15th Dec 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထားသော ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) အတွင်းရေးမှူးအဖွဲ့နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး

📌 ၂။ အာဆီယံ၏မြန်မာပိုင်၊ မြန်မာဦးဆောင်ဖြေရှင်းမှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ ရပ်တည်ချက်စာတမ်း ထုတ်ပြန်မည်

📌 ၃။ တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ပေးရေးအဆို အနိုင်ရ

📌 ၄။ ဘန်ကောက်တွင် မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် တောင်းရမ်းသူ ၁၂ ဦးကို ဖမ်းဆီး

📌 ၅။ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လစဉ် ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်

📌 ၆။ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ၍ အစည်း အဝေး ကျင်းပပြုလုပ်


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား ဦးသေဆုံးကာ ၄၀ နီးပါး ဒဏ်ရာရ၊ ဗုံးကွဲမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို KNU ငြင်းဆို

🚩 ၂။ ညောင်လေးပင် - မဒေါက် လမ်းပေါ်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ဦး သေဆုံး

🚩 ၃။ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် ကျွန်းလှ မဒေါင်ရွာအား တော်လှန်ရေးတပ်ဖွဲ့များမှ ပြန်လည်သိမ်းပိုက်

🚩 ၄။ မြင်းခြံမှာ စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး ဦးသေဆုံး 

🚩 ၅။ ရေတာရှည်တွင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံး

🚩 ၆။ မုံရွာမြို့ ကဗျာဆရာဦးစိန်ဝင်းအား မီးရှို့သတ်ဖြတ်ပြီး ထွက်‌ပြေးနေသော တရားခံ‌ပြေးအား ဖမ်းဆီးရမိ

🚩 ၇။ စစ်ကောင်စီတပ်က လောင်းလုံးဒေသခံ နွားနို့ပို့သူ အမျိုးသမီးတဦးကို ပစ်သတ်ခဲ့

🚩 ၈။ လီဆူးလူမျိုးစု ရဲဘော်အများစု ပါဝင်တဲ့ PLA (၂၂၂) တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းထားသော ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) အတွင်းရေးမှူးအဖွဲ့နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး


ဒီဇင်ဘာ ၁၄ 

Radio NUG 


ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) အတွင်းရေးမှူးအဖွဲ့နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့သည်  ဒီဇင်ဘာလ(၁၃)ရက်နေ့၊ ညနေ (၁၆း၀၀) နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။


အစည်းအဝေးပွဲတွင် FSCC အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ တွဲဖက်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်တို့အပါအဝင် အတွင်းရေးမှူးအဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးတို့မှ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အပေါ်တွင် လက်ရှိဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို မျှဝေ ဆွေးနွေးခဲ့ပြီး  FSCC တာဝန်ရှိပုဂ္ဂိုလ်များကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဆောင်ရွက်ချက်များအပေါ်တွင်  အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြကာ ရှေ့လုပ်ငန်းစဉ်များအပေါ်တွင် လိုအပ်သလို ချိတ်ဆက်တွေ့ဆုံကြရန်အတွက်ဆွေးနွေး သဘောတူ ဆုံဖြတ်ခဲ့ကြပြီးနောက် အစည်းအဝေးအား (၁၈း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ အာဆီယံ၏မြန်မာပိုင်၊ မြန်မာဦးဆောင်ဖြေရှင်းမှုအပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ ရပ်တည်ချက်စာတမ်း ထုတ်ပြန်မည်


ဒီဇင်ဘာ ၁၄

Radio NUG

ပိုမိုဆိုးရွားလာနေသည့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန်အတွက်မြန်မာပိုင်၊ မြန်မာဦးဆောင်ဖြေရှင်းမှုတစ်ခုရရှိရန် ကြွေးကြော်ထားသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရည်မှန်းချက်အပေါ် အရပ်ဘက်လူထုအဖွဲ့အစည်းမျာ၏ ရပ်တည်ချက်စာတမ်းတစ်စောင်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သွားမှာဖြစ်ကြောင်း သွေးစွန်းငွေမှ သတင်းထုတ်ပြန်ပါတယ်။


ဤစာတမ်းကို Myanmar National Organizing Committee for ACSC/APF (Myanmar NOC) မှ ဦးဆောင်ပြုစုထားပြီး အရပ်ဘက်လူထုအဖွဲ့အစည်း ၂၆၀ ကျော်တို့မှ လက်မှတ်ရေးထိုးထောက်ခံထားတယ်လို့ ဖော်ပြထားပါတယ်။


လက်ရှိအာဆီယံဥက္ကဋ္ဌနေရာကို တာဝန်ယူထားသည့် လာအိုနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ဗီယန်ကျန်းမြို့၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံကမြန်မာပိုင်၊ မြန်မာဦးဆောင်ဖြေရှင်းမှုဖြင့် အားလုံးပါဝင်မှုရှိပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို ရရှိနိုင်ရေး ကူညီပေးရန်ရည်ရွယ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ထိုစာတမ်းထုတ်ပြန်ပွဲတွင် ပါဝင်ဆွေးနွေးမည့်သူများက အာဆီယံ၏ ချဉ်းကပ်ပုံနှင့် ပတ်သက်၍ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ၏ သုံးသပ်မှုကို ဆွေးနွေးတင်ပြမည်ဖြစ်ပြီး စစ်မှန်သောမြန်မာပိုင်၊ မြန်မာဦးဆောင်ဖြေရှင်းမှု အနက်အဓိပ္ပါယ်ကို အတွင်းကျကျ ဆွေးနွေးဖလှယ်ကာ အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း၏ အကျိုးစီးပွားအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖြေရှင်းရေးကို အကောင်းဆုံးပံ့ပိုးပေးရေး အကြံပြုတိုက်တွန်ချက်များကို တင်ပြသွားမယ်လို့ သိရပါတယ်။


ယခုစာတမ်းထုတ်ပြန်ပွဲကို တက်ရောက်ပေးရန် မီဒီယာနှင့် သတင်းထောက်များ၊ သံတမန်များ၊ မူဝါဒချမှတ်သူများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ၏ စစ်မှန်သော ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုရှိရေးတို့အတွက် လုပ်ဆောင်နေကြသည့် ပါဝင်သက်ဆိုင်သူများအားလုံးကို Myanmar NOC က ဖိတ်ကြားထားပြီး ယင်းဆွေးနွေးပွဲကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာစလုံးဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ တိုက်ရိုက်ဘာသာပြန်မှုကို စီစဉ်ထားကြောင်း သိရပါတယ်။


========================


📌📌 ၃။ တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ပေးရေးအဆို အနိုင်ရ


ဒီဇင်ဘာ ၁၄ 

Radio NUG 


ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့သူ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယို ရာထူးက နှုတ်ထွက်ပေးရေး စွပ်စွဲပြစ်တင်တဲ့အဆိုကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ အနိုင်ရခဲ့ကြောင်း သတင်းများအရ သိရပါတယ်။


ထောက်ခံမဲ ၂၀၄ မဲ နဲ့ အပြတ်အသတ်အနိုင်ရခဲ့ပြီး ကန့်ကွက်မဲ ၈၅ မဲ၊ ကြားနေ မဲ နဲ့ ပယ်မဲ မဲ ရခဲ့တယ်လို့ သိရပါတယ်။


လွှတ်တော်တွင် အမတ် ၃၀၀ ရှိရာ အဆိုတစ်ခု အောင်မြင်ရေးအတွက် ထောက်ခံမဲ ၂၀၀ ရှိရမည် ဖြစ်ပြီး ထောက်ခံမဲပေးသူများထဲတွင် အာဏာရပါတီမှ အမတ် ၁၂ ဦးထက်မနည်း ပါဝင်တယ်လို့ သိရပါတယ်။


အဆိုကိုအတည်ပြုလိုက်ပြီလို့ ကြေညာပြီးတဲ့နောက်မှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီဘက်က သြဘာပေးနေချိန်မှာ အာဏာရပါတီဘက်ကတော့ လွှတ်တော်ထဲတိတ်ဆိတ်နေခဲ့တယ်လို့ ဘီဘီစီကိုရီးယားက ဖော်ပြပါတယ်။


"တောင်ကိုရီးယားပြည်သူတွေအတွက်တော့ ဒီနှစ်ကုန်ပိုင်းက ပိုပျော်စရာကောင်းလာတော့မှာပါ။ ဖျက်ထားတဲ့ နှစ်သစ်အစီအစဉ်တွေလည်း ပြန်စလို့ရပါပြီ၊ တောင်ကိုရီးယားနိုင်ငံရဲ့ အနာဂတ်၊ ကျွန်တော်တို့မျှော်လင့်ချက်တွေဟာ ပြည်သူ့လက်ထဲမှာရှိတယ်" လို့ လွှတ်တော်ဥက္ကဋ္ဌ ဝူဝန်ဆစ်က ပြောဆိုထားပါတယ်။


လွှတ်တော်ဆုံးဖြတ်ချက်ကြောင့် လက်လျှော့မည်မဟုတ်၊ ပြည်သူတို့နှင့်အတူ နှစ်ခွဲကြာ လျှောက်လှမ်းချီတက်စဉ် ဟန့်တားခံရသော်လည်း အနာဂတ်ခရီး ရပ်တန့်မည်မဟုတ်၊ မည်သည့်အခါတွင်မှ အရှုံးပေးမည်မဟုတ်ဟု သမ္မတယွန်းက ပြောဆိုပါတယ်။


မဲခွဲဆုံးဖြတ်မှု အောင်မြင်ခဲ့ပေမဲ့ သမ္မတနုတ်ထွက်ရေးလုပ်ငန်းစဉ်က လနဲ့ချီ ကြာနိုင်သေးတာ ဖြစ်ပြီး  ရာထူးက နုတ်ထွက်ဖို့ အကြောင်းကြားစာကို သမ္မတယွန်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို ပို့ပြီးရင် သမ္မတဟာ အာဏာ နဲ့ တာဝန်ဝတ္တရားတွေကနေ ဆိုင်းငံ့ခံရမှာ ဖြစ်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဝူဝန်ဆစ်က ပြောပါတယ်။


ဝန်ကြီးချုပ် ဟန်ဒတ်ဆိုးကတော့ ယာယီသမ္မတအဖြစ် တာဝန်ယူရမှာ ဖြစ်ပါတယ်။


========================


📌📌 ၄။ ဘန်ကောက်တွင် မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် တောင်းရမ်းသူ ၁၂ ဦးကို ဖမ်းဆီး


ဒီဇင်ဘာ ၁၄

Radio NUG

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီဇင်ဘာလ ၁၂ရက်နေ့ ညက တောင်းရမ်းသူတွေကို သုတ်သင်ရှင်းလင်းဖို့ ထိုင်းရဲတွေနဲ့ နိုင်ငံခြားသား တောင်းရမ်းသူ ၁၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ Bangkok Post မှာ ဖော်ပြထားပါတယ်။


ဘန်ကောက် Asok လမ်းဆုံမှ Nana ဧရိယာအထိ Sukhumvit လမ်းပေါ်ရှိ တောင်းရမ်းစားသောက်သူ အများအပြား သောင်းကျန်းလာသဖြင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပုံရိပ်ကို ထိခိုက်စေကြောင်း တိုင်ကြားခဲ့မှုကြောင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများ၊ Lumpini ရဲတပ်ဖွဲ့နှင့် လူသားလုံခြုံရေးနှင့် လူမှုဖူလုံရေး အရာရှိများသည် ဘန်ကောက်မြို့၏ စီးပွားရေး နယ်မြေများကို စစ်ဆေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


 အဆိုပါ စစ်ဆေးမှုအတွင်း ထိုင်း ရှစ်ဦး၊ ကမ္ဘောဒီးယား နှစ်ဦး၊ လာအို တစ်ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီး နိုင်ငံခြားသူတောင်းစား လေးဦးသည် တရားမ၀င် ဝင်ရောက်မှုဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း ဖမ်းဆီးရေးအဖွဲ့က ပြောဆိုထားပါတယ်။


ထိုင်းသူတောင်းစားတစ်ဦးသည် ငွေသား ဘတ် ၃၀၀,၀၀၀ ကျော် သယ်ဆောင်ထားပြီး သူမ၏ ဘဏ်အကောင့်ထဲတွင် ဘတ်တစ်သန်းခန့် ရှိကာ သူမသည် တောင်းရမ်းစားသောက်ရာမှ ငွေများ စုဆောင်းခဲ့ကြောင်း အာဏာပိုင်များကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လစဉ် ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်


ဒီဇင်ဘာ ၁၄ 

Radio NUG 


စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာ ၁၄ရက် နေ့လယ်(၁၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအ‌ဝေးတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်မှ ရှေ့လုပ်ငန်းစဥ်များ၊ ကဏ္ဍအလိုက်လုပ်ဆောင်ခဲ့မှုများ၊ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများ၊ ဆောင်ရွက်ရန်ကျန်ရှိနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ယခု ()လစီမံကိန်း အောင်မြင် ပြီးဖြစ်ပါက နောက်()လစာ အခြားစီမံကိန်းများကို ထပ်မံဆောင်ရွက်ထားရှိမှု ကိစ္စများအားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။


ဆက်လက်၍ တက်ရောက်လာသော ရေးရာတာဝန်ခံအသီးသီးတို့က နိုဝင်ဘာလတွင် ကောက်ခံရရှိသောအခွန်များအား ရှင်းလင်းတင်ပြခြင်း၊ရာခိုင်နှုန်း အသီးသီးခွဲဝေပေးခြင်းနှင့် မိမိတို့ တာဝန်များနှင့်ပတ်သက်၍ ()လပြတ် ပြီးစီးဆောင်ရွက်နိုင်ရေးကိစ္စများကို တင်ပြဆွေးနွေးခဲ့ပြီး မွန်းလွဲ()နာရီတွင် အစည်းအဝေး‌အား အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။


========================


📌📌 ၆။ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ၍ အစည်း အဝေး ကျင်းပပြုလုပ်


ဒီဇင်ဘာ ၁၄ 

Radio NUG 


စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံပွဲကို ယနေ့ နေ့လယ်(၁၁)နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယကမှ အဖွင့်မှာစကားပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဆက်လက်၍ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်မှ အုပ်ချုပ်ရေးယန္တရား ပိုမိုကောင်းမွန်စေ‌ရေးအတွက် စနစ်တကျဆောင်ရွက်ကြရန်၊ လုံခြုံရေးအစီအမံများ တိုးမြှင့်ဆောင်ရွက်ကြရန်၊ မြို့နယ်ရပ်ကျေး ချိတ်ဆက်မှု ပိုမိုအားကောင်းစေရန်နှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ရှေ့ဆက် ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော်ဆောင်ကြရန် ပြောကြားခြင်း၊ မြို့နယ်စည်ပင်တာဝန်ခံမှ 

သားသတ်လိုင်စင်ကိစ္စနှင့် စည်ပင်လုပ်ငန်းစဉ်များရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပြည်သူ့လုံခြုံရေးတာဝန်ခံမှ မြို့နယ်အတွင်း မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်လူသားစာနာ တာဝန်ခံမှ လူသားစာနာလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ကူညီထောက်ပံ့မှုများ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ဘဏ္ဍာရေးတာဝန်ခံမှ ဘဏ္ဍာရေးခွဲဝေရရှိမှု မူဝါဒများရှင်းလင်းပြောကြားခြင်း စသဖြင့် အသီးသီးဆွေးနွေးကြပြီးနောက် တက်ရောက်လာ‌ကြသော ရပ်ကျေးပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ မိမိတို့လိုအပ်ချက် အခက်အခဲများ တင်ပြဆွေးနွေးကြရာ တင်ပြချက်များအ‌ပေါ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး အစည်းအဝေးအား ညနေ(:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား ဦးသေဆုံးကာ ၄၀ နီးပါး ဒဏ်ရာရ၊ ဗုံးကွဲမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို KNU ငြင်းဆို


ဒီဇင်ဘာ ၁၄ 

Radio NUG


ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ တာခ့်ခရိုင်၊ အုန်းဖျန်မြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။


ဒီဇင်ဘာ ၁၃ ရက်နေ့ ၁၁ နာရီခွဲ အချိန်က အုန်းဖြန့်မြို့မှာ နှစ်စဉ်ကျင်းပနေကြ Doi Loi Fa ပွဲတော် ကျင်းပနေချိန်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။


အဆိုပါ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယတရားခံ နှစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားကာ ဦး မှာ KNU အဖွဲ့ဝင် တဦးဖြစ်ကာ နောက်တဦးမှာ ထိုင်းနိုင်ငံသား ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး Archayont Kraithong က မီဒီယာတွေကို ပြောကြားထားပါတယ်။


အဆိုပါ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး KNU ကသေဆုံးသူတွေနဲ့ ဒဏ်ရာရရှိ သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်း ကြေကွဲရကြောင်း၊ ၎င်းတို့အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို လက်မခံသလို ပြုလုပ်သူတွေကိုလည်း ကန့်ကွက်ကြောင်းသဘောထား ထုတ်ပြန်ထားပါတယ်။


KNU အဖွဲ့ဝင်တဦး ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်က မှန်ကန်မှုမရှိကြောင်းနဲ့ ထိုင်းဘုရင့်အစိုးရ အာဏာပိုင်များရဲ့ အမှုမှန်ဖော်ထုတ်ရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း KNU ပြောရေးဆိုခွင့် ရှိသူ ဗဒိုစောတောနီးက မီဒီယာတွေမှာ အသိပေး ပြောကြားထားပါတယ်။


ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ လူငယ်အုပ်စု နှစ်ခုကြား ခိုက်ရန်ဖြစ်ပွားရာမှ လက်လုပ်ဗုံး အမျိုးအစားဖြင့် တိုက်ခိုက်ခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။


အုန်းဖျန်မြို့ဟာ KNU တပ်မဟာ နယ်မြေနဲ့ ကပ်လျက်တည်ရှိပြီး မြို့အနီးမှာ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည် စခန်းတခုလည်း ရှိပါတယ်။


========================


🚩🚩 ၂။ ညောင်လေးပင် - မဒေါက် လမ်းပေါ်က စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ဦး သေဆုံး


ဒီဇင်ဘာ ၁၄ 

Radio NUG


ပဲခူးတိုင်း၊ ညောင်လေးပင် - မဒေါက် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ မလူးတဲ ကာကင်း ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်း စစ်ဒေသ အမှတ် () စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက် နာရီခန့်မှာ မလူးတဲ ကာကင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက် ခဲ့တာဖြစ်ပြီး မနက် နာရီ အချိန်မှာ အဆိုပါ ဂိတ်စခန်းကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ပြီး MA-1 လက်၊ G-3 လက်၊ တိုက်မိုင်း၊ နင်းမိုင်း၊ ခဲယမ်းများနဲ့ စစ်အသုံးတောင် ပစ္စည်းများကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ၊ အမှတ် () စစ်ဒေသခွဲ၊ အမှတ် (၃၇၀၃) တပ်ရင်းက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် ကျွန်းလှ မဒေါင်ရွာအား တော်လှန်ရေးတပ်ဖွဲ့များမှ ပြန်လည်သိမ်းပိုက်


ဒီဇင်ဘာ ၁၄ 

Radio NUG 


ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၇၀ ခန့် အထိုင်ချတပ်စွဲနေသည့် ကျွန်းလှမြို့နယ်၊ မဒေါင်ရွာအား တော်လှန်ရေးအင်အားစုများမှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်‌နိုင်ခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ သတင်းဖော်ပြထားပါတယ်။


ဒီဇင်ဘာလ ၁၃ ရက်နေ့မနက် နာရီ ၃၀ မိနစ်တွင် မဒေါင်ရွာအား  ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာမြင့်ချိန် နာရီ‌ကျော်ကြာပြီး နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တော်လှန်ရေးအင်အားစုများမှ  အပြီးသတ်ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။


၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တစ်ယောက်သေဆုံး၍၊ အယောက် ၂၀ ခန့် အပြင်းအထန်ဒဏ်ရာရရှိပြီး ဒဏ်ရာရသူများဆွဲထုတ်ကာ လွှတ်တိုက်ရွာအရှေ့ဘက်သို့ ဆုတ်ခွာသွားကြတယ်လို့ ဖော်ပြထားပါတယ်။


စစ်‌ကောင်စီဘက်မှ MA1= လက်၊ 5.56ကျည် = ၄၆၀တောင့်၊ ကျည်ဘောက်စ် = ဘောက်စ်၊ နင်းမိုင်းအကြီး = လုံး၊ အသေး = လုံး၊ ဦးထုပ် = လုံး နှင့် icon = လုံးတို့အား တော်လှန်ရေးအဖွဲ့များမှ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရပါတယ်။


ထိုစစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည်  နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်ပြီး ကုက္ကိုကုန်းရွာတိုက်နယ်ဆေးရုံ၊ မြဘုံသာနှင့် မဒေါင်ရွာတို့တွင် ခွဲ၍ အထိုင်ချကာ ကုက္ကိုကုန်း၊ လွှတ်တိုက်၊ ဆွဲလှဲ နှင့် မဒေါင်ရွာတို့မှ ပြည်သူပိုင်ပစ္စည်းများ ခိုးယူကာ နေအိမ်များ လှည့်ပတ်မီးရှို့နေသည်မှာ ကြိမ်ထိရှိနေပြီဖြစ်ကာ ပျက်ဆီးဆုံးရှုံးမှုကို အခုထိအတည်မပြုနိုင်သေးကြောင်း သိရပါတယ်။


ထို့အပြင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အနီးအနားတဝိုက်ရှိ ပြည်သူပိုင် စပါးခင်းများအား စပါးရိတ်စက်များ အသုံးပြု၍ ရိတ်သိမ်းကာ အကုန်ခိုးယူသယ်ဆောင်နေကြောင်း သိရပါတယ်။


တော်လှန်ရေးအင်အားစုများ ပြန်လည်သိမ်းပိုက်ရရှိသည့် မဒေါင်ရွာမှာလည်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင်  စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်းကို ကြိမ်တိတိခံခဲ့ရသည့်အပြင် ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ ပထမအကြိမ် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပြည်သူပိုင်နေအိမ် လုံး မီးလောင်ပျက်ဆီးထားပါတယ်။


ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာများအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ အထိုင်ချ စစ်ကြောင်းထိုးလှည့်ပတ် မီးရှို့ဖျက်ဆီး၍ Drone ဗုံးသီးချတိုက်ခိုက်နေသည်မှာ ယနေ့အပါအဝင် ၂၅ ရက်ရှိပြီဖြစ်ပြီး အပြစ်မဲ့ပြည်သူများ စစ်ဘေးရှောင်နေရသည်မှာလည်း လပြည့်တော့မည်ဖြစ်သည်။ လနီးပါးစစ်ဘေးရှောင်နေရသည့် ပြည်သူ သောင်းခန့်မှာ  အခြေခံစားသောက်ကုန်၊ဆေးဝါး၊အနွေးထည်၊ စောင်နှင့် အမိုးအကာများလည်း  အရေးပေါ်လိုအပ်နေကြောင်း သိရပါတယ်။


========================


🚩🚩 ၄။ မြင်းခြံမှာ စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး ဦးသေဆုံး 


၁၄ ဒီဇင်ဘာ၊ 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အရှေ့ဘက်ကို စစ်ကြောင်းထိုးရန် ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်း တပ်ဖွဲ့ကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ ဦး သေဆုံးခဲ့တယ်လို့ Freedom Fighter Guerrilla Force က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ၎င်းတို့ အထိုင်ချ တပ်စွဲထားတဲ လယ်သစ်ရွာကနေ ထွက်လာတဲ့ အင်အား (၇၀) ခန့်ပါ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို 60mm, 40mm လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဦး သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး အတိအကျကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ပြီး လယ်သစ်ရွာအတွင်း ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ စစ်ကောင်စီရဲ့ ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ပြည်သူတဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force, 8 Star, LACR နဲ့ မဟာမိတ်အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရေတာရှည်တွင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံး


၁၄ ဒီဇင်ဘာ၊ 

Radio NUG


ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း၊ ရွာသစ် ကျေးရွာမှ ပိတောက်ကုန်း ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ နေပြည်တော် PDF က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၁၂ ရက် ညနေ နာရီ ဝန်းကျင်မှာ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးစွာပစ်ခတ် တိုက်ခိုက်ခဲ့ရာ အထိနာပြီး ပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ ဆိုပါတယ်။


ညပိုင်း နာရီ ဝန်းကျင်မှာ ထပ်မံ ဝင်ရောက်လာပြန်ရာ နာရီခန့် ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်ဘက်က ပြန်မဆုတ်တော့ဘဲ ပိတောက်ကုန်း ကျေးရွာမှာ တပ်စွဲထားကာ တညလုံး စစ်ဆိုင်ထားခဲ့တယ်လို့ သိရပါတယ်။


၎င်းစစ်ကောင်စီ တပ်ဖွဲ့ကို တညလုံး လက်နက်ကြီး များဖြင့် ပစ်ခတ်ထားခဲ့ပြီး မနက် နာရီ ၁၅ မိနစ်မှာ ရှေ့တိုးလာတဲ့ စစ်သားများကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ ၁၂ ဦး သေဆုံးသွားခဲ့ကာ လက်ရှိမှာ အချိန်မရွေး တိုက်ပွဲထပ်မံ ဖြစ်ပွားနိုင်တဲ့ အခြေအနေမှာ ရှိနေကြောင်း နေပြည်တော် PDF က အသိပေးထားပါတယ်။


ယခု တိုက်ခိုက်မှုကို စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ နေပြည်တော် PDF စစ်ကြောင်း၊ တပ်ရင်း (၉၀၁) တပ်ရင်း (၃၅၀၂) ကီးကူ စစ်ကြောင်း၊ တော်ဝင်လျှပ်စီး (RTC) စစ်ကြောင်း တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ မုံရွာမြို့ ကဗျာဆရာဦးစိန်ဝင်းအား မီးရှို့သတ်ဖြတ်ပြီး ထွက်‌ပြေးနေသော တရားခံ‌ပြေးအား ဖမ်းဆီးရမိ


ဒီဇင်ဘာ ၁၄ 

Radio NUG 


၂၀၂၁ ခုနှစ် မေလ ၁၄ရက်နေ့တွင် စက်မှုဇုန်ခေါက်ဆွဲစက်တစ်ခု၌ မီးရှို့သတ်ဖြတ်ခံရသော  ကဗျာဆရာဦးစိန်ဝင်းအမှုတွင် သတ်ဖြတ်ကျူးလွန်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသော တရားခံပြေးအား ဖမ်းဆီးရရှိထားကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


" စစ်ခွေးတွေနဲ့ ပတ်သက်မှုကတော့ အဲကောင်ကရှိတယ်။ အဲကောင်က ကိုစိန်ဝင်းကို သတ်ပြီးတော့ ဒလန်လုပ်နေတာ အဲကောင် ဒီနေ့ ထောက်လှမ်းရေး လာလုပ်ရင်းနဲ့ မိလာတာ သူ့ကို စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်။ အရေးယူမှုပိုင်းတွေလည်း ထုတ်ပြန်သွားမယ်" ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုထားပါတယ်။


တရားခံ‌ပြေး ဝန်ခံထွက်ဆိုချက်များအား မုံရွာမြို့နယ်ပလဖ၏ FB Page မှ မိဘပြည်သူများထံသို့ ဆက်လက်ဖော်ပြပေးသွားပါမည် ဖြစ်ကြောင်းအသိပေးထားပါတယ်။


========================


🚩🚩 ၇။ စစ်ကောင်စီတပ်က လောင်းလုံးဒေသခံ နွားနို့ပို့သူ အမျိုးသမီးတဦးကို ပစ်သတ်ခဲ့


ဒီဇင်ဘာ ၁၄ 

Radio NUG 


ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အာဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၃ ရက်၊ မနက် နာရီခန့်တွင် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာမှာ ရွာခံအမျိုးသမီး တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း DDMSCမှ သတင်းထုတ်ပြန်ထားပါတယ်။


ပစ်သတ်ခံရသူဟာ အသက် ၅၀ ဝန်းကျင်ရှိ ဒေါ်နွဲ့သန်းဆိုသူဖြစ်ပြီး နွားနို့ပို့သွားရန်အတွက် နေအိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့တွေ့ပြီး ပစ်သတ်ခံခဲ့ရခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အင်အားတစ်ရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက ထားဝယ်ဘက်ကနေ လောင်းလုံးဘက်ခြမ်းကို စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးတာတွေရှိခဲ့တဲ့အပြင် အခုလို ပစ်ခတ်သတ်ဖြတ်မှုကိုပါ ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ လီဆူးလူမျိုးစု ရဲဘော်အများစု ပါဝင်တဲ့ PLA (၂၂၂) တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ်


၁၄ ဒီဇင်ဘာ၊ 

Radio NUG


လီဆူး လူမျိုးစုရဲဘော် အများစုပါဝင်တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် - PLA (၂၂၂) တပ်ရင်းရဲ့ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။


အဆိုပါ PLA တပ်ရင်း (၂၂၂) အခြေခံစစ်ပညာသင်တန်း (/၂၀၂၄) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ သင်တန်းဆင်းပွဲကို မဟာမိတ်အဖွဲ့အစည်းများ၊ ရပ်ရွာနေ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


သင်တန်းဆင်းပွဲမှာ လီဆူလူမျိုးစု ရဲဘော်အများစု ပါဝင်တာကြောင့် လီဆူအမျိုးသား လွတ်မြောက်ရေးနှင့်အတူ ဗမာတပြည်လုံး၊ လူမျိုးပေါင်းစုံ အဖိနှိပ်ခံ ပြည်သူလူထု တရပ်လုံး လွတ်မြောက်ရေး အတွက်ကိုလည်း ကြိုးစား ရုန်းကန်သွားကြမှာဖြစ်ကြောင်း သန္နိဌာန်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။


ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA (၂၂၂) တပ်ရင်းဟာ မိုးကုတ်မြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်မှာ အဓိက လှုပ်ရှားနေတဲ့ တပ်ဖွဲ့တခု ဖြစ်ပြီး ဘီလူးစစ်ကြောင်းမှူး အပါအဝင် ဘီလူးစစ်ကြောင်းကို အဓိက ဖြိုဖျက်နိုင်ခဲ့တဲ့ တပ်ရင်းလည်းဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment