6th Jan 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ သတင်းတွေ ဖတ်ကြရင် ခေါင်းစဉ်ပဲ ဖတ်ပြီး ရန်သူ့စိတ်ကြိုက်အကွက်ထဲ ဝင်မသွားကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် သတိပေး

📌၂။ အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းမှ ကြိုတင်ကာကွယ်ရန်နည်းလမ်းများ ထုတ်ပြန်

📌၃။ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လွတ်မြောက်စေဖို့ ဆုတောင်းပေးသူများအား ကျေးဇူးတင်စကား ဆို

📌၄။ အထူးဒေသ() ပထမကြိမ် ပြန်လည်ထူထောင်ရေးနေ့ နှစ်ပတ်လည်နေ့တွင် အထူးဒေသ အုပ်ချုပ်ရေးကော်မတီ၊ မဟာမိတ်တပ်ဖွဲ့၏ ဌာနအသီးသီးနှင့်စာသင်ကျောင်းတို့မှ အလံတင်အခမ်းအနား ကျင်းပ

📌၅။ တအာင်းအနုပညာ အကယ်ဒမီကျောင်း အပတ်စဉ် ခေါ်ယူ

📌၆။ စလင်း .က. က ထိန်းသိမ်းထားတဲ့ စစ်တပ် မိသားစုဝင်များနှင့် ဆက်နွယ်သူ ဦးကို လူသားချင်း စာနာမှုဖြင့် ပြန်လွှတ်ပေး

📌၇။ သင်္ဃန်းကျွန်းမြို့နယ်  IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာအဆီ စုပ်ထုတ်ရန်သွားသည့် မဇာခြည်ဦး သေဆုံးသွားပြီး အလောင်းစွန့်ပစ်ခံရ ဆေးခန်းပိုင်ရှင်အမျိုးသမီး ထွက်ပြေးနေ

📌၈။ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင်အမှန်တကယ် လွတ်လပ်ဖို့  စုပေါင်းအားနဲ့ တိုက်ယူစိူ့ဆိုသည့် ခေါင်းစဉ်ဖြင့် သပိတ်ပြုလုပ်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တနင်္သာရီတွင် စစ်ကောင်စီ ဆန်အိတ် ,၀၀၀ ကျော် ကေအဲန်ယူ သိမ်းဆည်းရမိ

🚩 ၂။ ရခိုင်မှ စစ်ရှုံး၍ ပြန်လာပြီး ရှိမ်းမကား ပို့ခံရတဲ့ တပ်မ (၃၃)စစ်ကြောင်း အုန်းနှဲဘုတ်ရွာတိုက်ပွဲမှာ သေဆုံးထိခိုက်သူများပြား၊ ၁၂ ဦးခန့် အလံဖြူထောင်

🚩 ၃။ အနန်းကွင်းဗျူဟာကို စစ်ကူလာတဲ့ စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရပြီး နောက်ပြန်ဆုတ်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

🚩 ၄။ ကပစ (၁၄) က ထွက်လာတဲ့ စစ်ကား စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဦးသေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၅။ တောင်သာမှာ အင်ဂျင်တပ် လေထီး စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ဦး သေဆုံး

🚩 ၆။ ကလေးမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး ဦးသေဆုံး

🚩 ၇။ မိမိကိုယ်ကျိုးအတွက် လက်နက်ခဲယမ်းများ ရောင်းချခြင်းကို တားမြစ်ကြောင်း မြိုင် ပကဖ ထုတ်ပြန်

🚩 ၈။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (၇၈၀၅) တပ်ရင်း တပ်ခွဲ က ရဲဘော်သစ်များ ခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ သတင်းတွေ ဖတ်ကြရင် ခေါင်းစဉ်ပဲ ဖတ်ပြီး ရန်သူ့စိတ်ကြိုက်အကွက်ထဲ ဝင်မသွားကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် သတိပေး


ဇန်နဝါရီ

Radio NUG

သတင်းတွေ ဖတ်ကြရင် ခေါင်းစဉ်ပဲ ဖတ်ပြီး ရန်သူ့စိတ်ကြိုက်အကွက်ထဲ ဝင်မသွားကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က လူမှုကွန်ယက်စာမျက်နှာမှာ သတိပေး ပြောကြားထားပါတယ်။


"အဘဦးဝင်းတင် ပြောတဲ့ လမ်းတူရင် လူချင်းဆုံကြလိမ့်မယ် ဆိုတာရယ်၊ နိုင်ငံရေးမှာ မိတ်ဘက်ပဋိပက္ခလား ရန်ဘက်ပဋိပက္ခလား ကွဲဖို့ လိုတာရယ်၊ စာတွေ သတင်းတွေ ဖတ်ကြရင် ခေါင်းစဉ်ပဲ ဖတ်ပြီး - သတင်းခေါင်းစဉ်နောက်ကို လိုက်ကြတာရယ်၊ ရက်စက် ကြမ်းကြုပ် ဖိနှိပ်လွန်းတဲ့ စကစကို မုန်းတဲ့ အမုန်းရယ်ကို သုံးပြီး ဒီမိုကရက်တစ် အင်အားစုတွေ နွေဦးတော်လှန်ရေးရဲ့ (visible/ invisible ရှိနေတဲ့) စုစည်းအားတွေကို ပြိုကွဲတဲ့အထိ မဖြစ်စေဖို့ တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်ချင်တယ် ဆိုရင် သတိကြီးစွာ ထားသင့်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။


စစ်အုပ်စုအကြမ်းဖက်ဖိနှိပ်မှုအောက်မှာ သတင်းအချက်အလက် အကန့်အသတ်နဲ့သာ သိနိုင် ပြောနိုင်တဲ့ အခြေအနေတွေမှာ ဖြစ်ရပ်တွေရဲ့ သတင်းအချက်အလက်နဲ့ context ကို အပြည့်အစုံ analysis မလုပ်ထားရသေးဘဲ သတင်းခေါင်းစဉ်မျှ အင်တာဗျူး တစ်ခု နားထောင်ယုံမျှနဲ့ ဝေဖန် စောကြောမှုပြုရတာဟာ  မျက်မမြင် ဆင်စမ်းတဲ့ ပုံပြင်လို ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။


တဖက်မှာလည်း လူထုရဲ့ emotion ကိုသုံးပြီး တော်လှန်ရေး အင်အားစုတွေ အချင်းချင်းကြားမှာ ယုံကြည်မှု ပြိုကွဲအောင် စကစ အပေါ် ရှိနေတဲ့ အမုန်းကို ကိုယ့် အချင်းချင်းအပေါ်  လျှံကျ ဖိတ်စင်အောင် ဖြစ်စေတဲ့ ကိုယ်၊ နှုတ် အမူအကျင့်တွေကို ထိမ်းကြဖို့ တာဝန်ရှိပြီး လူထုရဲ့ emotion တွေ ကို လမ်းကြောင်းလွှဲ အသုံးချဖို့အတွက် ဘုံရန်သူ စကစ က အမြဲ အဆင်သင့် ဖြစ်နေပြီးသား ဖြစ်တယ်လို့ အသိပေးထားပါတယ်။


ပြည်သူ့ တော်လှန်ရေး ဖြစ်တဲ့အတွက် စကစ ပြုတ်ကျပြီးရင် တော်လှန်ရေး ပြီးပြီလို့ ယူဆထားကြတဲ့ သူက တော်လှန်ရေးမှာ အများစု ဖြစ်ကြတာ ငြင်းမရပါဘူးလို့ ဝန်ကြီးက ထောက်ပြထားပါတယ်။


အနာဂတ်ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ဖို့ ဆိုတဲ့ ( Nation Building- State Building) ဆိုတဲ့ အဆင့်မှာ လွတ်လပ်ရေး ရပြီးကတည်းက မအောင်မြင်ခဲ့တဲ့ weak State ကနေ Fail State ကြင်အင်လက္ခဏာတွေ နဲ့ ပြည့်ဝနေတဲ့ တိုင်းပြည်အတွင်းက အယူအဆ သဘောထား မတူကြတဲ့ သူတွေကြားမှာ common vision ကို ရှာဖွေ တည်ဆောက်နေကြတဲ့ အချိန်မှာ အယူအဆနဲ့ နည်းနာ မတူရင်တောင် ( နှုန်းစံတွေ တူကြတဲ့ vision တူကြတဲ့) မိတ်ဖက်ကြားက ပဋိပက္ခ အသွင်ကို ရန်ဖက်အသွင်ပြောင်းတဲ့အထိ တိုက်ခိုက်တာတွေဟာ ရန်သူ့ အကြိုက်ပါပဲ လို့ သတိပေးထားပါတယ်။


ရန်သူ့စိတ်ကြိုက်အကွက်ထဲ ဝင်မသွားကြဖို့နဲ့ လမ်းတူလို့ လူချင်းဆုံကြမယ့် တစ်နေ့မှာမှ အမှန်တရားကို သိရမယ့် အခြေအနေတွေ ဖြစ်ရပ်တွေဟာ အပြောကျယ်လှတဲ့ နွေဦးတော်လှန်ရေး ဖြတ်သန်းမှုမှာ မြောက်များစွာ ရှိနေတယ်ဆိုတဲ့ အချက်ကိုလည်း မမေ့မလျော့သတိချပ်ဖို့ ဆိုထားပါတယ်။


၂၀၂၅ ခုနှစ်ဟာ - စကစ ရဲ့ နောက်ဆုံးနေ့ရက်များကို ရေတွက်နေရတဲ့ နှစ်တစ်နှစ်ဖြစ်သည့်အားလျှော်စွာ စပ်ကူးမတ်ကူး ကာလတွေမှာ ဖြစ်တတ်တဲ့ အခက်အခဲ စိမ်ခေါ်မှုတွေကို သမိုင်းသင်ခန်းစာယူ ပြီး ကျော်လွှားဖြတ်သန်းနိုင်မှသာ - ရင်နာစရာ ဝမ်းနည်းဖွယ်ရာ နိုင်ငံရေး အဖြစ်ဆိုးတွေ ကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ဝန်ကြီးက ဆိုထားပါတယ်။


========================


📌📌၂။ အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းမှ ကြိုတင်ကာကွယ်ရန်နည်းလမ်းများ ထုတ်ပြန်


ဇန်နဝါရီ   

Radio NUG 


အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာ ဝန်ကြီးဌာနနှင့် PDSF တို့ ပူးပေါင်းထုတ်ပြန်သည့် အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေရှောင်ရှားနိုင်ရေး အကြုံပြုချက် (၁၀) ချက်ပါရှိသည့် "အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းမှ ကြိုတင်ကာကွယ်ရန်နည်းလမ်းများ" ကို မိဘပြည်သူများနှင့် လူငယ်လူရွယ်များအတွက် ကြိုတင်သိရှိဆောင်ရွက်နိုင်ရန် အတွက် ထုတ်ပြန်ထားပါတယ်။

အဆိုပါထုတ်ပြန်ချက်တွင်

၁။ မိမိနေရပ်၊ အလုပ်နေရာနှင့် အသုံးပြုသော လမ်းခရီးများ၌ အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းနှင့် ပတ်သက်၍ လွတ်ကင်းရန်အတွက် ကြိုတင်သတင်းစုဆောင်းပြီး သွားလာနေထိုင်ပါ။ မိမိတို့အလုပ် အသွားအပြန်အတွက် အတူတကွ စုပေါင်းသွားလာပါ။


၂။ ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များ၊ ခိုင်လုံသော နေရာများမှ တိကျသော သတင်းများ ဖြစ်ပါစေ။


၃။ အကယ်၍ ၎င်းတို့ လာရောက်ပြီး အတင်းအဓမ္မစစ်သားစုဆောင်းမည်ဆိုပါက လွတ်ကင်းမည့် ဆွေမျိုးများ၊ မိတ်ဆွေများ နေရာသို့လည်းကောင်း၊  အမျိုးသားညီညွတ်ရေးအစိုးရနှင့် နွေဦးတော်လှန်ရေးအဖွဲ့အစည်းများမှ လာရောက်ခိုလှုံနိုင်ရန် ဖိတ်ခေါ်ထားသော လုံခြုံစိတ်ချရာနေရာသို့ စုံစမ်းမေးမြန်း၍ လည်းကောင်း ကြိုတင်ရှောင်တိမ်းပါ။


၄။ အကြမ်းစစ်တပ်၏ အတင်းအဓမ္မစစ်သားစုဆောင်းခြင်းနှင့် ပတ်သက်၍ လုံခြုံ‌သော နေရာ၌ ဆန္ဒပြခြင်း၊ ကန့်ကွက်ရှုတ်ချခြင်းနှင့် အခြား‌သော ဆန့်ကျင်မှုများတွင် မိမိကိုယ်တိုင်ပါဝင်၍ မိတ်ဆွေများကိုလည်း စည်းရုံးပါဝင်စေခြင်းတို့ကို လုပ်ဆောင်ပါ။


၅။ စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းနေသော သတင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အခြားသော သက်သေများကို လူမှုကွန်ယက်နှင့် အခြားသော ဖြန့်ဝေခြင်း နည်းလမ်းများကို သုံး၍ နိုင်ငံတကာနှင့် မိမိတို့နိုင်ငံအတွင်း သိရှိကြစေရန် ဆောင်ရွက်ပါ။


၆။ ဥပဒေရေးရာနှင့် အကြံပေးမှုများ ကူညီပေးနိုင်သည့် အဖွဲ့အစည်းများသို့ ဆက်သွယ်အကြောင်းကြားပါ။


၇။ အကြမ်းဖက်စစ်ကောင်၏ ယခုလုပ်ရပ်နှင့်ပတ်သက်၍ ယုံကြည်စိတ်ချရသော ပြည်သူ့သတင်းမီဒီယာများ၊ လူမှုကွန်ရက်များ၊ လူမှုအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် နွေဦးတော်လှန်ရေးအဖွဲ့အစည်းများထံမှ ကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့် လွတ်မြောက်ရန် နည်းလမ်းများကို ရယူပါ။


စစ်မှုထမ်း ရှောင်ရှားရန် အတွက် အကြံပြုချက်များ ရယူရန် telegram channel များသို့လည်း ဆက်သွယ် စုံစမ်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 


========================


📌📌၃။ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လွတ်မြောက်စေဖို့ ဆုတောင်းပေးသူများအား ကျေးဇူးတင်စကား ဆို


ဇန်နဝါရီ  

Radio NUG 


လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လွတ်မြောက်စေဖို့ ဆုတောင်းပေးသူများအား ကိုထိန်လင်းမှ ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။


မေမေ လွတ်မြောက်ရေးအတွက် ဆုတောင်းပေးမှုတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း သူမအတွက် တူညီသော မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်ထားပြီး၊ အားလုံးရဲ့ အတွေးထဲမှာ သူမကို သိမ်းထားနေတယ်ဆိုတာ သိရလို့ ခွန်အားဖြစ်မိတယ်လို့ ဆိုထားပါတယ်။


လက်မလျော့ပါနဲ့၊ ဆက်ပြီး မျှော်လင့် ဆုတောင်းပေးကြတာပေါ့၊ ကျေးဇူးတင်ပါတယ်လို့ ထပ်လောင်း ပြောဆိုထားပါတယ်။


========================


📌📌၄။ အထူးဒေသ() ပထမကြိမ် ပြန်လည်ထူထောင်ရေးနေ့ နှစ်ပတ်လည်နေ့တွင် အထူးဒေသ အုပ်ချုပ်ရေးကော်မတီ၊ မဟာမိတ်တပ်ဖွဲ့၏ ဌာနအသီးသီးနှင့်စာသင်ကျောင်းတို့မှ အလံတင်အခမ်းအနား ကျင်းပ


ဇန်နဝါရီ  

Radio NUG 


ဇန်နဝါရီလ ရက်နေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ() ပထမကြိမ် ပြန်လည်ထူထောင်ရေးနေ့ နှစ်ပတ်လည်နေ့ဖြစ်ပြီး  MNTJPဗဟိုကော်မတီ၏ ဦးဆောင်မှုနှင့် ညွှန်ကြားချက်အရ အထူးဒေသ၏မြို့တော် လောက်ကိုင်မြို့ အုပ်ချုပ်ရေးကော်မတီ မဟာမိတ်တပ်ဖွဲ့၏ ဌာနအသီးသီးနှင့် စာသင်ကျောင်းများတွင် အလံတင်ခြင်းအခမ်းအနားများကို ကျင်းပကြကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။


ပြန်လည်ထူထောင်ရေးလမ်းစဉ်ကို ဂုဏ်ပြုရန်၊ တော်လှန်ရေး အာဇာနည်များကို ဂုဏ်ပြုကာ တော်လှန်ရေး စိတ်ဓာတ်ကို ဖြန့်ကျက်ရန် ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။


 ဒေသသီချင်းဖြင့် အလံတင်ခဲ့ပြီး အရာရှိများနှင့် စစ်သည်များအပြင် ကျောင်းဆရာများနှင့် ကျောင်းသားများသည် အထူးဒေသ() ၁၄ နှစ်ကြာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို ရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


မြို့တော် လောက်ကိုင်အပြင် ရှေ့တန်းဒေသများတွင် တပ်စွဲထားသော မဟာမိတ်တိုက်ခိုက်ရေးတပ်ဖွဲ့များနှင့် အခြားခရိုင်/ဒေသများတွင်လည်း အလံတင်ခြင်းအခမ်းအနားကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။


========================


📌📌၅။ တအာင်းအနုပညာ အကယ်ဒမီကျောင်း အပတ်စဉ် ခေါ်ယူ


ဇန်နဝါရီ  

Radio NUG 


တအာင်းဂီတနဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ တတ်သိပညာရှင်တို့ ပူးပေါင်းပြီး ဖွင့်လှစ်နေတဲ့ တအာင်းအနုပညာ အကယ်ဒမီကျောင်း- TAA အပတ်စဉ် အတွက် စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။


သင်တန်း နှစ်ကြာ တက်ရောက်ရမှာ ဖြစ်ပြီး ကျောင်းသူ ကျောင်းသား ၃ဝ ဦးကို လက်ခံသင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


တက်ရောက်လိုသူတွေအနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထားကာ လျှောက်ထားရမှာဖြစ်ပြီး အနုပညာဆိုင်ရာ ဒီပလိုမာဘွဲ့ ပေးအပ်မယ်လို့ ဖော်ပြထားပါတယ်။


အပတ်စဉ် ကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသူကျောင်းသား ၃ဝ ဦး တက်ရောက်သင်ကြားနေပါတယ်။


========================


📌📌၆။ စလင်း .က. က ထိန်းသိမ်းထားတဲ့ စစ်တပ် မိသားစုဝင်များနှင့် ဆက်နွယ်သူ ဦးကို လူသားချင်း စာနာမှုဖြင့် ပြန်လွှတ်ပေး


ဇန်နဝါရီလ ရက်၊ 

Radio NUG


မကွေးတိုင်း၊ စလင်း မြို့နယ်တွင် ပကဖ က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ စစ်တပ် မိသားစုဝင်များနှင့် ပတ်သက် ဆက်နွယ်သူ ဦးကို လူသားချင်း စာနာထောက်ထားကာ ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့တယ်လို့ စလင်း ပကဖ က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီ ရက်နေ့မှာ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်း အချုပ်ချထားတဲ့ စစ်တပ် မိသားစုဝင်များ၊ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်မှု ရှိသူ ဦးကို စစ်ဆေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ခံဝန် ကတိများဖြင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။


၎င်း စစ်တပ်မိသားစုဝင်များနဲ့ ပတ်သက်ဆက်နွယ်သူများကို စလင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ဆေးရေး ဂိတ်များတွင် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဖမ်းဆီးရမိ ခဲ့တာဖြစ်ပါတယ်။


========================


📌📌၇။ သင်္ဃန်းကျွန်းမြို့နယ်  IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာအဆီ စုပ်ထုတ်ရန်သွားသည့် မဇာခြည်ဦး သေဆုံးသွားပြီး အလောင်းစွန့်ပစ်ခံရ ဆေးခန်းပိုင်ရှင်အမျိုးသမီး ထွက်ပြေးနေ


ဇန်နဝါရီ  

Radio NUG 


ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း၊ သဇင်မင်းရိပ်သာ၊ အမှတ် F-102 တွင် ဖွင့်လှစ်ထားသော လိုင်စင်မဲ့ IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းသို့ ကိုယ်ခန္ဓာအဆီစုပ်ထုတ်ရန် မဇာခြည်ဦး သွားရောက်ခဲ့ကာ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ရက်အကြာ ဇန်နဝါရီလ ရက်နေ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလောင်းပြန်လည် ရရှိခဲ့တယ်လို့ သိရပါတယ်။


ဆေးခန်းတွင် မေ့ဆေးအပေးလွန်ပြီး သေဆုံးခဲ့ကာ အလောင်းစွန့်ပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။


ယခုအခါ IRIS Beauty Clinic ပိုင်ရှင် လင်မယားသည်  သင်္ဃန်းကျွန်းရှိ ငှားရမ်းထားသော တိုက်ခန်းကို ပြန်လည် အပ်နှံပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။


========================


📌📌၈။ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင်အမှန်တကယ် လွတ်လပ်ဖို့  စုပေါင်းအားနဲ့ တိုက်ယူစိူ့ဆိုသည့် ခေါင်းစဉ်ဖြင့် သပိတ်ပြုလုပ်


ဇန်နဝါရီ  

Radio NUG 


အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee - Northern California ဦးဆောင်၍ နွေဦးတော်လှန်ရေး၏ အရေးတကြီးလိုအပ်နေသောအမှန်တကယ် လွတ်လပ်ဖို့  စုပေါင်းအားနဲ့ တိုက်ယူစို့ဆိုသည့် ခေါင်းစဉ်ဖြင့် သပိတ်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါ မြေပြင်လူထုသပိတ်တိုက်ပွဲကို ၁၄၈ ကြိမ်မြောက်အဖြစ် ဇန်နဝါရီလ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး  နွေဦးတော်လှန်ရေး အင်အားစုများ၊ ထောက်ပို့ပြည်သူများနှင့် ကျောင်းသားအင်အားစုများက အတူတကွ ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ တနင်္သာရီတွင် စစ်ကောင်စီ ဆန်အိတ် ,၀၀၀ ကျော် ကေအဲန်ယူ သိမ်းဆည်းရမိ


ဇန်နဝါရီ  

Radio NUG 


တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်ရိက္ခာများ တင်ဆောင်လာသော စက်လှေတစ်စင်းပေါ်မှ ဆန်အိတ်ပေါင်း ,၀၀၀ ကျော်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ က သိမ်းဆည်းရမိသည်ဟု ကရင်ဘာသာဖြင့် ရေးသားနေသော ကွယ်ကလူသတင်းတွင် ဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်ဖွဲ့အတွက် ရိက္ခာများတင်ဆောင်လာသော မြတ်သီရိအောင် အမည်ရ စက်လှေကြီးတစ်စင်းကို  ဇန်နဝါရီလ ရက်နေ့က ပင်လယ်ကမ်းစပ်တစ်နေရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၁)က ဖမ်းဆီးရမိခဲ့ရာ စက်လှေပေါ်မှ စစ်ကောင်စီတပ် ဆန်အိတ် စုစုပေါင်း ,၈၅၀ အိတ်နှင့် အခြားရိက္ခာပစ္စည်းများကို ကေအဲန်ယူက သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဖမ်းဆီးရမိသည့် စက်လှေမှာ ရွှေဂဲညိုကျေးရွာနေ ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင် ဦးရှိန်ညွန့် နှင့် ပတ်သက်ဆက်နွှယ်မှုရှိတယ်လို့လည်း ကေအဲန်ယူက ပြောကြားထားပါတယ်။


========================


🚩🚩 ၂။ ရခိုင်မှ စစ်ရှုံး၍ ပြန်လာပြီး ရှိမ်းမကား ပို့ခံရတဲ့ တပ်မ (၃၃)စစ်ကြောင်း အုန်းနှဲဘုတ်ရွာတိုက်ပွဲမှာ သေဆုံးထိခိုက်သူများပြား၊ ၁၂ ဦးခန့် အလံဖြူထောင်


ဇန်နဝါရီ  

Radio NUG 


ဝက်လက်မြို့နယ်၊ အရှေ့တောင်ဘက် အုန်းနှဲဘုတ်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်မ ၃၃ စစ်ကြောင်းဟာ ဆယ်နဲ့ချီ သေဆုံးခဲ့ပြီး စစ်သား  ၁၂ ဦးခန့် ဟာ PDF တွေထံမှာ အလံဖြူထောင် လက်နက်ချခဲ့တယ်လို့ လူထုနွေဦးမှာ ဖော်ပြထားပါတယ်။


ဇန်နဝါရီလ ရက်နေ့တွင် စစ်ကိုင်း တပ်မ (၃၃) ရှိမ်းမကားရွာ ရဲစခန်းကို အထိုင်ချဖို့အတွက် ဖောကား ၃စီးနဲ့ ဆားတောင်ကျေးရွာဘက်ကို ဝင်လာပြီး ရွာနန်းရွာက ဒေသခံ၄ ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးကာ စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။


အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ရက်မှာ အုန်းနှဲဘုတ်ကျေးရွာအတွင်း ဝင်ရောက်လာပြီး ရွာပတ်လည်က နေအိမ်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲခဲ့ကာ ဓါးစာခံ ဦးကို ညပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။


ဇန်နဝါရီ ရက် မနက် ၅နာရီခန့်တွင် အဲဒီကျေးရွာကို PDFတပ်ရင်းများနဲ့ အညာတော်လှန်ရေးအင်အားစုတွေ စုပေါင်းတိုက်ခဲ့တဲ့အတွက် တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။


နေ့လယ် ၁နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးသူတွေကို နေအိမ်တွေထဲထည့် မီးရှို့ပြီး အလောင်းတွေ ဖျောက်ခဲ့တယ်လို့ PDFတချို့က ပြောပါတယ်။


အင်အား ၁၂၀ ခန့် ရှိတဲ့ စစ်ကြောင်း ပြန်ထွက်သွားချိန်မှာ ၄၀ ခန့်သာ ထွက်သွားနိုင်ပြီး အလံဖြူပြကာ အလင်းဝင်လာသူ ၁၂ ဦး ခန့်ရှိတယ်လို့ သိရပါတယ်။


အလံဖြူထောင်ပြီး အလင်းဝင်လာတဲ့သူတွေရဲ့ ပြောကြားချက်အရ ရခိုင်ကနေ စစ်ရှုံးပြီး ပြန်လာသူတွေဖြစ်ကာ ရှိမ်းမကားကျေးရွာ ရဲစခန်းကို အထိုင်ချဖို့ တာဝန်နဲ့သွားရသူတွေဖြစ်တယ်လို့ သိရပါတယ်။


စစ်ကိုင်းတပ်မ ၃၃ဟာ စစ်ကောင်စီရဲ့ အကြမ်းဆုံးတပ်မလို့ သတ်မှတ်ခံထားရပြီး တပ်မမှူးတွေ လက်နက်မချရသေးတဲ့ တပ်မ ၃ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တပ်ရင်းမှူးတွေ လက်နက်ချရသေးတဲ့ ကျန်တပ်ရင်း နှစ်ခုက အင်းမမြို့အခြေစိုက် တပ်မ ၆၆ နဲ့ ပဲခူးအခြေစိုက်တပ်မ ၇၇တို့ ဖြစ်ပါတယ်


========================


🚩🚩 ၃။ အနန်းကွင်းဗျူဟာကို စစ်ကူလာတဲ့ စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရပြီး နောက်ပြန်ဆုတ်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ဇန်နဝါရီလ ရက်၊ 

Radio NUG


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ အနန်းကွင်း ကျေးရွာရှိ စစ်ကောင်စီရဲ့ အနန်းကွင်း ဗျူဟာ စခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ နောက်ပြန်ဆုတ်သွားတယ်လို့ နဂါးနီ စစ်ကြောင်းက သတင်း ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၃၀ ရက်နေ့က အနန်းကွင်း ဗျူဟာကို စစ်ကူလာတဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ () ခလရ () ဗျူဟာမှူး ဦးစီးတဲ့ အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ နေ့လည် နာရီခန့်မှာ တိုက်ပွဲ စတင်ဖြစ်ပွား ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲ စတင်ဖြစ်ပွားပြီး နောက်တနေ့ ညနေ နာရီ ခန့်မှာ စစ်ကောင်စီ စစ်ကြောင်းဟာ ရှေ့တိုး မရတာကြောင့် နောက်ပြန်ဆုတ်သွား ခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ အမှတ် () တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ ၁၅၅ မမ ပစ်ကူများ၊ Jet Fighter စီးဖြင့် ကြိမ်၊ Y12 ဖြင့် ဗုံးသီးများ ကြဲချခြင်းနှင့် ဗျူဟာ စခန်းအတွင်းမှ ၈၁ မမ ပစ်ကူများ အသုံးပြုခဲ့ပါတယ်။


ထို့နောက် ဇန်နဝါရီလ ရက်နေ့ မနက်ပိုင်းမှ စပြီး တစ်နေ့လုံး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကာ Jet Fighter စီးဖြင့် ကြိမ်၊ Y12 ဖြင့် ဗုံးကြဲခြင်း၊ ၁၅၅ မမ၊ ၈၁ မမ များဖြင့် ပစ်ကူများ အဆမတန် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးကို KNLA တပ်ဖွဲ့များ၊ နဂါးနီစစ်ကြောင်း (RDC) နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တို့က ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၁၅ လက် သိမ်းဆည်းရရှိခဲ့ပြီး ၃၄ ဦးခန့် သေဆုံးကာ ၅၀ ဦး ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်း အတည်ပြုချက်အရ သိရကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ကပစ (၁၄) က ထွက်လာတဲ့ စစ်ကား စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဦးသေဆုံးပြီး ဦး ဒဏ်ရာရ


ဇန်နဝါရီလ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ငဖဲမြို့နယ်က အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ မှ စေတုတ္ထရာ မြို့နယ်ဘက်ကို ပဒါန်း - ငဖဲ - စေတုတ္ထရာ ကားလမ်းအတိုင်း ထွက်လာတဲ့ စစ်ကောင်စီ ကား စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ CDF - Asho က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ရက်‌၊ မနက် နာရီ ခွဲခန့်မှာ စစ်ကောင်စီ တပ်အင်အား ၅၀ ခန့် ပါလာတဲ့ အဆိုပါ စစ်ကား စီးကို ငဖဲမြို့နယ်၊ ညောင်ကိုင်းကျေးရွာ အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။


တိုက်ပွဲဖြစ်ပွားမှု မိနစ် ၂၀ ခန့် ကြာခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က ဦး သေဆုံးကာ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) မင်းဘူးခရိုင် အမှတ် () တပ်ရင်းနှင့် ငဖဲ မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ထို့အပြင် ရခိုင်ပြည်၊ အမ်းမြို့နယ်ဘက်က ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီ တပ်သားများကို ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ ဇန်နဝါရီ ရက်နဲ့ ရက်နေ့အတွင်း စစ်သုံ့ပန်း ၁၁ ဦးကို ဖမ်းဆီးရရှိခဲ့ကာ လက်နက်ငယ် လက် အပါအဝင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိ ခဲ့တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ တောင်သာမှာ အင်ဂျင်တပ် လေထီး စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ဦး သေဆုံး


ဇန်နဝါရီလ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ရွှေစည်ကြီး ကျေးရွာကို စစ်ကောင်စီက အင်ဂျင်တပ် လေထီး စီးဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အမျိုးသမီး ဦး သေဆုံးကာ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လူထု လှုပ်ရှားမှုကော်မတီ တောင်သာက သတင်းထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ရက်နေ့ မနက် နာရီ ၂၀ မိနစ်ခန့်မှာ မိတ္ထီလာဘက်ကနေ တက်လာတဲ့ အင်ဂျင်တပ် လေထီး စီးဖြင့် ရွှေစည်ကြီးရွာက ပြည်သူ့ နေအိမ်တွေပေါ်ကို ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့တာပါ။


ဗုံးကြဲ တိုက်ခိုက်မှုအတွင်း နေအိမ်တစ်လုံးရှိ အသက် ၅၈ နှစ်အရွယ် မမြင့်သန်း ဆိုသူ သေဆုံးခဲ့ကာ အသက် ၁၂ နှစ် အရွယ်ရှိ ကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ထို့အပြင် နွား ကောင် သေဆုံးခဲ့ပြီး ကောင် ဒဏ်ရာရရှိခဲ့ပါသေးတယ်။


စစ်ကောင်စီတပ်က တောင်သာမြို့နယ်အတွင်း အင်ဂျင်စက်တပ် လေထီးများ အသုံးပြုပြီး ပြည်သူများကို ဗုံးကြဲ သတ်ဖြတ်နေတာ တတိယ အကြိမ်မြောက် ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါ အင်ဂျင်တပ် လေထီး (Paramotor) အသံ ပြင်းထန်ကျယ်လောင်စွာ ကြားရတဲ့ ပစ္စည်းကရိယာ ဖြစ်ပြီး ပြည်သူများအနေနဲ့ ကြိုတင်ရှောင်ရှားနိုင်တဲ့ အချိန်အကန့်အသတ် ရှိတဲ့အတွက် အထူး ဂရုစိုက် နေထိုင်ကြဖို့ကို တိုက်တွန်းနှိုးဆော် ထားပါတယ်။


========================


🚩🚩 ၆။ ကလေးမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီး ဦးသေဆုံး


ဇန်နဝါရီလ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်း ကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် အမျိုးသမီး ဦး သေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ဇန်နဝါရီလ ရက် မနက် နာရီမှာ ကလေးမြို့ အခြေစိုက် စစ်ကောင်စီ အမြှောက်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်ပံချောင်းရွာကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။


စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရပြီး နောက်ထပ် အရပ်သား ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။


သေဆုံးခဲ့သူဟာ အသက် ၄၇ နှစ်အရွယ် ဒေါ် ဇန်ဘွဲ့စုံ ဟု သိရပြီး သူ့မှာ အမျိုးသားနဲ့ သားသမီး လေးဦး ကျန်ရစ်ခဲ့ပါတယ်။


ဇန်နဝါရီလ ရက်နေ့ မနက် နာရီ ဝန်းကျင်ကလည်း လက်ပံချောင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် အရပ်သား နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ မိမိကိုယ်ကျိုးအတွက် လက်နက်ခဲယမ်းများ ရောင်းချခြင်းကို တားမြစ်ကြောင်း မြိုင် ပကဖ ထုတ်ပြန်


ဇန်နဝါရီလ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကိုယ်ကျိုးအတွက် အဖွဲ့အစည်းပိုင် လက်နက်၊ ခဲယမ်းများ ရောင်းချခြင်းကို အထူး တားမြစ်ချက် တစ်စောင်အား ဇန်နဝါရီလ ရက်နေ့က ထုတ်ပြန်လာပါတယ်။


တော်လှန်ရေးအတွင်း ရရှိ ပိုင်ဆိုင်ထားတဲ့ လက်နက်၊ ခဲယမ်း မီးကျောက်များဟာ ပြည်သူလူထုရဲ့ ချွေးနည်းစာမှ ဖြစ်တည်လာတာ ဖြစ်တဲ့အတွက် မိမိတို့ရဲ့ အခက်အခဲ၊ ပြဿနာများကြောင့် လက်နက်၊ ခဲယမ်းများကို ရောင်းချ သုံးစွဲခြင်းဟာ တောင်လှန်ရေးနဲ့ မလျော်ညီတဲ့ ကိစ္စများဖြစ်တယ်လို့ ဆိုပါတယ်။


အကယ်၍ ရှောင်လွှဲလို့မရတဲ့ အခက်အခဲ ပြဿနာများရှိပါက မိမိတို့ရဲ့ လက်နက်ခဲယမ်းများ ရောင်းချသုံးစွဲခြင်း မပြုဘဲ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံထံသို့လည်းကောင်း၊ နီးစပ်ရာ ဇုန်၊ တိုက်နယ်၊ ကျေးရွာတာဝန်ခံ အသီးသီးထံသို့ သွားရောက်ဆက်သွယ် ညှိနှိုင်းဆွေးနွေး အကူအညီ တောင်းခံဖို့ တိုက်တွန်းထားပါတယ်။


ထိုသို့ တော်လှန်ရေး ကာလအတွင်း ရရှိထားတဲ့ လက်နက်ခဲယမ်းများ ရောင်းချသုံးစွဲခြင်းကို တိုင်ကြား၍ဖြစ်စေ စုံစမ်းသိရှိရပါက ထိထိရောက်ရောက် မြို့နယ်အဖွဲ့ အကြီးအကဲများ၊ လူထုယုံကြည်အားထားရတဲ့ ပုဂ္ဂိုလ်များဖြင့် ချင့်ချိန်စဉ်းစား ဆုံးဖြတ်ပြီး အပြစ်ပေး အရေးယူခြင်းများ လုပ်ဆောင်မယ်လို့ အသိပေး ထားပါတယ်။


========================


🚩🚩 ၈။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (၇၈၀၅) တပ်ရင်း တပ်ခွဲ က ရဲဘော်သစ်များ ခေါ်ယူ


ဇန်နဝါရီလ ရက်၊ 

Radio NUG


ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဗျူဟာ (၂၇) အမှတ် () စစ်ဒေသခွဲ၊ (၇၈၀၅) တပ်ရင်း၊ တပ်ခွဲ () YARMA BRIGADE မှ ရဲဘော်သစ်များ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။


ရဲဘော်သစ် လာရောက် လျှောက်ထားသူများဟာ ကိုယ်အင်္ဂါ သန်စွမ်းပြီး ကျန်းမာရေး ကောင်းမွန်ကာ အခြေခံ စစ်ပညာသင်တန်း တက်ရောက်နိုင်ရမယ်လို့ ဆိုပါတယ်။


ကျရာနေရာမှာ တာဝန်ထမ်းဆောင် နိုင်ရမှာဖြစ်ပြီး အနည်းဆုံး တော်လှန်ရေး ကာလ နှစ်ပြည်အောင် တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။


ထို့အပြင် တော်လှန်ရေး ခံယူချက်နဲ့ စိတ်ဓါတ် ပြင်းပြနေဖို့၊ အာဏာရှင် ဟူသမျှ တိုက်ထုတ်ဖို့ စိတ်အားထက်သန်သူများ ဖြစ်ရမှာဖြစ်ပြီး တပ်တွင်း ချမှတ်ထားတဲ့ စည်းကမ်းများကို လိုက်နာနိုင်ရမယ်လို့ အသိပေး ထားပါတယ်။


လျှောက်ထားလိုသူများအနေဖြင့် (၇၈၀၅) တပ်ရင်း၊ တပ်ခွဲ () YARMA BRIGADE ရဲ့ Facebook Page မတ်ဆင်ဂျာမှာ လာရောက်ဆက်သွယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment