27th Dec 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ((MSFC)တွေ့ဆုံပွဲကျင်းပ

📌၂။ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICCက ဖမ်းဝရမ်းထုတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကျွမ်းကျင်သူ Thomas Andrewsကပါတောင်းဆို

📌၃။ တော်လှန်ရေးကြီး စကတည်းက လူထုတစ်ရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု CDM နဲ့ဘူးသပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို  အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေပြီလို့ ဒေါက်တာ တေဇာဆန်း ဆို

📌၄။ THC နဲ့ ကျန်းမာရေးမိတ်ဖက် ဦးဆောင်ပြီး တအာင်းတပ် ထိန်းချုပ်ဒေသမှာ ကာကွယ်ဆေး အခမဲ့ ထိုးပေး

📌၅။ မုံရွာမြို့မရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဆေးရုံတက်ရောက် ကုသခွင့်မရဘဲ ရောဂါပြင်းထန်စွာဖြင့် ကျဆုံး

📌၆။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း စုဆောင်းရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ထုတ်ပြန်

📌၇။ 2025 နှစ်သစ်မှာ နွေဦးဘဏ်ချစ်သူတို့အတွက် မြန်မာကျပ်ငွေ စာရင်းသေအပ်နှံမှု အတိုးနှုန်းများကို တိုးမြှင့် သတ်မှတ်ပေးသွားမယ်

📌၈။ စစ်ဘေးရှောင်များအတွက် အနွေးထည်များ CleanYangonကမျှဝေပေးအပ်


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်မသို့ မထွက်ခွာရန် ခေတ္တာထိန်းသိမ်းခဲ့သည့် လူငယ် လူရွယ် ၁၉ ဦးကို နေအိမ်သို့ ပြန်လွှတ်ပြီးကြောင်း ပလက်ဝကောင်စီ ထုတ်ပြန်

🚩 ၂။ ကမ္မမြို့ပေါ်တွင် စစ်တပ် စစ်ကြောင်းက ကမ္မဈေးကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၃။ ငါန်းဇွန် - မြို့သာ လမ်းပိုင်းမှာ စစ်ကောင်စီ ကားတစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဦး သေဆုံး

🚩 ၄။ ညောင်ဖြူပင် အထိုင်ရဲစခန်းကို ခရစ္စမတ် လက်ဆောင်အဖြစ် ပစ်ခတ်တိုက်ခိုက်

🚩 ၅။ မတ္တရာ ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းသို့ စစ်တပ် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကလေး ၂ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရ

🚩 ၆။ မြိုင်မြို့နယ် အနောက်တောင်ပိုင်းမှ ဝက်ပုတ်ရွာကို စစ်ကောင်စီနှင့် ပျူစောထီးများ ဝင်ရောက် မီးရှို့ဖျက်ဆီး

🚩 ၇။ မတ္တရာရှေ့တန်းတွင် တာဝန်ကျသည့် အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ ဦး သင်္ကန်းဝတ်ဖြင့်  အလင်းဝင်

🚩 ၈။ အာရက္ခဒေသ မြို့နယ်များတွင် ကျင်းပတဲ့ ခရစ္စမတ်ပွဲတော်သို့ ULA / AA တက်ရောက် လှူဒါန်း

🚩 ၉။ လားရှိုးမြို့မှာ ခရစ်စမတ်ပွဲတော် အခမ်းအနားကို အထူးဒေသ ()လားရှိုး ဝန်ထမ်းမိသားစုများက ကျင်းပပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ((MSFC)တွေ့ဆုံပွဲကျင်းပ


ဒီဇင်ဘာလ ၂၆ရက်

Radio NUG

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ((MSFC)တို့ တွေ့ဆုံပွဲကျင်းပခဲ့တယ်လို့သိရပါတယ်။


မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့အကြား တွေ့ဆုံဆွေးနွေးမှုကို ဒီဇင်ဘာလ  (၂၆)  ရက် မနက်ပိုင်း  ၁၁ နာရီမှာ အွန်လိုင်းကတဆင့် ကျင်းပခဲ့ပါတယ်။


ပထမဦးစွာ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကောင်စီဝင်ဖြစ်သော အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ Nai Mon Saing က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)   အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်လင်းမှ အဖွင့်အမှာ စကားပြောကြားခြင်းနှင့် အစည်းအဝေးကို စတင်ခဲ့ကြပြီး ဆက်လက်၍ သဘာပတိ ဒေါက်တာကင်တန်က ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) လက်ရှိလုပ်ဆောင်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။


အဲဒီနောက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှတာဝန်ရှိသူများနဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူများ     အပြန်အလှန်မေးမြန်း ဖြေကြားမှုများ ဆောင်ရွက်ခဲ့ကြကာ မွန်ပြည်ဖက်ဒရယ်ကောင်စီ((MSFC)  နဲ့  ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီတို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရေးနဲ့ ပုံမှန်သုံးလတစ်ကြိမ် တွေ့ဆုံမှုများ ဆက်လက်ဆောင်ရွက်ရေးတို့ ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ကောင်စီဝင်  တာဝန်ရှိပုဂ္ဂိုလ်များ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကောင်စီဝင်များ စုစုပေါင်း (၃၄)ဦး တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌၂။ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICCက ဖမ်းဝရမ်းထုတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကျွမ်းကျင်သူ Thomas Andrewsကပါတောင်းဆို


ဒီဇင်ဘာ၂၆ရက်

Radio NUG

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICCက ဖမ်းဝရမ်းထုတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကျွမ်းကျင်သူ Thomas Andrewsကပါတောင်းဆိုလိုက်ပါတယ်။


မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေဟာ တရားမျှတမှုကို ဖုံးကွယ်ထားလို့ မရဘူးဆိုတာ သတိထားမိတယ်။ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမယ်။ အစိုးရရှေ့နေတွေရဲ့ ဆုံးဖြတ်ချက်ဟာ အရေးကြီးတဲ့ ခြေလှမ်းတလှမ်းဖြစ်ပေမယ့် ခိုင်မာတဲ့ တာဝန်ခံမှု ရှိစေဖို့ ဒီထက်မက လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်"လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကျွမ်းကျင်သူ Thomas Andrewsက ဆိုထားပါတယ်။


========================


📌📌၃။ တော်လှန်ရေးကြီး စကတည်းက လူထုတစ်ရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု CDM နဲ့ဘူးသပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို  အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေပြီလို့ ဒေါက်တာ တေဇာဆန်း ဆို


ဒီဇင်ဘာ ၂၆ 

Radio NUG 


တော်လှန်ရေးကြီး စကတည်းက လူထုတစ်ရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု CDM နဲ့ဘူးသပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို  အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေပြီလို့ ဒေါက်တာ တေဇာဆန်းက ဒီဇင်ဘာလ ၂၆ရက်နေ့မှာ ဆိုထားပါတယ်။


ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ် လို့ ဆိုထားပါတယ်။


ဖက်ဆစ်တပ် အခုကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘူး မဲ ထွက်မပေးဘူးအစရှိသဖြင့် လူထုအနေနဲ့ဘူးတလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ခြောက်ခြားအောင် ထိုးနှက်ကြဖို့ပါ။ မြို့ပြ ကျေးလက် ပြည်တွင်း ပြည်ပ ဘယ်မှာပဲနေနေ အသက်အရွယ်မရွေး ကျားမ မရွေး ပြည်သူအားလုံး တော်လှန်ရေးသမားတွေ ဖြစ်ရပါမယ်။ ပြည်သူတဦးတယောက်မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်တဲ့ဘူးသပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြမယ်ဗျာ လို့ ဆိုထားပါတယ်။


========================


📌📌၄။ THC နဲ့ ကျန်းမာရေးမိတ်ဖက် ဦးဆောင်ပြီး တအာင်းတပ် ထိန်းချုပ်ဒေသမှာ ကာကွယ်ဆေး အခမဲ့ ထိုးပေး


ဒီဇင်ဘာ ၂၆ 

Radio NUG 


တအာင်းပြည် ကျန်းမာရေးကောင်စီ- THC နဲ့ ကျန်းမာရေးမိတ်ဖက် အဖွဲ့အစည်း ဦးဆောင်ပြီး တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်တဲ့ဒေသမှာ ပထမဆုံးအကြိမ်အဖြစ် ကာကွယ်ဆေး အခမဲ့ ထိုးပေးနေကြောင်း ရွှေဖီမြေမှာ ဖော်ပြထားပါတယ်။


အစုလိုက် BCG ကာကွယ်ဆေးကို တအာင်းတပ် ထိန်းချုပ်ရာ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းဝီး၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်ထဲက နှစ်အောက် ကလေးငယ်အားလုံးကို ထိုးပေးမှာဖြစ်ပြီး ဒေသတွင်း နေထိုင်သူ ဘယ်သူမဆို နီးစပ်ရာ ကျန်းမာရေးဌာနမှာ လာရောက် စုံစမ်းပြီးတော့ ထိုးနိုင်တယ်လို့ ဖော်ပြထားပါတယ်။


နိုင်ငံရေး ရှုပ်ထွေးကတည်းက ပထမဆုံးအကြိမ် အဓိက တစ်နှစ်အောက် ထိုးပေးခြင်းဖြစ်ပြီး လာထိုးတဲ့ ကလေးတွေ အယောက် ၁ဝဝ ကျော်ပြီ လို့ သိရပါတယ်။


နိုင်ငံရေးအခြေအနေကြောင့် ကာကွယ်ဆေး ထိုးပေးတဲ့သူ မရှိခဲ့ဘဲ အပြင်မှာ ဆေးတစ်ချောင်းကို သိန်းနီးပါးအထိ ပေးပြီး ထိုးပေးခဲ့ရတာလည်း ရှိခဲ့ဖူးတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုထားပါတယ်။


လက်ရှိ ထိုးပေးတဲ့ ကာကွယ်ဆေးဟာ ဦးနှောက်တီဘီနဲ့ လူးစေ့တီဘီရောဂါကို ကာကွယ်ပေးနိုင်ပြီး  ဒီဇင်ဘာ ၃၁ ရက်အထိ ထိုးပေးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


၂ဝ၂၅ ခုနှစ်မှာလည်း THC နဲ့ ကျန်းမာရေးမိတ်ဖက် အဖွဲ့အစည်းဟာ လနဲ့ နှစ်ခွဲအောက် ကလေးငယ်တွေအတွက် ကာကွယ်ဆေး မျိုးကိုလည်း ဆက်လက် ထိုးနှံပေးသွားမယ်လို့ တအာင်းပြည် ပြည်သူ့ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး မိုင်းအိုက်လံပ်က ပြောဆိုထားပါတယ်။


========================


📌📌၅။ မုံရွာမြို့မရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဆေးရုံတက်ရောက် ကုသခွင့်မရဘဲ ရောဂါပြင်းထန်စွာဖြင့် ကျဆုံး


ဒီဇင်ဘာ ၂၆ 

Radio NUG 


ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် LGBTလိင်စိတ်ခံယူထားသူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံ သည် ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ခြင်း ဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ရဲစခန်းအချုပ်အတွင်း၌ ကျဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM)မှ သတင်းထုတ်ပြန်ပါတယ်။


နိုင်ငံရေးအကျဉ်းသား ဘုံဘုံ၏ ကျန်းမာရေးသည် နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ ကျောက်ကပ်ရောဂါ ဝေဒနာဆိုးရွားလာခဲ့ပြီး ဆေးဝါးကုသခွင့်ရရန် မြို့မရဲစခန်းတာဝန်ရှိသူများအား တင်ပြခဲ့‌သော်လည်း မြို့မရဲစခန်း တာဝန်ရှိသူများသည် ဘုံဘုံအား ဆေးရုံသို့ ပို့ဆောင်ကုသခြင်းမပေးခဲ့ဘဲ  အချုပ်ခန်းတွင်း၌ပင် ဆလိုင်းချိတ် ကုသပေးမှုများသာ ယာယီပေး၍ ထပ်မံချုပ်နှောင်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဒီဇင်ဘာလ ဒုတိယအပတ်မှစ၍ ဘုံဘုံသည် လမ်းကောင်းစွာ မလျှောက်နိုင်တော့သည့်အပြင် အစာမာများကိုလည်း စားသောက်နိုင်ခြင်းမရှိဘဲ ကျန်းမာရေးပိုမိုဆိုးရွားလာခဲ့ပြီးနောက် ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


ဘုံဘုံအား အကြမ်းဖက် စစ်ကောင်စီ စစ်တပ် တပ်ဖွဲ့ဝင် စစ်သားနှင့် ရဲများမှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် မုံရွာမြို့ အောင်ဇေယျရပ်ကွက် အိုးရှင်းစင်တာအနီး ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀ () ပုဒ်မ ၅၂(က) ၅၂()တို့ဖြင့် ဖမ်းဆီးခဲ့ကာ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပါတယ်။


နိုင်ငံရေးအကျဉ်းသား ဘုံဘုံသည် ဖမ်းဆီးခြင်းမခံရစဉ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများအရေးကို ဆောင်ရွက်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။


========================


📌📌၆။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း စုဆောင်းရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ထုတ်ပြန်


ဒီဇင်ဘာ ၂၆ 

Radio NUG 


အကြမ်းဖက် စစ်အုပ်စုရဲ့  နိုဝင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၅၃၇) မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင်ထားရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။


အောက်တိုဘာလအတွင်း မန္တလေးတိုင်းဒေသကြီးသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၀၁ မှုထိ ရှိခဲ့ပါတယ်။ 


ရခိုင်ပြည်နယ်သည် (၃၆) ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ဖြစ်ပွားခဲ့ပြီး တခြားသော ချိုးဖောက်ခံမှု ဖြစ်စဉ်များ သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှုများကိုလည်း စနစ်တကျ မှတ်တမ်းတင်ထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်။


ကိုယ်ပိုင်ပစ္စည်းများ ဖျက်ဆီးခံရခြင်း ၁၃၂ မှု ထိရှိခဲ့ပြီး အများဆုံးကျူးလွန်ခံရသည့် ချိုးဖောက်မှုအမျိုးအစား ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


မန္တလေးတိုင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၉၁ ခုထိ ရှိခဲ့ကာ တစ်နိုင်ငံလုံးအနေဖြင့် နေအိမ် ၅၂၆ လုံး၊ စာသင်ကျောင်း ၁၂ ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦ ၂၃ လုံးနှင့် ဆေးရုံ ခု လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ပါတယ်။


လေကြောင်းတိုက်ခိုက်မှုကြောင့်  အသက် ၁၈ နှစ်အောက် ၁၆ ဦး၊ အသက် ၁၈ နှစ်အထက် ၆၁ ဦး၊ ခွဲခြား၍ မရသောသူ ၃၄ဦးသေဆုံးသူ စုစုပေါင်း ၁၁၁ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။


ဦးနှင့် အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် ၉ခု ရှိခဲ့ပြီး ကျား ၂၄ ဦး၊ ၁၄ဦး၊ ခွဲခြားမရသူ ၃၀ဦး စုစုပေါင်း ၆၈ဦး ရှိတယ်လို့ သိရပါတယ်။


========================


📌📌၇။ 2025 နှစ်သစ်မှာ နွေဦးဘဏ်ချစ်သူတို့အတွက် မြန်မာကျပ်ငွေ စာရင်းသေအပ်နှံမှု အတိုးနှုန်းများကို တိုးမြှင့် သတ်မှတ်ပေးသွားမယ်


ဒီဇင်ဘာ၂၆ရက်

Radio NUG

2025 နှစ်သစ်မှာ နွေဦးဘဏ်ချစ်သူတို့အတွက် မြန်မာကျပ်ငွေ စာရင်းသေအပ်နှံမှု အတိုးနှုန်းများကို တိုးမြှင့် သတ်မှတ်ပေးသွားမယ်လို့ ဒီဇင်ဘာ၂၆ရက် နွေဦးဖွံဖြိုးရေး SDBဘဏ်က အသိပေးကြေညာပါတယ်။


"ပကတိ လွတ်လပ်ခြင်း အောင်မြင်ခြင်းတွေ ပြည့်နှက်နေမည့် 2025 နှစ်သစ်မှာ နွေဦးဘဏ်ချစ်သူတို့အတွက် မြန်မာကျပ်ငွေ စာရင်းသေအပ်နှံမှု အတိုးနှုန်းများကို တိုးမြှင့် သတ်မှတ်ပေးမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက်နေ့ မှ စတင်ပြီး မြန်မာကျပ်ငွေ စာရင်းသေအပ်နှံမှု၏  ၃၆၀ ရက်အတွက် 11% p.a မှ 13% p.a အထိ နှင့် ၁၈၀ ရက် အတွက် 7% p.a မှ 8% p.a အထိ တိုးမြှင့် ပြောင်းလဲ ပေးသွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


စိုးရိမ်ကြောင့်ကျမှုတွေ မလိုဘဲ အနာဂတ်လမ်း ဖြောင့်ဖြူးပြီး မိမိပိုင်ဆိုင်မှုတွေ လုံခြုံ စိတ်ချနိုင်ဖို့အတွက် SDB မှာ ယုံကြည်စွာ အပ်နှံကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌၈။ စစ်ဘေးရှောင်များအတွက် အနွေးထည်များ CleanYangonကမျှဝေပေးအပ်


ဒီဇင်ဘာ၂၆ရက်

Radio NUG

စစ်ဘေးရှောင်များအတွက် အနွေးထည်များ Clean Yangonက မျှဝေပေးအပ်ခဲ့တယ်လို့ ဒီဇင်ဘာ၂၆ရက် Clean Yangonက အသိပေးဆိုထားပါတယ်။


"အနွေးအင်္ကျီ အသစ် အကောင်းတွေချည်းပဲ ဝေပေးခဲ့တာပေါ့။ ဒီဇင်ဘာလ၊ ဇန်နဝါရီလဆိုတာ တောင်ပေါ်မှာ အအေးဆုံးအချိန်တွေပေါ့။တောင်ပေါ်ဒေသက အအေးဒဏ်ကို စေတနာရှင်တွေရဲ့ မေတ္တာနဲ့အံတုကာ နွေးထွေးစေဖို့ ကျွန်တော်တို့ကြိုးစားပေးလျှက်ရှိပါတယ်။တစ်ကယ်တမ်းပြောရရင် အနွေးထည်တွေ ဝေပေးခဲ့တာ မဟုတ်ပါဘူး။ မေတ္တာတရားတွေ ပေးခဲ့တာပါ။ 

စေတနာရှင်တွေကိုယ်စား နွေးထွေးမှုတွေ မျှခဲ့တာပါ။"လို့ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




========================

========================



========================


🚩🚩 ၁။ ပြည်မသို့ မထွက်ခွာရန် ခေတ္တာထိန်းသိမ်းခဲ့သည့် လူငယ် လူရွယ် ၁၉ ဦးကို နေအိမ်သို့ ပြန်လွှတ်ပြီးကြောင်း ပလက်ဝကောင်စီ ထုတ်ပြန်


ဒီဇင်ဘာ ၂၆ 

Radio NUG 


စစ်ကောင်စီမှ ပြည်သူ့စစ်ဥပဒေကို ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ အသက်သွင်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်း ပြည်မဒေသအသီးသီးတွင် လူငယ်လူရွယ်များအား ဖမ်းဆီးမှုများစွာ ဆောင်ရွက်နေသောကြောင့် မိမိတို့ဒေသမှ လူငယ်လူရွယ်များ ပြည်မဘက် မထွက်ခွာရန် ချင်းနယ်မြေ ကာကွယ်ရေးတပ်ဖွဲ့- ပလက်ဝ (CDF-Paletwa) အနေဖြင့် နိုဝင်ဘာလထဲတွင် တားဆီးပေးခြင်း၊ ခေတ္တထိန်းသိမ်းထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ထိုကဲ့သို့ ခေတ္တထိန်းသိမ်းခြင်းခံရသည့် လူငယ်လူရွယ် ၁၉ ဦးကိုလည်း မလိုလားအပ်သော အခက်အခဲဒုက္ခများ မကြုံတွေ့စေရေးအတွက် မိမိရပ်ရွာတွင်သာ အတတ်နိုင်ဆုံးနေထိုင်ကြရန် ပြောဆိုတိုက်တွန်းပြီး  ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် နေရပ်အိမ်များသို့ ကောင်းမွန်စွာ စေလွှတ်ပေးပြီးဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ကမ္မမြို့ပေါ်တွင် စစ်တပ် စစ်ကြောင်းက ကမ္မဈေးကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်


ဒီဇင်ဘာ ၂၆ 

Radio NUG 


ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကမ္မမြို့ပေါ် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကမ္မဈေးကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေ၍ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကမ္မတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။


အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖောက်ထွင်းခိုးယူသွားသော ပစ္စည်းအရေအတွက်နှင့် တန်ဖိုးကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကိုလည်း ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ငါန်းဇွန် - မြို့သာ လမ်းပိုင်းမှာ စစ်ကောင်စီ ကားတစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဦး သေဆုံး


ဒီဇင်ဘာ ၂၆၊ 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးန်ဇွန်း - မြို့သာ လမ်းပိုင်းမှာ စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် နာရီခန့်မှာ ငါန်းဇွန်မြို့နယ်မှ စစ်ကောင်စီ တပ်အင်အား ၄၀ ခန့် လိုက်ပါလာတဲ့ ဖောကား တစီးကို ပေပါမိုင်း လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း မိုင်းကွင်း အလည်တည့်တည့်မှာ ကားထိုးရပ်သွားခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ကာ ဦး ဒဏ်ရာပြင်းထန်စွာဖြင့် ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို  နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် မိဘပြည်သူများ အနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနဲ့ နီးကပ်စွာ သွားလာခြင်း မပြုကြရန်နဲ့ နာရီ မှ မနက် နာရီအတွင်း ခရီးသွားကားများ မောင်းနှင်ခြင်း မပြုကြဖို့ ကိုလည်း သတိပေးထားပါတယ်။


========================


🚩🚩 ၄။ ညောင်ဖြူပင် အထိုင်ရဲစခန်းကို ခရစ္စမတ် လက်ဆောင်အဖြစ် ပစ်ခတ်တိုက်ခိုက်


ဒီဇင်ဘာ ၂၆၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင် အထိုင်ရဲစခန်းကို ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ် လက်ဆောင်အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ()တပ်ရင်း Special Guerilla Force (SGF) က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၂၅ ရက် ညနေ နာရီ ၂၀ မိနစ် အချိန်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ငယ်သံ တချက်ပေးကာ တိုင်ပင်ခေါ်ခဲ့ပြီး Pading ၂လုံး ရဲစခန်းအတွင်း စတင် ပစ်ခတ်ခဲ့ကာ လက်နက်ငယ်၊ MA 2 ငါးကြင်းမှီးများဖြင့် ၁၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မုံရွာ ခရိုင် အမှတ် () တပ်ရင်း Special Guerilla Force (SGF) Monywa တပ်ခွဲနှင့် ယင်းမာပင် ခရိုင် အမှတ် () တပ်ရင်း တပ်ခွဲ () မုံရွာမြို့နယ် ရပ်ကျေး ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှု စာရင်းကို စုံစမ်းနေဆဲ ဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။ 


========================


🚩🚩 ၅။ မတ္တရာ ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းသို့ စစ်တပ် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကလေး ၂ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရ


ဒီဇင်ဘာ ၂၆ 

Radio NUG 


 ဒီဇင်ဘာလ (၂၆) ရက် ညနေ (:၂၀) အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ ပစ်လွှတ်လိုက်သော လက်နက်ကြီးကျည်သည်  မတ္တရာမြို့နယ် ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သတင်းထုတ်ပြန်ထားပါတယ်။


ထိုသို့ အကြမ်းဖက် စစ်ကောင်စီ၏ မဆင်မခြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် () ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် သပိတ်ကျင်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ မြိုင်မြို့နယ် အနောက်တောင်ပိုင်းမှ ဝက်ပုတ်ရွာကို စစ်ကောင်စီနှင့် ပျူစောထီးများ ဝင်ရောက် မီးရှို့ဖျက်ဆီး


ဒီဇင်ဘာ ၂၆၊ 

Radio NUG


မြိုင်မြို့နယ်၊ အနောက်တောင်ပိုင်းက တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားတဲ့ ပျူစောထီးရွာဟောင်း၊ လက်ရှိ ပြည်သူ့ရွာ ဖြစ်တဲ့ ဝက်ပုတ်ရွာကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစု အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။


ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ဝက်ပုတ် ပျူစောထီးများနဲ့ သရက်ကွ ပျူစောထီးများက ၎င်းတို့ လက်လွတ် ဆုံးရှုံးခဲ့ရတဲ့ ဝက်ပုတ်ရွာကို မြိုင်မြို့နယ်(ကပစ) စက်မှု() ရှိ စစ်ကောင်စီတပ်သားများနဲ့ ပူးပေါင်းပြီး ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူပိုင် နေအိမ် ၁၅ လုံး မီးလောင် ပျက်ဆီးခဲ့ကာ ဆိုင်ကယ် စီး ဖျက်ဆီးခံရပြီး ဆိုင်ကယ် တစီး မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။


ထို့ပြင် အရပ်သား ပြည်သူ အမျိုးသား ဦးကို ဖမ်းဆီးခဲ့ပြီး တဦးကို ရိုက်နှက်နှိပ်စက်ပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် တဦးကိုတော့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ ဝက်ပုတ်ပျူရွာကို ဩဂုတ်လ ရက်နေ့မှာ အညာမြေ တပ်ပေါင်းစုနဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့တာဖြစ်ပြီး သရက်ပျူရွာကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ မတ္တရာရှေ့တန်းတွင် တာဝန်ကျသည့် အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ ဦး သင်္ကန်းဝတ်ဖြင့်  အလင်းဝင်


ဒီဇင်ဘာ ၂၆ 

RadioNUG 


မတ္တရာ ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ကျသည့် စစ်ကောင်စီတပ်၏ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ ()ဦး သင်္ကန်းဝတ်ဖြင့် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် အလင်းဝင်ရောက်လာကြောင်း ရွှေဘိုမြို့နယ် အခြေစိုက် တောင်သူဦးကြီးများအဖွဲ့ PDFမှ သတင်းထုတ်ပြန်ထားပါတယ်။


အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ ရွှေဘိုမြို့နယ်မှ ကိုကြီး အသက် (၂၀) နှစ်နှင့် ကော့မှူးမြို့နယ်မှ ချစ်ကိုဦး အသက် (၂၂)နှစ်တို့ လက်နက်ခဲယမ်း မပါဘဲ အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။


PDF အဖွဲ့မှ ဘက်ဂျက်မလုံလောက်လို့ ဆုချီးမြှင့်နိုင်ခြင်း မရှိဘူးလို့သိရပါတယ်။


စစ်မှုထမ်း စုဆောင်းခံရသူ ()ဦးအနက် ကိုကြီးသည် ရွှေဘိုမြို့နယ် အနောက်ခြမ်း မြို့လှကျေးရွာကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်စီးစဉ် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက် ရွှေဘိုမြို့ရှိ အမှတ် () စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ - )တွင် သုံးလသင်တန်းပေးကာ ရှေ့တန်းသို့ စေလွှတ်ခံရတယ်လို့ သိရပါတယ်။


ထို့အပြင် ရှေ့တန်းစစ်မျက်နှာတွင် စိတ်ကြွမူးယစ်ဆေးဝါးများ ထိုးသွင်းပေးပြီး တိုက်ပွဲများတွင် အသေခံ တိုက်ခိုက်ရန် ခိုင်းစေခံခဲ့ရတယ်လို့ အလင်းဝင်ရောက်သူ ()ဦးထံမှ သိရပါတယ်။


========================


🚩🚩 ၈။ အာရက္ခဒေသ မြို့နယ်များတွင် ကျင်းပတဲ့ ခရစ္စမတ်ပွဲတော်သို့ ULA / AA တက်ရောက် လှူဒါန်း


ဒီဇင်ဘာ ၂၆ 

Radio NUG 


ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ခရစ်ယာန်ဘာသာဝင်တို့၏ အလေးအမြတ်ထားရာ "ခရစ္စမတ်" ပွဲတော်ကို ပလက်ဝ အပါအဝင် အာရက္ခဒေသရှိ မြို့နယ်တွေမှာ ကျင်းပပြုလုပ်ခဲ့ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA / AA) မှ တာဝန်ရှိပုဂ္ဂိုလ်တို့ တက်ရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့လို့ APMမှာ ဖော်ပြထားပါတယ်။


 "အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ တရပ်အနေနဲ့ အာရက္ခဒေသမှာ လူမျိုး၊ ဘာသာခွဲခြားစွာ၊ ကျောသားရင်သားခွဲခြားတာ မရှိဘဲ တစ်သွေးတစ်သားတည်း ညီအစ်ကိုမောင်နှမ၊ မိသားစုဆန်ဆန် သဘောထားကာ ခရစ်ယာန်ဘာသာဝင်တို့ အလေးအမြတ်ထားတဲ့ ခရစ္စမတ်ပွဲတော်သို့ တက်ရောက်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်" လို့ ULA/AA မှတာဝန်ရှိသူတယောက်က ဆိုပါတယ်။


========================


🚩🚩 ၉။ လားရှိုးမြို့မှာ ခရစ်စမတ်ပွဲတော် အခမ်းအနားကို အထူးဒေသ ()လားရှိုး ဝန်ထမ်းမိသားစုများက ကျင်းပပြုလုပ်


ဒီဇင်ဘာ ၂၆၊ 

Radio NUG


ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ခရစ်စမတ် ပွဲတော် အခမ်းအနားကို အထူးဒေသ () လားရှိုး ဝန်ထမ်း မိသားစုများက ကျင်းပပြုလုပ် ခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန် ထားပါတယ်။


ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကြိုတင် ပြုလုပ်ခဲ့တဲ့ အဆိုပါ အခမ်းအနားကို လားရှိုးမြို့ အထူးဒေသ () မှ ဝန်ထမ်း မိသားစုများ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ စုံလင်စွာတက်ရောက်ခဲ့ကြပြီး အတူတကွ ဝတ်ပြုဆုတောင်း ခဲ့ကြတယ်လို့ ဆိုပါတယ်။


အခမ်းအနားတွင် လူထုလုပ်ငန်းအဖွဲ့ တာဝန်ခံ (ကွတ်ခိုင်ခရိုင် အုပ်ချုပ်မှုကော်မတီ၊ ဒုတိယအတွင်းရေးမှူး) Mr.Li Xinhai က ခရစ္စမတ် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဖိတ်ကြားထားတဲ့ ဆရာတော်များက ခရစ္စမတ် တရား ဒေသနာများ ဟောကြားကာ ဆုတောင်း ကောင်းချီးပေးခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာကြ သူများကို Hotpot အအေးများ၊ စားသောက်ဖွယ်ရာများ စုံလင်စွာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြပြီး အမှတ်တရ စုပေါင်း ဓါတ်ပုံများ စုပေါင်း ရိုက်ကူးခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment