5th NOV 2024 - Evening Daily News by Radio NU


၂၀၂၄ နိုဝင်ဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဂျပန်-မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတရပ်ကို Nagano States Nagano မြို့တွင်ပြုလုပ်ခဲ့ရာ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးစောဘလှသိန်းတက်ရောက်

📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)အား လေ့လာသုံးသပ်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်လျှက်ရှိ

📌 ၃။ ဆိုင်ကလုံးယာဂီသင့် မြန်မာပြည်သူများအတွက် ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုရေဘေးစျေးရောင်းပွဲ အလှူငွေ ဒေါ်လာ ၄သောင်း၄ထောင် ထောက်ကူပေးခဲ့


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩🚩 ၁။ နွေဦးတော်လှန်ရေးမှာလူငယ်တွေနဲ့လူကြီးတွေရဲ့စွန့်လွှတ်ပေးဆပ်မှုအင်မတန်ကြီးမားတယ်လို့ ကာကွယ်ရေးဝန်ကြီးပြောကြား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ ဂျပန်-မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတရပ်ကို Nagano States Nagano မြို့တွင်ပြုလုပ်ခဲ့ရာ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးစောဘလှသိန်းတက်ရောက်


နိုဝင်ဘာ၅ရက်


ဂျပန်-မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတရပ်ကို Nagano States Nagano မြို့တွင်ပြုလုပ်ခဲ့ရာ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်း တက်ရောက်ခဲ့တယ်လို့ နိုဝင်ဘာ၅ရက်မှာ ဂျပန်နိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ဖော်ပြပါတယ်။

ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတရပ်ကို Nagano States Nagano မြို့တွင်ပြုလုပ်ခဲ့ရာ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးစောဘလှသိန်း၊Nagano မြို့ခံဂျပန်နှင့်မြန်မာလူမျိုးများ၊Tokyo အပါအဝင်အခြားပြည်နယ်မှလာသောသူများ(မြန်မာနိုင်ငံသားတိုင်းရင်းသားများ)တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။

ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်မှလည်းမြန်မာနိုင်ငံ၏ငြိမ်းချမ်းခြင်းမရှိသေးသောအကြောင်းအရာများကိုပြောကြားခဲ့ပြီး နှစ်နိုင်ငံရိုးရာအဝတ်အစားများနှင့်နှစ်နိုင်ငံအကများကိုဖလှယ်တင်ဆက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)အား လေ့လာသုံးသပ်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်လျှက်ရှိ


နိုဝင်ဘာ၅ရက်


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)အား လေ့လာသုံးသပ်ခြင်းလုပ်ငန်းစဉ်ဆောင်ရွက်လျှက်ရှိတယ်လို့ဆိုပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဥက္ကဌ၊ဒုတိယဥက္ကဌ၊ လွှတ်တော်ရေးရာ ကော်မတီမှ တာဝန်ရှိလွှတ်တော်ကိုယ်စားလှယ်များကိုယ်စားလှယ်များသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ မှ နိုဝင်ဝင်ဘာလ ၄ရက်နေ့အထိ  ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံ၍ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်မှ ပေးပို့လာသော စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)အား လေ့လာသုံးသပ်ခြင်းနှင့်  နိုင်ငံရေးရှေ့လုပ်ငန်းစဥ်များကို  ဆွေးနွေးတိုင်ပင်ညှိနှိုင်း ဆောင်ရွက်လျှက်ရှိတယ်လို့သတင်းရရှိပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လေ့လာဖတ်ရှူ အကြံပြုလိုပါကsggfederalunithluttawoffice.01@gmail.com မှတဆင့် ဆက်သွယ်နိုင်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကအသိပေးဆိုထားပါတယ်။


========================


📌📌 ၃။ ဆိုင်ကလုံးယာဂီသင့် မြန်မာပြည်သူများအတွက် ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုရေဘေးစျေးရောင်းပွဲ အလှူငွေ ဒေါ်လာ ၄သောင်း၄ထောင် ထောက်ကူပေးခဲ့


Radio NUG နိုဝင်ဘာ ၅ရက်

စက်တင်ဘာ ၂၂ ရက်နေ့ ရန်ပုံငွေစျေးရောင်းပွဲမှ ဆိုင်ကလုံးယာဂီ မုန်တိုင်းသင့်မြန်မာပြည်သူများအတွက် အလှူငွေ ဒေါ်လာ ၄သောင်း၄ထောင် ရရှိခဲ့ရာ မုန်တိင်းသင့်ဒေသများက ပြည်သူများထံ ဆက်သွယ်လှူဒါန်းပေးပြီး ဖြစ်ကြောင်း ဆန်ဖရန်စစ္စကိုဘေးဧရိယာမြန်မာမိသားစုများက သတင်းထုတ်ပြန်လိုက်ပါတယ်။

အများပြည်သူများ သိရှိစေဖို့ စာရင်းနဲ့တကွ အသိပေးလိုကြောင်း တာဝန်ခံများက ရေဒီယိုအင်န်ယူဂျီကို ပြောကြားပြီး အောက်ပါစာရင်းအတိုင်း ပေးပို့လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

- အင်းလေး $၂၁၀၀

- ဖြူး  $၄၀၀၀

-ထန်းတပင် $၄၅၀၀

-တပ်ကုန်း $၅၀၀၀

-ဆော  $၁၅၀၀

-ကရင်နီ $၅၀၀၀

- အင်းလေး -ဒု $၂၅၀၀

-ပျဉ်းမနား-$၄၅၀၀

-တောင်ငူအရှေ့ဘက်ခြမ်း $ ၄၈၀၀

၁၀-ကျောက်ကြီး $၅၀၀၀

၁၁-ကလော $၃၀၀၀

၁၂-ရေတာရှည် $၂၁၀၀ စုစုပေါင်း $44000 ဖြစ်တယ်လို့ သိရပါတယ်။

အလှူရှင်များ၊ ကူညီလုပ်အားပေးသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်မင်းသီဟန်နှင့် မင်းနွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ နွေဦးတော်လှန်ရေးမှာလူငယ်တွေနဲ့လူကြီးတွေရဲ့စွန့်လွှတ်ပေးဆပ်မှုအင်မတန်ကြီးမားတယ်လို့ ကာကွယ်ရေးဝန်ကြီးပြောကြား


နိုဝင်ဘာ၅ရက်


နွေဦးတော်လှန်ရေးမှာလူငယ်တွေနဲ့လူကြီးတွေရဲ့စွန့်လွှတ်ပေးဆပ်မှုအင်မတန်ကြီးမားတယ်လို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောကြားပါတယ်။

နိုဝင်ဘာ၅ရက်မှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ပြောကြားချက်ကို PDF Insightကဖော်ပြထားတာဖြစ်ပါတယ်။

"ဒီတော်လှန်ရေးမှာလူငယ်တွေရဲ့စွန့်လွှတ်ပေးဆပ်မှုရော၊လူကြီးတွေရဲ့စွန့်လွှတ်ပေးဆပ်မှုရောအင်မတန်ကြီးမားပါတယ်။လူငယ်တွေဆိုတာကတော့ အသက်တွေ၊ဘဝတွေပေးပြီးရှေ့တန်းကနေတိုက်ပွဲဝင်နေတဲ့သူတို့ကိုကျနော်ဆိုလိုပါတယ်။သူတို့ရဲ့စွန့်လွှတ်ပေးဆပ်မှုကအင်မတန်ကြီးကျယ်ခမ်းနားပါတယ်။လူကြီးတွေဆိုတာကတော့ သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်တွေအဆုံးရှုံးခံပြီးတော့တော်လှန်ရေးကိုရပ်တည်ဝန်းရံထောက်ခံသုတွေကိုဆိုလိုတာပါ"လို့ဝန်ကြီးကပြောပါတယ်။

အညာဒေသတွင်တိုက်ပွဲဝင်လူငယ်များကိုလူကြီးများကနောက်တန်းတွင်ချက်ပြုတ်ကြော်လှော်၍စားရေးသောက်ရေးချက်ပြုတ်ပေးရုံသာမက ဝန်းရံပေးသည့်အတွက်တော်လှန်ရေးအတွက်သမိုင်းမှတ်တမ်းတင်ရမည့်သူများဖြစ်တယ်လို့ဝန်ကြီးကပြောပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment