင်းတပ်မြို့ အနောက်ဘက် တနေရာကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှု  ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆောက်လုပ်ရေး လမ်းခွဲ၊ ကားလမ်းမဘေးရှိ နေအိမ်နဲ့ ဆိုင်ခန်းများ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး အိမ်ခြေ ပျက်စီးဆုံးရှုံးမှုများနိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့နယ် ကာလကျေးရွာ စစ်ရှောင် ဦးသေဆုံး


နိုဝင်ဘာ  

Radio NUG 


နိုဝင်ဘာလ ရက်နေ့ ၁၁ နာရီခွဲအချိန်တွင် ဖယ်ခုံမြို့ ကာလ ကျေးရွာတွင်  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့၍ စစ်ရှောင် ဦးသေဆုံးပြီး ဦးဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


နေအိမ် အနည်းဆုံး လုံး ပျက်စီးသွားတဲ့ အဆိုပါ ကာလကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ရှောင်များသာ ရှိနေတယ်လို့ သိရပါတယ်။


စက်တင်ဘာလတွင်လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံအနောက်ဖက်ရှိ စစ်ရှောင်စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ပြည်သူ ဦးသေဆုံးခဲ့ပါတယ်။


========================


🚩🚩 ၇။ စစ်ကောင်စီ တပ်သား ဦး တနင်္သာရီ ပကဖ ထံ လက်နက်နဲ့ အလင်းဝင်


နိုဝင်ဘာ  

Radio NUG.


မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်၊ ဇဝဲရွာ အခြေစိုက် ခမရ (၅၅၆) တပ်ရင်းမှ စစ်ကောင်စီ တပ်သား တဦး လက်နက်၊ ခဲယမ်းများ နှင့်တကွ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ထံ အလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ရက်နေ့က တနင်္သာရီမြို့တွင်း လုံခြုံရေးတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား မောင်ဝေလင်းထွန်း (-၅၇၄၃၁၅) ဆိုသူဟာ MA 2 သေနတ် တလက်၊ .၅၆ ကျည် ၂၀ တောင့်၊ ကျည်ဘောက် ဘောက် နှင့်အတူ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။


၎င်းဟာ တပ်တွင်း မတရားဖိနှိပ်ခံရခြင်းများ ပြည်သူများအပေါ် စစ်သည်တော်ကျင့်ဝတ် ဖောက်ဖျက်ပြီး မတရား ဖိနှိပ်သတ်ဖြတ်နေမှုများ လုပ်ဆောင်နေတဲ့ စစ်တပ်ကို မကြိုက်တာကြောင့် ထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။


အလင်းဝင်လာတဲ့ အဆိုပါ ရဲဘော်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ကာ ၎င်းရဲ့ ဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးသွားဖို့ စီစဉ်နေတယ်လို့ တနင်္သာရီ ပကဖ က အသိပေး ထားပါတယ်။


========================


🚩🚩 ၈။ တော်လှန်ရေး ထောက်ပို့ရာလည်း ရောက်ပြီး တည်ဆောက်ရေးကာလ အေးဆေးအိမ်ဆောက်လို့ရမယ့် အခွင့်အရေးရမယ့် တောင်ဇလပ်မြေ campaign ပါဝင်ဖို့ ဖိတ်ခေါ်


နိုဝင်ဘာ  

Radio NUG 


ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည့် စစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရန် တော်လှန်ရေး ထောက်ပို့ရာလည်း ရောက်ပြီး တည်ဆောက်ရေးကာလ အေးဆေးအိမ်ဆောက်လို့ရမယ့် အခွင့်အရေး ရမယ့် တောင်ဇလပ်မြေ campaign ပါဝင်ဖို့ Chin defense force-Mindat မှ  ဖိတ်ခေါ်ထားပါတယ်။


မကြာခင်မှာ နွေဦးရဲ့လွတ်မြောက်ဒေသတွေထဲကတစ်ခုဖြစ်လာမယ့် မင်းတပ်မြို့လေးမှာ မြေပိုင်ဖို့ အခွင့်အရေးလေးဖြစ်ပြီး တောင်ပေါ်သား တော်လှန်ပြည်သူတွေရဲ့ မြေအလှူဖြစ်လို့ ပိုပြီးဂုဏ်ယူစွာ အိမ်ဆောက်လို့ရမယ့် မြေကွက်လေးတွေလို့ ဖော်ပြထားပါတယ်။


ပထမဆု ရဝ × ၁၉ဝ အိမ်မြေကွက် (မင်းတပ်မြို့) ဒုတိယဆု ၆ဝ × ၅ဝ အိမ်မြေကွက် (မင်းတပ်မြို့)နှင့် တတိယဆု ၃၀ × ၆ဝ အိမ်မြေကွက် (ထီးလင်းမြို့)တို့ ဖြစ်ပြီး လက်မှတ်စျေးနှုန်း မြန်မာငွေ 20000 Ks ယူအက်စ်အေ 10 USD စင်္ကာပူ 10 SGD သြစတြေးလျ 10 AUD မလေးရှား 20 RM တို့နှင့် ပါဝင်ထောက်ပံ့ကူညီနိုင်ကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment