4th Dec 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨၁။ တပ်မတော်သားတွေ အကုန်လုံး စစ်ရာဇဝတ်တရားခံ မင်းအောင်လှိုင်နဲ့အတူ ရှေ့ဆက်မလားလို့ ပြည်ထောင်စုဝန်ကြီးချုပ် သတိပေး

📌 ⁨⁨၂။ လူ့အခွင့်အရေး တန်ဖိုးစံတွေကို  လေးစားရကောင်းမှန်း မသိလို့ တိုင်းပြည် ဒုက္ခပင်လယ်ဝေနေရတယ်လို့ ဝန်ကြီး ဦးလွင်ကိုလတ်ပြောကြား

📌 ⁨⁨၃။ အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ဖို့ profile change campaign တွင် ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံနှင့် ဂျာထွယ်ပန်တို့ ပါဝင်

📌 ⁨⁨၄။ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲကာလက ခိုးယူခံခဲ့ရတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ပိုင်ရှင်တွေထံ AA ပြန်လည်အပ်နှံ 

📌 ⁨⁨၅။ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူမှုကွန်ရက်မှာ ရေးသားတာကြောင့် စစ်ကောင်စီက ဖမ်းဆီးထားသူ (၁၈၀၀) ကျော်ရှိ


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဗန်းမော်မြို့အဝင်က စစ်စခန်း () ခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက် 

🚩 ၂။ မတ္တရာမြို့နယ်၊ မြို့ကုန်းကျေးရွာသို့ ဝင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စကစဘက်က () ဦး သေဆုံးကာ သုံ့ပန်းတဦးနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

🚩 ၃။ နွားထိုးကြီးနယ်က ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံ ရဲစခန်းနဲ့ စစ်တပ်အထိုင်ချရာ စာသင်ကျောင်းကို ဗုံးကြဲပြီး ပစ်ခတ်တိုက်ခိုက်မှု စစ်အုပ်စုဘက်က () ဦးသေဆုံး

🚩 ၄။ စစ်မှုထမ်းဖို့ တပ်သားသစ်စုဆောင်းနေတဲ့ ကြို့ပင်ကောက်မြို့က ရာအိမ်မှူးတဦးကို ပစ်ခတ်ရှင်းလင်း  



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨၁။ တပ်မတော်သားတွေ အကုန်လုံး စစ်ရာဇဝတ်တရားခံ မင်းအောင်လှိုင်နဲ့အတူ ရှေ့ဆက်မလားလို့ ပြည်ထောင်စုဝန်ကြီးချုပ် သတိပေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂၉/၂၀၂၄) မှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလို သတိပေးပြောကြားလိုက်ပါတယ်။

"ဒီတော်လှန်ရေးဟာ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ပြီး အခြေတည်လာခဲ့ကြတဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်း ရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကိုရောက်ဖို့ အနီးဆုံးဖြစ်နေပြီဆိုတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုနဲ့အတူ ယနေ့အချိန်ထိ မိုက်တွင်းနက်ထဲ နေနေကြတဲ့ စစ်တပ်အတွင်းက တပ်မတော်သားတွေ အကုန်လုံးလည်း စစ်ရာဇဝတ်တရားခံနဲ့ အတူရှေ့ ဆက်မလား၊ မိမိ မိသားစု၊ မိမိနိုင်ငံအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမလားဆိုတာ သေသေချာချာ စဥ်းစားကြရတော့မယ့်အချိန် ဖြစ်ပြီး၊ နောက်ဆုံးအချက်ပေး ခေါင်းလောင်းထိုးနေတဲ့ အချိန်ဖြစ်ကြောင်း သတိပေးပြောကြားလိုတာ ဖြစ်ပါတယ်" လို့ ပြောကြားလိုက်တာပါ။

လက်ရှိမှာ လက်နက်ချအလင်းဝင်သော စကစတပ်သားများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကြိုဆိုကာ ဆုကြေးငွေများလည်း ပေးအပ်ချီးမြှင့်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨၂။ လူ့အခွင့်အရေး တန်ဖိုးစံတွေကို  လေးစားရကောင်းမှန်း မသိလို့ တိုင်းပြည် ဒုက္ခပင်လယ်ဝေနေရတယ်လို့ ဝန်ကြီး ဦးလွင်ကိုလတ်ပြောကြား


စစ်ကောင်စီအာဏာသိမ်းထားမှုက လူ့အခွင့်အရေး တန်ဖိုးစံတွေကို  လေးစားရကောင်းမှန်းမသိလို့ တိုင်းပြည် ဒုက္ခပင်လယ်ဝေနေကြရတာဖြစ်တယ်လို့ ဒီဇင်ဘာလ () ရက်နေ့မှာ ကျရောက်တဲ့ (၇၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်စကားဝိုင်းမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြားလိုက်ပါတယ်။

"လူ့အခွင့်ရေးချိုးဖောက်မှုက နေရာပေါင်းစုံမှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ တောက်လျှောက်ဖြစ်ကြတယ်။ စစ်ကောင်စီ အာဏာသိမ်းထားမှုကလည်း တနည်းအားဖြင့် ပြောရလို့ရှိရင်တော့ လူ့အခွင့်အရေးတန်ဖိုးစံတွေကို လေးစားရကောင်းမှန်း မသိလို့ ဒီလိုမျိုး ဒုက္ခရောက်ပြီး ကျနော်တို့တိုင်းပြည် ဒုက္ခပင်လယ်ဝေနေကြတယ်။ ဒါကြောင့်မို့လို့ လူ့အခွင့်အရေး လေးစားလိုက်နာမှုက လူတဦးတယောက်ချင်းစီကအစ လူမျိုး တမျိုးစီ၊ဘာသာတရား တခုစီကနေ နိုင်ငံတော်နဲ့ နိုင်ငံသား ဆက်ဆံရေးကြားမှာ အားလုံးက လေးလေးနက်နက် လူ့အခွင့်အရေးတွေ လေးစားလိုက်နာဖို့လိုပါတယ်" လို့ ဝန်ကြီးက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၀၇) ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၅၅) ဦးရှိပြီး ထိုအထဲမှ (၂၁၁၉၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၆၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။


========================


📌📌 ⁨⁨၃။ အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ဖို့ profile change campaign တွင် ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံနှင့် ဂျာထွယ်ပန်တို့ ပါဝင်


အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ဖို့ profile change campaign တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်တို့ ပါဝင်ခဲ့ကြကြောင်း အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီဇင်ဘာလ ရက်မှာ ဖော်ပြပါတယ်။

အမျိုးသမီးနှင့်မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအနေဖြင့် အမျိုးသမီး၊ မိန်းကလေးများနှင့် လိင်စိတ်ခံယူမှုကွဲပြားသူများ တစ်ယောက်ချင်းစီ ကြုံတွေ့နေရသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခွဲခြားဆက်ဆံမှုများ အဆုံးသတ် ပပျောက်ရေး ဦးတည်ချက်ဖြင့် profile change campaign များကို ပြုလုပ်လျက်ရှိတာ ဖြစ်တယ်လို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဆိုထားပါတယ်။


========================


📌📌 ⁨⁨၄။ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲကာလက ခိုးယူခံခဲ့ရတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ပိုင်ရှင်တွေထံ AA ပြန်လည်အပ်နှံ 


ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ်ကာလအတွင်း ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူခဲ့သူ ရာချီဖမ်းမိခဲ့ပြီး ပိုင်ရှင်တွေထံ ပစ္စည်းတွေပြန်လည်အပ်နှံခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ဒီဇင်ဘာ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

စစ်ပွဲတွေဖြစ်နေတာကို အခွင့်ကောင်းယူပြီး သူခိုးတွေက ဒေသနေပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူတာ ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးအစီအမံတွေ မလုပ်နိုင်သေးတဲ့ အခိုက်အတန့်နဲ့ဟာကွက်တွေအပေါ် မှာ ရလာတဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး သူခိုးတွေဟာ လူနေအိမ်တွေကနေ အလွယ်တကူ သယ်ယူ ဖြုတ်ယူနိုင်တဲ့ ပစ္စည်းတွေကို ခိုးယူတာ ဖျက်ဆီးတာမျိုးလုပ်ခဲ့တာ တွေ့ရတယ်လို့ ရခိုင့်တပ်တော်က အသိပေးပါတယ်။

ဘူးသီးတောင်မြို့ကို ရခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ အခုနှစ် မေလ (၁၈) ရက်နောက်ပိုင်းကစပြီး မြို့ပေါ်ရပ်ကွက်တွေက လူနေအိမ်၊ တိုက်တာအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သူတွေနဲ့ သူခိုးတွေကို တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေဖမ်းဆီးခဲ့ပြီး သက်သေခံပစ္စည်းများ၊ ထွက်ဆိုချက်များအပေါ် အခြေခံကာ တရားဥပဒေအတိုင်း နည်းလမ်းကျကျစစ်ဆေးကာ အပြစ်ပေးအရေးယူတာတွေလုပ်နေတယ်လို့ သိရပါတယ်။   

ရာချီတဲ့ သူခိုးတွေနဲ့ ခိုးရာပါပစ္စည်းလက်ခံထားသူတွေကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးပြီး တရားနည်းလမ်းကျကျ စစ်ဆေးပြီး  အပြစ်ပေးအရေးယူထားတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဖမ်းဆီးအပြစ်ပေးထားတဲ့ သူခိုးအများစုဟာ ဘူးသီးတောင်မြို့က ဘင်္ဂါလီ မူဆလင်တွေဖြစ်ပြီး သူတို့ဟာ စစ်ကောင်စီ သင်တန်းဆင်းတွေ၊ အကြမ်းဖက် မီးရှို့ဖျက်ဆီးကြသူတွေ၊ ARSA RSO နဲ့ ARA တို့နဲ့ ဆက်စပ်နေကြသူတွေလို့လည်း သိရပါတယ်။

လက်ရှိမှာ ခိုးယူခြင်းခံခဲ့ရတဲ့ ပိုင်ရှင်အစစ်အမှန်တွေရဲ့ တိုင်ကြားချက်အတိုင်း ဘူးသီးတောင်မြို့ လုံခြုံရေးတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တဲ့ပစ္စည်းတွေကို ဘူးသီးတောင်မြို့ပေါ်က မူလပိုင်ရှင် (၃၁) ဦးလက်ထဲကို နိုဝင်ဘာလ (၃ဝ) ရက်နေ့မှာ အခမ်းအနားနဲ့ အပ်နှံပေးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက သိမ်းဆည်းရရှိထားတဲ့ ပိုင်ရှင်မဲ့ပစ္စည်းတွေကိုတော့ ပြည်သူပိုင်ပစ္စည်းအဖြစ် သတ်မှတ်ပြီး ပြည်သူတွေရဲ့ စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းနိုင်ဖို့ အခုလိုအခမ်းအနားမျိုးကျင်းပပြီး ပြည်သူလူထုများထံ လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ ပစ္စည်းတွေကိုလည်း ပိုင်ရှင်အစစ်အမှန်တွေလက်ထဲ ပြန်ရောက်ရေး လုံခြုံရေးတဲ့နေရာမှာ သိမ်းပေးထားပြီး လုံခြုံရေးအာမခံချက်ရှိတဲ့အချိန်မှာ ပိုင်ရှင်တွေလက်ထဲ ထပ်မံအပ်နှံသွားမယ်လို့ ရခိုင့်တပ်တော် AA က  ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨၅။ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူမှုကွန်ရက်မှာ ရေးသားတာကြောင့် စစ်ကောင်စီက ဖမ်းဆီးထားသူ (၁၈၀၀) ကျော်ရှိ


စစ်တပ်က အာဏာသိမ်းယူထားတဲ့ () နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်စာမျက်နှာတွေကနေ စစ်ကောင်စီကို ဆန့်ကျင်၊ ဝေဖန်တာတွေ လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို အားပေးထောက်ခံတဲ့စာတွေ ရေးသား၊ ပြောဆို၊ ဆက်သွယ်တာတွေကြောင့် ဖမ်းဆီးခံရသူ (၁၈၄ဝ) ဦးရှိနေပြီလို့ Data for Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။  

ဒီအရေအတွက်ဟာ (၂၀၂၂) ခုနှစ် ဖေဖော်ရီ () ရက်ကနေ (၂၀၂၄) ခုနှစ် အောက်တိုဘာ (၃၁) ရက်နေ့အထိ ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်တယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသူတွေထဲမှာ အာဏာရှင်ဟောင်း သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်နဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်တို့လို အစိုးရနဲ့စစ်တပ်အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေလည်းပါဝင်နေပြီး အရပ်သား ပြည်သူတွေက အများစုဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရသူ (၁၈၄၀) ထဲမှာ (၈၉၆) ဦးက ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းကဖြစ်ပြီး (၃၆) ရာခိုင်နှုန်းသော အရေအတွက်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီအချက်အလက်တွေဟာ ပြည်တွင်းပြည်ပက မူဝါဒချမှတ်သူတွေကို အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ Data for Myanmar က ဆိုပါတယ်။ 

(၂ဝ၂၂) နဲ့ (၂ဝ၂၃) ခုနှစ်အတွင်းမှာ ဖမ်းဆီးခံရသူ သိသိသာသာများခဲ့ပေမယ့် (၂၀၂၄) ခုနှစ်ထဲမှာတော့ ဖမ်းဆီးခံရတာတွေ လျော့ကျလာပြီး ဩဂုတ်လကနေ အောက်တိုဘာလအတွင်း မြို့နယ် (၆၅) မြို့နယ်က အွန်လိုင်းအသုံးပြုသူ (၁၄၉) ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အသိပေးထားပါတယ်။ 

(၂ဝ၂၂) ခုနှစ်၊ ဖေဖော်ဝါရီကနေ (၂ဝ၂၄) ခုနှစ်၊ အောက်တိုဘာလကုန်အထိ မြို့နယ်ပေါင်း (၂၂၃) ခုမှာ ဖမ်းဆီးအရေးယူတာတွေရှိခဲ့ပြီး ပဲခူး၊ ချမ်းမြသာစည်၊ မြောက်ဥက္ကလာပ၊ မဟာအောင်မြေနဲ့ ပြည်မြို့နယ်တို့က အဖမ်းအဆီးများတဲ့ မြို့နယ်တွေလို့ Data for Myanmar ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ 

ဖမ်းဆီးခံရသူအများစုဟာ Facebook ပေါ်မှာ ရေးသားမျှဝေတာကြောင့်ဖြစ်ပြီး အခြားအွန်လိုင်း ပလက်ဖောင်းတွေဖြစ်တဲ့ Tik Tok Telegram Viber တွေကနေ ရေးသားမျှဝေတာကြောင့် အဖမ်းခံရတာတွေလည်းရှိတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း လူထုလှုပ်ရှားအတွက် အရေးပါတဲ့ လူမှုကွန်ယက်နဲ့ အွန်လိုင်းပလက်ဖောင်းတွေကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ပိတ်ပင်ထိန်းချုပ်ထားပြီး လူမှုကွန်ရက်ကတဆင့် လှုံ့ဆော်တာ ဝါဒဖြန့်တာ ခြိမ်းခြောက်တာတွေအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နဲ့ ပုဒ်မ ၅ဝ၅ (က) တို့နဲ့ အရေးယူလေ့ရှိသလို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) နဲ့လည်း တည်ဆဲဥပဒေအတိုင်း အရေးယူမယ်လို့ စစ်ကောင်စီဘက်က ပြည်သူလူထုကို ဆက်လက်ခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။ ဗန်းမော်မြို့အဝင်က စစ်စခန်း () ခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက် 


ကချင်ပြည်နယ် ဗန်းမော်မြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း () ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်က ဒီဇင်ဘာလ () ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ကျန်စခန်းတွေကို ထပ်မံသိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

KIA ထိန်းချုပ်ထားတဲ့ မံစီမြို့ဘက်ကနေ ဗန်းမော်မြို့ကိုဝင်တဲ့ အဝင်လမ်းမှာရှိတဲ့ ခလရ - ၄၇ လက်အောက်ခံ ညောင်ပင်သာစခန်းနဲ့ ဖန်းခါးကုန်းဂိတ်စခန်းကို ဒီဇင်ဘာလ () ရက် မနက် () နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး မနက် () နာရီမှာ သိမ်းပိုက်ခဲ့တာနဲ့ပတ်သက်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ဒါဟာ ဗန်းမော်ကို ဝင်တဲ့လမ်းက စစ်စခန်းတွေကို KIA ဘက်က ထိုးစစ် ထပ်မြှင့်လိုက်တဲ့သဘောလို့ ဗန်းမော်မြို့ခံအချို့က ဆိုပါတယ်။

KIA ဘက်က ထိုးစစ်ဆင်နိုင်တယ်ဆိုတဲ့သတင်းတွေ နိုဝင်ဘာလကုန်ပိုင်းကတည်းက ထွက်ပေါ်နေတာကြောင့် မြို့ခံအချို့ဟာ ဘေးလွတ်ရာနေရာတွေကို ကြိုတင်တိမ်းရှောင်နေထိုင်ကြတာ ရှိတယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ တတိယပတ်ကတည်းက ပြတ်တောက်နေတဲ့ အင်တာနက်လိုင်းတွေနဲ့ ဖုန်းလိုင်းတွေ ဒီဇင်ဘာ () ရက်နေ့ ညနေပိုင်းမှာ ပြန်ရခဲ့ပေမယ့် လက်ရှိအချိန်မှာ ပြန်ပိတ်သွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့မှာ အမှတ် -၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ - ၄၇၊ ခလရ - ၂၃၆၊ အမှတ် - ၉၃၃ ထောက်ပံ့ပို့ဆောင်ရေးတပ်၊ အမှတ် - ၁၁ စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် - ဆက်သွယ်ရေးတပ်၊ အမှတ် - ၃၆၆ အမြောက်တပ်၊ အမှတ် - ၃၁၄ အမြောက်တပ်၊ အမှတ် - ၇၀၀၆ သံချပ်ကာတပ်ရင်း၊ အမှတ် - ၅၀၁၄ တင့်ကားတပ်ရင်း၊ အမှတ် - ၉၁၄ စစ်အင်ဂျင်နီယာတပ်၊ အမှတ် - ၉၄၄ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်တို့ ရှိတယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။

KIA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေဟာ ဗန်းမော်မြို့နယ်တခုလုံးကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတဲ့အပြင် မံစီမြို့မှာ ကျန်ရှိနေသေးတဲ့ ခမရ - ၃၁၉၊ ခမရ - ၆၀၁ နဲ့ အမှတ် - ၅၂၃ အမြောက်တပ်တပ်ရင်းဌာနချုပ်တို့ကိုလည်း ၀ိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ မံစီမြို့ကို KIA က ထိန်းချုပ်ထားသလို ဗန်းမော်မြို့အနီးမှာရှိတဲ့ မိုးမောက်မြို့ကိုလည်း KIA က နယ်မြေစိုးမိုးမှု ရယူထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မတ္တရာမြို့နယ်၊ မြို့ကုန်းကျေးရွာသို့ ဝင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စကစဘက်က () ဦး သေဆုံးကာ သုံ့ပန်းတဦးနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာသို့ ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်က () ဦး သေဆုံးကာ သုံ့ပန်း တဦးနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မန္တလေး PDF က ဒီဇင်ဘာလ () ရက်မနက်မှာ သတင်းထုတ်ပြန်ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်စိုးမိုးထားတဲ့ မြို့ကုန်းရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒီဇင်ဘာ () ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ () ရက်နေ့မှာလည်း အဲဒီစစ်ကောင်စီ စစ်ကြောင်းနဲ့  မန္တလေး PDF တပ်တို့ကြား တနေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ အသိပေးပါတယ်။ 

ဒီ () ရက်တာတိုက်ပွဲအတွင်း စစ်သုံ့ပန်းတဦးနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး ရန်သူ့အလောင်း () လောင်းခန့်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ်အပြင် သပိတ်ကျင်းမြို့နယ်နဲ့ နောင်ချိုမြို့နယ်တို့မှာလည်း နေ့စဉ်တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းတွေနဲ့နယ်မြေတွေ ပြန်လည်ရရှိဖို့ ကြိုးစားနေပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က အသိပေးထားပါတယ်။


========================


🚩🚩 ၃။ နွားထိုးကြီးနယ်က ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံ ရဲစခန်းနဲ့ စစ်တပ်အထိုင်ချရာ စာသင်ကျောင်းကို ဗုံးကြဲပြီး ပစ်ခတ်တိုက်ခိုက်မှု စစ်အုပ်စုဘက်က () ဦးသေဆုံး


မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေအထိုင်ချနေတဲ့ ပြင်စည်လျှပ်စစ်ဓာတ်အားခွဲရုံ၊ ရဲစခန်းနဲ့ စစ်တပ်အထိုင်ချရာ စာသင်ကျောင်းကို ဒရုန်းနဲ့ဗုံးကြဲပြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုဘက်က () ဦးသေဆုံးသွားတယ်လို့ Natogyi People Defence Force က ထုတ်ပြန်ထားပါတယ်။ 

Natogyi People Defence Force မြင်းခြံခရိုင်အမှတ် -၁၀ နဲ့ MDDS တို့က မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြင်စည် လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲအထိုင်ချနေတဲ့ အင်အား (၃၀) ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာ () ရက် မနက် () နာရီ ခန့်ကစပြီး ဒရုန်းနဲ့ () ကြိမ် ဗုံးကြဲပြီး မြေပြင်တပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ချင်းကပ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပြင်စည်ရဲစခန်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲအထိုင်ချရာ စာသင်ကျောင်းကိုလည်း (၆၀) မမ လက်နက်ကြီးတွေနဲ့ () ကြိမ်ပစ်ခတ်ပြီး ဒရုန်းနဲ့ () ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ဒီတိုက်ခိုက်မှုတွေဟာ အချိန် () နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး ရန်ကုန်-မန်းလေးအမြန်လမ်းမအတိုင်း စစ်ကူကားတွေ ရောက်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပေမယ့် Fixed Wings Drone () စင်း ဆုံးရူံးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က () ဦး ပွဲချင်းပြီးသေဆုံးကာ () ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နွားထိုးကြီး PDF က ဒီဇင်ဘာ () ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ စစ်မှုထမ်းဖို့ တပ်သားသစ်စုဆောင်းနေတဲ့ ကြို့ပင်ကောက်မြို့က ရာအိမ်မှူးတဦးကို ပစ်ခတ်ရှင်းလင်း  


ပဲခူးတိုင်းအ‌နောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရုံးလမ်းထောင့်က ဆိုင်ကယ်ကယ်ရီဂိတ်အနီးမှာ စစ်မှုထမ်းဖို့ တပ်သားသစ်စုဆောင်းနေတဲ့ ရာအိမ်မှူးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ Dragon Brothers GBK-PDF က ထုတ်ပြန်ထားပါတယ်။

ကြို့ပင်ကောက်မြို့ ရုံးလမ်းထောင့်က ဆိုင်ကယ်ကယ်ရီဂိတ်အနီးမှာ စကားထိုင်ပြောနေကြတဲ့ ရွာမတောင်ရပ်ကွက် အုပ်ချူပ်ရေးမှူး  ခင်မောင်ဝင်းနဲ့ ရာအိမ်မှူး အောင်ထွန်းတို့ကို ဒီဇင်ဘာ () ရက် မနက် (၁၀) နာရီခန့်အချိန်မှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ () Dragon Brothers GBK-PDF ရဲဘော်တွေက ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အခုလိုပစ်ခတ်ရှင်းလင်းရာမှာ ရာအိမ်မှူး အောင်ထွန်းရဲ့ ဦးခေါင်းတည့်တည့်ကို ကျည် () ချက်ထိမှန်တာကြောင့် နေရာမှာတင် သေဆုံးသွားပြီး အုပ်ချူပ်ရေးမှူး ခင်မောင်ဝင်းကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အသိပေးထားပါတယ်။

သေဆုံးသွားတဲ့ ရာအိမ်မှူး အောင်ထွန်းဟာ ကြို့ပင်ကောက်မြို့ပေါ်က ပွဲရုံအလုပ်သမားတွေဆီကနေ စစ်မှုထမ်း ထောက်ပံ့ကြေး ခြိမ်းခြောက်တောင်းခံတာ၊ စစ်မှုထမ်းစေဖို့ တပ်သားသစ်တွေ အဓမ္မစုဆောင်းတာတာအပြင် စစ်မှုထမ်းကြေး မပေးသူတွေကို စစ်တပ်ခေါ် ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်ဆဲဆိုတာတွေ ပြုလုပ်လေ့ရှိသူလို့ သိရပါတယ်။

ဒါ့အပြင် ရာအိမ်မှူးအောင်ထွန်းဟာ စစ်တပ်က ဗိုလ်မှူးတွေနဲ့ပေါင်းပြီး ဘီယာဆိုင်ဖွင့်ထားကာ ကုန်းမြင့်ရွာက ပျူစောထီး နေဇာလင်းနဲ့ ပျူအဖွဲ့ကို ငွေကြေးထောက်ပံ့ပေးနေတဲ့အပြင် ရွာမတောင်အုပ်ချုပ်ရေးမှူးကို နောက်ကွယ်ကနေကြိုးကိုင်ပြီး ဒေသနေပြည်သူတွေကို ဒုက္ခမျိုးစုံ ပေးနေသူမို့ ရှင်းလင်းရတာလို့ Dragon Brothers GBK-PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

ရာအိမ်မှူး အောင်ထွန်း ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် ကြို့ပင်ကောက်မြို့ အဝင်အထွက်နေရာတွေမှာ စစ်တပ်က ပိတ်ဆို့ စစ်ဆေးတာတွေလုပ်ခဲ့ပြီး လူငယ် () ဦးကို ဖမ်းဆီးခဲ့တဲ့အပြင် အုတ်ဖိုမြို့နယ်ဘက်သွားတဲ့ ရန်ကုန်-ပြည်ကားလမ်းကိုလည်း  ပိတ်ဆို့စစ်ဆေးကာ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ သတိပြုသွားလာကြဖို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သတိပေးပြောဆိုနေကြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment