24th NOV 2024 - Evening Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။⁨⁨⁨ ကန်ပိုက်တီကနေ ထွက်ပြေးလာတဲ့ စစ်ရှုံးသမားစစ်သားတွေကို တရုတ်က မူဆယ်ဘက်ပြန်ပို့ 

📌 ၂။⁨ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းဘက်ကို စစ်ကောင်စီက စားသောက်ကုန် သယ်ယူခွင့်ပိတ်

📌⁨⁩ ⁨၃။ ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စုမှာ စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းလိုတဲ့သူတွေ ငွေပေးရမယ်လို့ ခြိမ်းခြောက်


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨⁨⁨⁨⁨⁨ ချောင်းဦးနဲ့မုံရွာနယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး

🚩 ၂။ အကြမ်းဖက်စစ်တပ်က ကြည်း၊ ရေ လေ စစ်ဆင်ရေးနဲ့ မတ္တရာမြို့နယ်ကို အပြင်းအထန် ထိုးစစ်ဆင်နေ

🚩 ၃။ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီလက်ချက်ကြောင့် တပတ်အတွင်း အရပ်သား ဦး သေဆုံးပြီး ၂၈ဦး ဒဏ်ရာရ

🚩၄။ တနင်္သာရီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ၁။⁨⁨⁨ ကန်ပိုက်တီကနေ ထွက်ပြေးလာတဲ့ စစ်ရှုံးသမားစစ်သားတွေကို တရုတ်က မူဆယ်ဘက်ပြန်ပို့ 


နိုဝင်ဘာလ ၂၄ရက်။


ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က နေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်ရှုံးသမားစစ်ကောင်စီတပ်ဖွဲ့ဝင် ၃ရာကျော်ကို တရုတ်အစိုးရက နိုဝင်ဘာ ၂၃ ရက် ညပိုင်း မှာ ရှမ်းမြောက်ဒေသ မူဆယ်မြို့ထိ ပြန်လာပို့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ကန်ပိုက်တီမြို့ကနေ ထွက်ပြေးသွားတဲ့ စစ်ရှုံးသမား စစ်သားတွေကို တရုတ်အစိုးရက မူဆယ်မြို့အထိ ပို့ဆောင်ပေးတဲ့ ရုပ်သံမှတ်တမ်းဟာလည်း မနေ့ နိုဝင်ဘ ၂၃ ရက် ညကစပြီး လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာတာရှိပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ တခုဖြစ်တဲ့ ကန်ပိုက်တီမြို့ကို နိုင်ဘာ ၂၀ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ကန်ပိုက်တီကနေ စစ်ရှုံးပြီး တရုတ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တရုတ်အစိုးရ အာဏာပိုင်တွေက တရားဝင် လုံခြုံရေးယူပေးပြီး တရုတ်ဘက်ခြမ်းကနေ ရှမ်းမြောက် တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ မန့်ဝိန်းပေါက်အထိ လာရောက်ပို့ဆောင်ကူညီပေးခဲ့တဲ့ သက်သေအထောက်အထားတွေပါလို့ စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ဒေသတွင်းသတင်းဌာနအချို့ကို ရှင်းပြထားပါတယ်။ 

စစ်ကောင်စီကိုသက်ဆိုးရှည်အောင် ကူညီပေးနေသူက တရုတ်အစိုးရဆိုတာ သက်သေတစ်ခုထပ်ရတာပါလို့လည်း သူက မှတ်ချက်ပြုထားပါတယ်။ 

ကန်ပိုက်တီကနေ စစ်ရှုံးပြီး တရုတ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တရုတ်အစိုးရ အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ရက် နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မူဆယ်ဘက်ခြမ်းထိ ကားတွေနဲ့ ပို့ဆောင်ပေးခဲ့တာကို ရုပ်သ့မှတ်တမ်းမှာ တွေ့ရပါတယ်။

ကချင်ဒေသမှာ စစ်ရှုံးပြီးထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲဝင်များကို မြန်မာစစ်တပ်ထံသို ပြန်လွှဲပြောင်းပေးတာ ကြိမ် ထက်မနည်းရှိခဲ့ပြီး လက်ရှိအချိန်ထိဆိုရင် တရုတ်နိုင်ငံက မြန်မာစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်အရေအတွက်ဟာ ၄၃ဝ ကျော်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုးမလုပ်ဖို့ တရုတ်အစိုးရက အခြားနိုင်ငံတွေကို ပြောဆိုနေမယ့် သူကိုယ် တိုင်ကတော့ ကျင့်ဝတ်မဲ့စွာနဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး စစ်ကောင်စီကို ကူညီပံ့ပိုးနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပြောဆို‌နေတာလည်းရှိပါတယ်။  

လက်ရှိမှာလည်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဖိအားပေးတဲ့အနေနဲ့ တရုတ်အစိုးရက နယ်စပ်ဂိတ်တွေပိတ်ထားပြီး လျှပ်စစ်မီးနဲ့အင်တာနက်ဖြတ်တောက်တာတွေနဲ့ တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့တွေကို ဖိအားပေးနေဆဲလို့ သိရပါတယ်။


========================


📌📌 ၂။⁨ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းဘက်ကို စစ်ကောင်စီက စားသောက်ကုန် သယ်ယူခွင့်ပိတ်


နိုဝင်ဘာလ ၂၄ရက်။


ရှမ်းမြောက်ဒေသ တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ကနေ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းဘက်ကို စားသောက်ကုန် တွေသယ်ယူခွင့် စစ်ကောင်စီက ပိတ်ပင်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၃ရက်ကစပြီး မူဆယ်မြို့အထွက် ပန်ခမ်းဂိတ်ကနေ စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ဘက် ကို စားသောက်ကုန်တွေ သယ်ယူခွင့် ပိတ်ပင်လိုက်တာလို့ ဒေသနေသူတွေရဲ့အဆိုကို ကိုးကားပြီး ရွှေဖီမြေသတင်းဌာနက ဖော်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ စားသောက်ကုန်တွေကိုသာ ပိတ်ပင်လိုက်လိုက်တာဖြစ်ပြီး အထည်အလိပ်တွေကိုတော့ ခွင့်ပြုထား တယ်လို့ ဆိုပါတယ်။ 

မူဆယ်မြို့အထွက် ပန်ခမ်းဂိတ်ကဝင်တဲ့ ပစ္စည်းတွေသယ်ယူခွင့်ပေးပေမယ့် မူဆယ်ကနေ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ဘက်ကိုတော့ စားသောက်ကုန်တွေ သယ်ယူခွင့်မပေးတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း မူဆယ်မြို့အထွက် ပန်ခမ်းဂိတ်မှာရှိတဲ့ စစ်ကောင်စီဟာ ခရီးသည်တွေကိုသာ ဖြတ်သန်းသွားလာခွင့်ပေးပြီး ကုန်ပစ္စည်းတင်တဲ့ကားတွေကိုတော့ ဖြတ်သန်းခွင့်မပေးတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။


========================


📌📌⁨⁩ ⁨၃။ ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စုမှာ စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းလိုတဲ့သူတွေ ငွေပေးရမယ်လို့ ခြိမ်းခြောက်


နိုဝင်ဘာလ ၂၄ရက်။


ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စုမှာ စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးက ဒေသနေပြည်သူတွေကိုခေါ်ယူ ကာ လူတိုင်းစစ်မှုထမ်းရမှာဖြစ်ပြီး စစ်မှုမထမ်းချင်ရင် ငွေပေးရမလို့ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဒေသနေပြည်သူ တွေက ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု မြိုင်သာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ယူရာမှာ ဘဘွေးကုန်းရွာမှာအထိုင်ချနေတဲ့ စစ်တပ် စစ်ကြောင်းမှူး တက်ရောက်ပြီး ပြည်သူများအားလုံး မဖြစ်မနေစစ်မှုထမ်းရမှာဖြစ်ကြောင်းနဲ့ စစ်မှုမထမ်းချင်ရင် ပိုက်ဆံပေးရယ်လို့ ခြိမ်းခြောက် ပြောဆို ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်မှုထမ်းတွေအတွက် တအိမ်ထောင်ကို ကျပ် သောင်းတောင်ရာမှာ ဒီရွာမှာနေသူတွေက မပေးတဲ့အတွက် စစ်ကြောင်းမှူး ကိုင်တိုင် အစည်းအဝေးခေါ်ကာ ခြိမ်းခြောက်ပြောဆိုခဲ့တာလို့ သိရပါတယ်။

စစ်ကြောင်းမှူးက အသက် ၁၈ နှစ်ကနေ ၆၅ နှစ်အတွင်းရှိတဲ့လူတိုင်း ငွေမပေးနိုင်ရင် စစ်မှုထမ်းရမှာဖြစ်ပြီး မဲပေါက်သူတိုင်း တာဝန်ကျတဲ့နေရာ သွားရမယ်လို့ ပြောဆိုသွားတယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သူတွေက ပြောပါတယ်။ 

အခုလို ငွေကြေးကောက်ခံတာနဲ့ပတ်သက်လို့ တိုင်ချင်တဲ့နေရာတိုင်ကြားနိုင်တယ်လို့ စစ်ကြောင်းမှူးကပြောပေမယ့် သတင်းပေးတိုင်ကြားသူကိုဖမ်းမိရင်တော့ သက်သာမှာမဟုတ်ဘူးလို့ ခြိမ်းခြောက်သွားတယ်လို့လည်း သိရပါတယ်။

စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ပေါ်တာဆွဲ ဖမ်းဆီးတာ ငွေကြေးကောက်ခံတာ အာဏာအလွဲသုံးစားလုပ်ပြီး ခြိမ်းခြောက်ငွေတောင်းတာတွေ ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအနှံ့ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီဘက်က  အရေးယူတာမျိုး မတွေ့ရသေးပါဘူး။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩



========================

========================



🚩🚩 ၁။⁨⁨⁨⁨⁨⁨⁨⁨ ချောင်းဦးနဲ့မုံရွာနယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု စစ်သား ဦးသေဆုံး


နိုဝင်ဘာလ ၂၄ရက်။


စစ်ကိုင်းတိုင်းအတွင်းက ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်အစပ်ကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်သား ဦးသေဆုံးသွားတယ်လို့ Chaung U People's Defence Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝင်းကနေ အင်အားတရာကျော်ပါပြီး သံပြားကာကား စီး၊ faw ကားတစီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ နိုဝင်ဘာ ၁၉ ရက်နေ့မနက်ပိုင်းက ဗောဓိတထောင်ဘုရားအနီး ရွှေမြင်တင်တောင် ဝန်းကျင်ကို စစ်ကြောင်းထိုးလာပြီး အနီးဝန်းကျင်ရွာတွေက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးကာ အရပ်သားပြည်သူတွေ ကို ဓားစာခံအဖြစ် ဖမ်းဆီးတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းနဲ့ညနေပိုင်းမှာလည်း ဒီစစ်ကြောင်းကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့- က စစ်ကြောင်းကို ဒရုံးနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဦးသေဆုံးပြီး ဦးထက်မနည်း ဒဏ်ရာရ သွားတာလို့ အသိပေးပါတယ်။

အဲဒီစစ်ကြောင်းဟာ ပြည်သူပိုင်အိမ် လုံးကို မီးရှို့ဖျက်ဆီးပြီး အရပ်သားပြည်သူ ၂၀ ခန့်ကိုဖမ်းဆီးသွားတယ်လို့ သိရပါ တယ်။

ဖမ်းဆီးခ့ရသူတွေထဲက ဦးကို စစ်ကောင်စီက လက်နက်နဲ့တကွ ဖမ်းမိတယ်ထုတ်ပြန်ထားပြီး အခုထိ ပြန်မလွှတ်သေး ပေမယ့် ကျန်တဲ့သူတွေကိုတော့ ပြန်လွတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတဲ့အခါတိုင်း ဒေသနေပြည်သူတွေ ကြိုတင်ရှောင်ရှားကြဖို့ တော်လှန်ရေးအင်အား စုတွေက အသိပေးလေ့ရှိရာ ဒေသနေပြည်သူတွေအနေနဲ့ သတိထားလိုက်နာကြဖို့ Chaung U People's Defence Force အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

အကြမ်းဖက်စစ်တပ်က PDF တပ်ဖွဲ့ဝင်တွေလို့ လိမ်ညာထုတ်ပြန်ထားတဲ့ ဘန်စီကျေးရွာက ကိုငြိမ်း၊ ကိုဝေလင်းသူနဲ့   မုံရွေးကျေးရွာက ကို၀င်းဇော်၊ မချောစု တို့ကို လက်ရှိချိန်ထိ ပြန်မလွှတ်သေးဘဲ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝင်း အတွင်းထဲ ခေါ်သွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို special force 11 အဖွဲ့က scout drone နဲ့ ကင်းထောက်ကူညီပေးပြီး ဒိတ်ဒိတ်ကြဲအဖွဲ့နဲ့ မုံရွာ မြို့နယ်အတွင်းက ပကဖ ရဲဘော်များ ချောင်းဦးမြို့နယ် ပကဖ ရဲဘော်များနဲ့အတူ ကာကင်းတာဝန်ယူကာ တိုက်ခိုက်ခဲ့ တာပဲဖြစ်ပါတယ်။

Chaung U People's Defence Force အဖွဲ့ဟာ နိုဝင်ဘာ ၂၁ ရက်နေ့မနက် ၈နာရီကျော်အချိန်ကလည်း ချောင်းဦးမြို့ကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ အင်အား ၁ဝ ဦးပါ စစ်ကားတစီးကို မုံရွာ- မန္တလေးလမ်းပိုင်းတနေရာမှာ ပဒေသာ မိုင်း လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာမှာ စစ်သား ဦး သေဆုံးခဲ့ပါတယ်။


========================


🚩🚩 ၂။ အကြမ်းဖက်စစ်တပ်က ကြည်း၊ ရေ လေ စစ်ဆင်ရေးနဲ့ မတ္တရာမြို့နယ်ကို အပြင်းအထန် ထိုးစစ်ဆင်နေ


နိုဝင်ဘာလ ၂၄ရက်။


မန္တလေးတိုင်း မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ကြည်း၊ ရေ လေ စစ်ဆင်ရေးပုံစံနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေ တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၂၁ ရက်ကစပြီး မတ္တရာမြို့နယ် မြစ်ရိုးတလျှောက်ကကျေးရွာတွေကို ထိုးစစ်ဆင်တိုက်ခိုက် နေတာနဲ့ပတ်သက်လို့ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်ကြောင်းထိုးရာ လမ်းတလျှောက်ကရွာတွေကို ဝင်ရောက်စီနင်းပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူ ကာ အိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာ ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။

ထို့ပြင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ အရပ်သားပြည်သူ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်နက်ကြီးထိမှန်တာ ကြောင့် ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်ကလည်း စိန်ပန်းကုန်းကျွန်းရွာနဲ့ သဲကျွန်းရွာအနီးတစ်ဝိုက်ကို စစ်တပ်က ဂျက်ဖိုက် တာ စင်းနဲ့ ဓာတုအဆိပ်ဗုံးတွေအပါအဝင် ပေါင် ၅၀၀ ဗုံး လုံးနဲ့ ပေါင် ၂၀၀ ဗုံး လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသနေပြည်သူ ၈၀ ကျော် မူးဝေအော့အန်ကာ သတိလစ်မေ့မျောတာတွေရှိခဲ့ပါတယ်။

မန္တလေးနဲ့မတ္တရာမြို့ဘက်ကလာတဲ့ စစ်ကြောင်း ကြောင်းကလည်း မြေပြင်စစ်ကြောင်းထိုးနေတာကြောင့် သမင်ခြံရွာ၊ သူဌေးကုန်းရွာ၊ ဥဒိန်ရွာ၊ ဆောက်ခြုံပေါက်ရွာ၊ ကုန်တန်းကြီးရွာ၊ ကုန်းတန်းလေးရွာ၊ စိန်ပန်းကုန်းရွာ၊ အေးကျွန်းရွာ၊ ထန်းခြောက်ပင်ရွာ၊ ရွှေဘိုကြီးရွာ၊ ရတန်းရွာတို့ အပါအဝင် မြစ်ရိုးတလျောက်က ကျေးရွာ ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီး ခံရပြီး ရွာခဲက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး မတ္တရာမြို့ပေါ် ယူဆောင်သွားတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်မှာ စစ်တပ်က လေကြောင်းနဲ့ ရေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူအပါအဝင် မြေပြင်ကနေ အင်အား အလုံးအရင်းနဲ့ကို စစ်ကြောင်းထိုးနေတာလို့ ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ Voice Of Mandalay အဖွဲ့  တာဝန်ရှိသူ က အသိပေးထားပါတယ်။

မတ္တရာမြို့နယ် အနောက်မြောက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀ ခန့်ပါစစ်ကောင်စီတပ်ဖွဲ့ဟာ နိုဝင်ဘာ ၂၂ရက် နေ့က စစ်ရှောင်ပြည်သူ ၄၀ ကျော်ကိုဖမ်းဆီးခဲ့ပြီး အချို့ကို မတ္တရာမြို့ပေါ် ကို ကားနဲ့ခေါ်သွားတယ်လို့ The voice of wetlet madayar ကလည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ မတ္ထရာမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ သိရပါတယ်။


========================


🚩🚩 ၃။ တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီလက်ချက်ကြောင့် တပတ်အတွင်း အရပ်သား ဦး သေဆုံးပြီး ၂၈ဦး ဒဏ်ရာရ


နိုဝင်ဘာလ ၂၄ရက်။


ကရင်၊ ပဲခူး၊ မွန်၊ တနင်္သာရီဒေသတို့ပါဝင်တဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက် ခံရမှုကြောင့် တပတ်အတွင်း အရပ်သားပြည်သူ ဦးသေဆုံးကာ ၂၈ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့  နိုဝင်ဘာ ၂၄ မှာ ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြမထားပေမယ့် တောင်ပိုင်းစစ်ဒေသနယ်မြေတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က ဗုံးသီးအလုံးရေ ၁၀၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို လက်နက်‌ကြီးနဲ့ပစ်ခတ်တာတွေ ဒရုန်းတွေနဲ့ဗုံးကြဲတာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သာပြည်သူ ဦးသေဆုံးပြီး ၂၈ဦးဒဏ်ရာရခဲ့သလို အရပ်သားပြည်သူ ၅၁ ဦး လည်း အကြောင်းမဲ့ ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရသူတွေတွေထဲကအချို့ဟာ သူတို့မှာပါလာတဲ့ ပစ္စည်းတွေကို သိမ်းယူတာခံရဲတဲ့အပြင် ခြိမ်းခြောက်ငွေညှစ်တာပါ ခံခဲ့ရပြီး အများစုကို ပြန်မလွှတ်ဘဲ အဓမ္မစစ်မှုထမ်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးခံနေရဆဲလို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာဆိုရင်လည်း ပဲခူးတိုင်း ဖြူးမြို့နယ် လိပ်ပေါကျေးရွာက အရပ်သားတဦးဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရတာလို့ တောင်ပိုင်းတိုင်း စစ်ဒေသကအသိပေးပါတယ်။

တောင်ပိုင်းစစ်ဒေသနယ်မြေမှာပါတဲ့ ကရင်အမျိုးသားအစည်းအရုံး-KNU ညောင်လေးပင်ခရိုင်က ကျောက်ကြီးလို့ခေါ်တဲ့ လယ်ဒို၊ မူးလို့ခေါ်တဲ့ မုန်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေတယ်လို့ KNU ဘက်ကလည်း သတင်းထုတ်ပြန်ထားတာရှိပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ သူတို့အထိနာနေတဲ့အတွက် အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို မီးရှို့ ဖျက်စီးတာတွေ နေ့စဉ်ပြုလုပ်နေပြီး တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေကိုပါ လက်နက်ကြီးနဲ့ပစ်ခတ်တာ ဒရုန်းဗုံးသီးကြဲချ တာတွေကို တပတ်အတွင်း အကြိမ်ရေ ၄၀ ကျော် ဗုံးသီးအလုံးရေ ၁၀၀ ကျော် အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်း စစ်ဒေသ ထုတ်ပြန်ချက်အရ သိရပါတယ်။


========================


🚩🚩၄။ တနင်္သာရီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး 


နိုဝင်ဘာလ ၂၄ရက်။

  

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးသွားတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ မြိတ်က ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၃ ရက် မနက် နာရီခန့်က တနင်္သာရီမြို့နယ် ဇဝဲကျေးရွာနဲ့ ရမ်းဖိုကျေးရွာကြား ပြင်ဝန်းကျေးရွာအနီးကို ခြေလျင်တက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်း ၁၀ လုံးနဲ့ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ မိုင်း လုံးပေါက်ကွဲတာကြောင့် စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးမငများသွားတာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများခဲ့တာကြောင့် သေဆုံးသွားတဲ့ စစ်သားအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို VOGO ကားနဲ့ ခေါက်သယ်ထုတ်သွားတယ်လို့လည်း အသိပေးထားပါတယ်။

စစ်သားအလောင်းတွေကို အိမ်စီးကားနဲ့လာသယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့က မိုင်းဆွဲခ့ရတဲ့နေရာအနီးက ပြည်သူပိုင်အိမ် ၅လုံး ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ဒီ မိုင်ဆွဲတိုက်ခိုက်မှု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တနင်္သာရီမြို့နယ် ပကဖ ဇုန်- တနင်္သာရီရိုးမအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment