၂၀၂၄ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာနိုင်ငံလူဦးရေ၏ ၁၂.၈ % (၅.၉ သန်း) က မသန်စွမ်းသူများအဖြစ် နေထိုင်နေကြရ
📌 ၂။ တော်လှန်ရေး ကာလ လူ့အခွင့်အရေး လေးစားလိုက်နာဖို့စကားဝိုင်း NUGဝန်ကြီးများဦးဆောင်ဆွေးနွေးကြမည်
📌 ၃။ ကိုဇေယျာသော်၏ ဖခင်ဒေါက်တာမြသော် ယနေ့မနက်ကွယ်လွန်
📌 ၄။ ရွှေဘိုအကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တာဝန်ခံ ထောင်ပိုင်အောင်လွင် ဆိုသူကနာရီဝက်သုံးသိန်းကျပ် ပေးနိုင်သူများကိုသာ ရွှေဘိုအကျဉ်းထောင်တွင် ဧည့်တွေ့ခွင့်ပေး
📌 ၅။ စစ်ကောင်စီကိုဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၈၄၀ ဦး ရှိခဲ့
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေးမြို့နယ် စုံနံ့သာကျေးရွာအမှတ် ( ၈ ) လမ်းမကြီးပေါ်တွင် စကစတပ်ဖွဲ့ကားကိုရေးဘီလူးအဖွဲ့ကတိုက်ခိုက်ရာ စကစသုံးဦးသေဆုံး
🚩 ၂။ မင်းကင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ(၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပခဲ့
🚩 ၃။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
🚩 ၄။ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့်သေဆုံးသူဦးရေ ကမ္ဘာ့အမြင့်မားဆုံးနိုင်ငံ အဖြစ် မှတ်တမ်းဝင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာနိုင်ငံလူဦးရေ၏ ၁၂.၈ % (၅.၉ သန်း) က မသန်စွမ်းသူများအဖြစ် နေထိုင်နေကြရ
ဒီဇင်ဘာလ၃ရက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Persons with Disabilities)ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၁၀% ဖြစ်တဲ့ လူသန်းပေါင်း (၆၀၀) လောက်က မသန်စွမ်းသူများ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလူတွေရဲ့ ၈၀% ကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရှိနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ လူဦးရေ၏ ၁၂.၈ % (၅.၉ သန်း) က မသန်စွမ်းသူများအဖြစ် နေထိုင်နေကြရပါတယ်။
ထို့အပြင် ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်တွင် ကျင်းပတဲ့ (၄၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အပိုဒ် (၄၇/၃) အရ နှစ်စဉ် ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် အတည်ပြု သတ်မှတ်ခဲ့ပြီး ကမ္ဘာတဝှမ်းတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပကြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပွားပြီး (၄) နှစ်နီးပါး ကာလအတွင်းမှာ ပြည်သူလူထုတစ်ရပ်လုံး အဖက်ဖက်မှ လူမှုဒုက္ခပေါင်းများစွာ ရင်ဆိုင်နေရတဲ့အပြင် ၎င်းရဲ့ နောက်ဆက်တွဲ ရလဒ်အနေနဲ့ မသန်စွမ်းသူဦးရေ တိုးပွားလာမည်မှာလည်း မလွဲဧကန်ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဆောင်ပုဒ်ကတော့ "Amplifying the leadership of persons with disabilities for an inclusive and sustainable future" “အားလုံးပါဝင်သော ရေရှည်တည်တံ့မည့် အနာဂတ်အရေး၊ မသန်စွမ်းသူများ၏ ဦးဆောင်မှုကို မြှင့်တင်ပေး” ဖြစ်ပါတယ်။ ယခုနှစ် ဒီဇင်ဘာလ (၃) ရက်မှာ ကျရောက်သည့် ''အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့'' အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ဖော်ပြထားပါတယ်။
========================
📌📌 ၂။ တော်လှန်ရေး ကာလ လူ့အခွင့်အရေး လေးစားလိုက်နာဖို့စကားဝိုင်း NUGဝန်ကြီးများဦးဆောင်ဆွေးနွေးကြမည်
ဒီဇင်ဘာ၃ရက်
တော်လှန်ရေး ကာလ လူ့အခွင့်အရေး လေးစားလိုက်နာဖို့စကားဝိုင်း NUGဝန်ကြီးများဦးဆောင်ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရပါတယ်။
(၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် "တော်လှန်ရေး ကာလမှာ တော်လှန်ရေးအင်အားစုအသီးသီးအနေနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန် နံနက် (၁၀) နာရီ တိတိအချိန်တွင် ကျင်းပသွားမယ်လို့သိရပါတယ်။
အဆိုပါဆွေးနွေးပွဲတွင် ဦးလွင်ကိုလတ် (ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန)၊နော်စူစန်နာလှလှစိုး( ပြည်ထောင်စုဝန်ကြီး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန)၊ဦးအောင်မျိုးမင်း (ပြည်ထောင်စုဝန်ကြီး၊ လူ့အခွင့်အရေးဝန်ကြီးဌာန)၊ဦးမောင်မောင်ဆွေ (ဒုအတွင်းဝန်၊ ကာကွယ်ရေးဝန်ကြီးဌာန)နှင့် ဦးနေဘုန်းလတ် (ပြောရေးဆိုခွင့်ရှိသူ၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံး) တို့က ဆွေးနွေးသွားကြမည်ဖြစ်ကာ ဒေါ်မေစံပယ်ဖြူ (ဒါရိုက်တာ၊ကျားမရေးရာတန်းတူညီမျှရေးကွန်ယက်)က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
အဆိုပါဆွေးနွေးပွဲကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန , PVTV နှင့် radioNUGစတဲ့ media များတွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၃။ ကိုဇေယျာသော်၏ ဖခင်ဒေါက်တာမြသော် ယနေ့မနက်ကွယ်လွန်
ဒီဇင်ဘာ၃ရက်
ကိုဇေယျာသော်၏ ဖခင်ဒေါက်တာမြသော် ယနေ့မနက်ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။
မန္တလေးသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) မြန်မာသွားဘက်ဆိုင်ရာ ပါမောက္ခ ဒေါက်တာမြသော်ဟာ ဒီဇင်ဘာ၃ရက်မနက်ပိုင်းရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှာကွယ်လွန်တိမ်းပါးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ကိုဇေယျာသော်ကို ကြိုးပေးကွပ်မျက်ခဲ့သည့် နောက်ပိုင်းဖခင်ဖြစ်သည့် ဒေါက်တာမြသော် ကျန်းမာရေး မကောင်းခဲ့ဘူးလို့သိရပါတယ်။
ကိုဇေယျာသော်၏ဖခင်ကွယ်လွန်ခဲ့ခြင်းအတွက် သူငယ်ချင်းဖြစ်သူအဆိုတော်ရန်ရန်ချမ်းကလည်း ဆိုရှယ်မီဒီယာမှာဝမ်းနည်းစကားဆိုထားသလို တော်လှန်ရေးဘက်တော်သားများမှလည်း ဝမ်းနည်းခံစားမှုများထုတ်ဖေါ်ရေးသားနေကြပါတယ်။
========================
📌📌 ၄။ ရွှေဘိုအကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တာဝန်ခံ ထောင်ပိုင်အောင်လွင် ဆိုသူကနာရီဝက်သုံးသိန်းကျပ် ပေးနိုင်သူများကိုသာ ရွှေဘိုအကျဉ်းထောင်တွင် ဧည့်တွေ့ခွင့်ပေး
ဒီဇင်ဘာ၃ရက်
ရွှေဘိုအကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တာဝန်ခံ ထောင်ပိုင်အောင်လွင် ဆိုသူကနာရီဝက်သုံးသိန်းကျပ် ပေးနိုင်သူများကိုသာ ရွှေဘိုအကျဉ်းထောင်တွင် ဧည့်တွေ့ခွင့်ပေးတယ်လို့ ဒီဇင်ဘာ၃ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တရားဝင်အသိပေးဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းသားများနှင့် မိသားစုဝင်များကို တွေ့ဆုံနိုင်သည့် ဧည့်တွေ့ခွင့်ကို ၂၀၂၄ခုနှစ်ဇွန်လမှစ၍ လုံခြုံရေးအကြောင်းပြကာ ပိတ်ပင်ထားခဲ့ပါတယ်။PPNM ၏ စုံစမ်းတွေ့ရှိချက်များအရ လက်ရှိ ရွှေဘိုအကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တာဝန်ခံ ထောင်ပိုင်အောင်လွင် ဆိုသူသည် အကျဉ်းသားတွေ့ခွင့်ကို ဈေးကွက်တစ်ရပ်အဖြစ် ပုံဖော်လျက် အချိန်နာရီဝက်( မိနစ် ၃၀)လျင် ကာလတန်ဖိုးငွေကျပ်(၃)သိန်းခန့် တန်ဖိုးသတ်မှတ်ကာ အကျဉ်းသားများအပေါ်တွင် ခေါင်းပုံဖြတ်ဖိနှိပ်ကာ လာဘ်စားမှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိတယ်"လို့ဆိုပါတယ်။
သတ်မှတ်ထားသော ငွေတန်ဖိုး မပေးနိုင်ပါက မိသားစုဖြင့် တွေ့ဆုံခွင့် မရကြသည်ကိုလည်း စီစစ်တွေ့ရှိရတယ်လို့ဖော်ပြပါတယ်။
ထိုအပြင် အကျဉ်းသားကျွေးမွေးစီမံရေးတွင် အကျဉ်းထောင် သတ်မှတ်နှုန်းထားအတိုင်းမဟုတ်ဘဲ တစ်ရက်ခြားလျင် ကြက်ဥ(၁)လုံးကျစီသာပေး၍ အကျဉ်းသားကျွေးမွေးစရိတ်ပေါ်မှ ထောင်ပိုင်အနေဖြင့် ကိုယ်ကျိုးစီးပွားရှာနေခြင်းများရှိသည်ဟု နိုဝင်ဘာလအတွင်း အကျဉ်းဦးစီးဌာနမှ ထွက်ပြေးလာသည့် အကျဉ်းထောင် ဝန်ထမ်းဟောင်းတစ်ဦးမှ PPNMသို့ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီကိုဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၈၄၀ ဦး ရှိခဲ့
ဒီဇင်ဘာ၃ရက်
စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆို ဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၈၄၀ ဦး ရှိနေပြီလို့ ဒီဇင်ဘာ၃ရက်မှာ Data for Myanmarကထုတ်ပြန်ကြေညာပါတယ်။
စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလ အတွင်း လူမှု ကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆို ဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၈၄၀ ဦး ရှိခဲ့တယ်လို့ဖော်ပြပါတယ်။မြို့နယ်ပေါင်း၂၀၀ ကျော်မှာဖမ်းဆီးခံခဲ့ရပြီးအများစုမှာရန်ကုန်နဲ့မန္တလေးမြို့တို့ကဖြစ်ကြပါတယ်။
ဖမ်းဆီးခံသူများထဲတွင်အမျိုးသမီး ၃၆ရာ ခိုင်နှုန်းပါဝင်ကာ ၂၀၂၄ ခုနှစ် တနှစ်တည်းမှာပင် ဖမ်းဆီးခံရသူ အမျိုးသား၊အမျိုးသမီး၃၀၀ ကျော်ရှိခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေးမြို့နယ် စုံနံ့သာကျေးရွာအမှတ် ( ၈ ) လမ်းမကြီးပေါ်တွင် စကစတပ်ဖွဲ့ကားကိုရေးဘီလူးအဖွဲ့ကတိုက်ခိုက်ရာ စကစသုံးဦးသေဆုံး
ဒီဇင်ဘာ၃ရက်
ရေးမြို့နယ် စုံနံ့သာကျေးရွာအမှတ် ( ၈ ) လမ်းမကြီးပေါ်တွင် စကစတပ်ဖွဲ့ကားကိုရေးဘီလူးအဖွဲ့ကတိုက်ခိုက်ရာ စကစသုံးဦးသေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ၃ရက်မှာ စစ်ရေးသတင်းကို ရေးဘီလူးကဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုထားပါတယ်။
"ဒီဇင်ဘာ၃ရက်ယနေ့နံနက် 9:14 မိနစ်စုံနံ့သာကျေးရွာဖြတ်သန်းသွားသည့် ၃၄၃ တပ်သားVigo ကားကို စုံနံ့သာကျေးရွာအမှတ် ( ၈ ) လမ်းမကြီးပေါ်တွင် ရေးဘီလူးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စကစဘက်ကသုံးဦးသေဆုံးပြီး ထိခိုက်မှုများရှိခဲ့ကာ စကစတပ်၅၈၆ , ၃၄၃, ၅၈၇,တပ်၊၃တပ်မှ လက်နက်ကြီးများပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
========================
🚩🚩 ၂။ မင်းကင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ(၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပခဲ့
ဒီဇင်ဘာ၃ရက်
မင်းကင်းမြို့နယ်၊ တပ်ရင်း- ၂၊ တပ်ခွဲ - ၁မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များနှင့် ပူးပေါင်း၍ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲနှင့် လူ့အခွင့်ရေးရာတာ၀န်ခံတို့ ဦးဆောင်၍ မင်းကင်းမြို့နယ်၊ တပ်ရင်း- ၂၊ တပ်ခွဲ - ၁မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များနှင့် ပူးပေါင်း၍ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါလူထုလှုပ်ရှားမှုကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့က "လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ ခေါင်းစဉ်ဖြင့် လူ့အခွင့်ရေးဆိုင်ရာ ဟောပြောခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။
========================
🚩🚩 ၃။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
ဒီဇင်ဘာ၃ရက်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးရှောင်စခန်း၌ နိုဝင်ဘာ၂၇ရက်နေ့၊ နံနက်ပိုင်းအချိန် တွင် "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့" အထိမ်းအမှတ် အခမ်းအနားကိုကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ တတ်ရောက်လာကြသော တိုက်နယ်/ကျေးရွာတို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၊ မိဘပြည်သူများ၊ ကျောင်းတာဝန်ခံ ဆရာ/ဆရာမများအား အမျိုးသားညီညွတ်ရေးအစိုးရ၊အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာမြို့နယ်အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဌာနမှ တာဝန်ရှိသူများက အမျိုးသမီးများ၏ လူ့အခွင့်အရေးများ၊ဥပဒေဖြင့် ခုခံကာကွယ်ပိုင်ခွင့်များ နှင့် "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ (၁၆ ရက်တာ လှုပ်ရှားမှု)ဆွေးနွေးဟောပြောခဲ့ပြီး ဖဲကြိုးဖြူလှုပ်ရှားမှု ကမ်ပိန်းများ ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ အခမ်းအနားသို့ တတ်ရောက်လာကြသော မိဘပြည်သူများ၊ ကျောင်းဆရာ/ဆရာမများကို ပန်းဖလက်များ၊ ပေါင်မုန့် ထုပ်(၁၀၀)ထုပ်နှင့် ဆပ်ပြာဘူး(၁၀၀)ဘူး တို့ကို ပေးအပ်လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။
========================
🚩🚩 ၄။ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့်သေဆုံးသူဦးရေ ကမ္ဘာ့အမြင့်မားဆုံးနိုင်ငံ အဖြစ် မှတ်တမ်းဝင်ခဲ့
ဒီဇင်ဘာ၃ရက်
မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့်သေဆုံးသူဦးရေ ကမ္ဘာ့အမြင့်မားဆုံးနိုင်ငံ အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဒီဇင်ဘာ၃ရက်မှာ UN OCHA Myanmarက အသိပေးဖော်ပြပါတယ်။
၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့်သေဆုံးသူဦးရေ ကမ္ဘာ့အမြင့်မားဆုံးနိုင်ငံ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ထိခိုက်လွယ်တဲ့လူတွေအပေါ် ဆိုးရွားတဲ့ အကျိုးဆက်ကျရောက်တာကို လျော့နည်းသက်သာအောင် ဦးတည်ကူညီပေးဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အားလုံးပါဝင်နိုင်ရေးနဲ့ အားလုံးလက်လှမ်းမီနိုင်စေရေးကိုမိမိတို့ဦးစားပေးဆောင်ရွက်ကြရပါမယ်လို့ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်းများကြောင့် သေဆုံးထိခိုက်သူ ၂၈၄ ဦး ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၃၉၀ ဦးအထိ ရှိခဲ့တယ်လို့ UNICEF က ဖော်ပြခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း ပြည်သူတွေရဲ့ ကျေးရွာတွေထဲဝင်ရောက်ပြီး စခန်းချ နေရာယူတဲ့အချိန်မှာ သူတို့ရဲ့ ခံစစ်စည်းအနေနဲ့ မိုင်းတွေကို ရွာအနှံ့ထောင်ထားလေ့ရှိပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment