6th Feb 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨၁။ တော်လှန်ရေးကာလ ဖြစ်ပေမယ့် တရားသောဥပဒေတွေကို လက်တွေ့ အသက်သွင်းနေတယ်ဆိုတာ ပြည်သူလူထုကို လက်တွေ့ပြသနိုင်ဖို့ လိုကြောင်း ယာယီသမ္မတ ပြောကြား

📌 ⁨⁨⁨၂။ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး ပထမနေ့ အောင်မြင်စွာ ကျင်းပပြီးစီး

📌 ⁨⁨⁨၃။ ပြင်သစ်အောက်လွှတ်တော်အမတ်များနဲ့တွေ့ဆုံဆွေးနွေးစဥ်ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့အဖွဲ့က လေယာဥ်ဆီဖြတ်တောက် ပိတ်ဆို့မှုများလုပ်ဆောင်ရန်တောင်းဆိုခဲ့

📌 ⁨⁨⁨၄။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက လူငယ်ရေးရာဌာနကို ဖွဲ့စည်းလိုက်တဲ့အတွက် ဝမ်းမြောက်စွာကြိုဆို

📌 ⁨⁨⁨၅။ ခြံအမှတ် ၅၄၊  ကြိမ်မြောက် လေလံတင်ရောင်းချခဲ့ပေမယ့် လေလံဆွဲတဲ့သူ မရှိ

📌 ⁨⁨⁨၆။ ထိုင်းမှ လျှပ်စစ်မီး ဖြတ်တောက်လိုက်သော်လည်း တာချီလိတ်မြို့တွင် လာအိုလျှပ်စစ်မီးကို  ညနေ ()နာရီအချိန်က စပြီး ရရှိ

📌 ⁨⁨⁨၇။ စစ်မှုထမ်းရန် အမိန့်ဆင့်ခေါ်စာ ရရှိထားသူများ သင်္ကန်းဝတ်ခွင့်မပေးရန် ဘုန်းကြီးကျောင်းများကို တရားဝင် စတင်ပိတ်ပင်

📌 ⁨⁨⁨၈။ ရန်ကုန်တိုင်းတွင် ဇန်နဝါရီလအတွင်း ၄၇၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၅၈ ဦးသာ ပြန်လွတ်လာ


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကချင်လူမျိုးများအပါအဝင် သွေးချင်းညီကိုမောင်နှမများအားလုံးနှင့် လက်တွဲစုစည်းလျက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများတွင်ပူးပေါင်းသွားမည်

🚩 ၂။ 'နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ မရှာဖို့’ KIO ဥက္ကဋ္ဌက အကြမ်းဖက်စစ်ခေါင်းဆောင်ကို ပြောဆို

🚩 ၃။ KIO/KIA ဥက္ကဋ္ဌ GOC ဇော်ဆိုင်းအပါအဝင် တပ်ဖွဲ့ဝင်လေးဦး လုပ်ကြံခံခဲ့ရတဲ့ ထိုင်းနိုင်ငံ၊ ထန်ငေါ့တောင်တွင် ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် မနောင်ပွဲ ကျင်းပ

🚩 ၄။ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၅။ တောင်သာ၊ ရုံးစည်ကြီး ကျေးရွာ လေကြောင်းတိုက်ခိုက် ခံရပြီး သံဃာ တပါးနှင့် အမျိုးသား တဦး ဒဏ်ရာရ၊ဗိုလ်မှူးကြီး ကျော်ကျော်ဦး (ငြိမ်း) ရဲ့ မိသားစုပိုင် ကုန်စုံဆိုင် ဗုံးသီးထိမှန် ပျက်စီးခဲ့

🚩 ၆။ အင်းလေးဒေသ ဘုရားတောင် လွယ်နွဲ့ ကျေးရွာမှာ စစ်ကောင်စီ လက်အောက်ခံ PNA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ဦး သေဆုံး 

🚩 ၇။ ပေါ်တာဆွဲပြီး အတင်းအဓ္မစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း စစ်သား () ဦး လယ်ဒိုမြို့နယ် (K.N.L.A) တပ်ရင်း () ထံသို့ လက်နက်ချအလင်းဝင်

🚩 ၈။ ညောင်ကိုင်း ပျူစခန်းမှ ပြည်သူ့စစ် ဦး ရွှေဘို ပကဖ ထံ အလင်းဝင်

🚩 ၉။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟိုပင်) နဲ့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်တို့မှ ရဲဘော်သစ်များ ခေါ်ယူနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨၁။ တော်လှန်ရေးကာလ ဖြစ်ပေမယ့် တရားသောဥပဒေတွေကို လက်တွေ့ အသက်သွင်းနေတယ်ဆိုတာ ပြည်သူလူထုကို လက်တွေ့ပြသနိုင်ဖို့ လိုကြောင်း ယာယီသမ္မတ ပြောကြား


ဖေဖော်ဝါရီ RadioNUG 


တော်လှန်ရေးကာလ ဖြစ်ပေမယ့် တရားသောဥပဒေတွေကို လက်တွေ့ အသက်သွင်းနေတယ်ဆိုတာ ပြည်သူလူထုကို လက်တွေ့ပြသနိုင်ဖို့ လို‌သည့်အပြင် ဒီလို ကြိုးပမ်းလုပ်ဆောင်မှုတွေကို နိုင်ငံတကာအနေနဲ့လည်း သိနားလည်အောင် ဆက်သွယ် ဆွေးနွေးကြဖို့ အထူး လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ဖေဖော်ဝါရီလ ၅ရက်နေ့မှာ ကျင်းပြတဲ့ သတ္တမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။


ဥပဒေများသည် တော်လှန်ရေးအခြေ အနေကို အကြောင်းပြ၍ လက်တွေ့ အသက်ဝင်မှု မယုတ်လျော့စေရေး” [Law Enforcement] အတွက် "  ပြဋ္ဌာန်းထားသော ဥပဒေများက လက်တွေ့ မြေပြင်မှာ အသက်ဝင်စေရေးဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်ဧရိယာတွေဟာ မြေပြင်မှာ အမြောက်အမြားရှိနေပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်အလိုက် အကောင်အထည်ဖော်နေတဲ့ မြေပြင်လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။ လက်ရှိကာလဟာ တော်လှန်ရေးကာလဖြစ်တာကြောင့် ဥပဒေတွေ လက်တွေ့ အသက်ဝင်စေရေး အတွက် အကန့်အသတ်တွေရှိတယ်ဆိုတာ ကျွန်တော် နားလည်သဘောပေါက်ပါတယ်။ ဒါပေမယ့် လည်း အခြေအနေကိုအကြောင်းပြပြီး ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဟာ ဥပဒေ စည်းမျဉ်းတွေကို ခဏ အသာ ခေါက်သိမ်းထားတာမျိုး မဖြစ်စေချင်ပါဘူး။" လို့ ယာယီသမ္မတမှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨၂။ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး ပထမနေ့ အောင်မြင်စွာ ကျင်းပပြီးစီး


ဖေဖော်ဝါရီ၅ရက်


ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေးကို () ရက်တိုင်တိုင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ နံနက် ၁၀ နာရီတွင် အစည်းအဝေး ပထမနေ့အား ကျင်းပပြုလုပ်ခဲ့ပါတယ်။


အစည်းအဝေးသို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၉၁) ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ (၆၇.) ရာခိုင်နှုန်း တက်ရောက်ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ အစည်းအဝေးအား အစီအစဉ် (၁၃) ရပ်ဖြင့် ကျင်းပခဲ့ပါတယ်။


 အစည်းအဝေးအဖွင့်တွင် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁၀) စက္ကန့် ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။


ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အသီးသီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ မဒမ် မာစီခရစ္စတီဘရန့်စ်က အမှာစကားပြောကြားပြီးနောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ မာတင်ချောင်ဂေါင်ထံမှ ပေးပို့သော အမှတ်တရ အမှာစကားဗီဒီယိုအား ပြသခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်သွင်းသည့် အကြမ်းဖက်စစ်အုပ်စု၏ ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲ ဖြစ်သည့်အပြင် လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု လိုလားတောင့်တ လျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်ရေး အင်အားစုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေမှုများအား ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရှင်းလင်းစွာ သိရှိနိုင်ရန်နှင့် လက်ရှိပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်ရန် သံတမန်နည်းအရ ချဉ်းကပ် ဆောင်ရွက်သွားနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအား ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းကြောင်း အဆိုအား မွန်ပြည်နယ်၊ ဘီလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးက တင်သွင်းခဲ့ပြီး ၎င်းအဆိုနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမဲဆန္ဒနယ်က ဒေါ်နီနီဒွန်းက ထောက်ခံဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨၃။ ပြင်သစ်အောက်လွှတ်တော်အမတ်များနဲ့တွေ့ဆုံဆွေးနွေးစဥ်ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့အဖွဲ့က လေယာဥ်ဆီဖြတ်တောက် ပိတ်ဆို့မှုများလုပ်ဆောင်ရန်တောင်းဆိုခဲ့


ဖေဖော်ဝါရီလ ()ရက် 


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး၊ နိုင်ငံခြားရေး၀န်ကြီးဌာန ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင်တို့နှင့် အဖွဲ့ သည် ပြင်သစ်အောက်လွှတ်တော်တွင် ပြင်သစ်မြန်မာချစ်ကြည်ရေးအဖွဲ့ ဥက္ကဌအောက်လွှတ်တော်အမတ် Mr Alain David နှင့် ဒုဥက္ကဌ အောက်လွှတ်တော်အမတ် Mrs Anne Genetet ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ဖေဖော်ဝါရီ ၅ရက် NUGဆက်ဆံရေးရုံးက သတင်းထုတ်ပြန်ပါတယ်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စု၀န်ကြီးက မြန်မာ့နွေဦးတော်လှန်ရေး တိုးတက်မှုအခြေအနေများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ရှေ့ဆက်လုပ်ငန်းစဥ်လမ်းပြမြေပုံအပါအ၀င် မြန်မာလူထု၏ နွေဦးတော်လှန်ရေးတွင်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့အပြင်စကစကပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိုလည်း ပြင်သစ်လွှတ်တော်၊ ပြင်သစ်အစိုးရနှင့် နိုင်ငံတကာက လက်မခံကြရန်လိုကြောင်း၊ စကစကပြည်သူများအားလေကြောင်းဖြင့်ဗုံးကျဲနေမှုများကိုကာကွယ်ရန် လေယာဥ်ဆီဖြတ်တောက် ပိတ်ဆို့မှုများလုပ်ဆောင်ရန်လည်း တောင်းဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။


ထို့အပြင် ပြင်သစ် အောက်လွှတ်တော်အနေဖြင့် CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များနှင့် ပုံမှန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြရန်၊ မြန်မာပြည်သူကိုဆက်လက်ထောက်ခံအားပေးရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။

 

ပြင်သစ်အောက်လွှတ်တော်အမတ်များဖြစ်သော Alain David နှင့် Anne Genetet တို့ကလည်း ပြင်သစ်နိုင်ငံရေးအခြေအနေနှင့်အခက်အခဲစိန်ခေါ်မှုရှိသော်လည်း မြန်မာ့အရေးအတွက်ဆက်လက်အားပေးမည်ဖြစ်ကြောင်း ပြည်သူများတောင်းဆိုချက်များကိုလည်းရရှိ၍လုပ်နိုင်သည့်ဘက်မှဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨၄။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက လူငယ်ရေးရာဌာနကို ဖွဲ့စည်းလိုက်တဲ့အတွက် ဝမ်းမြောက်စွာကြိုဆို


ဖေဖော်ဝါရီလ () ရက်


၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ သည် ကရင်နီပြည် ကြားကာလအစီအမံ အပိုဒ် (၃၆) အပိုဒ်ခွဲ () အပိုဒ်ခွဲငယ် () ပြဌာန်းချက်နှင့်အညီ လူငယ်ရေးရာဌာနကို ဖွဲ့စည်းလိုက်ကြောင်း ဝမ်းမြောက်စွာ သိရှိရတယ်လို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဖော်ပြပါတယ်။


အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ လူငယ်ရေးရာဌာန အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးကို ဦးထိပ်ပန်ဆင်၍ နွေဦးတော်လှန်ရေးကာလ မှ စတင်၍ လူငယ် ထောက်ပံ့ရေး၊ အကာအကွယ်ပေးရေးနှင့် စွမ်းရည်မြှင့်တင်ရေး တို့အတွက် လူငယ်ဗဟိုပြု မူဝါဒများ နှင့် အစီအမံများဖြင့် လူငယ့်ပါဝင်မှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ အခွင့်အလမ်းများကို နိုင်ငံရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စသည့် တိုင်းပြည်အတွက်အရေးကြီးသည့် ကဏ္ဍ အသီးသီးတွင် လူငယ်များနှင့်ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။


ယခုကာလသည် ပိုမိုကောင်းမွန်သော အနာဂတ်နိုင်ငံတော်သစ်ကြီး အတွက် အမှောင်ခေတ်ကို ကျော်ဖြတ်နေကြရပြီး မတူညီသော လူမျိုးစုအသီးသီး၊ ကိုးကွယ်ယုံကြည်မှုအသီးသီး၊ ကျား//လိင်စိတ်ခံယူမှု အသီးသီးနှင့် စုံလင်ကွဲပြားသော လူငယ်တို့သည် အတူလက်တွဲတိုက်ပွဲဝင်နေကြပြီးလူငယ်ရေးရာဌာန အနေနှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ လူငယ်ရေးရာဌာန ဖွဲ့စည်းမှုအပေါ် ဝမ်းမြောက်ကြိုဆိုပါကြောင်း နှင့် လူငယ်ရေးရာလုပ်ငန်းစဉ်များတိုင်း၌ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လွတ်လပ်ခွင့် အပြည့်အဝရရှိသော ဖက်ဒရယ်ယူနစ်များ နှင့် ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်သည်အထိ အတူလက်တွဲဆောင်ရွက်လိုပါကြောင်း သဝဏ်လွှာပါးလိုက်ရတယ်လို့ ဆိုပါတယ်။


========================


📌📌 ⁨⁨⁨၅။ ခြံအမှတ် ၅၄၊  ကြိမ်မြောက် လေလံတင်ရောင်းချခဲ့ပေမယ့် လေလံဆွဲတဲ့သူ မရှိ


ဖေဖော်ဝါရီ RadioNUG 


ဖေဖော်ဝါရီလ ၅ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် အမည်ပေါက် ဧရိယာ ဒသမ ၉၂၃ ဧက ကျယ်ဝန်းသည့် နေအိမ်ခြံအမှတ် ၅၄၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင်အမှု အိမ်နဲ့ခြံကို ကြိမ်မြောက် လေလံတင်ရောင်းချခဲ့ပေမယ့် လေလံဆွဲတဲ့သူ မရှိတာကြောင့် လေလံမအောင်ခဲ့ဘူးလို့ သိရပါတယ်။


လေလံကြမ်းခင်းစျေးကို တရားရုံးက ငွေကျပ် ၂၉၇ ဘီလျံ ပြင်ဆင်သတ်မှတ်ပြီး လေလံတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။


ခြံအမှတ် ၅၄ ကို  ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်က ကျပ် ၃၁၅ ဘီလီယံဖြင့် ပထမအကြိမ်၊ ဩဂုတ် ၁၅ ရက်က ကျပ်ဘီလီယံ ၃၀၀ဖြင့် ဒုတိယအကြိမ် လေလံတင် ရောင်းချခဲ့ရာမှာလည်း ဝယ်မည့်သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။


========================


📌📌 ⁨⁨⁨၆။ ထိုင်းမှ လျှပ်စစ်မီး ဖြတ်တောက်လိုက်သော်လည်း တာချီလိတ်မြို့တွင် လာအိုလျှပ်စစ်မီးကို  ညနေ ()နာရီအချိန်က စပြီး ရရှိ


ဖေဖော်ဝါရီ RadioNUG 


ဖေဖော်ဝါရီလ ()ရက်နေ့တွင် ထိုင်းမှ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် ထိုင်း လျှပ်စစ်မီးကနေ လာအို လျှပ်စစ်မီးဖြင့် အစားထိုးနေသည့် တာချီလိတ်မြို့၏ မြို့တွင်း ရပ်ကွက်အများအပြားတွင် ညနေ()နာရီအချိန်ကစပြီး လျှပ်စစ်မီး ပြန်လည် ရရှိနေပြီ ဖြစ်ကြောင်း Tachileik News Agency မှာ ဖော်ပြထားပါတယ်။


တာချီလိတ်မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)က ထိုင်း လျှပ်စစ်အစား လာအို လျှပ်စစ်ကို အစားထိုး ချိတ်ဆက်ကာ အသုံးပြုရန် နေ့ချင်းပြီး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


တာချီလိတ်မြို့တွင်း လျှပ်စစ်မီး မရရှိသေးသည့် မယ်ခေါင်ရပ်ကွက် အပါအဝင် အချို့အနေရာများအနေဖြင့် အချိန်အနည်းငယ်တွင်း ရရှိမည်ဖြစ်သည့်အတွက် စောင့်ဆိုင်းပေးရန် မီးလင်းရေးက အသိပေးထားပါတယ်။


ထိုင်းဘက်က တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများကြောင့် နယ်စပ် ()နေရာကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်ရာတွင် တာချီလိတ်မြို့ တစ်မြို့တည်းကသာ လာအို လျှပ်ဓါတ်အားကို အစားထိုးကာ ဖြန့်ဖြူးရန် လုပ်ဆောင်နိုင်သေးပါတယ်။


========================


📌📌 ⁨⁨⁨၇။ စစ်မှုထမ်းရန် အမိန့်ဆင့်ခေါ်စာ ရရှိထားသူများ သင်္ကန်းဝတ်ခွင့်မပေးရန် ဘုန်းကြီးကျောင်းများကို တရားဝင် စတင်ပိတ်ပင်


ဖေဖော်ဝါရီ RadioNUG 


ဖေဖော်ဝါရီလအတွင်း မြို့နယ်ထွေ/အုပ်များနှင့်နယ်မြေခံတပ်တာဝန်ခံ စစ်အရာရှိတချို့က စစ်မှုထမ်းရန် အမိန့်ဆင့်ခေါ်စာ ရရှိထားပြီးသူများသည် ချက်ချင်း စစ်မှုထမ်းရမည့်သူများဖြစ်တာကြောင့် ဘုန်းကြီးကျောင်းတွင် သင်္ကန်းစည်း သာသနာ့ဘောင်ဝင်ရန် လာရောက်လျှောက်ထားပါက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းဖြစ်လျှင် စစ်မှုထမ်းရန် အမိန့်ဆင့်ခေါ်စာ ရရှိပြီးသူ ဟုတ်၊ မဟုတ် စိစစ်ပြီး စစ်မှုထမ်းရန် အမိန့် ဆင့်ခေါ်စာရရှိပြီးသူဖြစ်ပါက သင်္ကန်းစည်းခွင့် မပေးရန် မြို့နယ်သံဃာနာယကအဖွဲ့ထံသို့ လျှောက်ထားတင်ပြလာကြောင်း ဒေသသတင်းအရင်းအမြစ်များမှ သိရပါတယ်။


ထို့ပြင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို ရေရှည် ရဟန်းဝတ်ခွင့်မပြုဘဲ ရေတိုဒုလ္လဘရဟန်းအဖြစ် ရက်ပိုင်းသာ ခွင့်ပြုပေးရန်၊ သင်္ကြန်ကာလမဟုတ်ဘဲ ရဟန်းဝတ်မည့်သူများရှိလာပါက သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားပြီးမှ လက်ခံပေးရန်နှင့် ဘုန်းကြီးကျောင်းတွင် ညအိပ်ဧည့်သည် ဧည့်စာရင်း တိုင်ကြားရန် အသိပေးလာတယ်လို့ သိရပါတယ်။ 


ဘုန်းကြီးကျောင်းကို အခြားနယ်က သံဃာတွေ ကြွလာရင် အသိပေး ဧည့်စာရင်းတိုင်ရန်၊ ဧည့်စာရင်း မတိုင်လျှင် သက်ဆိုင်ရာ မြို့နယ်သံဃ နာယကအဖွဲ့နဲ့ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဆီ ဖုန်းဆက်အသိပေး အကြောင်းကြားရန်လည်း မြို့နယ်သံဃာနာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးမှ  မိန့်ကြားထားပါတယ်။


အလားတူ ဘုန်းကြီးကျောင်းနှင့် စာသင်တိုက်များတွင် ငယ်ဖြူ ရဟန်းနှင့်သံဃာတော်များ သံဃမှတ်ပုံတင်များ ကိုင်ဆောင်ထားရမှာ ဖြစ်တာကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသည့် သာမဏေများနှင့် ရဟန်းသစ်များအတွက် သာသနာဝင် မှတ်တမ်းရရှိစေရန် ရပ်/ကျေးသံဃနာယကအဖွဲ့က မြို့နယ်သံဃနာယကအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည်ဖြစ်ပြီး  မြို့နယ်သံဃနာယကအဖွဲ့သည် သာသနာဝင်မှတ်တမ်းနှင့် သာသနာ့နွယ်ဝင်မှတ်တမ်း အသစ်ထုတ်ပေးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ကို သက်ဆိုင်ရာ မြို့နယ်သာသနာ ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ အကူအညီကို ရယူ၍ ဆောင်ရွက်ရန်လည်း အသိပေးထားတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨၈။ ရန်ကုန်တိုင်းတွင် ဇန်နဝါရီလအတွင်း ၄၇၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၅၈ ဦးသာ ပြန်လွတ်လာ


ဖေဖော်ဝါရီ RadioNUG 


၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်မှ ပြုလုပ်ခဲ့သည့် အဖမ်းအဆီးဖြစ်စဉ်များအနက် ဖြစ်စဉ် ၂၀၀ ကိုသာ သိရှိခဲ့ရပြီး ၎င်းတို့အနက် ဖြစ်စဉ် ၅၃ ခုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကာ ဖြစ်စဉ် ၁၄၇ ခုတွင် ဇန်နဝါရီလအတွင်း ကနဦးဖမ်းဆီးခံလိုက်ရသူ စုစုပေါင်း ၄၇၅ ဦး ရှိခဲ့ကြောင်း Rangoon Scout Network မှ သတင်းထုတ်ပြန်ထားပါတယ်။


၎င်းတို့အနက် ၅၈ ဦး ပြန်လွတ်လာခဲ့ကာ ၁၇ ဦးကိုမူ ပြန်မလွှတ်ပေးတော့ဘဲ ကျန်နေတဲ့ ၃၉၇ ဦးမှာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်ခြင်း ရှိ မရှိ နောက်ဆက်တွဲကို မသိရှိရဘူးလို့ ဖော်ပြထားပါတယ်။


လမ်းမပေါ် တွေ့ရာ လိုက်ဆွဲ၍ ပါသွားသူ ဦးရေမှာ ၂၄၁ ဦး ရှိပြီး ၎င်းတို့အနက် ဦးမှာ ရုန်းကန် ထွက်ပြေးလာနိုင်ခဲ့ကာ ဧည့်စာရင်းစစ်စဉ် ဖမ်းခေါ်ခံရသူ ၇၇ ဦး၊ လမ်းမပေါ် သွားလာနေစဉ် စစ်ဆေးခံရပြီး ဖမ်းခံရသူ ၅၈ ဦး၊ သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၅၁ ဦးနှင့် စစ်မှုထမ်းစာရင်းပါ၍ ဖမ်းခေါ်ခံရသူ ၄၈ ဦး ရှိတယ်လို့ သိရပါတယ်။


ထို့အပြင် တော်လှန်ရေးရဲဘော်များဟု အမည်တပ်ခံရကာ လိုက်လံဖမ်းဆီးခံရသူ ၁၇ ဦး ရှိခဲ့ပြီး အွန်လိုင်းပေါ်တွင် လှုံ့ဆော်စာများ ရေးသားသူဟု ကြေညာခံရကာ ဖမ်းဆီးခံရသူ ဦး ရှိကာ YBS ကားပေါ် တက်၍ ဖမ်းဆီးသည့် ဖြစ်စဉ် ခုတွင်  အမျိုးသား ၂၄ ဦး အဖမ်းဆီးခံရကြောင်း ထုတ်ပြန်ထားပါတယ်။


အချက်အလက်များသည် RSN ချိတ်ဆက်အဖွဲ့အစည်းများ နှင့် မီဒီယာတို့၏ သတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ယခုထက် ပို၍ဆိုးရွားနိုင်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================





🚩🚩 ၁။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကချင်လူမျိုးများအပါအဝင် သွေးချင်းညီကိုမောင်နှမများအားလုံးနှင့် လက်တွဲစုစည်းလျက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများတွင်ပူးပေါင်းသွားမည်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကချင်လူမျိုးများအပါအဝင် သွေးချင်းညီကိုမောင်နှမများအားလုံးနှင့် လက်တွဲစုစည်းလျက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများတွင်  ညီညွတ်မျှတတိုင်ပင်စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ ကတိပြုရင်း မင်္ဂလာရှိသော နေ့မြတ်တွင် သဝဏ်လွှာကို ညီရင်းအကို စိတ်ဓာတ်ဖြင့် ပေးပို့အပ်တယ်လို့ ဖေဖော်ဝါရီ ၅ရက် (၆၄) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာမှာ ဖော်ပြပါတယ်။


နှစ်ပေါင်း (၆၀) ကျော်ကြာ ကချင်တော်လှန်ရေးကာလအတွင်း ဘဝ၊ ခန္ဓာနှင့်အသက်ကို ရင်းနှီး ပေးဆပ်ခဲ့သည့် ကချင်အာဇာနည်ညီအကို၊မောင်နှမများကို မှတ်တမ်းတင်အလေးပြု ဦးညွှတ်အပ် ပြီး မြန်မာ့နွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ ဦးဆောင် ပါဝင်နေသည့် ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO) ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အား လေးစား အသိအမှတ် ပြုအပ်ပါတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။


========================


🚩🚩 ၂။ 'နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ မရှာဖို့’ KIO ဥက္ကဋ္ဌက အကြမ်းဖက်စစ်ခေါင်းဆောင်ကို ပြောဆို


ဖေဖော်ဝါရီ RadioNUG 


ဖေဖော်ဝါရီလ ရက်နေ့ ကျရောက်တဲ့ ကချင်တော်လှန်ရေးမိန့်ခွန်းတွင်မြန်မာနိုင်ငံရဲ့ အာဏာကို သိမ်းယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ SAC တာဝန်ရှိသူတွေကိုလည်း ဒီကနေ ပြောလိုက်ချင်ပါတယ်။ နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ ရှာဖွေနေတာတွေမဖြစ်စေပါနဲ့လို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းပြောဆိုလိုက်ပါတယ်။


လက်ရှိ ချုပ်ကိုင်ထားဆဲဖြစ်တဲ့ အာဏာကို  တိုင်းပြည်အေးချမ်းသာယာလာဖို့မှာ အသုံးချသင့်တယ်လို့  ဆက်လက်ပြောဆိုထားပါတယ်။


ထို့အပြင် နိုင်ငံရေးပါတီများအနေဖြင့်လည်း ပြည်သူကို ကိုယ်စားပြုလျှက် ပြည်သူ၏အကျိုးအတွက် ခိုင်မာသည့် နိုင်ငံရေး ရပ်တည်ချက်ဖြင့် ရပ်တည်နေရန်လိုအပ်ပြီး စစ်ကောင်စီအတွက် ရပ်တည်နေသည့် နိုင်ငံရေးပါတီများကလည်း အာဏာရှင်စနစ်နှင့်အတူ ကျဆုံးသွားခြင်း မရှိစေရန် ပြောင်းလဲသင့်ကြောင်း မိန့်ခွန်းတွင် အကြံပြုထားပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တော်လှန်ရေးအဖွဲ့အချင်းအချင်း မြေနေရာ အငြင်းပွားမှု ပိုပြီး ဖြစ်လာတာကို မြင်တွေ့လာရတာကြောင့် တိုင်းရင်းသားလက်နက်အဖွဲ့များအကြား ပြဿနာမဖြစ်ပွားစေရေးနှင့် အချင်းချင်း ကူညီရိုင်းပင်းရေး သတိပြုကြရန် အတွက် "လက်နက်ကိုင် တော်လှန်နေကြသူများ ခင်ဗျာ။ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းနိုင်ဖို့က အဓိကဖြစ်ပါတယ်။ အချင်းချင်း ကူညီထောက်ပံ့ကြဖို့ လိုအပ်ရုံ သာမက အချင်းချင်းကြား ပြဿနာတွေ မပေါ်ပေါက်အောင် သတိနဲ့ဆောင်ရွက်ကြပါစို့။ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးအဖြေရှာဆုံးဖြတ်ရမယ့် ကိစ္စတွေကို အချိန်မတိုင်မီ ဦးစားပေးဖြေရှင်းတာမျိုး မလုပ်ကြပါစို့။ လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြု စည်းဘောင်ထားရှိပြီး ဘုံရန်သူကို တိုက်ခိုက်ဖို့ လိုအပ်ပါတယ်" လို့ တိုက်တွန်းအသိပေးထားပါတယ်။


တော်လှန်ရေးကာလ ၆၄ နှစ်တာအတွင်း အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော ပေးဆပ်ခဲ့ကြသောတပ်ဖွဲ့ဝင် များစွာရှိပြီး မိမိတို့၏မျိုးဆက် အနာဂတ်အတွက် ဆက်လက်ကြိုးစားကြရန်နှင့် များမကြာတော့သည့်ကာလတွင် အောင်မြင်တော့မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။


ကချင် လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization – KIO) ကို ၁၉၆၀ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်လပ်ရေးကောင်စီ (Kachin Independence Council – KIC) ကို ၁၉၆၁ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ကာ ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army – KIA) ကို ၁၉၆၁ ဖေဖေါ်ဝါရီ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ KIO/KIA ဥက္ကဋ္ဌ GOC ဇော်ဆိုင်းအပါအဝင် တပ်ဖွဲ့ဝင်လေးဦး လုပ်ကြံခံခဲ့ရတဲ့ ထိုင်းနိုင်ငံ၊ ထန်ငေါ့တောင်တွင် ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် မနောင်ပွဲ ကျင်းပ


ဖေဖော်ဝါရီ RadioNUG 


ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ကျရောက်တဲ့ ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အပြင် GOC ဇော်ဆိုင်းနှင့်တပ်ဖွဲ့ဝင်များ မနောင်အက ကခဲ့သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ်အနေဖြင့် မနောင်ပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်အတွင်းရှိ ထန်ငေါ့တောင်ပေါ်တွင် ကျင်းပခဲ့ကြောင်း   The 74 Media မှာ ဖော်ပြထားပါတယ်။


ယခင်က KIA တပ်စခန်း အထိုင်ချခဲ့တဲ့ နေရာမှာ ပွဲကျင်းပတာဖြစ်ပြီး GOC ဇော်ဆိုင်း ညီအစ်ကိုတွေ ဆုံခဲ့ကြတဲ့အချိန် ထန်ငေါ့တောင်ပေါ်မှာ တပ်သားတွေနဲ့ စစ်ဝတ်စုံနဲ့ မနောကခဲ့ကြတယ် အခုဆို နှစ် ၅၀ ပြည့်ပြီ ဖြစ်ကာ ဒီနေရာမှာ မနောင်အက တစ်ခါကထားပြီဖြစ်တဲ့အတွက် ရိုးရာဓလေ့ထုံးတမ်းအရ အပိတ်မနောကရမယ်လို့ ပြောကြတာကြောင့် ကျင်းပရတာ ဖြစ်တယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံအတွင်းရှိ ကချင်လူမျိုးများနှင့် မြန်မာနိုင်ငံမှ လာရောက်ပါဝင်သူ စုစုပေါင်း သုံးရာခန့်ဖြင့် ကျင်းပခဲ့တယ်လို့ သိရပါတယ်။


ထန်ငေါ့တောင်ရှိ KIA တပ်စခန်းကို ၁၉၆၆ ခုနှစ်မှစတင်ကာ နိုင်ငံခြားဆက်ဆံရေးနှင့် လက်နက်ခဲယမ်း စုဆောင်းရေးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တောင်ထိပ်တွင် ၁၉၇၅ ခုနစ် ဩဂုတ်လ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် KIO/KIA ဥက္ကဋ္ဌ GOC ဇော်ဆိုင်းအပါအဝင် တပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ကြောင်း ကချင်ဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ရေးသားထားသည့် အထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှိကာ ကချင်အမျိုးသားအလံ စိုက်ထူထားတယ်လို့ သိရပါတယ်။


အဆိုပါတောင်ပေါ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် KIA တပ်ဖွဲ့ဝင်များမှ ၃၀ ကျော်ခန့်မှာ လက်ရှိအချိန်ထိ သက်ရှိထင်ရှားရှိနေဆဲဖြစ်တယ်လို့ သိရပြီး GOC ဇော်ဆိုင်းအပါအဝင် လေးဦးတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဩဂုတ်လ ၁၀ ရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။


========================


🚩🚩 ၄။ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


ဖေဖော်ဝါရီလ ရက်၊ Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ လယ်ဒိုမြို့နယ် အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ တဦး သေဆုံးပြီး ဦး ဒဏ်ရာရ ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့မှာ အလှိုင်ကျေးရွာ အတွင်းကို ပိန်းဇလုပ် အခြေစိုက် ခလရ (၂၆၄) တပ်ကနေ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တဦး သေဆုံးခဲ့ပြီး နေအိမ် လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


ဖေဖော်ဝါရီလ ရက် နေ့လည် နာရီ ၁၀ မိနစ်မှာလည်း စစ်ကောင်စီ တပ်ဖွဲ့က ကညှင်ကျိုးကျေးရွာ အတွင်းကို ဒရုန်းများဖြင့် ဗုံး လုံး လာရောက်ကြဲချခဲ့ရာ အသက် ၅၂ နှစ်အရွယ် အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် လုံး ပျက်စီးခဲ့ပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့ မနက် နာရီ အချိန်မှာလည်း ခလရ (၂၆၄) တပ်ကနေ တောင်ခင်ကျေးရွာ အတွင်းကို ၁၂၀ မမ လက်နက် လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ကာ သက်တော် ၆၀ အရွယ်ရှိ ဦးဇင်းတပါး ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းလဲ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ တောင်သာ၊ ရုံးစည်ကြီး ကျေးရွာ လေကြောင်းတိုက်ခိုက် ခံရပြီး သံဃာ တပါးနှင့် အမျိုးသား တဦး ဒဏ်ရာရ၊ဗိုလ်မှူးကြီး ကျော်ကျော်ဦး (ငြိမ်း) ရဲ့ မိသားစုပိုင် ကုန်စုံဆိုင် ဗုံးသီးထိမှန် ပျက်စီးခဲ့


ဖေဖော်ဝါရီလ ရက်၊ Radio NUG


မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီး ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သံဃာတော် တပါးနဲ့ အမျိုးသား တဦး အစထိမှန် ဒဏ်ရာရခဲ့တယ်လို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ အဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။


ဖေဖော်ဝါရီလ ရက် ညနေပိုင်းမှာ ရုံးစည်ကြီး ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်ပြီး အုပ်ကျောင်းတိုက် ထပ် ကျောင်းဆောင်နဲ့ မီးသတ်ရုံး အနီးကဝေကြီးကုန်စုံဆိုင်ပေါ်ကို ဗုံးသီးကျကာ မီးလောင်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် အုပ်ကျောင်းတိုက် ဆရာတော် တပါးနဲ့ ဘူတာရပ်ကွက်က အမျိုးသား တဦး ဒဏ်ရာရခဲ့ကာ ရွာသစ်ရွာ မှ နေအိမ် လုံးနဲ့ ဆရာတော်များ စီးနင်းတဲ့ ကား စီးလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


ဗုံးကျရောက် ပေါက်ကွဲခဲ့တဲ့ဝေကြီးကုန်စုံဆိုင်ဟာ ဗိုလ်မှူးကြီး ကျော်ကျော်ဦး (ငြိမ်း) ယခင် တနင်္သာရီတိုင်းမှူး လျာထားခံရသူ နဲ့ ၎င်းရဲ့ ညီဖြစ်သူ ဦးလွင်လွင် အဂတိ တိုက်ဖျက်ရေး (ညွန်ချုပ်) နေပြည်တော် တို့ ပိုင်ဆိုင်သော ဆိုင်ဖြစ်တယ်လို့ သိရပါတယ်။


လေကြောင်းတိုက်ခိုက် ခံရပြီးနောက် မိတ္ထီလာ တပ်မ (၉၉) တပ်က စစ်သား ၁၀၀ ကျော် ရောက်လာကာ ဝေကြီး ကုန်စုံဆိုင်က လက်ကျန် ပစ္စည်းများကို နေရာရွေ့ပြောင်းခြင်းကို လုံခြုံရေးယူကာ လာရောက်လုပ်ဆောင် ခဲ့တယ် လို့ ဖော်ပြထားပါတယ်။


လက်ရှိ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ ရွာရှေ့ကျောင်းအတွင်း တပ်စွဲထားကာ ရုံစည်ကြီးရွာ မြောက်ဘက် နဲ့ အနောက်ဘက် တောရိုးတဝိုက်မှာ ကင်းပုန်းဝတ် နေတာကြောင့် ပြည်သူများ အနေနဲ့ သတိထား သွားလာကြဖို့ အသိပေးထားပါတယ်။



========================


🚩🚩 ၆။ အင်းလေးဒေသ ဘုရားတောင် လွယ်နွဲ့ ကျေးရွာမှာ စစ်ကောင်စီ လက်အောက်ခံ PNA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ဦး သေဆုံး 


ဖေဖော်ဝါရီလ ရက်၊ Radio NUG


ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ဘုရားတောင် လွယ်နွဲ့ကျေးရွာကို စစ်ကောင်စီ လက်အောက်ခံ PNA (အသွင်ပြောင်း ပအိုဝ်း ပြည်သူ့စစ်) အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ  ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီ ရက် နံနက် နာရီ ၁၃ မိနစ် အချိန်မှာ ဖယ်ခုံ အနောက်ခြမ်း သစ်ပင်ကောက် ကနေ စစ်ကောင်စီ တပ်နဲ့ PNA တို့က ဘုရားတောင် လွယ်နွဲ့ ကျေးရွာအား လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၇၄ နှစ်အရွယ်ရှိ အမျိုးသား တဦး သေဆုံးခဲ့ကာ၊ အသက် ၄၈ နှစ်နဲ့ ၂၇ နှစ်အရွယ် အမျိုးသမီး ဦး ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် မနက် နာရီ ၄၀ မိနစ် အချိန်မှာလည်း ဘုရားတောင် လွယ်နွဲ့ ကျေးရွာက ဈေးကုန်း စစ်ရှောင်စခန်းကို လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အသက် ၄၄ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး အမျိုးသား ဦး နှင့် အမျိုးသမီး ဦး ဒဏ်ရာရရှိခဲ့ ပါသေးတယ်။



========================


🚩🚩 ၇။ ပေါ်တာဆွဲပြီး အတင်းအဓ္မစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း စစ်သား () ဦး လယ်ဒိုမြို့နယ် (K.N.L.A) တပ်ရင်း () ထံသို့ လက်နက်ချအလင်းဝင်


ဖေဖော်ဝါရီ RadioNUG 


ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း () ထံ သို့ ဖေဖော်ဝါရီလ () ရက်နေ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခမရ၅၈၄ တပ်ရင်းမှ ဒုတပ်ကြပ် ညီညီလွင် တပ်သား () ကိုမြင့်ဝင်း၊ () မျိုးမင်းသက် နှင့် () စောအေးဖရေ တို့ () ဦးမှ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


၎င်းတို့ () ဦးမှာ ပေါ်တာဆွဲခံခဲ့ရပြီး ပြည်သူစစ်မှုထမ်းအဖြစ်သို့ ၎င်းတို့၏ ဆန္ဒမပါဝင်ဘဲ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းကို ခံခဲ့ရသူများဖြစ်ပြီး လက်နက်ချ အလင်းဝင်စဉ်တွင်လည်း ၎င်းတို့နှင့်အတူ MA-4 တွဲပစ် လောင်ချာ () လက်၊ MA-1 () လက်၊ ကျည် (၇၅) တောင့် နှင့် ကျည်ဘောက် () ဘောက်တို့ကို ယူဆောင်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုသို့ လက်နက်ချ အလင်းဝင်လာသော စစ်ကောင်စီတပ်သား () ဦးအား လယ်ဒိုမြို့ တာဝန်ရှိသူများနှင့် တပ်ရင်း () တာဝန်ရှိသူများမှ ပူးပေါင်းပြီး တစ်ဦးလျှင် မြန်မာငွေ ကျပ် (၁၀) သိန်း စီ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။


မိမိ၏ ဆန္ဒသဘောထားမပါဝင်ဘဲ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသော စစ်သားများအနေဖြင့်  နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းလည်းဖြင့် လက်နက်ချ အလင်းဝင်ရန် တိုက်တွန်း အသိပေးထားပါတယ်။


========================


🚩🚩 ၈။ ညောင်ကိုင်း ပျူစခန်းမှ ပြည်သူ့စစ် ဦး ရွှေဘို ပကဖ ထံ အလင်းဝင်


ဖေဖော်ဝါရီလ ရက်၊ Radio NUG


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တိုက်နယ် () နယ်မြေ ညောင်ကိုင်း ပျူကျေးရွာမှ ပြည်သူ့စစ် ဦးဟာ လက်နက် နဲ့အတူ အလင်းဝင်ရောက် လာတယ်လို့ ရွှေဘို ပကဖ က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ညောင်ကိုင်းရွာက ပြည်သူ့စစ် တဦးဟာ ကာဘိုင် သေနတ် တလတ်၊ ကျည်ဘောက် ဘောက်၊ ကာဘိုင်ကျည် ၁၈၀၊ လက်ပစ်ဗုံး (နာနတ်သီး) လုံးတို့ နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။


အလားတူ နဲ့ ဖေဖော်ဝါရီ ရက်နေ့မှာလည်း နောက်ထပ် ပြည်သူ့စစ် တဦးဟာ ကာဘိုင် လက်၊ ကျည်ဘောက် ခု၊ ကာဘိုင်ကျည် ၁၅၄ တောင့်တို့ကို ယူဆောင်လာပြီး ထပ်မံအလင်းဝင် လာတယ်လို့ သိရပါတယ်။


အလင်းဝင်ရောက် လာသူများကို ဂုဏ်ပြုဆုငွေ ထိုက်သင့်အားလျော်စွာ ချီးမြှင့်ပေးခဲ့ပြီး လူ့အခွင့်အရေး နှင့်အညီ ကောင်မွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားတယ်လို့ ဆိုပါတယ်။


ဆက်လက်ပြီး ထပ်မံအလင်းဝင်ရောက်လိုသူ များစွာရှိသေးကြောင်း သိရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူများ အနေဖြင့် အမြန်ဆုံးအလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။


အလင်းဝင်ရောက်လိုသူများ အနေဖြင့် အချိန်မရွေးဆက်သွယ်နိုင်ဖို့အချိန်မီ အလံဖြူထောင်ဖို့လိုပြီလက်ကမ်း စာစောင်များကိုလည်း ဒရုန်းဖြင့် ကြဲချဖြန့်ဝေ ပေးခဲ့ကာ ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။


========================


🚩🚩 ၉။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟိုပင်) နဲ့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်တို့မှ ရဲဘော်သစ်များ ခေါ်ယူနေ


ဖေဖော်ဝါရီလ ရက်၊ Radio NUG


ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ဟိုပင်) ကချင်ဒေသ KPDF တပ်ရင်းနဲ့ တောင်တွင်းကြီး မြို့နယ် ဗိဿနိုး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့က ရဲဘော်သစ်များ ခေါ်ယူနေကြကြောင်း အသီးသီး ထုတ်ပြန်ထားပါတယ်။


အသက် ၁၈ နှစ်ပြည်ပြီး၊ ကျန်းမာရေး ကောင်းမွန်ကာ ပင်ပန်းဆင်းရဲဒဏ် ခံနိုင်ရမည် အစရှိတဲ့ တပ်သားသစ်များ လိုက်နာရမယ့် စည်းကမ်း ချက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟိုပင်) က အသိပေးထားပြီး ရဲဘော်သစ်များ ကို နွေးထွေးစွာ ကြိုဆိုနေမယ်လို့ ဆိုပါတယ်။


Kachin Region People Defense Force KPDF (Hopin) Page Messenger ကဖြစ်စေ ပြန်ကြားရေး ဌာန ဖုန်းနံပါတ် ၀၉၃၄၉၀၃၁၁၁၄ ကိုဖြစ်စေ ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။


အလားတူ ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ကျန်းမာသန်စွမ်းတဲ့ ရဲဘော်သစ်များကို ခေါ်ယူသွားမှာ ဖြစ်ပြီး တော်လှန်ရေးကာလ ခက်ခဲကြမ်းတမ်းမှုကို လက်ခံနိုင်ကာ ပေးအပ်တဲ့ တာဝန်ကို မညည်းမညူ ထမ်းဆောင်နိုင်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။


ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး တိုက်ခိုက်ရေး၊ ဆေး၊ ရုံးလုပ်ငန်း၊ ထောက်ပို့ တာဝန်များမှာ ထမ်းဆောင်ရမှာဖြစ်ပြီး အနည်းဆုံး နှစ် တာဝန်ထမ်းဆောင်ဖို့ လိုတယ်လို့ အသိပေးထားပါတယ်။


ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း - Page Messenger ကနေ ဆက်သွယ် စာရင်းပေးသွင်း နိုင်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment