14th Jan 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ရွှေဘိုအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီးနောက် ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသား၁၀ဦးကျော်ကို မြို့မရဲစခန်း၌ ပြန်လည်ဖမ်းဆီးချုပ်နှောင်ထား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ထောက်ပို့ထီထိုးခြင်းနဲ့တော်လှန်ရေးကိုဝန်းရံပေးကြဖို့လူထုကိုတိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မလေးရှားကို တရားမဝင်လာရောက်တဲ့ မြန်မာနိုင်ငံသား (၃၀)ကျော် ဖမ်းဆီးခံရ 


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨ မိုးဗြဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေ 

🚩 ⁩⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်ရှောင်ပြည်သူများကို  ဒုတိယအကြိမ် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆန်အိတ်(၁၀၀)  ထပ်မံ ထောက်ပံ့မှု ပြုလုပ်ခဲ့

🚩 ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်သားအဖြစ် ဝင်ရောက် တာဝန်ထမ်းရွက်လိုသူများအား ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲ  မှ ကြိုဆိုဖိတ်ခေါ်

🚩 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၁၆၀) ဦး ရှိခဲ့ပြီဖြစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ရွှေဘိုအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီးနောက် ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသား၁၀ဦးကျော်ကို မြို့မရဲစခန်း၌ ပြန်လည်ဖမ်းဆီးချုပ်နှောင်ထား


ဇန်နဝါရီ(၁၄)ရက်


ရွှေဘိုအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီးနောက် ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသား၁၀ဦးကျော်ကို မြို့မရဲစခန်း၌ ပြန်လည်ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်၌ လွတ်ရက်စေ့ပြီးနောက် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို မိသားစုထံသို့ မပို့ဆောင်ဘဲ ရွှေဘိုမြို့မ ရဲစခန်းအတွင်း ထပ်မံ ဖမ်းဆီးအချုပ်ချထားသည်ကို တွေ့ရှိရတယ်လို့ဇန်နဝါရီ၁၄ရက် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကဆိုပါတယ်။

ထောင်ဗူးဝအထွက်တွင် ပြန်ဖမ်းဆီးခံရသူအများစုမှာ နိုင်ငံရေးအကျဉ်းသား အမျိုးသားအများစုဖြစ်ပြီး မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ဖြတ်ခံထားရတယ်လို့သိရပါတယ်။

ယခုကဲ့သို့ ပြန်လည်ဖမ်းဆီးနေခြင်းအား ၂၀၂၄ခုနှစ် အောက်တိုဘာလမှစ၍ ပြုလုပ်နေခြင်းဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီလအတွင်း လွတ်ရက်စေ့ပြီးနောက် ပြန်လည်ဖမ်းဆီးကာ မည်သည့်ပုဒ်မနှင့်မျှ မစွဲဆိုထားပဲ မြို့မရဲစခန်း၌ အကျဉ်းချခံထားရသူ (၁၀)ဦးကျော်ရှိတယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ထောက်ပို့ထီထိုးခြင်းနဲ့တော်လှန်ရေးကိုဝန်းရံပေးကြဖို့လူထုကိုတိုက်တွန်း


ဇန်နဝါရီ၁၄ရက်


ထောက်ပို့ထီထိုးခြင်းနဲ့တော်လှန်ရေးကို ဝန်းရံပေးကြဖို့  ဇန်နဝါရီ၁၄ရက်မှာ kalay region support centerက တိုက်တွန်းဆိုလိုက်ပါတယ်။

"ထောက်ပို့ထီ " ရောင်းရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ တော်လှန်မိဘပြည်သူများရဲ့တော်လှန်စိတ်ကို ကောက်ရိုးမီးမဟုတ်ဘဲ အမြဲတမ်း ခင်ဗျားတို့ရဲ့စိတ်ထဲမှာ လောင်ကျွမ်းနေစေဖို့ အမြဲအမှတ်ရှိနေကြဖို့ ကိုရည်ရွယ်ပြီး ရောင်းချခြင်းဖြစ်ပါတယ်။ ရဲဘော်တစ်ယောက်သေမှ ခင်ဗျားတို့သွေးတွေ ကြွလာတာ တိုက်ပွဲတွေဖော်လို့ စခန်းတွေသိမ်းပြမှ ခင်ဗျားတို့ လှူချင်တန်းချင်စိတ်တွေ ဖြစ်လာတာဟာ တလွဲခံယူချက်ဆိုတာ သတိပေးပါရစေ။ ဒီလိုရေးလို့ လာပြီးလှူရမယ်လို့ မဆိုလိုပါဘူး ခဗျာ လစဉ်၊လတိုင်း တတ်နိုင်သလောက် ထောက်ပို့ပါဝင်စေချင်တဲ့ စကားပါ။ ဒါကြောင့် " ထောက်ပို့ထီ "တစ်စောင်မှ ၂ထောင်ကျပ် ထိုးပြီးပဲ ဖြစ်ဖြစ် ရှေ့ဆက်လုပ်ဆောင်နေတဲ့ စီမံချက်တွေအတွက် တတ်နိုင်သလောက် လတိုင်းပါဝင်ထောက်ပို့ပေးစေချင်ပါတယ်"လို့ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ပြည်သူတွေအနေနဲ့  ထောက်ပို့ထီ တစ်စောင်ထိုးတိုင်းစစ်အာဏာရှင်ကို တော်လှန်နေသေးတယ် ဆိုတဲ့ အသိစိတ်ဝင်မှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မလေးရှားကို တရားမဝင်လာရောက်တဲ့ မြန်မာနိုင်ငံသား (၃၀)ကျော် ဖမ်းဆီးခံရ 


ဇန်နဝါရီ(၁၄)ရက်


မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၁ ဦးကို မလေးရှားစစ်တပ်က ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ထိုင်း-မလေးရှား နယ်စပ်အနီး ဖမ်းဆီးခဲ့တယ်လို့ မလေးရှားအခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြကြောင်းကို RFA သတင်းမှာ ဖေါ်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ကလေး သုံးဦး၊ အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၁၄ ဦး ပါဝင်ပြီး လက်ရှိမှာ သူတို့ ဘူကစ်ကဘုဟမ်တမ်မြို့ (Bukit Kayu Hitam) က ရဲစခန်းကို လွှဲပြောင်းထားတယ်လို့ ဆိုပါတယ်။ 

မလေးရှားနိုင်ငံမှာ ဖမ်းဆီးမှုတွေ နေ့စဉ်ရှိနေတာကြောင့် သတိထား နေထိုင်နေရတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောဆိုထားကြောင်းတွေ့ရပါတယ်။

ဖမ်းတာက နေ့တိုင်းကြားနေရတယ်။ နေရာတိုင်းလိုလိုမှာ ဖမ်းတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို  မြန်မာကို ပြန်ပို့ခံရတာတွေလည်းရှိတယ်။ ဖမ်းဆီးတာများတော့ အပြင်တွေ သိပ်မထွက်ဘဲ အချိန်ပြည့် သတိထားပြီး နေနေရတယ်။ အောက်လမ်းက လာတဲ့လမ်းမှာလည်း အခုနောက်ပိုင်း ဖမ်းဆီးခံရတာတွေ ခဏခဏကြားနေရတာဇန်နဝါရီလ ရက်နေ့ကလည်း ထိုင်းနိုင်ငံကနေ တရားမဝင် လာရောက်တဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို မလေးရှားအဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်ကျခံပြီဖြစ်တဲ့ မြန်မာနိုင်ငံသား ၁၀၂ ဦးကိုလည်း မြန်မာနိုင်ကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဇန်နဝါရီလ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့  ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလအထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား ၁၈၀၀၀၀ နီးပါး ရှိတယ်လို့ ဖေါ်ပြထားပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်  နွေဦးရွှေဝါနှင်မင်းသီဟန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ⁨⁨ မိုးဗြဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေ 


ဇန်နဝါရီ(၁၄)ရက်


ယနေ့(ဇန်နဝါရီ ၁၄ရက်)နံနက်ပိုင်းကစ၍ နေ့လည်ပိုင်းအထိ မိုးဗြဲမြို့သို့ ပစ်မှတ်ထားကာ စစ်ကောင်စီက လက်နက်ကြီးဖြင့် တိုက်ခိုက်နေသည်ဟု People's Spring မှာဖေါ်ပြထားပါတယ်။

ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း Mobye Rescue Team(MRT)က ထုတ်ပြန်ထားကြောင်းနဲ့  မိုးဗြဲ - လွိုင်ကော်လမ်းမကြီးကို အသုံးပြုသွားလာနေကြသည့် ပြည်သူများအနေဖြင့် အထူးသတိပြုရန်လည်း MRTက အသိပေးထုတ်ပြန်ထားပါတယ်။

"မနက် နာရီလောက်ကတည်းက လွိုင်ကော်ကနေ လက်နက်ကြီး စပစ်တာ။အခုနေ့လည်ပိုင်း(၁၁ နာရီခွဲ)အထိ မိုးဗြဲဘက်ကို ပစ်နေတာလို့ သိရတယ်။တိုက်ပွဲတော့ ဖြစ်သံမကြားရဘူး"ဟု ကရင်နီဒေသခံက လူထုနွေဦးသို့ ပြောသည်။စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများသည် (ဇန်နဝါရီ ၁၅ရက်)တွင်ပြုလုပ်မည့် ကယားဒေး ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခြောက်လှန့်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်းလည်း ကရင်နီစစ်ဘက်သတင်ရင်းမြစ်က ခန့်မှန်းသည်။ဒီမနက် အစောပိုင်း (နံနက် နာရီခန့်) ဖယ်ခုံအရှေ့ဘက်ခြမ်းကို လေယာဥ်နဲ့ဗုံးကြဲတာရှိတယ်။အခု လွိုင်ကော်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေတာတွေက ခြောက် လှန့်တာလို့ ယူဆတယ်"ဟု ၎င်းက ပြောသည်။

ကရင်နီပြည်နယ်သို့ ဝင်ပေါက်ဖြစ်သည့် မိုးဗြဲမြို့ပြန်ရရေး စစ်ကောင်စီ၏ ထိုးစစ်မှာ နှစ်လခန့် ရှိနေပြီး ကရင်နီတပ်ပေါင်းစုက ခုခံနေတယ်လို့သိရပါတယ်။


========================


🚩🚩 ⁩⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်ရှောင်ပြည်သူများကို  ဒုတိယအကြိမ် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆန်အိတ်(၁၀၀)  ထပ်မံ ထောက်ပံ့မှု ပြုလုပ်ခဲ့


ဇန်နဝါရီ၁၄ရက်


စစ်ရှောင်ပြည်သူများကို  ဒုတိယအကြိမ် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆန်အိတ်(၁၀၀)  ထပ်မံ ထောက်ပံ့မှု ပြုလုပ်ခဲ့တယ်လို့ ဇန်နဝါရီ၁၄ရက်မှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေးဆိုပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပွါးခဲ့သော ကျောက်နီမော်ကျေးရွာတိုက်ပွဲရိုက်ခတ်မှုကြောင့် အနီးနားကျေးရွာများအပါအဝင် ရွှေ့ပြောင်းခဲ့သော  စစ်ရှောင်ပြည်သူများကို  ဒုတိယအကြိမ်ဖြင့် မိမိတို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆန်အိပ် (၁၀၀) အိပ် ထပ်မံ ထောက်ပံ့မှု ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

လောင်းလုံးမြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများစွာ လိုအပ်လျှက်ရှိပြီး မိဘပြည်သူတို့အနေဖြင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတဆင့်  ဆက်သွယ်၍ ကူညီထောက်ပံ့နိုင်ကြောင်းသိရပါတယ်။


========================


🚩🚩 ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်သားအဖြစ် ဝင်ရောက် တာဝန်ထမ်းရွက်လိုသူများအား ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲ  မှ ကြိုဆိုဖိတ်ခေါ်


ဇန်နဝါရီ၁၄ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်သားအဖြစ် ဝင်ရောက်တာဝန်ထမ်းရွက်လိုသူများအား ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲမှ ဇန်နဝါရီ၁၄ရက်မှာ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲမှ ကြိုဆိုဖိတ်ခေါ်ထားပါတယ်။

"ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်သားအဖြစ် ဝင်ရောက် တာဝန်ထမ်းရွက်လိုသူများအား ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲ  မှ ကြိုဆိုဖိတ်ခေါ်ပါတယ်။ စိတ်ပါဝင်စားပါက သတ်မှတ်ချက်များကို ဖတ်ရှု့ပြီး မက်စင်ဂျာသို့ ဆက်သွယ်နိုင်ပါတယ်"လို့ဆိုပါတယ်။

"ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်သားအဖြစ် ဝင်ရောက် တာဝန်ထမ်းရွက်လိုသူများအား ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲသို့ဝင်ရောက်လိုပါကကျန်းမာရေးကောင်းမွန်သူ၊ပင်ပန်းဆင်းရဲမှုဒဏ်ခံနိုင်သူအသက် ၁၈ နှစ် မှ ၃၅ နှစ်အတွင်းအမျိုးသားဖြစ်ရမည်ဖြစ်ပြီးအာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးသည့်အထိ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ဆိုပါတယ်။


========================


🚩🚩 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၁၆၀) ဦး ရှိခဲ့ပြီဖြစ်


ဇန်နဝါရီလ ၁၃ ရက်


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၁၆၀) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၂၀၂) ဦးရှိပြီး ထိုအထဲမှ (၂၁၄၉၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၉၆၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက်  နွေဦးရွှေဝါနှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment