15th NOV 2024 - Morning Daily News by Radio NUG

 


၂၀၂၄ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ(CWC)တို့ တွေ့ဆုံပွဲ ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့ တက်ရောက်

📌 ၂။ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စာချုပ်စာတမ်းများအား လိုက်နာမှုတွင် စစ်အုပ်စုအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေကို နေ့စဉ် ဖောက်ဖျက်လျက်ရှိတယ်" လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၃။ မသမာသူများမှ NUGPay Application ဗားရှင်းအသစ်ဟူ၍  Telegram မှ လိုက်လံဖြန့်ဝေနေ

📌 ၄။ ဆားလင်းကြီးမြို့နယ် NLD အတွင်းရေးမှူး ဦးဝင်းခိုင်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်

📌 ၅။ နေပြည်တော်မှာ လူငယ်များ ပေါ်တာဆွဲခံရပြီး ရွာတော်စစ်ကြောရေး အဆောင်တွေဆီ ခေါ် ကာ စစ်မှုထမ်း စုဆောင်းနေ

📌 ၆။ အရာတော်မြို့နယ်တွင်းရှိ စစ်ရှောင်ပြည်သူများအား စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ အခမဲ့ဆေးဝါးကုသမှုများ ပြုလုပ်ခဲ့


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ

🚩 ၁။ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာကို NUGမှ ဒုတိယအကြိမ် လက်နက် တပ်ဆင်ပေး

🚩 ၂။ မုံရွာတွင် မီးပွိုင့်လုံခြုံရေး ယူနေတဲ့ ရဲ နှစ်ဦးကို တိုက်ခိုက်ချေမှုန်းခဲ့ပြီး သေနတ်တလက် သိမ်းဆည်းရရှိ

🚩 ၃။ စစ်တပ်ထောက်ခံသူ သရုပ်ဆောင်/အဆိုတော် ရန်အောင်ရဲ့ နေအိမ်ကို သတိပေး ဖောက်ခွဲခဲ့

🚩 ၄။ နောင်ချိုတွင် စစ်ကောင်စီက ပေါင် ၃၀၀ ဗုံး ထပ်မံကြဲချခဲ့တာကြောင့် အမျိုးသား ဦး ဒဏ်ရာရ

🚩 ၅။ ပခုက္ကူမြို့အရှေ့ခြမ်း နှောကုန်းကျေးရွာအား တပ်မ(၁၀၁) မှ ထွက်လာသော ပျူစောထီး ၂၀၀ ခန့် မှ မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ဦးကို သတ်ဖြတ်သွား

🚩 ၆။ လက်ပံတန်း၊ ညောင်ပင်ဇင်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ(CWC)တို့ တွေ့ဆုံပွဲ ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့ တက်ရောက်


နိုဝင်ဘာ ၁၄

Radio NUG

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ(CWC)တို့ တွေ့ဆုံပွဲ ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့တ က်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


နိုဝင်ဘာ၁၄ရက် အဆိုပါတွေ့ဆုံပွဲကို ကျင်းပရာ ယာယီသမ္မတဒူဝါလရှီးလ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။


ထို့နောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ(CWC)တို့ နှစ်ဖက်အပြန်အလှန် တွေ့ဆုံဆွေးနွေးခဲ့ပြီး အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စာချုပ်စာတမ်းများအား လိုက်နာမှုတွင် စစ်အုပ်စုအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေကို နေ့စဉ် ဖောက်ဖျက်လျက်ရှိတယ်" လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


နိုဝင်ဘာ ၁၄

Radio NUG

နယ်သာလန်နိုင်ငံ သည်ဟိတ်(The Hague)မြို့တွင် Irrawaddy Policy Exchange မှ နိုဝင်ဘာ ၁၁ ရက်နေ့က ကမကထပြု ကျင်းပသည့် Rohingya in Crisis 2017-2024  Violence, Broken promises and a future for justice ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။


အဆိုပါ အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက Virtual တက်ရောက်ခဲ့ကာ မြန်မာနိုင်ငံအရေးကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတကာ ရှုထောင့်မှ အလေးပေးကာ ဆွေးနွေး ပြောကြားခဲ့ပါတယ်။


"အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စာချုပ်စာတမ်းများအား လိုက်နာမှုတွင် စစ်အုပ်စုအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေကို နေ့စဉ် ဖောက်ဖျက်လျက်ရှိကြောင်း၊ ထို့ပြင် အပြည်ပြည်ဆိုင်ရာတရားရုံး၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနှင့် ဓာတုလက်နက်တားမြစ်ရေးအဖွဲ့တို့ အခြေစိုက်ရာ သည်ဟိဂ်(The Hague)မြို့မှ ဆင်းသက်လာသည့် ဥပဒေစံနှုန်းများကိုလည်း မထီမဲ့မြင် ပြုလျက်ရှိကြောင်း၊ ဥပမာတစ်ခုအနေဖြင့် စစ်အုပ်စုက ပြည်သူများအပေါ်တွင် ဓာတုလက်နက်များကို အသုံးပြုလျက်ရှိနေကြောင်း၊ မိမိအနေဖြင့် အဆိုပါ အချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ယခုတစ်ဖန်လည်း မိမိတို့၏ ပြည်သူများအတွက် စစ်မှန်စွာ စိုးရိမ်ပူပန်သည့်စိတ်ဖြင့် ပြောကြားခြင်းဖြစ်သကဲ့သို့ ယခု ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများ နှင့် သက်ဆိုင်ရာ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံတွင် ကျူးလွန်ခံနေရသည့် ထိတ်လန့်ဖွယ်ဖြစ်စဉ်ကို ထုတ်ဖော်ပြောကြားပေးရန် မျှော်လင့်၍လည်း ထပ်မံတင်ပြရခြင်းဖြစ်ကြောင်း" သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။


သို့ဖြစ်ရာ အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် တရားရုံး၏ လုပ်ငန်းစဉ်များတွင် ရက်စက် ကြမ်းကြုတ်မှုများအား ကျူးလွန်လျက်ရှိသော ရာဇဝတ်သားများအား နေရာပေးခြင်းအားဖြင့် တရားရုံးမှ လုပ်ပိုင်ခွင့်အာဏာအရ ကာကွယ်ရန်လိုအပ်သည့် နိုင်ငံတကာ တရားမျှတမှုနှင့် လူသား ဂုဏ်သိက္ခာတို့၏ အခြေခံအကျဆုံး စည်းမျဉ်းများကို ထိပါးလာနိုင်စေမည့် အန္တရာယ်ကို ပြန်လည် သုံးသပ်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ မသမာသူများမှ NUGPay Application ဗားရှင်းအသစ်ဟူ၍  Telegram မှ လိုက်လံဖြန့်ဝေနေ


နိုဝင်ဘာ ၁၄

Radio NUG

မသမာသူများမှ NUGPay Application ဗားရှင်းအသစ်ဟူ၍  Telegram မှ လိုက်လံဖြန့်ဝေနေတယ်လို့ နိုဝင်ဘာ၁၄ရက် NUG Payက တရားဝင် အသိပေးကြေညာပါတယ်။


"မသမာသူများမှ NUGPay Application ဗားရှင်းအသစ်ဟူ၍ ဖော်ပြပါပုံအတိုင်း Telegram မှ လိုက်လန်ဖြန့်ဝေနေသည်ကို တွေ့ရှိရပါတယ်။၄င်းမှာ တရားဝင်မှု လုံးဝမရှိပဲ၊ အသုံးပြုသူများ၍ Mobile device များရှိ ဒေတာအချက်အလက်များကို အန္တရာယ်ဖြစ်စေနိုင်ပါသည်၊ သို့ဖြစ်ရာ တရားမဝင် ဖြန့်ဝေနေသော Link များကို ဝင်ရောက်ခြင်းမပြုကြပါရန် အသိပေးအပ်ပါတယ်" လို့ ဖော်ပြပါတယ်။


========================


📌📌 ၄။ ဆားလင်းကြီးမြို့နယ် NLD အတွင်းရေးမှူး ဦးဝင်းခိုင်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်


နိုဝင်ဘာ ၁၄ 

Radio NUG 


နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ယင်းမာပင်ခရိုင်တရားရုံးက ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အတွင်းရေးမှူး ဦးဝင်းခိုင်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မ ၅၂ (က) ပုဒ်မ ၅၀ () အပါအဝင် ပုဒ်မ ခုဖြင့် ထောင်ဒဏ် ၁၃ နှစ် တစ်ပေါင်းတည်း ချမှတ်ခဲ့ကြောင်း /ဆလက လူထုသပိတ်ဖော်ဆောင်ရေးကွန်ရက်ထံမှ သိရပါတယ်။


နေအိမ်နှင့် ခြံဝင်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။


ဦးဝင်းခိုင်ကို စစ်တပ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး နှစ်နီးပါးကြာမှ ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။


ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံထားရသော ဦးဝင်းခိုင်မှာ မုံရွာထောင်တွင် ကျန်းမာရေးချို့တဲ့နေပြီး စစ်ကြောရေးတွင် ပြင်းထန်စွာ ရိုက်နှက်မေးမြန်းခံထားရသောကြောင့် အကြောပိုင်းဆိုင်ရာ ဆိုးဝါးလျက်ရှိကာ ၎င်း၏ မိသားစုမှာလည်း ပြင်ပတွင် ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။


"ဇနီးနဲ့ သားနှစ်ယောက် သမီးတစ်ယောက်ကျန်ရှိခဲ့တယ်။ မိသားစုဝင်တွေကလည်း ကျီးလန့်စာစားနဲ့ ဘုန်းကြီးကျောင်းတွေနဲ့  မိတ်ဆွေများထံမှ အကူအညီတောင်း နေထိုင်ရပ်တည်နေရပါတယ်။ ထောင်ဝင်စာပို့ဖို့လည်းခက်ခဲနေကြပါတယ်"ဟု  /ဆလက လူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်က  ပြောဆိုထားပါတယ်။


========================


📌📌 ၅။ နေပြည်တော်မှာ လူငယ်များ ပေါ်တာဆွဲခံရပြီး ရွာတော်စစ်ကြောရေး အဆောင်တွေဆီ ခေါ် ကာ စစ်မှုထမ်း စုဆောင်းနေ


နိုဝင်ဘာ ၁၄

Radio NUG

နေပြည်တော်မှာလူငယ်များ ပေါ်တာဆွဲခံရပြီး ရွာတော်စစ်ကြောရေးအဆောင်တွေဆီခေါ် ကာအကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစုဆောင်းနေတယ်လို့ နိုဝင်ဘာ ၁၄ရက် နေပြည်တော်တိုင်းစစ်ဌာန၊  တပ်ရင်း (၉၀၁) တပ်ရင်းမှူးက RadioNUG ကိုဖြေကြားပါတယ်။


"အမျိုးသား လူငယ် လူလတ်ပိုင်းတွေဆိုရင် ညပိုင်း အိမ်မှာမအိပ်ရဲကြဘူး။ နေ့လည်ပိုင်း ပေါ်တင် စစ်တပ်က အင်အားနဲ့ လာဖမ်းတာတွေလည်း အခုဆိုပေါ်တင်လုပ်နေတာ။ နေပြည်တော်ရဲ့ ကျေးရွာအတော်များများမှာ ပေါ်တာဆွဲနေတာပါ။ များသောအားဖြင့် လူငယ်၊ လူလတ်ပိုင်းတွေကိုပါ" လို့ ဆိုပါတယ်။


အဆိုပါဖမ်းဆီးမှုများကို နေပြည်တော် မြို့နယ်လုံးတွင် လုပ်ဆောင်နေကြကြောင်း သိရှိရပါတယ်။


"ကျွန်တော်တို့အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့  စစ်မှုထမ်းရန်ဆန္ဒမရှိဘဲ တော်လှန်ရေးဘက်ကို ရွေးချယ်လိုတဲ့ လူငယ်တွေကို ပြီးခဲ့တဲ့ ကာလတွေကော ယခုကြားတစ်လအတွင်းမှာလည်း လက်ခံပြီး တိုက်ခိုက်ရေး သင်တန်းတွေ ပေးနေပါတယ်။  နေပြည်တော်မှာ ပြည်သူတွေ အခုရင်ဆိုင်နေရတဲ့ စစ်တပ်ရဲ့ပေါ်တာဆွဲတဲ့ကိစ္စမှာလည်း မျက်ခြေမပြတ်လေ့လာနေပြီး ကျွန်တော်တို့ဆီလာရောက်တိုက်ပွဲဝင်နိုင်ဖို့ ခေါ်ယူပေးနေပါတယ်"လို့တပ်ရင်း(၉၀၁)တပ်ရင်းမှူးက Radio NUGကို ဖြေကြားပါတယ်။


========================


📌📌 ၆။ အရာတော်မြို့နယ်တွင်းရှိ စစ်ရှောင်ပြည်သူများအား စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ အခမဲ့ဆေးဝါးကုသမှုများ ပြုလုပ်ခဲ့


နိုဝင်ဘာ ၁၄ 

Radio NUG 


အရာတော်မြို့နယ်တွင်းရှိ စစ်ရှောင်ပြည်သူများအား စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ အခမဲ့ဆေးဝါးကုသမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


မြေပြင်မငြိမ်သက်မှုတွေကြားမှာ၊ တိုက်ပွဲတွေကြားမှာ၊ စစ်ကြောင်းထိုးခံရမှုတွေကြားထဲမှာ အပြေးအလွှား လူနာကြည့်ကြရတာတွေ၊ ပြည်သူ့အပူကို ကူမျှယူကြရတာတွေ။ ဒါတွေကလည်း တကယ့်မြေပြင်ပြည်သူတွေကြားထဲမှာ စိမ့်ဝင်လှုပ်ရှားနေတဲ့ ဆရာ၊ ဆရာမတွေရဲ့အားနဲ့ ထိထိရောက်ရောက် ကူမျှခွင့်ရနေတာပါ။ တကယ်ကို ဦးညွှတ်ပြီး ကျေးဇူးတင်ဂုဏ်ယူရပါတယ်လို့ ဖော်ပြထားပါတယ်။


အရာတော်မြို့နယ်က စစ်ရှောင်ပြည်သူ (၁၃၀) ကျော်ကို အခမဲ့ဆေးဝါး ကုသမှုပေးဖြစ်ခဲ့ပြီးတော့ ပြည်သူ (၁၇၀) ကျော်ကို ကျန်းမာရေးအသိပညာပေးဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် အရာတော်မြို့နယ်တာဝန်ခံအဖွဲ့ဖြစ်တဲ့ "သမိုင်းသစ်စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့" မှ  ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်


========================

========================



🚩🚩 ၁။ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာကို NUGမှ ဒုတိယအကြိမ် လက်နက် တပ်ဆင်ပေး


နိုဝင်ဘာ ၁၄ 

Radio NUG 


ဂန့်ဂေါခရိုင်အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းများဖြင့် စုပေါင်း ဖွဲ့စည်းထားသော ဗျူဟာအမှတ်(၈၁)-ယောဗျူဟာထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ  ဒုတိယအကြိမ်အဖြစ် လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း ဗျူဟာအမှတ် (၈၁) - ယောဗျူဟာမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ လက်နက် တပ်ဆင်ပွဲ အခမ်းအနားကို ယောနယ် တစ်နေရာတွင် ကျင်းပခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နွေဦးညီနောင် သိန်းသုံးထောင် ကမ်ပိန်းမှ ရရှိသော  ရံပုံငွေဖြင့် ဝယ်ယူထားသော ပထမအသုတ် ကျည်ကာဦးထုပ်များကိုလည်း ရှေ့တန်းရဲဘော်များထံသို့ ဖြန့်ဝေပေးပြီးဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ မုံရွာတွင် မီးပွိုင့်လုံခြုံရေး ယူနေတဲ့ ရဲ နှစ်ဦးကို တိုက်ခိုက်ချေမှုန်းခဲ့ပြီး သေနတ်တလက် သိမ်းဆည်းရရှိ


နိုဝင်ဘာ ၁၄ 

Raido NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာလမ်းမပေါ်က ရန်ကင်းမီးပွိုင့်မှာ လုံခြုံရေး ယူနေတဲ့ ရဲတပ်သား ဦး အား တိုက်ခိုက် ချေမှုန်းခဲ့ပြီး သေနတ် လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ - ပလဖ က သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၁၄ ရက်‌နေ့ မနက် နာရီခန့်တွင် မီးပွိုင့်လုံခြုံရေး ယူထားတဲ့ ရဲ ဒုအရာခံဗိုလ်နဲ့ ရဲတပ်သား တဦးကို့ကို တိုက်ခိုက်ခဲ့ရာ နှစ်ဦးစလုံး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် အဆိုပါ ရဲတပ်သား နှစ်ဦးထံမှ BA.63 ခေါ် G3 သေနတ် တလက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာ ရန်ကင်း ဘုန်းကြီးကျောင်းမှာ လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့လည်း ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ - ပလဖ နဲ့ Kaung Kin Local Pdf (ဒီပဲယင်း မြို့နယ်) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ စစ်တပ်ထောက်ခံသူ သရုပ်ဆောင်/အဆိုတော် ရန်အောင်ရဲ့ နေအိမ်ကို သတိပေး ဖောက်ခွဲခဲ့


နိုဝင်ဘာ ၁၄ 

Radio NUG


ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော်ရပ်ကွက်၊ မြရတနာလမ်းနေ စစ်တပ် ထောက်ခံအားပေးသူ သရုပ်ဆောင်/အဆိုတော် ရန်အောင်ရဲ့ နေအိမ်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်မှာ ပြင်းအားပျော့ အသံမိုင်းဖြင့် သတိပေး ဖောက်ခွဲခဲ့တယ်လို့ Dark Shadow အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ရန်အောင်ဟာ ပြည်သူများကို နေ့စဉ် ဒုက္ခပေးနေတဲ့ စစ်မိစ္ဆာများကို ထောက်ခံအားပေးနေတဲ့ အနုပညာရှင် ဖြစ်ကြောင်း သတင်းနဲ့ Social Media များမှာ အထင်အရှား တွေ့မြင်နေရတာကြောင့် ပထမဆုံးအကြိမ် သတိပေး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ စစ်ဘောမ အနုပညာရှင်များကိုလည်း Dark Shadow အဖွဲ့က သတိပေးထားပါတယ်။


ပြည်သူများအနေနဲ့လည်း စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးများ စုဝေးရာ နေရာများကို မသွားကြရန်နဲ့ ဝေးဝေးက ရှောင်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၄။ နောင်ချိုတွင် စစ်ကောင်စီက ပေါင် ၃၀၀ ဗုံး ထပ်မံကြဲချခဲ့တာကြောင့် အမျိုးသား ဦး ဒဏ်ရာရ


နိုဝင်ဘာ ၁၄  

Raido NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းတပ်မတော် TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ နောင်ချိုမြို့ တွင် စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ နာရီခွဲခန့်မှာ နောင်ချို တရားရုံးနဲ့ ရဲစခန်း အနောက်ဘက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် လုံးနဲ့ အိမ်စီးကားများ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


========================


🚩🚩 ၅။ ပခုက္ကူမြို့အရှေ့ခြမ်း နှောကုန်းကျေးရွာအား တပ်မ(၁၀၁) မှ ထွက်လာသော ပျူစောထီး ၂၀၀ ခန့် မှ မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ဦးကို သတ်ဖြတ်သွား


နိုဝင်ဘာ ၁၄

Radio NUG

ပခုက္ကူမြို့အရှေ့ခြမ်း အိမ်ခြေ ၂၀၀ ရှိ နှောကုန်းကျေးရွာအား တပ်မ(၁၀၁) မှ ထွက်လာသော ပျူစောထီး ၂၀၀ ခန့် မှ မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၁၈၇ အိမ် မီးလောင်ပျက်စီးခဲ့တယ်လို့ နိုဝင်ဘာ ၁၄ရက်မှာ ပခုက္ကူ လူထုတိုက်ပွဲကော်မတီက အသိပေးဆိုပါတယ်။


ပြည်သူ () ဦးအားလည်း စစ်ကောင်စီတပ်သားများမှ သတ်ဖြတ်သွားကာ ၎င်း ပြည်သူ()ဦးမှာ  အမျိုးသမီး ()ဦး ဖြစ်ပြီး အဖွားအရွယ် ၂ဦး၊ လူငယ်အရွယ် အမျိုးသမီး ()ဦးတို့ ဖြစ်ကြပါတယ်။


========================


🚩🚩 ၆။ လက်ပံတန်း၊ ညောင်ပင်ဇင်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီး


နိုဝင်ဘာ ၁၄ 

Radio NUG 


နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ညောင်ပင်ဇင်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။


ပြည်သူပိုင်နေအိမ်များကို ရုတ်တရက် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ ဖမ်းဆီးခံရမှု ရှိမရှိကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။


အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက်စီးနင်းခဲ့သည့် ကျေးရွာအနီးတဝိုက်ကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လက်ပံတန်း) ဂဠုန်တပ်ဖွဲ့ သာယာဝတီ၊ ၃၈၀၂ ခွဲ () () တို့က ပူးပေါင်း၍  နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment