12th Feb 2025 - Morning Daily News by Radio NUG

 

၂၀၂၅ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်သူကို ရှေးရှုတဲ့ လုပ်ဆောင်ချက်နဲ့ မူဝါဒတွေကို ခိုင်ခိုင်မာမာ ဆွဲကိုင်ပြီး သဘောထားမတိုက်ဆိုင်မှုတွေကို ကြိုးစားကျော်လွှားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

📌 ၂။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင်လည်း ကရင်တိုင်းရင်းသားများအပါအဝင် အခြားတော်လှန်ရေးညီနောင် တိုင်းရင်းသားအင်အားစုများနှင့်အတူ CRPH က ဆက်လက်လက်တွဲ ချိတ်ဆက်ဆောင်ရွက်သွားမည်

📌 ၃။ မြန်မာနိုင်ငံ ကျရှုံးနိုင်ငံ ဖြစ်ရခြင်းမှာ မြန်မာစစ်ခေါင်းဆောင်၊ စစ်အာဏာရှင်အဆက်ဆက်တို့ကြောင့် ဖြစ်ကြောင်း TNLA ဆို

📌 ၄။ ကျားဖြန့် ပပျောက်ရေး နှိမ်နင်းရေး အထူးအဖွဲ့ကို ဖွဲ့စည်းတော့မည်ဖြစ်ပြီး BGF ခေါင်းဆောင် () ဦးကို ဖမ်းဝရမ်းထုတ်ရန် ကြိုးစားမှုသည် တဖက်သတ် စွပ်စွဲခြင်းသာ ဖြစ်တယ်လို့ BGF ပြောဆို

📌 ၅။ နယ်စပ်ဒေသတွင် လျှပ်စစ်မီး၊ လောင်စာ၊ သကြားနှင့် ဆားများ ပို့ဆောင်တင်သွင်းမှုအား ရပ်တန့်ကြောင်း KTLA ထုတ်ပြန်

📌 ၆။ ကရင်နီပြည်နယ် လုံခြုံရေးအတွက် ပြည်နယ်သားမဟုတ်သည့် ခရီးသွား ပြည်သူများကို ပြည်နယ်ခြား ဖြတ်သန်းခွင့် ကတ်ပြား ထုတ်ပေးမည်

📌 ၇။ မြန်မာ့ ရိုးရာအတာသင်္ကြန်ကို နွေဦးတော်လှန်ရေး ရံပုံငွေပွဲအဖြစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည်


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်တပ်များမှာ လေ့ကျင့်ရည် မပြည့်ဝသည့်အပြင် တိုက်ခိုက်လိုစိတ်နည်းပါး၍ တိုက်ပွဲတိုင်း ရှုံးနိမ့်နေမည်ဟု စစ်သုံ့ပန်း နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် ပြောဆို

🚩 ၂။ မြို့တော် ထားဝယ်မှာရှိတဲ့ စကခ () တိုင်းရဲတပ်ဖွဲ့ရုံး၊ ဝန်ကြီးအိမ်ယာတို့ကိုပါ PDF Pa Ka Pha စစ်ရေးအောင်ပွဲများက ခြိမ်းခြောက်နိုင်ခဲ့

🚩 ၃။ တပ်မ (၁၀၁) စစ်ကြောင်းနဲ့ နှစ်ကြိမ်တိုင် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး

🚩 ၄။ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခံရ

🚩 ၅။ ကနီမြို့နယ်၊ နတ်လာပို့ မြောက်ရွာကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ () ဦး သေဆုံး

🚩 ၆။ အဓမ္မ တပ်သားသစ်စုဆောင်းခံထားရတဲ့ စစ်ကောင်စီ တပ်သားသစ် () ဦး ပဲခူးခရိုင် PDF အမှတ် () တပ်ရင်းထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ပြည်သူကို ရှေးရှုတဲ့ လုပ်ဆောင်ချက်နဲ့ မူဝါဒတွေကို ခိုင်ခိုင်မာမာ ဆွဲကိုင်ပြီး သဘောထားမတိုက်ဆိုင်မှုတွေကို ကြိုးစားကျော်လွှားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား


ဖေဖော်ဝါရီ ၁၁ ရက်
Radio NUG

ပြည်သူကို ရှေးရှုတဲ့ လုပ်ဆောင်ချက်နဲ့ မူဝါဒတွေကို ခိုင်ခိုင်မာမာ ဆွဲကိုင်ပြီး သဘောထားမတိုက်ဆိုင်မှုတွေကို ကြိုးစားကျော်လွှားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ /၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေး မှာ ပြောကြားခဲ့ပါတယ်။

**"အရင်က သိန်း သောင်းပဲ ရှိခဲ့တဲ့ နေရပ်စွန့်ခွာ စစ်ရှောင်အရေအတွက်ဟာ အခုဆိုရင် . မီလီယံထိ ရောက်ရှိလာပြီ ဖြစ်တာမို့ ပြည်သူတွေ ဒုက္ခအတော်များကြတာကို တွေ့ရပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း တဖက်မှာ အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားကြရသလို၊ တဖက်မှာလည်း အကြမ်းဖက် စစ်ကောင်စီ ဒုက္ခပေးလို့ ဒုက္ခအတိရောက်နေကြရတဲ့ ပြည်သူတွေကို တတ်နိုင်သမျှ ဝိုင်းဝန်ကူညီဖို့ ကြိုးစားကြရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးအင်အားစုတွေ စုစုပေါင်းစည်းပြီး ဒီပွဲကို အမြန်ဆုံး အမြစ်ဖြတ်နိုင်မှသာ ပြည်သူတွေအတွက် ဘက်ပေါင်းစုံက သက်သာနိုင်မှာ ဖြစ်ပါတယ်။

ဒီလို ပိုစုစည်းဖို့ လိုလာတဲ့အချိန်မှာ အင်အားစုတွေအသီးသီးဟာလည်း ပြည်သူကို ရှေးရှုတဲ့၊ တော်လှန်ရေးကို မျက်နှာမူတဲ့ လုပ်ဆောင်ချက်တွေ၊ မူဝါဒတွေကို ခိုင်ခိုင်မာမာ ဆွဲကိုင်ပြီး သဘောထားမတိုက်ဆိုင်မှုတွေကို ကြိုးစားကျော်လွှားကြရမယ်"** လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အဆိုပါအစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင်လည်း ကရင်တိုင်းရင်းသားများအပါအဝင် အခြားတော်လှန်ရေးညီနောင် တိုင်းရင်းသားအင်အားစုများနှင့်အတူ CRPH က ဆက်လက်လက်တွဲ ချိတ်ဆက်ဆောင်ရွက်သွားမည်


ဖေဖော်ဝါရီ ၁၁ ရက်
Radio NUG

ကရင်တိုင်းရင်းသား ပြည်သူလူထု၏ နိုင်ငံရေး၊ စစ်ရေး အစရှိသည့် တော်လှန်ရေး လုပ်ငန်းစဉ်များတွင် ဦးဆောင်ပါဝင်နိုင်မှု၊ စုစည်းညီညွတ်မှု တို့အား တန်ဖိုးထား လေးစားကြောင်း နှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင်လည်း ကရင်တိုင်းရင်းသားများအပါအဝင် အခြားတော်လှန်ရေးညီနောင် တိုင်းရင်းသားအင်အားစုများနှင့်အတူ ဆက်လက်လက်တွဲ ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) မှ ဖေဖော်ဝါရီ ၁၁ ရက် တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ သို့ ပေးပို့သည့် သဝဏ်လွှာ တွင် ဖော်ပြထားပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံ ကျရှုံးနိုင်ငံ ဖြစ်ရခြင်းမှာ မြန်မာစစ်ခေါင်းဆောင်၊ စစ်အာဏာရှင်အဆက်ဆက်တို့ကြောင့် ဖြစ်ကြောင်း TNLA ဆို


ဖေဖော်ဝါရီ ၁၁
Radio NUG

ပြည်ထောင်စုနိုင်ငံ အခြေမတည်နိုင်၊ ပျက်စီးနေရခြင်း နိုင်ငံတွင်းရှိ ဌာနေ လူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရခြင်း တို့၏ အဓိကတရားခံသည် မြန်မာစစ်ခေါင်းဆောင်၊ စစ်အာဏာရှင်အဆက်ဆက် တို့ကြောင့် ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) မှ (၇၈) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနား သို့ ပေးပို့သော သဝဏ်လွှာ တွင် ဖော်ပြထားပါတယ်။


========================


📌📌 ၄။ ကျားဖြန့် ပပျောက်ရေး နှိမ်နင်းရေး အထူးအဖွဲ့ကို ဖွဲ့စည်းတော့မည်ဖြစ်ပြီး BGF ခေါင်းဆောင် () ဦးကို ဖမ်းဝရမ်းထုတ်ရန် ကြိုးစားမှုသည် တဖက်သတ် စွပ်စွဲခြင်းသာ ဖြစ်တယ်လို့ BGF ပြောဆို


ဖေဖော်ဝါရီ ၁၁
Radio NUG

ဗိုလ်မှူးကြီး စောချစ်သူ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန် ဗိုလ်မှူး စောတင်ဝင်း တို့ကို ထိုင်းအထူးစုံစမ်းရေးဌာန (DSI) က ဖမ်းဝရမ်း ထုတ်ရန် ကြိုးစားနေခြင်းသည် တဖက်သတ် စွပ်စွဲခြင်းသာ ဖြစ်တယ် လို့ BGF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော် က Tachileik News Agency ကို ပြောဆိုထားပါတယ်။

"နံပါတ်တစ်အနေနဲ့ ကျွန်တော်တို့က ထိုင်းနိုင်ငံသား မဟုတ်ဘူး။
နံပါတ်နှစ်က ကျွန်တော်တို့က လူကုန်ကူးတဲ့ အဆင့်လည်း မဟုတ်ဘူး။
ကျွန်တော်တို့အကြီးအကဲတွေကိုယ်တိုင် ဒီကိစ္စမှာ ပါဝင်ပါတ်သက်မှု မရှိဘူး။
ဒါကြောင့် တဖက်သတ် စွပ်စွဲခြင်းသာ ဖြစ်တယ်လို့ ကျွန်တော်တို့ ထင်မြင်ပါတယ်"

DSI က မြဝတီဒေသအတွင်း လှုပ်ရှားနေသော BGF ကို လူမှောင်ခိုမှုနှင့် ဆက်နွှယ်ကြောင်း အထောက်အထားများ ကို ထိုင်းအစိုးရရှေ့နေများထံ ဖေဖော်ဝါရီ ၁၀ ရက် တွင် တင်ပြခဲ့ပါတယ်။


========================


📌📌 ၅။ နယ်စပ်ဒေသတွင် လျှပ်စစ်မီး၊ လောင်စာ၊ သကြားနှင့် ဆားများ ပို့ဆောင်တင်သွင်းမှုအား ရပ်တန့်ကြောင်း KTLA ထုတ်ပြန်


ဖေဖော်ဝါရီလ ၁၁ ရက်
Radio NUG

ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် လျှပ်စစ်မီး၊ လောင်စာဆီ၊ သကြား၊ ဆားတို့ကို ပို့ဆောင်တင်သွင်းမှု ရပ်တန့်ပိတ်ဆို့ကြောင်း ကော်သူးလေ တပ်တော် (KTLA) က ထုတ်ပြန်လာသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကော်သူးလေ တပ်တော်၊ ကာကွယ်ရေး ဝန်ကြီးချုပ် စောဒေးဗစ် လောဒူး မှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်အရ ကော်သူးလေ-ထိုင်း နယ်စပ်ဒေသတွင် တာဝန်ကျနေသော တပ်မဟာ၊ တပ်ရင်း၊ တပ်ခွဲအားလုံးသည် လိုက်နာဆောင်ရွက်ရမည် ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂ ဥပဒေများ၊ လူ့အခွင့်အရေးများနှင့် ဆန့်ကျင်သော အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ လူကုန်ကူးမှုများ၊ လောင်းကစားရုံ တည်ထောင်မှုများကို ပိတ်ဆို့ခြင်းအနေနဲ့ ထိုင်းအစိုးရနှင့် နိုင်ငံတချို့မှ လျှပ်စစ်မီး၊ လောင်စာဆီ၊ သကြားနှင့် ဆားများ ပြည်သူထံ အလွယ်တကူမရရှိစေရန် ပို့ဆောင်တင်သွင်းမှုများကို တားဆီးပိတ်ဆို့အရေးယူနေသည် ဟု ဆိုသည်။

ထို့ကြောင့် ကော်သူးလေ တပ်တော် စစ်ဖက်ရေးရာ ခေါင်းဆောင်များနှင့် စစ်သည်များသည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီး၊ လောင်စာဆီ၊ သကြား၊ ဆားများ တင်သွင်းမှုကို တိကျစွာ စစ်ဆေးကာ၊ နယ်စပ်ဒေသများတွင် များပြားစွာ တင်သွင်းမှု မဖြစ်နိုင်အောင် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရမည် ဟု အသိပေး ထုတ်ပြန်ထားသည်။


========================


📌📌 ၆။ ကရင်နီပြည်နယ် လုံခြုံရေးအတွက် ပြည်နယ်သားမဟုတ်သည့် ခရီးသွား ပြည်သူများကို ပြည်နယ်ခြား ဖြတ်သန်းခွင့် ကတ်ပြား ထုတ်ပေးမည်


ဖေဖော်ဝါရီလ ၁၁ ရက်
Radio NUG

ကရင်နီပြည်နယ် လုံခြုံရေးနှင့် ခရီးသွားပြည်သူများ၏ လုံခြုံရေးအတွက် ပြည်နယ်သား မဟုတ်သူများကို ပြည်နယ်ခြား ဖြတ်သန်းခွင့် ကတ်ပြား ထုတ်ပေးကာ ဝင်ထွက်ခွင့် ကြပ်မတ်သွားမည် ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဌာနစိတ်က ထုတ်ပြန်ထားသည်။

ပြည်နယ်ခြား ဖြတ်သန်းခွင့် ကတ်ပြား မပါရှိသူများသည် ကရင်နီပြည်အတွင်း ဖြတ်သန်းခွင့် မရှိစေရန်၊ ကတ်ပြားကို လွှဲပြောင်းကိုင်ဆောင်ခြင်း မပြုရ နှင့် တာဝန်ရှိသူများ စစ်ဆေးသည့်အခါ ပြသနိုင်ရမည် ဆိုသည့် စည်းကမ်းချက်များကိုလည်း ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ ကတ်ပြားသည် ကရင်နီပြည်တွင် နေထိုင်ခွင့် လက်မှတ် မဟုတ်ကြောင်း ထွက်ခွာသည့်အခါ ပြန်လည်အပ်နှံရမည် ဖြစ်သည်။ ပျောက်ဆုံးပါက ထုတ်ပေးသည့် နေရာ (သို့) နီးစပ်ရာ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် အကြောင်းကြားရမည် ဟု ဆိုထားသည်။

အသက် (၁၀) နှစ်အောက် ကလေးများသည် ကတ်ပြား ကိုင်ဆောင်ရန် မလိုအပ် ကြောင်း သိရသည်။

အဆိုပါ ကတ်ပြားနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို IEC အနေဖြင့် ထပ်မံ ကြေညာမည် ဖြစ်ပြီး ပြည်နယ်သူ ပြည်နယ်သားများအတွက် သက်သေခံ ကတ်ပြား ထုတ်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်

ထို့အပြင် ပြည်နယ်အတွင်း ဝင်ရောက်အလုပ်လုပ်လိုသူများအတွက် အလုပ်လုပ်ခွင့် ကတ် (work permit) ကို ထုတ်ပေးနိုင်ရန် လုပ်ဆောင်နေသည် ဟု IEC တာဝန်ရှိသူ တဦးက KPV News သတင်းဌာန ကို အတည်ပြု ပြောကြားထားသည်။


========================


📌📌 ၇။ မြန်မာ့ ရိုးရာအတာသင်္ကြန်ကို နွေဦးတော်လှန်ရေး ရံပုံငွေပွဲအဖြစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည်


ဖေဖော်ဝါရီလ ၁၁ ရက်
Radio NUG

ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအင်အားစုများနှင့် နွေဦးတော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုကို ထုတ်ဖော်ပြသရန် နှင့် မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာ မြင့်မားမှုကို တင်ပြရန် မြန်မာ့ ရိုးရာအတာသင်္ကြန်ကို နွေဦးတော်လှန်ရေး ရံပုံငွေပွဲအဖြစ် ကျင်းပမည်။

အဆိုပါ ပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ (Daiba Station) အနီးရှိ Shiokaze Park တွင် ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၂ ရက်နှင့် ၁၃ ရက် (စနေ/တနင်္ဂနွေနေ့) များတွင် နှစ်ရက်တိုင်တိုင် ကျင်းပမည် ဖြစ်သည်။

အသေးစိတ်အစီအစဉ်များကို သက်ဆိုင်ရာ ဆပ်ကော်မတီများမှ NUG Support Team Japan Page မှတဆင့် ဆက်လက် ထုတ်ပြန်ကြေညာပေးမည် ဟု သိရသည်။

အဆိုပါ သတင်းများကို

Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနှင့် ခါးရှဲလ်တို့က ပေးပို့ထားသည်။


========================


========================




🚩🚩 ၁။ စစ်တပ်များမှာ လေ့ကျင့်ရည် မပြည့်ဝသည့်အပြင် တိုက်ခိုက်လိုစိတ်နည်းပါး၍ တိုက်ပွဲတိုင်း ရှုံးနိမ့်နေမည်ဟု စစ်သုံ့ပန်း နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် ပြောဆို


ဖေဖော်ဝါရီ ၁၁
Radio NUG

အကြမ်းဖက် စစ်ကောင်စီတပ်များမှာ လေ့ကျင့်ရည် မပြည့်ဝသည့်အပြင် တိုက်ခိုက်လိုစိတ် နည်းပါးနေ၍ တိုက်ပွဲတိုင်း ရှုံးနိမ့်နေမည်ဖြစ်ကြောင်း စစ်သုံ့ပန်း နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် က ပြောဆိုထားတဲ့ ရုပ်သံဖိုင်အရ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် ငဖဲမြို့နယ် အတွင်း ဖြစ်ပွားခဲ့သော ဂုတ်စည်းရိုးတိုက်ပွဲ တွင် အမှတ် ၉၉ ခြေလျင်တပ်မတော်ဌာနချုပ် အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့ မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရ ပါတယ်။

"ကျွန်တော်တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံကတော့ ကျွန်တော်တို့ တပ်ရင်းလေ့ကျင့်ရည် မပြည့်ဝပါဘူး။ အဓိက အရေးကြီးဆုံးကတော့ တိုက်ခိုက်လိုစိတ် နည်းပါးပါတယ်။ တိုက်ရည်ခိုက်ရည်လည်း အားနည်းပါတယ်။ စိတ်ဓါတ်အားနည်းပါတယ်။ အဲဒီအချက်တွေကြောင့် လက်ရှိ ဘယ်တိုက်ပွဲမှာပဲ ဘယ်နေရာမှာပဲ ရင်ဆိုင်ရင်ဆိုင် ကျွန်တော်တို့ ရှုံးနိမ့်နေအုံးမှာဖြစ်ပါတယ်," လို့ စစ်သုံ့ပန်း နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် က ပြောဆိုထားပါတယ်။

ထို့အပြင် စစ်တပ်မှ ရှုံးနိမ့်ရခြင်းမှာ

"အာရက်ခတပ်တော် (ပထမဆုံး) ကွာခြားချက်က အထက်အပေါ် ယုံကြည်အားကိုးမှု ဖြစ်ပါတယ် ခင်ဗျား။ ပထမတစ်ချက်က။ ပြီးရင်တော့ မိမိတို့ရဲ့ လက်ရှိ ရပ်တည်နေထိုင်နိုင်မှု ဖြစ်ပါတယ် ခင်ဗျား။ နံပါတ် () အချက်ကတော့ စိတ်ဓာတ်ပိုင်း ဖြစ်ပါတယ်,"
လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

စတင်ပြီး စစ်ထွက်လာတဲ့အချိန်မှာ (၃၆၀) ကျော် ပါရှိပြီး ဒုတိယဗိုလ်မှူးကြီး ဒဏ်ရာရသည်အထိ စုဖွဲ့ထားသည့် စာရင်းအရ (၇၀) ကျော်သာ ကျန်ရှိ တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မြို့တော် ထားဝယ်မှာရှိတဲ့ စကခ () တိုင်းရဲတပ်ဖွဲ့ရုံး၊ ဝန်ကြီးအိမ်ယာတို့ကိုပါ PDF Pa Ka Pha စစ်ရေးအောင်ပွဲများက ခြိမ်းခြောက်နိုင်ခဲ့


ဖေဖော်ဝါရီ ၁၁
Radio NUG

၂၀၂၄ ခုနှစ်၊ တနင်္သာရီတိုင်းမှာ Pa Ka Pha ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ KNU တို့ဟာ ကြီးမားတဲ့ စစ်ရေးအောင်ပွဲများ ရရှိခဲ့ပြီး မြို့တော် ထားဝယ်မှာရှိတဲ့ စကခ () တိုင်းရဲတပ်ဖွဲ့ရုံး၊ ဝန်ကြီးအိမ်ယာ တို့ကိုပါ ခြိမ်းခြောက်နိုင်ခဲ့ကြောင်း Pa Ka Pha အသံ က ဖေဖော်ဝါရီ ၁၁ ရက်မှာ အသိပေးဖော်ပြပါတယ်။

"လွတ်မြောက်ဒေသနဲ့ တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားနေတဲ့ဒေသဟာ တိုင်းမြို့တော် ထားဝယ်နားထိ ရောက်ရှိ စိုးမိုးလာတာကို ပြပါတယ်။ စခန်းသိမ်းပိုက်မှုအနေနဲ့ စခန်း (၁၁) ခု သိမ်းယူနိုင်ခဲ့ပြီး စခန်း () ခုက စစ်အာဏာရှင်တွေ ဆုတ်ခွာ ပြေးခဲ့ရပါတယ်။
မေတ္တာဗျူဟာကုန်းကို လနဲ့ချီ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့ ယာဉ်တန်းတွေကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်,"
လို့ ဖော်ပြပါတယ်။


========================


🚩🚩 ၃။ တပ်မ (၁၀၁) စစ်ကြောင်းနဲ့ နှစ်ကြိမ်တိုင် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး


ဖေဖော်ဝါရီ ၁၁
Radio NUG

ပေါက်မြို့နယ်၊ ကုက္ကိုစု ပျူရွာ က ထွက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ (၁၀၁) စစ်ကြောင်း နဲ့ ထိတွေ့တိုက်ပွဲ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ဦး သေဆုံးခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး ကျဆုံး ခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစု က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ရက် မနက်ပိုင်း မှာ ပေါက်မြို့နယ်၊ ကျောက်လုံးကျေးရွာ မှာ ပထမအကြိမ် ထိတွေ့မှု နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဦး ဒဏ်ရာရခဲ့ ပါတယ်။ ထိုနေ့ နေ့လည် ၁၀ နာရီခန့် မှာ မြိုင်မြို့နယ် အစပ် မှာ ထိတွေ့မှု ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့ တယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဘက် ကလည်း TYK သရက်ကန် ပြောက်ကျား တပ်ဖွဲ့မှ ခေါင်းဆောင် ကိုမြင့်သူ () ကိုကုလား ကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခံရ


ဖေဖော်ဝါရီ ၁၁ ရက်
Radio NUG

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတာကြောင့် ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၃၆၀၂) TPDF တပ်ခွဲ () က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ရက် မနက် နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား (၃၀) ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာ လှည်းကူးအုပ်စု၊ ငပျင်းတောင်ခြေရင်းမှာ အသင့်စောင့်ဆိုင်းနေခဲ့ပြီး နာရီတွင် ပဒေသာမိုင်း () လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားများ မိုင်းကွင်းကို ဖြတ်ကူးချိန်မှာ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သဖြင့် အော်ဟစ်ထွက်ပြေးကြကာ အထိနာသွားခဲ့ကြောင်း ပြည်သူများရဲ့ သတင်းပေးချက်အရ တိုက်နယ်ဆေးရုံကို ဒဏ်ရာအပြင်းအထန်နဲ့ () ဦး ရောက်လာတယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ စစ်ဆင်ရေးကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၃၆၀၂) TPDF တပ်ခွဲ () က ဆောင်ရွက်ခဲ့ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် ရဲဘော်များ အထိခိုက်မှုမရှိပဲ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၅။ ကနီမြို့နယ်၊ နတ်လာပို့ မြောက်ရွာကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ () ဦး သေဆုံး


ဖေဖော်ဝါရီ ၁၁ ရက်
Radio NUG

ဖေဖော်ဝါရီ ၁၁ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကနီမြို့နယ်၊ နတ်လာပို့ မြောက်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူ အသက် (၄၉) နှစ်အရွယ် ဦးအေးလင်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် (၅၇) နှစ်အရွယ် ဒေါ်မုန်း လည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။

မုံရွာ နမခ မှ အင်ဂျင်တပ်က လေထီးဖြင့် ဗုံးသီး () လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အိမ်ပေါ်ကို တည့်တည့်ကျခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ အဓမ္မ တပ်သားသစ်စုဆောင်းခံထားရတဲ့ စစ်ကောင်စီ တပ်သားသစ် () ဦး ပဲခူးခရိုင် PDF အမှတ် () တပ်ရင်းထံ အလင်းဝင်


ဖေဖော်ဝါရီ ၁၁ ရက်
Radio NUG

စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းခြင်း ခံထားရသည့် တပ်သားသစ် () ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပဲခူးခရိုင် အမှတ် () တပ်ရင်း က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ရက်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝ ဗျူဟာမှ စစ်ကောင်စီ တပ်သားသစ် () ဦးသည် ပဲခူးခရိုင် အမှတ် () PDF တပ်ရင်း ကို အလင်းဝင်ရန် ဆက်သွယ်လာသဖြင့် တပ်ရင်းရဲဘော်များက သွားရောက် ခေါ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

၎င်းအလင်းဝင် တပ်သားသစ် () ဦး သည် MA-1 တစ်လက်၊ ကျည်ဘောက် () ခု၊ 5.56mm ကျည် (၄၀၀) ခန့် ကို ယူဆောင်လာသဖြင့် ကနဦး ချီးမြှင့်ငွေ ကျပ် (၁၀) သိန်း ကို ပေးအပ်ခဲ့ကာ ဘေးလွတ်ရာ ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် ပြည်သူ့ရင်ခွင် နှင့် ချိတ်ဆက်ကာ လိုအပ်သည့်အရာများကို ဆက်လက် ဆောင်ရွက်ပေးနေကြောင်း လည်း ဖော်ပြထားပါတယ်။

အလိုမတူဘဲ စစ်ကောင်စီက အတင်းအဓမ္မ ခေါ်ဆောင်ခြင်း ခံထားရသူများ အနေဖြင့် တော်လှန်ရေး တပ်ရင်း၊ တပ်ဖွဲ့များ ကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြဖို့ တိုက်တွန်း ထားပြီး၊ အလင်းဝင်လာသူများ ကို ဝမ်းမြောက်စွာ ကြိုဆိုနေကြောင်း အသိပေးထားပါတယ်။


အဆိုပါ စစ်ရေးသတင်းများကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေး နှင့် ခါးရှဲလ် တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment